အခန်း 101 တောင်ကို ခေါက်ပြီး ကျားကို လူပ်နိူးလိုက်သည်
"တစ်နာရီပဲ လိုတော့တာလား "
ဒီစကားကိုကြားတော့ လျူယောင် နည်းနည်းအံ့သြသွားသည်။ အနည်းဆုံး နှစ်နာရီ သုံးနာရီလောက် ကြာမယ်လို့ သူထင်ထားခဲ့သည်။
ချန်းဟူက "သူဋေး ကို အရင်ရောက်စေချင်လို့ မနေ့ညက ရွက်လွှင့်တဲ့အရှိန်ကို မြှင့်လိုက်တယ်"ဟု ရှင်းပြလိုက်သည်။
"သြော်၊ အင်း "
လျူယောင် စိုးရိမ်တကြီးဖြင့် "မင်း တစ်ညလုံးမအိပ်ရသေးဘူးမို့လား ပင်ပန်းနေရင် ခဏအနားယူလိုက်ပါလား ငါမောင်းပေးရမလား"ဟု မေးလိုက်သည်။
ဒီရွက်လှေကို မောင်းရတာက မခက်ခဲပေ။ လျူယောင် အကြိမ်အနည်းငယ် သင်ယူထားပြီးသားဖြစ်သည်။ ဒီကျယ်ပြောလှတဲ့ ပင်လယ်ပြင်မှာ တခြားသင်္ဘောတွေ မတွေ့ရတော့ ရွက်လှေမောင်းရတာက ပြဿနာမရှိပေ။
ချန်းဟူက "ရပါတယ် သွားရမယ့်နေရာကို ရောက်ဖို့က တစ်နာရီလောက်ပဲ လိုတော့တာကျွန်တော် နောက်မှ အိပ်တော့မယ်"ဟု ပြန်ဖြေလိုက်သည်။
"ဒါလည်း ဟုတ်တာပဲ "
လျူယောင် ချန်းဟူကို အနှောင့်အယှက် မပေးတော့ဘဲ သွားရမဲ့နေရာကို တစ်နာရီခန့်အတွင်း ရောက်တော့မှာမို့လို့ ပြင်ဆင်မှုအချို့ကို လုပ်ခဲ့သည်။
ဒီတစ်ကြိမ်တွင် လျူယောင်က သယ်ဆောင်ရလွယ်ကူတဲ့ဓာတ်မီးကိုသာမက ရာဘာရေငုပ်ဝတ်စုံနဲ့ ရေကာမျက်မှန်ကိုပါ ပြင်ဆင်လာခဲ့သည်။
ရာဘာရေစိုခံဝတ်စုံကို ဝတ်ဆင်ရတာက ပိုလွယ်ကူပြီး ဘောင်းဘီတိုတစ်ထည်တည်း ဝတ်ထားတာထက် များစွာ ပိုကောင်းမွန်တယ် ဟု လျူယောင် ခံစားရသည်။ ရေကာမျက်မှန်ကိုလည်း ပြင်ဆင်ထားခဲ့သည်။
သာမန်ရေကာမျက်မှန်တွင် ဘေးဘက်၌ အပေါက်ငယ်တစ်ခုရှိပြီး ပင်လယ်ရေ ဝင်နိုင်ပေမဲ့ အတွင်းပိုင်းနဲ့အပြင်ဘက် ရေဖိအားက ဟန်ချက်ညီတာကြောင့် မှန်ကြေသွားမှာကို စိုးရိမ်စရာမလိုပေ။
ဒီရေကာမျက်မှန် ရေမကာပေမဲ့ ဘာမှမရှိတာထက်စာရင် ပိုကောင်းသည်။
အနည်းဆုံးတော့ မျက်မှန်အတွင်းရှိ ပင်လယ်ရေက အတော်လေး ငြိမ်သက်နေပြီး !မျက်လုံးကို ကာအကွယ်ပေးတဲ့ အခန်းကဏ္ဍတစ်ခုကိုလည်း လုပ်ဆောင်နိုင်သည်။
