အခန်း 62 လုပ်ငန်းများ ခွဲဝေပေးခြင်း
—-----
တစ်လုပ်နှစ်လုပ်စားလိုက်ယုံနဲ့ ငါး ပေါင်ရာ ပေါင်းများစွာမှာ လိပ်ကြီးရဲ့ ဗိုက်ထဲကို ဝင်ရောက်သွားခဲ့သည်။ဒါကသူ့အတွက်လုံးဝမလုံလောက်သေးေပ။ လိပ်ကြီး အတွက် အနည်းဆုံး အစားအစာ တန်ပေါင်းများစွာကို စားသုံးရမည်ဖြစ်သည်။
ပင်လယ်ထဲတွင် ငါးကြီးများက မရှားလှ ပေ။ဆယ်မိနှစ်ပင်မကြာလိုက်ပဲ ငါးကြီးအတော်များများ သူ့ဗိုက်ထဲ ထပ်မံ ဝင်ရောက်သွားခဲ့ကြသည်။
“ဝိုး၊ ဒီလောက်ရှည်လျားတဲ့ ငါးမန်းကြီး၊ ငါကြိုက်တယ်!” ဟု သူက ပြောလိုက် သည်။
ဒီလောက်ကြီးမားတဲ့ ငါးမန်းက ပင်လယ် ပြင်ဧရိယာရဲ့ အစာကွင်းဆက်တွင် ထိပ်
ဆုံးက ရှိသည်။ဒါပေမဲ့ အခုတော့ လိပ
ကြီးရဲ့ အစာသာ ဖြစ်သွားခဲ့ရသည်။
ငါးမန်းကြီး တုံ့ပြန်မှု့ပင် မရလိုက်။ အန္တရယ်ကို သတိပြုမိလိုက်တဲ့ အချိန်တွင်နောက် ကျသွားပြီဖြစ်သည်။သွေးနံ ့ရပြီး အသား စားငါးအချို့ ရောက်လာခဲ့ကြသည်။ဒါပေမဲ့ ဧရာမလိပ်ကြီးကို မြင်တဲ့အခါ တတ်နိုင်သမျှ အဝေးဆုံး ပြေးသွားကြပြီး
“ အမငီး ကြောက်လွန်းလို့ သေတော့မယ် “
ဟု အော်ဟစ်နေကြသည်။လိပ်ကြီးက ပြေး
သွားတဲ့ အသားစားငါးများကို မဲ့ရွဲ့တဲ့ အ
ကြည့်နဲ့ ကြည့်လိုက်သည်။လိပ်ကြီး ဗိုက်
ပြည့်သွားပြီးနောက် လျူယောင်ရှိတဲ့ နေရာ
ကို ကူးခတ်သွားကာ နာရီဝက်တောင် မ
ကြာပဲ ရောက်လာခဲ့သည်။
“သခင်၊ကျွန်တော်ရောက်ပြီ ကျွန်တော့်အတွက် ဘာတာဝန် ရှိပါသလဲ “ လို့ မေး
လိုက်သည်။
လျူယောင် က
“တစ်စုံတစ်ယောက် ပင်လယ်ထဲမှာ လည်ဆွဲတ စ်ကုံးပြုတ်ကျသွားတယ် အဲဒီလည်ဆွဲကို ရှာချင်တယ်”
ဟု ပြောလိုက်ပြီး လည်ဆွဲ ပြုတ်ကျတဲ့ ဧရိယာ ကို ပြောပြလိုက်သည်။
“ဒီလည်ဆွဲက ဒီဧရိယာနားမှာပဲ ကျသွားဖို့ တော့ ငါမျှော်လင့်တယ်။ ဒီဧရိယာထဲမှာ မရှိဘူး ဆို ရင် ရှာဖွေရေးဧရိယာကို ထက် ချဲ့ဖို့လို လောက် တယ်” ဟု လျူယောင်က ပြောလိုက်သည်။
ရှာဖွေရမည့်ဧရိယာကို သတ်မှတ်ခြင်း အ ပြင် လျူယောင် က အလုပ်များကိုလည်း လိပ်ကြီး ကို ခွဲဝေပေးခဲ့သည်။ သူက ဧရိ ယာငါးပုံတ စ်ပုံ ကို သူ့ဘာသာသူ ရှာဖွေပြီး ကျန် ငါးပုံလေးပုံကို လိပ်ကြီးအား လွှဲ ပြောင်းပေးလိုက်သည်။
