အခန်း 86 လိပ်ကြီး vs ဧရာမ ငမန်းကြီး
လိပ်ကြီး စက်ကိရိယာကို ပါးစပ်ဖြင့်ကိုက်ပြီး ကူးခတ်နေတဲ့ အရှိန်က ၁၁၀ မှ ၁၃၀နူန်းခန့် ရှိပြီးရုတ်တရက် အရှိန်မြှင့်လိုက်တာကြောင့် အနည်းဆုံး ၁၆၀ နူန်း ရောက်ရှိသွားသည်။
လျူယောင်ပင် ထိုအရှိန်တက်သွားတာကို ခံစားမိသည်။
"ထူးဆန်းလိုက်တာ"
"ဒါ ဘယ်လိုဖြစ်တာလဲ "
လိပ်ကြီးအရှိန် တက်သွားပြီး ရေမိုင်အနည်း ငယ် ကို တစ်ခါတည်းကူးခတ်သွားသည်။ ထို့ နောက် လှည့်ပြီး ရပ်တန့်ကာ ရှေ့ကို ကြည့် လိုက်သည်။
လျူယောင်လည်း အလျင်အမြန်မြင်လိုက်ရ သည်။
ကြီးမားပြီး မှုန်ဝါးဝါးအနက် ရောင်အရိပ် ကြီး တစ်ခုက လိပ်ကြီးဆီ အနီးကပ်လာနေကို ပိုပြီးရှင်းရှင်းလင်းလင်းမြင်ရသည်။
""ဟာ ဒါ ဧရာမငါးမန်းကြီးတစ်ကောင်ပင် ပါးစ ပ်ထဲက ချွန်ထက်တဲ့သွားတွေက နည်းနည်း ကြောက်စရာကောင်းပြီး ငါးမန်းရဲ့မျက်လုံး တွေကလည်း ကြောက်မက်ဖွယ် အလင်းတန်း တွေ ထုတ်လွှတ် နေပုံရပြီး လူတွေကို ကြောက် စရာကောင်းတဲ့ ခံစားချက်ကိုပေးနိုင်သည်။
"ဘုရားရေ"
"ဒီလောက်ကြီးတဲ့ငါးမန်းကြီး ဒါဟာ နာမည် နဲ့လိုက်တဲ့ ဧရာမငါးမန်းကြီးပဲ "
မျက်မြင်ခန့်မှန်းချက်အရ အရှည်က ၃၀ မီတာ ကနေ ၄၀ မီတာလောက်ရှိပြီး အလေးချိန်က တန် ၁၀၀ ကျော်လောက် ရှိသည်။
ဒါဟာ တကယ့်ကို ဧရာမသတ္တဝါကြီးပဲ။ လိပ် ကြီးက ကြီးမားပေမဲ့ ထိုအရာရဲ့ရှေ့မှာတော့ နည်းနည်းသေးငယ်နေပြီး တစ်ကောင် ကကြီး ပြီး တစ်ကောင်ကသေးငယ်ကာ တော်တော်ခြ ားနား နေတာကို မြင်လိုက်ရသည်။
ဒီငါးမန်းကြီးဟာ မနေ့ညက လှေငယ်လေး တစ်စင်းကို ကိုက်ပြီး လူ ၇ ယောက်ကို စား ခဲ့တဲ့ကောင်ဖြစ်နိုင်တယ်လို့ လျူယောင် ချက်ချင်းသိသွားတယ်။
"အခုတော့ လိပ်ကြီးနဲ့ ထိပ်တိုက် ကြုံတွေ့ နေရပြီ"
လျူယောင် သတိပေးလိုက်သည်။
“လိပ်ကြီး သတိထားအူံး !”
