အခန်း 34 နစ်မြုပ်နေတဲ့ သင်္ဘော
ရက်အနည်းငယ်အတွင်းမှာပဲ လိပ်
ကြီးကအများကြီး ပြောင်းလဲသွားခဲ့ပြီ!
အိမ်မွေးတိရစ္ဆာန် ချပ်ပြားမှာ လိပ်ကြီးရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
နာမည်- ပြောင်းလဲမျိုးစိတ် လိပ်တူရီ
အင်အား- ၂၄၁
ဖွဲ့စည်းပုံ- ၂၂၅
သွက်လက်မှု- ၂၀၉
ရေကူးနှုန်း- တစ်နာရီ ၄၈ နော့တီမိုင်
……………
ဘုရားရေ၊ အလေးချိန် ၅၀၀ ကီလိုဂရမ်ကျော်ထိ ကြီးလာတာပဲ။ ရေထဲမှာ ရေကူးနှုန်းက တစ်နာရီ ၄၈ နော့တီမိုင်အထိ ရောက်နေပြီဆိုတော့ ဘယ်လှေထက်မဆို ပိုမြန်နေပြီ။
စွမ်းရည် သုံးခုစလုံးလည်း အများကြီး တိုးတက်လာခဲ့ပြီး အင်အားက ၂၄၁ အထိ ရောက်နေပြီ။ လျူယောင် သူ့ရဲ့ အင်အားက ပိုပြီးတော့ သန်မာလာတယ်လို့ ခံစားရတာ အံ့ဩစရာ မဟုတ်ဘူး။
လိပ်ကြီး က အခု ဘာလုပ်နေလဲ။
လျူယောင် လိပ်ကြီး နဲ့ ဆက်သွယ်လိုက်သည်။
“ မင်း အခု ဘယ်လိုနေလဲ”
လိပ်ကြီးက
“သခင်၊ ကျွန်တော့်ရဲ့ အခုဘဝက တကယ်ကို သက်သောင့်သက်သာရှိတယ်။ ဒီပင်လယ်ပြင်မှာ ရန်သူဆိုတာ မရှိသလောက်ပဲ။ နေ့တိုင်း အရသာရှိတာ ရှာစားနေရုံပဲ။ ခုလေးတင် တူနာငါးကြီးတစ်ကောင် ဖမ်းမိလို့ ညစာပြင်ဆင်နေတာ”
“မင်းက တကယ်ကို အစားအသောက်သမားပဲ”
“သခင်၊ ကျွန်တော် အစားစားတာကလွဲလို့ အားနေတာ မဟုတ်ဘူး။ ကျွန်တော် သခင်အတွက် နစ်မြုပ်နေတဲ့ သင်္ဘောကို ကူရှာပေးနေတာ။ မနေ့က နစ်မြုပ်နေတဲ့ သင်္ဘောတစ်စီးကို ရှာတွေ့ခဲ့တယ်။ ဒီတူနာငါးစားပြီးရင် သွားကြည့်ဖို့ စီစဉ်ထားတယ်၊ ဒါပေမယ့် အဲဒီနေရာက ရေအတော်လေး နက်တယ် “လို့ ပြန်ပြောခဲ့သည်။
“
လိပ်ကြီး ရဲ့ အမြင့်ဆုံး ရောက်နိုင်တဲ့ ရေအနက်က မီတာ ၁၀၀၀ လောက်ပဲ။ အရမ်းနက်ရင် သွားလို့မရဘူး။ ရေဖိအားက အရမ်းများလို့ မခံနိုင်ဘူး နာလာတယ် ချက်ခြင်းပဲ "
ထိုသတင်းကြားတော့ လျူယောင် ချက်ချင်း စိတ်ဝင်စားသွားတယ်။
“မင်း ညစာကို မြန်မြန်စားပြီး အဲဒီကို သွားကြည့် ပြီးရင် နစ်မြုပ်နေတဲ့ သင်္ဘောအကြောင်း ငါ့ကို ပြောပြ”
“ဟုတ်ကဲ့၊ သခင်”
လိပ်ကြီး က သူ့ရဲ့ အရသာရှိတာကို ပါးစပ်အပြည့်နဲ့ စတင်စားသောက်တော့တယ်။ ပေါင် ၁၀၀ ကျော် အလေးချိန်ရှိတဲ့ ဒီတူနာငါးက သူ့ရဲ့ ညစာပဲ။
အစာစားတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးက တော်တော်လေး သွေးထွက်သံယို ဖြစ်နေသည်။ သွေးနံ့ကြောင့် လေးငါးမီတာ အရွယ်ရှိတဲ့ ဆာမင်ငါးကြီးတစ်ကောင် လာေနသည်။
အခုက ညဘက်ဖြစ်လို့ ပင်လယ်ထဲမှာ မြင်ကွင်းက မှောင်နေသည်။ ဒါပေမယ့် ဆာမင်ငါးကြီးမှာ နှာခေါင်း အလွန်ထက်တယ်။ သွေးနံ့နောက် လိုက်ပြီး အကွာအဝေးက တဖြည်းဖြည်း နီးလာခဲ့သည်။
