Ch 48
Viewers 5k

အခန်း 48   နောက်ဆုံးတော့ တွေ့ပြီ



စံချိန်မီ သေနတ်ဘူးကို နှစ်နာရီကျော်ကြာအောင် ရှာေနပေမဲ့ မတွေ့သေးတာကြောင့် လျူယောင် စိတ်ထဲမှ ပူပန်လာသည်။


"ဘာလို့ ရှာမတွေ့ရတာလဲ”  "ဘာဖြစ်တာလဲ"

“တကယ်ပဲမှားတာလား"

“ဒီပင်လယ်ပြင်ဧရိယာ မဟုတ်ဘူးလား ""


လျုယောင်အတွေးများစွာ ဝင်လာသည်။

“နေရာလုံးဝ မမှားတာတော့ သေချာတယ်” ရဲက ဒီလို ကြီးမားတဲ့ အမှားမျိုး လုပ်မှာ မဟုတ်ပေ။



တစ်ဖက်က မမှားဘူးဆိုရင် ဒီလက်နက်သေတ္တာက ဘယ်ရောက်သွားတာလဲ။

“သမုဒ္ဒရာရေစီးကြောင်း! “

သမုဒ္ဒရာရေစီးကြောင်း ဖြစ်နိုင်သည်။

လျုယောင် က ပင်လယ်ရေမှာ ငြိမ်သက်မနေဘဲ စီးဆင်းနေကြောင်း သတိထားမိလိုက်သည်။ 

သမုဒ္ဒရာရေစီးကြောင်းရဲ့ ေရွ့ရှားမှုအောက်တွင် အဲ့ဒါက ဒေါင်လိုက်နစ်မြုပ်ခြင်း မရှိဘဲ သမုဒ္ဒရာရေစီးကြောင်းများကြောင့် အကွာအဝေးတစ်ခုအထိ ရေွသ့ွားနိုင်သည်။




ဒါကို သဘောပေါက်ပြီးနောက် လျု ယောင်အနည်းငယ် ရွှင်လန်းလာသည်။


"လိပ်ကြီး နေရာက ဘာအမှားအယွင်း မှ မရှိဘူး။ ရေစီးကြောင်းရဲ့ သက်ရောက်မှုကြောင့် လက်နက်သေတ္တာ  ကျတဲ့နေရာ ရွှေ့သွားတာ ဖြစ်နိုင်တယ်။ ရှာဖွေမှုဧရိယာကို ချဲ့လိုက်ရင် ငါ တို့ ရှာတွေ့နိုင်မယ် ထင်တယ်”လို့

ပြောပြီးနောက် လျုယောင် အချိန်ကို ကြည့်လိုက်သည်။



နေ့လယ်ကျော်နေတာကြောင့် ရှာဖွေရန် နှစ်နာရီ အချိန်ရှိနေသေးသည်။

နောက်ထပ် နှစ်နာရီအတွင်း စံချိန်မီ သေနတ်သေတ္တာကို  ရှာဖွေတွေ့ရှိနိုင်ရန် မျှော်လင့်မိသည်။


လိပ်ကြီးက ပြန်ဖြေလိုက်ပြီး– 


“ကောင်းပါပြီ သခင်၊ သခင်ရဲ့ ညွှန်ကြားချက်အတိုင်း ရှာဖွေမှုဧရိယာကို ကျွန်တော် ချဲ့လိုက်ပါ့မယ်။”

ဒါ့ကြောင့် လိပ်ကြီးမှာ ထပ်မံ အလုပ်များနေသည်။


စံချိန်မီ သေနတ်သေတ္တာကို ဂရုတစိုက် ဆက်လက်ရှာဖွေရင်း အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားသည်။



လျုယောင် ကရော။

လိပ်ကြီး အား ရှာဖွေမှုဧရိယာ ဆက်လက်ချဲ့ထွင်ရန် ညွှန်ကြားပြီးနောက် သူတစ်ယောက်တည်း ပင်လယ်ကမ်းစပ် ဂိုဒေါင်ကို ကားမောင်းသွားခဲ့သည်။


လိပ်ကြီး သေတ္တာကို သေချာပေါက် ရှာတွေ့လိမ့်မယ်လို့ သူယုံကြည်ထားတာကြောင့် ဂိုဒေါင်ကို ကြိုတင်သွားရောက်ပြီး စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။



