Ch 80
Viewers 5k

အခန်း 80  ခဗျားနောက်နေတာ မဟုတ်ဘူးနော်




လျူယောင်  အရှေ့ပိုင်းခရိုင်ရုံးမှ ဂေါ့ဒါကီနဲ့ ရင်းနှီးတာကြောင့် သူက  လုံခြုံရေးဌာနမှ လူ များနဲ့  အဆက်အသွယ် ရှိလိမ့်မယ်လို့  တွေးမိ လိုက်သည်။


ဖုန်းခေါ်ဆိုမှု့ လျင်မြန်စွာချိတ်ဆက်သွားရာ ဂေါ့ဒါကီရဲ့  အသံထွက်လာသည်။


"မစ်စတာလျူ ခင်ဗျားက ကျွန်တော့်ကို ဖုန်းဦးစွာခေါ်တာရှားပါတယ် အရေးကြီး ကိစ္စတစ်ခုခုရှိမယ်လို့ ကျွန်တော်ထင်တယ်"


လျူယောင် နောက်ပြောင်လိုက်သည်။


"ရဲမှူးဒါကီ ကျွန်တော့်မှာကိစ္စရှိမှ ခင်ဗျား ကိုဖုန်း ခေါ်ရမှာလား"


ဂေါ့ဒါကီ ကျယ်လောင်စွာရယ်မောလျက်


" ရပါတယ်ဗျာ ခင်ဗျားလိုချင်တဲ့အချိန် ခင်ဗျား ဖုန်းခေါ်ချင်တဲ့အချိန်မှာ ဖုန်းခေါ်နိုင်ပါတယ်"



ထို့နောက် သူတို့နှစ်ဦးစလုံးသည် အနည်းငယ် နောက်ပြောင်ပြောဆိုပြီးတဲ့အခါ လျူယောင် လေသံ တည်ငြိမ်သွားသည်။


ဂေါ့ဒါကီက ပွင့်လင်းစွာ မေးလိုက်သည်။


"ပြောပါ ဘာကိစ္စလဲ"



"ဒီလိုပါ ကျွန်တော်မတော်တဆ မောင်းသူမဲ့ ရေငုပ်သင်္ဘောတစ်စီးကို ဖမ်းမိလိုက်တယ် အဲဒါက M နိုင်ငံက ဖြစ်လောက်တယ် ကျွန် တော်က ဒီပစ္စည်းအကြောင်းကို မရင်းနှီးလို့ ရဲမှူးဒါကီက ဒီနယ်ပယ် ကကျွမ်းကျင်သူကိုများ သိမလားဆိုတာ သိချင်လို့ပါ"


လျူယောင် စကားမဆုံးမီတွင် ဂေါ့ဒါကီ က ဖြတ်ပြောလိုက်သည်။


ဂေါ့ဒါကီ အသံက အရင်ကထက် အနည်းငယ် ပိုကျယ်လောင်ပြီး


"ဘာ ခင်ဗျားက မောင်းသူမဲ့ ရေငုပ်သင်္ဘောကို ဖမ်းမိလိုက်တယ် ဟုတ်လား"



ရဲမှူးဒါကီရဲ့ တုံ့ပြန်မှု့က အံ့အားသင့်စရာ ကောင် းနေသည်။ စကားလုံးများတွင် အံ့အားသင့် မှု့ များ သိသိသာသာပါဝင်နေသည်။ ပြည်သူ့လုံ ခြုံရေးငှာနနဲ့ အမျိုးသားလုံခြုံရေးဌာနတို့ရဲ့ လုပ်ငန်းမှာ တစ်ခုနှင့်တစ်ခု အလွန်အမင်း ဆက်စပ်နေကြသည်။



