အခန်း 61 လိပ်ကြီး နိုးလာပြီ
-------
အစက လျူယောင် အနည်းငယ် စိတ်ပူနေခဲ့ သည်။
သူ ရှိနေတဲ့နေရာမှ တစ်ကီလိုမီတာ၊ နှစ်ကီလိုမီတာ အကွာတွင် သင်္ဘောခုနစ်စီး၊ ရှစ်စီးခန့် ရှိနေပြီး ရေငုတ်စက်ရုပ်အချို့က ပင်လယ်ကြမ်းပြင်မှ ရိုက်ကူးထားတဲ့ အခြေအနေများကို သင်္ဘောပေါ်သို့ ပြန်လည်ပို့ပေးနေခဲ့သည်။
ဒါကြောင့် သူ့ကို တစ်ယောက်ယောက် ရိုက်ကူးထားခြင်း ခံရမှာကို စိုးရိမ်ခဲ့ပေမဲ့ ခုတော့ သူ မစိုးရိမ်တော့ေပ။ ပေ ၃၀၀ ကျော်နက်တဲ့ ပင်လယ်ရေအောက်တွင် အလွန်မှောင်မိုက်လျက်ရှိတာကြောင့်
အခြားသူများက ရေအောက်မောင်းသူမဲ့ ယာဉ်ငယ်လေးများ ချထားသည့်တိုင် သူ့အား မြင်ရမည်မဟုတ်ပေ။
အဲဒါကြောင့် စိုးရိမ်စရာမရှိတဲ့အတွက် သူ စိတ်ချလက်ချ အလုပ်လုပ်နိုင်ပြီဖြစ်သည်။
လျူယောင် ပင်လယ်ကြမ်းပြင်အောက် တွင် ရှာဖွေမှုများ စတင်ခဲ့၏။သူ့ကို စိတ် အေးစေတဲ့အရာမှာ ပင်လယ်ကြမ်း ပြင်ရဲ့ အခြေအနေက ပိုကောင်းနေခြင်းဖြစ် သည်။
ရှာဖွေရမှာက သေးငယ်တဲ့ လည်ဆွဲတစ် ကုံး ဖြစ်တာကြောင့် သူ ပေါ့ဆလို့မရပေ။
ဘယ်နေရာမှလည်း ချန်ထားလို့မရတာကြောင့် လျူယောင်ရဲ့ရှာဖွေမှုက အလွန် နှေးကွေးနေခဲ့သည်။
စတုရန်းမီတာဆယ်ဂဏန်းခန့်ရှိတဲ့ နေရာ တစ်ခုကို ရှာဖွေရန် မိနစ်အတော်ကြာကြာ အချိန်ယူခဲ့ရသည်။ငါးကြီးတစ်ကောင်ကလည်း လျူယောင်အား တွေ့ပြီးနောက် ကြောက်ရွံ့စွာ ချက်ချင်း ကူးခတ်ထွက်ပြေးတော့သည်။
စိတ်မကောင်းပါဘူးလို့ လျူေယောင်
စိတ်ထဲတွင် ပြောနေမိသည်။ရေအောက် သတ္တဝါများရဲ့ကြောက်ရွံ့နေတဲ့အမူအရာ များကို မြင်ပြီးနောက် သူတို့ရဲ့အေးချမ်း တဲ့ဘဝကို နှောက်ယှက် မိတဲ့အတွက် လျူယောင် စိတ်မကောင်းဖြစ်ခဲ့သည်။
အောက်ဆီဂျင်ကိုလည်း တစ်စက်မှ အသုံးမပြုရ သေးတဲ့အတွက် နောက်ထပ် မိနစ်သုံးဆယ်၊လေးဆယ်ကြာအောင် ဆက် လက်ရှာဖွေရန်အတွက် ပြဿနာမရှိနိုင်ဘူး လို့ လျူယောင်ခန့်မှန်းမိသည်။
ဒါပေမဲ့ ဖိအားခံဒဏ် ခံနိုင်ရည်ရှိတဲ့ရေငုပ် ဝတ်စုံကို ဝတ်ဆင်ထားရတာကြောင့် အောက် ဆီဂျင်ဘူးကို သယ်ဆောင်ထား ရ တဲ့ အခါလက်မမြောက်နိုင် ခြင်းတို့ ကြောင့် လျူယောင် ရေပေါ်ကိုပြန်လာခဲ့ပြီး သူ့ရဲ့လှေပေါ်ကို တက်ရောက်လိုက်သည်။
