အပိုင်း 47 ပင်လယ်ကြမ်းပြင်က ရူပ်ထွေးနေတယ်
“ဘော့စ် ရဲတွေကလည်း Global အဖွဲ့ကို အဲ့ဒီပစ္စည်းတွေ ရှာဖို့ ဆက်သွယ်ထားတယ်လို့ ကျွန်တော်ကြားပါတယ် ”
ကျန်းရှုဖေးက “သူတို့ မလုပ်နိုင်ပါဘူး ! ငါ သိသလောက် သူတို့ကုမ္ပဏီထောင်တာ တစ်လတောင် မပြည့်သေးပဲ ဘယ်လို
ငါတို့နဲ့ဘယ်လို ယှဥ်လို့ရမှာလဲ။
“ဘော့စ်၊ သူတို့ကို အပူတပြင်း လိုက်မလုပ်နိူင်အောင်သင်ခန်းစာ ပေးရမလား” ကျန်း ရှုဖေး ခဏတာ စဉ်းစားပြီးနောက်
“လောလောဆယ်တော့ မလိုသေးဘူး။ အဲ့ဒီနေရာက ရေအနက် မီတာ ခုနစ်ရာ၊ ရှစ်ရာလောက်ရှိတာဆိုတော့ ငါတို့အတွက်တောင် စိန်ခေါ်မှုကြီးတစ်ခုပဲ။ သူတို့ဆို ပိုပြီးမလုပ်နိုင်မှာ သေချာပါတယ်”
ဒမ်ရိူင်းကုမ္ပဏီရဲ့ ရှာဖွေရေး
သင်္ဘောက ပစ်မှတ်ဧရိယာသို့ အပြည့်အဝ အရှိန်ဖြင့် ဦးတည်နေသည်။
အတော်လေးဝေးသဖြင့် ထိုနေရာကိုရောက်ရှိရန် သုံးနာရီခန့် ကြာလိမ့်မည်ဟု ခန့်မှန်းရသည်။
သူတို့က လမ်းတွင်ရှိနေကြဆဲဖြစ်ပြီး လိပ်ကြီးကတော့ ရောက်နှင့်နေပြီဖြစ်သည်။
ဦးတည်ရာနေရာကို ရောက်ရှိပြီးနောက် လိပ်ကြီးက စတင်အစီရင်ခံလိုက်သည်။
“သခင်၊ ကျွန်တော် ရောက်ပါပြီ”
“လိပ်ကြီး အဲ့ဒါတွေက သေနတ်တွေပဲ။ သေတ္တာအကြီးကြီးထဲမှာ ထည့်ထားလောက်တယ်။ ရှာဖွေနေစဉ်အတွင်း ဘယ်အချိန်မဆို ငါ့ကို ဆက်သွယ်ပါ ”
“ပြဿနာမရှိပါဘူး သခင်”
ယုံကြည်မှုအပြည့်ဖြင့် လိပ်ကြီး က ပင်လယ်အောက်သို့ ငုပ်ဆင်းသွားသည်။
အနက်မီတာ ၃၀၀ ! ၄၀၀ ကို ရောက်ရှိတဲ့အခါ ရေမှာ ပံုမှန်ခံအားဖြင့် လုံးဝမှောင်မိုက်နေပြီး မီတာ ၅၀၀ ကျော်သွားတဲ့အခါ လက်ချောင်းများကိုပင် မမြင်နိုင်တော့ပေ။
လိပ်ကြီး တွင် အလွန်ကောင်းမွန်တဲ့ အာရုံခံနိုင်စွမ်းရှိသည်။
ပတ်ဝန်းကျင်က ဘယ်လောက် မှောင်မိုက်နေပါစေ၊ အနည်းဆုံး မီတာ ၁၀၀ ပတ်လည်တွင် ဘယ်အရာမှ သက်ရောက်မှု မရှိပေ။
ပင်လယ်အောက်ခြေကို ရောက်ရှိရန် အချိန်သိပ်မကြာလိုက်ဘဲ ချက်ချင်း အစီရင်ခံလိုက်တယ်–
“သခင်၊ ပင်လယ်အောက်ခြေမှာ အခြေအနေက မကောင်းပါဘူး။ ပြန့်ပြူးခြင်းမရှိဘဲ အတော်လေး ရှုပ်ထွေးနေပါတယ်”