မနေ့က M နိုင်ငံရဲ့ မောင်းသူမဲ့ ရေငုပ် သင်္ဘေ ာနဲ့ပတ်သက်တဲ့ အစည်းအဝေးတစ်ခုတွင် သူပါဝင်ခဲ့သည်။ အစည်းအဝေးအပြီးတွင် သူတို့ ငှာနမှလုပ်ဖော်ကိုင်ဖက် အများအပြားနဲ့ ဒီကိစ္စကို ဆွေးနွေးခဲ့ကြသည်။ အချို့လူများက M နိုင်ငံရဲ့ မောင်းသူမဲ့ ရေငုပ်သင်္ဘောကို ဖမ်းမိ ခဲ့ရင်ကောင်းမယ်လို့  မျှော်လင့်ချက်နဲ့ ပြောဆို ခဲ့ကြရာ အခြားသူများက ရယ်မော ခဲ့ကြ သည်။ဘာ့ကြောင့်လဲဆိုတော့ ဒါက လုံး ဝစိတ် ကူးယဉ်မှုသာဖြစ်ကြောင်းကို သိထား ကြ သည်။အလွယ် တကူဖမ်းမိနိုင်ဖို့ဆိုတာ မဖြစ် နိုင်ပေ။


အစည်းအဝေးပြီးဆုံးပြီး တစ်ရက် သာရှိသေးသည်။ လျူယောင်ကဖုန်းခေါ်လာပြီး  M နိုင်ငံရဲ့ မောင်းသူမဲ့ ရေငုပ်သင်္ဘောတစ်စီးကို ဖမ်းမိခဲ့ကြောင်း ပြောဆိုလာခဲ့သည်။


လျူယောင် က


"ပစ္စည်းတွေကို ဂိုဒေါင်တစ်ခုထဲမှာ ခဏသိမ်းထားတယ်  ကျွန်တော် ဓာတ်ပုံနှစ်ပုံ သုံးပုံလောက်ရိုက်ထားတယ် အဲဒါတွေကို ခင်ဗျားဆီ ပို့ပေးပါ့မယ်"လို့ ပြောလိုက်သည်။


"ကောင်းပြီ"


"ကောင်းပြီ "


ဂေါ့ဒါကီက ကောင်းပြီလို့  နှစ်ကြိမ် ပြောခဲ့ပြီး ဒါက   သူရဲ့စိတ်လှုပ်ရှားမှုကို ပြသနေခြင်းပင်။



လျူယောင် ထိုဓာတ်ပုံများကို ပို့ပေးလိုက် ရာ သုံးမိနစ်မှ ငါးမိနစ်အတွင်းတွင် ဂေါ့ဒါကီက ပြန်ခေါ်လာပြီး စိတ်လှုပ်ရှားစွာပြောသည်။



"မစ်စတာလျူ ဒါက Mနိုင်ငံရဲ့ ရေငုပ် သင်္ဘော လို့ ကျွန်တော်ထင်ပါတယ် ကျွန်တော် အခုချက် ချင်းပဲ လုံခြုံရေးဌာနကို အစီရင်ခံလိုက်ပါ့မယ် ဒီတစ်ခါတော့ ခင်ဗျား တကယ်ကို ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ကိုလုပ်ခဲ့တာပါပဲဗျာ"လိို့ ဝမ်းသာအားရ ပြောလာခဲ့သည်။



ဟွာဟိုင်းမြို့ရဲ့ အမျိုးသားလုံခြုံရေးဌာနရဲ့ တာဝန်ခံအဖြစ် ချန်းလီက ဖိအားအောက်တွင် အမှန်တကယ်ရောက်နေခဲ့သည်။ သူက ရုံးခန်း ထဲရှိ ကုလားထိုင်ပေါ်တွင်ထိုင်ကာ အသက် ပြင်းပြင်းရှူသွင်းလိုက်ပြီး အထက်အရာရှိ များ က ဖုန်းဖြင့် အထူးမှာကြားထားတဲ့ကိစ္စများကို စဉ်းစားနေခဲ့သည်။


"ဟေး  Mနိုင်ငံက ရေငုပ်သင်္ဘောကိုသာ ဖမ်းနိုင် ရင် အရမ်းကောင်းမှာပဲ"


