အခန်း 75 သင်ခန်းစာက မလုံလောက်သေးဘူး နဲ့ တူတယ်
Global က လုပ်ခဲ့တာဖြစ်နိုင်တယ်လို့ တွေး လိုက်မိတဲ့အခါ ရှီလီဘင်း တကယ်ကို လန့် သွားခဲ့သည်။
ဒါပေမဲ့ ဒီမှန်းဆချက်က ချက်ချင်း ပယ်ချ ခံခဲ့ ရသည်။
"ဒါက မတော်တဆဖြစ်ရပ်တစ်ခု ဖြစ်နိုင်ပါ တယ်" လို့သာ သူတွေးမိသည်။
Global က တန်ချိန်ထောင်ချီရှိတဲ့ သင်္ဘောကြီး တစ်စင်းကို ရုတ်တရက် အသံမကြားရဘဲ နစ် မြုပ်စေနိုင်တာကို ရှီလီဘင်း မယုံကြည် နိုင်ခဲ့ ပေ။
မကြာမီတွင် သူက နောက်တစ်ကြိမ် တုံ့ဆိုင်း သွားခဲ့သည်။
"Global လုပ်ခဲ့တာ ဆိုရင်ကော"
ကျိုးယန်ရဲ့ "နောက်ဆက်တွဲဖြစ်လာမယ့် အရာ အားလုံးကို ပရိုတွန် က ခံရမှာဖြစ်တယ်"ဟု ခြိမ်းခြောက်ခဲ့တဲ့ စကားများကို စိတ်ထဲတွင် ပြန်ပေါ်လာခဲ့သည်။
ရှီလီဘင်း အချိန်အတော်ကြာ စဉ်းစားခဲ့ပြီး နှစ်ဖက်စလုံး ယိမ်းထိုးနေခဲ့သည်။
နောက်ဆုံးတွင် သူက ဒီအဖြစ်အပျက်နဲ့ Global တို့ ပတ်သက်နေတာကို မယုံသေး ပေ။တကယ် လို့သာ Global တွင် ဒီလို စွမ်းရည်များ တကယ် ရှိခဲ့မယ်ဆိုပါက ကစားစရာမလိုဘဲ ပရိုတွန်က တိုက်ရိုက်လက်နက်ချကြောင်း ကြေညာနိုင် လိမ့်မည်။
"ဒါက လုံးဝ မဖြစ်နိုင်ဘူး "
" Global က ဒါကို တကယ်လုပ်နိုင်မယ်ဆိုရင် ဒါဟာ ဟာသတစ်ခုဖြစ်မှာပဲ "
"ဟွန့်၊ ဒါက သူတို့ မဟုတ်တာ သေချာတယ်။ ဘာလို့ ကောင်းကင်ကိုမသွားကြတာလဲ ငါတို့ကို ခြိမ်းခြောက်တာက ဘာလဲ နောက်ဆက် တွဲဖြစ် လာမယ့် အရာအားလုံးကို ပရိုတွန် က ခံရလိမ့်မ ယ်ဆိုတာ ဘာလဲ "
ရှီလီဘင်းက ဒုံရှန်း ဆိပ်ကမ်းတွင် မနက်က ဖြည်းဖြည်းချင်း ထွက်ခွာသွားတဲ့ Global မှ ကုန်သေတ္တာတင်သင်္ဘောကို မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။
"ဒါက အရမ်းကို စိတ်အနှောင့် အယှက် ဖြစ်စရာ ပဲ!"