လိပ်ကြီး ဒေါသထွက်နေပုံရပြီး
“ဒီကောင်က ခုနက ကျွန်တော့်ကိုနောက်ကနေ ခိုးတိုက်တာကံကောင်းလို့ ကျွန်တော် အမြန် တုံ့ပြန်နိုင်ပြီး သူနဲ့ အကွာအဝေးကို ချက်ချင်း ခြားလိုက်လို့” ဟု စိတ်တိုပြီး ပြောလိုက်သည်။
ကံကောင်းစွာနဲ့ပဲ လိပ်ကြီး အာရုံခံနိုင်စွမ်းမြ င့်မားတာကြောင့် ဒီငါးမန်းက အောင်မြင် စွာတိုက်ခိုက်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။
အခြေအနေကိုပြောင်းပြန်လှန်နိုင်ဖို့ လိပ်ကြီးအ လွန်ပါးနပ်ကာ သူ့ရဲ့အရှိန်အားသာချက်ကို သုံးပြီး အကွာအဝေးတစ်ခုဖန်တီးကာ အသင့်အနေအထားပြင်ဆင်လိုက်တယ်။
“သခင် စိတ်မပူပါနဲ့ ကျွန်တော် သိပါတယ်” ဟု လိပ်ကြီးက ပြန်ပြောလိုက်သည်။
နှစ်ဖက်စလုံး စက္ကန့်အနည်းငယ်ကြာမျှသာ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပြီး ငါးမန်းကြီးက သူထက်နည်းနည်းပိုသေးတဲ့ လိပ်က သူ့ကို ရင်ဆိုင်ရဲတာကိုတွေ့တော့ ဒေါသထွက်နေတာ သိသာသည်။
သူ့ရဲ့ကြီးမားတဲ့အမြီးကို ခါလိုက်ပြီး တစ်ဟုန် ထိုးပြေးလာခဲ့သည်။
"အရှိန်က အရမ်းမြန်တယ်! "
လျူယောင် တတိယအမြင်မှတစ်ဆင့် ရှင်းရှင်း လင်းလင်းမြင်နေရသည်။
ဧရာမငါးမန်းကြီးက မိုင်ရာပေါင်းများစွာ အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ရောက်လာခဲ့ရာ ဒီလိုရှားပါးတဲ့အရှိန်မျိုးကို သူပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ဒီ အရှိန်က လိပ်ကြီးရဲ့ အရှိန်နဲ ယှဉ်နိုင်သည်။
သူ့မှာ ကြီးမားပြီး သွေးစွန်းနေတဲ့ပါးစပ်နဲ့ ကြီး မားချွန်ထက်တဲ့သွားတွေအပြည့်ရှိသည်။ ဒီ သွား ကြီးတွေမြင်ရုံနဲ့ လူတွေကို ကြောက် လန့်တုန်လှုပ်စေနိုင်သည်။
လျူယောင် လိပ်ကြီးကို ထပ်မံသတိပေးချင် ခဲ့သော်လည်း လိပ်ကြီးရဲ့အာရုံကို ခြောက် ခြားသွားစေမှာစိုးရိမ်လို့ စိတ်ကိုထိန်းထားပြီး အသက်ရှုသံ တောင် မြိုသိပ်ကာ “လိပ်ကြီး နိုင်ပါစေ” ဟု စိတ်ထဲက ရေရွတ်လိုက်သည်။
ဧရာမငါးမန်းကြီးရဲ့ အရှိန်က အံ့သြဖွယ် ကောင်းလောက်အောင် မြန်ပြီး ပါးစပ်ကြီး ဟ ကာကိုက်ဖို့ပြင်နေသည်။
ကိုက်ခံရရင် ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ် လာမှာဖြစ်လို့ ဒီ ကြီးမားတဲ့ကိုက်အားက ရယ် စရာမဟုတ်ပေ။
လိပ်ကြီး အာရုံစိုက်မှုကို အပြည့်အဝထားပြီး ရန်သူက ပါးစပ်ဟပြီး ကိုက်လိုက်တော့ အင့် အားအပြည့်နဲ့ အမြန်ရှောင်တိမ်းလိုက်သည်။ ကိုက်တာကို ကပ်သီလေးရှောင်နိုင်ခဲ့ပေမယ့် မမျှော်လင့်ဘဲ ငါးမန်းကြီးရဲ့ကြီးမားတဲ့အမြီးက သူ့ကိုရိုက်မိ လိုက်သည်။
"ဗြုန်း!"
