အခန်း 105 ရွှေမဝယ်နိုင်ရင် ကုမ္ပဏီ က ပိတ်ခံရတော့မယ်
လျူယောင် မကြာခင်မှာပဲ ရွက်လှေပေါ်ကို ပြန်ရောက်လာခဲ့သည်။
ရော်ဘာ ရေငုပ်ဝတ်စုံကို ချွတ်ပြီး ရွက်လှေရဲ့ ရေချိုးခန်းထဲမှာ ရေနွေးနဲ့ ရေချိုးပြီးနောက် ဝတ်ဖို့ သန့်ရှင်းတဲ့ အဝတ်အစားတွေကို ရှာဖွေလိုက်သည်။
လျူယောင်ဟာ အခုအချိန်ထိ.စိတ်လှုပ်ရှားမှု့ကို ခံစားနေရတုန်းပဲ ဖြစ်သည်။
တွေးကြည့်လိုက်တာနဲ့တင် စိတ်အေးအေးထားလို့မရခဲ့ပေ။ ရွှေဆယ်တန်ကျော်ဆိုတာ လျူယောင်တစ်ခါမှ မတွေးခဲ့ဖူးတဲ့ပမာဏဖြစ်ပြီး အိပ်မက်တောင် မမက်ရဲခဲ့ပေ။
လှုပ်ရှားမှု့ကို သူကြားလိုက်တော့ ချန်းဟူဟာ ထပြီးလိုက်လာခဲ့သည်။
" သူဋေး " ဟု နူတ်ဆက်လိုက်သည်။
လျူယောင်က စိုးရိမ်တကြီးနဲ့ "မင်း နှစ်နာရီ သုံးနာရီလောက်ပဲ အိပ်ရသေးတာ အခုတော့ နိုးလာပြီပဲ " လို့ ပြောလိုက်သည်။
ချန်းဟူက "လုံလောက်ပါတယ် အခုတော့ အားအင်တွေပြည့်နေပြီ၊ အိပ်ပျော်တော့မှာ မဟုတ်ဘူး၊ သွေးအပြည့်နဲ့ ပြန်လည်ရှင်သန်လာသလိုပဲ " ဟု ပြန်ဖြေခဲ့သည်။
လျူယောင်က ပြုံးလိုက်ပြီး "အခုပဲ ပြန်ကြရအောင် မနက်ဖြန် မနက်စောစော ဟွာဟိုင်းမြို့ကို ပြန်ရောက်ဖို့ အားထုတ်လိုက်တော့ " ဟု ပြောလိုက်သည်။
လုပ်သင့်လုပ်ထိုက်တာကို လုပ်ပြီးပြီ၊ ရိတ်သိမ်းမှု့က ကြီးတာကြောင့် ပြန်လို့ရပြီပဲ ဖြစ်သည်။
ချန်းဟူဟာ လှေကို ရွက်လွှင့်ခဲ့ပြီး မိနစ်အနည်းငယ်ကြာတော့ ရွက်လှေဟာ ပင်လယ်ပြင်ပေါ်မှာ ကြီးမားတဲ့ အချင်းဝက်နဲ့ကွေ့ကောက် လှည့်ပြီး ဟွာဟိုင်းမြို့ဆီကို ဦးတည် ရွက်လွှင့်တော့သည်။
လက်ဖက်ရည်ပူပူတစ်ခွက် သောက်ပြီးနောက် လျူယောင်ဟာ နစ်မြုပ်နေတဲ့ သံမဏိသင်္ဘောပေါ်က ရွှေတုံးတွေကို ထုတ်ယူပြီး ကြည့်လိုက်ရာ သူ အရမ်းကျေနပ်သွားနေခဲ့သည်။
ရွှေတုံးဆယ်တန်နဲ့ အလေးချိန်နှစ်ဆရှိတဲ့ ရွှေတုံးကြီး နှစ်တုံးရှိပြီး တကယ်ကို လေးလံတယ်လို့ ခံစားခဲ့ရသည်။
ထိုရွှေတုံးတွေကို ကြည့်ပြီးနောက် လျူယောင်က ကျောက်စိမ်းပြားကို ထုတ်ပြီး အထပ်ထပ်အခါခါ ကြည့်လိုက်သည်။
