အပိုင်း 11 - ဘေးမဲ့လွှတ်ခြင်း
လျူယောင်နှင့် ဟူဂျွန်းရှီတို့ နှစ်ယောက်သား အမြည်းလေးစား ဘီယာလေး သောက်ကာ အွန်လိုင်းရှော့ လုပ်ရန်အတွက် တိုင်ပင်နေကြသည်။
ရှစ်နာရီကျော် ကိုးနာရီအရောက်မှာတော့ သောက်လို့စားလို့ ပြီးသွားတဲ့အတွက် စကားစ ဖြတ်ကာ ပြန်ခဲ့ကြသည်။
လျူယောင်မှာ ဘီယာပုလင်း အနည်းငယ် သောက်ထားတာမို့ ကားမမောင်း နိုင်တဲ့အတွက် အငှားယာဉ်မောင်း ခေါ်ကာ ပြန်လာခဲ့ရသည်။
ဟူဂျွန်းရှီမှာ မနက်စာတောင် စားခဲ့တဲ့ပုံမပေါ်ပဲ အစောကြီး ရောက်ချလာပြီး လျူယောင်ကို မေးလိုက်သည်။
" ညီအကိုယောင် မင်းပြောတဲ့ ယွမ်ဒါတူးတွေက ဘယ်မှာလဲ "
လက်တွေမမြင်ရသေးသဖြင့် ထိုအရာများကား သူ့အတွက် အိမ်မက်အလား ဖြစ်နေဟန်တူသည်။
လျူယောင်လည်း တံခါးပေါက်တွေကို ထပိတ်ကာ ဗီရိုထဲမှ ယွမ်ဒါတူးများကို ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။
" ဝိုး တကယ်ယွမ်ဒါတူးတွေ အများကြီးပဲဟ "
ဟူဂျွန်းရှီမှာ မနေနိုင်တော့ပဲ အံ့အားသင့်ကာ အော်လိုက် မိသည်။
ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် ယွမ်ဒါတူးများကို ကောက်ကြည့်ကာ ပြောလိုက်သည်။
" လခွမ်းကွာ၊ မင်းဆီမှာ တကယ်အများကြီး ရှိတာပဲ "
" ဒါတွေကို လိုင်းပေါ်တင်ရောင်းလိုက်ကွာ၊ အမြတ်ကတော့ မင်းနဲ့ငါ တစ်ယောက် တစ်ဝက်ပေါ့ "
" သုံးပုံ ပုံ တစ်ပုံဆိုရင်တောင် ဘာမှ မဖြစ်ဘူး၊ ငါဒါတွေကို ယူသွာလိုက်တော့မယ် "
ယူတယ်ဟု ဆိုပေမဲ့ တစ်ဝက်နီးပါးဖြစ်တဲ့ ယွမ်ဒါတူး တစ်ရာကိုသာ ယူသွားခြင်းဖြစ်သည်။
ယွမ်ဒါတူးတစ်ရာကို အိတ်ထဲ ထည့်လိုက်ကာ ဟူဂျွန်းရှီက စနောက်လိုက်သည်။
" ညီအကိုယောင် ငါဒါတွေ ယူပြေးမှာ မင်း မကြောက်ဘူးလား "
လျူယောင်လည်း ထိုကိစ္စမှာ စိုးရိမ်နေစရာမလိုကြောင်း တွေးကာ ရယ်လိုက်သည်။
ထို့နောက် ဟူဂျွန်းရှီက ယွမ်ဒါတူးတစ်ရာကို လိုင်းပေါ်တွင် ရောင်းချရာတွင် ပြင်ဆင်ရန်အတွက် ထွက်ခွာ သွားတော့သည်။
မှင်ကန်တွင်
လိပ်ကလေးမှာ ရည်ရွယ်ချက်ရှိရှိပင် ဖြည်းညင်းစွာ ကူခတ်နေပြီး သူ့ကို ကြောက်ရွံနေသော ငါးကြီးများကို ကြည့်ကာ အကျေနပ်ကြီး ကျေနပ်နေပေသည်။