လိပ်ကြီးက ဒီဆာမင်ငါးကြီးကို သတိထားမိနေပြီ၊ ဒါပေမယ့် သူ အလေးအနက် မထားပဲ
‘မင်း ငါ့ရဲ့ တူနာငါးကို မယူပါနဲ့၊ ဒါက ငါ့ရဲ့ ညစာ၊ မင်းရဲ့ ဟာမဟုတ်ဘူး’လို့ ပြောလိုက်သည်။
ဆာမင်ငါးကြီးမှာ နီးကပ်လာပြီး ကြီးမားတဲ့ ပင်လယ်လိပ်ကြီး တစ်ကောင် က တူနာ ငါး စားနေတာကို တွေ့တော့ သူ ဒေါသထွက် သွားသည်။
“ငါ က ပင်လယ်ရဲ့ အုပ်စိုးရှင် ဖြစ်နေကျပဲ”
သူကအကွာအဝေးနီးလာပြီးနောက် တူနာ ငါးကို ချက်ခြင်း ကိုက် ချပစ်လိုက်သည်။
ရည်ရွယ်ချက်က ရှင်းတယ်။ ဒီတူနာငါးကို လုယူပြီး ထွက်သွားချင်တာ။
သူ့ရဲ့ စိတ်ကူးယဉ် အစီအစဉ် ပျက်သွားတယ်။ သူက မြန်မြန်ဆန်ဆန် ရွှေ့ခဲ့ပေမယ့် လိပ်ကြီး က ပိုမြန်နေသည်။
တူနာငါးကို မကိုက်နိုင်ခင်မှာပဲ လိပ်ကြီး က သူ့ရဲ့ ခြေသည်းတွေကို လှုပ်ရှားလိုက်တယ် ထက်ရှတဲ့ ခြေသည်းတွေက ဆာမင်ငါးကြီးရဲ့ ခေါင်းကို ဖြတ်သွားပြီး အသားအရေကို ဆုတ်ဖြဲပစ်လိုက်တယ်။
“ အား သွေးထွက်သွားပြီ “
ဆာမင်းငါးကြီးက နာကျင်မှုကို စားလိုက်ရပြီး ချက်ချင်း ဝေးရာသို့ ထွက်ပြေးေတာ့သည်။ သူ အရမ်းကြောက်လန့်သွားတာကြောင့် အရမ်းမြန်မြန် ရေကူးသွားပြီး ဘယ်တော့မှ ထပ်မလာရဲတော့ဘူး။
‘ငါ နားမလည်နိုင်ဘူး၊ ဒီလိပ်ကြီးက အရမ်းအစွမ်းထက်တာပဲ’ဟုဆာမင်းငါးကြီး က စိတ်ထဲမှပြောလိုက်သည်။
စားပြီးရင် သူ့မှာ လုပ်စရာ အလုပ်တစ်ခု ရှိသေးတယ်။
တူနာငါးက လိပ်ကြီး ရဲ့ ဗိုက်ထဲရောက်ဖို့ အချိန်မကြာလိုက်ဘူး။ ဗိုက်ပြည့်သွားတော့ သူ့ရဲ့ ပန်းတိုင်ဆီကို ထွက်ခွာခဲ့သည်။
တစ်နာရီ ၄၈ နော့တီကယ်မိုင် ရေကူးနှုန်းနဲ့ လိပ်ဘုရင်က ငါး ၉၉ ရာခိုင်နှုန်းထက် ပိုမြန်တယ်။
တစ်နာရီကျော်ကြာပြီးနောက် လိပ်ကြီး က ပင်လယ်ပြင်ဆီ ရောက်လာတယ်။ အဲဒီနေရာက ကုန်းမြေနဲ့ ဝေးပြီး ပင်လယ်ရေ အတော်လေးနက်တယ်။ နစ်မြုပ်နေတဲ့ သင်္ဘောရှိတဲ့ ရေအနက်က မီတာတစ်ထောင်ကျော်နေပြီ။
ပင်လယ်ကြမ်းပြင်မှာလည်း လွင်ပြင်တွေ၊ တောင်တွေ၊ တောင်ကြားတွေ ရှိပြီး နစ်မြုပ်နေတဲ့ သင်္ဘောရှိတဲ့ နေရာက တောင်ကြားထဲမှာ ရှိသည်။
လိပ်ကြီး ရေအောက်တောင်ကြားထဲကို ရေကူးသွားပြီး နစ်မြုပ်နေတဲ့ သင်္ဘောနားရောက်တော့ ရေဖိအားက အရမ်းများပြီး နည်းနည်း မခံနိုင်ဘူးလို့ ခံစားလိုက်ရသည်။
ကြီးမားတဲ့ ရေဖိအားကို ခုခံပြီး လိပ် ကြီးက နစ်မြုပ်နေတဲ့ သင်္ဘောဆီ ချဉ်းကပ်ကာ သေချာကြည့်လိုက်ပြီး
“သခင်၊ ဒါက ရှေးဟောင်း သင်္ဘောပျက် ဖြစ်ရမယ်။ သစ်သားနဲ့ လုပ်ထားတာ၊ ရွက်တိုင်ကို ခွဲခြားနိုင်တယ်...”
