အခန်း 78 ထူးဆန်းတဲ့ အကောင်ကြီး
ကျိုးယန်က ပျော်ရွှင်တဲ့ မျက်နှာဖြင့် ဝင်လာပြီး
ဒါ့အပြင် ချော့မွေ့စွာ ရလာခဲ့ပြီး ပရိုတွန်ဘက် က တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ယခုအချိန်အထိ ကျိုးယန်က ဒါဟာ အိပ်မက် မဟုတ်ဘူးဆိုတဲ့ ခံစားချက်ကို ရနေခဲ့သည်။ သမုဒ္ဒရာသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့ပြီးနောက် ဒီလို အဖြစ်အပျက်မျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင် ဖြစ်သည်။
ပျော်ရွှင်နေတဲ့ ကျိုးယန်ကို မြင်ရတဲ့အခါလျူ ယောင်လည်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။နှစ် ဖက်လက်မှတ်ရေးထိုးထားတဲ့ စာရွက်စာတမ်း များကိုယူပြီး အကြမ်းဖျင်း ကြည့်လိုက်သည်။
လျူယောင်ကကျေနပ်အားရစွာဖြင့်
“ဒီသင်္ဘောကြီးနဲ့ဆိုရင် ငါတို့ရဲ့ ကွန်တိန်နာ လုပ်ငန်းက အဆင့်သစ်တစ်ခုကို ရောက်ရှိနိုင် လိမ့်မယ် ဒီတော့ သင်္ဘောကို မင်းလက်ထဲ အပ်လိုက်မယ်” လို့ ပြောလိုက်သည်။
ကျိုးယန် လျင်မြန်စွာ အာမခံလိုက်ပြီး “သူဋေး စိတ်မပူပါနဲ့ ကျွန်တော် ဒီသင်္ဘောကို ကောင်း ကောင်းအသုံးချပြီး ကုမ္ပဏီအတွက် စဉ်ဆက် မပြတ် ချမ်းသာမှု့ကို သေချာပေါက် ယူဆောင် ပေးပါ့မယ်” ဟု အာမခံ ပြောလိုက်သည်။
ပျော်ရွှင်တဲ့နေတဲ့ ကျိုးယန်ကို နှုတ်ဆက်ပြီး နောက် လျူယောင် စိတ်ထဲတွင် “ပရိုတွန်အဖွဲ့ နာခံမှုရဲ့ အကြီးမားဆုံး အလှူရှင်က လိပ်ကြီး ပဲသူတို့က ‘ကျန်းနယု’ ကို ငါတို့ဆီ ၁ ယွမ်နဲ့ ရောင်းခဲ့တာတောင်မှပေါ့” ဟု တွေးလိုက်သည်။
လိပ်ကြီးမရှိရင် ဘာမှမဖြစ်နိုင်ပေ။
သူ့ရဲ့စိတ်ထဲတွင် လိပ်ကြီးကို တွေးနေမိပြီး လျူ ယောင် အိမ်မွေးတိရစ္ဆာန်ချပ်ပြားကို မဖွင့်ဘဲ မနေနိုင်တော့ပေ။
သွက်လက်မှု- ၁၆၅၁
ကျွမ်းကျင်မှု- လိပ်အသက်ရှူ (အဆင့်-၂)၊ လိပ်ခွံ (အဆင့်-၂)၊ စူပါအာရုံခံစားမှု (အဆင့်-၂)၊ စူပါအမြင်အာရုံ (အဆင့်-၁)
