အခန်း 76 ဒါကို ဘယ်သူလုပ်တာလဲလို့ မင်း ထင်လဲ
"ဘုန်း!"
သင်္ဘောရဲ့ အောက်ခြေမှ ကျယ်လောင်တဲ့အသံ ထွက်ပေါ်လာပြီး တိုဖူးကို ထိုးလိုက်သလို သင်္ဘောရဲ့အောက်ခြေတွင် အပေါက် ကြီးတစ် ပေါက်ကို အလွယ်တကူ ဖန်တီးခဲ့ပြီး ပေ ၂၀ ရှည်တဲ့ ဧရာမလှံက ၁၀ မီတာကျော် အထိ ဖောက်ထွင်းဝင်ရောက်သွားခဲ့သည်။
လိပ်ကြီးသာ ပိုအားစိုက်ထုတ်ခဲ့ရင် လှံတစ် ချောင်းလုံး ဝင်သွားနိုင်ဖွယ် ရှိသည်။ တန်ချိန် ၁၅၀,၀၀၀ ကျော်ရှိတဲ့ ဧရာမကုန် တင်သင်္ဘော ကြီးက စက္ကူနဲ့တူနေသည်။
လိပ်ကြီးက လှံကိုဆွဲထုတ်ပြီး နေရာပြောင်းကာ သင်္ဘောရဲ့အောက်ခြေကို ထပ်ထိုးလိုက်သည်။ နောက်ထပ်အပေါက်ကြီးတစ်ပေါက် ပေါ်လာ ပြန်ပြီး ဧရာမလှံကလည်း လုံးဝနီးပါးဖောက် ထွင်းဝင်ရောက်ခဲ့သည်။
လိပ်ကြီးက
“ဆွဲထုတ်လိုက် ထပ်ထိုးလိုက် ”
“ထိုးသွင်းလိုက် ပြန်ဆွဲထုတ်လိုက်”လုပ် နေသည်။
ဒီလိုလုပ်နေရခြင်းကို လိပ်ကြီးက စွဲလမ်း နေပုံ ရပြီး ရပ်တန့်မဲ့ အရိပ်အယောင်ပင် မပြပေ။ "ကလစ် ကလစ်၊ ကလစ် "ရေအောက်တွင် ပွတ်တိုက်သံများ ထွက်ပေါ်လာပြန်သည်။
သင်္ဘောရဲ့အောက်ခြေတွင် အပေါက်များ ပေါ် လာခဲ့ပြီး ပင်လယ်ရေအများအပြား ထို အ ပေါက်ကြီးများမှတစ်ဆင့် သင်္ဘောထဲ ရုတ်တ ရက် ဝင်လာခဲ့သည်။
သင်္ဘောပေါ်တွင် လူမရှိတာကြောင့် သင်္ဘော ရဲ့အောက်ခြေတွင် ပေါ်လာတဲ့ အပေါက်များကို ဘယ်သူ့မှသတိမထားမိခဲ့ကြပေ။
"ဖော်ကျွန်း "က သံသတ္တု ရိုင်းအမြောက်အ မြားကို သယ်ယူလာခဲ့ပြီး ကုန်ချပြီးပြီ ဖြစ် သည်။ သင်္ဘောမထွက်ခွာမီ နှစ်ရက် အလိုတွင် ဆိပ်ကမ်း၌ ရပ်နားရန် စီစဉ်ထားသည်။ လက်ရှိအချိန်တွင် သင်္ဘောပေါ်၌ အမှုထမ်းများ မရှိသေးပေ။
နောက်ဆုံးတွင် ဆိပ်ခံတံတားပေါ်ရှိ လူတစ် ယောက်က ပုံမှန်မဟုတ်တဲ့အသံကို ကြားလို က်ပုံရသည်။
“နားထောင်စမ်း အသံက ဘယ်ကလာတာလဲ”
“ငါလည်း ကြားတယ် အသံက တော်တော် ကျယ်ပုံရတယ်”
“ရေအောက်ကလာပုံရတယ်နော်”
“ရေအောက်က မဖြစ်နိုင်ဘူး အဝေးကလာ တာပဲဖြစ်မယ်”
ထို တိုးညှင်းတဲ့အသံကို ကြားရပြီးနောက် လူများစွာဟာ အသံမှာရေအောက်က လာ တယ်ဆိုတာကို သူတို့လုံးဝ မတွေးမိခဲ့ကြပေ။
တိုးညှင်းတဲ့ အသံ နှစ်ဆယ် !သုံးဆယ်ခန့် ထွက်ပေါ်ပြီးနောက် ထပ်မကြားရတာကြောင့် ဘယ်သူကမှဒီကိစ္စကို အာရုံမစိုက်တော့ပေ။
ပင်လယ်ရေအများအပြားက အပေါက်ကြီး ၂၀ မှတစ်ဆင့် သင်္ဘောထဲကို အပြင်းအထန် ဝင် ရောက်လာခဲ့သည်။သင်္ဘောထဲတွင် ပင် လယ်ရေများ ပိုပို များလာခဲ့သည်။
