အခန်း 33 ငါ့နဲ့အတူ အလုပ်လုပ်မလား
တိတ်ဆိတ်နေတဲ့ အစည်းအဝေးခန်းမကရုတ်တရက် ဆူညံလာပြီး လူတိုင်း ချက်ချင်း စကားတွေ ပြောဆိုနေကြတော့တယ်။
လူတိုင်း မျှော်မှန်းထားသလို လျူကျန်းဖိန်က မျက်နှာခပ်တည်တည်နဲ့ ဝင်ရောက်လာမယ့်အစား သူ့မျက်နှာမှာ သိသိသာသာ ပျော်ရွှင်မှုတွေနဲ့ ရောက်ရှိလာခဲ့ရာ လူအများ စိတ်ထဲမှာ မေးခွန်းတွေ ဖြစ်ပေါ်လာခဲ့တယ်။
အစည်းဝေးခန်းမ ထဲဝင်ပြီး သူ့နေရာမှာ ထိုင်လိုက်ကာ တစ်ခန်းလုံးကို ဝေ့ကြည့်ပြီး လူတိုင်းရဲ့ မျက်နှာတွေကို တစ်ချက်စီ ကြည့်လိုက်တယ်။ အဲဒီနောက် သူ့ပါးစပ်ဖွင့်လိုက်ပြီး
"အားလုံးပဲ၊ ကျွန်တော် သတင်းကောင်းတစ်ခု ပြောပြချင်ပါတယ်။
ကျွန်တော်တို့ ရွာမှာ လမ်းဖောက်လုပ်ရေးအတွက် လိုအပ်နေတဲ့ သုံးသိန်းပြဿနာ ပြေလည်သွားပါပြီ" လို့ အံ့အားသင့်စရာကောင်းတဲ့ သတင်းကို ထုတ်ဖော်ပြောကြားလိုက်သည်။
ဒီသတင်းကြောင့် လူတိုင်း အံ့အားသင့်သွားပြီး သူတို့ကို သူတို့ နားကြားမှားတာလားလို့တောင် သံသယဖြစ်မိကြသည်။ မနေ့က ဘာသဲလွန်စမှ မရှိခဲ့ဘဲ ဒီနေ့မှာ ဒီလိုကောင်းတဲ့ သတင်းကို ရုတ်တရက် ကြားရတာကြောင့်ပင်။
"ရွာသူကြီး ကျန်းဖိန်၊ ဘယ်လိုဖြေရှင်းခဲ့တာလဲ။ လူတိုင်းကို ပြောပြပါဦး ကျွန်တော်တို့လည်း ပျော်ရအောင်" လို့ လူအများက မေးမြန်းလိုက်ကြတယ်။
လျူကျန်းဖိန်က "ကျွန်တော်တို့ လျူယောင်ကို ကျေးဇူးတင်ရမှာပါ။ သူက ရွာအတွက် သုံးသိန်း လှူဒါန်းခဲ့တာဖြစ်ပြီး လမ်းဖောက်လုပ်ရေးအတွက် ပိုက်ဆံနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပြဿနာမရှိတော့ပါဘူး" လို့ ရှင်းပြလိုက်သည်။
အဲဒီအခါမှ လူတိုင်းက "အော်၊ ဒါက လျူယောင်ကိုး။ ဘုရားရေ၊ သူတစ်ယောက်တည်း သုံးသိန်း လှူခဲ့တာ၊ တကယ်ကို အံ့ဩစရာပဲ!" လို့ တအံ့တဩ ပြောဆိုလိုက်ကြသည်။
လမ်းဖောက်လုပ်ရေးအတွက်လိုအပ်တဲ့ ငွေကြေးကို ဒီနည်းလမ်းနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိကြဘူး။
