အခန်း 104 ရွှေတုံးများ ရိတ်သိမ်းခြင်း
နူန်းတွေ ဖုံးနေလို့ ဒီဟာက ရွှေဖြစ်တယ်ဆိုရင် ဒီ အပိုင်းကြီးက ကြီးလွန်းလှသည်။
အရင်က ရွှေတွေကို မြင်ဖူးခဲ့တဲ့ လျူယောင်ဟာ ရာဂဏန်းရှိတဲ့ ရွှေတုံးတွေနဲ့ အလွန်ရင်းနှီးတာမို့ သူ့လက်ထဲက ဒီအပိုင်းဟာ အလေးချိန် ၁၀ ကီလိုဂရမ်လောက် ရှိလိမ့်မယ်လို့ ခန့်မှန်းရသည်။
ဒါပေမဲ့ တကယ်ကို သိပ်သည်းပြီး လေးလံလှသည်။
နည်းနည်း စိတ်ပျက်အားငယ်နေခဲ့တဲ့ လျူယောင်ဟာ ဝမ်းမြောက်ဝမ်းသာနဲ့ ရွှေတုံးကြီးကို လက်နဲ့ ချက်ချင်းသုတ်လိုက်သည်။
ရေထဲမှာရှိနေလို့ သုတ်လိုက်တဲ့အခါ နူန်းတွေက အလွယ်တကူ ဖယ်သွားပြီး ရွှေရဲ့အရောင်အမှန် ပေါ်လွင်လာခဲ့သည်။
“ ဒါ ရွှေပဲ”
“ဒီဟာက ရွှေပဲ!”
ဒီအချိန်မှာ လျူယောင် ပျော်ရွှင်မှု့ အပြည့်အဝရသွားခဲ့သည်။
လျူယောင် ရေထဲမှာ ရယ်နိုင်ရင် အကျယ်ကြီးရယ်မိမှာ သေချာတယ်။ ဒီလို အံ့သြစရာတွေ ရှိလာလို့ အရမ်းဝမ်းသာပြီး အံ့ဩမိခဲ့သည်။သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပေ။
“ဒီကုန်တင်ခန်းထဲမှာ ရွှေတွေ တကယ်ရှိနေတာပဲ “
“ဒီထူထဲတဲ့နူန်းထဲမှာကော ရှိနေသေးလား “
လျူယောင်ဟာ ရွှံ့တွေနားကို ရောက်သွားပြီး ပေါ့ပေါ့ပါးပါး ကိုင်ကြည့်လိုက်သည်။ ရုတ်တရက် သူ့နှလုံးသားက ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်လာသည်။ မထင်မရှား ရှိတဲ့ ရွှံ့နွံထဲမှာ အများကြီးရှိနေခဲ့ပြီး အပိုင်းအစများစွာကို သူ ပေါ့ပေါ့ဆဆ ထိမိခဲ့သည်။
လျူယောင်ဟာ စိတ်တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားပြီး ရွှံ့ထဲက ရွှေအပိုင်းအစတွေကို ဆွဲထုတ်ပြီး သူ သယ်လာခဲ့တဲ့ ပိုက်ကွန်အိတ်ထဲကို ထည့်လိုက်သည်။
တစ်ဒါဇင်ကျော် ထည့်ပြီးတော့ ပိုက်အိတ် ကွဲသွားမှာကို ကြောက်လို့ သူ ထပ်မ ထည့် ရဲတော့ပေ။
လက်တစ်ဖက်မှာ ရွှေတုံး တစ်ဒါဇင် ကျော် ပါတဲ့ ပိုက်ကွန်အိတ်ကို ကိုင်ပြီး ကျန်လက် တစ်ဖက်မှာ ကြီးမားတဲ့ ဓာတ်မီးကို ကိုင် လျက် လျူယောင်အရင်လမ်းအတိုင်း ပြန်သွားကာ နစ်မြုပ်နေတဲ့ သင်္ဘောထဲကနေ ထွက်လာခဲ့သည်။
လျူယောင် သင်္ဘောအပြင်ကို ရောက်တော့ နုန်းတွေ ပြည့်နေတဲ့ ရွှေတုံးတွေကို ထုတ်ကာ ဆေးကြောကာ သုတ်လိုက် ပြီးတော့ ခိုင်ခံ့သန့်ရှင်းတဲ့ နေရာမှာ ထားလိုက်သည်။