ခဏအကြာတွင် သင်္ဘောမှာ နစ်မြုပ် သွားခဲ့ပြီး နစ်မြုပ်နေစဉ်အတွင်း တစ်ဖက်ကို စောင်းသွား ခဲ့သည် ။
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ပုံမှန် မဟုတ်တာကို သတိထားမိခဲ့သည်။
“ဘုရားရေ ဘာဖြစ်နေတာလဲ”
လူများစွာက ဖော်ကျွန်းရဲ့ အခြေအနေကို သတိ ပြုမိခဲ့ကြပြီး သူတို့ အားလုံး ချက်ချင်း အံ့ သြသွားခဲ့သည်။ အချို့က ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့ကြသည်။
"ပရိုတွန်အဖွဲ့"
ရှီလီဘင်း စိတ်ကောင်းဝင်နေပုံရသည်။ သူက သက်သောင့်သက်သာရှိတဲ့ အကြီး အကဲ ထိုင် ခုံတွင် ထိုင်ပြီး ဆေးပြင်းလိပ် သောက်ရင်း လက်အောက်ငယ်သားတစ်ဦးရဲ့ အစီရင်ခံစာကို နားထောင်နေသည်။
လွန်ခဲ့သောနှစ်ရက်က သူတို့ရဲ့ ကုန်သေတ္တာ အ ပြည့် သင်္ဘောတစ်စင်းမှာ ပင်လယ်အောက် ခြေတွင် နစ်မြုပ်သွားခဲ့ပြီး ဆုံးရှုံးမှုများစွာ ရှိခဲ့ တာကို သူ မေ့သွားခဲ့ပုံရသည်။ ယခု "ဖော်ကျွန်း "က ကောင်းတယ်လို့ သူ ခံစားနေရသည်။
“ခေါင်းဆောင် ခေါင်းဆောင်ရဲ့ ညွှန်ကြား ချက် အရ ကျွန်တော်တို့ နည်းလမ်းအချို့ကို သုံးပြီး Global ရဲ့ အော်ဒါတွေကို လု ယူ ခဲ့ပါတယ်။ သူတို့ရဲ့ သင်္ဘောတစ်စင်းက ဆိပ်ခံတံတားမှာ ဆိုက်ကပ်ထားခဲ့ပြီး မူလက ကုန်တင်ဖို့ စောင့် နေတာ ! အခုတော့ အော်ဒါမရှိတော့ပါဘူး။ ဆိပ်ခံတံတားမှာ ဆက်ပြီး ရပ်နားရမယ်လို့ ထင်ပါတယ်”
" ဟား ဟား ဟား ဟား "
ရှီလီဘင်း အလွန်မာနကြီးစွာ ရယ်မော လိုက် သည်။
ရယ်မောပြီးနောက် သူရဲ့ ဆေးပြင်းလိပ်ကို ကျေနပ်စွာ ရှိုက်လိုက်ပြီး မီးခိုးကွင်းကြီး တစ် ကွင်း မှုတ်ထုတ်လိုက်ကာ
“ကောင်းတယ် မင်းတို့ အလုပ်က အရမ်း ကောင်းတယ်” ဟု ပျော်ရွှင်စွာ ပြောလိုက်သည်။
လက်အောက်ငယ်သားက ထစ်အသွားခဲ့ပြီး “အဓိကအကြောင်းအရင်းက ကောင်းမွန်တဲ့ ခေါင်းဆောင်မှု့ရှိလို့ပါ ကျွန်တော်တို့က ခေါင်းဆောင်ရဲ့ အမိန့်ကို လိုက်နာရုံပါပဲ” ဟု ဖားပြီး ပြောလိုက်သည်။
ရှီလီဘင်း ခေါင်းညိတ်လိုက်ပြီး “ဆက်ပြီး အ လျှော့ မပေးနဲ့ Global ရဲ့ လုပ်ငန်းအားလုံးကို လုယူလိုက် သူတို့မှာ သင်္ဘောအလွတ်တွေရှိပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်း မရှိစေနဲ့ ဟွာ ဟိုင်း မြို့မှာ ငါတို့ ပရိုတွန်က သမုဒ္ဒရာ ပို့ ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ဖြစ်တယ် ဆိုတာ သူတို့ကို သိပါစေ” ဟု ဆက်လက် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်တို့ လျှော့ပေးမှာ မဟုတ်ပါဘူး Global ရဲ့ လုပ်ငန်းတွေ အကုန် လုယူဖို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ် ဒါမှ သူတို့မှာ လုပ်စရာ ဘာမှမရှိတော့မှာပါ”