“ ဒါကြောင့် လျူယောင် ကို ငါတို့ ကျေးဇူးတင်ရမယ်၊ ရွာအဝင်က အထိမ်းအမှတ်ကျောက်တိုင်ကို အမြန်ဆုံး ထူထောင်ပြီး လျူယောင်ရဲ့ နာမည်ကို ပထမနေရာမှာ စာလုံးအကြီးနဲ့ ထွင်းဖို့ အားလုံး သဘောတူကြလိမ့်မယ်လို့ ငါထင်တယ် “
မကြာမီပဲ ဒေါင်းမင်းရွာရဲ့ ရွာသူရွာသား ဆက်သွယ်ရေးအဖွဲ့က ရွာသူကြီး လျူကျန်းဖိန် ကိုယ်တိုင် လုပ်ခိုင်းတဲ့ သတင်းကို ေလာ်စပီကာနဲ့လိုက်ကြေညာခဲ့သည်။ "အားလုံးကို သတင်းကောင်း ပြောပြချင်တယ် ။
လမ်းဖောက်လုပ်ဖို့အတွက် သုံးသိန်း လှူဒါန်းခဲ့တဲ့ လျူယောင် ကို ကျေးဇူးတင်ပါတယ်။ ရွာမှာ
လမ်းဖောက်လုပ်ရေးအတွက် ရန်ပုံငွေတွေ စုဆောင်းမိပြီဖြစ်လို့ အမြန်ဆုံး စတင် ဆောက်လုပ်ပါတော့မယ်။ လက်ရှိမှာ
သူက ကျွန်တော်တို့ရွာရဲ့ ဂုဏ်ယူစရာပါပဲ။ လျူယောင်ကိုရွာက ဘယ်တော့မှမမေ့ပါဘူး..." လို့ ကြေငြာလိုက်သည်။
ဒီသတင်းကြောင့် ရွာတစ်ရွာလုံး ချက်ချင်း ဆူပွက်သွားပြီး လေပြင်းလို ရွာတစ်ရွာလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားကာ လူတိုင်းနီးပါး သိရှိသွားကြသည်။
သူ "လျူယောင် ကောင်းတယ်။ တစ်ခါတည်းနဲ့ သုံးသိန်းလှူလိုက်တာက တကယ်ကို ရက်ရောတာပဲ “
“ ငါတို့ရွာမှာ လမ်းတွေ နောက်ဆုံးတော့ ဆောက်နိုင်တော့မှာပဲ" လို့ ရွာသူရွာသားတွေ ပြောဆိုနေကြသည်။
ရွာတစ်ရွာလုံးက လျူယောင်ရဲ့ သုံးသိန်း လှူဒါန်းမှုအကြောင်း ပြောဆိုနေကြပေမယ့် လျူယောင်ကတော့ ဟွာဟိုင်းမြို့ ကို ပြန်ဖို့ စီစဉ်လျက်ရှိသည်။ သူ မူလက အိမ်မှာ နှစ်ရက် သုံးရက်ပဲ နေဖို့ စီစဉ်ထားပေမဲ့ ပြန်ဖို့ အချိန် နီးကပ်လာလို့ပဲ။
မှတ်ပုံတင်တာ ပြီးခါနီးပြီဖြစ်ကြောင်းနဲ့ လုပ်ထုံးလုပ်နည်း အားလုံးပြီးဖို့ အများဆုံး နှစ်ရက်ပဲ ကြာမယ်ဆိုတာကို အေဂျင်စီရဲ့ ကုမ္ပဏီတာဝန်ခံက ဖုန်းဆက် အကြောင်းကြားခဲ့လို့ပဲ ဖြစ်သည်။
အဲဒီနေ့မှာ ကျိုးရှိုယင်က နှစ်သစ်ကူးညစာထက်တောင် ပိုပြီး ကြွယ်ဝတဲ့ ဟင်းပွဲ ၁၀ ကျော်နဲ့ နေ့လယ်စာကို ချက်ပြုတ်ပေးခဲ့သည်။
သူ့ G ကားကြီး ရဲ့ ပစ္စည်းထည့်ခန်းထဲမှာလည်း ကိုယ်တိုင်စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ကိုယ်တိုင်ချဉ်ထားတဲ့ ဘဲဥတွေ၊ ကန်စွန်းဥဖတ်တွေ၊ မြေပဲတွေ၊ အာလူးတွေ စတဲ့ ပစ္စည်းတွေ အများကြီး ထည့်ထားပေးခဲ့သည်။
