အခန်း 74 ဧရာမ အပေါက်ကြီးများ
မလှမ်းမကမ်းတွင် ကုန်သေတ္တာတင် သင်္ဘော တစ်စင်းက ဥဩသံကိုကျယ်လောင်စွာပေးရင်း ဖြည်းဖြည်းချင်းထွက်ခွာနေခဲ့သည်။
ဥဩသံက ကျယ်ပြီး မြင့်နေတာကြောင့် ထိုင်း မှိုင်းနေတဲ့ ရှီလီဘင်း ရဲ့သတိကို နိုးလာစေ ခဲ့သည်။
ဆိပ်ကမ်းမှ ထွက်ခွာသွားတဲ့ သင်္ဘောကို သူကြည့်လိုက်တာနဲ့ မကြာမီတွင် သူရဲ့မျက်နှာ ပြောင်းလဲသွားပြန်သည်။
ရှီလီဘင်းက ဒေါသတကြီးဖြင့် "ဒါက globalကု မ္ပဏီရဲ့ သင်္ဘောပဲ ငါတို့က တားမြစ် ထားတဲ့ ပစ္စည်းတွေရှိတယ်လို့ တိုင်ကြား ထားတာ မ ဟုတ်ဘူးလား ဘယ်လိုလုပ် ဒီလောက်မြန်မြန် ဆိပ်ကမ်းကနေ ထွက်သွားနိုင်တာလဲ" လို့ မေးလိုက်သည်။
သူ့ဘေးတွင် ရပ်နေတဲ့ ယွန်ကွမ်းဟွေ့က ရဲရင့်စွ ာဖြင့် "ကျွန်တော့်သခင်၊ အကောက်ခွန်က စစ် ဆေးမှုပြီးသွားပါပြီ Global ရဲ့ သင်္ဘောနဲ့ ပတ် သက်ပြီး ဘာပြဿနာမှမရှိဘူးလို့ ပြောပါတယ် သူတို့ ဆိပ်ကမ်းကနေ ထွက်ခွာလို့ရပါပြီ"
ဟု ပြန်ဖြေလိုက်သည်။
ရှီလီဘင်း ဒေါသကြောင့် ခုန်ပေါက်နေပြီး
"ဒါက ဘယ်လိုဖြစ်ရတာလဲ။ အနည်းဆုံး ဆယ် ရက်၊ ရှစ်ရက်ကြာမှ ထွက်ခွာရမယ်လို့ မင်း မ ပြောခဲ့ဘူးလား" ဟု ပြတ်သား စွာ ပြောလိုက် သည်။
ယွန်ကွမ်ဟွေ့ ခေါင်းငုံ့ထားသည်။
Global ရဲ့ သင်္ဘောမှာ ဘာ့ကြောင့် သုံးရက် လေးရက်အတွင်း ဆိပ်ကမ်းမှ ထွက်ခွာ နိုင်ခဲ့တာကို သူလည်း မနားလည်နိုင်ခဲ့ပေ။
ဟုတ်ပါတယ် ဟူဂျွန်းရှီက တက်ကြွစွာပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ကောင်းမွန်တဲ့ သဘောထား ရှိခဲ့ကြောင်းကို သူ မသိခဲ့ပါဘူး။
ဒါ့အပြင် တားမြစ်ထားတဲ့ပစ္စည်းများလည်း တကယ်မရှိခဲ့ပါဘူး။ လုပ်ထုံးလုပ်နည်းများနဲ့ စာရွက်စာတမ်းများအားလုံး ပြည့်စုံပြီး အပြစ် အနာအဆာမရှိခဲ့ပါဘူး။ အကောက်ခွန်ငှာန လူတွေက လူမိုက်တွေမဟုတ်ဘူး။
ရုတ်တရက် အော်ဟစ်သံများစွာ ထွက်ပေါ် လာခဲ့သည်။
"အား၊ ကြောက်စရာကြီး!"
"ပြီးပြီ ပြီးပြီ ဒီတစ်ခါတော့ လုံးဝပြီးပြီ!"
