Ch 37
Viewers 5k

အခန်း 37  တန်ချိန် 10000 သင်္ဘောအတွက် စရံ ငွေပေးချေခြင်း

ချန်လဲ့ ကို လာကြိုမယ်လို့ ဖုန်းဆက်ပြောပြီးနောက် အကျိူးဆောင်ကုမ္ပဏီမှ ပေးပို့တဲ့ လူသုံးဦးရဲ့  အချက်အလက်များကို ဖတ်ကြည့်ရာ အားလုံးကောင်းမွန်ကြသည်။

သုံးဦးထဲမှ တစ်ဦးကို ရွေးချယ်လျင်တောင် အချက်အလက်များတူညီသောကြောင့် ရွေးချယ်ရန် ခေါင်းစားခဲ့သည်။နောက်ဆုံးတော့ အကျိုးဆောင်ကုမ္ပဏီ ကို ဖုန်းဆက်ပြီး ထိုသူံးဦး ကို အင်တာလာဗျူး ရန်ပြောလိုက်သည်။

ဖုန်းခေါ်ဆိုပြီးနောက် လျူယောင် ကုမ္ပဏီကိုထွက်လာလိုက်သည်။ကုမ္ပဏီရောက်တဲ့အခါ ကျောက်ကျန့်ဗြောင် နှင့်တွေ့ဆုံခဲ့ ပြီး မျက်နှာ မကောင်းမွန်ပေ ။ သူ့ လက်အောက်ငယ်သား ရဲ့ မျက်နှာ များမှာ လည်း အလားတူ ဖြစ်နေသည်။

မူလက လျူယောင် သူရိုက်ထားတဲ့ ဓာတ်ပုံအနည်းငယ်ကို ကျောက်ကျန့် ဗျောင်အားပြသရန်ရည်ရွယ်ထားသည်။ ဒီကုမ္ပဏီ ပိုင်ရှင်က အလွန်ကျွမ်းကျင်တာကြောင့် ဘာသစ်သားအမျိုးအစားလည်းဆိုတာ သိနိုင်လောက်သည်။


ထိုပုံစံ ကို မြင်တဲ့အခါ လျူယောင် ကအကြံကို ဖျက်လိုက်ပြီး နောက်တစ်ကြိမ် ကျမှ ပြသရန် ဆုံးဖြတ်လိုက်ပြီးတစ်ဖက်လူအား နှုတ်ဆက်လိုက်ကာ ဓာတ်လှေကားထဲ ဝင်လိုက်သည်။

အချိန်စောနေတာကြောင် လျူယောင် တန် ၁၀,၀၀၀ သင်္ဘောကြီးကို ရှာဖွေရန် သွားမည်ဖြစ်သည်။ကမ္ဘာ့သမုဒ္ဒရာ ဝန်ဆောင်မှု့တွင် အရေးကြီးတဲ့လုပ်ငန်းတစ်ခုမှာ သယ်ယူပို့ဆောင်ရေးဖြစ်တာကြောင့်သင်္ဘောများက မရှိမဖြစ် လိုအပ်ပေသည်။


ဟွာဟိုင်းမြို့  ကျိုးမင်းခရိုင်တွင် နာမည်ကြီးဆိပ်ကမ်း တစ်ခုသာမက သင်္ဘောတည်ဆောက်ရေးကုမ္ပဏီကြီးများစွာလည်းရှိပေသည်။လျူယောင် တစ်ဖက်လူနှင့်ဆက်သွယ် ထားတာကြောင့် ကျိုမင်းခရိုင်ရှိ ချီဒုံ သင်္ဘောကျင်း ကို သွားလိုက်သည်။

“သူဌေး၊ မင်္ဂလာပါ!”


ဟူဂျွန်းရှီနှင့် ချန်းဟူတို့မှာ ကားပါကင်တွင် စောင့်ဆိုင်းနေပြီး လျူယောင်နှင့်အတူ လိုက်လာကြသည်။

ကုမ္ပဏီက လူဆယ်ယောက်ကျော် ခန့်အပ်ခဲ့ရာ ထိုထဲတွင် ချန်းဟူက  ယာဉ်မောင်းနှင့် ကိုယ်ရံတော် ဖြစ်သည်။ သူက  စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး သူ့ကိုယ်သူ မိတ်ဆက်ရာတွင် အထူးတပ်ဖွဲ့မှ အငြိမ်းစားယူခဲ့ကြောင်း ပြောကြားခဲ့သည်။


