အခန်း 77 တစ်ယွမ်နဲ့ ဝယ်လိုက်
ကျိုးယန် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။
“သူဋေးက ပရိုတွန်အဖွဲ့ရဲ့ ဧရာမ ကွန်တိန်နာ တင်သင်္ဘော ကျန်းနယုကို သဘောကျတာ ကောင်းတယ်။ ဒီသင်္ဘောကြီးက ကုမ္ပဏီပိုင် သင်္ဘောတစ်စင်းဖြစ်လာရင် ကောင်းမယ်။ ကုမ္ပဏီရဲ့ ကွန်တိန်နာတွေကို ပင်လယ် ရေ ကြောင်းကနေ ပို့ဆောင်နိုင်တဲ့ စွမ်းရည်ဟာ အဆင့်သစ်တစ်ခုဆီ တိုက်ရိုက် တက်သွား လိမ့်မယ်”
ဒါပေမဲ့ ကျိုးယန် အနည်းငယ် စိုးရိမ် နေခဲ့ သည်။
“သူဋေး အဲ့ဒါက နိုင်ငံရဲ့ အကြီးဆုံး ကွန်တိန်နာ တင်သင်္ဘောဆိုတော့ ပရိုတန်အဖွဲ့က သဘော တူပါ့မလား”
လျူယောင် ယုံကြည်မှုရှိစွာဖြင့် “သူတို့ သဘောတူမှာပါ သူတို့ သဘောမတူဘူးဆိုရင် ခုချိန်ကစပြီး ဖြစ်ပျက်လာတဲ့ အရာအားလုံးဟာ ငါတို့နဲ့ ဘာမှမဆိုင်ဘဲ ပရိုတွန်အဖွဲ့ကပဲ တာဝန် ယူလိမ့်မယ်လို့ ရှင်းရှင်းလင်းလင်း ပြောလိုက်”
ကျိုးယန်ရဲ့ မျက်လုံးများ လင်းလက် သွားခဲ့ သည်။ သူဋေးတွင် ပရိုတွန်အဖွဲ့ သင်္ဘောကို အပေါက်အနည်းငယ် ဖောက်နိုင်တဲ့ နည်းလမ်း များ ရှိပါက သူတို့ရဲ့သဘောမတူညီမှာကို
ကြောက်စရာမလိုတော့ဘူးလို့ စိတ်ထဲတွင် တွေးလိုက်သည်။
ဒါကို နားလည်သွားပြီးနောက် ကျိုးယန် ယုံ ကြည်မှု့ရှိလာခဲ့ပြီး
“သူဋေး ကျွန်တော်တို့ ဘယ်ဈေးနဲ့ ပေးသင့်လဲ” လို့ ညွှန်ကြားချက် တောင်းဆိုလိုက်သည်။
အဓိပ္ပါယ်က ရှင်းလင်းနေသည်။ ဒီသင်္ဘောရဲ့ စျေးကွက်ပေါက်ဈေး ရဲ့အနည်းဆုံး ၆၀% မှ ၇၀% အထိ ဖြစ်သင့်သည်။ ဒါက ယွမ် ၁ ဘီလီ ယံကျော် တန်ဖိုးရှိတဲ့ ဧရာမ ကွန်တိန်နာ တင် သင်္ဘောကြီးဖြစ်သည်။
ဈေးနှုန်းရဲ့ ၆၀% ဒါမှမဟုတ် ၇၀% ဖြင့် ဝယ်ယူ ပါက အနည်းဆုံး ယွမ်ငွေ သန်းရာပေါင်းများစွာ ကုန်ကျမည်ဖြစ်သည်။
ဘယ်သူသိနိုင်မလဲ။ လျူယောင် ပြုံးလိုက်ပြီး လက်တစ်ချောင်းသာ ဆန့်တန်းလိုက်သည်။
“တစ်ယွမ်နဲ့ ဝယ်လိုက် !တစ်ပြားမှ မကုန်ကျ ဘူးဆိုရင် လုယက်မှု့လို့ သံသယရှိနိုင်တယ်။ငါ တို့က တစ်ယွမ်နဲ့ ပွင့်ပွင့်လင်းလင်း ဝယ်ခဲ့ တာ ပေါ့”
“ဘာ!”