ပရိုတွန်ရဲ့သင်္ဘောက ပိုစောင်းသွားပြီး ကုန်သေတ္တာများစွာက ပင်လယ်ရေထဲ ပြုတ်ကျသွားသည်။ ဒီလို မြင်ကွင်းတစ်ခုလုံးကို တကယ့်ဘေးအန္တရာယ်ရုပ်ရှင်လိုမျိုး ဖြစ်ပေါ်စေခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်သံများ ထွက်ပေါ်လာစေခဲ့သည်။
ရှီလီဘင်း ဖြည်းဖြည်းချင်းထွက်ခွာနေတဲ့ Global ကုမ္ပဏီရဲ့ သင်္ဘောကို ဂရုမစိုက် နိုင် တော့ပေ။ သူ့ရှေ့ တွင်ဖြစ်ပျက်နေတဲ့ ကုန် သေတ္တာအများအပြား ပြုတ်ကျတာကို အကူ အညီမဲ့စွာကြည့်နိုင်ခဲ့သည်။
"ပြီးပြီ ပြီးပြီ "
ရှီလီဘင်းရဲ့ မျက်နှာက အနည်းငယ် ဖြူဖ တ်ဖြူလျော်ဖြစ်နေပြီး သူ့ဘာသာသူ ရေရွတ် နေခဲ့သည်။ ဒီတစ်ကြိမ်မှာ အရှုံးက ကြီးမား တယ်ဆိုတာကို သူသိသည်။ ပရိုတွန် အဖွဲ့တည် ထောင်ပြီးကတည်းက ဒီလိုကြီးမားတဲ့ အရှုံး မျိုးကို တစ်ခါမှ မခံစားရဖူးပေ။
သင်္ဘောက တဖြည်းဖြည်းစောင်း သွားပြီး တ ဖြည်းဖြည်းနစ်မြုပ်သွားခဲ့သည်။ နောက် ဆုံး တွင် ပင်လယ်အောက်ခြေကို နစ်မြုပ်သွားခဲ့ပြီး ရေပေါ်တွင် အနည်းငယ်သာ ပေါ်နေတော့သည်။ အဓိကအကြောင်းရင်းမှာ ဆိပ်ခံတံတားဘေးမှ ရေက အနက်မီတာ အနည်းငယ်သာ ရှိတာ ကြောင့်ဖြစ်သည်။
သင်္ဘောက အောက်ခြေကို နစ်မြုပ်ပြီးနောက် အနည်းငယ်တော့ ပေါ်နေသေးသည်။ ရေက လုံလုံလောက်လောက်နက်ခဲ့မယ်ဆိုရင် ခြေရာလက်ရာမကျန် နစ်မြုပ်သွားနိုင်သည်။
လျုယောင် ရုံးခန်းရှိ သူဋေးကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ကျိုးယန်နဲ့ဟူဂျွန်းရှီ တို့ရဲ့အစီရင်ခံ စာများကို နားထောင်နေခဲ့သည်။
ဟူဂျွန်းရှီက "အကိုယောင် ကျွန်တော်တို့ရဲ့ သင်္ဘောက တစ်နာရီအကြာမှာ ဆိပ်ကမ်းကနေ နောက်ဆုံးထွက်ခွာသွားခဲ့ပါတယ်။ သုံးရက်၊ လေးရက်လောက် နောက်ကျခဲ့ပေမဲ့ ကျွန်တော်တို့က စာချုပ်တည်းကအတိုင်း ဆိပ်ကမ်းကို အချိန်မှန်ရောက်နိုင်ခဲ့ပြီး၊ ဆိပ်ကမ်းရောက်မယ့်ရက်ကို ထိခိုက်မှာမဟုတ်ပါဘူး" ဟုပြောလိုက်သည်။
ဒါကလည်း သတင်းကောင်းတစ်ခုဖြစ်သည်။
ဒီလိုကြားတဲ့အခါ လျုယောင်က စာချုပ်တွင် သတ်မှတ်ထားတဲ့အတိုင်း ဆိပ်ကမ်းကို အချိန် မှန်ရောက်တာကြောင့် စိတ်သက်သာရာ ရသွား ခဲ့သည်။ ပစ္စည်း မဆုံးရူံးတာကြောင့် ဖောက် သည်အား ကျေနပ်ဖွယ်ရှင်းပြချက်တစ်ခုကို ပေးနိုင်လိမ့်မည်။