ပင်လယ်ကြမ်းပြင်တွင် ကျောက်တုံး ကြီးများ၊ ချိုင့်ဝှမ်းများ၊ တောင်ကုန်း ငယ်လေးများဖြင့် ပြည့်နှက်နေသည်။ ဒါက ပင်လယ်အောက်တောင်တန်းတစ်ခု ဖြစ်နေတာ ထင်ရှားသည်။ ဒီလို အခြေ အနေမျိုးတွင် ပစ္စည်းရှာဖွေခြင်းမှာ ပို၍ခက်ခဲသည်။
လျု ယောင် က နှစ်သိမ့်ပေးလိုက်သည်–
“အလျင်စလို မလုပ်နဲ့၊ ဖြည်းဖြည်းချင်းရှာ၊ ငါ တို့မှာ နာရီ အနည်းငယ် အချိန် ရှိပါသေးတယ် ကွာ "
ယခု နေ့လယ်ပင် မရောက်သေးပါ။
အချိန်အလုံအလောက်ရတဲ့အခါ လိပ်ကြီးက ပင်လယ်အောက်ခြေတွင် ဂရုတစိုက် ရှာဖွေလိုက်သည်။
ဒမ်ရိူင်း ကုမ္ပဏီရဲ့ ကယ်ဆယ်ရေး သင်္ဘော က ေရပြင်ပေါ်တွင် အပြည့်အဝအရှိန်နဲ့ ခုတ်မောင်းနေဆဲဖြစ်ပြီး လိပ်ကြီးက နှစ်နာ ရီနီးပါး ရှာဖွေပြီးမှသာ သူတို့ ထိုနေရာကို ရောက်ရှိလာနိုင်သည်။
ရှာဖွေရေးသင်္ဘော ရပ်တန့်ပြီးနောက် အ ရင်ဆုံး ရေအနက်၊ အပူချိန်နှင့် သမုဒ္ဒရ ာရေစီးနှုန်းတို့ကို အထူးကိရိယာများဖြင့် တိုင်းတာခဲ့ပြီး သူတို့ရဲ့ ကယ်ဆယ်ရေး စက်ရုပ်ကို ချထားလိုက်သည်။
စက်ရုပ်က ရေ စ ငုတ်ပြီး ဆယ်မိနစ်ခန့် အကြာတွင် ပင်လယ်အောက်ခြေကို ရောက်ရှိလာသည်။စက်ရုပ်က ပင်လယ် အောက် ခြေမှ အချက်အလက်များကို
ရှာဖွေရေးသင်္ဘောပေါ်ကို အစီရင်ခံ တဲ့အခါ လူတစ်ဦးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
“ဘော့စ်၊ လာကြည့်ပါဦး၊ ပင်လယ် အောက်ခြေအခြေအနေက ကျွန်တော်တို့ ထင်ထားတာထက် အများကြီး ပိုရှုပ်ထွေးနေတယ်”
ကျန်းရှုဖေး ချက်ချင်း သွားကြည့် လိုက်သည်။ ဖန်သားပြင်ပေါ်တွင် ပြသထားတဲ့ အခြေအနေကို မြင်ေတာ ့သူ့ရဲ့စိတ်ထဲတွင် ကြက်သီးထသွားသည်။
ဒီသေနတ်များကို နာရီအနည်းငယ်အတွင်း ရှာဖွေနိုင်မဲ့ မျှော်လင့်ချက် လုံးဝမရှိတော့ကြောင်း သူသိလိုက်၏။
သူက ရှာဖွေရေးမစ်ရှင်ကို ပြီးမြောက် အောင် ဆောင်ရွက်လိုပြီး ရဲများနှင့် ပိုမိုနီးစပ်ချင်ခဲ့သည်။ဒါပေမဲ့ မဖြစ်နိုင် တော့တာကြောင့် ဖုန်းကိုထုတ်ကာ ခေါ်ဆိုလိုက်သည်။
“ခေါင်းဆောင် ဖန်၊ ကျွန်တော်တို့ရဲ့ နက်ရှိုင်းပင်လယ် ရှာဖွေရေးစက်ရုပ်က ပင်လယ်အောက်ခြေကို ရောက်နေပြီ၊ ဒါပေမယ့်ပင်လယ်ကြမ်းပြင်က အရမ်းရှုပ်ထွေးနေပါတယ် “
“ဒီပင်လယ်ပြင်ဧရိယာမှာ နာရီအနည်း ငယ်အတွင်း သေနတ်တွေကို နာရီအနည်း ငယ်အတွင်း ရှာဖွေဖို့က မဖြစ်နိုင်ပါဘူး ”
“ဘာ!?”