ရှီလီဘင်း အေးစက်စက်ဖြင့် နှာမှုတ်လိုက် သည်။ သူရဲ့စိတ်ထဲတွင် Global ကို သင်ခန်းစာ အနည်းငယ် ထပ်ပေးရန်ဖြစ်သည်။ သူရဲ့ လက် အောက်ငယ်သားများကအကောက်ခွန်ကို နောက်တစ်ကြိမ် Global ကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခြင်းလိုမျိုး အကြံဥာဏ် အချို့ရှိခဲ့ သည်။
ပရိုတွန်ရဲ့ ခိုင်မာတဲ့အင်အားကို အားကိုးပြီး မှာယူမှုအချို့ကို ရယူခြင်းဖြင့် Global တွင် လုပ်စရာအလုပ်မရှိဘဲ ကုန်တင်သ င်္ဘောအချို့ မှာတင်ပို့ရန် ကုန်စည်မရှိခြင်းလိုမျိုး အကြံများ ကို ပေးခဲ့ကြသည်။
အချို့လူများက ကျိုးယန် နဲ့ ဟူဂျွန်းရှီကို ငွေအ ချို့ပေးပြီး အမှတ်ရသွားအောင် လုပ်ဖို့ပင် အ ကြံပြုခဲ့သည်။
ခဏတာ စဉ်းစားပြီးနောက် ရှီလီဘင်းက ပရို တွန်ရဲ့ အင့်အားကို အားကိုးပြီး Global မှ မှာ ယူမှုအချို့ကို ရယူခြင်းက ပိုမိုယုံ ကြည် စိတ် ချရမယ်လို့ ခံစားရဆဲဖြစ်သည်။
ငွေအချို့သုံးပြီး ကျိုးယန်နဲ့ဟူဂျွန်းရှီ ကို သင် ခန်းစာပေးခြင်းက အနာဂတ်တွင် အသုံးပြုနိုင်မဲ့ နည်းလမ်းတစ်ခုအဖြစ် သိမ်းဆည်းထားနိုင် သည်။
တန်ပြန်အစီအမံများကို စဉ်းစားပြီးနောက် ရှီလီဘင်း ဖုန်း ကောက်ကိုင်ပြီး အမိန့်အချို့ကို ပေးလိုက်သည်။
ပြီးနောက် သူ့ မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာပြီး စိတ်ထဲတွင် "ဟွာဟိုင်းမြို့မှာ ပရို တွန်က သမုဒ္ဒရာသယ်ယူပို့ ဆောင်ရေးလုပ်င န်းမှာ ဦးဆောင်သူဖြစ်တယ်။Global မင်းမှာ အလုပ်မရှိဘူးဆိုရင်တော့ ငါ့ကို လာပြီး အသ နားခံဖို့ စောင့်နေပါတော့" ဟုတွေး နေခဲ့ သည်။
လျုယောင် ရုံးခန်းထဲတွင် ထိုင်နေပြီး စာရွက် စာတမ်းတစ်ခုကို ကြည့်နေခဲ့သည်။
ကုမ္ပဏီရဲ့ဖွံ့ဖြိုးတိုးတက်မှုက ကောင်းမွန်ပြီး လျုယောင်ရဲ့ မျက်နှာတွင် ကျေနပ်မှု အပြည့်ရှိ နေသည်။
ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ သူက အကြီးတန်း အုပ်ချုပ်ရေးအဖွဲ့ကို အင်အားဖြည့်တင်းပြီး ဒုတိယအထွေထွေမန်နေဂျာအတွက် အထောက် အကူဖြစ်စေရန် ကုမ္ပဏီတစ်ခုကို မေးသင့်သ လားဟုပင် တွေးနေခဲ့စဥ်
"ဘုန်း၊ ဘုန်း၊ ဘုန်း!"
