အခန်း 87 မင်းပြန်ရောက်လာတာလား
စက်ကိရိယာကို ချထားပြီးတာနဲ့ လိပ်ကြီး အဲ့ဒီ လိုပြောပြီး ငါးမန်းကြီးနဲ့ ပြန်တိုက်ဖို့ သူ့ရဲ့ လှံကို ကိုင်ပြီး ထွက်သွားသည်။
လျူယောင် မှာ ဒုတိယစက် ကိရိယာ ရောက် လာပြီဖြစ်လို့ ပျော်ရွှင်ချင်နေပေမဲ့ ချက်ချင်းပင် လန့်သွားပြီး
“မလောနဲ့ဦး မင်း အခု အဲဒီ့ငါးမန်းကြီးကို မနိုင်သေးဘူး နောက်ရက်အနည်းငယ်ကြာလို့ မင်းပိုပြီးသန်မာလာတဲ့အခါမှ ပြောကြတာပေါ့”
ဟု သတိပေးလိုက်တယ်။
လိပ်ကြီးကတော့ ယုံကြည်မှုအပြည့်နဲ့
“ကျွန်တော် သူ့ကိုမကြောက်ပါဘူး ခုနက ကျွန် တော့်ပါးစပ်ထဲမှာ တန်နဲ့ချီတဲ့စက် ကိရိယာ ကြီးကို ကိုက်ထားရတာ အခုတော့မတူဘူး။ ကျွန်တော် သူ့ကို တိုက်နိုင်မယ်ထင်တယ်” ဟု ပြောလိုက်သည်။
လိပ်ကြီး အရှုံးပေးရန် ငြင်းဆန်နေပုံပင်။ငါးမန်း ကြီးရဲ့ရိုက်ချက်နှစ်ချက်ကြောင့် မကျေမနပ် ဖြစ်နေပြီး အမြန်ဆုံးပြန်တိုက်ချင်နေသည်။
ခဏစဉ်းစားပြီးနောက် လျူယောင်က
“ဒါဆိုရင် သတိတော့ထား။ နိုင်ရင် တိုက်ပြီး မနိုင်ရင် ပြေး အခြေအနေကိုကြည့်ပြီး လူပ်ရှား” ဟု ပြောလိုက်သည်။
“သခင် ကျွန်တော်သိပါတယ်” ဟု လိပ်ကြီးက ပြန်ဖြေခဲ့သည်။
လိပ်ကြီး စိတ်ထဲမှ အသက်ရှူသွင်းလိုက်ပြီး ဧရ ာမလှံကိုကိုင်ကာ ရေထဲ ဝင်ရောက် ပြီး နောက် သူ့ရဲ့အရှိန်က တဖြည်းဖြည်း ၁၃၀ ကျော်နူန်း အ ထိတိုးလာပြီး RB ဘက်ကို ကူးခတ် သွား သည်။
လိပ်ကြီး အတွက်တော့ ရေမိုင် ၆၀၀ ၇၀၀ အ ကွာအဝေးမှာ တစ်ညတောင်မကြာပေ။လမ်း တစ်လျှောက်လုံးမရပ်ဘဲ နာရီအနည်းငယ်အ ကြာတွင် ခုနကရေပြင်ကို ပြန်ရောက် သွား သ ည်။
မှောင်နေသေးပြီး မိုးလင်းဖို့ အနည်းဆုံး နာရီ အ နည်းငယ် ကျန်နေသေးသည်။
ဒီအချိန်မှာတော့ ပင်လယ်ရေဟာ မှောင်မိုက် နေပြီး အနည်းငယ်သာ အလင်းရောင်ရှိသည်။ ဒါဟာ လိပ်ကြီးအပေါ်မှာ အနည်းငယ်လွှမ်း မိုး မှု့ရှိပေမဲ့ သိပ်တော့မရှိပေ။
စူပါအာရုံခံနိုင်စွမ်း အလင်းရောင်ကြောင့် မထိ ခိုက်ပေ။ လိပ်ကြီးရဲ့ ၃၀၀ မီတာ အတွင်းရှိ အရာအားလုံးမှာ ရှင်းရှင်းလင်းရှိနေသည်။
နာရီအနည်းငယ်ကြာ ကူးခတ်ပြီးနောက် မပင် ပန်းသေးဘဲ နည်းနည်းဆာနေသည်။