ကျိုးယန်က "သူဋေး ခင်ဗျား ကြား ပြီးသား ဖြစ်မှာပါ ဒီမနက် ဒုံရှန်းပင်လယ်ရေနက် ဆိပ် ကမ်းမှာ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခု ဖြစ် သွားခဲ့ပါတယ်။ ပရိုတွန်သမုဒ္ဒရာသင်္ဘောနဲ့ သက်ဆိုင်တဲ့ တန် ၈၀,၀၀၀ ကုန်သေတ္တာတင် သင်္ဘောတစ်စင်း နစ်မြုပ်သွာခဲ့ပြီး နစ်မြုပ်ချိန် အရမ်းမြန်တာကြောင် တစ်နာရီ ကျော် အတွင်း မှာပဲ ပင်လယ်အောက်ခြေကို လုံးဝမြုပ် သွားခဲ့ ပါတယ်"
လျုယောင်က ပြုံးလိုက်သည်။
ဒီသင်္ဘောကို လိပ်ကြီး က ဧရာမအပေါက် ဆယ် ခုကျော်ဖြင့် ထိုးဖောက်ခဲ့ပြီး၊ ဆန်ခါ တစ်ခုနီးပါး ဖြစ်ခဲ့တာကြောင့် သင်္ဘောက အလွန် မြန်မြန်န စ်မြုပ်သွားရမည်။
ဒါပေမဲ့ လျူယောင်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး သူကိုယ်တိုင် လုပ်ခဲ့တာလို့ မပြောခဲ့ပေ။
သင်္ဘောဘာ့ကြောင့် နစ်မြုပ်ရတယ်ဆိုတဲ့ အကြောင်းပြချက်ကို လျုယောင် ဘယ်သူ့ကိုမှ ပြောပြမည်မဟုတ်ပေ။
လျုယောင် ပျော်ရွှင်စွာဖြင့် "ဒါက တကယ့်ကို သတင်းကောင်းပဲ။ မကောင်းမှု့အတွက် မ ကောင်းမှု့က အကျိုးပေးတာပေါ့။ အချိန်မ ရောက်ခင် ပရိုတွန်အဖွဲ့ က ငါတို့ကို နောက် ကွယ်က တိုင်ကြားခဲ့တာပဲ။သူတို့ ဒါမျိုးဖြစ် ထိုက်ပ ါတယ်" ဟု ပြန်ဖြေလိုက်သည်။
ဒီလို ကြီးမားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်သွားတဲ့အခါ ပရိုတွန်အဖွဲ့ ထိတ်လန့်သွားခဲ့သည်။
ပရိုတွန်အဖွဲ့ ရဲ့ သူဌေးဖြစ်သူ ရှီဝမ်ချွမ်းက အ များအားဖြင့် တွေ့ရခဲသောသူဖြစ်ပြီး ယခု တော့ သူက ပရိုတွန်အဖွဲ့ ကို အလျင်အမြန်ပြေးလာခဲ့ ပြီး အဆင့်မြင့်အမှုဆောင်အရာရှိအားလုံးကို ချက်ချင်းအစည်းအဝေး ခေါ်ခဲ့သည်။
ဧရာမ အစည်းအဝေးခန်းမကြီးထဲတွင် ပရို တွန်ရဲ့ အဆင့်မြင့်အ မှုဆောင် အရာရှိများ အားလုံးရှိနေပေမဲ့ လေထုက အလွန်ဖိစီးပြီး တိတ်ဆိတ်နေခဲ့သည်။
ဟုတ်ပါတယ် ရှီလီဘင်းလည်း ရှီဝမ်ချွမ်း ဘေးတွင် ထိုင်နေခဲ့သည်။ ယခုအချိန်အထိ သူက ဒီလို အရာမျိုး ဘာ့ကြောင့်ဖြစ်ရလဲ ဆိုတာ အံ့သြနေခဲ့သည်။
ရှီဝမ်ချွမ်းက ပရိုတွန်ရဲ့ သူဋေးဖြစ်ပြီး ရှယ်ယာ ၅၀% ကျော်ကို ပိုင်ဆိုင်ထားတာကြောင့် ပြောဆိုခွင့် အပြည့်အဝရှိသည်။ သူကိုယ်တိုင် အစည်းအဝေးကို ဦးဆောင်ခဲ့သည်။
"ဘာလို့ ငါ တို့သင်္ဘော နစ်မြုပ်ရတာ လဲအ ကြောင်းရင်းကို ရှင်းရှင်းလင်းလင်း စုံစမ်းပြီးပြီလား "
အဆင့်မြင့် အစီရင်ခံသူတစ်ဦးက
"သူဋေးသင်္ဘောအောက်ခြေမှာ ဧရာမအပေါက် ၁၄ ခုရှိနေတာကို ရှင်းရှင်းလင်းလင်းသိရပါပြီ။ ဒါက ဓာတ်ပုံပါ" ဟု အစီရင်ခံလိုက်သည်။