ခဏကြာတော့ ချန်းဟူ ရောက်လာခဲ့သည်။ ရွက်လှေမှာ အလိုအလျောက် မောင်းတဲ့ ခလုတ်ရှိနေတာကြောင့် သူ တော်တော်လေး စိတ်အေးလက်အေး ဖြစ်နေပုံရသည်။
"သူဋေး"
လျူယောင်က "ဒီကိုလာပါ မြင်တဲ့အတိုင်းပဲ ဒီရွှချောင်းက မင်းအတွက်ပဲ"
လျူယောင်ဟာ ထိုရွှေတုံးတွေကြားက ရွှေချောင်း နှစ်ချောင်းကိုယူပြီး ချန်းဟူရဲ့လက်ထဲကို ပစ်ပေးလိုက်သည်။
"ဘုရားရေ ဒါက ရွှေချောင်းပဲ "
ချန်းဟူက အံ့သြစွာ ရေရွတ်လိုက်ပြီး ကမန်းကတန်း "ကျေးဇူးတင်ပါတယ် သူဋေး ကျေးဇူးတင်ပါတယ် သူဋေး " ဟု ပြန်ပြောခဲ့သည်။
လျူယောင်က "ရပါတယ် ငါ့နောက်ကိုသာ လိုက် ငါ အသားစားရင် မင်း အနည်းဆုံး ဟင်းချိုတစ်ငုံတော့ သောက်ရမယ်" ဟု ပြန်ပြောလိုက်သည်။
ချန်းဟူကို ဒီရွှေချောင်းကြီးကို ရက်ရက်ရောရော ပေးရတဲ့ အဓိက အကြောင်းရင်း နှစ်ချက်ရှိသည်။
ပထမအချက်က ချန်းဟူဟာ အမြဲတမ်း ကောင်းကောင်းလုပ်ဆောင်ခဲ့ပြီး လျူယောင်အလွန်ကျေနပ်ခဲ့သည်။ ဒုတိယအချက်ကတော့ မနေ့ညက ရွက်လှေကို မောင်းနှင်ရင်း တစ်ညလုံး မအိပ်ခဲ့ရလို့ ဒီည တစ်ညတာ သူ့ရဲ့ အလုပ်ကြိုးစားမှု့လို့လည်း သတ်မှတ်လို့ရသည်။
ချန်းဟူနဲ့ စကားအနည်းငယ်ပြောပြီးနောက် ချန်ဟူးမှာ လေယာဉ်မှူးခန်းကို သွားခဲ့ပြီး လျူယောင်ဟာ အိမ်မွေးတိရစ္ဆာန်ချပ်ပြားကိုဖွင့်လိုက်တော့ လိပ်ကြီး လျင်မြန်စွာ ပြေးလိုက်တာကို သူ မြင်လိုက်ရသည်။
လျူယောင် ဒီအမြန်နှုန်းကို မနာလိုဖြစ်မိသည်။
"နောက်နေ့မနက်စောစော"
ရွက်လှေဟာ ဟွာဟိုင်းမြို့ဆိပ်ကမ်းမှာဆိုက်ကပ်ခဲ့သည်။
လျူယောင် လက်ကို ဝှေ့ယမ်းပြီး "ချန်းဟူ မင်းလည်း ပင်ပန်းနေပြီ၊ ဒီနေ့ တစ်ရက်အားလပ်ရက်ပေးမယ် " ဟု ပြောလိုက်သည်။
ချန်းဟူမှာ ဝမ်းသာသွားပြီး "သူဋေး ကျွန်တော့်ဖုန်းက ၂၄ နာရီလုံးဖွင့်ထားပါတယ်။ သူဋေး လိုအပ်နေသရွေ့ ကျွန်တော် တတ်နိုင်သလောက် လုပ်နိုင်ဖို့ ကြိုးစားပါ့မယ် " ဟု ပြန်ပြောခဲ့သည်။
"ဒီနေ့ အဆင်ပြေပါတယ် ကောင်းကောင်းအနားယူသင့်တယ် "
ချန်းဟူဟာ မနေ့ညက တစ်ညလုံး အိပ်မပျော်ခဲ့လို့ အနားယူဖို့ လိုအပ်သည်။ လျူယောင်ကတော့ မနေ့ညက ကောင်းကောင်းအနားယူခဲ့လို့ အခုအချိန်မှာတော့ အားအင်တွေပြည့်နေခဲ့သည်။