အရှေ့ပိုင်းခရိုင်ဗျူရိုမှ ခေါင်းဆောင်ဖန် တုန်လှုပ်သွားသည်။
ထိုသေနတ်များကို ရှာဖွေတွေ့ရှိခြင်းရဲ့ အရေးပါမူ့ကို သူသိထားတာကြောင့် စိုးရိမ်တကြီးနဲ့ – “မစ္စတာ ကျန်း နာရီအနည်းငယ်တော့ ကျန်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ရမယ်လေ။ ကဲ ဆက်ရှာပေးပါလား”
ကျန်းရှုဖေးက စိတ်ပျက်အားငယ်စွာဖြင့်
“အခြေခံအားဖြင့် ဒီလိုဖြစ်နိုင်ချေ မရှိပါဘူး။ ကျွန်တော် ရှာဖွေရေးလုပ်ငန်း လုပ်ကိုင်တာကြာပါပြီ။ ဒီလိုရှုပ်ထွေးတဲ့ ပင်လယ်အောက်ခြေ မှာ နာရီအနည်း ငယ် သာ မက ရက်အနည်းငယ်တောင် နေဖို့ မလုံလောက်ဘူးဆိုတာ ကျွန်တော် သိပါ တယ်”
“ဒါဆို ဘာလုပ်ရမလဲ”
ခေါင်းဆောင်ဖန် ခဏတာ တုံ့ဆိုင်းနေပြီး နောက်
“ခင်ဗျားတို့ ဆက်ပြီး ရှာဖွေကြပါ၊ ကျွန်တော် အထက်ကို အစီရင်ခံ လိုက်ပါအူံးမယ်။”
မကြာမီပင် အခြေအနေကို အရှေ့ပိုင်း
ခရိုင်ရဲ့ဗျူရိုအကြီးအကဲ အပါအဝင် ခေါင်းဆောင်အချို့ထံ အစီရင် ခံလိုက်သည်။
ရုတ်တရက် ခေါင်းဆောင်များက ဖိအား များစွာ ခံစားခဲ့ရသည်။ခေါင်းဆောင် အချို့ အတူတကွ ထိုင်ကာ ဆေးလိပ် သောက်ရင်း နည်းလမ်းများကို ဆွေးနွေးနေကြသည်။
အရှေ့ပိုင်းခရိုင်ဗျူရို ဒါရိုက်တာက
“အားလုံးပဲ၊ အခြေအနေကို ရှင်းရှင်း လင်းလင်း သိကြမှာပါ။ အချိန်တန်ရင် လူတွေကို ပြန်လာခိုင်းဖို့ ပြင်ဆင် ထားရတော့မယ်ထင်ပါတယ်”
လက်ထောက်ဒါရိုက်တာတစ်ဦးက မကျေနပ်နိုင်ဘဲ
“ကျွန်တော်တို့က တောက်လှမ်း ရေးအချက်အလက်တွေ စုဆောင်းဖို့ စွမ်းအင်တွေ အများကြီးကုန်ခဲ့ရပြီး နောက်ဆုံးမှာ သူတို့ရဲ့ အရောင်းအဝယ် လုပ်နေတဲ့နေရာကို ဖမ်းမိခဲ့တာတောင် ဒီလိုအခြေအနေမျိုး ဖြစ်ရတယ်လို့ ဗျာ ”
ဗျူရိုအကြီးအကဲက သက်ပြင်းချရင်း
“ငါတို့မှာ အဓိက သက်သေ အထောက် အထား မရှိဘူး။ သံသယရှိသူ တွေက လည်း ပါးစပ်ပိတ်ပြီး ဘာမှဝန်မခံဘူး။ ဒါကြောင့် သူတို့ကို ပြန်လွှတ်ပေးမှ ရတော့မယ်”
ထိုသံသယရှိသူအနည်းငယ်ထဲတွင် M နိုင်ငံမှ နှစ်ဦး ပါဝင်နေပြီး မြို့တော်ဗျူရိုမှ ခေါင်းဆောင်များလည်း ဖိအားများစွာ ခံစားနေကြရ၏။
ခိုင်မာတဲ့ သက်သေအထောက်အထား ရှိရမယ်လို့ သူတို့အား ထပ်ခါတလဲလဲ ပြောထားတာကြောင့် ခိုးယူထားသော ပစ္စည်းများ မရှိပါက ကိစ္စများ ဖြေရှင်းရန် ခက်ခဲလိမ့်မည်။
