အခန်း (36 ) အကုန်သစ်သားတွေ
တောင်ကြားအလယ်တွင် ပျက်စီးနေတဲ့ သစ်သားလှေကြီးတစ်စင်းက မြေပြင်ပေါ်တွင် တည်ရှိနေပြီး တစ်ဝက်ခန့်က သဲများထဲနစ်မြုပ်နေသည်။
ရေအနက်မှာ မီတာတစ်ထောင်ကျော်ရှိပြီး ပင်လယ်ကြမ်းပြင်တွင် မှောင်မိုက်နေကာ လက်ဖျားပင် မမြင်ရချေ။
ထိုမှောင်မိုက်တဲ့ ပတ်ဝန်းကျင်တွင် ရံဖန်ရံခါ လင်းလက်နေတဲ့ အစက်အပြောက်များကို မြင်နိုင်ပြီး ဒါက ကိုယ်တိုင် အလင်းထုတ်နိုင်တဲ့ ပင်လယ်နက်ငါးများ ဖြစ်ကြသည်။
လိပ်ကြီး လှေကြီးဘေးကို ရောက်ရှိနေပြီး သူက အလျင်စလို ဝင်မသွားဘဲ လှေကြီးကို ပတ်ကာ ကူးခတ်နေသည်။
မှောင်မိုက်တဲ့ ပတ်ဝန်းကျင်ကို လိပ်ကြီး အမြင်စွမ်းအားနဲ့ မီတာ ၁၀၀ အတွင်းရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး အလင်းရောင်ကဲ့သို့ တောက်ပနေသည်။
သစ်သားလှေမှာ မသေးဘဲ နှစ်ပေါင်းရာနှင့်ချီကြာမြင့်ခဲ့တာကြောင့် တန်ချိန်ကြီးမားပုံရသည်။
အလျားမှာ မီတာ ၄၀ မှ ၅၀ ခန့် ရှိသည်။ပျက်စီးယိုယွင်းနေတာကြောင့် "
" ငါ ဘယ်လိုဝင်ရမလဲ။""
နစ်မြုပ်နေသော လှေကြီးကို ပတ်ကူးခတ်ရင်း လိပ်ကြီး ထိုပြဿနာကို စဉ်းစားနေသည်။အတိတ်က သေးနေစဥ်တွင် ထိုထဲဝင်ရန် ပြဿနာမဟုတ်ချေ ။
အလေးချိန် ကီလို ၆၀၀ ကျော်ရှိတဲ့ လိပ်ကြီးက ယခုအခါ မှာ ဝင်ရန် မတတ်နိုင်တော့ပေ။
လျူယောင် အကြံပေးလိုက်သည်– “ဒါက သစ်သားလှေပျက်ကြီးပဲ ၊ သံမဟုတ်ဘူး။ နှစ်ပေါင်းများစွာ ပင်လယ်ထဲမှာ စိမ်ထားတာဆိုတော့ ဆွေးမြေ့နေလောက်ပြီ။ မင်း ငါ့အတွက် ဖျက်ပေးပြီး အထဲမှာ ဘာတွေရှိလဲ ကြည့်လိုက်ပါ။”
လိပ်ကြီး က ပါးစပ်နှင့် ခြေသည်းလေးခုကို အတူတကွ အသုံးပြုကာ နစ်မြုပ်နေတဲ့သင်္ဘောကို ဖျက်ရန် စတင်လိုက်သည်။သိပ်မကြာခင်မှာပဲအတွင်းထဲက ဂိုဒေါင် ကိုပေါ်လွင် လာသည်။
လိပ်ကြီးက အထဲတွင် ရှိတဲ့ အရာများ ကို မြင် မြင်လိုက်တဲ့အခါ ". သခင် ဒါတွေ အားလုံး သစ်သားတွေ ချည်း ပဲ " ဟု လျူယောင် အားသတင်းပို့လိုက်သည်။
"ဘာ၊ အားလုံး သစ်သားတွေလား! "
သစ်သားက အသုံးဝင်မှုရှိပေမဲ့ သူ မျှော်လင့်ထားတာက ရွှေ ငွေ များပင် ဖြစ်သည်။
လျူယောင် က “ဆက်ဖျက်၊ ငါ့ကို သေချာစစ်ဆေးပေး ” ဟု ပြောလိုက်သည်။
လိပ်ကြီး အလုပ်ဆက်လုပ်ခဲ့ရာ လုပ်ဆောင်မှုနှုန်း အတော် မြန်ဆန်သည်။ မကြာမီပင် နောက်ထပ် တိုင်ကြီးတစ်တိုင်ကို ဖျက်ချလိုက်ရာ ဂိုဒေါင်အတွင်းပိုင်းမှာလည်း ချွင်းချက်မရှိ သစ်လုံးထူထူများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။