ချန်းဟူက တကယ်ရိုးသားပြီး ယဥ်မောင်း ခန်းထဲတွင်သာ အချိန်ပြည့် နေနေခဲ့သည်။ဘယ်သူ့မှ အာရုံမစိုက်တဲ့အချိန်တွင် လှေ နောက်ပိုင်းမှ ရေထဲကို လျူယောင် ပြန် ဆင်းလိုက်သည်။
ဒီတစ်ခါတော့ ရေအောက်တွင် တစ်နာရီ ကျော်ကြာအောင် ရှာဖွေခဲ့ပြီးနောက် လျူ ယောင် လှေပေါ်ကို တိတ်တဆိတ်ပြန်တက် လာခဲ့သည်။
ခဏအကြာတွင် ချန်းဟူက ကော့ပစ်မှ ထွက်လာပြီး “သူဌေး၊ အဆင်ပြေရဲ့လား” မေးလိုက်သည်။
“ပင်လယ်ကြမ်းပြင်ရဲ့ဧရိယာကအရမ်းကျယ် လွန်းတယ်။လည်ဆွဲကသေးတာကြောင့် အစောကြီးရဖို့က မလွယ်ဘူး။ငါတို့ အရင် အနားယူရအောင်! မင်းက နေ့လယ်စာ ပြင် ထားပေး! စားပြီးရင် ငါပြန်ဆင်းဦးမယ်” ဟု ဖြေလိုက်သည်။
“ဟုတ်ကဲ့။ ပြဿနာမရှိပါဘူး” ဟု ချန်းဟူ ပြန်ဖြေခဲ့သည်။တကယ်တော့သူရဲ့စိတ်ထဲတွင် ဧရာမပင်လယ်လှိုင်းလုံးကြီးများ ဖြစ်ပေါ်နေခဲ့သည်။သူက ကော့ပစ်ထဲတွင် နေခဲ့ပေမဲ့ လျူယောင် ရဲ့လှုပ်ရှားမှုများကို အမြဲတမ်းအာရုံစိုက်နေခဲ့သည်။
လျူယောင် တစ်နာရီကြာမှ ပြန်တက်လာ တာ ကို မြင်လိုက်တဲ့အခါ သူ သေမတတ် ကြောက်လန့်ခဲ့ရသည်။သူတစ်ချိန်က အမှုထမ်းခဲ့တဲ့ အထူးတပ်ဖွဲ့များတွင်ပင် ရေအောက်၌ တစ်နာရီကြာအောင်နေနိုင်သူ တစ်ယောက်မှမရှိခဲ့ပေ။
ရေအောက်တွင်ခုနစ်မိနစ်၊ ရှစ်မိနစ်နေနိုင် ရင်တောင်အံ့ဩဖွယ်ကောင်းပြီးနတ်ဘုရား လို တည်ရှိနေခြင်းဖြစ်သည်။
“ငါ့ရဲ့သူဌေးက တကယ်ကိုအံ့ဩစရာပဲ။ ဒီလိုစွမ်းရည်မျိုး ရှိနေတာ အံ့ဩစရာပဲ။ သူက လိပ်အသက်ရူခြင်းပညာ လေ့ကျင့်ခဲ့ တဲ့ ဒဏ္ဍာရီလာ ရှေးခေတ်သိုင်းပညာရှင် တစ်ယောက် များလား”ဟု ချန်းဟူ ထိတ် လန်စွာ တွေးမိခဲ့သည်။
သူရဲ့စိတ်ထဲတွင် ဒီလောက် ကြောက်ရွံနေ သည့် တိုင်ချန်းဟူ က မည်သည့်အမူအရာ မှ မပြခဲ့ပေ။ အရည်အချင်းရှိတဲ့ကိုယ်ရံ တော် တစ်ဦးအနေဖြင့် အချို့ကိစ္စများကို စိတ်ထဲ တွင် ထားရမှာကို သိနေခဲ့ သည်။
ချန်းဟူ ဘယ်လိုတွေးနေလဲ လျူယောင် ဂရုမစိုက်ပေ။ ခဏအနားယူပြီးနောက် အ နီးအနားရှိ အခြားသင်္ဘောများကို လေ့ လာခဲ့ပြီးနောက် ဘယ်သူ့မှ ဒီဘက်ကို အာရုံမစိုက်ကြောင်း သေချာသွားတဲ့အခါ သူ ရေထဲကို တိတ်တိတ်လေး ပြန်ဆင်း လိုက်သည်။
