Ch 12
Viewers 5k

အခန်း ၁၂ - နှစ်ရက်ပဲစောင့်


လိပ်ကလေးနှင့် မိကျောင်း ကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်းနီးလာပေမဲ့

လိပ်ကလေးက ဂရုမစိုက်ချေ။


ခြောက်မီတာ ခုနစ်မီတာခန့်အကွာတွင် လိပ်ကလေးက ရပ်ကာ ငါ့သခင်ပြောတဲ့ မိကျောင်းကြီးဆိုတာ ဒါလား ဟု တွေးလိုက်မိသည်။


ဟမ့်! ဒီမှင်ကန်ထဲမှာ ငါက ဆရာကြီးပဲ၊ ဒီကောင်က ဘာကိစ္စရောက်လာကတာလဲ 


မိ ကျောင်းကြီးမှာ လိပ်ကလေးကို မြင်ပေမဲ့ ထူးဆန်းတဲ့ ပုံ  ပေါ်မနေချေ။ ငါက မင်းထက် အရွယ် အစားကြီးတယ်၊ ငါနဲ့ ဇယား လာမရှုပ်နဲ့ ဟု ပြောနေသယောင်ယောင်ပင် ဖြစ်သည်။


လိပ်ကလေးမှာ မိေကျာင်းကြီးဆီကို ဆက်လက် ကူးခတ်သွားရာ မိေကျာင်းကြီးက လိပ်ကလေးကို ရှေ့ဆက်တိုးမလာရန် သတိပေးလိုက်သည်။


ထိုအခါ လိပ်ကလေးမှာ သူက ဒီမှင်‌ရေကန်ထဲတွင် ဆရာကြီးဖြစ်တဲ့အလျောက် ယခုမှ ရောက်လာတဲ့  လူသစ်တစ်ယောက်က မာနကြီးပြနေသဖြင့် ဒေါသထွက်လာခဲ့သည်။

ထို့ကြောင့် ရှေ့ကို

ဆက်လက်ကူးခတ်လာခဲ့သည်။


များသောအားဖြင့် တိရစ္ဆာန်များမှာ ပိုင်နက် များ ခွဲခြားထားလေ့ရှိကြသည်။


မိကျောင်း

ကြီးမှာလည်း သူ့ထက် များစွာ

သေးငယ်တဲ့ လိပ်ကလေးက ထိုသို့ ပြုမူနေတာကို မြင်လိုက်ရတဲ့အတွက် ဒေါသထွက်လာခဲ့သည်။ ထို့ကြောင့် လိပ်ကလေးထံကို  ဦးတည်ကာ ပါးစပ်ကိုဟလျက် ကူးခတ်လိုက်သည်။



တကယ်လို့ အခြားလိပ်တစ်ကောင်သာဆိုပါက ထိုကိုက်ချက်အောက်တွင် လိပ်ခွံပါကွဲကာ သေဆုံးသွားမည်ဖြစ်သည်။ ဒါပေမဲ့    

လိပ်ကလေးမှာ ဗီဇပြောင်းအမျိုးအစား ဖြစ်သဖြင့် လျင်မြန်စွာပင် ရှောင်လိုက်သည်။


ရှောင်ပြီးတာနှင့် လိပ်ကလေးက သူရဲ့ ရှေ့ခြေမှ  လက်သည်းများကို ထုတ်လိုက်ကာ ကုတ်လိုက်သည်။ လက်သည်းများမှာ ချွန်ထက်နေတာကြောင့် မိကျောင်း

ရဲ့အရေခွံမှာ ခုခံနိုင်စွမ်း ရှိမနေချေ။


မိကျောင်းလည်း ကုတ်ခံလိုက်ရတာကြောင့် သွေးများထွက်လာသည်။


ထို့ကြောင့် ပထမဦးဆုံး ထိပ်တိုက်ရင်ဆိုင်မှုတွင် လိပ်ကလေးက နိုင်သွားလေသည်။


ထိုအခါ မိချောင်းကြီးက ထွက်ပြေးတာထက် စိတ်တိုကာ သူရဲ့အမြီးကို ကြာပွတ်အလား ယမ်းကာ လိပ်ကလေးကို ရိုက်လိုက်သည်။ 


လိပ်ကလေးမှာလည်း အချိန်မှီမရှောင်နိုင်လိုက်တဲ့အတွက် ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရကာ မီတာများစွာ လွင့်ထွက်သွားခဲ့သည်။

