Ch 100
Viewers 5k

အခန်း 100  မီတာ 800 အနက်တွင် ခံနိုင်ရ ည်ရှိတဲ့ဓာတ်မီး



"တင်းဖိန်ပင်လယ်နက် လျှပ်စစ်နည်းပညာကုမ္ပဏီလီမိတက် "


ဒီကုမ္ပဏီက ပရော်ဖက်ရှင်နယ် ကုမ္ပဏီတစ်ခုပဲဖြစ်သည်။ ထုတ်ကုန်များက ပင်လယ်နက် အလင်းလျှပ်စစ်ထုတ်ကုန်အမျိုးမျိုး ဖြစ်ပြီး၊ ပင်လယ်နက် အလင်းလျှပ်စစ်ပစ္စည်းများ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွင် အတော်အတန် အင်အားကောင်းတဲ့ ကုမ္ပဏီလည်း ဖြစ်သည်။



ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ကောင်းမင်း အလွန်အံ့သြနေခဲ့သည်။


ဒီလုပ်ငန်းနယ်ပယ်တွင် အချိန်ကြာကြာ လုပ်ကိုင်လာရာတွင် ဖိအားဒဏ်ကို အနည်းဆုံး မီတာ ၈၀၀ အထိ ခံနိုင်ပြီး သယ်ဆောင်ရလွယ်ကူတဲ့ ဓာတ်မီးကို လိုအပ်သော ဖောက်သည်မျိုးနဲ့ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင် ဖြစ်သည်။



မီတာ ၈၀၀ အနက်ကို ဘယ်သူကများ ရောက်နိုင်မည်နည်း။


များသောအားဖြင့် ပရော်ဖက်ရှင်နယ် ရေငုပ်သမားများသာ ထိုသို့ပြုလုပ်နိုင်ခဲ့ပြီး  ရေဖိအားဒဏ်ခံနိုင်တဲ့ သတ္တုရေငုပ်ဝတ်စုံကို ဝတ်ဆင်ထားသည့်တိုင် အများဆုံး မီတာ ၃၀၀ ခန့်အထိသာ ရောက်နိုင်မည် ဖြစ်ပြီး မီတာ ၈၀၀အနက် ဆိုတာက မော့ပင်မကြည့်နိုင်တဲ့ အနက်ပဲဖြစ်သည်။



ကောင်းမင်းက ထိုအနက်ကို လူတစ်ယောက် တကယ်ရောက်နိုင်ပါ့မလား တောင်းဆိုထားတဲ့ အတိုင်း သယ်ဆောင်ရလွယ်ကူတဲ့ ဓာတ်မီးက မီတာ ၈၀၀ အနက်မှ ပင်လယ်ကြမ်းပြင်ကို ထွန်းညှိဖို့အတွက်လားဟု ထင်ကြေးပေးမိကာ ခဏအကြာတွင် သူ ကိုယ့်ကိုကိုယ် ပြုံး၍ ခေါင်းယမ်းလိုက်သည်။


လုံးဝမဖြစ်နိုင်ပါ ဒါကို  ရိုးရိုးလေးပြောရရင်အဓိပ္ပာယ်မရှိတဲ့ ကိစ္စတစ်ခုပဲ ဖြစ်သည်။



ဖောက်သည် ပေးတဲ့စျေးက စိတ်ကူးထဲကအတိုင်း ဖြစ်နေတာကြောင့်  အလွန်အံ့သြပေမဲ့ ကောင်းမင်း ထိုလုပ်ငန်းကို လက်ခံလိုက်တော့သည်။


မီတာ ၈၀၀ အနက်ထိ ခံနိုင်ပြီး သယ်ဆောင်ရလွယ်ကူတဲ့ ဓာတ်မီးက သူတို့အတွက် အလွန်ခက်ခဲတဲ့ အလုပ်မဟုတ်ပေ။



သယ်ဆောင်ရလွယ်ကူစေရန်အတွက် ပြုပြင်မွမ်းမံမှုအနည်းငယ်သာ လိုအပ်သည်။


သူတို့၏ လုပ်ရည်ကိုင်ရည်သည် အလွန်ကျွမ်းကျင်တာကြောင့် ပြုပြင်မွမ်းမံထားပြီး သယ်ဆောင်ရလွယ်ကူစေတဲ့ ဓာတ်မီးကို နှစ်ရက်အတွင်း Global ကို  ပို့ပေးလိုက်သည်။