အကြာကြီးကြည့်ပြီးနောက် လျူယောင်ရဲ့ မျက်နှာတွင် ကျေနပ်မှုအပြည့် ဖြစ်နေခဲ့သည်။
လိပ်ကြီးက ၂၆.၇ တန်အထိ ကြီးထွားလာခဲ့ပြီး နောက်ရက်အနည်းငယ်ဆို တန် ၃၀ ရောက် ရှိ တော့မှာဖြစ်သည်။ ဂုဏ်သတ္တိ အမျိုးမျိုး ကို လည်း များစွာတိုးတက်စေနိုင်ပြီး ခွန်အား ဂုဏ် သတ္တိက ၁၇၀၀ ကို တက်သွားခဲ့သည်။ ဒီလို မြင့်မားတဲ့ ခွန်အားဂုဏ်သတ္တိများနဲ့ဆို ၁၇တန် ၁၈ တန်ရှိတဲ့ လှံက ပိုကိုင်ရလွယ်ကူလာမယ် လို့ခံ စားရပေမည်။
တစ်ခုတည်းသော ပြဿနာမှာ ရေကူးနှုန်းက သိသိသာသာ နှေးကွေးလာခြင်းပင် ဖြစ်သည်။ ၁၀ တန်ရှိတုန်းက အမြန်နှုန်းက ၁၀၀ နူန်း ဖြစ် သည်။ ယခု ၂၆.၇ တန်အထိ ကြီးထွားလာ ခဲ့ ပြီးနောက် ရေကူးနှုန်းက ၁၂၈ သာတိုး လာခဲ့ သည်။
လျူယောင် တွေးမိလိုက်သည်။ ၁၂၈ အမြန်နှု န်းမှာ မဆိုးပေ မြင့်မားတဲ့အမြန်နှုန်းအဖြစ် သတ်မှတ်နိုင်ပြီး မြေပြင်ပေါ်တွင် ပြေးနေတဲ့ အမြန်ရထားကိုပင် အမီလိုက်လုနီး ပါးဖြစ် သည်။
ရေထဲတွင် အတားအဆီးများရှိတာကြောင့် လိပ်ကြီးရဲ့ နောက်ဆုံးအမြန်နှုန်းတွင် အခက် အခဲ ရှိမလာနိုင်ပေဘူးလား။ သူက အမြန်နှုန်း တစ်ခုသာ တိုးလာပြီး ဘယ်တော့မှ မကျော်နိုင် ပေ။
နောက်ဆုံးအမြန်နှုန်းက ၂၀၀ ၃၀၀ နူန်းလား။ ၂၀၀ ဖြစ်ဖြစ် ၃၀၀ ဖြစ်ဖြစ် အလွန်လျင်မြန်တဲ့ အမြန်နှုန်းအဖြစ် သတ်မှတ်ထားပြီးသား ဖြစ် သည်။
လိပ်ကြီးရဲ့ ဂုဏ်သတ္တိများကို ကြည့်ပြီးနောက် လျူယောင် ပြင်ပအမြင်ကို ဖွင့်လိုက်ရာ လိပ် ကြီး ကို တွေ့လိုက်ရသည်။သူက ရေနက်ပိုင်း တွင် ရှိနေသည်။
“လိပ်ကြီးရေ မင်းဘယ်မှာလဲ”
လိပ်ကြီးက “သခင်၊ ကျွန်တော် လွန်ခဲ့တဲ့ နာရီ ဝက်လောက်က ထူးဆန်းတဲ့ကောင်တစ်ကောင်နဲ့ တွေ့ခဲ့ပြီး အရှုံးပေါ်ခဲ့တယ်။ အခု သူ့ဆီကနေ လက်စားချေဖို့ ကြိုးစားနေတယ်” လို့ ဒေါသ ထွက်စွာ ပြောလိုက်သည်။
“ဘာ!”
