အခန်း 63 "နောက်ဆုံးတော့ ငါ ရှာတွေ့ခဲ့ပြီ "
--------------------
လိပ်ကြီး ပေါ့ပေါ့ပါးပါးရိုက်လိုက်တဲ့အား က ပင် တန် 100 လောက် ရှိတာကြောင့် ရေထဲတွင် စက်ရုပ်က ဒီရိုက်ချက်ဖြင့် နှစ် ပိုင်းနီးပါးပြတ်သွားခဲ့ပြီး ချက်ချင်း အသုံးမဝင်တော့ေပ။
စက်ရုပ်နဲ့ ချိတ်ဆက်ထားတဲ့ ကေဘယ်ကြိုးများပင် ပြတ်တောက်သွားခဲ့၏။
“ဒါက ငါ့ရဲ့ပိုင်နက်ပဲ။ ငါ့ရဲ့ခွင့်ပြုချက် မရှိဘဲ ဒီကိုမလာကြနဲ့။ ဒါက နောက်ဆုံးပဲ”
ဟု လိပ်ကြီး ဒေါသထွက်စွာ ပြောလိုက်သည်။
ချဉ်းကပ်လာတဲ့ ရေအောက်စက်ရုပ်အား ရိုက်ချလိုက် ပြီးနောက် လိပ်ကြီး ဒေါသ လျော့သွားခဲ့သည်။
ဒမ်ရိူင်းကုမ္ပဏီရဲ့ ရှာဖွေရေး သင်္ဘောပေါ် တွင် အားလုံးပေါက်ကွဲသွားခဲ့ပြီး ရွှီးလုဖေး က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
“ဘာဖြစ်တာလဲ။ ငါတို့ရဲ့စခရင်ကဘာလို့ရုတ်တရက်မည်းသွားတာလည်း” ဟု မေးလိုက်သည်။ နည်းပညာတာဝန်ခံ လက်အောက်ငယ် သား တစ်ဦးက စစ်ဆေးလိုက်ပြီးနောက်
“သူဋေး ကျွန်တော်တို့ရဲ့ရေအောက် စက်ရုပ်က ချွတ်ယွင်းသွားတာဖြစ်ရမယ်” ဟု ပြန်ဖြေခဲ့သည်။
ရွှီးလုဖေးက
“အမြန်ပြင်လိုက် ဒါက ငါ သန်းပေါင်း များစွာ အကုန်ခံပြီး တင်သွင်းထားတဲ့ ရေအောက်စက်ရုပ်ပဲ ဘာမှအဖြစ်မခံနိုင် ဘူး” ဟု ပြောလိုက်သည်။
လှေပေါ်မှလူများက ထိတ်လန့်တကြား ဖြစ် နေကြသည်။ရိုက်ချက်တစ်ချက်က ဒီ လောက် ကြီးမားတဲ့ ဆူပူမူ့များ ဖြစ်ပေါ်စေ တာကို လိပ်ကြီး ကမသိခဲ့ပေ။
နောက်တစ်နေ့တွင် လျူယောင်နိုးလာတဲ့ အခါ သူပထမဆုံးလုပ်ခဲ့တာက အိမ်မွေးတိ ရိစ္ဆာန် ချပ်ပြားကို ဖွင့်လိုက်ခြင်းဖြစ်သည်။
ချပ်ပြားပေါ်တွင် လိပ်ကြီး ပင်လယ်ကြမ်း ပြင် အောက်၌ ရှာဖွေနေတာကို သူ ရှင်း လင်း စွာမြင်ခဲ့ရသည်။မီတာ ၃၀၀ ကျော် နက်တဲ့ ပင်လယ်ကြမ်းပြင်တွင် အလွန် မှောင်မိုက်နေပြီး မြင်နိုင်စွမ်းက သိပ်မရှင်း လှပေ။