ဒီတစ်ကြိမ်မှာ သူဟာ ရွှေ ၁၅၀ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ရွှေ ၁၅ ချောင်းကို ရရှိခဲ့သည်။
ဒီရွှေတုံးတွေကို မြေကြီးပေါ်မှာ ချထားလိုက်တော့ ရွှေရောင်က ဘယ်လောက် စွဲမက်ဖွယ်ကောင်းလိုက်သလဲ။
နစ်မြုပ်နေတဲ့ သင်္ဘောအတွင်းမှာ ထူထဲတဲ့ နုန်းတွေ အများကြီး ရှိနေသေးတယ်။ လျူယောင် သင်္ဘောထဲကို တစ်ဖန်ပြန်ဝင်တော့မှာဖြစ်လို့ သူဟာ တစ်တုံးမှ မလွတ်စေဘဲ ရွှေတုံးတွေအားလုံးကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။
ဒီရွှေတုံးတွေကို မြင်တဲ့အခါ လိပ်ကြီး ဟာ ဝမ်းသာအားရနဲ့ "သခင်၊ ဒါတွေက နစ်မြုပ်နေတဲ့ သင်္ဘောပေါ်ကနေ ရှာတွေ့ခဲ့တဲ့ ရွှေတွေလား" ဟု မေးလိုက်သည်။
လျူယောင်က "ဟုတ်တယ် နစ်မြုပ်နေတဲ့ သင်္ဘောထဲကနေ တွေ့ခဲ့တာ အထဲမှာ အများကြီး ကျန်သေးတယ် ငါ ထပ်ဝင်ချင်တယ် " ဟု ပြောသည်။
လိပ်ကြီးက "သခင် ခင်ဗျား ထပ်ပြီး ချမ်းသာတော့မယ် " ဟု ပြောလိုက်သည်။
လိပ်ကြီးနဲ့ စကားအနည်းငယ် ပြောပြီးနောက် လျူယောင်ရဲ့ မျက်လုံးတွေဟာ လိပ်ကြီး လက်ထဲက ကြီးမားတဲ့ လှံကြီးပေါ်ကို မတော်တဆ ရောက်ရှိသွားပြီး နစ်မြုပ်နေတဲ့ သင်္ဘောကို ကြည့်လိုက်သည်။
" လိပ်ကြီး ငါနဲ့အတူ လာခဲ့ပါ။"
လိပ်ကြီးဟာ အနီးကပ် နောက်ကနေ လိုက်လာခဲ့ပြီး လျူယောင်ဟာ နစ်မြုပ်နေတဲ့ သင်္ဘောအနီးကို ကူးခတ်ကာ ဒီသင်္ဘောကို ကြည့်ရှုလိုက်ပြီး နည်းနည်း ခွဲခြမ်းစိတ်ဖြာပြီးတော့ ရွှေတွေ သိမ်းဆည်းထားတဲ့ နေရာကို အခြေခံအားဖြင့် ဆုံးဖြတ်ခဲ့သည်။
" လိပ်ကြီး ဒီနေရာမှာ အပေါက်တစ်ခု ဖောက်ဖို့ မင်းရဲ့ ကြီးမားတဲ့ လှံကိုသုံးလိုက်”
လိပ်ကြီးကို လုပ်ဆောင်ဖို့ အမိန့်ပေးပြီးနောက်မှာ ရုတ်တရက် သူရဲ့ စိတ်က ပြန်လည်တက်ကြွလာခဲ့သည်။
ဒီနစ်မြုပ်နေတဲ့ သင်္ဘောကြီးဟာ ဆိုးဆိုးရွားရွား ဆွေးမြေ့နေတာကြောင့် ကြီးမားတဲ့ လှံကြီးရဲ့ အောက်မှာ ဒီသင်္ဘောဟာ စက္ကူတစ်ရွက်နဲ့ တူပြီး ကြီးမားတဲ့ အပေါက်တစ်ပေါက် အလွယ်တကူ ဖောက်ထွင်း နိုင်ခဲ့သည်။
လိပ်ကြီးဟာ ဒီသံမဏိသင်္ဘောကို ဖြိုဖျက်ဖို့ အားထုတ်ခဲ့ရပေမဲ့ ကြီးမားတဲ့ အပေါက်အချို့ ထိုးဖောက်ဖို့တော့ အလွန်လွယ်ကူခဲ့သည်။
လှံကြီးနဲ့ ထိုးပြီးတော့ မရပ်ဘဲ လိပ်ကြီး ဆက်တိုက် သုံး လေးကြိမ် ထပ်ထိုးလိုက်ပြီး တစ်ကြိမ်စီတွင် တူညီတဲ့ အပေါက်များ ဖြစ်လာခဲ့သည်။