“တစ်ယွမ်”
"ယွမ် ၂၀၀,၀၀၀ ကျော်တန်တဲ့ ကွန်တိန်နာ တင်သင်္ဘောကို တစ်ယွမ်နဲ့ ဝယ်လိုက်တာ "
ကျိုးယန် သတိပြန်ဝင်လာရန် အချိန်အတော် ကြာခဲ့ပြီးနောက် သူ့ မျက်နှာတွင် လေးစား မှု့အ ပြည့်နဲ့
“သူဋေး ခင်ဗျားက အရမ်းမိုက်တာပဲ” ဟု ပြောလိုက်သည်။
ကျန်းနယုကို တစ်ယွမ်နဲ့ တကယ်ဝယ်နိုင်ရင် ကောင်းမယ်။ အလကားရတာ ယွမ် ၁ ဘီလီယံ နီးပါးပင်။
“သူဋေး ကျွန်တော် ရှီလီဘင်းနဲ့ အခုချက်ချင်း တွေ့လိုက်ပါ့မယ်”
ကျိုးယန် စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။
“သွား မင်းရဲ့ သတင်းကောင်းကို ငါစောင့်နေ မယ် “
ပျော်ရွှင်စွာ ထွက်ခွာသွားတဲ့ ကျိုးယန်ကို ကြည့်ပြီးနောက် လျူယောင် စိတ်ထဲတွင်
“ဟွန့် ပရိုတွန်အဖွဲ့က တောင်းပန်ချင်တယ်ပေါ့ အရာရာ အဆင်ပြေနေရင် ဘယ်လွယ်ပါ့မလဲ” ဟု တွေးလိုက်သည်။
မကြာမီ ရှင်လီဘင်းက ကျိုးယန်ကို နောက်ဆုံး တွင် တွေ့လိုက်ရသည်။
ကျိုးယန်က တွေ့ဆုံရန် သဘောတူ လိုက် တဲ့အတွက် ရှီလီဘင်း သက်ပြင်းချလိုက်သည်။ ကိစ္စများကို ဆွေးနွေးနိုင်ပြီး နှစ်ယောက်စလုံးက လက်ဖက်ရည်ဆိုင်မှ သီးသန့်အခန်းတစ်ခုတွင် ထိုင်ခဲ့ကြသည်။
“အရင်က ကျွန်တော်တို့ဆီမှာ ဒီလိုအဖြစ်မျိုး ဖြစ်ပျက်ခဲ့တာ တကယ်စိတ်မကောင်းပါဘူး” ရှင်လီဘင်းရဲ့ မျက်နှာပေါ်တွင် တောင်းပန် နေ ပေမဲ့ သူ ရိုးသားတာ သူပဲ သိသည်။
ကျိုးယန်က
“ခင်ဗျားတို့ ကုမ္ပဏီက ကျွန်တော်တို့ကို ပစ်မှ တ်ထားတာမျိုး မရှိတော့သရွေ့ အထူးသဖြင့် နောက်ကွယ်ကနေ ရှက်ဖွယ်ကောင်းတဲ့ လှည့် ကွက်အချို့ကို မကစားသရွေ့ ကျွန်တော်တို့က ညီအကို စိတ် ရှိပါတယ် အတိတ်ကအရာတွေကို အတိတ်မှာပဲ ထားခဲ့လိုက်ရအောင်” ဟု ပြောလိုက်သည်။
ရှီလီဘင်းရဲ့ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
“ငါတို့က ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံခဲ့ရတာ ရှင်းနေပေမယ့် ဘာလို့ မင်းကပဲ ဆုံးရှုံးခဲ့ သလိုမျိုး ဖြစ်နေတာလဲ” လို့ စိတ်ထဲတွင် ဒေါသတကြီး တွေးလိုက်သည်။
ဒါပေမဲ့ ရှီလီဘင်းက မျက်နှာပေါ်တွင် အမူအရာ အသေးအဖွဲကိုပင် ထုတ်ပြရဲခြင်း မရှိပေ။ သူရဲ့ မျက်နှာပေါ်တွင် ခပ်တောင့်တောင့် အပြုံး တစ် ခုကို ဆက်ထားခဲ့ပြီး