“ကောင်းပြီ၊ သွားပြီး ဆက်ကြိုးစား”
လက်အောက်ငယ်သား ထွက်သွားတာကို ကြည့်ပြီးနောက် ရှီလီဘင်း ဆေးပြင်းလိပ်ကို နောက်တစ်ကြိမ် ရှိုက်လိုက်သည်။
သူရဲ့စိတ်ထဲတွင် လှပစွာတွေးနေခဲ့သည်။ Global ရဲ့ လုပ်ငန်းများကို တစ်ခုပြီးတစ်ခု လု ယူခဲ့တဲ့ တတိယနေ့မှာ Global က ဆိတ် ဆိတ် နေခဲ့သည်။ သူသိလိုက်ပြီ ပြီးခဲ့တဲ့ တစ် ကြိမ်က ဖြစ်ပျက်ခဲ့တာ ဒီ Globalက လုပ်တာ မဟုတ် ခဲ့ပေ။
“ဟွန့်.သူတို့မှာ ဒီလိုခွန်အားမျိုး လုံးဝမရှိဘူး ငါ အရမ်းစိုးရိမ်နေတာပဲနဲ့ တူတယ်”
ဒီလိုဆိုပါက ဒီတစ်ကြိမ်တွင် Global ကို လုံးဝ နင်းချေပစ်ရမယ် ဒါမှသာ သူတို့ ပြန်မ လှည့် နိုင်တော့ဘဲ ဒေဝါလီခံရဖို့သာ အကောင်းဆုံး ဖြစ်လိမ့်မည်။
ထိုကဲ့သို့ လှပစွာ တွေးနေစဉ် ရုံးခန်းတံခါးက ရုတ်တရက် ပွင့်လာခဲ့ပြီး ယွမ်ကွမ်းဟွေ့က စိုးရိမ်တကြီး ဝင်လာကာ
“ခေါင်းဆောင် မကောင်းတော့ဘူး” ဟု အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
“ဘာကိစ္စလဲ မင်းက ဘာဖြစ်လို့ အဲ့လောက် ထိတ်လန့်နေတာလဲ” ဟု မေးပြီးနောက် ရှီလီဘ င်းမှာ အတော်လေး အေးဆေးနေပုံရသည်။
ယွမ်ကွမ်းဟွေ့က အေးဆေးမနေနိုင်ခဲ့ပေ။
ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားတဲ့ အကြီးဆုံး ကုန်တင်သင်္ဘောကို အပေါက်များစွာဖြင့် ထိုးဖောက်ခံလိုက်ရသည်။ သူ ငိုချင်ချင်ပင် ဖြစ်နေခဲ့သည်။
ယွမ်ကွမ်းဟွေးက နှာရည်များ မျက်ရည်မျ ားဖြင့် ငိုနေခဲ့ပြီး “ခေါင်းဆောင် ကျွန်တော် တို့ရဲ့ ‘ဖော်ကျွန်း "ဟာ အပေါက်ကြီး ၂၀ ကနေ ၃၀ အထိ ထိုးဖောက်ခံလိုက်ရပါတယ်။ ဆန်ခါ တစ်ခုနီးပါး ဖြစ်သွားပြီး နစ်မြုပ်နေပါပြီ” ဟု ပြောလိုက်သည်။
ရှီလီဘင်းရဲ့မျက်နှာက ပြောင်းလဲသွားပြီး သူရဲ့ တုံ့ပြန်မှု့က ကြီးမားလှသည်။သူ ရုတ်တရက် ထရပ်လိုက်ပြီး “ဒါ ဘယ်တုန်းက ဖြစ်တာလဲ” ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ယွမ်ကွမ်းဟွေးက ငိုပြီး “ခုနလေးတင် ဖြစ်တာ ပါ မိနစ်နှစ်ဆယ်တောင် မပြည့်သေးပါဘူး” လို့ ပြန်ဖြေလိုက်သည်။