ဒုတိယအကြိမ်တွင်တော့ မိကျောင်း

ကြီးက အသာစီးရသွားခဲ့သည်။


တစ်ယောက်ကို တစ်ယောက် အနိုင်ယူရန် မလွယ်ကူတာ ကို လိပ်ကလေးရော မိကျောင်းကြီးပါ သဘောပေါက်သွားလေသည်။

ဒါ ပေမဲ့ မိကျောင်းကြီးမှာ

အလျော့မပေးပဲ လိပ်ကလေးထံ ပြေးဝင်သွားကာ ကိုက်လိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ လိပ်ကလေးရဲ့ ကျောခွံကို ကိုက်မိရာ သွေးများထွက်လာခဲ့သည်။

ထိုအခါ လိပ်ကလေးကလည်း မိကျောင်းကြီးရဲ့ ခြေထောက်ကို ပြန်ကိုက်လိုက်ရာ ခြေထောက်မှ အသားစကြီးတစ်ခု ပြတ်ထွက်လုနီးပါ ဖြစ်သွားခဲ့သည်။


ကန်ရဲ့ အောက်ခြေတွင် သူတို့နှစ်ကောင်

ရဲ့ ရန်ပွဲကြောင့် အနည်များထကာ ရေများနောက်ကျိနေသည်။


တတိယအကြိမ်တွင်တော့ နှစ်ဖက်စလုံး ဘယ်သူမှ အသာစီးမရချေ။


လိပ်ခွံအကာအကွယ်နည်းစနစ်ကြောင့် လိပ်ကလေးရဲ့ အကိုက်ခံလိုက်ရတဲ့ လိပ်ခွံမှာ ဒဏ်ရာ မကြီးမားပေမဲ့ မိ

ကျောင်းကြီးမှာတော့ အကိုက်ခံရတာ

 နှစ်နေရာ ရှိနေသည်။


အမှန်တကယ်တော့ လိပ်ကလေးမှာလည်း မိကျောင်းကြီးကို အနိုင်ယူရန် မလွယ်ကူတာကို သိရှိပြီးဖြစ်သည်။ ထို့ကြောင့် တစ်ဖက်မှ စ၍ မတိုက်ခိုက်မချင်း ငြိမ်သက် နေကာ အကဲခတ်နေလိုက်သည်။


ထိုအချိန်က ဆယ်မိနစ်ကျော် ကြာသွားခဲ့သည်။

နောက်ဆုံးတွင်တော့ မိကျောင်းကြီးက လိပ်ကလေးမှာ သူ ရင်ဆိုင်ရန် မလွယ်ကူတဲ့အတွက် ဒဏ်ရာများသက်သာလာတဲ့အချိန်တွင် အဝေးကို ကူးခတ်သွားလေသည်။


အဲ့လို ထွက်သွားတာကို မြင်လိုက်ရတဲ့ လိပ်ကလေးက စိတ်မသက်မသာဖြင့် တွေးလိုက်သည်။

    " ဟမ့် နှစ်ရက်ပဲစောင့်လိုက်စမ်းပါ၊ ငါ ဒီထက်ထွားလာမှ ဒီကိစ္စကို မင်းနဲ့ ထပ်ရှင်းမယ် " 


ထိုတိုက်ပွဲပြီးနောက် မိကျောင်း

ကြီးမှာလည်း လိပ်ကလေးကို ထပ်မံရန်မစရဲတော့တဲ့အတွက် သူတို့ နှစ်ဦးအကြားတွင် အချိန်တစ်ခုအထိ ရန်ပွဲများ ရှိလာမည် မဟုတ်ပေ။


လျူယောင်တစ်ယောက် မနက်စောစော အိပ်ယာနိုးလာတာနှင့် ပုံမှန်အကျင့်အတိုင်း ဖုန်းဖွင့်ကာ ဝီချက်နှင့် သတင်းများကို စစ်ကြည့်လိုက်သည်။


မနေ့က မှင်ကန်တွင် နှစ်မီတာရှည်တဲ့ မိ

ကျောင်း လွှတ်ခဲ့တာကို လူအများက ပြစ်တင်ရှုံ့ချကာ ခရီးသွားများ ဘေးကင်းဖို့နဲ့ သတိပြုကြရန် ရေးထားတဲ့ သတင်းတစ်ခုကိုလည်း တွေ့လိုက်ရသည်။