“ဟုတ်ပါတယ်ဟုတ်ပါတယ်။ အတိတ်က အရာ တွေကို အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့” ဟု သဘောတူခဲ့သည်။
စကားအနည်းငယ်ပြောပြီးနောက် ကျိုးယန်က
“တစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင် Global က ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားခဲ့ရ ပါတယ် လက် ထောက်ဥက္ကဋ္ဌ ရှီက နှုတ်နဲ့သာ တောင်းပန်ပြီး ရိုးသားမှု့က နည်းနေတယ်” ဟု ပြောလိုက် သည်။
ရှင်လီဘင်း မျက်နှာ တောင့်တင်းသွားခဲ့သည်။
သူရဲ့ သင်္ဘောအောက်ခြေ၌ အပေါက်တစ် ဒါ ဇင်ကျော် အလွယ်တကူ ထိုးဖောက်နိုင် တာကို တွေးလိုက်မိပြီး ချက်ချင်း ရယ်လိုက် ကာ
“မစ္စတာ ကျိုး ကျွန်တော့်ရဲ့ ရိုးသားမှုကြောင့် ခင်ဗျားနဲ့ အကြိမ်ကြိမ် ရက်ချိန်းယူခဲ့တာ”ပေါ့ ဟု ပြောလိုက်သည်။
ကျိုးယန် ခပ်ဖွဖွ ခေါင်းယမ်းလိုက်ပြီး
“မလုံလောက်ဘူး ခင်ဗျားက အရေးပါတဲ့ တစ်ခု ခုကို လုပ်ဆောင်ရမယ် မဟုတ်ရင် ကျွန်တော် တို့က ခင်ဗျားရဲ့ တောင်းပန်မှု့ကို လက်မခံပါဘူ း” ဟု ပြောလိုက်သည်။
ဒီစကားကို ကြားလိုက်ရပြီးနောက် ရှင်လီဘင်း အနည်းငယ် စိုးရိမ်လာခဲ့သည်။
Global က တောင်းပန်မှု့ကို လက်မခံပါက တ ကယ်လို့ သင်္ဘောအောက်ခြေတွင် အပေါက် တစ်ဒါဇင်ခန့် ထပ်မံထိုး ဖောက်ခံ ရပါက ဆုံး ရှုံးမှု့ ကြီးမားလာမှာဖြစ်ပြီး ပရိုတွန်က ဒီလို ဆုံး ရှုံးမှု့ကို မခံနိုင်ပေ။
ရှငီလီဘင်း ငိုချင်လာသည်။ ဒီလိုအနိုင်ကျင့်ခံ ရတာ သူ့ ပုံစံ မဟုတ်ပေမဲ့ အရေးပါတဲ့ တစ်ခု ခုကို တကယ် လုပ်ဆောင်ရပေမည်။ နှုတ်ဖြင့် တောင်းပန်ခြင်းက မလုံလောက်ပေ။
သူ့ စိတ်ထဲတွင် ဒေါသထွက်နေပေမဲ့ ရှီလီဘင်း က “မစ္စတာ ကျိုး ခင်ဗျား ဘာကိုဆိုလိုတာလဲ” ဟု ပြောလိုက်သည်။
ကျိုးယန်က အဓိပ္ပါယ်မရှိတဲ့ စကားများပြောရန် စိတ်မရှည်တော့ဘဲ အဓိကအချက်ကို တည့် တည့်ပြောလိုက်သည်။
“ခင်ဗျားတို့ ကုမ္ပဏီရဲ့ ‘ကျန်းနယု’ က တော် တော်ကောင်းတယ် ကျွန်တော်တို့ ကုမ္ပဏီမှာ ဧရာမ ကွန်တိန်နာတင်သင်္ဘော မလုံလောက် ဘူးဖြစ်နေလို့ အဲ့ဒါကို ကျွန်တော်တို့ဆီ ရောင်းရင် ဘယ်လိုလဲ”
“ဘာ!”