ရုံးခန်းတံခါးကို ခေါက်သံ ထွက်ပေါ်လာပြီး ဟူရှီးဂျွန်က တံခါးကိုတွန်းဖွင့်ကာ "အကိုယောင် ခင်ဗျားကို အစီရင်ခံဖို့ လိုအပ်တဲ့ကိစ္စ တစ်ခုရှိပ ါတယ်" ဟုပြောလိုက်သည်။
လျုယောင် ခေါင်းညိတ်ပြလိုက်သည်။
ဟူဂျွန်းရှိက "လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ဖောက် သည်အများအပြားက သူတို့ရဲ့ မှာယူမှုတွေကို ကျွန်တော်တို့ဆီ ပေးချင်ခဲ့ကြပေမဲ့၊ ပရိုတန်အဖွဲ့ က သူတို့ကို ကြားဖြတ်နှောင့်ယှက်ခဲ့ပါတယ် "
အစီရင်ခံစာကို နားထောင်ပြီးနောက် လျု ယောင်က ရယ်မောလိုက်သည်။
သူတို့ကို ပေးခဲ့တဲ့ သင်ခန်းစာတွေက မလုံ လောက်သေးဘူးနဲ့ တူတယ်။
ဟူဂျွန်းရှီက ဆက်ပြောလိုက်သည်။
"သူတို့က သူတို့ရဲ့ကုမ္ပဏီမှာ မှာယူမှုတွေကို တစ်ခုပြီးတစ်ခု ရယူသွားကြတော့ လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ကုမ္ပဏီက မှာယူမှုတစ်ခုတောင် မရခဲ့ပါဘူး "
Global တွင် ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောတစ်စင်းရှိပြီး မှာယူမှုအတွက် စောင့် ဆိုင်းနေခဲ့သည်။ မှာယူမှုမရှိဘဲ ဆိပ်ကမ်းမှာ အချိန်အကြာကြီး ဆိုက်ကပ်ထားလို့မရပါဘူး။ ဆိုက်ကပ်ထားတဲ့ နေ့တိုင်းအတွက် ဆိပ်ကမ်းကို အခကြေးငွေတစ်ရက် ပေးဆောင်ရသည်။
အကောင်းဆုံးအခြေအနေကတော့ မှာယူမှုတွေ လုံလောက်စွာရှိမှသာ သင်္ဘောတွေက ချက် ချင်းကုန်တင်ပြီး ထွက်ခွာနိုင်တာ ဖြစ် ပါတယ်။ ဒါပေမဲ့ အခုတော့ ဒီလိုမဟုတ်ဘဲ ပရိုတွန် က အလယ်ကနေ ဖြတ်တောက်နေခဲ့သည်။
ဟူဂျွန်းရှီက ဒေါသတကြီးဖြင့်
"အကိုယောင် ဒါက တရားမျှတတဲ့ ပြိုင်ဆိုင် မှုဖြစ်ပြီး သူတို့အင်အားနဲ့ ကျွန်တော် တို့ရဲ့ လုပ်ငန်းကို ရယူသွားတယ်ဆိုရင်တော့ မေ့လို က်ပါတော့ “
“ကျွန်တော်တို့ရဲ့စုံစမ်းစစ်ဆေးမှုအရ ပရိုတွန်က လုံးဝမကောင်းဆိုးရွားဆန်တဲ့နည်းလမ်းအချို့ကို အသုံးပြုခဲ့တာကြောင့် ဒါက လုံးဝ တရား မျှတတဲ့ ပြိုင်ဆိုင်မှုမဟုတ်ပါဘူး "
ဟူဂျွန်းရှီ ဘာလို့ဒီလောက် ဒေါသ ထွက်ရတာလဲဆိုတာ အံ့သြစရာမလိုပါဘူး ။
ပရိုတွန် ရဲ့ နည်းလမ်းတွေက မကောင်းဆိုးရွ ားဆန်ပြီး ညစ်ပတ်ခဲ့သည်။ဒါက ကုမ္ပဏီ တွေအကြား ပြိုင်ဆိုင်မှုမဟုတ်ပေ။
