Ch 121
Viewers 5k

အခန်း 121  " သူမရဲ့ ရီးစားက ဘီလျံနာ တစ်ယောက်ပဲ "


လီကျန့်ခိုင်လည်း အံ့ဩသွားပြီး လျူယောင်ကိုကြည့်ကာ


“ရှောင်းလျူ မင်းပြောတာက တကယ်လား မင်းရဲ့ ဒုတိယဦးလေးနဲ့ ဒုတိယအဒေါ်ကို လိမ်ပြောနေတာမဟုတ်လား”


ဟုပြင်းပြင်းထန်ထန်မေးလိုက်သည်။



လျူယောင်က “ဦးလေး ကျွန်တော်ပြောတာက အမှန်တရားပါ  ဘာတစ်ခုမှ ကြွားလုံးထုတ်ပြောတာမဟုတ်ပါဘူး” ဟု

အတည်ပြု ပြန်ဖြေလိုက်သည်။


လီချန်လဲ့က “ဖေဖေ၊ မေမေ လျူယောင်က ချမ်းသာပါတယ် သူက ဟွာဟိုင်းမြို့မှာ ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖွင့်ထားပြီး လက်ရှိပိုင်ဆိုင်မှု့က အနည်းဆုံး ဘီလီယံ ၆၀၀-၇၀၀ လောက်ရှိတာမို့လို့ အိမ်တစ်လုံးဝယ်တာက ပြဿနာလုံးဝမရှိပါဘူး” ဟု ဝင်ပြောလိုက်သည်။


"ဘာ!၆၀၀-၇၀၀ ဘီလီယံလား"


ဧည့်ခန်းထဲတွင် ရုတ်တရက် အလွန်တိတ်ဆိတ်သွားသည်။



ဒုတိယဦးလေးနှင့် ဒုတိယအဒေါ်တို့လည်း အလွန်အံ့ဩတုန်လှုပ်နေကြတဲ့ ပုံစံမျိုးဖြစ်နေကြသည်။


လီကျန့်ခိုင်နဲ့မုန်ချွင်းလီတို့က အံ့ဩသွားပြီးနောက် ချက်ချင်းပင် စိတ်ထဲ၌ ပျော်ရွှင်သွားကြသည်။ သူတို့ရဲ့ အနာဂတ်သမက်တွင် ပိုက်ဆံအများကြီးမရှိဘူးလို့ အစက တွေးခဲ့ပေမဲ့ သူတို့သမီး  ချစ်ကြိုက်နေသမျှတော့ သူတို့ ကန့်ကွက်မှာ မဟုတ်ပေ။


စီးပွားရေးအခြေအနေကောင်းရင် ပိုလို့ပင် အဆင်ပြေသေးသည်။



ယောက္ခမက ဒီသမက်ကိုကြည့်ပြီး ကြည့်လေကြည့်လေ ပိုသဘောကျလေလေဖြစ်လာသည်။


မုန်ချွင်းလီက “ရှောင်းလျူ ပန်းသီးစားချင်လား အန်တီ မင်းအတွက် ပန်းသီးအခွံခွာပေးမယ်လေ” ဟု မေးလိုက်သည်။


လျူယောင်က  “ရပါတယ် အန်တီရဲ့စားချင်ရင် ကျွန်တော့်ဘာသာ  ခွာပြီးစားလိုက်ပါ့မယ်” ဟုပြန်ဖြေလိုက်သည်။


စကားပြောပြီးနောက် လျူယောင်က သူ ယူလာတဲ့ လက်ဆောင်များကို စားပွဲပေါ်တင်လိုက်ပြီး မောက်ထိုင်အရက်နှစ်ပုလင်းနဲ့ တရုတ်စီးကရက်ဘူးတစ်ဘူးကို အရင်ထုတ်ယူလိုက်သည်။


“ဦးလေး၊ လီလဲ့ကပြောတာ ဦးလေးက ဆေးလိပ်နဲ့ အရက်နည်းနည်းသောက်တတ်တယ်တဲ့။ ဒါက ဦးလေးအတွက် ကျွန်တော်ဝယ်လာတာပါ  ဒီဖိနပ်တစ်ရံနဲ့ ခါးပတ်ကတော့ လီလဲ့က ရွေးပေးတာပါ” ဟုပြောပြီး ပေးလိုက်သည်။


ခါးပတ်နဲ့ဖိနပ်ရဲ့အမှတ်တံဆိပ်ကို လီကျန့်ခိုင်  မသိပေမဲ့ အလွန်အဆင့်မြင့်ပြီး ဈေးကြီးတယ်လို့ ထင်ရသည်။ သူက ဆေးလိပ်နှင့်အရက်တံဆိပ်ကိုတော့ သိပြီး အားလုံးက ကောင်းတဲ့ပစ္စည်းများ ဖြစ်သည်။