ဒီလိုကိစ္စကြီးတစ်ခု ဖြစ်ပွားပြီးနောက် ပရိုတွန် အဖွဲ့က လူများမှာ ဆိပ်ကမ်းတွင် ရှိနေကြတ ာကြောင့် အနည်းငယ်မျှပင် ပေါ့ဆရဲခြင်း မရှိ ဘဲချက်ချင်း ဖုန်းဖြင့် အစီရင်ခံလိုက်သည်။
ဒါက သတင်းအမှားမဟုတ်ကြောင်း အကြိမ် ကြိမ် အတည်ပြုပြီးနောက် ယွမ်ကွမ်းဟွေ့မှာ ရှီလီဘင်းကို ပြောပြရန် ချက်ချင်းလာခဲ့သည်။
အကြီးဆုံးကုန်တင်သင်္ဘော ဖော်ကျွန်းက ဆန် ခါအဖြစ် ရောက်ရှိသွားပြီဖြစ်ကြောင်းကို ကြား ရပြီးနောက် ရှင်လီဘင်းရဲ့မျက်နှာက ဖြူဖပ်ဖြူ လျော်ဖြစ်သွားပြီး
“လာ.အခုချက်ချင်း ဆိပ်ခံတံတားကို သွားရ အောင်” ဆိုပြီး သူ့ လက်များကို ဝှေ့ယမ်း လိုက် သည်။
သူတို့ အလျင်စလိုရောက်ရှိပြီးနောက် ဖော် ကျွန်းမှာ နစ်မြုပ်လုနီးပါးဖြစ်နေပြီး သင်္ဘော တစ်စင်းလုံးက ဇောက်ထိုးနီးပါး စောင်းနေခဲ့ သည်။
သင်္ဘောရဲ့အောက်ခြေတွင် ကြီးမားတဲ့ အ ပေါက်များ တစ်ခုပြီးတစ်ခု ပြည့်နေသည်။ ရေ တွက်စရာမလိုဘဲ အနည်းဆုံး အပေါက် ၂၀! ၃၀ ခန့် ရှိတာကို ပြောနိုင်ပေသည်။ သင်္ဘောက ဆက်လက် နစ်မြုပ်နေဆဲပင်။
သူရဲ့ရှေ့တွင် ဒီအဖြစ်အပျက်အားလုံးကို မြင် လိုက်ရပြီးနောက် ရှီလီဘင်း ထုံပေပေဖြစ် နေခဲ့သည်။
ရှီလီဘင်း စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိ တော့သည်။ "ဒါက Global က လုပ်တာ ဖြစ်နိုင်တယ်.သူတို့ပဲ ဖြစ်ရမယ်" ဟူ၍ပင်။
ဒီလို ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့တဲ့ အခါ ပရိုတွန် အဖွဲ့က ထပ်မံ၍ ထိတ်လန့်တကြား ဖြစ်သွား ခဲ့ ကြသည်။
ရှီဝမ်ချွမ်းက အစည်းအဝေးကို ကိုယ်တိုင် ဦး ဆောင်ခဲ့သည်။ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်ကြိမ်က လိုပင် ဘာကိုမှ ဆွေးနွေးနိုင်ခြင်းမရှိပေ။
အစည်းအဝေးပြီးနောက် ရှီဝမ်ချွမ်းက ဆယ် နှစ်အိုသွားခဲ့ပုံရသည်။ ဒီလို ကိစ္စမျိုး ဘာ ကြောင့်ဖြစ်ပွားရလဲဆိုတာ သူ နားမလည် နိုင်ခဲ့ပေ။
"လှေရဲ့အောက်ခြေတွင် အပေါက်ကြီးများက မည်သည့်နေရာမှ လာပါသနည်း"
"ရန်သူက လုပ်တာလား "
သူ့ စိတ်ထဲတွင် ရန်သူအများအပြား ပေါ်လာ ခဲ့သည်။ ဒါပေမဲ့ ဘယ်သူလုပ်တာလဲ ဆိုတာ ဖော်ထုတ်လို့ မရခဲ့ပေ။ ပြီးတော့ သူ့ ရန်သူဟာ တစ်ဦး !နှစ်ဦး မဟုတ်လောက်ပေ။
အစည်းအဝေးပြီးနောက် ရုံးခန်းကို ပြန်လာတဲ့ အခါ ရှီလီဘင်းက သူ့ရဲ့ ဦးနှောက်ကို ခြစ်ခြစ် ကပ်ကပ် တွေးနေခဲ့သည်။
စဉ်းစားလေလေ ဒီကိစ္စက Global က လုပ်ခဲ့ တာလို့ ပိုပို ခံစားလာရလေပင်။