"ကားပေါ်တက် ချီဒုံသင်္ဘောကျင်းကို သွားရအောင် ချန်းဟူ ကားမောင်း “

“ပြဿနာမရှိပါဘူး သူဌေး”

ချန်းဟူကားသော့ကို ယူကာ ယာဉ်မောင်းထိုင်ခုံတွင် ဝင်ထိုင်ပြီး ဟူဂျွန်းရှီက ရှေ့တွဲထိုင်ခုံတွင် ထိုင်သည်။


ဒီ  Big G ကားကို ဝယ်ယူထားတာ အချိန်အတော်ကြာပြီဖြစ်ပြီး လျူယောင့်အတွက် နောက်ခန်းထိုင်ခုံတွင် ထိုင်ဖူးတာက ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

"ကားကို ကိုယ်တိုင်မောင်းစရာ မလိုပဲ ဇိမ်ရှိရှိထိုင်နိုင်တာကြောင့် သူဋေး ဖြစ်ချင်ကြတာ မဆန်းကြပါဘူး " လို့ လျူယောင် ထိုင်နေရင်း တွေးလိုက်မိသည်။

ချန်းဟူရဲ့ ယဥ်မောင်းစကေးမှာ ကောင်းမွန်တာကြောင့် ချီဒုံသင်္ဘောကျင်းကို နှစ်နာရီအတွင်းရောက်ရှိသွားသည်။


စက်ရုံတံခါးဝကို ရောက်ခါနီးတွင် လျူယောင်ဖုန်းခေါ်ဆိုလိုက်ကာ သူနှင့် အဆက်အသွယ်ရှိတဲ့ မန်နေဂျာ  ရောက်ရှိလာသည်။

ထိုမန်နေဂျာရဲ့  ဦးဆောင်မှုအောက်တွင် သင်္ဘောကျင်းရဲ့ စက်ရုံဧရိယာထဲကို ဝင်ရောက်ကာ အရင်ဆုံးလှည့်လည်ကြည့်ရှုခဲ့သည်။


ကြီးမားတဲ့ သင်္ဘောတစ်စင်း တည်ဆောက်နေတာကို  လျူယောင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

တန် ၁၀,၀၀၀ ကို သေးငယ်တယ်ဟု သတ်မှတ်နိုင်ပြီး သာမာန်အားဖြင့် တန် ၁၀၀,၀၀၀ ကျော်ဖြစ်သည်။ တည်ဆောက်ဆဲ အကြီးဆုံးသင်္ဘောမှာ တန် ၂၀၀,၀၀၀ ကျော် ရေစူးချထားတဲ့ ကုန်စည်တင်သင်္ဘော ဖြစ်သည်။


မန်နေဂျာက “ဒါ ကျွန်တော်တို့ တည်ဆောက်ဖူးတဲ့ အကြီးဆုံးသင်္ဘော မဟုတ်ပါဘူး။ မနှစ်က ကျွန်တော်တို့ တန် ၃၀၀,၀၀၀ ကျော် ကွန်တိန်နာတင်သင်္ဘောတစ်စီး ပို့ဆောင်ပေးခဲ့ပြီး အဲ့ဒါက အကြီးဆုံးပါပဲ” ဟု ရှင်းပြခဲ့သည်။

ထိုလူက ကုန်စည်တင်သင်္ဘောများ၊ ကွန်တိန်နာတင်သင်္ဘောများ၊ နှင့် ရေနံတင်သင်္ဘောကြီးများကိုလည်း ထည့်သွင်းမိတ်ဆက်ခဲ့သည်။


ကုမ္ပဏီရဲ့ ပထမဆုံးသင်္ဘောက ဘယ်သင်္ဘောအမျိုးအစားဝယ်ရမလဲဆိုတာ လျူယောင် အကြမ်းဖျင်း စီစဥ်ထားသည်။

အဲ့တာက ကမ်းလွန် ကုန်စည်တင်သင်္ဘောဖြစ်ပြီး အဓိကအားဖြင့် ကမ်းရိုးတန်းလမ်းကြောင်းများကို ပြေးဆွဲမှာဖြစ်သည်။အရှေ့တောင်အာရှ သို့ ဂျပန်နှင့် ကိုရီးယားကို ပြေးဆဲဲခင်းက  ပြဿနာမရှိပါ။


လျူယောင်တို့သုံးဦးကို ခဏတာ လှည့်လည်ပြသကာ မိတ်ဆက်ပေးပြီးနောက် မန်နေဂျာက ဧည့်ခံခန်း ခေါ်ဆောင်သွားသည်။