လျုယောင်က "စိတ်မပူနဲ့၊ ငါတို့ မကြာခင်မှာ မှာယူမှုတစ်ခု ရှိလာလိမ့်မယ်" ဟု နှစ်သိမ့် လိုက်သည်။
ဟူဂျွန်းရှီကို နှစ်သိမ့်ပြီး သူထွက်သွား တာ ကိုကြည့်ပြီးနောက် လျုယောင်က "ပရိုတွန် ကို သင်ခန်းစာအချို့ ဆက်ပေး ရတော့မယ် ထင် တယ်၊ လွန်ခဲ့တဲ့ နှစ်ရက်က သင်ခန်းစာတွေက မလုံလောက်သေးဘူးထင်တယ် " လို့ စိတ်ထဲ တွင် တွေးနေခဲ့သည်။
"လိပ်ကြီး၊ မင်းဘယ်မှာလဲ၊ လုပ်စရာ အလုပ်ရှိ တယ် "
လျူယောင် လိပ်ကြီးနဲ့ ဆက်သွယ်လိုက်သည်။
လိပ်ကြီးက စိတ်လှုပ်ရှားစွာနဲ့ "သခင်၊ ကျွန်တော် ပင်လယ်နားမှာပဲ ရှိနေပါတယ် ကျွန်တော့်ကို သင်္ဘောကြီးတစ်စင်း ထပ်ပြီး ထိုးဖောက်ခိုင်းတော့မှာလား။ စိတ်မပူပါနဲ့၊ တစ်နာရီအတွင်း ဒုံရှန်းဆိပ်ကမ်းကို ရောက်အောင်သွားနိုင်မယ်လို့ ကျွန်တော် အာမခံပါတယ်" ဟုပြောလိုက်သည်။
"မင်း အခုပဲ အဲဒီဆိပ်ကမ်းကိုသွား ရောက်ရင် ငါ့ကို အဆက်အသွယ်လုပ်။"
"ကောင်းပြီ၊ ကျွန်တော် အခုပဲ သွားပါ့မယ်။"
လိပ်ကြီးက ပင်လယ်ပတ်လည်တွင် လှည့် လည် သွားနေခဲ့ပေမဲ့ အမိန့်ကို လက်ခံရရှိပြီးနောက် သူရဲ့ဧရာမလှံကြီးကို သယ်ကာ ဒုံရှန်း ဆိပ် ကမ်းကို ဦးတည် ကူးခပ် သွားခဲ့သည်။
နှစ်ရက် သုံးရက်အတွင်း လိပ်ကြီးက နောက် တစ်ကြိမ် ကြီးထွားလာခဲ့ပြီး အလေးချိန်မှာ ၂၃ တန်ခန့်ကို ရောက်ရှိခဲ့သည်။
သူရဲ့ဂုဏ်ရည်များလည်း တိုးတက်လာခဲ့သည်။ ၁၇တန် ၁၈ တန်ရှိတဲ့ ဧရာမလှံကြီးကို ကိုင်ရ တာကလည်း မလေးတော့ပေ။
တကယ်တော့ ဒုံရှန်း ဆိပ်ကမ်းကိုရောက်ဖို့ လိပ်ကြီး တစ်နာရီခန့်သာ ကြာခဲ့သည်။
ရေမိုင် ၁၀၀ ကျော် ကီလိုမီတာ ၂၀၀ ကျော် အကွာအဝေးက တစ်နာရီသာ ကြာသည်။ဒါက လိပ်ကြီးပဲ လုပ်နိုင်တယ်လို့ ခန့်မှန်းရသည်။ ဘယ်သင်္ဘော !ဘယ်ပင်လယ်ငါးကမှ ဒါကို မလုပ်နိုင်ခဲ့ပေ။
"သခင်၊ ကျွန်တော် ဒုံရှန်းဆိပ်ကမ်းကို ရောက် ပါပြီ ဘယ်သင်္ဘောကို ကျွန်တော် ဖျက်ဆီး ပေး ရမလဲ "လို့ လိပ်ကြီး ရောက်တာနဲ့ တန်းမေး လိုက်သည်။
လျုယောင် ပြင်ပအမြင်ကို ဖွင့်လိုက်ပြီး ရေထဲမှ လိပ်ကြီး ကို ရှင်းရှင်းလင်းလင်းမြင်ရုံသာမက ဒုံရှန်းဆိပ်ကမ်းရဲ့ အခြေအနေကိုပါ မြင်နိုင် ခဲ့သည်။