ထိုရေကန်ထဲတွင် သူ့ကို ခြိမ်းခြောက်နိုင်တဲ့အရာ မရှိတဲ့အတွက် အုပ်စိုးသူဟု မှတ်ယူနိုင်ပေသည်။
ယနေ့မှာလည်း လျူယောင်တစ်ယောက် မှင်ကန်ကို ရောက်လာခဲ့ပြန်သည်။ ရေကန်တစ်ဝိုက်တွင်တော့ ခါတိုင်းလို တိတ်ဆိတ်နေပြီး သစ်ပင်အရိပ်များအောက်တွင်တော့ ငါမျှားနေသူများကို တွေ့နိုင်ပေသည်။
ဟူဂျွန်းရှီမှာ အွန်လိုင်းရှော့ စလုပ်တဲ့ ပထမ ရက်တွင်ပင် ယွမ်ဒါတူး နှစ်ခု ရောင်းထွက်သွားသဖြင့် လျူယောင် ကျေနပ်နေခဲ့သည်။
ထို့အပြင် မနေ့ညကလည်း ဟူဂျွန်းရှီက ယွမ်ဒါတူး လေးခု ရောင်းထွက်သွားကြောင်း ထပ်မံပြောလာခဲ့သည်။
ထို့ကြောင့် လျူယောင်က လိပ်ကလေးကို သတိရကာ မှင်ကန်ကို ထွက်လာခဲ့ခြင်း ဖြစ်သည်။ လိပ်ကလေးရဲ့ အခြေအနေကို သိရန် လိပ်ဇယားကွက်ကို ဆင့်ခေါ်လိုက်သည်။
အမည် - သန္ဓေပြောင်း လျှပ်တစ်ပြတ် လိပ်
ခန္ဓာကိုယ် ကြံ့ခိုင်မှု - 45
လျင်မြန် ဖျတ်လတ်မှု - 41
အလေးချိန် - 19.6 ကီလိုဂရမ်
ကျွမ်းကျင်မှုများ- အဆင့် ၁ လိပ်ခွံအကာအကွယ် နည်းစနစ်၊ အဆင့် ၁ လိပ်အသက်ရှုနည်းစနစ်
ထိုကြီးထွားနှုန်းမှာ သာမန်မဟုတ်တဲ့အပြင် အလေးချိန်မှာလည်း 20 ကီလိုဂရမ်နီးပါး ရှိနေတာကြောင့် ကြံခိုင်မှုနှင့် အမြန်နှုန်းမှာလည်း အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်လို ရှိနေပြီဖြစ်သည်။
" လိပ်ကလေး "
" ဒီနှစ်ရက်ထဲ ကန်ထဲမှာ လိုက်ရှာတာ ဘာမှ မတွေ့ဘူးလားကွ "
" ကန် တစ်ခုလုံး ပတ်ရှာကြည့်ပြီးပြီ၊ ကျတော်ဘာမှ မတွေ့တော့ဘူး "
ထိုစဉ်မှာပင် လျူယောင်က လိပ်ကလေးမှာ အလေးချိန် ကတ်တီ 40 ကျော် ရှိနေပြီ ဖြစ်သဖြင့် အခြားနေရာ တစ်ခုကို ပြောင်းပေးရန် ရုတ်တရက် စဉ်းစားလိုက်မိသည်။
လိပ်ကလေးမှာ အဆက်မပြတ် ကြီးထွားနေသဖြင့် မှင်ကန်မှာ သူ့အတွက် သေးငယ်လာခဲ့ခြင်း ဖြစ်သည်။
လိပ်ကလေးသာ ပင်လယ်ရေထဲတွင် နေနိုင်ပါက ကျယ်ပြောတဲ့ပင်လယ်ထဲကို လွှတ်ခြင်းက အကောင်းဆုံးဖြစ်သည်။ ကျယ်ပြောတဲ့ ပင်လယ်ကြီးနှင့် ယှဉ်ပါက မှင်ကန်မှာ အတော်သေးငယ်ပေသည်။
ထိုစဉ် မလှမ်းမကမ်းမှ ထွက်ပေါ်လာတဲ့ ဆူညံသံများကြောင့် လျူယောင် အတွေးစ ပြတ်သွားခဲ့သည်။
