Ch 79
Viewers 5k

အခန်း 79.  M နိုင်ငံ မှ မောင်းသူမဲ့ရေငုတ် သင်္ဘော



"ဟာ! ဒါ မင်းပြောတဲ့ ထူးဆန်းတဲ့ကောင်လား"


လျူယောင်ဟာ  ဒါက ပင်လယ်သတ္တဝါ တစ် မျိုးမျိုး ဖြစ်လိမ့်မယ်လို့ အမြဲတွေးနေခဲ့သည်။


တကယ်တမ်းတော့ အဲဒါက သက်ရှိသတ္တဝါ မ ဟုတ်ဘဲ ခေတ်မီ သိပ္ပံနည်းပညာရဲ့ ထုတ်ကုန် တစ်ခုသာ ဖြစ်သည်။


“ဘုရားရေ!”



ဒါက ရေငုပ်သင်္ဘောတစ်စင်းဖြစ်ပြီး ရေ အောက်တွင် ၂၀ မှ ၃၀ နူန်းဖြင့် အလျင်အမြန် ခုတ်မောင်းနေပြီး နှေးကွေးခြင်း လုံးဝ မရှိပေ။



“သခင် ကျွန်တော် သူ့ကို တွေ့ပြီ ဒီကောင်ပဲ”



လျူယောင်က “ငါလည်း မြင်တယ်၊ သူ့ရဲ့ ရုတ်တရက်ပေါ်လာမှု့က မင်းကို အံ့သြစေခဲ့မှာ သေချာတယ်” ဟု ပြောလိုက်သည်။


“ဟုတ်တယ် ဒီကောင်က ကျွန်တော်စားပြီး အိပ် နေ တုန်းမှာ ရုတ်တရက် ကျွန်တော့ဘေးကနေ ပေါ်လာပြီး ဝှစ်ကနဲ ဖြတ်သွားခဲ့တာ အဲ့ဒါ ကျွန် တော့်ကို လန့်သွားတယ်”



လျူယောင် ရယ်မောခြင်းကို မရပ်တန့်နိုင် တော့ ပေ။ဒီဟာက ဧရာမလိပ်ကြီးကို အံ့သြ စေခဲ့ သည်။



လျူယောင်က ပြင်ပအမြင်မှတစ်ဆင့် ဒါက ရေ ရေငုပ်သင်္ဘောတစ်စင်းဖြစ်ကြောင်း ရှင်းလင်း စွာ မြင်ရသည်။ရေငုပ်သင်္ဘောက ၄  ၅ မီတာ လောက် ရှည်လျားပြီး ရေအောက်တွင် ရွက်လွှင့် နေသည်။


“သခင် ကျွန်တော်ဖျက်ဆီးပစ်ရမလား”


လိပ်ကြီး  ယုံကြည်မှုရှိစွာ ပြေးသွားပြီး သူရဲ့ဧ ရာမလှံဖြင့် ဒီကောင်ကို ရိုက်ချိုးပစ်မည်ဖြစ် သည်။


လျူယောင်က သတိထားပုံရသည်။



“ဒါ ဘယ်နိုင်ငံရဲ့ ရေငုပ်သင်္ဘောလဲ ငါတို့နိုင်ငံက လား ဒါမှမဟုတ် တခြားနိုင်ငံ က လား” လို့ စိတ် ထဲတွင် တွေးလိုက်မိသည်။



ဒါက ဟွာဟိုင်းမြို့နဲ့ မဝေးတဲ့အတွက် ငါတို့ နိုင်ငံက ဖြစ်နိုင်ခြေပိုများတယ်  အကွာအဝေး  ရေမိုင် ၁၀၀ ခန့်ရှိတာကြောင့် နိုင်ငံခြားမှ မောင်း သူမဲ့ ရေငုပ်သင်္ဘောများက ဒီနေရာကို မလာ လောက်ပေ။ 



“လိပ်ကြီး အဲ့ဒါကို ရိုက်ချိုးပစ်ဖို့ အလျင်လို မ နေနဲ့ အကွာအဝေးကို ထိန်းထား! အဝေးကနေ အရင်လိုက်သွား !ပြီးရင် သူ့ကို မင်းမျက်စိ အောက်ကနေ မပျောက်စေနဲ့”ဟု အကြံ ပေး လိုက်သည်။



 မီတာထောင်နှင့်ချီ ဝေးကွာနေပေမဲ့ လိပ်ကြီး တွင် စူပါပါဝါရှိတာ ကြောင့် ထိုအရာက သူ့အ မြင်အာရုံမှ မပြောက်နိုင်ပေ။



“ကောင်းပါပြီ သခင်  ဒါဆို ကျွန်တော် အဝေး ကနေ လိုက်ပြီးတော့ သခင်ရဲ့ သတင်းကို စောင့် ပါ့မယ်”