လိပ်ကြီး အချိန်မီမရှောင်နိုင်ဘဲ အမြီးနဲ့ရိုက် ခံလိုက်ရသည်။ ကြီးမားတဲ့တောင်ကြီးနဲ့ ရိုက် ခံရသလိုပင်။
ထို အားက တန် ၃၀ ရှိတဲ့ လိပ်ကြီးကို မီတာ ဒါဇင်နဲ့ချီပြီး လွင့်ထွက်သွားစေခဲ့သည်။
ဒါက ပင်လယ်ရေထဲမှာဖြစ်လို့ ရေဖိအား ရှိပေမယ့် ပင်လယ်ရေ ဖိအားမရှိပါက လိပ်ကြီး မီတာရာချီပြီး လွင့်ထွက်သွားနိုင်သည်။
“ဟာကွာ ” လိပ်ကြီး ဒေါသထွက်သွားတယ်။
"ငါဘယ်တုန်းက ဒီလောက်အကြီးအကျယ် ရှုံး ခဲ့ဖူးလို့လဲ "
အနည်းငယ်ပြင်ဆင်ပြီးနောက် ဧရာမလှံကို ဆုပ်ကိုင်ပြီး ငါးမန်းကြီးဆီကို ပြေးသွားလိုက် သည်။
ငါးမန်းကြီး တုံ့ပြန်မှု့က မနှေးဘဲ ဧရာမလှံဖြင့် ထိုးလိုက်တာကို အမြီးတစ်ချက်ခါပြီး ခန္ဓာ ကိုယ် ကို လှည့်ကာ ရှောင်တိမ်းသွားတယ်။
လိပ်ကြီးကလည်း ဒီထိုးချက်က မအောင် မြင် ဘူးဆိုတာ သိနေပုံရသည်။ ထိုးချက် လွဲသွားပြီး နောက် သူ့ရဲ့အရှိန်က မလျော့သွားဘဲ ငါးမန်း ကြီးကို ချက်ချင်းတိုက်ခိုက်ဖို့ ကြိုးစားလိုက် သည်။
ငါးမန်းကြီးကို နီးကပ်လာတဲ့အချိန်မှာ လိပ်ကြီး ရဲ့ရှေ့ခြေထောက်တစ်ချောင်းဖြင့် ငါးမန်းကြီ းရဲ့ခန္ဓာကိုယ်ကို အားပါးတရရိုက် ချလိုက် သည်။
ချက်ချင်းပဲ ငါးမန်းကြီးက သွေးထွက်လာခဲ့ သည်။
နာကျင်နေတဲ့ငါးမန်းကြီး ပါးစပ်ဟပြီး လိပ်ကြီး ကို ကိုက်ဖို့ အချိန်မရှိတော့ဘဲ သူ့ရဲ့အမြီးနဲ့ လိပ်ကြီးကို ပြင်းထန်စွာရိုက်လိုက်သည်။
လိပ်ကြီး ရှောင်တိမ်းဖို့ အချိန်မရလိုက်ဘဲ ထပ် အရိုက်ခံရပြီး မီတာ ဒါဇင်နဲ့ချီ လွင့်သွားပြန် သည်။
ငါးမန်းကြီးရဲ့အမြီးနဲ့ ရိုက်ချက်က အားအင် ပြင်း ထန်တာကြောင့် လိပ်ကြီးမှာလည်း မသက် မသာဖြစ်နေသည်။
ခုနကတစ်ပွဲမှာ လိပ်ကြီးက နည်းနည်းလေး အ သာစီးရခဲ့တယ်။ နောက်တစ်ကြိမ် ရိုက်ခံရ တော့ နာကျင်နေပေမဲ့ ငါးမန်းကြီးမှာတော့ ဒဏ်ရာရသွားသည်။
လိပ်ကြီးရဲ့ ရှေ့ခြေထောက်တွေရဲ့ခြစ်ရာက လက်မဝက်နက်တာကြောင့် အရေပြားက စုတ် ပြဲနေသည်။
လိပ်ကြီးက လိမ္မာပါးနပ်ပြီး အခြေအနေကို သိသည်။
မီတာ ဒါဇင်နဲ့ချီ လွင့်ထွက်သွားပြီးနောက် လိပ်ကြီး က သူ့ရဲ့အမြီးကိုခါကာ ချက်ချင်းပဲ အဝေးတစ်ဖက်ကို ပြေးသွားလိုက်သည်။
“ကျွန်တော့်ပါးစပ်ထဲမှာ တန်နဲ့ချီတဲ့စက် ကိရိ ယာကြီးရှိနေတာကို သူက ဗိုလ်ကျနေတယ်။ စက်ကိရိယာကို ကျွန်တော် ပြန်ပို့ပြီးမှပဲ ကျွန်တော်တို့ ထပ်တိုက်ကြမယ်”လို့ လိပ်ကြီး စိတ်ထဲကနေ ဒေါသထွက်စွာ ပြောလိုက်သည်။