လိပ်ကြီး ပတ်ပတ်လည်ကို ရှာကြည့်ပေမယ့် ငါးမန်းကြီးကို မတွေ့ရတာကြောင့် အစာရှာဖို့ စတင်လိုက်သည်။
ဗိုက်ပြည့်ပြီးနောက် ထပ်ရှာကြည့်ပေမယ့် မ တွေ့သေးပေ။
"ငါးမန်းကြီးက ဒီပင်လယ်ပြင်မှာ မရှိတော့ တာလား ဒါမှမဟုတ် ပြီးခဲ့တဲ့တစ်ခေါက်က ရှုံးလို့ထွက်ပြေးသွားတာလား"
ငါးမန်းကြီးကို ရှာမတွေ့တာကြောင့် လိပ်ကြီး စိတ်ထဲတွင်တွေးနေခဲ့သည်။ သူ နောက်ထပ် ၁၀ မိနစ် မိနစ် ၂၀ ခန့်ရှာဖွေပြီးနောက် မတွေ့တဲ့အ ခါ စိတ်ထဲမှလှုပ်ရှားသွားခဲ့သည်။
“သခင်ကပြောတယ် ငါးမန်းတွေမှာ အမြင်အ ာရုံမကောင်းပေမယ့် အနံ့ခံအာရုံကတော့ ကောင်းတယ်တဲ့ သူတို့က သွေးအနံ့ကို ကီလိုမီ တာ ဒါဇင်နဲ့ချီတဲ့အကွာအဝေးကနေ အနံ့ခံနိုင် တယ်ဆိုတော့ ငါ သွေးနံ့ နဲ့ ငါးမန်းကြီးကို ဆွဲဆောင်ရမလား”
လိပ်ကြီးတွင် ၁၂ နှစ် ၁၃ နှစ်သား အရွယ် က လေးရဲ့ ဉာဏ်ရည်ရှိတာကြောင့် လျင်မြန်စွာပဲ တန်ပြန်တိုက်ခိုက်မှုတစ်ခုကို စဉ်းစား လိုက် တယ်။
မိနစ်အနည်းငယ်အတွင်းမှာပဲ ပေါင်ရာပေါင်း များစွာအလေးချိန်ရှိတဲ့ ငါးကြီးတစ်ကောင်ကို ဖမ်းမိလိုက်သည်။
ငါးကြီးကို သတ်လိုက်ပေမယ့် မစားခဲ့ပဲ ချွန် ထက်တဲ့လက်သည်းများနဲ့ ငါးကြီးကို စုတ်ပြတ် သတ်အောင်ခွဲလိုက်ရာ သွေးတွေကျနေခဲ့သည်။
မကြာခင်မှာပဲ ပင်လယ်ရေက အနီရောင် ဖျော့ဖျော့ဖြစ်သွားပြီး ငါးကြီး ရဲ့သွေး တွေအ ားလုံး ပင်လယ်ရေထဲကို ရောက်သွားသည်။
လိပ်ကြီး ဒီလိုလုပ်ပြီးနောက် ငါးကြီးကို နှစ်လုပ် သုံးလုပ်နဲ့စားလိုက်သည်။
ငါးကြီးက လိပ်ကြီးရဲ့ ဗိုက်ထဲ ရောက်သွားခဲ့ သည်။
ပေါင်ရာပေါင်းများစွာရှိတဲ့ ဒီငါးကြီးကို စားပြီး နောက် လိပ်ကြီး ဒီနေရာကနေ ထွက်ခွာသွားပြီး အကွာအဝေးကို ၃၀၀ မီတာခန့် ထားလိုက်တယ် ဒါဟာ သူ့ရဲ့စူပါအာရုံခံနိုင်စွမ်း အကွာအဝေး အ တွင်းပဲ ဖြစ်သည်။
ထိုသို့ ပြုလုပ်ပြီးနောက် လိပ်ကြီး တည်ငြိမ်သွ ားပြီး လုံးဝမလှုပ်ရှားဘဲ ငါးမန်းကြီး ပေါ်လာဖို့ ကို စောင့်နေလိုက်သည်။
ဒါဟာ ပုံမှန်စောင့်ဆိုင်းခြင်းပင်။
ငါးမန်းကြီး ပေါ်လာတာနဲ့ လိပ်ကြီး လျှပ်စီး လက်သလို လျင်မြန်တဲ့အရှိန်နဲ့ ရုတ် တရက် တိုက်ခိုက်လိမ့်မယ်။ သူက အလွန်ပါးနပ်၏။ တိုက်ရိုက်ရင်ဆိုင်ရရင်တော့ ရန်သူမဖြစ်နိုင်ဘူး ဆိုတာ သိသည်။