လျူယောင် ရုံးခန်းထဲတွင် ရှိနေသည်။


ကျိုးယန်  တံခါးခေါက်ပြီး ဝင်လာကာ"သူဋေး မှာထားတဲ့ ဖိအားဒဏ်ခံနိုင်တဲ့ ဓာတ်မီး ရပြီ ကျွန်တော်ယူလာပေးတာပါ"ဟု အစီရင်ခံလိုက်သည်။


ကျိုးယန် ဓာတ်မီးကိုလက်ထဲတွင် ကိုင်ပြီး ရုံးခန်းထဲ လမ်း လျှောက်ဝင်ကာ လျူယောင့်ရဲ့စားပွဲပေါ်တွင်  တင်လိုက်သည်။


ဒီပစ္စည်းကိုမြင်တဲ့အခါ လျူယောင်ရုတ်တရက် စိတ်ဝင်စားသွားသည်။


ဒါကို ပြီးခဲ့တဲ့ နှစ်ရက်ကတည်းက သူစောင့်နေခဲ့ရသည်။


ဒီဟာနဲ့ဆိုရင် ထိုခေတ်မီ သင်္ဘောပျက်အတွင်းပိုင်းကို ဝင်ရောက် ရှာဖွေနိုင်မှာပဲ ဖြစ်သည်။



လျူယောင် စိတ်ဝင်တစား ကြည့်လိုက်သည်။ ဒါက  ဆလင်ဒါပုံသဏ္ဌာန် ဖြစ်ပြီး သာမန်ရေငုပ်မီးရှူးမီးတိုင်များထက် များစွာ ပိုကြီးသည်။ဒါကို အပို မီးရှူးမီးတိုင်တစ်မျိုးလို့လည်း သတ်မှတ်၍ ရသည်။


အသုံးပြုရတာက ရိုးရှင်းလွန်းပြီး ခလုတ် ဖွင့်ရုံသာ ဖြစ်သည်။


လျူယောင် ခလုတ်ကိုဖွင့်ပြီး စမ်းကြည့်ရာ အလင်းရောင်က အလွန်တောက်ပကာ အလင်းရဲ့ ပြင်းအားကိုလည်း သူ ကျေနပ်မိသည်။



ကျိုးယန်က "အများဆုံး မီတာ ၁,၀၀၀ အနက်မှာ အသုံးပြုနိုင်ပြီး  အားအပြည့်သွင်းထားရင် ၈ နာရီကျော် အသုံးပြုလို့ရပါတယ်"ဟု အစီရင်ခံလိုက်သည်။



မိတ်ဆက်ပေးတဲ့ စကားကို နားထောင်ပြီးနောက် လျူယောင် ပို ကျေနပ်သွားသည်။ ဒီဟာက  သူမျှော်လင့်ထားတာထက် ပိုကောင်းမွန်ပြီးအရွယ် အစား အနည်းငယ်သာ ပိုကြီးသည်။


 တခြားလူတွေကတော့ နည်းနည်း လေးတယ်လို့ ထင်ကြပေမယ့် လျူယောင်အတွက်တော့ မဟုတ်ပေ။ ၁၀ ကီလိုဂရမ်ကျော်သာ ရှိတာကြောင့် ဒီဟာက ကလေးကစားစရာတစ်ခုလိုဖြစ်နေသည်။


ဓာတ်မီး ရရှိပြီးနောက် လျူယောင် မစောင့်နိုင်တော့ပေ။



ကျိုးယန်ကို စကားအနည်းငယ်ပြောပြီး နောက် ဒီသယ်ဆောင်ရလွယ်ကူတဲ့ ဓာတ်မီးနဲ့အတူ ကုမ္ပဏီမှ ထွက်ခွာခဲ့ပြီး ချန်းဟူလည်း နောက်မှလိုက်လာခဲ့သည်။