လက်ထောက်ဒါရိုက်တာ ဂေါ့ဒါကီ က လူတိုင်း စကားပြောပြီးတဲ့အထိ စောင့်ပြီး မှ
“ကျွန်တော် ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခု လုပ်ခဲ့ပါတယ်။ Global ကုမ္ပဏီကို ရှာဖေွ ရေးကနေ နုတ်ထွက်ဖို့ မပြောခဲ့ပါဘူး။ ခုနကပဲ ဒီကုမ္ပဏီရဲ့ တာဝန်ခံ လျုယောင် နဲ့ ဖုန်းပြောခဲ့တယ် ”
တစ်ဖက်က ပြောတာက
"သူတို့ ပင်လယ်အောက်ခြေကို စတင် ရှာဖွေနေပါပြီတဲ့။ သူ့ရဲ့လေသံအရ ပြောရရင် ဒီသေနတ်တွေကို ရှာဖွေဖိက သိပ်ကြီးကြီးမားမား ပြဿနာမဟုတ်ဘူး လို့ ထင်ပါတယ် ”
“ဘာ! “
“ဒါ အမှန်ပဲလား?”
လက်ထောက်ဗျူရို ဒါရိုက်တာအပါအဝင် လက်ထောက်ဒါရိုက်တာအချို့က ဂေါ့ဒါကီ ကို အံ့အားသင့်စွာ ကြည့်ကာ သူတို့ နားကြားမှားနေပြီလား ဟု ထင်လိုက် ကြသည်။
“ဂေါ့အိုကြီး ခင်ဗျား ကျွန်တော်တို့ကို မလိမ်ပါဘူးနော်”
ဂါအိုဒါခဲ က
“ကျွန်တော် အားလုံးကို မလိမ်ပါဘူး၊ ကျွန်တော် ပြောတာ အမှန်ပါ ”
ရုတ်တရက် ဆူညံသွားသည်။ အစကတော့ အားလုံး စိတ်ပျက်အားငယ်နေခဲ့ကြ
ပေမဲ့ ယခုအခါ မျှော်လင့်ချက်ကို မြင်နေရသလို ဖြစ်နေသည်။
လက်ထောက်အကြီးအကဲတစ်ဦးက မျှော်လင့်တကြီး ပြောလိုက်သည်–
“Global က အဲ့ဒီသေနတ်တွေကို ရှာတွေ့အောင် ကူညီနိုင်ရင် အကောင်းဆုံးပဲ”
အရှေ့ပိုင်းခရိုင်ဗျူရို ဒါရိုက်တာကလည်း
“ဟုတ်ပါတယ်၊ သူတို့က ဒီသေနတ်တွေကို ရှာတွေ့နိုင်ရင် ဒီကုမ္ပဏီရဲ့ တာဝန်ခံကို ကျွန်တော် တောင်းပန်ရတော့မယ်။ ကျွန်တော် သူတို့ကို အထင်သေးခဲ့တာကိုး”
“လက်ရှိအခြေအနေမှာ Global ကိုပဲ မျှော်လင့်ချက်ထားရတော့မယ်! သူတို့ ဆီက သတင်းကောင်းရဖို့ မျှော်လင့်ပါတယ်”
လူအများအပြား အချိန်ကို ကြည့်ကာ စိတ်ထဲမှ ဆုတောင်းနေကြသည်။
ထိုအချိန်တွင် လိပ်ကြီးက ပင်လယ်အောက်ခြေကို ဂရုတစိုက် ရှာဖွေနေဆဲဖြစ်၏။
ပင်လယ်အောက်ခြေမှ အခြေအနေက အလွန်ရှုပ်ထွေးနေသဖြင့် ရှာဖွေမှုတစ်ခုလုံးကိုအခက်အခဲကို ဖြစ်စေခဲ့သည်။
နှစ်နာရီကျော်ကြာမြင့်ပြီဖြစ်ပေမဲ့လည်း ဘာမှ မတွေ့သေးပေ။
“သခင်၊ ကျွန်တော် ဒီနေရာတဝိုက်ကို ရှာဖွေပြီးပါပြီ၊ ဒါပေမယ့် မတွေဘူး။ နေရာမှားနေတာ ဖြစ်လောက်မလား "