ခဏကြည့်ပြီးနောက် လိပ်ကြီး ဘာမှ မတွေသေး တာကို လျူယောင် သိရှိလိုက်ပြီး ဘာမှ မ ကူညီနိုင်ဘဲ “လိပ်ကြီး၊ မင်းဘက်မှာ အခြေအနေဘယ်လိုရှိလဲ” ဟု မေးခဲ့သည်။
လိပ်ကြီးက
“သခင် မနေ့ကနေ အခုထိ ကျွန်တော်ဗိုက်ဖြည့် ဖို့ စားသောက်တာကလွဲလို့ ဒီမှာ ပဲရှာနေ ခဲ့ပါ တယ် ။သခင်သတ်မှတ် ပေး ထားတဲ့ စတုရန်း မီတာ နှစ်သိန်း သံုး သိန်းလောက်ရှိတဲ့ ဧရိယာ ကို ကျွန်တော် ဂရုတစိုက်ရှာခဲ့ပြီးပြီ။ ဒါပေမဲ့ မတွေ့ဘူး” ဟု ဖြေခဲ့သည်။
“ဘာမှ မရှိဘူးဆိုတာ ကျွန်တော်သေချာ တယ်။ လည်ဆွဲက အဲဒီဧရိယာထဲမှာ လုံး ဝမရှိဘူး။ အခုကျွန်တော် ရှာဖွေရေး ဧရိ ယာကိုတောင် ချဲ့ထားပြီးပေမဲ့ လည်ဆွဲ ကိုတော့ မတွေ့သေးဘူး” ဟု ဆက်ပြောခဲ့ သည်။
“တော်လိုက်တာ!”
လိပ်ကြီး ဒီလောက်ကြီးမားတဲ့ ဧရိယာကို အ လျင် အမြန်ရှာဖွေခဲ့တာကို လျူယောင်အံ့ အာ းသင့်ခဲ့ရသည်။ဒါ့အပြင် လိပ်ကြီးရဲ့ဥာဏ်ရည် က အတိုင်းအ တာ တစ်ခု ထိ တိုးတက်လာခဲ့ ပုံ ရသည်။ပြဿနာများကို ကြုံတွေ့နေတဲ့ အခါ တွင် လည်း လွတ်လပ်စွာ စဥ်းစားခဲ့ကြောင်းကို လျူယောင် ခံစားခဲ့ရသည်။
လိပ်ကြီးက ဒီဧရိယာအား ရှာဖွေပြီး ဘာမှ မတွေ့တဲ့အခါ ရှာဖွေမှုဧရိယာကို ချဲ့ထွင် ရန် လွတ်လပ်စွာဆုံးဖြတ်ခဲ့၏။
နံနက်စာစားပြီးနောက် လျူယောင် ကုမ္ပဏီ သွားရန် မစီစဉ်တော့ဘဲ လိပ်ကြီးရှာဖွေနေ တဲ့ ပင်လယ်ရေပြင်ကို သွားလိုက်သည်။ ချန်းဟူက လှေကိုမောင်းနှင်နေခဲ့သည်။ထိုဧရိယာသို့ရောက်ပြီးနောက် လျူယောင် ခဏစောင့်ပြီး ရေအောက် ဆင်းဖို့ ပြင်နေ စဥ် လိပ်ကြီးရဲ့ အံ့အားသင့်ဖွယ်ရာအသံက လျူယောင့် စိတ်ထဲတွင် ထွက်ပေါ်လာခဲ့ သည်။
“သခင်၊ ကျွန်တော်လည်ဆွဲတစ်ကုံး တွေ့ တယ်။ဒါ သခင်ရှာနေတဲ့လည်ဆွဲဟုတ်၊ မဟုတ်တော့ ကျွန်တော် မသိဘူး” ဟု ပြော လိုက်သည်။
“ဘာ!”