လျူယောင်က ချန်းဟူတစ်ဦးတည်းကိုသာ ခေါ်လာခဲ့ခြင်း ဖြစ်သည်။



နှစ်ယောက်သား ဆိပ်ကမ်းကို အရင် ရောက်လာကြပြီး  ချန်းဟူက သင်္ဘောပျက်တည်ရှိရာ ပင်လယ်ရေပြင်ကို ရွက်လှေကို မောင်းလာခဲ့သည်။


သွားရမဲ့နေရာကို သိပြီးနောက် ချန်းဟူက

"သူဋေး အဲဒီနေရာက မနီးဘူးနော် ရေမိုင်ရာချီဝေးတယ်၊ အနည်းဆုံး  မနက်ဖြန်မနက်မှ ရောက်မှာဗျ"ဟု အနည်းငယ်အံ့သြစွာ ပြောလိုက်သည်။


လျူယောင် က "ရပါတယ်၊ ငါတို့မှာ အချိန်တွေအများကြီးရှိတယ်"ဟု ပြန်ပြောလိုက်သည်။



ချန်းဟူက သူဋေးဟာ  ရုတ်တရက် ဘာကို လုပ်ချင်နေတာလဲဆိုတာ အတော်အတန် သိချင်ပေမဲ့  ဒီစပ်စုလိုစိတ်ကို ရင်ထဲတွင် သိမ်းဆည်းထားပြီး ထပ်မမေးတော့ဘဲ ရွက်လှေမောင်းခြင်းကိုသာ အာရုံစိုက်လိုက်သည်။


ရွက်လှေမှာ ဟွာဟိုင်းမြို့မှ တဖြည်းဖြည်း ဝေးကွာလာခဲ့သည်။



ရေမိုင် ဆယ်ဂဏန်းများစွာ မောင်းနှင်ပြီးနောက် ပင်လယ်ရေပြင်ပေါ်ရှိ သင်္ဘောများကို မြင်ရတာ  နည်းသွားတာကြောင့် ချန်းဟူက အနားယူရန်အတွက် အလိုအလျောက်မောင်းနှင်မှု့ပုံစံကို  ပြောင်းလိုက်သည်။



စက်တင်ဘာလအစောပိုင်းတွင် ရာသီဥတုက သာယာခဲ့သည်။


မျက်စိတစ်ဆုံး ကျယ်ဝန်းတဲ့ ပင်လယ်ပြာသာယာညင်သာတဲ့ ပင်လယ်လေပြေနဲ့ မော့ကြည့်လိုက်တဲ့အခါ အပြာရောင်ကောင်းကင်ကြီး လိုမျိုး ရာသီဥတုတွင် ပင်လယ်ထဲ ထွက်ရတာက ရိုးရှင်းစွာပြောရရင်  ပျော်ရွှင်မှု့တစ်မျိုးပဲ  ဖြစ်သည်။



ဒါပေမဲ့  လျူယောင်ရဲ့စိတ်က သင်္ဘောပျက်တွင်သာ အဓိကရှိနေပြီး ချက်ချင်း ရောက်ရန်သာ ဆန္ဒ ရှိခဲ့သည်။


လျူယောင် ရွက်လှေပေါ်တွင် ခဏ ရုပ်ရှင်ကြည့်ပြီးနောက်  အိပ်ပျော်သွားသည်။နိူးလာတဲ့အခါ နည်းနည်းပျင်းလာတယ်လို့  ခံစားရပြီး ငါးမျှား တံတစ်ချောင်းကိုယူကာ ရွက်လှေ နောက်ပိုင်းတွင် ထိုင်ကာ ငါးမျှားလိုက်သည်။



ရွက်လှေပေါ်တွင် ငါးဖမ်းကိရိယာများ ရှိပြီး လျူယောင် ကိုင်ထားတဲ့ ငါးဖမ်းကိရိယာက အကြီးဆုံး ဖြစ်သည်။ဒီလို  ငါးဖမ်းကိရိယာနဲ့ ဆို ငါးမန်းများ ဖမ်းရာတွင်လည်း ပြဿနာမရှိပေ။