"ပင်လယ်ထဲမှာ တန် ၂၀ ကျော်ရှိတဲ့ လိပ်ကြီးကို ဆုံးရှုံးစေနိုင်တဲ့အရာက ဘာလဲ "လျူယောင် သူ၏စိတ်ထဲမှ ပြောလိုက်သည်။
"လိပ်ကြီး မင်းအခု ဘယ်မှာလဲ ခုနက ဘယ်လို ကောင်မျိုးနဲ့ တွေ့ခဲ့တာလဲ”လို့ လျူယောင် မေး လိုက်သည်။
လိပ်ကြီးက “ကျွန်တော့်ရဲ့ တည်နေရာက ဟွာ ဟိုင်းမြို့ကနေဆို ရေမိုင် ၁၀၀ လောက် အကွာ အဝေးမှာပါ။ အဲ့ဒီကောင်က မကြီးဘူး ရှည် တယ်လုံးတယ် ပြီးတော့ အတော်လေး မြန် တယ်။ ကျွန်တော် သူ့ကို ရှာချင်တယ်” ဟု ပြန် ဖြေလိုက်သည်။
"ရှည်ပြီး လုံးနေတာလား "
"ဒါဆို ဘာလဲ "
လျူယောင် ပြင်ပအမြင်အာရုံကို ဖွင့်ထားခဲ့ပြီး လိပ်ကြီးဘက်မှ အခြေအနေကို စောင့်ကြည့် နေခဲ့သည်။ လိပ်ကြီး ဧရာမလှံကို ကိုင်ထားတာ ကို မြင်လိုက်ရပြီး ရေကူးနှုန်းမှာ အနည်းဆုံး ၁၂၀ နူန်း ရှိကာ ထူးဆန်းတဲ့ကောင်ကို ရှာနေ ခဲ့သည်။
လိပ်ကြီးက အလွန်လိမ္မာသည်။သူက ကိုယ့် ကိုယ်ကိုယ် ၁၀၀ ကီလိုမီတာ အကွာအဝေးကို သတ်မှတ်ထားပြီး ထိုအကွာအဝေးအတွင်းသာ လှည့်ပတ်ရှာဖွေနေသည်။သူ့ရဲ့ အမြန်နူန်းက အရမ်းမြန်တာမို့လို့ ဒီပင်လယ်ဧရိယာတစ် ခုလုံး ကို ရှာဖွေရန် အချိန် သိပ်မကြာလောက်ပေ။
လျူယောင် အလွန်သိချင်နေပြီး လိပ်ကြီး ရှာ ဖွေနေတဲ့ အကောင်ကဘာလဲဆိုတာကို သိချင် နေခဲ့သည်။
လိပ်ကြီး ရှင်းရှင်းလင်းလင်းပင် အလွန်စိတ် မပျော်မရွှင် ဖြစ်နေခဲ့သည်။ ဘာကိုခံ စားခဲ့ ရတာကို မသိပေ။ သူ့ရဲ့ဧရာမလှံကို ကိုင်ပြီး ထိုကောင်ကို ကမ္ဘာအနှံ့ လိုက်ရှာနေခဲ့သည်။
“လိပ်ကြီး အဲ့ဒီကောင်ရှေ့မှာ ဘာအရှုံးများ ခံခဲ့ရတာလဲ”
“သိပ်ကြီးတဲ့ အရှုံးမဟုတ်ပါဘူး။ သူ့ရဲ့ ရုတ် တရက် ပေါ်လာမှုက ကျွန်တော့်ကို လန့်သွား စေခဲ့တာ ဒီလိုထူးဆန်းတဲ့အရာ ပေါ်လာလိမ့် မယ်လို့ မမျှော်လင့်ထားဘူး”
လျူယောင် ကြီးမားတဲ့ ထိခိုက်မူ့များ မခံစားရ ကြောင်း သိလိုက်ရတဲ့အတွက် စိတ် သက်သာ ရာ ရသွားခဲ့သည်။
လိပ်ကြီး ထိုကောင်ကြီးကို ကမ္ဘာအနှံ့ ရှာဖွေ ခဲ့ပြီး ကြီးမားတဲ့ ပင်လယ်သတ္တဝါ အချို့နဲ့ လည်း ကြုံတွေ့ခဲ့ရသည်။သူတို့ကအဝေးမှ ရှောင်ရှားခဲ့ကြသည်။