ကြက်နှစ်ကောင်ကိုတောင် ပလတ်စတစ်အိတ်နဲ့ ထုတ်ကာ ပစ္စည်း ထည့်ခန်းထဲထည့်ပေးခဲ့သည်။
လုံလောက်ပြီဖြစ်လို့ ထည့်စရာမလိုဘူးလို့ ပြောနေပေမယ့် လျူဟုန်ဖူနဲ့ ကျိုးရှိုယင်တို့က ကားရဲ့ ပစ္စည်းထည့်ခန်းကို အပြည့်နီးပါး ထည့်ပေးခဲ့ကြတယ်။
ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ပစ္စည်း ထည့်ခန်းကို ကြည့်ပြီး လျူယောင် စိတ်လူပ်ရှားနေသည်။
ပစ္စည်းတွေ ထုပ်ပိုးပြီးတဲ့အခါ မိသားစု ညစာစားနေတုန်း လျူယောင်က "အဖေ၊ ကျွန်တော်တို့ အခု ချမ်းသာနေပြီလေ
ဒီအိမ်ဟောင်းကို ဖြိုချပြီး ဒီမြေကွက်ပေါ်မှာ ခမ်းနားတဲ့ အိမ်အသစ် ဆောက်မယ်။ ဗီလာပုံစံ ဆောက်မယ်" လို့ အကြံပေးလိုက်သည်။
လျူဟုန်ဖူက နည်းနည်း စိုးရိမ်တကြီးနဲ့ "ဒါက ပိုက်ဆံအများကြီး ကုန်ကျလိမ့်မယ် ။မင်း ထီပေါက်ခဲ့ပေမယ့် ပိုက်ဆံ ချွေတာသင့်တယ်"
လျူယောင် က "မပူပါနဲ့၊ ကျွန်တော် ကုမ္ပဏီ မှတ်ပုံတင်နေပြီ။ ကုမ္ပဏီအသစ် ထူထောင်ပြီးရင် နောင်မှာ သေချာပေါက် ပိုက်ဆံအများကြီး ရပါလိမ့်မယ်" လို့ ရှင်းပြလိုက်သည်။
ထိုစကားကြားတော့ လျူဟုန်ဖူ စိတ်သက်သာရာရသွားပြီး "ဒါဆိုလည်း ကောင်းပြီ၊ မင်းငါ့ကို လွှဲပေးထားတဲ့ ငါးသိန်းလုံးကို ထုတ်ပြီး အိမ်ဆောက်ဖို့ ကြိုးစားပါ့မယ်" လို့ သဘောတူခဲ့သည်။
"ငါးသိန်းဆိုရင် မလုံလောက်ဘူး၊ ကျွန်တော် အဖေ့ကို နောက်ထပ် ဆယ်သိန်း ထပ်ပေးမယ်၊ စုစုပေါင်း တစ်ဆယ့်ငါးသိန်း၊ မလုံလောက်ရင် ပိုပေးလို့ရတယ်" လို့ လျူယောင် ကပြောလိုက်တယ်။
လျူဟုန်ဖူက ချက်ချင်းပဲ "လုံလောက်ပြီ၊ လုံလောက်ပြီ၊ ဘယ်မှာ တစ်ဆယ့်ငါးသိန်းနဲ့ အိမ်ဆောက်တာ ရှိလို့လဲ" လက်ကာ ပြီး ပြောလိုက်သည်။
ဒေါင်းမင်းရွာ တစ်ရွာလုံး မှာဒီလို ဗီလာစံနှုန်းနဲ့ အိမ်ဆောက်တာမျိုး မရှိသေးပေမယ့် လျူယောင်ရဲ့ အိမ်ဆောက်လုပ်မှု့ စံနှုန်းက ဗီလာပုံစံဖြစ်လို့ တစ်ဆယ့်ငါးသိန်း လောက် ကုန်ကျနိုင်တယ်။