တစ်နာရီကျော်ကြာပြီးနောက် ဂိုဒေါင်ကို ရောက်ရှိလာသည်။



ဂိုဒေါင်ထဲတွင် စုပုံထားတဲ့ ရွှေမူနန်းနှင့် ဟွမ်ဟွမ်လီများကို သယ်သွားပြီးနောက် ကြီးမားတဲ့ ဂိုဒေါင်က အလွတ်ကြီးဖြစ်နေသည်။



လျုယောင်  ဂိုဒေါင်ကို ကျေနပ်စွာ ကြည့်နေပြီး လိပ်ကြီးနဲ့ ဆက်သွယ်ရန် ပြင်ဆင်နေစဉ်တွင် လိပ်ကြီးက စတင်ဆက်သွယ်လာသည်။


“သခင်၊ ကျွန်တော် သင်္ဘောပျက်တစ်စင်း ရှာတွေ့ခဲ့ပါတယ်”


“ဘာ”


“အံဩစရာပဲ “


လျု ယောင်က သေနတ်သေတ္တာကို ရှာဖွေရာတွင် ကူညီခြင်းဖြင့် ပင်လယ်အောက်ခြေမှ သင်္ဘောပျက်တစ်စင်းကို မတော်တဆ ရှာဖွေတွေ့ရှိလိမ့်မယ်ဘို့ ဘယ်တုန်းကမှ မထင်ခဲ့ပေ။


“လိပ်ကြီး ဘယ်လိုသင်္ဘောပျက်မျိုးလဲ”



လိပ်ကြီးက သင်္ဘောပျက်ပတ်လည်ကို ကြည့်ရှု့ထားတာကြောင့် အခြေအနေကို နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။


လိပ်ကြီး ချက်ခြင်းပြန်ဖြေလိုက်သည်။


“သစ်သားတည်ဆောက်ပုံ သင်္ဘောပျက်တစ်စင်းပါ။ ပင်လယ်အောက်ခြေမှာ လဲကျပြီးကျိုးပဲ့နေတဲ့ ရွက်တိုင်ရယ်၊ အမြောက်တစ်လက်ရယ် ရှိပါတယ်”


လိပ်ကြီးရဲ့  ဖော်ပြချက်ကို နားထောင်ပြီးနောက် လျုယောင်က ဒါဟယ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က စစ်သင်္ဘောတစ်စင်း ဖြစ်လောက်တယ်လို့ အခြေခံအားဖြင့် ကောက်ချက်ချလိုက်ပြီး သူ့စိတ်ထဲတွင်လည်း ရွှင်လန်းလာသည်။

နောက်ထပ် ရွှေငွေကြေးများစွာ ရှာဖွေနိုင်မှာကြောင့် ဖြစ်နိုင်သည်။


“သခင်၊ ဒီသင်္ဘောကို ဖြုတ်ပြီး အတွင်းထဲမှာ ဘာကောင်းတာတွေ ရှိလဲ ကြည့်ချင်လား ”




လျူ ယောင်က လိပ်ကြီးအား သင်္ဘောပျက်ကို ရှာဖွေခိုင်းရန် ငြင်းဆန်လိုက်သည်။


“ငါတို့မှာ အချိန်မလုံံလောက်ဘူး။ အရင်ဆုံး သေနတ်သေတ္တာကို ရှာရမယ်။ ဒါကြောင့် သင်္ဘောပျက်ရဲ့  နေရာကိုအရင် မှတ်ထားရအောင်။ သေနတ်သေတ္တာကို ရှာတွေ့ပြီးမှ ဒီသင်္ဘောပျက်ကို ဖြုတ်ချတာပေါ့ ”


“ကောင်းပါပြီ၊ အားလုံး သခင်ရဲ့ အမိန့်အတိုင်းပါပဲ။”



လိပ်ကြီးလည်း နေရာ မှတ်ထားပြီး  နောက်လက်နက်သေတ္တာကို ဆက်လက်ရှာဖွေလိုက်သည်။

လျုယောင် အချိန်ကိုကြည့်ရန် လက်ကို ခဏခဏ မြှောက်လိုက်မိသည်။


  " စိတ်ငြိမ်ငြိမ်ထား " အလျင်စလို မဖြစ်နဲ့

ရှာဖွေချိန် ရှိသေးတယ် " လို့ သူ့ကိုယ်သူ မကြာခန သတိပေးနေမိသည်။



“သခင်၊ ကျွန်တော် ရှာတွေ့ပါပြီ!”