လိပ်ကြီး တကယ်တော့ စိတ်လိုက်မာန်ပါ လုပ် ချင်သည်။ဒီထူးဆန်းတဲ့ကောင်ကို ပြေးပြီး ရိုက် ချိုးပစ်ချင်နေသည်။ဒါပေမဲ့ သခင့် အမိန့် ကို သစ္စာရှိရှိ လုပ်ဆောင် ရမှာပဲဖြစ်သည်။


အဝေးမှလိုက်ရန် လိပ်ကြီးကို အမိန့်ပေးပြီး နောက် လျူယောင် အွန်လိုင်းတွင် ရှာဖွေခဲ့ သည်။


ရှာဖွေပြီးနောက် "တံငါသည်များကို M နိုင်ငံ  ရေငုပ်သင်္ဘောများက ဖမ်းဆီးခဲ့သည် "ဆိုတဲ့ သတင်းများသာ အများဆုံးဖြစ်သည်။


အင်တာနက်ပေါ်ရှိ သတင်းအချို့ကို စစ်ဆေး ပြီးနောက် လျူယောင်က  M  နိုင်ငံရဲ့ ရေငုပ် သင်္ဘော  ဖြစ်လောက်မယ် ဆိုတာ  ၈၀% သေ ချာခဲ့သည်။


"M နိုင်ငံရဲ့ မောင်းသူမဲ့ ရေငုပ်သင်္ဘောဖြစ် တာကြောင့်  ဒါကို ပြန်ယူလိုသလား "



ငါတို့ရဲ့ ကမ်းရိုးတန်းရေပိုင်နက်များကို  စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ဖို့ ရေငုပ်သင်္ဘော အသုံး ပြုတာက  အတော်လေး ရှက်စရာ ကောင်း သည်။


“လိပ်ကြီး  ပြေးသွားပြီး အဲ့ကောင်ရဲ့ နောက်က အလင်းဖိုင်ဘာကို ဖြတ်လိုက် ပြီးရင်  ယူပြီး တော့ ပင်လယ်နားက ငါတို့ရဲ့ ဂိုဒေါင်ထဲမှာ ယာ ယီ ထည့်ထားလိုက်”ဟု လျူယောင် အမိန့် ပေး လိုက်သည်။


လိပ်ကြီး အမိန့်ကိုကြားတဲ့ အခါ လျင်မြန်စွာ ပြေးသွားပြီး ဖိုက်ဘာကြိုးကို လှံနဲ့ ဖြတ်ပြီး နောက် ရေငုပ်သင်္ဘောကိုလက်ဖြင့် ဖမ်းဆုတ် ပြီးထွက်လာခဲ့သည်။


ထိုနေရာနဲ့ လှမ်းမကမ်းတွင် သင်္ဘော တစ်စင်း ပေါ်ရှိ လူများက ပေါက်ကွဲသွားကြသည်။



သင်္ဘောက အပြင်ပန်းတွင် အရပ်သား သင်္ဘော တစ်စင်းလို  ဖြစ်နေပေမဲ့  အမှန်တကယ်တွင်  ပြန်လည်ပြင်ဆင်ထားတဲ့  ထောက်လှမ်း ရေး သင်္ဘောတစ်စင်းဖြစ်ပြီး နိုင်ငံခြားသားများဖြင့် ပြည့်နှက်နေသည်။


ဆံပင်အဖြူရောင် ရှိတဲ့လူဖြူများ အားလုံးက  M နိုင်ငံရဲ့ စစ်တပ်မှ ဖြစ်ကြသည်။



M နိုင်ငံမှ  လူအချို့က ဒီမောင်းသူမဲ့ရေငုပ် သင်္ဘောကို  ထိန်းချုပ်နေကြပြီး ထောက်လှမ်း ထားတဲ့ အချက်အလက်အချို့ကို ခွဲခြမ်းစိတ် ဖြာရန်နဲ့  သိုလှောင်ရန်အတွက် ကွန်ပျူတာနဲ့ လွှဲပြောင်းခဲ့ကြသည်။


ရုတ်တရက် တစ်စုံတစ်ယောက် အော်ဟစ် လိုက် သည်။


“ဘုရားရေ  ဘာဖြစ်နေတာလဲ”


“ဂျိမ်းစ်  ဘာဖြစ်တာလဲ”



“ခေါင်းဆောင်၊ ကျွန်တော်တို့ရဲ့ ရေငုပ် သင်္ဘော က ရုတ်တရက် အဆက်အသွယ်ပြတ်သွားပြီး အလင်းဖိုက်ဘာကြိုး ပြတ်သွားသလိုပဲ “


“ဘာ  ဒီလိုအရာမျိုး ရှိတာလား”