ဒီဆိပ်ကမ်းဧရိယာရဲ့ ဆိပ်ခံတံတားဘေးတွင် ဧရာမသင်္ဘောများစွာ ဆိုက်ကပ်ထားသည်။
ဒါက ကုန်စည်များတင်ဆောင်တဲ့ ကုန်စည် ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ဆိပ်ကမ်းဧရိယာမှာ ကျောက်မီးသွေး၊ သံသတ္တုရိုင်း စသည်တို့ကို တင်ဆောင်၊ ချပေးနေကြသည်။
အလွန်ကြီးမားတာကြောင့် အထင်ရှားဆုံး သင်္ဘောတစ်စင်းရှိနေသည်။ဒီလို သင်္ဘော တစ်စင်း ရွေ့လျားအလေးချိန်က တန်ချိန် ၁၅၀,၀၀၀ ကျော်ရှိမယ်လို့ ခန့်မှန်းရသည်။
အဲဒါက ကုန်စည်တင်သင်္ဘောဖြစ်ပြီး "ဖော် ကျွန်း” ဆိုတဲ့ စာလုံးကြီးနှစ်လုံးက သင်္ဘော ရဲ့ ကိုယ်ထည်ပေါ်တွင် အလွန်ထ င်ရှားနေသည်။ ပရိုတွန် လိုဂိုနဲ့ စာလုံးများကလည်း သင်္ဘော ပေါ်တွင် အလွန်ထင်ရှားနေသည်။
ဒါက ပရိုတွန်ရဲ့ အကြီးဆုံး ကုန်စည်တင်သ င်္ဘောဖြစ်ပြီး " ဖော်ကျွန်း "လို့ အမည်ပေး ထားသည်။
"မင်းပဲ!"
လျုယောင် အဲ့ဒီ့ သင်္ဘောကို ရွေးချယ်ခဲ့ပြီး "လိပ်ကြီး ဟိုး အဝေးက ဆိပ်ကမ်းမှာ ရှိတဲ့ အကြီးဆုံးသင်္ဘောကို မင်းမြင်လား။ ဒါက ပရို တွန်အဖွဲ့ ရဲ့ " ဖော်ကျွန်း " လို့ခေါ်တဲ့ ကုန်စည် တင်သင်္ဘောကြီးပဲ သွားပြီး ငါ့အတွက် အ ပေါက်အချို့ ထိုးပေးကွာ " ဟု အမိန့်ပေး လိုက် သည်။
လိပ်ကြီး က အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။
ကြက်သွေးနှင့်ရိုက်ခံရသလိုပင်ဖြစ်နေသည်။
သူက ဒီလိုအလုပ်မျိုး လုပ်ရတာကို သဘော ကျပြီး အစိတ်ဝင်စားဆုံးဖြစ်သည်။
"သခင် အပေါက်အနည်းငယ်ထိုးရုံနဲ့ မလုံ လောက်ဘူး အနည်းဆုံး ဆယ်ခုကျော်လောက် ထိုးပေးရမယ် ကျွန်တော် အခုပဲ သွားပါ့မယ်။"
လျုယောင်က ပြုံးပြီး "မင်းလိုချင်သလောက် အပေါက်များများ ဖန်တီးနိုင်ပါတယ်။ အဲဒီသ င်္ဘောကို ဆန်ခါအ ဖြစ်လုပ်လို က်ရင် တောင် ရတယ်။ ဒါပေမဲ့ သတိထားရမှာက လူမမိပါ စေနဲ့ "
"ပြဿနာမရှိဘူး ကျွန်တော်က ရေအောက်မှာပါ ဘယ်သူမှ ကျွန်တော့်ကို ရှာမတွေ့နိုင်ဘူး “လိပ်ကြီး ပြန်ဖြေ လိုက်ပြီး ဧရာမလှံ ကြီး ကိုယူကာ " ဖော်ကျွန်း " ရဲ့ အောက်ခြေကို တိတ်တဆိတ်သွားခဲ့သည်။
သင်္ဘောကို ခဏလောက်ကြည့်ပြီးနောက် လက် ထဲမှ ဧရာမလှံကြီးဖြင့် သင်္ဘောအောက်ခြေကို အားအပြည့်နဲ့ ထိုးသွင်းလိုက်သည်။