လက်ဝတ်ရတနာများစွာ ဝတ်ဆင်ထားတဲ့ သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ဘေးမဲ့ပေးခြင်း ဆောင်ရွက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
သူမရဲ့ နောက်တွင် သန်သန်မာမာ လူနှစ်ယောက်က တစ်ခုခု ရှိပုံရတဲ့ ပလက်စတစ်ပုံးကို ကားပေါ်မှ သယ်လာနေသည်။
သက်လက်ပိုင်းအမျိုးသမီးမှာ ရေကန်နံဘေးတွင် အမွှေးတိုင်ထွန်းကာ ဆုတောင်းနေသဖြင့် အနီးအနားရှိ လူများက စိတ်ဝင်တစား ကြည့်လာကြသည်။
သူမ ဆုတောင်းပြီးတဲ့နောက် သန်သန်မာမာ လူနှစ်ယောက်က ပလက်စတစ်ပုံးကို ရေကန်ရဲ့နံဘေးကိုယူလာကာ ဖွင့်လိုက်သည်။ ဘေးမဲ့ပေးမဲ့ အရာများကို မြင်လိုက်ရာတွင် လူ အတော်များများမှာ ထိတ်လန့်သွားခဲ့ကြသည်။
ဘေးမဲ့ပေးမဲ့ အရာမှာ ကတ်တီ ရှစ်ဆယ်ကျော် ကိုးဆယ်နီးပါးရှိပြီး အရှည် နှစ်မီတာခန့် ရှိတဲ့ မိချောင်း တစ်ကောင် ဖြစ်နေလေသည်။
ထိုအရာကို မြင်လိုက်ရာတွင် လျူယောင်လည်း ထိတ်လန့်သွားခဲ့သည်။ သူတို့ပြုလုပ်နေတဲ့အရာမှာ ဘေးမဲ့ပေးခြင်းထက် အများပြည်သူကို အန္တရာယ်ဖြစ်စေနိုင်တဲ့အရာကြီး ဖြစ်သည်။
မှင်ကန် ပန်းခြံမှာ အများပြည်သူများအတွက် ဖွင့်လှစ်ပေးထားခြင်း ဖြစ်တဲ့အတွက် ကန်ဘောင်ပေါ်တွင် လူများ ရှိသလို ကန်ထဲတွင် လှေလှော်နေသူများလည်း ရှိနေတက်သည်။
" ဘုရားရေ မိကျောင်းကြီးကို လွှတ်လိုက်တယ် "
" ဒါကြီးက လူတွေကို အန္တရာယ် ဖြစ်စေနိုင်တာပဲ "
အနီးအနားရှိ ကြည့်ရှုနေသူများမှာလည်း လျူယောင် နည်းတူ တုန်လှုပ်သွားကြသည်။ ထို့ကြောင့် လျူယောင်က ထိုအမျိုးသမီးထံသွားကာ ပြောလိုက်သည်။
" အစ်မ ဒီလိုမျိုးမိကျောင်းက အန္တရာယ်များတယ်နော်၊ တစ်ယောက်ယောက်ကို ကိုက်လိုက်ရင် ဘယ်လိုလုပ်မလဲ "
သက်လက်ပိုင်းအမျိုးသမီးမှာ လျူယောင် ဖျောင်းဖျတာကို နားဝင်တဲ့ပုံမပေါ်ပဲ လျူယောင်ကို ပြန်ဟောက်လိုက်သည်။
" ငါ့ဟာငါ ဘာလုပ်လုပ် နင့်အပူမပါဘူး၊ လာမရှုပ်စမ်းပါနဲ့ "
ထိုသို့ပြောလိုက်ရာ လျူယောင်တစ်ယောက် ဘာပြန်ပြောရမယ် မသိ ဖြစ်သွားခဲ့သည်။
ထိုအမျိုးသမီးမှာ အကျိုးသင့်အကြောင်း သင့် ပြောလို့မရတဲ့ လူတစ်ယောက် ဖြစ်တဲ့ပုံပင်။ လျူယောင်လည်း လိပ်ကလေးက ထိုမိကျောင်းကို အနိုင်ယူနိုင်ပါ့မလား တွေးမိကာ စိတ်ပူသွားခဲ့သည်။