စဉ်းစားလေလေ ဖြစ်နိုင်ခြေပိုများလာလေပင်။
ဒီလို ကိစ္စမျိုးက နှစ်ကြိမ်ဆက်တိုက် ဖြစ်လာ စ ရာ အကြောင်း မရှိပေ။
ပထမအကြိမ်က Global ရဲ့ သင်္ဘောတွင် တား မြစ်ထားတဲ့ ပစ္စည်းများပါဝင်တယ် လို့ သူ လျှို့ ဝှက်အစီရင်ခံခဲ့ပြီးနောက် တန်ချိန် ၈၀,၀၀၀ ရှိတဲ့ ကုန်သေတ္တာတင်သင်္ဘောမှာ ဆန်ခါအဖြစ် ရိုက်ချိုးခံခဲ့ရသည်။
ဒုတိယအကြိမ်တွင် မတရားတဲ့ နည်း လမ်း အ ချို့မှတစ်ဆင့် Global ရဲ့လုပ်ငန်းကို ဆိုးဆိုးရွ ားရွား လုယူခဲ့ပြီးနောက် အကြီးဆုံး ကုန်တင် သင်္ဘော ဖော်ကျွန်းက ဆန်ခါအဖြစ် ရိုက်ချိုး ခံခဲ့ရသည်။
ရှီလီဘင်း စဥ်းစားလေ ရူးချင်လေလေ ဖြစ်နေ သည်။
Global ကုမ္ပဏီ တွင် လျူယောင်ဟာ ရူံးခန်းထဲ က သူဋေးထိုင်ခုံပေါ် ထိုင်နေပြီး ကျိုးယန်က အစီရင်ခံနေသည်။
“သူဋေး သတင်းကောင်းနှစ်ခုရှိတယ်။ ပထမ တစ်ခုကတော့ ကျွန်တော်တို့ အော်ဒါမှာထားတဲ့ ပထမဆုံး တန်ချိန် ၁၀၀,၀၀၀ ရှိတဲ့ ရေနံတင်သ င်္ဘောကို တစ်ပတ်အတွင်း ပို့ဆောင်ပေး တော့မှ ာပါ။ ကျွန်တော်တို့က ပထမဆုံး ရေနံတင်သ င်္ဘောကို ရတော့မှာဖြစ်ပါတယ်”
ဒါက တကယ့်ကို သတင်းကောင်းတစ်ခု ဖြစ် ပေသည်။
Global က လွန်ခဲ့သောရက် ၂၀ က သင်္ဘော ကျင်းကြီးတစ်ခုမှ ရေနံတင်သင်္ဘောများ မှာကြားခဲ့သည်။ သင်္ဘောကျင်းတွင် တန်ချိန် ၁၀၀,၀၀၀ ရှိတဲ့ ရေနံတင်သင်္ဘောနှစ်စင်းက ပြီးလုနီးပါးဖြစ်နေပြီး တစ်ပတ်အတွင်း ပို့ဆောင်ရန် အဆင်သင့်ဖြစ်နေတာ ဖြစ်သည်။
ဒါက အရှေ့အလယ်ပိုင်းကို ရေနံသယ်ယူ ပို့ဆောင်ရန်နှင့် ငွေရှာရန်အတွက်ပင်။
လျူယောင် ပျော်ရွှင်စွာနဲ့ “ဒါက တကယ်ကို သတင်းကောင်းပဲ ဒုတိယသတင်းကောင်းက ဘာလဲ ပြောပြပါဦး” ဟု မေးလိုက်သည်။
ကျိုးယန်က
“မကြာသေးခင်က ပရိုတွန်အဖွဲ့ရဲ့ အကြီးဆုံး ကုန်တင်သင်္ဘော ဖော်ကျွန်းက အပေါက် ၂၀ ကနေ ၃၀ အထိ ထိုးဖောက်ခံလိုက်ရပြီး ဆန်ခါ တစ်ခုလုံး နီးပါး ဖြစ်သွားခဲ့ပါတယ်။ ပရိုတွန် အ ဖွဲ့ တစ်ဖွဲ့လုံးဟာ ရှုပ်ထွေးပွေလီမှုတွေထဲကို ကျရောက်နေပါတယ်” လို့ အစီရင်ခံ လိုက်သ ည်။
အစီရင်ခံစာကို နားထောင်ပြီးနောက် လျူ ယောင် အလွန်ပျော်ရွှင်နေပုံရသည်။
ဒါက တကယ့်ကို သတင်းကောင်းတစ်ခုဖြစ်ပြီး အထူးသဖြင့် ပရိုတွန်အဖွဲ့ရဲ့ သင်္ဘောကို ဆန် ခါအဖြစ် ရိုက်ချိုးခံလိုက်ရတဲ့အတွက် ပျော်ရွှင် စရာ ကောင်းပေသည်။