စကားပြောပြီးနောက် သူက ပရိုဂျက်တာ အဝေး ထိန်းခလုတ်ကို နှိပ်လိုက်ကာ ဓာတ်ပုံမျ ား က အားလုံးရှေ့တွင် ပေါ်လာခဲ့သည်။ သင်္ဘောအောက်ခြေမှ အပေါက်တစ်ခုရဲ့ ဓာတ် ပုံသာမက သင်္ဘောနစ်မြုပ်တဲ့ ဓာတ်ပုံလည်း ပါရှိသည်။
အပေါက်ကြီးများက သူတို့ပါးစပ်များကို ကျယ် ကျယ်ဟထ သလိုမျိုး သူတို့ကို လှောင်ပြောင် ရယ်မောနေပုံရသည်။
ရှီဝမ်ချွမ်း အလွန်ဒေါသထွက်နေပေမဲ့ ဒေါသကို ဖိနှိပ်ထားပြီး "ဒီလောက်ကောင်းတဲ့သင်္ဘောမှာ ဘာလို့ အပေါက်ကြီးတွေ အများကြီး ရှိနေတာ လဲ" ဟု ကျယ်လောင်စွာမေးလိုက်သည်။
"ကျွန်တော်တို့က ကနဦး ခွဲခြမ်းစိတ်ဖြာမှုနဲ့ စစ် ဆေးမှုတွေကို လုပ်ဆောင်ချက်အရ အပေါက် တွေကို သင်္ဘောရဲ့အပြင်ဘက်ကနေ ဧရာမ ချွန်ထက်တဲ့အရာဝတ္ထုနဲ့ ထိုးဖောက်ခဲ့တာလို့ သဘောတူခဲ့ပါတယ်" ဟု အရင်းအမြစ်က အစီရင်ခံသည်။
သူစကားမဆုံးခင် ရှီဝမ်ချွမ်းက ကြားဖြတ် ပြောပြီး
"ဒါက ပီယာနိုကို ရမ်းပြီးတီးနေတာပဲ။ ဒီအ ပေါက်တွေကို ကြည့်လိုက်၊ တစ်ခုချင်းစီက တစ်မီတာကျော်ရှိတယ်။ ဧရာ မချွန်ထက် တဲ့ကိ ရိယာ အများကြီးလိုတယ်။ အနည်းဆုံး တန်အ နည်းငယ် ဒါမှမဟုတ် တန်ဆယ်ချီအထိတောင် ရှိတဲ့ ချွန်ထက်တဲ့ လက်နက်ကိရိယာမျိုး၊ ဒီလောက်လေးတဲ့အရာကို ဘယ်သူ ကိုင်တွယ် နိုင်မှာလဲ" ဟု ကျယ်လောင်စွာပြောလိုက်သည်။
ရှီဝမ်ချွမ်းပြောတာ မှန်တယ်လို့ လူများစွာက တွေးကြသည်။ ဒါပေမဲ့ ဒီအပေါက်တွေရဲ့ ပုံပန်း သဏ္ဍာန်ကိုကြည့်ပြီး သင်္ဘောရဲ့အပြင်ဘက် ကနေ ချွန်ထက်တဲ့လက်နက်နဲ့ ထိုးဖောက်ခံရ ပြီးနောက် ပေါ်လာပုံရသည်။
သူတို့ ဘယ်လိုပဲ စဉ်းစားစဉ်းစား ဒီအပေါက် တွေ ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကို သူတို့ ရှာမတွေ့နိုင်သေးပေ။
သူတို့က ဆွေးနွေးပြီး ခွဲခြမ်းစိတ်ဖြာခဲ့ပေမဲ့ ရလဒ်ကောင်း မရှိခဲ့တာသေချာပါသည်။ ဒါက မဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်မှု့တစ်ခု ဖြစ်နိုင်သည်။
ဒီတစ်ကြိမ်ရဲ့ဆုံးရှုံးမှုက အခြေခံအားဖြင့် ခန့်မှန်းချက်အရ ၂ ဘီလီယံယွမ်ကျော်ရှိပြီး တန်ချိန် ၈၀,၀၀၀ ကျော်ရှိတဲ့ ဒီကုန်သေတ္တာတင် သင်္ဘောက ဒီလောက်တန်ဖိုးမရှိတာကတော့ သေချာသည်။
အဓိကကတော့ အဲဒီ့ကုန်သေတ္တာတွေထဲက ကုန်ပစ္စည်းတွေမှာ တန်ဖိုးရှိတာကြောင့် ဒီလို ဆုံးရှုံးမှု့တွေကို ဖြစ်လာတာပဲ ဖြစ်သည်။
"၂ ဘီလီယံကျော်!"