မိသားစု ညစာစားပြီး ခဏနားပြီးတဲ့အခါ လျူယောင် ကားမောင်းပြီး ဟွာဟိုင်းမြို့ ကို ပြန်လာခဲ့သည်။
နေဝင်ချိန် မှာ အိမ်ရောက်တော့ လျူယောင်က ကားထဲက ပစ္စည်းတွေကို အရင်ထုတ်လိုက်တယ်။ ရေခဲသေတ္တာထဲ ထည့်သင့်တာတွေကို ရေခဲသေတ္တာထဲ ထည့်ပြီး သိုလှောင်ခန်းထဲ ထည့်သင့်တာတွေကို သိုလှောင်ခန်းထဲ ထည့်ခဲ့တယ်။
ဒီအရာတွေအားလုံး ပြီးသွားတော့ သူက ဖုန်းထုတ်ပြီး "ဂျွန်ဇီ၊ ငါပြန်ရောက်ပြီ၊ အမြန်လာပြီး ငါနဲ့ ညစာစားရအောင်" လို့ ဖုန်းခေါ်လိုက်သည်။ ဟူဂျွန်းရှီက ချက်ချင်း သဘောတူလိုက်ကာ"ကောင်းပြီ၊ ငါ ချက်ချင်း လာခဲ့မယ်"
"တက္ကစီ တိုက်ရိုက်စီးလာခဲ့၊ ပိုမြန်လိမ့်မယ်၊ မင်းရဲ့ ကားခကို ငါ ပြန်ပေးမယ်" လို့ ပြောရာ ဟူဂျွန်းရှီက လျူယောင်ကို
"မင်း !ငါ့ ကို အထင်သေးတာ မဟုတ်ဘူးလား၊ ဒီလောက်နည်းတဲ့ ပိုက်ဆံကိုတော့ ငါ တတ်နိုင်ပါသေးတယ်ကွာ"
မိနစ် ၂၀ ကနေ ၃၀ လောက်ကြာတော့ ဟူဂျွန်းရှီ ရောက်လာသည်။
သူတို့ စားသောက်ဆိုင်တစ်ဆိုင် ရှာပြီး ဟင်းပွဲအချို့၊ ဘီယာပုလင်းအချို့ မှာကာ စားသောက်ရင်း ပျော်ရွှင်စွာ စကားပြောခဲ့ကြတယ်။
"ညီအစ်ကိုယောင် ကျွန်တော်တို့ရဲ့ အွန်လိုင်းစတိုးရဲ့ လုပ်ငန်းက ဒီလောက်ကောင်းလိမ့်မယ်လို့ မထင်ခဲ့ဘူး။ အခုဆိုရင် နေ့တိုင်း ယွမ်ဒါတူး ဆယ်ခုကျော် အနည်းဆုံး ရောင်းရတယ်" လို့ ဟူဂျွန်းရှီက ဝမ်းသာအားရ ပြောလိုက်သည်။
နေ့တိုင်း ယွမ်တစ်ဆယ်ကျော် ရောင်းရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။သူက မကြာသေးခင်ကမှ ချမ်းသာလာတာဖြစ်သည်။
ရောင်းချတဲ့ပစ္စည်းတွေက အစစ်အမှန်ဖြစ်ပြီး ဈေးနှုန်းလည်း မှန်ကန်တာကြောင့် နာမည်လည်း တဖြည်းဖြည်း ပိုကောင်းလာကာ လုပ်ငန်းမှာလည်း သဘာဝအတိုင်း တိုးတက်လာခဲ့သည်။
ဟူဂျွန်းရှီက စိတ်လှုပ်ရှားစွာ ပြောပြီးနောက် စကားလမ်းကြောင်း ပြောင်းကာ နည်းနည်း စိတ်မကောင်းဖြစ်ဟန်နဲ့
"ကံမကောင်းစွာနဲ့ပဲ၊ ငါ့ လက်ထဲမှာ ငွေဒင်္ဂါးတွေ သိပ်မရှိတော့ဘူး၊ အများဆုံး သုံးလေးရက်အတွင်း ကုန်သွားတော့မှာ"
လျူယောင် က ပြုံးလိုက်ပြီး