ချန်းဟူကို နှုတ်ဆက်ပြီးနောက် လျူယောင် ပင် လယ်ကမ်းစပ်မှာရှိတဲ့ ဂိုဒေါင်ကို အရင် မောင်းသွားခဲ့သည်။
ကားတံခါးကိုပိတ်ပြီးနောက် လျူယောင် ဂိုဒေါင်ကြီးဆီကို လျှောက်သွားပြီး တံခါးကိုဖွင့်ကာ ဝင်ပြီးတော့ တံခါးကို အမြန်ပိတ်လိုက်သည်။
ဂိုဒေါင်ရဲ့ ကွန်ကရစ်ကြမ်းပြင်တွင် မနေ့က လိပ်ကြီးသယ်ယူလာတဲ့ ရွှေတုံးပုံကြီး ရှိနေသည်။လိပ်ကြီးက ဒါတွေကို သယ်လာခဲ့ပြီး နာရီအနည်းငယ်အတွင်း ပို့ဆောင်ခဲ့တာပဲဖြစ်သည်။
လျူယောင် ဒီရွှေတုံးတွေကို မြင်တဲ့အခါ ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး သူ့စိတ်ထဲ ထ က ချင်စိတ်တောင်ပေါက်နေသည်။
လျူယောင်ရွှေတုံးပုံကြီးဆီကို လျှောက်လာရင်း ရွှင်မြူးတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။
"ကဲ စုစုပေါင်း ဘယ်နှစ်တုံးရှိမလဲ "
လျူယောင်က ဒီရွှေတုံးတွေကို ကွန်ကရစ်ကြမ်းပြင်ပေါ်မှာ သေသေသပ်သပ် စီလိုက်ချိန်မှာ လိပ်ကြီးက ကောင်းမွန်တယ်လို့ စိတ်ထဲမှာ တွေးလိုက်သည်။။ ရွှေတုံးတိုင်းကို အညစ်အကြေးမရှိအောင် သန့်စင်ထားသည်။
လျူယောင်က နံပါတ်ရေတွက်ဖို့ အဆင်ပြေအောင် ရွှေတုံး ၁,၀၀၀ ကျော်ကို သေသပ်စွာ စီဖို့ နာရီဝက်နီးပါး အချိန်ယူခဲ့ရပြီး စုစုပေါင်းအရေအတွက် ၁၂၅၀ ကို လျင်မြန်စွာ ရေတွက်လိုက်သည်။
"ဒါဟာ ရွှေ ကီလိုဂရမ် ၁၂ တန်ခွဲဖြစ်သည်"
လက်ရှိ နိုင်ငံတကာရွှေစျေးနှုန်းက တစ်အောင်စကို US$ ၁,၉၀၀ ရှိပြီး စျေးနှုန်းက တော်တော်လေး မြင့်တယ်လို့ ယူဆရပြီး ရွှေလျှော့စျေးက ပိုပြီး တွက်ခြေကိုက်သည်။
လျူယောင်က ဒီရွှေအားလုံးကို ရောင်းဖို့ စိတ် ကူးထားသည်။
လိပ်ကြီး ရှိနေရင် ရွှေရှားပါးမှာ မဟုတ်ပေ။ တကယ်လို့ အနာဂတ်မှာ ကံကောင်းပြီး ရွှေတွေပြည့်နေတဲ့ နောက်ထပ် သင်္ဘောပျက်တွေကို ရှာတွေ့ရှိခဲ့ရင် ရွှေအများကြီး ထပ်မံရရှိဦးမှာ မဟုတ်လား။
ဒီရွှေတုံးတွေကို သေသေချာချာ စီပြီးနောက်မှာ လျူယောင်က တစ်တုံးကိုယူပြီး ကားထဲ ထည့်လိုက်သည်။ ပြီးတော့ ရွှေတုံးတွေအားလုံးကို ဖုံးဖို့ တာလပတ်တစ်ထည်ကို ရှာတွေ့ခဲ့သည်။ဖုံးလိုက်ပြီးနောက် ဒါက ရွှေပုံကြီးဖြစ်နေသည်။