ဒီတစ်ကြိမ်တွင် လျူယောင် ရေအောက် တွင် မိနစ်သုံးဆယ်၊ လေးဆယ်လောက် ရှာဖွေပြီး စတုရန်းမီတာ ထောင်ချီတဲ့ ဧရိ ယာကို ရှာဖွေပြီးမှ ပြန်တက်လာခဲ့ သည်။
ဆဲွဲကြိုး ရှာဖွေရမဲ့ဧရိယာက အနည်းဆုံး စတုရန်းမီတာ တစ်သိန်းခန့်အထိ ရှိလိမ့် မယ်လို့ လျူယောင် ခန့်မှန်းမိသည်။အဓိက အကြောင်းအရင်းမှာ အာဏာပိုင် များက ပေးထားတဲ့ လတ္တီတွဒ်နဲ့လောင်ဂျီ တွဒ် ကိုဩဒိနိတ်များတွင် အနည်းငယ် အမှားအ ယွင်းရှိနိုင်ခြင်းကြောင့်ဖြစ်ပြီး ကျသွားတဲ့
နေရာ က မတိကျတော့ ပေ။
ရေစီးကြောင်းလို့ အချက် များနှင့်အတူ ပေါင်းစပ်လိုက်တဲ့အခါ စတုရန်းမီတာ တစ်သိန်းခန့် ရှာဖွေရန်မှာဖြစ်နိုင်သည်။
ရှာရမဲ့ အခက်အခဲမှာ တကယ်ကိုမသေးလှပေ။
“လိပ်ကြီး ရဲ့အကူအညီသာ ရမယ်ဆိုရင် အရမ်းကောင်းမှာပဲ” ဟု လျူယောင် စိတ် ထဲတွင် စဥ်းစားမိတာကြောင့် အိမ်မွေး တိ ရစ္ဆာန်ချပ်ပြားကို ဖွင့်လိုက်ပြီး လိပ်ကြီးရဲ့ခြေအနေကိုတစ်ဖန်ပြန်ကြည့်လိုက်သည်။လိပ်ကြီးက အရင်အတိုင်း ဘာမှ မပြောင်းလဲပေ။
သူက နက်နဲစွာအိပ်စက်နေဆဲဖြစ်သည်။။
“ငါ့ကိုယ်ငါပဲ အားကိုးရတော့မယ်နဲ့တူ တယ်။ လိပ်ကြီး ကို မျှော်လင့်ချက် ထားမရတော့ဘူး “လို့ လျူယောင်တွေး တွေးလိုက်သည်။
ချန်းဟူက နေ့လယ်စာကို ပြင်ဆင်ပြီးတာ
ကြောင့်
“သူဌေး၊ ညစာစားချိန်ရောက်ပြီ” ဟု ခေါ်လိုက်သည်။
လျူယောင် ခေါင်းညိတ်လိုက်ပြီး ထမင်း အနည်းငယ်စားကာဗိုက်ပြည့်သွားပြီးနောက် ရေထဲသို့တစ်ဖန်ပြန်သွားရန် အနားယူ လိုက်သည်။
မိနစ်နှစ်ဆယ်၊ သုံးဆယ်ခန့်အနားယူပြီး ေရအောက်ထဲမသွားမီ လျူယောင် အိမ်မွေးတိရိစ္ဆာန်ချပ် ပြားကို တစ်ဖန်ပြန် ဖွင့်လိုက်ပြန်သည်။
ဒီတစ်ကြိမ်တွင်တော့ စွမ်းရည်တွေ မတူညီ တာကြောင့် လျူယောင် ချက်ချင်းအံ့ အား သင့် သွားခဲ့သည်။လိပ်ကြီးကနိုးလာပြီဖြစ် သည်။
အိမ်မွေးတိရစ္ဆာန်ချပ်ပြားတွင် အခြေအနေ က ရှင်းနေသည်။
နာမည် – မျိုးရိုးဗီဇပြောင်းလိပ် လိပ်ပြာခေါင်းလိပ်
စွမ်းအား: ၆၀၀
ခန္ဓာကိုယ်ဖွဲ့စည်းပုံ: ၆၀၀
သွက်လက်မှု: ၆၀၀
ရေကူးနှုန်း: ၁၀၀ နော့