လျူယောင် ရုတ်တရက်စိတ် လှုပ်ရှားသွား ပြီး ချက်ချင်း “မင်းငါ့ကိုစောင့်နေ၊ ငါချက် ချင်းဆင်းလာခဲ့မယ်” ဟု ပြောလိုက်သည်။
ဒီနေရာက လည်ဆွဲပြုတ်ကျသွားတဲ့ အစိုး ရ ပေးတဲ့ တည်နေရာနဲ့ အနည်းငယ် လွဲ ချော်နေပြီး အနီးဆုံးရှာဖွေရေးသင်္ဘောနဲ့
လည်း မီတာ ၅၀၀ အကွာတွင်ရှိနေသည်။
ဘယ်သူမှ သူကို အာရုံမစိုက်တာကိုမြင်ပြီး နောက် လျူယောင် ရေငုပ်ဝတ်စုံ မဝတ်တော့ပဲ ရေထဲဆင်း
သွားကာ မကြာမီပင် လိပ်ကြီးရှိရာကို ရောက်ရှိသွားခဲ့သည်။
“သခင်၊ ကြည့်ပါဦး။ ဒါလေးလား”
သူက သေချာစစ်ဆေးကြည့်လိုက်ပြီး နောက် ဟုတ်၊ မဟုတ်ကို အခြေခံအားဖြင့် သေချာသွားခဲ့သည်။ဒါက စိန်အကြီး အရာပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ အပြာရောင် စိန်ကြီးဖြစ်ပြီး ထိုအပြာရောင်စိန်ကိုထင်ပေါ်ရန် ပန်းရောင်စိန်အသေးများနဲ့ ဝန်းရံကာ တွဲဆက်ထားသည်။
“ဒါပဲ!”
“ဒါက သူတို့ရှာနေတဲ့ လည်ဆွဲတာ သံသယ ဖြစ်စရာမရှိပေ။လျူယောင် ပျော်ရွှင်ခဲ့ပြီး လိပ်ကြီးရဲ့ဧရာမခေါင်းကြီးအား ညင်သာ စွာပွတ်သပ်ပေးခဲ့သည်။
“ကျေးဇူးတင်ပါတယ်”
“မင်းတကယ်ကိုအလုပ်ကောင်းကောင်းလုပ်ခဲ့တယ်။ ဒီလည်ဆွဲကို တွေ့အောင် ငါ့ကို ကူရှာပေးခဲ့တယ်” ဟု ပြောလိုက်သည်။
“သခင်၊ ကျွန်တော်ရဲ့တာဝန်ပြီး မြောက် သွားပြီ။ ကျွန်တော်ပင်လယ်ထဲမှာ လှိုင်းသွားစီးတော့မယ်” ဟု လိပ်ကြီးက ပြန်ပြော လိုက်သည်။
“ကောင်းပြီ၊ သွားပါ”
လိပ်ကြီး ထွက်သွားတာကို ကြည့်ပြီးနောက် လျူယောင် ရေပြင်ပေါ်ပြန်လာခဲ့ပြီး လည် ဆွဲအား စားပွဲပေါ်တင်ထား လိုက်သည်။ခ ဏအကြာတွင် ချန်းဟူရောက်လာခဲ့သည် ။ သူ လည်ဆွဲကို တစ်ချက်ကြည့်လိုက်ပြီး
“သူဌေး၊ ခင်ဗျားလည်ဆွဲကို ရှာလို့ရခဲ့တာ လား” ဟု အံ့အားသင့်စွာမေးလိုက်သည်။
လျူယောင်က
“ဟုတ်တယ်၊ ငါတို့ကံကောင်းတာ။နောက် ဆုံးတော့ ငါ ရှာတွေ့ခဲ့ပြီ” ဟု ပြန်ဖြေလိုက် သည်။
ချက်ချင်းပင် ချင်းဟူရဲ့မျက်နှာတွင် လေးစားတဲ့အကြည့်ရောက်ရှိလာခဲ့သည်။
“သူဌေးက တကယ် စွမ်းဆောင်နိုင်တာပဲ “
တကယ့်ကိုအံ့ဩစရာပဲ” ဟု
ဝမ်းသာအားရ ပြောလိုက်သည်။
“သူဌေး၊ ကျွန်တော်လည်ဆွဲကို တစ်ချက်ကြည့်လို့ရမလား” ဟု ချန်းဟူက စိတ်အားထက်သန်စွာမေးလိုက်သည်။