သက်ဆိုင်ရာ ပြင်ဆင်မှုများ လုပ်ဆောင်ပြီးတဲ့အခါ လျူယောင် ရေထဲ ဆင်းရန် ပြင်ဆင်လိုက်သည်။
ချန်းဟူက လျူယောင်ရဲ့ ဝတ်စားဆင်ယင်ပုံကို ကြည့်ပြီး အနည်းငယ် အံ့သြသွားကာ
"သူဋေးအောက်စီဂျင်ပိုက်လုံး ယူဖို့ မလိုဘူးလား"ဟု မေးလိုက်သည်။
လျူယောင်က "မလိုဘူး၊ ငါက ရေကူးအရမ်းကျွမ်းတယ်"ဟု ပြန်ဖြေလိုက်သည်။
ထို့နောက်
"မင်း တစ်ညလုံး မအိပ်ရသေးဘူးမို့လား ခန အိပ်လိုက် သွား ငါ့ကို စိတ်မပူနဲ့"ဟု သတိပေးလိုက်သည်။
ချန်းဟူ ရွက်လှေထဲ ဝင်သွားတာကို ကြည့်လိုက်ရာ အိပ်ခန်းများထဲမှ တစ်ခန်းကို သွားတာကြောင့် လျူယောင် ယုံကြည်စိတ်ချစွာ ရေထဲဆင်းသွားပြီး ရေထဲ ရောက်တဲ့အခါ အနက်ဆုံးနေရာကို တန်းတန်းမတ်မတ် သွားခဲ့သည်။
ပစ်မှတ်က ရှင်းလင်းပြီး ပင်လယ်ကြမ်းပြင်အောက်မှ သင်္ဘောပျက်ပင် ဖြစ်သည်။
တတိယအမြင်မှတစ်ဆင့် လျူယောင် မြင်ခဲ့ရာလိပ်ကြီးကလည်း သင်္ဘောပျက်ရဲ့ ဘေးတွင် ရှိနေခဲ့သည်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း လိပ်ကြီးက သင်္ဘောပျက်တွင်သာ အချိန်အများစုကို ကုန်ဆုံးခဲ့ပြီး တစ်ခါတစ်ရံ ဗိုက်ဖြည့်ရန်အတွက်သာ အနီးအနား၌ အမဲလိုက်တာပဲရှိသည်။
လျူယောင် လိပ်ကြီးနဲ့ဆက်သွယ်လိုက်သည်။
"လိပ်ကြီးရေ ငါရောက်ပြီ"
"သခင် ကျွန်တော်က ခင်ဗျားကို ရက်ပေါင်းများစွာ စောင့်နေခဲ့တာ" လိပ်ကြီး ပျော်ရွှင်စွာ ပြန်ဖြေခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် လျူယောင် ရေအနက် မီတာ ၂၀၀ မှ ၃၀၀ အထိ ရောက်လာခဲ့သည်။
ပင်လယ်ရေက ကြည်လင်နေသေးပေမဲ့အလင်းရောင်က သိသိသာသာ မှိန်သွားသည်။ အနက်ထဲ ထပ်ရေငုပ်ပြီးနောက် အလင်းရောင်က ပိုလို့ပင် မှောင်လာခဲ့သည်။
တချို့နေရာများတွင် အလင်းရောင်အချို့ကို မြင်တွေ့နိုင်ပြီး အဲ့ဒါက ကိုယ်တိုင်အလင်းထုတ်လွှတ်နိုင်တဲ့ ရေသတ္တဝါအချို့ပဲဖြစ်သည်။
"တော်သေးတာပေါ့ ငါ စဉ်းစားဉာဏ် ရှိပြီး ဒီသယ်ဆောင်ရလွယ်ကူတဲ့ဓာတ်မီးကို ယူလာခဲ့လို့"