ကျွမ်းကျင်မှု့ : လိပ်အသက်ရှူ (အဆင့် ၂)၊ လိပ်ခွံ (အဆင့် ၂)၊ အလွန်အမင်းသိမြင်နိုင်စွမ်း (အဆင့် ၂)၊ အလွန်အမင်းမြင်နိုင်စွမ်း (အဆင့် ၁)
လိပ်ကြီး နိုးလာပြီးနောက် မူလကျွမ်းကျင် မှုများက အဆင့်တစ်မှ အဆင့်နှစ်ကို တိုး တက်လာခဲ့ပြီး အလွန်အမင်းမြင်နိုင်စွမ်း ရရှိခဲ့တာကြောင့် လျူယောင် အရမ်းပျော် သွားသည်။
လိပ်ကြီးရဲ့အမြင်အာရုံက ဘယ်လိုရှိလဲဆို တာ လျူယောင် မသိပေ။
အဆင့်နှစ် အလွန်အမင်းသိမြင်နိုင်စွမ်းမှာ နဂိုရှိ ခဲ့တဲ့ မီတာ ၁၀၀ မှ အခု မီတာ ၃၀၀ အထိ သုံး ဆတိုးလာခဲ့သည်။လျူယောင် ကို ပိုပျော်စေ တာက အမြင်အာရုံ မျှဝေ ခြင်းကြောင့် သူ့ရဲ့ အမြင်အာရုံလည်း တိုးတက်လာတာကြောင့် ဖြစ်သည်။
ပြင်ပအမြင်ဖြင့် လိပ်ကြီးဘာလုပ်နေလည်း ဆို တာ သူ မြင်နိုင်ပြီ ဖြစ်သည်။
“ဒါက တကယ်ကိုကောင်းတာပဲ”
ပြင်ပမှအမြင်ဖြင့် လိပ်ကြီးကို ကြည့်လိုက်တဲ့ အခါ အမည်မသိ ကျွန်းတစ်ကျွန်း ပေါ်တွင် အခုမှ နိုးထလာခါစ ပုံ ဖြစ်နေသည်။
လျူယောင်က ပင်လယ်ေရအောက်တွင် အိပ်ပျော်နေတာလို့ ထင်ခဲ့ပေမဲ့ ကျွန်းငယ် လေးတစ်ကျွန်းပေါ်တွင် ဖြစ်နေခဲ့သည်။
“ လခွမ်း ဘယ်သူ့မှ မရှိလို့တော်သေး “
လျူယောင် ရေရွတ်လိုက်သည်။မဟုတ်ရင် ဒီ လောက်ကြီးမားတဲ့ ဘီလူး ကောင်ကြီးကို လူ အ များ မြင်ပါက ကြောက်လန့်ပြီး သတိလစ် သွား ကြပေလိမ့်မည်။
“လိပ်ကြီး မင်းနိုးလာပြီလား”
“သခင်၊ ကျွန်တော်နိုးလာပြီ၊ ကျွန်တော်ဗိုက်အရမ်းဆာနေတယ်”
“အမြန်စားပြီး ဗိုက်ဖြည့်လိုက်၊ ပြီးရင် ဒီကိုချက်ချင်းလာခဲ့၊ အလုပ်လုပ်ဖို့ရှိတယ်”
“ကောင်းပါပြီ။ ပြဿနာမရှိပါဘူး၊ ဗိုက်ပြည့်တာနဲ့ကျွန်တော်အမြန်လာခဲ့ပါမယ်”
လို့ပြောပြီး လိ်ပ်ကြီးက ရေထဲ အမြန် ငုတ် သွားပြီး စတင် အမဲ လိုက်တော့သည်။
ငါးသေး၊ ပုစွန်သေးများကိုတော့ လိပ်ကြီး မစားပဲလျစ်လျူရှု့လိုက်သည်။ဒီကောင်လေးတွေက သူ့ သွားကြားထဲ ဝင်လောက် အောင်ပင် မရှိပေ။
မကြာမီပင် ပေါင်ရာပေါင်းများစွာ အလေး ချိန်ရှိတဲ့ ငါးကြီးတစ်ကောင်ကို လိပ်ကြီး တွေ့လိုက်ရာ အပေါ်ကို ချက်ခြင်း ပြေး တက်သွားပြီး ငါးကြီး
မတုံ့ပြန်နိုင်ခင်မှာပဲ မြိုချလိုက်သည်။