ငါးမျှားချိတ်က လက်ဖဝါးထက်ကြီးပြီး ရောင်စုံပလတ်စတစ်ငါးစာကလည်း မသေးလှပေ။ အသားစားငါးများက  ဒီ ငါးစာကိုမြင်တဲ့အခါငါးအစစ်လို့ပဲ  ထင်ကြလိမ့်မည်။


လျူယောင် အချိန်ကုန်ရန်အတွက်သာ ငါးမျှားနေခြင်း ဖြစ်ပြီး တစ်ခုခုရတာ မရတာကို အလေးမထားခဲ့ပေ။



ယခုအချိန်က နေ့လယ်ပိုင်းဖြစ်နေတာကြောင့် နေကအနောက်ဘက်သို့  ဝင်နေပြီဖြစ်သည်။ ရွက်လှေက ရေမိုင် ၂၀၀ ကျော် မောင်းနှင်ခဲ့ပြီး ရေမိုင် ၂၀ ကျော်နှုန်းဖြင့် ဆက်လက်မောင်းနှင်နေခဲ့သည်။



လျူယောင် က သန်မာတာကြောင့် ရမ်းရုံဖြင့်ပင် သာမန်လူများ မလုပ်နိုင်တဲ့ အကွာအဝေးထက်ကျော်လွန်အောင် ပစ်နိုင်ခဲ့ပြီးနောက် ငါးမျှားတံရဲ့ လက်ကိုင်ကို ဖြည်းဖြည်းချင်း လှည့်နေသည်။


ရွက်လှေရွေ့လျားနေတဲ့အခါ လျူယောင် ငါး မျှားကြိုးကို ပြန်ဆွဲစရာမလိုဘဲ လက်ကိုင်ကို ဖြည်းဖြည်းချင်း လှည့်နေပြီး အချိန်ကုန်ဖို့ကို သာ ရည်ရွယ်ခဲ့သည်။


"သူဋေး ငါးမျှားနေတာလား"


ချန်းဟူ အနားကို ရောက်လာပြီး အရင် နှုတ် ဆက်လိုက်သည်။


လျူယောင်က "ဘာမှလုပ်စရာမရှိလို့ အချိန်ဖြုန်းနေတာ"ဟု ပြန်ဖြေလိုက်သည်။


"သူဋေး ဒါက ကျွန်တော်တို့ ရွက်လှေပေါ်မှာ အကြီးဆုံးငါးမျှားတံပဲ ငါးမန်းတွေကိုတောင် ဖမ်းနိုင်တဲ့အမျိုးအစားဗျ"


နှစ်ယောက်သား စကားပြောနေခဲ့ ကြသည်။


ရုတ်တရက် လျူယောင်က သူ့ရဲ့လက် လူပ်သွား တယ်လို့ ခံစားရပြီးနောက် ငါးမျှားတံမှာရုတ် တရက် ကွေးညွတ်သွားသည်။


ချန်းဟူက "သူဌေး ငါးကြီး ဆွဲနေပြီ!"ဟု အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။



လျူယောင် လည်း ခံစားမိသည်။ဒါက  ငါးကြီးတစ်ကောင် ဖြစ်ရမည်။ ငါးကြီးတစ်ကောင်က  ငါးစာကို ဒီလောက် မြန်မြန် ကိုက်လိမ့်မယ် ဟု မျှော်လင့်မထားခဲ့ပေ။


ကြီးမားတဲ့ ဆွဲအားကရောက်လာခဲ့သည်။ ဒီငါးက  ဘာ  ငါး မမျိုးအစားလည်း ဆိုတာ လျူယောင် မသိပေ။


"သူဋေးကျွန်တော် ကူညီပေးရမလား!"