လျူယောင် ခလုတ်ကိုဖွင့်လိုက်တာနဲ့ ရုတ်တ ရက် တောက်ပတဲ့ အလင်းတန်းတစ်ခုက အမှောင်ထုကို ထိုးဖောက်လိုက်သည်။ ပင်လယ်ကြမ်းပြင်က လှပနေပြီးမမြင်ဖူးသေးတဲ့ လှပသော ငါးအချို့လည်း ရှိနေသည်။
ဆက်လက် ရေငုပ်နေရင်း လျူယောင်ဟာ ပင်လယ်ရေရဲ့ ဖိအားကို စတင် ခံစားခဲ့ရသည်။
အနက် မီတာ ၅၀၀ တွင် ဘာ ခံစားချက်မှ မရှိဘဲ ဒီအနက်က ရေငုပ်သမားအားလုံး ရောက်နိုင်တဲ့အနက်ဖြစ်လေသည်။
လျူယောင် ဆက်ပြီး ရေငုပ်လိုက်သည်။
အနက်တိုးလာတာနဲ့အမျှ ရေဖိအားဒဏ်ကို တ ဖြည်းဖြည်း ခံစားလာရသည်။
လျူယောင်က "ငါ မီတာ ၆၀၀ ၇၀၀ အနက်ကို ရောက်နိုင်မယ်လို့ မျှော်လင့်တယ်"ဟု စိတ်ထဲတွင် တွေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူ ဒါကို တစ်ခါမှ စမ်းသပ်စစ်ဆေးဖူးခြင်း မရှိပေ။ လိပ်ကြီးက မီတာ ၂,၀၀၀ ကျော်အနက်ကို ရေငုပ်နိုင်ပေမဲ့ လျူယောင်ဟာ လူသားဖြစ်တာကြောင့် ဂုဏ်သတ္တိများ မျှဝေထားပေမဲ့ ကွာခြားမှုများ ရှိခဲ့သည်။
ဥပမာအားဖြင့် ဂုဏ်သတ္တိတူညီမှု ၂၀၀၀ ရှိရင် လိပ်ကြီးက တန် ၂၀ မှ ၃၀ အထိ ပစ္စည်းများကို အလွယ်တကူ သယ်နိုင်ပေမဲ့ လျူယောင် အ တွက်တော့ မဖြစ်နိုင်ဘဲ များစွာ လျော့ကျသွားမှာပဲ ဖြစ်သည်။
နောက်ထပ် မိနစ်အနည်းငယ်ကြာ ငုတ်ပြီးနောက် လျူယောင် နောက်ဆုံးတွင် မှောင်မိုက်နေတဲ့ ပင်လယ်ကြမ်းပြင်သို့ ရောက်လာခဲ့ကာ သက်ပြင်းကို တိတ်တဆိတ် ချလိုက်သည်။
ရေအနက် မီတာ၆၀၀ မှ ၇၀၀ တွင် ပင်လယ်ရေဖိအားကို သိသိသာသာ ခံစားရပေမဲ့ ဒါက ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာအတွင်း အပြည့်အဝ ရှိခဲ့သည်။
သက်ပြင်းချပြီးနောက် လျူယောင် သင်္ဘော ပျက်ဆီ ကူးခတ်သွားရာ မိနစ်အနည်းငယ်အတွင်း ရောက်လာပြီး သူ့ရှေ့မှ သင်္ဘောပျက်ကို မြင်လိုက်ရသည်။
ဒါက ခေတ်မီသင်္ဘောပျက်ဖြစ်ပြီး သံမဏိနဲ့ဆောက်လုပ်ထားခြင်းဖြစ်သည်။
လျူယောင်ရဲ့ ခန့်မှန်းချက်အရ သင်္ဘောဟာ ဆယ်စုနှစ်များစွာ အနည်းဆုံး ဒီနေရာတွင် နစ်မြုပ်နေခဲ့တာ သေချာသည်။ကိုယ်ထည်တွင် သံချေးတက်မူ့များကို ကြည့်ပြီး သိနိုင်သည်။
ထိုအပြင် ဒါက သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စင်း ဖြစ်ပုံရသည်။