မန်နေဂျာရဲ့ အလွန်စိတ်အားထက်သန်မူ့ရှိပုံကြောင့် “ဖောက်သည်က ဘုရားသခင်ဖြစ်သည်” ဟူတဲ့ စကားရဲ့ အဓိပ္ပာယ်ကို လျူယောင်အပြည့်အဝ နားလည်ခဲ့သည်။

ရေနွေးကြမ်းသောက်ရင်း စီးပွားရေးအကြောင်း ပြောဆိုခဲ့သည်။


“မစ္စတာလျူ၊ ဘယ်လိုသင်္ဘောမျိုးကို မှာယူချင်ပါသလဲ”

လျူယောင်က “ပစ္စည်းလက်ကျန်မရှိဘူးလား၊ ပိုက်ဆံပေးပြီး ချက်ချင်းပို့ပေးတဲ့ ပုံစံမျိုး” ဟု မေးလိုက်သည်။

“တောင်းပန်ပါတယ်၊ အမှန်တကယ် မရှိပါဘူး။ ကျွန်တော်တို့ လုပ်ငန်းမှာ အခြေခံအားဖြင့် အရင် မှာယူပြီးမှ ဖောက်သည်ရဲ့ လိုအပ်ချက်တွေအတိုင်း ဒီဇိုင်းဆွဲပြီး တည်ဆောက်ပေးရခြင်းဖြစ်ပါတယ်ခဗျ ”မန်နေဂျာ က သေချာရှင်းပြခဲ့သည်။


“ခင်ဗျားတို့ သင်္ဘောတွေရဲ့ ဈေးနှုန်းတွေက ဘယ်လောက်လဲ။” ဟု မေးလိုက်သည်။

မန်နေဂျာမှာ သင်္ဘောအမျိုးအစားတစ်ခုစီရဲ့ ခန့်မှန်းဈေးနှုန်းကို မိတ်ဆက်ပေးသည်။ တန် ၁၀,၀၀၀ တန် သင်္ဘောကြီးများအတွက် ဈေးနှုန်းသည် တန်ချိန်အလိုက် သန်းဆယ်ဂဏန်းမှ သန်းရာဂဏန်းအထိ ရှိသည်။


လျူယောင် စိတ်ထဲတွင် တွေးလိုက်တာက “အင်း၊ ပိုက်ဆံက မပြည့်သေးပါလား” လက်ရှိတွင် သူ့လက်ထဲ ယွမ်ငွေ သန်း ၂၀ အောက်သာ ရှိသဖြင့် စရန်ငွေ အရင်ပေးချေရတော့မည်။

“မစ္စတာလျူ၊ ခင်ဗျား ဘယ်လိုသင်္ဘောမျိုး လိုချင်ပါသလဲ။”


လျူယောင်ခဏတာ စဉ်းစားပြီးနောက် “ကမ်းလွန် တန် ၁၀,၀၀၀ ကုန်စည်တင်သင်္ဘောတစ်စင်း အရင် လိုချင်တယ်” ဟု ပြောလိုက်သည်။

“မစ္စတာလျူ၊ ကမ်းလွန် ကုန်စည်တင်သင်္ဘော ကောင်းပါတယ်။ ကျောက်မီးသွေး၊ သံရိုင်း စသည်တို့ကို သယ်ယူပို့ဆောင်နိုင်တယ်၊ အထူးသဖြင့် ကျောက်မီးသွေးပေါ့ "


မန်နေဂျာက သေချာရှင်းပြနေသည်။

"လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျောက်မီးသွေးသယ်ယူပို့ဆောင်တဲ့ လုပ်ငန်းတွေ အများကြီးရှိခဲ့တယ်။ တန် ၁၀,၀၀၀ ကမ်းလွန် ကုန်စည်တင်သင်္ဘောက နှစ်အနည်းငယ်အတွင်း ရင်းနှီးငွေ ပြန်ဆပ်နိုင်တယ်။”


ရင်းနှီးငွေပြန်ဆပ်ရန် နှစ်အနည်းငယ် ကြာမြင့်ပေမဲ့ထိုအရာ မှာကောင်းမွန်တဲ့ရွေးချယ်မူ့ပင် ဖြစ်သည်။ပုံမှန်အားဖြင့် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ် ကြာမြင့်တတ်သည်။ လုပ်ငန်း မကောင်းလျှင် ဆယ်နှစ်ပင် ကြာမြင့်နိုင်သည်။