အရပ်ရှည်တဲ့ လူဖြူတစ်ဦး ရောက်လာပြီး ဒီလူက  သင်္ဘောတာဝန်ခံ ဖြစ်နိုင်ဖွယ်ရှိသည်။ သူလာ ကြည့်ပြီးနောက် အကူအညီမဲ့ နေပုံ ရသ ည်။


“ဟာ  တကယ်ကြီး အလင်းဖိုင် ဘာကြိုးပြတ် တောက်သွားတာပဲ”



ဒီဟာက M နိုင်ငံ ရဲ့ နောက်ဆုံးပေါ် ရေငုပ် သင်္ဘောဖြစ်ပြီး အလင်းဖိုက်ဘာပျက်စီးခြင်း မှာမဖြစ်နိုင်ပေ။ဒါပေမဲ့ အခု ဖြစ်ပျက်နေခဲ့ပြီ။



လိပ်ကြီး ရေငုပ်သင်္ဘောကို ဖမ်းဆုပ်ကာ ချက် ချင်းထွက်သွားခဲ့ပြီး ဦးတည် ရာနေရာက အ လျူယောင် တောင်းဆိုထားတဲ့  ပင်လယ်ကမ်း စပ် ဂိုဒေါင်ကို သွားရန်ဖြစ်သည်။


ဟွာဟိုင်းမြို့



အမျိုးသားလုံခြုံရေးဌာနတစ်ခုရဲ့ တာဝန်ခံ ချန်လီကျန်းက စီးကရက်တစ်လိပ်ကိုထုတ်ပြီး မီးညှိကာ ရုံးခန်းထဲတွင် အသက်ပြင်းပြင်း ရှူ လိုက်သည်။ သူက ခုအချိန်တွင်  ဖိအားအများ အပြားအောက်တွင် ရှိနေသည်။



လွန်ခဲ့တဲ့မိနှစ်အနည်းငယ်တွင်  အထက် လူကြီး က ကိုယ်တိုင် ဖုန်းခေါ်ဆိုခဲ့သည်။ M နိုင်ငံ ရဲ့ ထောက်လှမ်းရေးသင်္ဘောက ဆိုးသွမ်းပြီး ဟွာ ဟိုင်းမြို့နဲ့ ရေမိုင် ၁၀၀ အကွာမှာပင် ထောက် လှမ်းရေးလုပ်ရန် ရောက်ရှိလာခဲ့သည်။


သူတို့က  နောက်ဆုံးပေါ် ဖြစ်တဲ့ မောင်းသူမဲ့ ရေငုပ်သင်္ဘောများကိုပင်အသုံးပြုခဲ့သည်။



M နိုင်ငံ ရဲ့ ထောက်လှမ်းရေးသင်္ဘောများက မကြာခဏဆိုသလို အရပ်သားသင်္ဘောအဖြစ် အသွင်ယူနေတာကြောင့် လူအများက သတိမ ထားမိကြဘဲ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ သည်။


ချန်လီကျန်းက စီးကရက်ကို ပြင်းပြင်းရှိုက် လိုက်ပြီး မီးခိုးကွင်းကြီးတစ်ကွင်းကို မှုတ်ထုတ် လိုက်သည်။သူ့ စိတ်ထဲတွင်


“M နိုင်ငံ က မောင်းသူမဲ့ ရေငုပ်သင်္ဘောကို ဖမ်းနိုင်ရင် ကောင်းမယ်” ဟု တွေးလိုက်မိသည်။



သို့သော်လည်း ဒါက  အတွေးတစ်ခု ဖြစ်တာကို သူသိသည်။M နိုင်ငံရဲ့ မောင်းသူမဲ့ ရေငုပ်သ င်္ဘောများကို မည်သို့ လွယ်လွယ်ကူကူ ဖမ်း မိ နိုင်မည်နည်း။



တံငါသည်များက M နိုင်ငံ ရဲ့ ရေငုပ်သင်္ဘော များကို ယခင်က မောင်းထုတ်ခဲ့ကြပေမဲ့ ဒါက တိုက်ဆိုင်မှု့တစ်ခုသာဖြစ်သည်။ဒီလို  ကံ ကောင်း ခြင်းမျိုး ထပ်မံရရှိရန် ခက်ခဲပေသည်။


M နိုင်ငံ ၏ ထောက်လှမ်းရေးသင်္ဘောများကို မောင်းထုတ်ရခြင်းမှာ အတော်လေး ခက်ခဲ သည်။


ချန်းလီကျန်းက စိတ်ထဲတွင်


 “အင်း အကောင်းဆုံးနည်းလမ်းကတော့ သူတို့ ရဲ့ မောင်းသူမဲ့ရေငုပ်သင်္ဘောကို ဖမ်းမိဖို့ပဲ။ ရေငုပ်သင်္ဘော ပျောက်ဆုံးသွားသရွေ့ သူတို့ စုံစမ်းစစ်ဆေးမှု့တွေ မလုပ်နိုင်တော့ဘူး။ အဲ့တာမှသာ သူတို့ကို ကြောက်ရွံ့သွားပြီး ထိန်းနိုင်လိမ့်မယ်” ဟု တွေးလိုက်သည်။