ကံမကောင်းစွာဖြင့် ဒီကိစ္စက အလွန် ခက်ခဲ ပေ သည်။



ထိုကိစ္စများကို စဉ်းစားနေစဉ် သူ့  စားပွဲပေါ်မှ ဖုန်းမြည်လာရာ ဖုန်းထဲမှ ဂေါ့ဒါကီရဲ့ အသံ ထွက်ပေါ်လာခဲ့သည်။


"အထက်လူကြီး ကျွန်တော့်မှာ သတင်းကောင်း တစ်ခု ရှိပါတယ်"


ချန်းလီရဲ့ ရာထူးက ဂေါ့ဒါကီထက် မြင့်တာ ကြောင့် သူက "အထက်လူကြီး"ဟု ခေါ် ခဲ့ခြင်း ဖြစ်သည်။


ဂေါ့ဒါကီက အဖြစ်အပျက်ကို ပြန်လည် အစီ ရင်ခံလိုက်သည်။



ချန်းလီ သူရဲ့နားများကိုပင် မယုံနိုင်တော့ပေ။ ဒါ့ကြောင့် သူက အသံကျယ်ကျယ်ဖြင့် လျင်မြန်စွာမေးလိုက်သည်။


"ဒါ အမှန်လား  ခဗျား နောက်နေတာ မဟုတ် ဘူးနော်"


ဂေါ့ဒါကီ က အတည်ပြု ပြန်ဖြေလိုက်သည်။


"အမှန်ပါပဲ  ကျွန်တော် ဓာတ်ပုံအများ အပြားရ ထားပါတယ်  အထက်လူ ကြီးဆီ ပို့ပေးပါ့မယ် တစ်ချက်ကြည့်လိုက်ပါဦး"



စကားအနည်းငယ်ပြောကာ ဖုန်းချလိုက် ပြီး နောက် ချန်းလီ သူရဲ့ဖုန်းထဲက ဓာတ်ပုံများကို ကြည့်ရှု့လိုက်သည်။ ဓာတ်ပုံများကို ဂရုတစို က်စစ်ဆေးပြီးနောက် Mနိုင်ငံမှ မောင်းသူမဲ့ ရေငုပ်သင်္ဘောဖြစ်ကြောင်း အခြေခံအားဖြင့် သေချာသွားသည်။ဒါက ရေငုပ်သင်္ဘောရဲ့ နောက်ဆုံးပေါ်မော်ဒယ် ဖြစ်နိုင်တယ်လို့လည်း ထင်မိလိုက်သည်။


"ဟား ဟား"


ချန်းလီရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ချက်ခြင်း ကွဲပြ ားခြားနားသွားပြီး ဖိအားများမရှိတော့ဘဲ သူ့တစ်ကိုယ်လုံးက စွမ်းအင်များနဲ့ ပြည့်ဝနေခဲ့ သည်။


ချန်းလီ စားပွဲပေါ်မှ ဖုန်းကိုကောက်ကိုင်လိုက်ပြီး အသံကျယ်ကျယ်ဖြင့်


"လောင်မန်းကို ငါ့ ရုံးခန်း လာခိုင်းလိုက်ပါ"



လျူယောင်က  ချန်းဟူနဲ့အတူ လုံခြုံရေးဌ ာနမှလူများ လာတာကို စိတ်ရှည်လက်ရှည်နဲ့ ဂိုဒေါင်ကြီးထဲတွင် စောင့်ဆိုင်းနေသည်။ မမျှော်လင့်ဘဲ ဒါက  M နိုင်ငံမှ မောင်းသူမဲ့ ရေငုပ်သင်္ဘောဖြစ်ပြီး နောက်ဆုံးပေါ်မော်ဒယ် ဖြစ်နေခဲ့သည်။