သူ မြင်ရတာတွေကို လေ့လာပြီး ပြောပြလိုက်တယ်။
ရှင်းြပချက်ကို နားထောင်ပြီးနောက် လျူယောင် က ဒါက ရှေးဟောင်းသင်္ဘောပျက် ဖြစ်တယ်လို့ ကောက်ချက်ချလိုက်သည်။
“ဒါက လိပ်ကြီးပင်လယ်ထဲ ရောက်တည်းက ဒုတိယအကြိမ်တွေ့တဲ့ ဟာပဲ ။ ဒီထဲမှာရော ဘာတွေရှိနိုင်လောက် မလဲ “စိတ်လူပ်ရှားမူ့ကို မဖုံးကွယ်နိုင်ပဲ လျူယောင်တွေးနေစဥ်
ကြီးမားတဲ့ ရေဖိအားကို လိပ်ကြီး အကြာကြီး မခံနိုင်တော့ဘူး။
“ဒါဆို ဒီကနေ ထွက်သွားတော့၊ရက် နည်းနည်းကြာလို့ မင်း နည်းနည်းကြီးလာပြီဆိုရင် ငါတို့ ပြန်လာကြည့်ကြမယ်”
လိပ်ကြီးက အဆက်မပြတ် ကြီးထွားနေပြီး ကြီးထွားနှုန်း အရမ်းမြန်တယ်။ ရက်အနည်းငယ်ဆို ဒီ လိပ်ကြီး ခံနိုင်ရည်ရှိလောက်သည်။
“ကောင်းပြီ၊ ဒီနေ့အတွက်တော့ ဒီလောက်ပဲ၊ ရက်အနည်းငယ်ကြာရင် ပြန်လာကြမယ်”
ချက်ချင်းပဲ လိပ်ကြီး စိတ်သက်သာရာရသွားတယ်။ သူ စိုးရိမ်နေတာက ပိုင်ရှင်က လှေထဲမှာ ဘာတွေရှိလဲ သိချင်ပြီး
ထပ်ဝင်ခိုင်းမှာကိုပဲ။ အဲဒါဆို ပြဿနာတက်မှာ။
လျူယောက် အဲ့လို မလုပ်ခဲ့ပေ ။ လိပ်ဘုရင် က မီတာ ၂၀-၁၀၀ လောက် အပေါ်ကို ရေကူးသွားပြီးမကြာခင်မှာ ဖိအားတွေပျောက်ကွယ်သွားသည်။
ခဏလောက် ရေကူးပြီးတော့ အနီးအနားမှာ နားခိုပြီး အိပ်နေလိုက်သည်။
သူက အရင်ကလို လိုဏ်ဂူကို ပြန်မသွားတော့ဘူးဒီနေရာမှာ သူက အသန်မာဆုံး ဖြစ်တာကြောင့် ဘယ်သူ့မှ ကြောက်စရာ မလိုတော့ပေ။
နှစ်ရက်အကြာ။
Global ကုမ္ပဏီရဲ့ လုပ်ငန်းများအားလုံး ပြီးစီးသွားခဲ့ပြီဖြစ်ပြီး မှတ်ပုံတင်တဲ့ အရင်းအနှီးမှာ သိန်း ၂၀၀ ဖြစ်သည်။
ကုမ္ပဏီ လုပ်ငန်းများမှာ သမုဒ္ဒရာ သယ်ယူပို့ဆောင်ရေး၊ ပင်လယ်ကြမ်းပြင် ကယ်ဆယ်ရေး၊ နက်ရှိုင်းသော ပင်လယ် ရှာဖွေရေး အစရှိသည့် နယ်ပယ်များ ပါဝင်သည်။
ကုမ္ပဏီတည်ထောင်ပြီးစီးတာနှင့်အမျှ လျူယောင်တွင် လုပ်စရာများ ပိုမိုများပြားလာခဲ့သည်။
ရုံးခန်းများ ငှားရမ်းခြင်း၊ ဝန်ထမ်းများ ခေါ်ယူခြင်း၊ ပင်လယ်သွားသင်္ဘောများ ဝယ်ယူခြင်းနှင့် ကုမ္ပဏီအတွက် ကြော်ငြာမျိုးစုံ လုပ်ဆောင်ခြင်းများ လိုအပ်လာသည်။