သို့သော် ထိုသို့ပြောရန်ထက် လုပ်ရတာက ပို ခက်သည်။


ဖိအားများစွာအောက်တွင် ချန်းလီကျန်း ခေါင်းကိုက် နေခဲ့သည်။



လိပ်ကြီး  M နိုင်ငံ ရဲ့ ရေငုပ်သင်္ဘောကို ဖမ်းဆုပ် လိုက်ပြီး တစ်နာရီမပြည့်မီတွင် ဂိုဒေါင်ထဲ ဝင်လ ာခါ ရေငုပ်သင်္ဘောကို ဂိုဒေါင်အလယ်ရှိ လွတ် နေတဲ့နေရာတွင် ထားလိုက်သည်။


“သခင် ဒီဟာကို ဂိုဒေါင်ထဲမှာ ထည့်ထားခဲ့ပြီ”



လျူယောင်  ပြင်ပအမြင်အာရုံမှတစ်ဆင့် ဂိုဒေါ င်အလယ်မှာ ရှိတဲ့ M  နိုင်ငံ ရဲ့ ရေငုပ်သင်္ဘောကို မြင်လိုက်ရပြီး ခဏတာ ပျော်ရွှင်နေခဲ့သည်။


“သခင်  ကျွန်တော်သွားတော့မယ်  သခင့်မှာ လုပ်စရာရှိရင် ကျွန်တော့်ကို ဆက်သွယ် လိုက် ပါကျွန်တော် ဘယ်အချိန်မဆို အသင့်ရှိ နေပါ တယ်”


“ကောင်းပြီ၊ သွားတော့”


လိပ်ကြီး ထွက်လာပြီး ပင်လယ်ထဲ ပြန်သွားခဲ့ သည်။



လျူယောင်က  M နိုင်ငံရဲ့ ရေငုပ်သင်္ဘော ဖြစ် နိုင်တယ်လို့ တွေးမိသည်။ သိချင်စိတ်ဖြင့် သူ ပင်လယ်ကမ်းစပ်ရှိ ဂိုဒေါင်ကို ချက်ချင်း ထွက် လာခဲ့သည်။


လျူယောင်က  ချန်းဟူကိုသာ ခေါ်သွားခဲ့ပြီး တစ်နာရီပင် မပြည့်မီတွင် ဂိုဒေါင်ကို ရောက်ရှိ လာခဲ့သည်။ ဂိုဒေါင်ထဲ လျှောက်ဝင်လာတဲ့ အခါ ဂိုဒေါင်အလယ်တွင် ရေငုပ်သင်္ဘောကို ချက်ချင်း မြင်လိုက်ရသည်။


နှစ်ယောက်စလုံး ရေငုပ်သင်္ဘောရဲ့ အလယ် ကိုလျင်မြန်စွာ လျှောက်လာခဲ့ကြသည်။



ချန်းဟူက  သိပုံရပြီး အံ့သြစွာဖြင့် “သူဋေး ဒါ က မောင်းသူမဲ့ ရေငုပ်သင်္ဘောပဲ” ဟု ပြောလိုက် သည်။


လျူယောင်က “ဒါ M နိုင်ငံ က ရေငုပ်သင်္ဘော ဟုတ်မဟုတ် သေချာကြည့်လိုက်ပါ” လို့ မေး လိုက်သည်။


ချန်းဟူသည် ဂရုတစိုက်ကြည့်ရှုပြီးနောက်

 “ဒါက M နိုင်ငံ ရဲ့ ရေငုပ်သင်္ဘော ဖြစ်ရမယ် ဒါပေမဲ့ မော်ဒယ်က မရှင်းလင်းဘူး ကျွန်တော် တို့ ကျွမ်းကျင်သူကို ရှာပြီး ကြည့်ခိုင်းရမယ်” ဟု ကောက်ချက်ချလိုက်သည်။



လျူယောင် ခေါင်းညိတ်ပြလိုက်ပြီး ဖုန်းကို ထုတ်ကာ ဓာတ်ပုံများစွာ ရိုက်လိုက်သည်။


နောက်တစ်ခုကတော့ ဒါဘယ်လို ရေငုပ်သ င်္ဘောအမျိုးအစားလဲဆိုတာ သိဖို့ တစ်ယောက် ယောက်ကို ရှာရမှာပင်။



မကြာမီ လျူယောင် လူတစ်ယောက်ကို သတိရ သွားပြီး ဖုန်းခေါ်ဆိုလိုက်သည်။