လီကျန့်ခိုင်  စိတ်ထဲတွင် ရုတ်တရက်  ပျော်ရွှင်လာခဲ့သည်။



လျူယောင်က  အလယ်အလတ်အရွယ်နဲ့ အသက်ကြီးသူများအတွက် သင့်လျော်တဲ့အလှကုန်ပစ္စည်းအစုံနှင့် ဟမ်းမား အိတ်တစ်လုံးကို ထပ်မံထုတ်ယူလိုက်ပြီး


“အန်တီ ဒါက အန်တီအတွက်ပါ” ဟု ပြောပြီးပေးလိုက်သည်။


မုန်ချွင်းလီလည်း ထိုပစ္စည်းများကို ပျော်ရွှင်စွာယူလိုက်ပြီး


“အန်တီက အသက်ငါးဆယ်ကျော်ပြီ  အလှကုန်တွေ သုံးဖို့အတွက်တော့ ပျက်စီးသွားလောက်ပါပြီ” ဟု ပြုံးပြီး ပြောလိုက်သည်။


မိခင်ရဲ့ပခုံးကို ပျော်ရွှင်စွာဖက်လိုက်ပြီး လီချန်လဲ့က


“မေမေက လုံးဝမအိုသေးပါဘူးနော် ငယ်ငယ်ကလိုပဲ လှနေတုန်းပါပဲ” ဟု ပြောလိုက်သည်။


“ပြောတတ်လိုက်တာ” ဟု

မုန်ချွင်းလီက ရယ်ပြီးပြောလိုက်သည်။


ဒုတိယဦးလေးနဲ့ဒုတိယအဒေါ်တို့မှာ တုန်လှုပ်နေရာမှ နောက်ဆုံးတွင် သတိပြန်ဝင်လာကြသည်။ ဘီလီယံ ၆၀၀ သို့မဟုတ် ၇၀၀ ပိုင်ဆိုင်မူ့က သူတို့ကို တကယ် ကြောက်လန့်စေခဲ့သည်။



နှစ်ဦးစလုံးရဲ့ မျက်နှာများက ပူနေပြီး ခုနကပြောခဲ့တဲ့ စကားများအတွက် ရှက်ရွံ့နေကြသည်။ဒါပေမဲ့ လူငယ်လေးတစ်ဦးကို တောင်းပန်လို့ မရပေ။


လီချန်လဲ့က


“ဒုတိယဦးလေး၊ ဒုတိယအဒေါ် အတိတ်ကပြီးသွားပါပြီ ကျွန်မတို့စိတ်ထဲမထားပါဘူး။ ဒုတိယဦးလေးက အရက်သောက်ရတာကြိုက်တယ် ဆိုတော့ ကားထဲမှာ ကျန်နေသေးတယ်။ နောက်မှ ဒုတိယဦးလေးကို ပေးဖို့ နှစ်ပုလင်းပိုယူလာခဲ့မယ်” ဟု ရိုးသားစွာပြောလိုက်သည်။


တူမဖြစ်သူက ကိစ္စကို စိတ်ထဲမထားတာကို တွေ့ရသဖြင့် နှစ်ဦးစလုံးက အနည်းငယ် စိတ်သက် သာရာ ရသွားခဲ့သည်။



ဒုတိယအဒေါ်က မုန်ချွင်းလီကို မနာလိုစွာ ကြည့်လိုက်ပြီး ဒီလိုမျိုး သမီးလှလေးကို မွေးဖွားပြီးနောက် ဒီလောက်ချမ်းသာတဲ့ သမက်တစ်ယောက်ကို ရှာဖွေတွေ့ခဲ့တာကြောင့်ပဲ ဖြစ် သည်။


“ဟယ်  အဲဒီ့အိတ်ကို ငါအရင်က မြင်ဖူးတယ်”


ဒုတိယအဒေါ်က အိတ်ကို နောက်အကြိမ်ကြည့်လိုက်မိရာ ဟမ်းမားအိတ်ဖြစ်တာကို ချက်ချင်းသိသွားသည်။ သူမ လွန်ခဲ့တဲ့ လအနည်းငယ်က ဟွာဟိုးင်မြို့ပေါ်ကို ရောက်ခဲ့ပြီး ဇိမ်ခံပစ္စည်းအရောင်းဆိုင်တွင် ဒီလိုအိတ်ကို  မြင်ခဲ့ဖူးသည်။ အိတ်ရဲ့စျေးနှုန်းက ယွမ် ၅၈,၀၀၀ ဖြစ်တာကြောင့် အစပိုင်းတွင် အံ့အားသင့်သွားခဲ့ပြီး နောက်တွင်ပါတဲ့သုညများကို ဂရုတစိုက်ရေတွက်ခဲ့သည်။တကယ့်ကို  ယွမ် ၅၈,၀၀၀ ဖြစ်ကြောင်း အမှန်တကယ်တွေ့ရပြီး သူမ ခဏတာ စကားမပြောနိုင်ဖြစ်ခဲ့ရသည်။