လျူယောင်က "မလိုဘူး ဒီငါးက ငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး"ဟု ပြောလိုက်သည်။


သာမန်လူများအတွက် ဒီလို  အင်အားကြီးမားမှု့နဲ့အတူ ငါးမျှားတံကို ကြာရှည်စွာ ကိုင်ထားနိုင်မှာမဟုတ်ပေ။လူနှစ်ယောက် သုံးယောက် ပူး ပေါင်း လုပ်ရမှာ ဖြစ်ပေမဲ့ လျူယောင်ကတော့  ငြိမ်သက်နေသည်။



လျူယောင် လက်ကိုင်ကို အကြိမ်အနည်းငယ်လှုပ်ယမ်းပြီးနောက် ငါးမျှားတံကို ပြန်ဆွဲလိုက်သည်။ တဖြည်းဖြည်းနဲ့  ငါးရဲ့အရိပ်အယောင်ကို မြင်နိုင်ပြီဖြစ်လို့  ချန်းဟူက  စိတ်လှုပ်ရှားစွာ အော်လိုက်သည်။


"သူဋေး ဒါ  အနည်းဆုံး ပိဿာ ၂၀၀ ရှိတဲ့ ငါးကြီးတစ်ကောင်ဖြစ်ရမယ် "


လျူယောင် ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး "ငါ ကံကောင်းလိုက်တာ ပထမဆုံး မိတဲ့ ငါးက ပိဿာ ၂၀၀ ကနေ ၃၀၀ ရှိတဲ့ ငါးအုပ်ကြီးပဲ"ဟု ပြောသည်။



အမြင်အရ ထိုငါးရဲ့အလေးချိန်က ပိဿာ ၂၀၀ ထက် ပိုပြီး ပိဿာ ၃၀၀ နီးပါးရှိလောက်မယ်လို့ ခန့်မှန်းရသည်။


ဆယ်မိနစ်အတွင်း ဒီငါးအုပ်ကြီးက ပင်ပန်းနွမ်းနယ်သွားသည်။


သူ့ဘေးနားမှ ချန်းဟူက မျက်စိပွင့်နားပွင့် ဖြစ်နေပြီး စိတ်ထဲတွင်  "သူဋေးက တကယ်တော်တာပဲ ငါးမျှားတာတောင် အရမ်းအားအင်ပြည့်ဝနေတာပဲ"ဟု ပြောမိသည်။



ချန်းဟူကို ပို အံ့သြစေတာက ပိဿာ ၂၀၀ မှ ၃၀၀ အထိ အလေးချိန်ရှိပြီး  ကြီးမားတဲ့ ငါးအုပ်ကြီးတစ်ကောင်ကို လျူယောင် တစ်ယောက် တည်း ဆွဲတင်နိုင်ခဲ့ခြင်း ဖြစ်ပြီး အားထုတ်စရာမလိုဘဲ အလွန်လွယ်ကူနေပုံရသည်။


ချန်းဟူ  အားကျစိတ်များ အပြည့်ရှိနေသည်။


"ဟားဟား ကျွန်တော် ယူမယ်နော် သူဋေး  ဒီည ငါးအုပ်ကြီးကို ငါးအစုံဟင်းတစ်ခွက် လုပ်စားမယ်  မကုန်ရင် အိမ်ကိုယူသွားပြီး ဖြည်းဖြည်းချင်း စားမယ် "ဟု ဝမ်းသာအားရ ပြောလိုက်သည်။



ဒီငါးအုပ်ကြီးကို ဖမ်းမိပြီးနောက် လျူယောင် မရပ်တန့်နိုင် တော့ဘဲ  စိတ်ဝင်စား‌သွားပြီးဆက်မျှား နေခဲ့သည်။


ညနေခင်းအထိ ငါးမျှားခဲ့ရာ နောက်ပိုင်းတွင် ငါးအနည်းငယ် ထပ်မိပေမဲ့ ကြီးမားတဲ့  ငါးများ မမိ တော့ဘဲ အကြီးဆုံးမှာ ပိဿာအနည်းငယ်သာ ရှိသည်။



"နောက်နေ့ မနက်ပိုင်း "


လျူယောင် အိပ်ယာထပြီးနောက် ရေချိုးနေစဉ်အသံအချို့ကြားလိုက်ရသည်။



ချန်းဟူ ရောက်လာပြီး၊ "သူဋေး တစ်နာရီလောက်ပဲ လိုတော့မယ်  ကျွန်တော်တို့ အဲဒီ့ပင်လယ်ရေပြင်ကို ရောက်တော့မယ်"ဟု အစီရင်ခံလိုက်သည်။