လျူယောင်အားစိုက်ထုတ်မှုများစွာအသုံးပြုပြီး စတုရန်းမီတာ ရာပေါင်းများစွာရှာ နေချိန်တွင် လိပ်ကြီးကတော့ စတုရန်းမီ တာတစ်သောင်းနီး ပါးကို ရှာဖွေပြီးနေ၏။ လိပ်ကြီးရဲ့ရဲ့ရှာဖွေမှု့အ မြန်နှုန်းမှာ လျူ ယောင် ထက် ဆယ်ဆကျော် ပိုပြီး လျင်မြန် နေတာ သေချာသည်။
စတုရန်းမီတာ ထောင်ပေါင်းများစွာကို တစ် နာ ရီနီးပါးကြာအောင် ရှာဖွေပြီးနောက်လျူယောင် လှေပေါ်ပြန်လာခဲ့သည်။
“လိပ်ကြီး၊ ငါ လှေပေါ်ပြန်ရောက်ပြီ။ မင်း ပင်လယ်ကြမ်းပြင်အောက်မှာ ဆက်ရှာနေ” ဟု ပြောလိုက်သည်။
“ပြဿနာမရှိပါဘူး သခင် ကျွန်တော် ခင် ဗျား အတွက် အဲဒီလည်ဆွဲကို ရှာပေးပါ့ မယ်။ကျွန်တော်ရဲ့သတင်းကောင်းကိုပဲ စောင့်နေပါ” ဟု လိပ်ကြီးက ပြန်ပြောခဲ့သည်။
လျူယောင် ချန်းဟူအား လှေကိုမောင်းခိုင်း ခဲ့ပြီး “ဒီနေ့ တော့ ပင်ပန်းနေပြီ၊ မနက်ဖြန်မှ ပြန်လာတော့မယ်” ဟု ပြောလိုက်သည်။
လှေကြီးထွက်ခွာသွားတာက ဒမ်ရိူင်းကု မ္ပဏီ မှ လူများနှင့်အချို့လူများရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
“သူဌေး၊ ကြည့်ပါဦး၊ လှေက ထွက်သွားပြီ။
အခက်အခဲတွေကြောင့် သူတို့ဆုတ်ခွာသွား တာဖြစ်ရမယ်” ဟု ပြောလိုက်သည်။ရွှီလု ဖေး နှာခေါင်းရှုံ့လိုက်သည်။ လှေပိုင်ရှင် ဘယ်သူ လဲဆို တာ သူ ရှာဖွေတွေ့ရှိခဲဲ့ ပြီးဖြစ်သည်။
ပြီးခဲ့သည့်တစ်ကြိမ်က ရဲများရရှိခဲ့တဲ့ သေ နတ်များကို global ကုမ္ပဏီ မှ ရှာတွေ့ ကြောင်း ကို သူ စုံစမ်းသိရှိခဲ့သည်။အဲ့ကုမ္ပ ဏီ ကို သင်ခန်းစာပေးရန် အခွင့်အရေးရှာ ဖွေခဲ့ပေမဲ့ လောလောဆယ် အခွင့်အရေး မ ရသေးပေ။
လျူယောင့်ရဲ့လှေကတော့ အဝေးကိုထွက် ခွာသွားပြီး တဖြည်းဖြည်းပျောက်ကွယ် သွားခဲ့သည်။အခြား ရှာဖွေရေးလှေများက တစ်စီးမှမထွက်ခွာခဲ့ကြပေ။ ဒေါ်လာ သန်း ၂၀ က သူတို့အား နက်ရှိုင်းစွာ ဆွဲ ဆောင် နေခဲ့ သည်။နေဝင်လာပြီး တဖြည်း ဖြည်းမှောင် လာ ပေမဲ့ ဒီလှေများကထွက်ခွာ ဖို့ရည်ရွယ်ချက် မရှိကြသေးပေ။
ဒမ်ရိူင်းကုမ္ပဏီက ဒေါ်လာသန်းပေါင်းများ စွာတန်ဖိုးရှိတဲ့ ရှာဖွေရေးစက်ရုပ်ကို ယူ လာခဲ့သည်။ ဒီစက်ရုပ်က တွေ့ရှိထားတဲ့ အခြေအနေအချို့ကို ဒေတာလိုင်းမှ တစ် ဆင့် လှေပေါ်ရှိ တာမီနယ်ကိရိယာကို ပို့ ဆောင်ပေးလိမ့်မည်။