ကျိုးယန်ကလည်း “ကျွန်တော်လည်း အရမ်း ပျော်တာပဲ သူဋေး သူတို့ရဲ့ သင်္ဘောကို ဆန်ခါ အဖြစ် ရိုက်ချိုးခံလိုက်ရတယ်လို့ ကြားတော့ ပျော်သွားခဲ့တာ” ဟု ပြောလိုက်သည်။
လျူယောင်က ရည်ရွယ်ချက်ရှိရှိဖြင့် “ဒါကို ဘယ်သူလုပ်တာလဲလို့ မင်းထင်လဲ” ဟု မေး လိုက်သည်။
ကျိုးယန်က “သူဋေး ဒီကိစ္စက သူဋေးနဲ့ ဘာမှမ ဆိုင်ဘူးလား” လို့ တကယ် မေးချင်ခဲ့သည်။
ဒါပေမဲ့ သူဋေးက ဒီလို မေးတဲ့အခါ သူ အနည်း ငယ် အံ့အားသင့်သွားသည်။ဒါက သူဋေးနဲ့ .ပတ်သက်မှု့ မရှိနိုင်ဘူးလို့ စိတ်ထဲတွင် ထင် ကြေးပေးလိုက်သည်။
ကျိုးယန် ခေါင်းယမ်းလိုက်ပြီး “ဘယ်သူလုပ် တာလဲဆိုတာတော့ ကျွန်တော် မခန့်မှန်းနိုင်ဘူ း။ သင်္ဘောကြီးတစ်စင်းကို အပေါက်ကြီးတွေ ဖောက်တာက အရမ်းအစွမ်းထက်တယ်” ဟု ပြောလိုက်သည်။
ကျိုးယန်က လေးစားမှုအပြည့် ဖြစ်နေခဲ့သည်။
"ဒါကတကယ့်ကို အစွမ်းထက်တာပဲ"
"ရိုးရိုးလေးပြောရရင် မယှဉ်နိုင်ဘူး "
"ဒီလို နည်းလမ်းမျိုးနဲ့ သာဆို ဘယ်သူ့ကို ကြောက်ရမလဲ "
အထူးသဖြင့် သင်္ဘောလုပ်ငန်းတွင် စိတ်မပျော် မရွှင်ဖြစ်အောင်လုပ်ပါက သူတို့ရဲ့သင်္ဘော များတွင် အပေါက်အနည်းငယ်သာ ဖောက် လိုက်ပေမည်။
အလွန်စိတ်မကောင်းဖြစ်မိတာက ဒီကိစ္စဟာ သူဋေးနဲ့ ဘာမှမသက်ဆိုင်ပေ။သူ့ သူဋေးသာ ဒီလို နည်းလမ်းမျိုး ကျွမ်းကျင်ပါက ကောင်း မှာပဲ လို့ ကျိုးယန် စိတ်ထဲက တွေးနေမိသည်။
လျူယောင်က ကျိုးယန် ဘာတွေးနေလဲဆိုတာ ဂရုမစိုက်ဘဲ “ပရိုတွန်အဖွဲ့မှာ အဲ့လိုကိစ္စကြီးတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတာက ဘယ်သူလုပ်တယ်ဆိုတာကို သူတို့ ခန့်မှန်းကြမှာပဲ”
လျူယောင် လက်ကို ဝှေ့ယမ်းလိုက်သည်။
“သူတို့က ငါ တို့ကို သံသယမဝင်အောင် တား ဆီးဖို့ ကုမ္ပဏီနာမည်နဲ့ ကြေညာချက်တစ်ခု ပေး ပို့လိုက်ပါ။ ဒီအရာနှစ်ခုလုံးဟာ ငါတို့ လုပ်ခဲ့တာ မဟုတ်ဘဲ ငါတို့နဲ့ ဘာမှမဆိုင်ဘူး ဆိုတာ သူတို့ ကို ရှင်းရှင်းလင်းလင်း ပြောပြလိုက် ”
“ဘယ်လို!”
ကျိုးယန် လုံးဝတုန်လှုပ်သွားခဲ့သည်။ သူသတိ ပြန်ဝင်လာဖို့ အချိန်အတော်ကြာခဲ့သည်။ ဒီလို လှုပ်ရှားမှုမျိုး ရှိနေသေးတာကို အံ့သြသွား ခဲ့ သည်။
ကြေညာချက်ကို ထုတ်ပြန်လိုက်တာနဲ့ ပရိုတွန် အဖွဲ့မှ လူများ အလွန်ဒေါသ ထွက်နေ ပေလိမ့် မည့်။
ဒီအချိန်တွင်ကျိုးယန် အနည်းငယ် သံသယ ဝင်သွားခဲ့သည်။ ဆက်တိုက်ဖြစ်ပျက်ခဲ့တဲ့ အ ဖြစ်အပျက်နှစ်ခုက သူဋေးနဲ့ ဆက်စပ်နေ တာ လားလို့ ထင်မိသည်။ သူဋေးက လျှို့ဝှက်စွာ စီစဉ်ခဲ့တာများလား...