လိပ်ကြီး မကြာမှီ ရောက်လာပြီး "သခင် ကျွန်တော် ဘာလုပ်ပေးရမလဲ"ဟု စကားဖောင်ဖွဲ့ကာ မေးလိုက်သည်။
လျူယောင်က "ငါ့ကို အပြင်မှာပဲ စောင့်နေပါ"ဟု ပြန်ပြောလိုက်သည်။
လိပ်ကြီးက "အိုခေဘာသခင် ဒါဆို ကျွန်တော် အပြင်မှာ စောင့်နေမယ်။ ခင်ဗျားမဝင်ခင် ဒီသင်္ဘောပျက်ကို အရင်ခေါက်လိုက်မယ်"ဟု ပြောလိုက်သည်။
လျူယောင်က လိပ်ကြီးပြောတာကို ရုတ်တရက် နားလည်သွားပြီး စိတ်ထဲတွင် တိတ်တဆိတ် ပျော်ရွှင်နေသည်။ လိပ်ကြီးက ဆက်လက် ကြီးထွားလာတာနဲ့အမျှ ဥာဏ်ရည်ကလည်း တိုး တက်လာခဲ့ပြီး နစ်မြုပ်နေတဲ့ သင်္ဘောကို အရင်ခေါက်ရမှာကို သိသည်။
"တောင်ကို ခေါက်ပြီး ကျားကို လှုပ်နိူးလိုက်သည် "
ဒီစကားပုံအတိုင်းပင် လိပ်ကြီးက ဧရာမလှံဖြင့် အကြိမ်အနည်းငယ် ခေါက်လိုက်ရာ ကြီးမား တဲ့ အသံက ပင်လယ်ထဲတွင် အကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ သင်္ဘောပျက်ထဲတွင် တစ်ခုခု ပုန်းအောင်းနေရင် မကြာမီ ထွက်လာလိမ့်မည်။
အမှန်ပါပဲ လေးမီတာ!ငါးမီတာ လောက်ရှည်တဲ့ပင်လယ်မြွေတစ်ကောင် သင်္ဘောပျက်ထဲမှ လျင်မြန်စွာ ထွက်လာပြီး အရိပ်အယောင်မကျန်ဘဲ ပျောက်ကွယ်သွားသည်။
ထို့နောက် ငါးအချို့! ပြည်ကြီးငါးအနည်းငယ်ပင် တစ်ကောင်ပြီးတစ်ကောင် ပြေးထွက်လာကြပြီး သူတို့က ခုနက ခေါက်လိုက်တဲ့အသံကြောင့် အတော်လေး ကြောက်လန့်နေပုံ ရသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဘာမှ ထပ်ထွက်မလာတော့တာကို မြင်တဲ့အခါ လျူယောင်က သင်္ဘောပျက်ရဲ့ ကော့ပစ်အပေါက်မှ ရေကူးဝင်သွားခဲ့သည်။
သင်္ဘောပျက်က မှောက်နေတာကြောင့် ကော့ပစ်ခန်းက ရှုပ်ပွနေသည်။နံရံတွေကလည်း သံချေးများစွာ တက်နေသည်။ လျူယောင်ကို အနည်း ငယ် ကြောက်လန့်စေတာက ကော့ပစ်ခန်းတွင် အလောင်းနှစ်လောင်း ရှိနေခြင်းပဲ ဖြစ်သည်။
ခန္ဓာကိုယ်တွင် အရိုးများသာ ကျန်တော့ပြီးကိုယ်ပေါ်မှ အဝတ်အစားများကလည်း စုတ်ပြဲနေသည်။ လျူယောင် စိတ်ထဲမှ ကြောက်ရွံ့မှုကို ထိန်းထားပြီး သေချာကြည့်ပြီးနောက် ဒါက ဒုတိယကမ္ဘာစစ်မှ RB စစ်ဝတ်စုံဖြစ်လောက်မယ်လို့ အမြင်နဲ့ ပင် ဆုံးဖြတ်ခဲ့သည်။