လျူယောင် ဂိုဒေါင်ရဲ့ တံခါးနှစ်ပေါက်ကို သော့ခတ်ပြီးနောက် နာမည်ကြီး ရွှေနဲ့ ကျောက်မျက်ရတနာကုမ္ပဏီဖြစ်တဲ့ ချန်ဒါရှန်း ကုမ္ပဏီ ဆီကို ကားမောင်းသွားလိုက်သည်။
ဒီရွှေအသုတ်ကို ရောင်းတော့မှာဖြစ်လို့ ရင်းနှီးတဲ့သူကို ရှာတာ ပိုကောင်းတယ်ပေသည်။ လျူယောင်ဟာ အစပိုင်းတုန်းက ဒီကုမ္ပဏီကနေ ရွှေပထမအသုတ်ကို ရောင်းခဲ့ရာ စျေးနှုန်းက အလွန်ကောင်းမွန်တာကြောင့် ဖြစ်သည်။
“ချန်ဒါရှန်းကုမ္ပဏီ “
ဌာနချုပ်အဆောက်အအုံထဲမှ အစည်းအဝေးခန်းတွင် အဆင့်မြင့်အစည်းအဝေး တစ်ခု ကျင်းပနေခဲ့သည်။ အထက်တန်း ရာထူးအဆင့်ရှိသူများ အားလုံးနဲ့ အလယ်အလတ်ရာထူးအဆင့်ရှိသူများ အားလုံး ပါဝင်တက်ရောက်ခဲ့ကြသည်။
ချန်ဒါရှန်းကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ချန်ဟီဖေး က
"အရေးကြီးတဲ့အစည်းအဝေး" လို့ ပြောလိုက်တော့ ဝယ်ယူရေးဌာနရဲ့ အထွေထွေမန်နေဂျာ ထန့်လီပင်း ဟာ ဖိအားအများကြီး ခံစားခဲ့ရသည်။
ဖိအားတွေ အများကြီး ခံနေရတာ သူ့တစ်ယောက်တည်း မဟုတ်ပေ။ သူဋေး ချန်ဟီဖေးလည်း ဖိအားတွေ အများကြီး ခံနေရသလို တခြား အကြီးတန်းအမှု့ဆောင်တွေလည်း ဖိအားတွေ အများကြီး ခံနေရသည်။
ချန်ဟီဖေးက လေးနက်တဲ့လေသံနဲ့
"အားလုံးပဲနိုင်ငံတကာရွှေစျေးနှုန်းက တောက်လျှောက်တက်နေတယ်။ တစ်လမပြည့်ခင်မှာတင် တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁,၉၈၀ ကို ကျော်ဖြတ်သွားပြီ မကြာခင်မှာ အမေရိကန်ဒေါ်လာ ၂,၀၀၀ ကျော်သွားလိမ့်မယ်လို့ ခန့်မှန်းရတယ် " ဟု ပြောလိုက်သည်။
ရွှေစျေးတက်လာတာနဲ့အမျှ ရွှေလက်ဝတ်ရတနာတွေလည်း စျေးတက်လာခဲ့သည်။
ဒါက အဓိကမဟုတ်ပေ။ သူတို့ကို ကြီးမားတဲ့ ဖိအားတွေ သက်ရောက်စေတဲ့အချက်က ဘဏ်ကြီးတွေဟာ ရွှေရောင်းဖို့ တွန့်ဆုတ်နေပြီး ပိုက်ဆံရှိရင်တောင်မှ ရွှေကို မရောင်းပေးတာကြောင့်ပဲ ဖြစ်သည်။
ကျူ လို့ အမည်ပေးထားတဲ့ ဒုဥက္ကဋ္ဌက မတ်တပ်ထရပ်ပြီး "ဥက္ကဋ္ဌ ကျွန်တော်တို့ရဲ့ စာရင်းမှာ နှစ်တန်အောက်ပဲရှိနေတယ်။ အတိအကျပြောရရင် ၁၇၅၂ ကီလိုဂရမ်ပဲ ရှိတယ်။ဒါက အများဆုံး ရက် ၂၀ အထိပဲ ခံနိုင်တာမို့လို့ ရွှေမဝယ်နိုင်ရင် ကုမ္ပဏီက ပိတ်ရတော့မှာ"