ဒီစိတ်ကူး ပေါ်ပေါက်လာတာနဲ့ ကျိုးယန်ရဲ့ စိတ်က မရပ်မနား စိတ်လှုပ်ရှားနေခဲ့သည်။
သူဋေးတွင် အမှန်တကယ် ဒီလို နည်းလမ်းများ ရှိပါက အခြားသူများရဲ့ သင်္ဘောများတွင် အပေါက်အနည်းငယ် ဖောက်လိုက်ပါက သူတို့ အခြေခံအားဖြင့် အနိုင်ရမှာဖြစ်ပြီး ကုမ္ပဏီရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု့ကိုလည်း အကြမ်းဖျင်း မြင်နိုင်မှာပဲလို့ သူရဲ့စိတ်ထဲတွင် တွေးလိုက်မိသည်။
ကျိုးယန် အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး
“သူဋေး ကျွန်တော် ဒီထုတ်ပြန်ချက်ကို အခု ချက်ချင်း ပို့လိုက်ပါ့မယ်” ဟု အသံကျယ်ကျယ် ဖြင့် ပြောလိုက်သည်။
“ကောင်းပြီ၊ သွားတော့”
လျူယောင်ခေါင်းညိတ်ပြလိုက်သည်။
ပရိုတွန်အဖွဲ့
ရှီလီဘင်းက ရုံးခန်းထဲတွင် ထိုင်ပြီး မီးခိုး အငွေ့မပါတဲ့ စီးကရက်ကို တစ်ယောက်တည်း သောက်နေသည်။
သူရဲ့စိတ်ထဲတွင် ဒီအဖြစ်အပျက် နှစ်ခုအ ကြောင်းကို စဉ်းစားနေဆဲပင်။
အများအားဖြင့် Globalက လုပ်တာဖြစ်ပေမယ့် သက်သေအထောက်အထားတော့ မရှိဘူး...
စဉ်းစားလေလေ တဖြည်းဖြည်း ကြောက်လာ လေလေပင်။
ကြီးမားသော ကြောက်ရွံ့မှုကို ခံစားရပြီးနောက် ရှင်လီဘင်းသည် ဒီတစ်ကြိမ်တွင် သံပြားကို တိုက်မိခဲ့ကြောင်း သိလိုက်သည်။
"မဟုတ်ဘူး၊ သံမဏိပြားကို တိုက်မိတာ"
"ဘုန်း၊ ဘုန်း၊ ဘုန်း"
တံခါးခေါက်သံက ရှီလီဘင်းရဲ့ အတွေးများကို ပြတ်တောက်သွားခဲ့ပြီး သူက အသံသြသြဖြင့်
“ဝင်ခဲ့” ဟု ပြောလိုက်သည်။
ဝင်လာသူက ယွန်ကွမ်းဟွေ့ဖြစ်ပြီး လက်ထဲ တွင် တစ်စုံတစ်ခုကို ကိုင်ထားသည်။
“ခေါင်းဆောင် Global က ထုတ်ပြန်ချက်ပေး ပို့ခဲ့ပါတယ်”
ဟု ပြောလိုက်သည်။
ရှီလီဘင်း ယူ ကြည့်လိုက်သည်။ ပထမတော့ သူ ဒေါသထွက်နေခဲ့ပြီး သွေးအန်လုနီးပါးပင် ဖြစ်နေခဲ့သည်။ တဖြည်းဖြည်းနှင့် ချွေးအေး များ ထွက်လာခဲ့သည်။
ထုတ်ပြန်ချက်က အလွန်တိုတောင်းပြီး စာ ကြောင်းအနည်းငယ်သာ ရှိသည်။ ရှီလီဘင်းကို ချွေးများကျစေခဲ့တာက စာကြောင်းအနည်း ငယ်ပင် ဖြစ်သည်။
"ကြောက်နေခဲ့သည်"
သူ တကယ်ကို ကြောက်နေခဲ့သည်။
ထုတ်ပြန်ချက်က အလွန်ရှင်းလင်းနေပြီး Global က ဒီအဖြစ်အပျက်နှစ်ခုနဲ့ ဘာမှ မဆိုင် ကြောင်း ရေးထားသည်။
ရှီလီဘင်းက Global ကုမ္ပဏီဟာ ဒီအဖြစ် အပျက်နှစ်ခုကို လုပ်ဆောင်ခဲ့တယ်ဆိုတာ သူ့ကို သွယ်ဝိုက်ပြောပြနေကြောင်း နားလည်သွားခဲ့သည်။
"ဒါပါပဲ "
ကိစ္စများက အတည်ပြုပြီးသား ဖြစ်သည်။