ရွှီးလုဖေးက လှေပေါ်တွင် ရှိနေပြီး သူရဲ့ လက်အောက်ငယ်သားများကို ပြောလိုက် သည်။
“ Global ကတော့ လက်ဗလာနဲ့ ပြန်သွား ပြီ။ ငါတို့ ဒီညတစ်ညလုံး အဲဒီလည်ဆွဲကို ရှာရမယ်” ဟု ပြောလိုက်သည်။
ငယ်သားတစ်ဦးက
“လှေလေးတစ်စီးနဲ့ သူတို့က အဲဒီလည်ဆွဲ ကို ရှာနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်မစင်တွေ စားပြပြီး တိုက်ရိုက်ထုတ်လွှင့်လိုက်ပါ့မယ်” ဟု ပြောခဲ့သည်။
“ဟားဟား…”
လှေပေါ်တွင် အဆက် မပြတ် ရယ်မောသံ များ ထွက်ပေါ်လာခဲ့သည်။
ရွှီလုဖေးအပါအဝင် လူတိုင်းမှာအလွန်ပျော် ရွှင်နေကြသည်။ဒီလည်ဆွဲက သူတို့ရဲ့ လက်တစ်ကမ်းတွင် ရှိနေသလိုမျိုးပင် ။
မီတာ ၃၀၀ ကျော်နက်တဲ့ ပင်လယ်ကြမ်း ပြင် တွင် လိပ်ကြီးက ခက်ခက်ခဲခဲရှာဖွေ လျက်ရှိသည်။နာရီအနည်းငယ်အတွင်း သူက စတုရန်းမီတာ တစ်သိန်းကျော် ဧရိယာအား ဂရုတစိုက်ရှာဖွေခဲ့သည်။
“ဘာလို့ရှာမတွေ့သေးတာလဲ။ ငါ့ ရဲ့ဂရု တစိုက်ရှာဖွေမှုကနေ အပ်တစ်ချောင်း တောင် လွတ်မြောက်နိုင်တာ မဟုတ်ဘူး” ဟု တွေးလိုက်သည်။
ယခုအချိန်အထိ ဘာမှရှာမတွေ့သေးတဲ့ အတွက်လိပ်ကြီး အနည်းငယ်ဒေါသထွက် နေပြီး ဗိုက်လည်းနည်းနည်းဆာ လာခဲ့ သည်။အဲ့ဒါကြောင့် သူနေရာမှ ခန ထွက်
ခွာပြီး အစာရှာရန် အဝေးကို ကူးခတ်သွား
လိုက်သည်။
“ဟေး”
“ဟိုမှာ ငါးကြီးတစ်ကောင်ရှိတယ်!”
လိပ်ကြီးရဲ့ မျက်လုံးများက တောက်ပနေ ခဲ့ပြီး “ဒါကငါ့ရဲ့အကြိုက်ဆုံးအစားအစာပဲ။ ထွက်ပြေးဖို့မကြိုးစားနဲ့” လို့ စိတ်ထဲတွင် တွေးလိုက်သည်။။
မိနစ်အနည်းငယ်ကြာပြီးနောက် ကီလိုဂရမ် ရာပေါင်းများစွာအလေးချိန်ရှိတဲ့ ငါးများ အားလုံး တစ်နာရီပင်မကြာဘဲ လိပ်ကြီး ဗိုက်ထဲ ရောက်ရှိသွားခဲ့သည်။
ထို့နောက် မူလ နေရာကို သွားပြီးဆက် လက်ရှာဖွေနေစဥ်
“ဟိုမှာ အလင်းတန်းတစ်ခုလာနေတယ်။ ဒါက ဘာလဲ” ဟု လိပ်ကြီးရေရွတ်လိုက်သည်။
“ရေပိုင်နက်! ဒါက ငါ့ရဲ့ပိုင်နက်ပဲ ငါ့ရဲ့ခွင့် ပြုချက်မရှိဘဲ မင်းကို ဘယ်သူကဒီမှာလာ ရှာခိုင်းတာလဲ” ဟု လိပ်ကြီးဒေါသထွက် ကာ မေးလိုက်သည်။
အဲ့ဒီ့ဟာက ဆက်လက်ချဉ်းကပ်လာ တာကို မြင်တဲ့အခါ လိပ်ကြီးက ပိုစိတ်ဆိုး သွားပြီး ချက်ချင်းအပေါ်ကို ကူးခတ်သွားကာ သူ့ရဲ့ ရှေ့ခြေထောက်က်ကို မြောက်ပြီး ရိုက်ချလိုက် ေတာ့သည်။