"ဂျွန်ရှီ၊ အလုပ်လုပ်ကြစို့!"သူ့ သူငယ်ချင်းကို ဖုန်းဆက်ပြောလိုက်သည်။
"ကြည့်၊ ငါတို့ကုမ္ပဏီရဲ့ လုပ်ထုံးလုပ်နည်းတွေ အားလုံး ပြီးစီးသွားပြီ"
လျူယောင် ထုတ်ပြတဲ့ စာရွက်စာတမ်း များကို ကြည့်ရင်း ဟူဂျွန်းရှီ ပျော်ရွှင်စွာ အံ့အားသင့်သွားသည်။ "အစ်ကိုယောင် ဂုဏ်ပြုပါတယ်၊အကို ကုမ္ပဏီ ထောင်တာ တကယ်ကို မြန်တာပဲ"
လျူယောင် လည်း ဒီအမြန်နှုန်းကို အလွန်ကျေနပ်သည်။ အခကြေးငွေ က အနည်းငယ် ဈေးကြီးေပမဲ့လည်း လုပ်ဆောင်မှု့ စွမ်းရည်မှာ တကယ်ကို ကောင်းမွန်သည်။
ဒီအရာများကို ကိုယ်တိုင် ဆောင်ရွက်ရမယ်ဆိုရင် လျူယောင် နှစ်လ သုံးလအတွင်း ပြီးမြောက်နိုင်မယ်လို့ မထင်ခဲ့ပေ။
အရေးအကြီးဆုံး ဦးစားပေး ကိစ္စမှာ ကုမ္ပဏီ ရုံးခန်းနေရာကို လုံခြုံစေရန်ပင်။
"ဒါဆိုလည်း ငါ တို့ ကြားခံအေဂျင်စီအချို့ကို သွားမေးကြည့်ရအောင်၊ သူတို့ဆီမှာ နေရာအချို့တော့ ရှိမှာပဲ “ ဟု ဟူဂျွန်းရှီ ကို ပြောလိုက်သည်။
လျူယောင် လက် ပြ ပြီး "လာ ၊ ကားပေါ်တက်၊ ငါ တို့ ဟွာဟိုင်းရိပ်သာ ကို တိုက်ရိုက်သွားကြစို့။ အဲဒီမှာ ရုံးခန်း အဆောက်အအုံတွေ အများကြီးရှိတယ်၊ နေရာတော့ရှာနိုင်မှာပါ"
“ဘာ!”
“ဟွာဟိုင်းရိပ်သာ ကို သွားမယ် ဟုတ်လား!”
ဟူဂျွန်းရှီက သူ နားကြားမှားသည်သံသယဖြစ်ကာ ထပ်မေးလိုက်မိသည်။ 'ဘုရားရေ၊ ဟွာဟိုင်းရိပ်သာက ဟွာဟိုင်းမြို့ရဲ့ နာမည်ကြီး စီးပွားရေး ဗဟိုချက်ဖြစ်ပြီး မြေတစ်လက်မချင်းစီ ဈေးကြီးတဲ့ နေရာ၊ နာမည်ကြီး ကုမ္ပဏီကြီးတွေ စုဝေးနေတဲ့ နေရာပဲ'
'အစ်ကိုယောင် "ကုမ္ပဏီကို အဲဒီမှာ တကယ်ဖွင့်တော့မှာလား'
ဟူဂျွန်းရှီအချိန်အတော်ကြာမှ အသိပြန်ဝင်လာပြီးနောက် စိတ်ဓာတ်တက်ကြွလာပြီး ထပ်မေးလိုက်သည်
"တကယ်ပဲ ဟွာဟိုင်းရိပ်သာကို သွားမှာလား"
"ဟုတ်တယ်၊ ဟွာဟိုင်းရိပ်သာကို သွားမယ်" လျူယောင် ကားပေါ်တက်လိုက်ရာ ဟူဂျွန်းရှီလည်း မြန်မြန် လိုက်တက်လာခဲ့သည်။
ဟူဂျွန်းရှီ ကားပေါ်မှာ ထိုင်နေရင်း လုံးဝငြိမ်သက်နေပြီး အိပ်မက်မက်နေသလို ခံစားေနရသည်။