"ကျန်းနယုကို ပစ်မှတ် ထားနေတာလား "
ဒါကတစ်နှစ်ပင် မပြည့်သေးတဲ့ သင်္ဘော အ သစ်တစ်စင်း ဖြစ်ပြီး ဒီသင်္ဘောအတွက် ယွမ်ငွေ ၁ ဘီလီယံကျော် ပေးခဲ့ရသည်။ Global က ဘယ်လောက် ပေးနိုင်မလဲ ဆိုတာ မသိပေ။
"၅၀% လျှော့စျေး ဒါမှမဟုတ် ၁၀% လျှော့စျေး လား"
အနိမ့်ဆုံးက ၁၅% လျှော့စျေးဖြစ်သည်။ ဒါ့ ထက် နိမ့်လို့မရနိုင်ပေ။ မဟုတ်ရင် ပရိုတွန် အဖွဲ့က ဆုံးရှုံးမှုများစွာ ခံစားရလိမ့်မည်။
ရှီလီဘင်း စိတ်ထဲတွင် အများကြီး တွေးနေမိ သည်။
ရှီလီဘင်း က
“မစ္စတာ ကျိုး ဈေးနှုန်း မှန်သရွေ့ ကျွန်တော်တို့ ပရိုတန်က ဒီသင်္ဘောကို နာကျင်စွာ စွန့်လွှတ်နိုင် ပါတယ် ခင်ဗျား ဘယ်ဈေးနဲ့ ပေးနိုင်လဲ” ဟု မေးလိုက်သည်။
ကျိုးယန် လက်ညှိုးတစ်ချောင်းကို ဆန့်တန်း လိုက်သည်။
"လက်တစ်ချောင်းက ဘာကိုဆိုလိုတာလဲ"
"ယွမ် ၁၀ မီလီယံလား ဒါမှမဟုတ် လျှော့စျေး တစ်ခုလား"
ရှီလီဘင်းရဲ့ အမူအရာ အနည်းငယ်ပြောင်းလဲ သွားပြီး
“လက်တစ်ချောင်းက ဘယ်လောက်ကို ကိုယ် စားပြုတာလဲ” လို့ အသံကျယ်ကျယ်ဖြင့် မေး လိုက်သည်။
ကျိုးယန်က
“တစ်ယွမ်ပါ။ ခင်ဗျားတို့ရဲ့ ‘ကျန်းနယု’ ကို ကျွန် တော်တို့ Global ကုမ္ပဏီဆီကို တစ်ယွမ်နဲ့ ရောင်းလိုက်ပါ” ဟု ပြောလိုက်သည်။
“ဘာ!”
“တစ်ယွမ်”
ရှင်လီဘင်းရဲ့ မျက်လုံးများ ရုတ်တရက် ပြူး ကျယ်သွားခဲ့ပြီး သူခေါ်လာတဲ့ လူများလည်း ပိုလို့ပင် တုန်လှုပ်ချောက်ချားသွားကြသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ရှင်လီဘင်း သ တိပြန်ဝင်လာခဲ့သည်။
ဟန်ဆောင်မှုများကို တစ်ပြိုင်နက်တည်း ဖယ် ရှားလိုက်ပြီး
“ကျွန်တော်တို့ ထပ်ပြောဖို့ မလိုဘူး” ဟု ဒေါသ တကြီး ပြောလိုက်သည်။
သူ ထရပ်လိုက်ပြီး လက်များကို ဝှေ့ယမ်းကာ “သွားမယ် သွားကြစို့” ဟု ပြောလိုက်သည်။
ရှီလီဘင်း သူရဲ့လူများနှင့်အတူ ထွက်ခွာ သွား တာကို မြင်တဲ့အခါ ကျိုးယန် အလျင်စလိုမ လုပ်ပေ။ သူ ထရပ်ခြင်းပင် မပြုဘဲ
“မရောင်းလည်း ကိစ္စမရှိပါဘူး ဒါပေမဲ့ အနာဂ တ်မှာ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော်တို့ဆီ လာ မတိုင်နဲ့ အားလုံးကို ပရိုတွန်ကပဲ ကိုယ့်ဘာသာ တာဝန်ယူရလိမ့်မယ်” ဟု ပေါ့ပေါ့ပါးပါး ပြော လိုက်သည်။
ဒီပေါ့ပေါ့ပါးပါး စကားက ရှီလီဘင်း အတွက် အလွန်အရေးကြီးသည်။
သူရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့ သည်။