ဟုတ်ပါတယ်၊ သင်္ဘောတစ်စီးရဲ့ သက်တမ်းက အနည်းဆုံး အနှစ် ၂၀ ကနေ ၃၀ အထိ ရှိသည်။ ကုန်ကျစရိတ်တွေ ပြန်ဆပ်ပြီးသွားရင် နောက်ပိုင်းက အသားတင်အမြတ်ပါပဲ။


နှစ်ဖက်စလုံးက ကမ်းလွန် တန် ၁၀,၀၀၀ ကုန်စည်တင်သင်္ဘောရဲ့ မှာယူမှုကို စတင်ဆွေးနွေးလျက်ရှိသည်။ တစ်နာရီကျော်ကြာ ပြောဆိုပြီးနောက် တရားဝင် စာချုပ်ကို လက်မှတ်ထိုးခဲ့သည်။


လျူယောင် က စရန်ငွေ ၅ သန်း ပေးချေ ပြီးစီးတဲ့အခါ အပြင်တွင် မှောင်နေလေသည်။မန်နေဂျာက အလွန်ပျော်ရွှင်သွားတာကြောင့် လျူယောင်တို့သုံးဦးကို  ညစာစားပွဲ ကျင်းပပေးခဲ့သည်။ ဒါကသန်းဆယ်ဂဏန်းတန်ဖိုးရှိတဲ့စီးပွားရေးကြီးတစ်ခု ဖြစ်တာကြောင့်ပင်။


ချီဒုံသင်္ဘောကျင်းမှ ဒုတိယဥက္ကဋ္ဌတစ်ဦးပင် ပွဲကို တက်ရောက်ခဲ့သည်။စားသောက်ပြီးတဲ့အခါ ည၈ နာရီ ရှိနေပြီး အိမ်ပြန်ရောက်တဲ့အခါ ည ၁၀ နာရီကျော် ရှိနေပြီဖြစ်သည်။


နောက်ကျမှ ပြန်ရောက်ပေမဲ့လျူယောင့် စိတ်ထဲ  ကြည်လင်နေဆဲဖြစ်သည်။

ကုမ္ပဏီရဲ့ ပထမဆုံးသင်္ဘော မှာယူပြီးစီးခဲ့ပြီး လအနည်းငယ်အတွင်း ပို့ဆောင်ပေးမှာ ဖြစ်တာကြောင့်ပင် ။လျူယောင် က အမှန်တကယ်တွင် ကုမ္ပဏီမှ တန် ၁၀၀,၀၀၀ ကျော်တန်ဖိုးရှိတဲ့ သမုဒ္ဒရာသွား သင်္ဘောတစ်စီး ပိုင်ဆိုင်ချင်ခဲ့သည်။


အကောင်းဆုံးကတော့ ရေနံတင်သင်္ဘောကြီးပေါ့။ အရှေ့အလယ်ပိုင်းကနေ ရေနံသယ်ယူပို့ဆောင်တာက အမြတ်အများဆုံး ရနိုင်တဲ့နည်းလမ်းပဲ " လျူယောင်တွေးရင်း အင်တာဗျူး ရှိနေတာကို သတိရသွားသည်။


မနက်ဖြန် အင်တာဗျူးရှိတာကြောင့် လျူယောင်ရေချိုး ပြီး အိပ်ရာဝင်ခဲ့သည်။ အိပ်ရာပေါ်တွင် လှဲလျက် လီချန်လဲ့နှင့် WeChat တွင် ခဏတာ စကားပြောရန် မမေ့ခဲ့ပေ။

ဖုန်းကို ချလိုက်ပြီး နောက် လျူယောင် ချိုမြိန်တဲ့ အိမ်မက်ကမ္ဘာထဲ ရောက်ရှိသွားတော့သည်။


မီတာထောင်ပေါင်းများစွာ နက်တဲ့ပင်လယ်ကြမ်းပြင်တွင် လိပ်ကြီးက ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သည်။လျူယောင်ရဲ့ ညွှန်ကြားချက်အရ ရှေးဟောင်းလှေကြီးကို ဖျက်ကာ အတွင်းမှ သစ်သားအားလုံးကို ထုတ်ယူနေသည်။


ခန္ဓာကိုယ် မှာလည်း တဖြည်းဖြည်း ကြီးထွားလာတာကြောင့် တန် 1000 ရောက်ဖို့မှာ သိပ်မလိုတော့ချေ။