ဒါပေမဲ့ ရင်ထဲမှာရှိတဲ့ခံစားချက်ကို ဖယ်ရှား နိုင်ဖို့ ရုတ်တရက်တိုက်ခိုက်ဖို့ ပဲလုပ်ရမယ်။
"တစ်မိနစ်၊ နှစ်မိနစ် "
မှောင်မိုက်နေတဲ့ပင်လယ်ဟာ တော်တော်လေး ငြိမ်သက်နေပြီး ရံဖန်ရံခါ ငါးတချို့နဲ့ အခြား ပင်လယ်နေသတ္တဝါများက လိပ်ကြီးဘေးတွင် ကူးခတ်သွားသည်။ ဒါပေမယ့် လိပ်ဘုရင်က လုံးဝမလှုပ်ရှားဘဲ စိတ်ရှည်လက်ရှည် တိတ် တဆိတ်နဲ့ အစစ်အမှန်ပစ်မှတ်ပေါ်လာဖို့ကို အာရုံစိုက်ပြီး စောင့်ဆိုင်းနေသည်။
ခုနစ်၊ ရှစ်မိနစ်ခန့်အကြာတွင် ငါးမန်းတစ် ကောင် ပေါ်လာရာ ၅ မီတာ ၆ မီတာ လောက် အရှည်ရှိပြီး ကြီးမားလှသည်။ဒါပေမယ့် ဒီအ ကောင် က လိပ်ကြီး ရဲ့ပစ်မှတ် မဟုတ် ပေ။သူ စောင့်နေတာက ၃၀ !၄၀ မီတာလောက် အရှည် ရှိတဲ့ ငါးမန်းကြီးပဲ ဖြစ်သည်။
တခြားငါးမန်းကသာ သွေးနံ့ရပြီး ဒီနေရာကို ရောက်လာပြီး သွေးနံ့ရတဲ့ အစာကို ပတ်ပတ် လည် ရှာနေပေမဲ့ မတွေ့ရတာကြောင့် မိနစ်အ နည်းငယ်အကြာမှာ တဖြည်းဖြည်း ပျောက် ကွယ် သွားခဲ့သည်။
လိပ်ကြီး ဆက်လက် စောင့်နေခဲ့သည်။
နာရီဝက်ကျော်ကြာအောင် စောင့်ခဲ့ပေမယ့် ငါးမန်းကြီးက ပေါ်မလာသေးပေ။ ဒါပေမယ့် အခြားကြမ်းတမ်းတဲ့ငါးအချို့တော့ ရောက် လာပေမဲ့ ဒီကောင်တွေက လိပ်ကြီး အကြိုက် မဟုတ်ပေ။
“ပေါ်လာမှာမဟုတ်ဘူးထင်တယ် အဲဒီ့ ကောင် ကြီး ဘယ်ရောက်သွားတာလဲ တကယ်ပဲ ဒီပင် လယ်ရေပြင် မရှိတော့တာလား”
လိပ်ကြီး စိတ်ထဲတွင်တွေးနေပြီး အနည်းငယ် စိတ်ပျက်မိသည်။ ၁၀ မိနစ်ကျော်ကျော်လောက် ထပ်စောင့်ပြီးနောက် ငါးမန်းကြီး မပေါ် လာတာ ကိုမြင်တော့ လိပ်ကြီး ထွက်ခွာသွားတော့သည်။
လိပ်ကြီး ခန့်မှန်းတာမှန်သည်။ ငါးမန်းကြီးက ဒီရေပြင်မှာ မရှိပေ လိပ်ကြီး ရေမိုင် ၁၀၀ ကျော်အကွာအဝေးက ကမ်းနားမှာရှိနေသည်။
သူက လူသားစားတာကို စွဲလမ်းနေတာကြောင့် မနေ့ညက နောက်ထပ်လှေတစ်စင်းကို တိုက် ခိုက်ကာ လူနှစ်ယောက်ကို စားပစ်ခဲ့ပြီး ကျန်တဲ့ လူများကတော့ လှေပေါ်မှာပဲ ကြောက်လန့်တ ကြားနဲ့ ထွက်ပြေးခဲ့ကြသည်။
ရေထဲပြုတ်ကျသွားတဲ့လူနှစ်ယောက်စလုံးကတော့ ဒီငါးမန်းကြီးရဲ့ အစားအစာဖြစ် သွားခဲ့ရ သည်။