စစ်ဝတ်စုံကို ကြည့်ခြင်းအားဖြင့် အလောင်းရဲ့ ပိုင်ရှင်က အရာရှိတစ်ဦး ဖြစ်ရပေမည်။ သူ့ရဲ့ အဝတ်အစားများမှာ အလွန်စုတ်ပြဲနေတာကြောင့် ရာထူးကို မမြင်နိုင်ခဲ့ပေ။
လျူယောင် စုတ်ပြဲနေတဲ့စစ်ဝတ်စုံရဲ့ အိတ်ကပ်ထဲတွင် တစ်ခုခုကို တွေ့လိုက်ရသည်။
ခဏအကြာတွင် သူက ပိုက်ဆံအိတ်တစ်လုံးနဲ့ အိတ်ဆောင်နာရီတစ်လုံးကို တွေ့လိုက်ရပြီး ဒါတွေက ရွှံ့များကပ်နေကာ ဆွေးမြေ့လုနီးပါး ဖြစ်နေသည်။
လျူယောင်ကို ပျော်ရွှင်စေတာက အဝါရောင်ငါးကလေးသုံးကောင် ဆိုလိုတာက ရွှေတုံးသုံးတုံးကို တွေ့လိုက်ရသည်။
အိတ်ဆောင်နာရီတစ်လုံးနဲ့ အဝါရောင်ငါးကလေးသုံးကောင်ကို လျူယောင် ပြတ်သားစွာ ပြုံး၍ လက်ခံခဲ့ပြီး ကော့ပစ်ကို ဆက်လက်ရှာဖွေကြည့်ရာ အခြားဘာမျှ မတွေ့တော့တာကြောင့် ကော့ပစ်မှ ထွက်ခွာခဲ့သည်။
ရေကူးနေတဲ့ ငါးကြီးတစ်ကောင်လို လျူယောင်ဟာ အလွန်မြန်ဆန်ပြီး ကျဉ်းမြောင်းတဲ့ နေရာမှ အခြားအခန်းငယ်တစ်ခုကို ကူးခတ်သွားရာ ဒါက နေထိုင်ခန်း ဖြစ်ပုံရသည်။
ဒီအခန်းထဲမှာလည်း အလောင်းအနည်းငယ်ရှိပြီး ချွင်းချက်မရှိ အကုန်လုံး အရိုးတွေ ဖြစ်နေသည်။ လျူယောင် တဖြည်းဖြည်း ရဲရင့်လာပြီး မကြောက်တော့ပေ။
သူ့ရဲ့လက်ထဲရှိ အလွန်ကြီးမားတဲ့ အလင်းရောင်ရင်းမြစ်နဲ့ အခန်းငယ်ကို ဓာတ်ပုံရိုက်ပြီး ရှာဖွေမှု့စတင်ခဲ့ရာ အလောင်းအနည်းငယ်ကို တွေ့ရပေမဲ့ ရွှေနှင့် ငွေမများကို မတွေ့ရဘဲ သူတို့ကိုယ်ပေါ်တွင် စုတ်ပြဲနေတဲ့ ငွေစက္ကူအနည်းငယ်ကို တွေ့ရှိခဲ့သည်။
လျူယောင် ဒီအခန်းငယ်ကို ရှာဖွေပြီးနောက် တန်ဖိုးရှိတာ ဘာမှမတွေ့တော့တာနဲ့ ကျန် အ ခန်းများကို တစ်ခန်းပြီးတစ်ခန်း ဆက်လက်ရှာဖွေခဲ့သည်။
ဒီသံမဏိသင်္ဘောက အလေးချိန် တန် ၁,၀၀၀ သင်္ဘော ဖြစ်ပြီး အရွယ်အစားမှာ မသေးလှပေ။
အခန်းငယ်တွင် တန်ဖိုးရှိတာ ဘာကိုမှ ရှာမတွေ့ပေမဲ့ လျူယောင် စိတ်မပျက်ခဲ့ပေ။ သူရှာဖွေရန် အခန်းများစွာ ကျန်နေသေးသည်။