နောက်ထပ်သင်္ဘောတစ်စင်း ထိုးဖောက် ခံရနိုင် တယ်လို့ စိတ်ထဲတွင် ချက်ချင်း သတိပြုမိလို က် သည်။
သူ ခဏ တုံ့ဆိုင်းနေခဲ့ပြီး တကယ်ကို သူ့ကိုယ် သူ မကယ်တင်နိုင်တော့ဘူးလို့ ခံစားမိပြီး သတ္တိ ရှိရှိ ထွက်သွားခဲ့သည်။
“ခင်ဗျားကို နှစ်ရက်အချိန်ပေးမယ်။ နှစ်ရက် ကြာပြီးနောက် ဘာမှအာမခံနိုင်မှာ မဟုတ်ဘူး” လို့ ကျိုးယန် ထပ်ပြောလိုက်သည်။
ရှီလီဘင်းက နှင်းခဲများ အုပ်နေတဲ့ခ ရမ်းသီး တစ်လုံးလိုပင် သူရဲ့ကိုယ်ခန္ဓာတစ်ခုလုံး ညှိုး နွမ်းလျက်ရှိသည်။
သူပြန်ရောက်လာပြီး သိပ်မကြာမီတွင် ရှီဝမ်ချွမ်းက သူ့ကို ချက်ချင်းခေါ်တွေ့ခဲ့သည်။ ထင်ရှားတာက သူ့အဖေ တစ်စုံတစ်ရာကို ကြားခဲ့ရတာကြောင့်ပဲ ဖြစ်ရမည်။
“မင်း Global ကို တစ်ခုခုလုပ်ခဲ့တာလား” ဟု မေးလိုက်သည်။
ဒါကို ဖုံးကွယ်လို့မရနိုင်ကြောင်း သိလိုက်သဖြင့် ရှီလီဘင်း ခေါင်းငုံ့ကာ အဖြစ်အပျက် တစ်ခုလုံး ကို ပြောပြလိုက်သည်။ ခုနက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စများ အပါအဝင်ပင် ဖြစ်သည်။
စကားပြောပြီးနောက် ရှီလီဘင်းက
“ကျွန်တော်တို့ရဲ့ သင်္ဘောနှစ်စင်းကို တစ်ခုပြီး တစ်ခု သင်္ဘောအောက်ခြေကနေ ထိုးဖောက် ခံခဲ့ရတာပါ ! Globalကုမ္ပဏီပဲ ဖြစ်ရမယ် ! ကျွန် တော်တို့ သက်သေအထောက်အထားတွေ စု ဆောင်းရမယ်။ ပြီးတော့ သူတို့ဘက်က တာဝန် ယူရမှာဖြစ်လို့ ဥပဒေအရ အပြစ်ပေးခံရမှာပါ” လို့ ပြတ်ပြတ်သားသား ပြောလိုက်သည်။
စကားမဆုံးမီတွင် သူ့ကို အကြမ်းဖက် ဖြတ် တောက်ခြင်းခံခဲ့ရသည်။
“ပါးစပ်ပိတ်ထား”
ရှီဝမ်ချွမ်း ဒေါသထွက်နေပြီး ရှီလီဘင်းကို ကျေ နပ်မှုမရှိတဲ့ အမူအရာဖြင့် ကြည့်လိုက်သည်။ သူ အမျက်ဒေါသထွက်နေသည်။ မူလက ပရိုတွန် အား ရှီလီဘင်းလက်ထဲကို တစ်ဆင့်ပြီးတစ်ဆင့် လွှဲပြောင်းပေးရန် စီစဉ်ခဲ့သည်။ ဒါပေမဲ့ အခု တော့ သူ ပြန်လည်စဉ်းစားရမယ်လို့ ထင်မိ သည်။
ရှီဝမ်ချွမ်းက သွေးရဲရဲတောက်နေတဲ့ ဝေဖန်မှု့ များ ရှီလီဘင်းကို လုပ်ဆောင်ခဲ့ ပြီးနောက် သူ ရုတ်တရက် ဆယ်နှစ်အိုသွားပုံရပြီး “Global ရဲ့ တောင်းဆိုမှုကို ငါ သဘောတူတယ် သူတို့ကို တစ်ယွမ်နဲ့ ‘ကျန်းနယု’ ကို ရောင်းလိုက်ပါ ဒါ ပေမဲ့ ငါတို့ သူတို့ကို ဒုက္ခမပေးသလို သူတို့ ဘက်ကလည်း ငါတို့ကို ဒုက္ခမပေးဖို့ တောင်းဆို ချင်တယ်” ဟု အားနည်းစွာ ပြောလိုက်သည်။
သူ ဘာမှ မတတ်နိုင်ခဲ့ပေ။