သူက ဆက်ပြောလိုက်သည်။
"ကွင်းဆက်တုံ့ပြန်မှု့တွေက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး ကျွန်တော်တို့ရဲ့ ရာနဲ့ချီတဲ့ ရွှေဆိုင်တွေဟာ ဝယ်လိုအားမရှိလို့ ရောင်းချဖို့ ရွှေလက်ဝတ်ရတနာတွေ မရှိတဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ် "ဟု ပြောလိုက်သည်။
အခြားအဆင့်မြင့်သူတစ်ဦးက "အိုး မစ်တာကျူ ခင်ဗျားက နည်းနည်းတော့ လွန်တာပေါ့ ကျွန်တော်တို့က ဒီအဆင့်မှာ ရှိနေပါသေးတယ် အခု ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အစည်းအဝေးလုပ်နေတာကို ရွှေဝယ်ဖို့ မျှော်လင့်နေတာလား " ဟု ပြောခဲ့သည်။
ဒီလိုပြောပြီးနောက်မှာ ပြဿနာက ပြင်းထန်တဲ့အဆင့်ကို မရောက်နိုင်ပေမဲ့ ချန်ဒါရှန်းကုမ္ပဏီဟာ ရွှေဝယ်ဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာတော့ သေချာနေသည်။
ဒုဥက္ကဋ္ဌများစွာက တစ်ယောက်ပြီးတစ်ယောက် ပြောနေကြပြီး သူတို့ရဲ့ စကားတွေက မကြုံစဖူး ဖိအားတွေနဲ့ ပြည့်နေခဲ့သည်။
သူဋေးတစ်ယောက်အနေနဲ့ ချန်ဟီဖေးဟာ အမြဲတမ်း လေးနက်ပြီး အမြဲတမ်းသဘောထားကြီးတဲ့ သူ့ရဲ့ ပုံမှန် ပုံစံနဲ့ လုံးဝ မတူတော့ပေ။
ဒုဥက္ကဋ္ဌတွေရဲ့ မိန့်ခွန်းတွေ ပြီးသွားတဲ့အခါ ချန်ဟီဖေး ရဲ့ မျက်လုံးတွေဟာ လူအုပ်ကြီးရဲ့ မျက်နှာတွေကို ဖြတ်ကျော်သွားပြီး နောက်ဆုံးတော့ ဝယ်ယူရေးဌာန မန်နေဂျာ ထန့်လီပင်း ရဲ့ ရှေ့တွင် ရပ်တန့်သွားခဲ့သည်။
"အရောင်းဌာန တာဝန်ခံ မန်နေဂျာထန့် အချိန်တိုအတွင်း ရွှေအမြောက်အမြား ဝယ်ယူဖို့ လမ်းကြောင်းတွေ မရှိတော့ဘူးလား"လို့ မေးလိုက်သည်။
လူများစွာရဲ့ရှေ့မှာ ဘော့စ်ကြီးက မေးတဲ့အခါ ထန့်လီပင်း ဟာ ဖိအား အများကြီး ခံစားနေရသည်။ သူဟာ ကူကယ်ရာမဲ့ မတ်တပ်ထရပ်ပြီး ခေါင်းငုံ့ကာ သတ္တိရှိရှိနဲ့
"အခုအချိန်မှာတော့ တခြားနည်းလမ်းမရှိပါဘူး ကြိုကြားကြိုကြား ဝယ်ယူမှုတွေပဲ ရှိပါတယ် " ဟု ပြန်ဖြေလိုက်သည်။
ဒီ ကြိုကြားကြိုကြား ဝယ်ယူမှု့တွေက ကုမ္ပဏီရဲ့ပြဿနာကို မဖြေရှင်းနိုင်ပေ။