"ဂျွန်ရှီ၊ ငွေဒင်္ဂါးတွေ ကုန်တော့မှာကို မပူပါနဲ့၊ ငါ မင်းကို အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောပြမယ်" လို့ ပြောလိုက်သည်။
ဟူဂျွန်းရှီက ခေါင်းညိတ်လိုက်ပြီး ချက်ချင်း မျက်နှာတည်လိုက်ကာ အလေးအနက် နားထောင်လိုက်တယ်။
"ငါ ကုမ္ပဏီတစ်ခုကို မှတ်ပုံတင်ပြီး ထူထောင်ေတာ့မှာ နာမည်က “ကမ္ဘာလုံးဆိုင်ရာ သမုဒ္ဒရာ ဝန်ဆောင်မှုများ” ( Global Ocean Services) လို့ ခေါ်တယ်။
အဲဒါက သမုဒ္ဒရာ သယ်ယူပို့ဆောင်ရေး၊ နက်ရှိုင်းတဲ့ ပင်လယ် ကယ်ဆယ်ရေး၊ သမုဒ္ဒရာ ရှာဖွေရေး စတာတွေနဲ့ သက်ဆိုင်တယ်။ ကုမ္ပဏီအသစ် ထူထောင်ရင် လူအင်အား လိုအပ်မှာမို့လို့
“ အဲ့တာ မင်း ငါ နဲ့အတူ လုပ်မလား"
ဟူဂျွန်းရှီအချိန်အတော်ကြာတဲ့အထိ သတိမဝင်သေးဘဲ ရင်ထဲမှာ လှိုင်းထန်နေသလို ခံစားရပြီး လျူယောင့် ကို မသိတဲ့လူတစ်ယောက်လို ငေးကြည့်နေခဲ့တယ်။
အချိန်အတော်ကြာပြီးမှ သူ့ရဲ့ မျက်နှာပေါ်မှာ လေးစားမှုတွေနဲ့
"အစ်ကိုယောင် ခင်ဗျားက အံ့ဩစရာပဲ။ ခင်ဗျားက တကယ်ကို ကုမ္ပဏီအသစ် ထူထောင်ချင်တာကိုး။ အိမ်နဲ့ ကားရှိရုံမကဘူး၊ ကုမ္ပဏီလည်း ရှိပြီး သူဌေးလည်း ဖြစ်တော့မယ်" ။
လျူယောင်က ပြုံးလျှက်
"မင်း စကားများတာ ရပ်ပြီး ၊ ငါနဲ့အတူ အလုပ်လုပ်မလား" ဟုပြောလိုက်သည်။
ဟူဂျွန်းရှီက "ပြဿနာမရှိဘူး၊ ကျွန်တော် အကိုနဲ့အတူ အခုချိန်ကစပြီး လိုက်လုပ်မယ်" လို့ ပြန်ဖြေလိုက်သည်။
“ဒါပဲ!”ကုမ္ပဏီအသစ် မထူထောင်ရသေးခင်မှာပဲ ဟူဂျွန်းရှီ က ကုမ္ပဏီရဲ့ ပထမဆုံး ဝန်ထမ်း ဖြစ်သွားခဲ့ပြီ။
နှစ်ယောက်သား ဝိုင်သောက်ရင်း အနာဂတ်အကြောင်း ပြောဆိုခဲ့ပြီး စိတ်ဓာတ်တက်ကြွနေခဲ့ကြသည်။
တစ်နာရီကျော်ကြာ စားသောက်ပြီးတဲ့အခါ အိမ်ပြန်ရောက်ပြီးနောက် ဧည့်ခန်းထဲက ဆိုဖာကြီးပေါ် ထိုင်ရင်း လျူယောင် လိပ်ကြီးကို သတိရသွားသည်။
"လိပ်ကြီးကို မဆက်သွယ်ရတာ ရက်အတော်ကြာနေပြီ၊ သူ အခု ဘယ်လိုနေလဲ၊ ဘာလုပ်နေလဲ" လို့ ရေရွတ်လိုက်သည်။
ထိုနောက် လျူယောင် အိမ်မွေးတိရစ္ဆာန်ချပ်ပြား ကို ဖွင့်လိုက်ပြီးနောက် မကြာခင်မှာပဲ အံ့အားသင့်သွားခဲ့တော့သည်။