ဒါက ဒေါ်လာသန်း ၅၀ ကျော်တန်ဖိုးရှိတဲ့ လည်ဆွဲဖြစ်ပြီး နာမည်ကျော်လက်ဝတ် ရတနာပညာရှင်တစ်ဦးက ပြုလုပ်ထားတဲ့ အတွက် အဖိုးမဖြတ်နိုင်ပေ။
“ကြည့်လို့ရပါတယ် ” လို့ လျူယောင် ခေါင်းညိတ် သဘောတူလိုက်သည်။
ခွင့်ပြုချက်ရရှိပြီးနောက် ချင်းဟူက လည် ဆွဲအား အလေးအနက်ထားပြီး ကြည့်ရှု လိုက်သည်။ သူ့ အနေအထား ကိုသိသည်။ လည်ဆွဲအား မယူဘဲ စားပွဲပေါ်တွင် တင် ထားပြီး အနီးကပ်ကြည့်ခဲ့ပြီး
ချန်းဟူက
“သူဋေး ဒါက ဒေါ်လာသန်း ၅၀ ကျော်တန် ဖိုးရှိတဲ့ လည်ဆွဲပဲ။ သူဋေးရှာတွေ့ခဲ့တာကို ဘယ်သူမှမသိဘူး။ဒေါ်လာသန်း ၂၀ ဆု ကြေး ကို မတောင်းဘဲ သူဋေးကိုယ်တိုင် သိမ်းထားပါလား” ဟု ပြောလေသည်။
“ဒေါ်လာသန်း ၂၀ နှင့် ဒေါ်လာသန်း ၅၀ “
လျူယောင်လည်း ဒီမေးခွန်းကို စဉ်းစားခဲ့ ဖူးသည်။ဒါပေမဲ့ သူက လည်ဆွဲအားကိုယ် တိုင်သိမ်းထားမဲ့ အစား ဒေါ်လာသန်း ၂၀ ဆုကြေးကိုပဲ ယူရန် ဆုံးဖြတ်ခဲ့သည်။
“ဒီလည်ဆွဲက အရမ်းကိုနာမည်ကြီးပြီး ထူးခြားတယ်။ခင်ဗျားအပြင်ယူလိုက်တာနဲ့ တခြားလူတွေက ဒါကို မင်းသားA နဲ့မင်းသ မီး A တို့ရဲ့ စေ့စပ်ပစ္စည်းဖြစ်တယ်ဆိုတာ သိသွားကြလိမ့်မယ်။ အခု သိမ်းထားမယ် ဆိုရင်တောင် အနာဂတ်မှာ ထုတ်လို့မရနိုင်ဘူး "" ဟု ပြန်ပြောလိုက်သည်။
ဒီလည်ဆွဲကို ကိုယ်တိုင်သိမ်းထားလို့ မရ နိုင်တာကြောင့် ဒေါ်လာသန်း ၂၀ ဆုကြေးရဖို့ အတွက် လည်ဆွဲကို ပြန်ပေးရမှာ သေချာသည်။
“သွားမယ် ငါတို့ပြန်ပြီး မင်းသားAဆီက ပိုက်ဆံတောင်းရအောင်” ဟု လျူယောင် ပြောလိုက်သည်။
ဟွာဟိုင်းမြို့ကြယ်ငါးပွင့်ဟိုတယ်တစ်ခုတွင် မင်းသားAနဲ့မင်းသမီးAတို့မှာ သမ္မတ ခန်းတွင်ရှိနေကြပြီး အခြွေအရံ အချို့က သူတို့ရဲ့ပစ္စည်းများကို ထုပ်ပိုးနေကြသည်။
သူတို့ရဲ့အထူးလေယာဉ်မှာလည်း အသင့် ဖြစ်နေတာကြောင့် ယနေ့ညတွင် ဟွာဟိုင်း မြို့ မှ ထွက်ခွာရန် စီစဉ်ထားသည်။
“ အချစ် စိတ်မကောင်းပါဘူး။ ငါတို့ရဲ့ စေ့စပ်လည်ဆွဲက ပျောက်ဆုံးသွား ပြီ ထင်တယ်” ဟု ပြောလိုက်သည်။
မိမိကိုယ်ကို အပြစ်တင်နေတဲ့ မင်းသမီးကို မြင်လိုက်ရတဲ့အခါ မင်းသားက A ညင်သာ စွာသက်ပြင်းချလိုက်သည်။
“ ဟူး “
ဖြစ်ကောင်းဖြစ်နိုင်လောက်တယ် "
ဒီလည်ဆွဲ ကိုရှာတွေ့ဖို့က တကယ့်ကို မျှော်လင့် ချက်မရှိတော့ပေ။