လူနှစ်ယောက်ကိုစားပြီးနောက် ငမန်းကြီးက ရေနက်ပိုင်းကိုမသွားဘဲ ကမ်းနား နဲ့မဝေးတဲ့ ရေတိမ်ပိုင်းတွင် အနားယူလျက် ရှိသည်။
လျူယောင် အလုပ်မှာရှိနေပြီး သူဋေး ကုလား ထိုင်ပေါ်တွင်ထိုင်ကာ လိပ်ကြီးရဲ့ အခြေအနေ ကိုကြည့်လိုက်သည်။
“ဘာ! ငါးမန်းကြီးကို မတွေ့ဘူးပေါ့”
အံ့အားသင့်နေတဲ့အပြင် လျူယောင် စိတ်သက် သာရာရသွားတယ်။ အဲဒီ့ ဧရာမသတ္တဝါကြီး ရှေ့မှာ လိပ်ကြီး ဒုက္ခရောက်မှာကို တကယ် စိုးရိမ်ခဲ့တာ။
လိပ်ကြီး ယုန်စောင့်နည်းကို သုံးခဲ့တာ ကိုကြား တော့ လျူယောင် ခဏတာပျော်ရွှင်သွားသည်။ လိပ်ကြီးက အရမ်းပါးနပ်ပြီး ဒီလိုနည်း ဗျူဟာ တွေကို ဘယ်လိုသုံးရမယ်ဆိုတာတောင် သိနေသည်။
“လိပ်ကြီး မင်းတော်တယ် အရမ်းကြီးမပူနဲ့ဦး အဲဒီငါးမန်းကြီး ထွက်ပြေးနိုင်မှာမဟုတ်ဘူး နောက်ထပ်ရက် အနည်း ငယ်လောက်စောင့် မင်းနည်းနည်း ပိုကြီးလာတဲ့အခါမှ အဲဒီငါးမန်း ကြီးကို ပြဿနာရှာတော့”
လိပ်ကြီးက
“သခင်၊ ဒါဆိုရင် ကျွန်တော် နောက်ထပ် ရက် အနည်းငယ် စောင့်ပါ့မယ်။ ကျွန်တော် တန် ၄၀ ၅၀ အထိကြီးလာမှပဲ ထပ်ရှာတော့မယ်” ဟု သဘောတူလိုက်သည်။
တကယ်တော့ သူ တန် ၅၀ ထက် ပိုကြီး လာပါ က ထိုဧရာမငါးမန်းကြီးနှင့် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်နိုင်သည်။ အခုတော့ သူသည် တန် ၃၀ ကျော်သာရှိတာကြောင့် လိပ်ကြီး ရဲ့ခွန် အားကတော့ လိုနေသေးသည်။
လိပ်ကြီးနဲ့ ခဏစကားပြောပြီးနောက် လျူ ယောင်လည်း ထိုငါးမန်းကြီး ဘယ်ကို ရောက် သွားတာလဲလို့ စဉ်းစားနေခဲ့သည်။
အဲဒီ့ရေပြင်မှာ မရှိတာ တကယ်ထူးဆန်းတယ်။
နေ့လယ်ပိုင်းမှာ လျူယောင် တင်းဝိန်ဆီက ဖုန်း လက်ခံရရှိခဲ့သည်။
“အစ်ကိုယောင် နေ့လယ်စာစားဖို့ အချိန်ရလား အတူတူစားကြရအောင်”
လျူယောင်က
“မင်းပြန်ရောက်လာတာလား” ဟု မေးလိုက် သည်။
တင်းဝိန်က “ကျွန်တော် လေယာဉ်ပေါ်က ခုမှ ဆင်းပြီး ဟွာဟိူင်းမြို့ကို ပြန်ရောက်တာ ကျောင်းက မနက်ဖြန် စ မှာလေ ပြန်မလာ လို့မရဘူး” ဟု ပြန်ဖြေလိုက်သည်။
လျူယောင် က “ငါကျွေးမယ် မင်းအတွက် ဖုန်ခါပေးတာပေါ့” တဲ့တိုး ပြောလိုက်သည်။
တင်းဝိန်က အမြန်ပြန်ပြောလိုက်ပြီး
“အစ်ကိုယောင် ပိုက်ဆံသုံးဖို့ မလိုအပ်ပါဘူး နေရာပို့ပေးလိုက်မယ် တွေ့မှ အသေးစိတ် ပြော ကြတာပေါ့”