ရှီဝမ်ချွမ်း သူ့ နှလုံးသားက အနည်းငယ် မသက် မသာဖြစ်နေတယ် ဟု ခံစားရသည်။ ပရိုတွန် အဖွဲ့ အတွက် တစ်နှစ်တာ ကြိုးစား လုပ်ကိုင်ပြီး နောက် အသားတင်အမြတ်က ၂ ဘီလီယံဝန်း ကျင်သာရှိသည်။
တစ်နှစ်တာလုံး အလုပ်လုပ်တာက ဘာမှ အဖက်ဆည် မရသလိုပင်။
အစည်းအဝေးက တစ်နာရီကြာခဲ့ပြီး ရှီဝမ်ချွမ်း က မတော်တဆမှုရဲ့ အမှန်တကယ်အကြောင်း ရင်းကို စုံစမ်းဖို့အတွက် စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းဖို့ အမိန့်ပေးခဲ့သည်။ဒါပေမဲ့ အကြံက ကောင်းသော်လည်း စုံစမ်းစစ်ဆေးမှုကနေ ဘာကိုမှ ရှာမတွေ့နိုင်ပေ။
ဒါ့အပြင် ဒီလို သင်္ဘောကြီးတစ်စင်းက ဆိပ်ခံ တံတားမှာ နစ်မြုပ်သွားခဲ့တာကြောင့် ဒုံရှန်း ဆိပ်ခံတံတားမှာ ဆိုက်ကပ်ဖို့နေရာတစ်ခုကို သိမ်းပိုက်ထားခဲ့သည်။
နစ်မြုပ်နေတဲ့သင်္ဘောကို ရုတ်သိမ်းခြင်း ဒါမှ မဟုတ် ဖယ်ရှားခြင်းလုပ်ရမည်။ မဟုတ်ရင် တော့ ဆိပ်ခံတံတားအဖွဲ့ က အဲဒီအတိုင်း ထား မှာမဟုတ်ပေ။
သို့သော်လည်း သိပ္ပံနှင့်နည်းပညာက အတော် လေး အဆင့်မြင့်နေပေမဲ့ တန်ချိန် ၈၀,၀၀၀ ရှိတဲ့ ဧရာမသင်္ဘောတစ်စင်းကို ရွှေ့ဖို့ ဒါမှမ ဟုတ် ရုတ်သိမ်းဖို့က ကြီးမားတဲ့ ပြဿနာ တစ်ခုဖြစ်နေဆဲပဲဖြစ်သည်။
အစည်းအဝေးခန်းမတစ်ခုလုံးတွင် ရှီလီဘင်းက စကားမပြောခဲ့ပေ။ သူက ခေါင်းကို အနည်း ငယ်ငုံ့ထားပြီး ဒီသင်္ဘောတွင် အပေါက်ကြီး ဆယ်ခုကျော် ဘာ့ကြောင့်ရှိနေတာကို စဉ်း စားနေခဲ့သည်။
သူက ဆိပ်ခံတံတားမှ ပြန်လာပြီးကတည်းက ဒီမေးခွန်းကို စဉ်းစားနေခဲ့ပြီး အစည်း အဝေး ပြီးနောက် သူရဲ့ရုံးခန်းသို့ ပြန်ရောက်တဲ့ အခါ တွင်လည်း ထိုမေးခွန်းကိုပင် စဥ်းစားနေဆဲ ဖြစ်သည်။
တဖြည်းဖြည်းနှင့် သူ့ရဲ့ စိတ်ထဲတွင် မှန်းဆ ချက်တစ်ခု ပေါ်လာပြီး ထိတ်လန့်သွားခဲ့သည်။
" ဒါက Global ရဲ့ လက်ချက်များလား "