မိကျောင်းရဲ့ အရွယ်အစားမှာ လိပ်ကလေးရဲ့ သုံးဆလေးဆ ခန့် ရှိပေသည်။
လျူယောင်လည်း ဘာမှ ဆက် မပြောတော့ချေ။ ဒါပေမဲ့ အနီးအနားရှိ လူငယ်များက ဆက်လက် စွပ်စွဲ ပြောဆိုနေကြပေသည်။
" ဒါကြီးက ဆိုးဝါးလွန်းပါတယ်ကွာ၊ လူတွေကို အန္တရာယ် ဖြစ်စေနိုင်တာ အသိသာကြီးကို "
" ဘယ်လို အကျင့်ပျက် တာတွေလုပ်ခဲ့လို့ ဒီလိုမိချောင်းကြီးကို ဘေးမဲ့လာပေးရတာလဲကွာ "
ကြည့်ရှုနေသူများမှာ ပိုမို များပြားလာကာ သက်လက်ပိုင်းအမျိုးသမီးကို ဝိုင်းဝန်းကာ ပြစ်တင် ရှုံ့ချနေကြသည်။
လူအများအပြား ဒေါသထွက်နေတာကို မြင်လိုက်တဲ့အခါ သက်လက်ပိုင်းအမျိူသမီးမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး အလျင်အမြန်ပင် ထွက်ခွာသွားလေသည်။
တစ်ခဏအကြာ ပန်းခြံရဲ့ ဝန်ထမ်းများ ရောက်လာကာ အခြေအနေများကို စစ်ဆေးကြည့်ရှုပြီးနောက် သူတို့ရဲ့ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
ထို အန္တရာယ်များတဲ့ မိချောင်းတစ်ကောင်ကို မှင်ကန်ထဲတွင် ဘေးမဲ့ လာလွှတ်သဖြင့် သူတို့လည်း ရဲ ခေါ်လိုက်ရသည်။
လျူယောင်လည်း တစ်ခဏမျှ နေပြီးနောက် အိမ်ကို ပြန်လာခဲ့လိုက်သည်။
အိမ်ပြန်ရောက်ပြီးနောက် လျူယောင်က လိပ်ကလေးကို ဆက်သွယ်လိုက်သည်။
" လိပ်ကလေးရေ ဒီနေ့ လူတစ်ယောက်က မှင်ကန်ထဲကို မိကျောင်း လာလွှတ်သွားတယ်၊ ဂရုတစိုက်လေး နေအုံး "
" သခင် အဲ့ကောင်က ကျတော့်ပြိုင်ဘက် ဖြစ်မလာနိုင်လောက်ပါဘူး "
" ဂရုတော့ စိုက်နေကွ၊ ကြာကြာဝါးမယ့်သွားက အရိုးကို ကြည့်ရှောင်ရတယ် "
" ကျတော့်အတွက် စိတ်ပူမနေပါနဲ့ သခင်ရာ ၊ အေးဆေး "
တစ်ခဏမျှ စကားပြောပြီးတဲ့နောက် လိပ်ကလေးမှာ လေး ငါး နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ကဲ့သို့ ဖြစ်နေကြောင်း လျူယောင် သိလိုက်ရသည်။
အသိဉာဏ် ဖွံဖြိုးလာတဲ့အတွက် လျူယောင် ဝမ်းသာသွားပေမဲ့ ထပ်မံ သတိပေးလိုက်သည်။
" အရင်ကထက် ပိုဂရုစိုက်နေကွာ၊ လက်လွတ်စပယ် နေမနေနဲ့ "
ထို့နောက် စကားဆက်ပြောနေစဉ် လိပ်ကလေးက ရုတ်တရက် ပြောလိုက်သည်။
" သခင် ကျတော် မိ ကျောင်းကြီးကိုမြင်လိုက်တယ် ၊ သွားကြည့်လိုက်အုံးမယ် "
" ဂရုစိုက်သွား၊ မနိုင်ဘူးထင်ရင် ပုန်းသာနေလိုက် "
........