ဥပမာအားဖြင့် ၁၀ မီတာကျော် ရှည်လျားတဲ့ ဝေလငါးမန်းကြီးက လိပ်ကြီးကို မြင်တဲ့အခါ တတ်နိုင်သမျှ အဝေးကို ပြေးသွားကြသည်။
လိပ်ကြီး ယခုဗိုက်မဆာသေးပေ။ မဟုတ်ရင် ဒီဝေလငါးမန်းက လိပ်ကြီးရဲ့ အစာ ဖြစ်သွားမှာ သေချာသည်။သူ့ အမြန်နှုန်းဖြင့် လိပ်ကြီးထံမှ လွတ်မြောက်ရန်မှာ မဖြစ်နိုင်ပေ။
ခဏအကြာတွင် လိပ်ကြီး နောက်ထပ် အ ကောင်ကြီးတစ်ကောင်နဲ့ တွေ့လိုက်ရသည်။
ဒါက ဧရာမရေခူတစ်ကောင်ဖြစ်ပြီး အလွန်ကြီးမားပေသည်။
ပင်လယ်ထဲတွင် ထူးဆန်းတဲ့အရာများမှာ အလွန်များပြားပြီး လူသားများက ပင်လယ်ကို အပေါ်ယံသာ နားလည်ထားကြသည်။ဒီလိုမျိုး ဧရာမရေခူ ဘယ်လူသားကမှ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘူးလို့ ခန့်မှန်းရသည်။
ကိုယ်ထည် အချင်းက ၁၀ မီတာကျော်ရှိပြီး နှာမောင်းများရဲ့ အရှည်မှာ အမြင်အားဖြင့် ၅၀ ၆၀ မီတာကျော် ရှိသည်။ဒီရေခူက လိပ် ကြီးထက် အများကြီး ပိုကြီးနေပုံရသည်။
ပြင်ပအမြင်မှတစ်ဆင့် ဒီလို ဧရာမရေခူကို မြင်လိုက်ရတဲ့အခါ လျူယောင် အံ့သြသွားခဲ့ပြီး
“လိပ်ကြီး ဒါက ဘီလူးတစ်ကောင်ပဲ ခုနက မင်းဒီကောင်ကို ခံခဲ့ရတာလား” လို့မေးလိုက် သည်။
လိပ်ကြီးက
“ဒါက အဲ့ကောင်မဟုတ်ဘူး” ဟု ပြောလိုက် သည်။
လျူယောင်က “အဲ့ဒီရေခူကို တိုက်ရတာ မ လွယ်ဘူးနဲ့ တူတယ်၊ သတိထား” ဟု ပြောလိုက် သည်။
ဒီဧရာမရေခူက လိပ်ကြီးကို ကြောက်ပုံမရဘဲ လိပ်ကြီးဘက်ကို ဦးတည်လာခဲ့သည်။ ဖြစ်နိုင် တာက လိပ်ကြီးကို စားချင်တာ ဖြစ်လောက် မည်။
လိပ်ကြီးက ဒေါသ ထွက်နေပြီးသားဖြစ်သည်။ ဒါက ရေခူက မရှောင်ရှားရုံသာမက သူ့ဆီ ဦး တည်လာတာကို မြင်တဲ့အခါ လိပ်ကြီး ပိုဒေါသ ထွက်လာခဲ့သည်။
ရေထဲတွင် ကူးခတ်နေတဲ့ လိပ်ကြီးရဲ့ ပျမ်းမျှ အမြန်နှုန်းက ၁၂၈ နူန်ူး ရှိနေတာကြောင့် ချက်ချ င်းပေါ်လာသော အရှိန်က ပိုလို့ပင် ထိတ်လန့်စ ရာကောင်းသည်။ဒါက မျက်တောင်တစ်ခတ် အတွင်းပင် ဖြစ်နေသည်။
ဧရာမရေခူသက လိပ်ကြီး ဒီလောက် မြန် လိမ့် မယ်လို့ မမျှော်လင့်ခဲ့ပေ။သူ ပြန်တုံ့ပြန်ရန် အ ရှိန်မရခင်ဘဲ လိပ်ကြီးက ရောက်ရှိ လာခဲ့သည်။
အလွန်အန္တရာယ်ရှိတဲ့ ခံစားချက်က ရေခူကြီး ရဲ့နှလုံးသားတွင် တိုးလာခဲ့သည်။
“ပြေး!”