မိကျောင်းလွှတ်လိုက်တဲ့သူကိုလည်း ဖမ်းဆီးအရေးယူမဲ့ အကြောင်းကိုလည်း ရေးသားထားလေသည်။ ထို့ပြင် မိကျောင်း

ကြီးကို အသေဖြစ်စေ အရှင်ဖြစ်စေ ဖမ်းနိုင်သူအား ဆုငွေ ယွမ် နှစ်သောင်း ပေးအပ်သွားမှာကိုလည်း လျူ‌ယောင်သိလိုက်ရသည်။


လျူယောင်ကလည်း  ထိုဆုငွေ ယွမ်

နှစ်သောင်းကို သူရနိုင်တယ်ဟု တွေးလိုက်မိသည်။


အဲ့လို စဉ်းစားမိလိုက်တာနဲ့

လိပ်ကလေးကို သတိရကာ စတင် ဆက်သွယ်လိုက်သည်။


    " ဘယ်လိုလဲ လိပ်ကလေး၊ မိေကျာင်း

ကြီးက မင်းကို လာခြိမ်းခြောက်သေးလား " 


ထိုအခါ လိပ်ကလေးက ယမန်နေ့က အဖြစ်အပျက်ကို ပြန်လည် ရှင်းပြလိုက်သည်။


    " သခင် စိတ်ပူမနေပါနဲ့၊ ဒီနှစ်ရက်အတွင်း ဒီကောင်ကို ဂရုစိုက်ပေးလိုက်မယ် " 


အဲ့လိုပြောတာကို ကြားလိုက်ရကာမှ လျူယောင်မှာ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။


လိပ်ကလေးမှာ နှစ်ရက်အတွင်း မိကျောင်း

ကြီးကို အနိုင်ယူနိုင်တဲ့အထိ ကြီးထွားလာဖို့ကိုသာ မျှော်လင့်နေရတော့မှာ ဖြစ်သည်။


လိပ်ကလေးမှာ အဆက်မပြတ် ကြီးထွားလာနေတဲ့အတွက် မှင်ကန်တွင် နေထိုင်ရန် အဆင်မပြေတာကြောင့် ဘယ်နေရာမှာ သွားထားရမလဲဆိုတာ လျူယောင် ခေါင်းစားနေသည်။


လိပ်ကလေးမှာ ဗီဇပြောင်း ဖြစ်တဲ့အတွက် ရေချိုတွင် နေနိုင်ပေမဲ့ ပင်လယ်ရေနှင့် အဆင်ပြေမပြေ သိရန် လိုအပ်သည်။


လျူယောင်အနေနဲ့ လိပ်ကလေးမှာ ပင်လယ်ရေနှင့် လိုက်လျောညီထွေဖြစ်ကာ အဆင်ပြေပြေနေနိုင်ဖို့ကိုသာ ေမျှာ်နေမိသည်။ အဲ့လိုမဟုတ်ရင်  လျူယောင် တိုင်ပတ်ရပေတော့မည်။


မနက်စာစားပြီးတဲ့နောက် လျူယောင် ကားမောင်းကာ ထွက်လာခဲ့သည်။


ရည်ရွယ်ချက်မှာ ပင်လယ်ကမ်းခြေကိုသွားကာ လိပ်ကလေး ကို ရက်အနည်းငယ် ထားဖို့ နေရာ ရှာကြည့်ရန်ဖြစ်သည်။


ကားရှိနေတဲ့အတွက် ကမ်းခြေရောက်ရန် မိနစ် သုံးလေးဆယ် ခန့်သာ အချိန်ယူလိုက်ရသည်။ ထို့နောက် ကမ်းခြေတွင် နေရာစတင်လိုက်ရှာ လိုက်သည်။


ညနေတွင်တော့ ဟူဂျွန်းရှီမှာ ရောက်ချလာခဲ့သည်။


ထိုအခါ နှစ်ယောက်သား စားသောက်ဆိုင်တစ်ခုရှာကာ ဟင်းအနည်းငယ်နှင့် ဝိုင်အနည်းငယ်မှာယူကာ သောက်စားကြရင်း စကားစမြည် ပြောနေကြသည်။


    " ညီအစ်ကိုယောင် ဒီနေ့ ယွမ်ဒါတူး ခြောက်ခု ရောင်းလိုက်ရတာ ယွမ်တစ်သောင်းလောက် ရလိုက်တယ်၊ အလုပ်သွားရတာထက်စာရင် ဒါက ပိုတောင် မိုက်သေးတယ် " 