ငါးမန်းကြီးကတော့ ဒေါသတကြီး အော်ဟစ်က ာအရှိန်မြှင့်ပြီး လိုက်နေသည်။ဒါပေမယ့် ရေမိုင် ၁၀ မိုင်ကျော်လောက်လိုက်ပြီးနောက် လက်လျှော့လိုက်ရသည်။ လိပ်ကြီးရဲ့ အရိပ်အယောင် သူ လုံးဝမတွေ့ရတော့ပေ။
လိပ်ကြီး အရှိန်က အနည်းဆုံး ၁၅၀ နူန်းရှိပြီး ဒီအရှိန်နဲ့ အနည်းဆုံး ၁၀ မိနစ်လောက် ဆက် တိုက်သွားခဲ့တာပါ။
ငါးမန်းကြီး ဖုန်တောင် စားခွင့်မရတော့ပေ။ ဘယ်လိုမှလိုက်မီနိုင်စရာမရှိပေ။
အရှိန်အပြည့်နဲ့ ရေမိုင် ဒါဇင်နဲ့ချီ ကူးခတ်ပြီး နောက် ငါးမန်းကြီး ထပ်မလိုက်တာကို မြင် ရတော့ အမြီးနဲ့နှစ်ကြိမ်ရိုက်ခံရတာကြောင့် မသက်မသာဖြစ်နေတဲ့ လိပ်ကြီး တဖြည်းဖြည်း အရှိန် လျော့ကျလာပြီး ၁၀၀ အရှိန်နူန်းနဲ့ ဆက်လက်ကူးခတ်နေခဲ့သည်။
လျူယောင် အရမ်းစိတ်ပူနေပြီး ခုနက သူတို့နှစ် ယောက်ရဲ့တိုက်ခိုက်မှုကို တတိယ အမြင်မှ တစ်ဆင့် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
လိပ်ကြီးမှာ အသာစီးရခဲ့ပေမဲ့ ငါးမန်း ကြီးရဲ့ ကြီးမားတဲ့အမြီးနဲ့ နှစ်ကြိမ်ရိုက်ခံထိခဲ့သည်။
“လိပ်ကြီး အခြေအနေ ဘယ်လိုလဲ”
“သခင် ကျွန်တော် နည်းနည်း မသက်မသာ ခံ စားရတာပါ ခနနားလိုက်ရင် အဆင်ပြေသွား မှာပါ ”
လျူယောင်က
“ထပ်မကူးနဲ့ဦး စက်ကိရိယာကို နောက်မှ ပြန် လာယူရင်လည်း ကိစ္စမရှိဘူး မင်း အရင်နား ဖို့နေရာရှာလိုက်ဦး။ မင်းကောင်းလာမှ ဆက် ပြောမယ်”
လိပ်ကြီးက " ကောင်းပါပြီ သခင် "
စကားစမြည်ပြောပြီးနောက် လိပ်ကြီး နောက် ထပ်မိုင် ၁၀၀ ခန့်ကူးခတ်ခဲ့ပြီး ရှေ့မှာ လူမ နေတဲ့ကျွန်းတစ်ကျွန်းကို မြင်လိုက်ရသည်။
လိပ်ကြီး အဲဒီကျွန်းကို ကူးခတ်သွားပြီး စက် ကိရိယာကို ကျွန်းရဲ့ သဲသောင်ပြင်အောက်မှာ ထားလိုက်သည်။ပြီးနောက် သဲတောထဲမှာ ပြန့် ပြူးတဲ့နေရာတစ်နေရာကိုရှာပြီး အနားယူ နေလိုက်သည်။
နေပူဆာလှုံရင်း အနားယူပြီး တစ်နာရီ နှစ်နာရီ ကြာတော့ လိပ်ကြီး ပြန်လည် သက်သာလာ တာကြောင့် စက်ကိရိယာကို ပါးစပ်နဲ့ပြန်ကိုက် ပြီး ဟွာဟိုင်း မြို့ကို ဦးတည်ကူးခတ်လာခဲ့ သည်။
ညဘက်မှာ လိပ်ကြီးက စက်ကိရိယာကို ပြန်ယူ လာပြီး ဂိုဒေါင်ရဲ့နေရာလွတ်မှာ ထားခဲ့လိုက် သည်။
တကယ့်ကို မနက်ပိုင်းမှာသွားပြီး ညနေပိုင်း ပြန်လာတာပါပဲ။ တစ်ရက်အတွင်း အသွား အပြန်လုပ်ခဲ့တာပါ။
“သခင်၊ စက်ကိရိယာကို ပြန်ယူလာခဲ့ပြီးပါပြီ ကျွန်တော် အဲဒီ့ဧရာမငါးမန်းကို လက်စား ချေဖို့ သွားတော့မယ်” ဟု လိပ်ကြီး ပြောလိုက် သည်။