ချက်ချင်းပဲ လျူယောင်ရဲ့ ရှေ့မှာ ကြီးမားတဲ့ အပေါက်တစ်ခု ပေါ်လာသည်။ လိပ်ကြီးဟာ အလုပ်မှာ ပျော်မွေ့နေပုံရလို့ ဆက်ပြီး ထိုးချင်နေသေးတာကို မြင်တော့ လျူယောင်က
"တော်ပြီ လုံလောက်ပြီ၊ ထပ်ပြီး ထိုးဖို့ မလိုတော့ဘူး " ဟု အမြန်ပြောလိုက်သည်။
အဲဒီ့နောက် လိပ်ကြီး ရပ်တန့်လိုက်ပြီး
"သခင် ခင်ဗျား ဘာလုပ်စေချင်လဲ" ဟု မေးလိုက်သည်။
လျူယောင်ဟာ ထုတ်ထားခဲ့တဲ့ ရွှေတွေကို ကြည့်ပြီး "ဒါတွေကို တခြား ပင်လယ်သ တ္တဝါတွေ မယူသွားအောင် ကြည့်ပေး “ လို့ ခိုင်းလိုက်သည်။
ဟုတ်ပါတယ် ဒီလို ဖြစ်နိုင်ခြေက မရှိပါဘူး။
တောက်ပတဲ့ အရာဝတ္ထုတွေကို နှစ်သက်တဲ့ ရေနေသတ္တဝါအချို့ ရှိပေမဲ့ ပင်လယ် ရေ နက်ထဲတွင် အလင်းရောင် မရှိရင် ရွှေဟာ မတောက်ပနိုင်ပေ။
လိပ်ကြီး "အိုခေဘာ သခင် ပြဿနာမရှိပါဘူး ငါက ရွှေကို စောင့်ကြည့်နေမယ် တခြားအကောင်တွေ နီးနီးနားနား မလာဖို့ ကြည့်နေပါ့မယ်" ဟု သဘောတူလေသည်။
လျူယောင်ဟာ ခေါင်းညိတ်ပြပြီး ခုနက လှံနဲ့ထိုးထားတဲ့ အပေါက်ကနေ ကုန်တင်ခန်းထဲကို ကူးခတ်ဝင်သွားခဲ့သည်။
ကုန်တင်ခန်းထဲက နူန်းထဲမှာ ရွှေတွေ အများကြီးရှိပြီး လက်နဲ့တောင် ထိလို့ရ၍ လျူယောင်တစ်တုံးပြီးတစ်တုံး ထုတ်ယူပြီး ပိုက်ကွန်အိတ်ထဲကို ထည့်လိုက်သည်။ တစ်ဒါဇင်လောက်ရတော့ သူထွက်လာပြီး ရွှေတွေကို အပြင်ဘက်က ပိုက်ကွန်အိတ်ထဲ ထည့်လိုက်သည်။။
လျူယောင် ဒီစင်တွေက ဘာအတွက်လဲဆိုတာ နောက်ဆုံးတော့ နားလည်သွားသည်။ ဒါတွေကို မူလက ရွှေတွေ သိုလှောင်ဖို့ သုံးခဲ့တာဖြစ်လိမ့်မယ် ဒီလောက် ထူထဲပြီး ခိုင်ခံ့နေတာ မဆန်းတော့ပေ။
သင်္ဘောနစ်မြုပ်တဲ့အခါ ဒီစင်တွေလည်း ပြုတ်ကျသွားပြီး ဒီပေါ်မှာ တင်ထားတဲ့ ရွှေတုံးတွေအားလုံး မြေပြင်ပေါ်ကို ကျသွားခဲ့သည်။
အချိန်အတော်ကြာပြီးတော့ အခန်းကို နုန်းထူတွေနဲ့ ဖုံးအုပ်ထားသလို ရွှေတုံး တွေကိုလည်း နူန်းတွေနဲ့ ဖုံးအုပ်ထားသည်။
ဒီကန်ချက်သာ မရှိရင် လျူယောင်ဟာ ရွှေတုံးတွေကို လွတ်သွားလောက်ပေသည်။
ရွှေတုံးရာပေါင်းများစွာ ထုတ်ယူပြီးနောက် နူန်းထဲမှာ အမြောက်အမြား ကျန်နေသေးတာကို ခံစားရပြီး ဒီစင်ကြီးတွေက လမ်းပိတ်နေတော့ လျူယောင် ဒါတွေကို နစ်မြုပ်နေတဲ့ သင်္ဘောအပြင်ဘက်တွင် အားလုံးကို ပစ်ထုတ်လိုက်သည်။
"ကောင်းပြီ အခု အဲဒါတွေ လမ်းမှာ မရှိတော့ဘူး “