မိနစ်  ၂၀ မှ ၃၀ ခန့် စောင့်ဆိုင်းပြီးနောက် ဂေါ့ဒါ ကီက  လူတစ်စုနဲ့အတူ ရောက်လာခဲ့သည်။ စုစု ပေါင်း ကားသုံးစီးရှိပြီး ဒါကီရဲ့ ကားမှာ ရှေ့ဆုံး တွင်ရှိသည်။ နောက်တွင် စစ် ကားနှစ်စီးပါပြီး ထိုကားများထဲမှ တစ်စီးက ကြီးမားတဲ့ ကုန်တင် စစ်ကားဖြစ်နေသည်။


ကားများရပ်လိုက်တဲ့အခါ လူတစ်ဒါဇင်ကျော် ဆင်းလာခဲ့သည်။


ဒါကီ အပါအဝင် ရဲအရာရှိအနည်းငယ်မှလွဲ၍ ကျန်သူများအားလုံးက စစ်သားများဖြစ်ပြီး ဦးဆောင်လာသူမှာ အလယ် အလတ်အရွယ် ဗိုလ်မှူးကြီးရာထူး ရှိနေသည်။


ရဲမှူးဒါကီက လျူယောင်နဲ့ စိတ်အားထက်သန် စွာ လက်ဆွဲနှုတ်ဆက်ပြီး


"မစ်စတာလျူ ခင်ဗျားကို မိတ်ဆက် ပေးပါရ စေ ဒီတစ်ယောက်က ကျွန်တော်တို့ ဟွာဟိုင်း မြို့ လုံခြုံရေးဌာနရဲ့ ခေါင်းဆောင် ချန်းလီ ဖြစ်ပါတယ်"


"ဗျူရိုချန်း မင်္ဂလာပါ"


"မစ်စတာလျူ မင်္ဂလာပါ"



သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်ကာ စကား အန ည်းငယ်ပြောဆိုကြပြီးနောက် လူအုပ်စုကြီးမှာ ရေငုပ်သင်္ဘောဘက် လမ်းလျှောက်သွားကာ ကြည့်ရှု့ခဲ့ကြသည်။ ထိုလူများထဲတွင်  ဆံပ င်ဖြူနေတဲ့ စစ်သားတစ်ဦးပါဝင်ခဲ့သည်။


ဗျူရိုချန်းက ဝမ်းသာအားရပြောလိုက်သည်။


"မစ္စတာလျူ  ဒါက M နိုင်ငံရဲ့ နောက်ဆုံးပေါ် မောင်းသူမဲ့ရေငုပ်သင်္ဘော ဖြစ်တယ်ဆိုတာ ခင်ဗျားသိလား  ဒါနဲ့ဆိုရင် ကျွန်တော်တို့ ပြည် တွင်းရေငုပ်သင်္ဘောတွေရဲ့ ဖွံ့ဖြိုးတိုးတက် မှု့ အဆင့်ကို တိုးတက်လာနိုင်ပါတယ်"


"ဒီလောက်တောင် စွမ်းအားကြီးတာလား"



ပြည်တွင်းရေငုပ်သင်္ဘောများတွင် ကြီးစွာသေ ာအပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် လျူယောင် အလွန်ပျော်ရွှင် သွား ခဲ့သည်။ ဒါက  ရည်ရွယ်ချက်မရှိတဲ့ လုပ်ရပ် တစ်ခု ဆိုပေမဲ့ အကျိုးကျေးဇူး ရှိလာလိမ့်မယ် လို့ မမျှော်လင့်ခဲ့ပေ။


ဗျူရိုချန်းက ဆက်ပြောလိုက်သည်။



" မစ္စတာလျူ ဟွာဟိုင်းမြို့ရဲ့ လုံခြုံရေးဌာန ကိုယ်စား ခင်ဗျားကိုကျေးဇူးတင်ပါတယ်  ဒီလို မောင်းသူမဲ့ ရေငုပ်သင်္ဘောကို ဖမ်းမိလိုက်တ ာကြောင့် ကျွန်တော်တို့ရဲ့ လုံခြုံရေးဌာနက နောက်ဆုံးမှာ စိတ်သက်သာရာရသွားပါပြီ အခုဆိုရင် တရုတ်ပြည်သူတွေက ကျွန်တော် တို့ရဲ့အိမ်ရှေ့မှာ မိုက်မိုက်ရိုင်းရိုင်း စုံစမ်းစစ် ဆေးခိုင်းဖို့ မပြောရဲတော့ပါဘူး"