လျု ယောင် ဖိအားများအောက် မိမိကိုယ်ကို နှစ်သိမ့်နေစဉ် လိပ်ကြီးရဲ့ ရွှင်လန်းတဲ့ အသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။



ထိုသတင်းကို ကြားတဲ့အခါ လျု ယောင်စိတ်သက်သာရာရသွားပြီးဝမ်းသာအားရ ပြောလိုက်ကာ– “ကောင်းပြီ၊ နောက်ဆုံးတော့ ပစ္စည်းတွေ ရှာတွေ့ပြီ။ ချက်ချင်း ဂိုဒေါင်ကို အမြန် ယူခဲ့ပေးလိပ် ကြီးရေ ငါ ဂိုဒေါင်ထဲမှာ စောင့်နေမယ်”



သခင်ရဲ့  အလျင်လိုသံကြောင့်

လိပ်ကြီး သေတ္တာကို ပါးစပ်ဖြင့် ကိုက်ကာ ပင်လယ်ကမ်းစပ် ဂိုဒေါင်ကို အမြန် ကူးခတ်လာခဲ့သည်။ဒီလောက်

ဝေးကွာတဲ့နေရာ ကို လိပ်ကြီးရဲ့ အရှိန်ဖြင့်  မိနစ် 40 အတွင်း ရောက်ရှိလာသည်။



ရေလိူင်းများ လူးလိမ့်လာပြီး ကြီးမားတဲ့ လိပ်ကြီးတစ်ကောင်က ရေထဲမှ  ပေါ်ထွက်လာသည်။

သူက ဂိုဒေါင်ထဲကို တိုက်ရိုက်ဝင်လာပြီး

သေတ္တာကို လျူယောင့်် ရှေ့တွင် ညင်သာစွာ ချလိုက်ကာ -


 “သခင်၊ ကျွန်တော့်တာဝန် ပြီးပါပြီ၊ ကျွန်တော် သင်္ဘောပျက်ကို သွားကြည့်တော့မယ်”

လျု ယောင်  သူ့ရှေ့မှ ကြီးမားတဲ့ လိပ်ကြီးကို ကျေနပ်စွာ ကြည့်ကာ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်ပြီး



“ပင်ပန်းရင် အရင်နားလိုက်ပါ။ သင်္ဘောပျက်က ဘယ်မှ ပြေးမသွားပါဘူး။ လုံလောက်အောင်အနားယူ  ! စားပြီးမှ သွားလည်း မနှောင်းသေးပါဘူး ”


“သခင်၊ ကျွန်တော် မပင်ပန်းပါဘူး၊ အခုပဲ သွားတော့မယ်။”


သူ့ရဲ့လျှာကြီးကို ဆန့်ထုတ်ကာ လျု ယောင့်လက်ကို   ညင်သာစွာ လျက်လိုက်သည်။

ထို့နောက် ရေလမ်းကြောင်းဘက် တွားသွားပြီး ပင်လယ်ဆီကို ထွက်ခွာသွားေတာ့သည်။



လိပ်ဘုရင် ထွက်ခွာသွားတာကို ကြည့်ပြီးနောက် လျုယောင့်ရဲ့ မျက်လုံးများက သေတ္တာပေါ် ကျရောက်သွားသည်။ 



လျု ယောင်က ပြင်ဆင်ထားတဲ့ လက်အိတ်အဖြူများကို ထုတ်ယူဝတ်ဆင်ပြီးနောက် သေတ္တာကိုဖွင့်လိုက်ရာ အတွင်းတွင် သေနတ် ၁၀ လက် အမှန်ပင် ရှိနေသည်။ဒါပေမဲ့ အထဲတွင် ကျည်ဆံ မပါပုံရသည်။

အထဲမှ တစ်လက်ကို ကောက်ယူပြီး ခဏကြာအောင် ကြည့်ရှု့ခဲ့သည်။

အမျိုးသားအများစုက သေနတ်များကို နှစ်သက်ကြပြီး လျုယောင် လည်း အပါအဝင်ပဲ ဖြစ်သည်။ 


တကယ့်အစစ်အမှန် သေနတ်ဖြစ်လို့ 

လျူယောင် လက်ထဲမှ  လွှတ်မချနိုင်လောက်အောင် ဖြစ်နေသည်။


မိနစ်အနည်းငယ်ကြာအောင် ကြည့်ပြီး နောက် သေတ္တာထဲ ပြန်ထည့်ကာ လျူယောင် ဖုန်းကိုထုတ်ပြီး အရှေ့

ပိုင်းခရိုင်ဗျူရိုမှ ဂေါ့ဒါကီ အား ဖုန်းခေါ်ဆိုလိုက်သည်။