“ပြေး!”
ဒီ အတွေးက ဧရာမရေခူရဲ့ စိတ်ထဲ ရောက် လာပြီးနောက် သူ ထွက်ပြေးချင်ခဲ့သည်။
"နောက်ကျသွားခဲ့ပြီ "
လိပ်ကြီးရှေ့တွင် သူ့ရဲ့ တုံ့ပြန်မှု့အမြန်နှုန်းက အ လွန်နှေးကွေးနေသည်။
ထွက်ပြေးဖို့ အချိန်မရခင်တွင် လိပ်ကြီးရဲ့ ဧရာ မလှံက ပစ်မှတ်ကို ထိုးစိုက်လိုက်သည်။ ဧရာ မပူဖောင်းကြီးတစ်လုံးကို ဖောက် လိုက်သလို ပင်။
" ဖောင်းး "
ဆိုတဲ့အသံဖြင့် ရေခူကြီးက လှံဖြင့် ထိုးဖောက် ခံခဲ့ရသည်။ ထို့နောက် များပြားတဲ့ အစိမ်းပုပ် ရောင် အရည်များ ထွက်လာခဲ့သည်။ ရေခူ ကြီးတဖြည်းဖြည်း အသက်ဓာတ်ကုန်သွားပြီး ရေနက်ပိုင်းထဲ ဖြည်းဖြည်းချင်း နစ်မြုပ် သွား ခဲ့သည်။
"လိပ်ကြီး ဘယ်မှာလဲ "
တုံ့ပြန်မှု့အမြန်နှုန်း တကယ့်ကို မြန်ဆန်သည်။ ဧရာမလှံက ရေခူကြီးကို ဖောက်ထွင်းပြီးနောက် လှံကို ချက်ခြင်း ဆွဲထုတ်ကာ ထွက်ပြေးခဲ့ သည်။ မျက်တောင်တစ်ခတ်အတွင်း မီတာ ၂၀၀ မှ ၃၀၀ အထိ ဝေးကွာသွားခဲ့သည်။
ထုတ်လွှတ်လိုက်တဲ့ အစိမ်းပုပ် ရောင် အရည်မျ ားက လိပ်ကြီးကို လုံးဝမထိခဲ့ပေ။ရေခူကြီး မသေခင်က ဝှေ့ယမ်းလိုက်တဲ့ နူတ်ခမ်းမွှေးများ ကလည်း လိပ်ကြီးကို မထိခဲ့ပေ။
ဒီဧရာမရေခူကို သတ်ပြီးနောက် လိပ်ကြီးလှံကို ဆက်လက်သယ်ဆောင်ပြီး သူ နည်းနည်း အရှုံး ပေါ်စေခဲ့တဲ့ ကောင်ကို ကမ္ဘာအနှံ့ ရှာဖွေခဲ့သည်။
၁၀ မိနစ်ခန့်အကြာတွင် နောက်ဆုံး၌ ထိုထူးဆန် းတဲ့ ကောင်ကို လိပ်ကြီး တွေ့လိုက်ရသည်။
လိပ်ကြီး ထံမှ တဆင့် ထိုအကောင်ကို ရှင်းလင်း စွာ မြင်လိုက်ရပြီးနောက် လျူယောင် အံ့အား သင့်သွားခဲ့သည်။