ဂိုဒေါင်ထဲမှာ စင်တွေ မရှိတော့ဘဲ ရွှံ့နဲ့ ရွှေတုံးတွေပဲ ရှိတော့တယ်။ လျူယောင်ဟာ နာရီဝက်ကျော် အလုပ်လုပ်ခဲ့ရာ အထဲက ရွှေတုံးပေါင်း ၁၀၀၀ ကျော်ကို တွေ့ရှိ ခဲ့သည်။
တစ်တုံးကို ၁၀ ကီလိုဂရမ် အလေးချိန်ရှိရင် ဒါဟာ ရွှေဆယ်တန်ကျော်ပဲ ဖြစ်သည်။
လျူယောင် ပိုက်ကွန်အိတ်ကို ကိုင်လိုက်ပြီး ရွှံ့နွံထဲတွင် ရွှေတုံးနှစ်တုံးပဲ ရှာတွေ့ခဲ့ပြီး ထပ်ပြီး စမ်းတဝါးဝါး ရှာကြည့်ရာ မရှိတော့ဘူးဆိုတာ သေချာပြီးနောက် ကျေနပ်စွာနဲ့ ထွက်ခွာလာခဲ့သည်။
နစ်မြုပ်နေတဲ့ သင်္ဘောအပြင်ဘက် ပွင့်လင်းတဲ့နေရာမှာ ရွှေတုံးတွေ စုပုံနေခဲ့သည်။
အချို့က သူတို့ရဲ့ အစစ်အမှန်အရောင်တွေကို ပြသနေကြပြီး အချို့ကတော့ မျက်နှာပြင်မှာ နူန်းတွေ ကျန်နေသေးသည်။
လျူယောင် သူ့လက်ကို ဝှေ့ယမ်းပြီး
“လိပ်ကြီး ဒီနား လာခဲ့အူံး “
လိပ်ကြီးဟာ ချက်ချင်းရောက်လာပြီး
"သခင် အမိန့်ရှိပါသလား "
လျူယောင်ဟာ ရွှေတွေအားလုံးကို လက်ညှိုးထိုးပြပြီး "အားလုံးကို ပင်လယ်နားက ဂိုဒေါင်ထဲ သယ်သွားလိုက် တစ်တုံးမှ မကျန်စေနဲ့အုံး “ဟု ပြောလိုက်သည်။
လိပ်ကြီးက "သခင်၊ ဒါက ငါ့အတွက် အသေးအဖွဲကိစ္စမို့ စိတ်မပူပါနဲ့ “ ဟု ပြန်ပြောလိုက်သည်။
လိပ်ကြီးနဲ့ စကားအနည်းငယ် ပြောပြီး နောက်မှာ လျူယောင် အသက် ရှူကျပ် ချင်လာပြီလို့ ခံစားလိုက်ရသည်။ ဒီတစ်ကြိမ်တွင် သူဟာ ပင်လယ် ကြမ်းပြင်အောက် တစ်နာရီကျော်လောက် နေခဲ့တာပဲ ဖြစ်သည်။
လျူယောင်ဟာ ယုံကြည်မှု့ အပြည့်နဲ့ ရေမျက်နှာပြင်ဆီ ကူးခတ်သွားခဲ့သည်။
လိပ်ကြီးဟာ ရွှေတုံးတွေကို သူ့ရဲ့ ကြီးမားတဲ့ ပါးစပ်ထဲကို တစ်ခုပြီးတစ်ခု ထည့်လိုက်သည်။ ဒါပေမဲ့ ရွှေတုံးအချို့ရဲ့ မျက်နှာပြင်ပေါ်မှာ နူန်းတွေရှိနေတာကို သူ မကြိုက်ပေ။
ရွှေတုံး ၁၀၀၀ ကျော်ကို ကြီးမားတဲ့ ပါးစပ်ထဲ ထည့်လိုက်သည်။
သူ့ပါးစပ်ထဲမှာရှိတဲ့ ရွှေတုံးတွေကို လျှာ ကြီးနဲ့ ပွတ်သပ်လိုက်ပြီး ရွှေတုံး တွေကို ပါးစပ်ဆေးသလိုမျိုး အနည်းငယ် သန့်စင်လိုက်ပြီး ရွှံ့ပင်လယ်ရေတွေကို အပြင်ဘက် ထွေးထုတ်လိုက်သည်။
လိပ်ကြီး နောက်ဆုံး ထွေးထုတ်လိုက်တဲ့ ပင်လယ်ရေ အနည်းငယ်က ကြည်လင်နေတော့ ရွှေတုံးတွေအားလုံး သန့်စင်သွားပြီဆိုတာ သိလိုက်ရသည်။
တစ်မိနစ် နှစ်မိနစ်အတွင်းမှာပဲ ရွှေချောင်း ထောင်ပေါင်းများစွာအားလုံး သန့်စင်သွားခဲ့သည်။
ဒီစွမ်းဆောင်ရည်က ရိုးရှင်းပြီး အံ့သြစရာကောင်းလှသည်။