ရက်အနည်းငယ်ခန့် ကြိုးစားပြီးနောက် ယွမ်ဒါတူး အခုနှစ်ဆယ်ကျော် ရောင်းထွက်သွားပြီ ဖြစ်သဖြင့် ဟူဂျွန်းရှီပျော်တာ အံ့ဩစရာ မဟုတ်ပေ။


လျူယောင်လည်း ပျော်ရွှင်သွားတဲ့အတွက် ဟူဂျွန်းရှီကို တိုက်တွန်းလိုက်သည်။


    " အဲ့တာဆိုလည်း ငါ့ဆီမှာ ရှိတဲ့ ယွမ်ဒါတူး တစ်ရာကျော်ကိုလည်း ယူထားလိုက်လေ " 


 

    " အေးဆေးပေါ့ကွာ မင်းကလည်း၊ ငါ့လက်ထဲရှိတာ ရောင်းကုန်ကာနီးမှ လာယူလိုက်မယ်လေ " 




နှစ်ယောက်သား စကားစမြည်ပြောကြရင်း ဟူဂျွန်းရှီက အကြောင်းတစ်ခုကို ပြောလိုက်သည်။


    " ညီအစ်ကိုယောင် ခုတလော သတင်းစာတွေ၊ရုပ်မြင်သံကြားတွေနဲ့ လိုင်းပေါ်မှာ နှစ်မီ‌တာလောက်ရှည်တဲ့ မိ

ကျောင်းကြီးကို လွှတ်ပေးလိုက်တဲ့ အကြောင်းတွေချည်းပဲဗျာ " 


    " အေး၊ အဲ့မိကျောင်းကို လွှတ်မယ်လုပ်တုန်းက ငါမြင်လိုက်လို့ ဖျောင်းဖျပါသေးတယ်ကွာ၊ သူတို့က စောက်ဂရုကို မစိုက်တာကွ " 


    " မိကျောင်းကြီးကို အဲ့လိုလွှတ်ပေးလိုက်တာကြီးက တကယ် မမိုက်ဘူးဗျာ၊ ဒီမနက် သတင်းထဲမှာလည်း အဲ့မိကျောင်းက ခရီးသွားတစ်ယောက်ကို ရေထဲ ဆွဲချလုနီးပါးထိ ဖြစ်သွားတာတဲ့၊ ကံကောင်းလို့ အနားမှာ လူတွေအများကြီး ရှိနေလို့ပေါ့၊ မဟုတ်ရင် မလွယ်ဘူး "


ဟူဂျွန်းရှီရဲ့အသံမှာ အတော်ပင် ကျယ်လောင်နေပြီး ထိုကိစ္စနှင့် ပက်သက်၍ သိသိသာသာပင် ဒေါသထွက်နေဟန်တူသည်။

ထိုစဉ်မှာပင် ဘေးနားမှာရှိတဲ့ လူတစ်ယောက်က ဟူဂျွန်းဇီကို ပြောလိုက်သည်။


    " ငါ့ကောင် အဲ့တုန်းက မှင်ကန် ပန်းခြံမှာ ငါရောက်နေတာကွ၊ အဲ့ကိစ္စကြောင့် ဆုငွေက ယွမ် ငါးသောင်း ဖြစ်သွားဘီ " 


ဆုငွေကြောင့် လျူယောင်ပင် အနည်းငယ် တုန်လှုပ်သွားသည်။

မနေ့ကနှင့် ယှဉ်လျှင် လိပ်ကလေးမှာ ပို၍ကြီးထွားလာသဖြင့် အခြားလူများအတွက် မိကျောင်း

ကို ဖမ်းရန် ခက်ခဲပေမဲ့ လျူယောင်တော့မပါချေ။


လိပ်ကလေးရဲ့အကူအညီဖြင့်ဆိုပါက မိ

ကျောင်းကို ဖမ်းကာ ဆုငွေရမဲ့အပြင် အများသူငှာလည်း အန္တရာယ် ကင်းဝေးသွားမည် ဖြစ်သည်။


လျူယောင် အတွေးနက်နေစဉ် ဟူဂျွန်းရှီက ထပြောလိုက်သည်။


    " ယွမ် ငါးသောင်းတောင် ငါ့ကောင်ရာ၊ ငါတို့သာ အဲ့မိချောင်းကို ဖမ်းနိုင်လိုက်ရင် ပွပြီပဲ "


........