"မင်းဟာ XX၊ ဒီလောက်များတဲ့ သစ်သားတွေ တင်ထားတာ မင်းရဲ့စိတ်ဟာ ရောဂါရှိတာပဲ "
ဒေါသထွက်ခြင်းကြောင် လျူယောင် အနည်းငယ် စိတ်ပျက်မိသည်။ သူက ထိုလှေပျက်ကြီးကို ငွေကြေးများစွာ ရလိမ့်မယ်လို့မျှော်လင့်ခဲ့ပေမဲ့ သစ်သားများဖြင့် ပြည့်နှက်နေတယ်လို့ လုံးဝမမျှော်လင့်ခဲ့ပေ။
"သစ်သားကို မုန်းတယ် "
လျူယောင် စိတ်ခံစားချက်ကို တည်ငြိမ်စေရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
တည်ငြိမ်လာပြီးနောက် ထိုသစ်သားများ ဘာ အမျိုးအစား ဖြစ်တယ် ဆိုတာ သိချင်တာကြောင့် “လိပ်ကြီး ၊ အသေးဆုံးတစ်ခုကို ထုတ်ခဲ့ပေး၊ ဒါ ဘယ်လိုသစ်သားအမျိုးအစားလဲဆိုတာ ငါသိချင်တယ်။” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့၊ သခင်”
လိပ်ကြီးက လှေထဲမှ အသေးဆုံးနှင့် အတိုဆုံး သစ်သားတစ်ပိုင်းကို ထုတ်ယူခဲ့သည်။
ဒီသစ်သားအသေးပိုင်းကပင် သုံးမီတာ လေးမီတာ ရှည်ပြီး အချင်းမှာ အနည်းဆုံး နှစ်ပေရှိကာ အလေးချိန် ပိဿာရာချီ ရှိလောက်သည်။
လှေအတွင်းပိုင်းတွင် ဖြောင့်တန်းပြီး အလွန်ထူထဲတဲ့ သစ်သားများနဲ့ ပြည့်နေကာ အမြင်အားဖြင့် ပွေ့ဖက်ရလောက်အောင် ထူထဲသည်။ အကြီးဆုံးဆို လူနှစ်ယောက်ပင် ပွေ့ဖက်လို့ မရနိုင်ချေ။
လျူယောင်က ဒီလောက်လေးလံပြီး ကြီးမားတဲ့ သစ်သားများကို လှေကြီးပေါ် ဘယ်လိုတင်ဆောင်ခဲ့တယ်ဆိုတာကို အမှန်ပင် နားမလည်နိုင်ခဲ့ချေ။ "ဒီလောက်များပြာတဲ့ သစ်သားတွေကို ပို့ဆောင်ရန် ဘယ်နေရာကို သွားခဲ့သလဲ "
နှစ်ပေါင်းရာနှင့်ချီကြာမြင့်ခဲ့တဲ့အချိန်ကပင် သစ်သားရှားပါးမှု မရှိခဲ့ချေ။ လူအများအပြား ပွေ့ဖက်ရတဲ့ သစ်ပင်ထူထူများ ရှိနေခြင်းကလည်း ပုံမှန်ပင်ဖြစ်သည်။ယုတ္တိရှိရှိပင် ဒီလောက်ကြီးတဲ့ လှေကြီးဖြင့် သယ်ဆောင်ရလောက်အောင် ဒီ သစ်တွေ က ဘာအမျိုးအစားလည်း ဟု လျူယောင် အလွန် သိချင်လာသည်။
လျူယောင်ရဲ့ တောင်းဆိုချက်အရ လိပ်ကြီးက အသေးဆုံးနှင့်အတိုဆုံး သစ်သားတစ်ပိုင်းကို ရွေးချယ်ဆုပ်ကိုင်ပြီး သင်္ဘောပျက်ကနေ ပင်လယ်ပြင်ကို ဦးတည်သွားခဲ့သည်။
သူ တစ်နာရီကျော်ကြာ ကူးခတ်သွားပြီး ပင်လယ်ပြင်အနီးကို ရောက်ရှိပြီးနောက် နေရာတစ်ခုကို ရွေးချယ်ကာ ထိုနေရာတွင် သစ်သားကို ယာယီချထားလိုက်သည်။