  

 " ရပါတယ် ကျေးဇူးတင်ဖို့ မလိုပါဘူးဗျာ "


လျူယောင် နှိမ့်ချစွာ ပြန်ပြောခဲ့သည်။


ချန်းလီက


"ပစ္စည်းတွေကို အရင်ပြန်ပို့ ကြရ အောင် မနက် ဖြန် ဆုပေးပွဲအခမ်းအနား ကျင်းပပါ့မယ် ၁ သန်းတန်တဲ့ အထူးဆုတစ်ဆုကို မစ္စလျူကို ချီးမြှင့်ပါ့မယ်"


ဒီလိုကောင်းတဲ့ ကိစ္စတွေလည်း ရှိသေးတာကိုး။


လျူယောင် ဆုငွေ ယွမ်  ၁သန်းရရှိတဲ့အတွက် ပျော်ရွှင်နေခဲ့သည်။ သူရဲ့စိတ်ကို ပိုမို ကောင်းမွ န်တယ်လို့ ခံစားစေတာက ဒီကိစ္စကြောင့် လုံခြုံ ရေးဌာနနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည် ဆောက်နိုင်ခြင်းပဲ ဖြစ်သည်။အဲ့ဒါကို အဆက် အသွယ်လို့  ခေါ်ဆိုကြသည်။


"ဆုပေးပွဲအခမ်းအနားက မလိုပါဘူး ကျွန် တော်က လူပုံအလယ်မှာ ရှိနေတာကို မကြိုက် ဘူး"


ချန်းလီ သဘောတူလိုက်သည်။



"အဲဒါဆိုလည်း ကောင်းပြီ မနက်ဖြန် ကျွန်တော့်ရုံးခန်းကို လာခဲ့ပါ ကျွန်တော်  ယွမ် ၁ သန်းတန်တဲ့ ချက်လက်မှတ်ကို လူကိုယ်တိုင် ပေးပါ့မယ်"လို့ပြောလိုက်သည်။


"ကောင်းပါပြီ  အဲဒါဆို မနက်ဖြန်မှ လာပြီး ဗျူရိုချန်းကို အနှောင့်အယှက်ပေးပါ့မယ်"



မကြာမီတွင်  စစ်ဘက်မှ လူအများအပြားက ရေငုပ်သင်္ဘောကို စစ်သုံးကုန်တင်ကားပေါ် တင် ဆောင်ကာ ကြိုးများဖြင့် တင်းကျပ်စွာ ချည်နှေ ာင်ပြီး ထူထဲကျပ်တည်းတဲ့ မိုးကာ များနဲ့ ဖုံးအုပ်လိုက်ကြသည်။


ဗျူရိုချန်း ထွက်ခွာမသွားမီ လျူယောင် နဲ့ ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်ပြီး


"မစ်စတာလျူ မနက်ဖြန် မနက်ပိုင်း ရုံးခန်းထဲ မှာ ခင်ဗျားကို စောင့်နေပါ့မယ်"


"ဟုတ်ကဲ့ ကျွန်တော် မနက်ဖြန် လာခဲ့ပါ့မယ်"


ထို့နောက် ဂါအိုဒါခဲလည်း လျူယောင့်ကို လက် ဆွဲနှုတ်ဆက်ခဲ့သည်။ 



ဆံပင်ဖြူနေတဲ့ စစ်သားမှာလည်း လျူယောင်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပြီး ထိုလူက ကျွမ်းကျင်တဲ့ နည်းပညာရှင်ဖြစ်နေခဲ့သည်။