သူ ကြောက်သွားတာ မဆန်းတော့ပေ။ Global ကုမ္ပဏီတွင် ဒီလို စွမ်းရည်များ တကယ် ရှိ နေပါက ပရိုတန်ရဲ့ သင်္ဘောအများအပြားကို ထိုးဖောက်သွားလိမ့်မည်။
နောက်ထပ် သင်္ဘောနှစ်စင်း ဒါမှမဟုတ် သုံး စင်း ထိုးဖောက်ခံရရင် ပရိုတွန်က ဒေဝါလီ မခံရပေမဲ့ အနီးစပ်ဆုံး ဖြစ်သွားနိုင်သည်။
အတော်လေးကြာအောင် ထုံပေပေဖြစ်နေ ပြီးနောက် ရှီလီဘင်းက နောက်ဆုံးတွင်
“မန်နေဂျာယွန် Global က ကျိုးယန်နဲ့ ရက်ချိ န်းယူပေးပါ ကျွန်တော် သူ့နဲ့ စကားပြော ချင် တယ်” လို့ ပြောလိုက်သည်။
အဓိပ္ပါယ်က ရှင်းနေသည်။ ဆိုလိုသည်မှာ လက် နက်ချပြီး ငြိမ်းချမ်းရေးကို တောင်းဆိုခြင်းပင်။
အစပိုင်းတွင် ကျိုးယန်က အရင်တွေ့ရန်တောင်း ဆိုခဲ့ပေမဲ့ သူက ယွန်ကွမ်ဟွေ့ကို စေလွှတ် ခဲ့ သည်။
ဒီတစ်ကြိမ်တွင် ရှီလီဘင်းကြောက်ရွံ့နေခဲ့ပြီး ကျိုးယန်အား ငြိမ်းချမ်းရေးအတွက် တောင် းဆိုချင်သည်။သူ့ကို တွေ့ရောတွေ့ပါ့မလား။
Globalတွင် ကျိုးယန်က ဖိတ်စာကို လက်ခံ ရရှိခဲ့ပြီး ဒါကိုကြည့်ကာ အေးစက်စက် ပြုံး လိုက်သည်။
"ဒီထက်စောပြီး သိခဲ့ရင် ဘာလို့ စိတ်အနှောင့် အယှက်ဖြစ်ခံနေမှာလဲ။ငါ့ကို မြင်ဖို့ဆိုတာ မလွယ်ဘူး ကောင်းပြီလေ အသစ်ခန့်ထားတဲ့ လူတစ်ယောက်နှစ်ယောက်လောက် အဲဒီကို စေလွှတ်လိုက်မယ်။
ဒါ့ကြောင့် ကျိုးယန်က အသစ်ခန့်ထားတဲ့ လူနှစ် ယောက်ကို ထိုနေရာကို စေလွှတ် လိုက်သည်။
ရှီလီဘင်းကတော့ အဆင့်မြင့် လက်ဖက် ရည် ဆိုင်ကို ရှာဖွေပြီး အပြည့်အစုံ ပြင်ဆင်ခဲ့သည်။ ရလဒ်အနေဖြင့် Globalကုမ္ပဏီမှ လူငယ်နှစ်ဦး သာ ရောက်လာခဲ့သည်။
ရောက်လာသူများက အသစ်များဖြစ်နေတဲ့ အခါရှီလီဘင်း အလွန်ဒေါသထွက်နေပေမဲ့ ဒါကို ထုတ်ဖော်မပြရဲပေ။သူတို့နှင့်အတူ ရယ်မောနေခဲ့ပြီး နွေးထွေးစွာ ဧည့်ခံကာ ကျိုးယန်နဲ့ တွေ့ဆုံလိုကြောင်း လူငယ်နှစ်ဦးကို ပြောပြခဲ့သည်။
လူသစ်နှစ်ဦး ပြန်ရောက်လာပြီးနောက် အခြေ အနေကို ကျိုးယန်ထံ အစီရင်ခံခဲ့ကြသည်။
ကျိုးယန်က လျူယောင့် ရုံခန်းထဲသွားပြီး
“သူဋေး ဒါက ရှင်လီဘင်း ကျွန်တော့်ကို စကာ းပြောချင်တဲ့ ဒုတိယအကြိမ်ပါ။ ကျွန်တော် သူ့ကို တွေ့သင့်တယ်လို့ သူဋေးထင်လား မတွေ့သင့်ဘူးလား”
လျူယောင် ခဏ စဉ်းစားလိုက်ပြီး
“တွေ့လိုက်ပါ ခင်ဗျားသူ့ကိုတွေ့ ပြီးတော့ ပရို တွန်အဖွဲ့ရဲ့ အကြီးဆုံး သင်္ဘော ကျန်းနယုက မဆိုးဘူး ကျွန်တော်တို့ ပိုစိတ်ဝင်စားတယ်လို့ သူ့ကိုပြောလိုက်ပါ” လို့ ပြောလိုက်သည်။
ဒီစကားကို ကြားတော့ ကျိုးယန်ရဲ့မျက်လုံးများ လင်းလက်သွားခဲ့သည်။