ပင်လယ်ရဲ့ သိပ်သည်းစကြောင့် သစ်သား မှာ ရေပေါ် တွင် ပေါ်ရမည် ။ဒါပေမဲ့ ဒီသေးငယ်တဲ့ သစ်သားက ရေထဲတွင်နစ်မြုပ်နေလေသည်။
နောက်တစ်နေ့ နံနက်စောစောတွင် လျူယောင် ဗင့်ကားတစ်စီးကို ငှားရမ်းကာ ကမ်းခြေကို ကိုယ်တိုင်မောင်းသွားပြီး လူမရှိတဲ့ နေရာတစ်ခုကို ရှာကာ လိပ်ကြီးနဲ့ ဆက်သွယ်ခဲ့သည်။
“လိပ်ကြီးရေ အဲ့ဒီသစ်သားအပိုင်းကို ဒီကိုယူခဲ့ပေး၊ ငါ ကြည့်ချင်တယ် ”
လိပ်ကြီးက အနီးအနားတွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီး လျူယောင် အသံကြားတဲ့အခါ ရေထဲမှ တွားသွားတက်လာခဲ့သည်။ဒီဟာက ကီလိုခြောက်ရာ ခုနစ်ရာအထိ ကြီးထွားလာတဲ့ လိပ်ကြီး ဖြစ်သည်။
သူက အမှန်ပင် သံချပ်ကာဝတ်စုံ ဝတ်ထားတဲ့နဂါးတစ်ကောင်နှင့်ပင် တူလှသည်။ ပုံသဏ္ဌာန်က အမှန်ပင် ခမ်းနားထည်ဝါပြီး ခွန်အားကြီးမားလှတာကြောင့် လျူယောင် ခဏတာ ကျေနပ်နေခဲ့သည်။
အခြားသူများ မမြင်စေရန်အတွက် လိပ်ကြီးက သစ်လုံးကို ကမ်းခြေပေါ် တင်ကာ အလျင်အမြန် ပင်လယ်နက်ပိုင်းကို ကူးခတ်သွားသည်။
"ဒီလောက်ကြီးတာ "
လျူယောင် အနည်းငယ် အံ့အားသင့်သွားသည်။ အသေးဆုံး သစ်သားအပိုင်းကတောင် ဒီလောက်ကြီးမားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။
အံ့အားသင့်ပြီးနောက် အနည်းငယ် စိုးရိမ်မိသည်။ ထိုသစ်သားအပိုင်းက အနည်းဆုံး ပိဿာ ရာနှင့်ချီ လေးသည်။ လူတစ်ယောက်တည်း ကားထဲကို ထည့်နိုင်ပါ့မလားဆိုတာကိုပင်။
" ကဲ အရင်ကြိုးစားကြည့်ရအောင် "
သာမန်လူများတွင် ဒီလောက် ကြီးမားတဲ့ ခွန်အားရှိမှာမဟုတ်ပေ။ လျူယောင်က လိပ်ကြီးရဲ့ စွမ်းရည်များကို မျှဝေထားသဖြင့် ပိဿာရာနှင့်ချီလေးတဲ့ သစ်လုံးကြီးကို ရွှေ့ပြောင်းနိုင်လေသည်။
လူမရှိတုန်းလေး လျူယောင် က သစ်သားကို ကောက်ကိုင်ကာ မလှမ်းမကမ်းတွင် ရပ်ထားတဲ့ ထရပ်ကားဆီ လျှောက်သွားလိုက်သည်။ သူလျှောက်နေရင်း စိတ်ထဲတွေးလိုက် ဒီဟာက သိပ်ပင်ပန်းလှပေ။
သူ့ ခွန်အားက အနည်းဆုံး ပိဿာတစ်ထောင်ခန့် ရှိပုံရသည်။ဒီသစ်သားပိုင်းကို မ ရွေ့ရန်အလွန်အမင်း စိုးရိမ်ခဲ့မိခြင်းပင်။
လျူယောင် ပိဿာရာနှင့်ချီတဲ့ သစ်သားကို ကားနောက်တွဲထဲ အလွယ်တကူ ထည့်လိုက်သည်။ထိုအခါမှ လျူယောင် သစ်သားကို သေချာကြည့်ရူ့ရန် အခွင့်အရေး ရခဲ့သည်။
အနည်းဆုံး ဆယ်မိနစ်ကြာအောင် သေချာကြည့်ပြီးနောက် ဒါက ဘယ် သစ်သားအမျိုးအစားဖြစ်တာကို နားမလည်နိုင်သေးပေ။
အသွင်အပြင်က အလွန်လှပကာ မာကျောပြီး ရေထဲတွင် နစ်မြုပ်သွားပြီး လုံးဝပေါ်မလာကြောင်းကိုသာ သူသိရှိခဲ့သည်။
"အရင် ဓာတ်ပုံအနည်းငယ် ရိုက်ထားပြီး ပညာရှင်တစ်ဦးကို ပြသကြည့်ရမယ်"
လျူယောင် မိုဘိုင်းလ်ဖုန်းကို ထုတ်ယူကာ ဓာတ်ပုံများစွာ ရိုက်ပြီးမှ ကားနောက်တွဲတံခါးကို ပိတ်ကာ ဗီလာကို ကား မောင်းပြန်သွားခဲ့သည်။
သစ်သားကိစ္စကို ခဏထားခဲ့ပြီး လျူယောင် ကုမ္ပဏီတည်ထောင်ရေးနှင့် အလုပ်များနေခဲ့သည်။ ဟူဂျွန်ရှီးအား ဖန်တီးမှုဈေးကွက်သို့ ခေါ်သွားကာ လူဆယ်ယောက် ကျော်ကို ခန့်အပ်ခဲ့သည်။
ယခုအခါ ကုမ္ပဏီတွင် လူဆယ်ယောက် ကျော် ရှိနေပြီဖြစ်ပေမဲ့ မလုံလောက်သေးဘဲ လျူယောင် မျှော်လင့်ထားတဲ့ အထွေထွေမန်နေဂျာနှင့် ကိုယ်စားလှယ်လောင်းအတွက်လည်း မြင်ကွင်းထဲတွင် ရှိနေပြီဖြစ်သည်။
စီမံခန့်ခွဲရေးကုမ္ပဏီက လူသုံးဦးရဲ့ အချက်အလက်များကို လျူယောင်ရဲ့ မိုဘိုင်းလ်ဖုန်းကို ပေးပို့ခဲ့တာကြောင့် ထို သုံးဦး ကို အခန်းထဲတွင် ထိုင်ကာ သေချာ ကြည့်ရူလိုက်သည်။
"တင် "WeChat တွင် သတင်းတစ်ခု ရောက်လာပုံရသည်။
လျူယောင် ကြည့်လိုက်ရာ ချက်ချင်းပင် အံ့အားသင့်စွာ ပြုံးမိသည်။ လီချန်လဲ့ ကိုယ်တိုင် ပို့ထားခြင်းဖြစ်သည်။ “ရှင် ဘာတွေလုပ်နေလဲ၊ အလုပ်များနေတာလား”
မျက်မမြင် တွေ့ဆုံပြီးကတည်းက wechat တွင် မိတ်ဆွေ များဖြစ်ပေမဲ့ တစ်ခါတစ်ရံ မှ သာ စကားပြောဖြစ် ကြသည်။
လျူယောင် က အမြဲတမ်း စကားစပြောခဲ့ခြင်း ဖြစ်သည်။ မကြာသေးမီက လျူယောင် အလုပ်များနေတာကြောင့် စကားမပြေဖြစ်ခဲ့ချေ။
လီချန်လဲ့ က ပြောင်ပြတဲ့ emoji ကိုပါ ပို့ထားသည်။
ခဏအကြာ စကားပြောပြီးနောက် လီချန်လဲ့ က “ကျွန်မမနက်ဖြန် ဟွာဟိုင်းမြို့ကို ပြန်တော့မယ်။” ဟု ပြောလိုက်သည်။
လျူယောင် က “ကောင်းပြီ၊ မင်းကို ဘူတာမှာ လာကြိုမယ်၊ အမြန်ရထားလား၊ ဒါမှမဟုတ် ရိုးရိုးရထားလား”
ကျွန်မ "အမြန်ရထားစီးမှာ " လာကြိုဖို့ မလိုပါဘူး တက္ကစီ စီးရတာ အဆင်ပြေပါတယ် "
"ကျွန်တော် လာကြိုပါရစေ။ အမြန်ရထားဘူတာက လူအရမ်းများတယ်၊ တက္ကစီစီးဖို့ သိပ်မလွယ်ဘူးယာဉ်မောင်းအချို့ဆိုရင် ခရီးသည်တွေကိုတောင် လိမ်ညာတတ်တယ်"
"ကောင်းပြီလေ၊ ဒါဆိုလည်း မနက်ဖြန် နေ့လည် ၅ နာရီ ၁၀ မိနစ်မှာ ဟွာဟိုင်း အမြန်ရထား အနောက်ဘူတာကို ကျွန်မရောက်မယ် "လို့ လီချန်းလဲ့ က ပြန်ပြောခဲ့သည်။