အိတ်တစ်လုံးက သူမတို့မိသားစုရဲ့ တစ်နှစ်တာဝင်ငွေထက် ပိုများနေသည်။


ဒုတိယအဒေါ်က ချက်ချင်းပဲ လျူယောင်ကိုလေးစားမှု့အပြည့်နဲ့ ကြည့်လိုက်သည်။



ခုနက မေးခဲ့တဲ့စကားများကို တွေးလိုက်မိပြီး စိတ်ထဲတွင် အနည်းငယ် ရှက်ရွံ့သွားသည်။ ဘီလျံနာတစ်ဦးရဲ့ရှေ့တွင် ထိုမေးခွန်းများကို မေးခဲ့မိတဲ့အတွက် အလွန်ကြောက်လန့်နေမိသည်။


ဒုတိယအဒေါ်နဲ့ ဒုတိယဦးလေးတို့က အလွန်ရှက်ရွံ့နေပြီး ခေါင်းများကို အနည်းငယ်ငုံ့ထားကာ စကားပြောဆိုခြင်းကို ရပ်လိုက်ကြသည်။ သူတို့က စကားဝင်မပြောတော့ဘဲ အမှန်တကယ်ဒုတိယဦးလေးနဲ့ ဒုတိယအဒေါ်များကဲ့သို့ ထိုင်ပြီး နားထောင်နေခဲ့ကြသည်။


မုန်ချွင်းလီပျော်ရွှင်နေသည်။ သမီးရဲ့ဘဝက အလွန်ကောင်းမွန်ပြီး ဒီလိုမျိုး သမက် ကောင်းတစ်ဦးကို တွေ့ရှိခဲ့သည်။


“သြော် ဒါနဲ့ ကျွန်မသမီးက လွန်ခဲ့တဲ့ နှစ်၊ သုံးလလောက်က မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ ချိန်းဆိုခဲ့ဖူးတယ်။ အဲဒီလူကလည်း လျူယောင်ဆိုတော့ ကျွန်မရှေ့က ရှောင်းလျူပဲ ဖြစ်ရမယ် !ဒီမိန်းကလေး  သူက ရှောင်းလျူကို ချစ်နေခဲ့တာကို ကျွန်မတို့ကို တောက်လျှောက် ဖုံးကွယ်ထားခဲ့တယ်။ ရည်းစားမရှိဘူးလို့လည်း ညာပြောခဲ့သေးတယ်”


“ဒီမိန်းကလေး သူမသာ အရင်ကရည်းစားရှိတယ်လို့ ပြောခဲ့ရင်   ဒုတိယဦးလေးနဲ့ ဒုတိယအဒေါ်တို့က ဒုမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့သားနဲ့ မိတ်ဆက်ပေးဖို့ ထပ်ခါထပ်ခါ လာနေမှာမဟုတ်ဘူး ”


“ကောင်းပြီ ကံကောင်းစွာနဲ့ အားလုံးပြီးဆုံးသွားပါပြီ”


မုန်ချွင်းလီ တစ်ပြိုင်နက်တည်း အများကြီးတွေးလိုက်မိကာ  စိတ်နေစိတ်ထားက ပို၍ကောင်းလာသည်။ 

သူမက ပျော်ရွှင်စွာဖြင့် “ရှောင်းလျူညစာစားဖို့နေခဲ့ပြီး မင်း ဦးလေးနဲ့ အတူတူသောက်ကြလေ  အခု အစားအသောက်တွေ သွားဝယ်လိုက်မယ်” ဟု ပြောလိုက်သည်။


အနာဂတ်ယောက္ခမက အရမ်းပျော်နေတော့ လျူယောင် သဘောတူလိုက်သည်။


“အန်တီ့ကို ဒုက္ခပေးမိပြီ”


“ဒုက္ခမပေးပါဘူး၊ ဒုက္ခမပေးပါဘူး အခုဈေးဝယ်ထွက်လိုက်မယ်”


လီကျန့်ခိုင်ကလည်း “ရှောင်းလျူ မင်းဝယ်လာတဲ့အရက်က အရမ်းကောင်းတယ်၊ ဒီညတစ်ပုလင်းဖွင့်ပြီး ကောင်းကောင်းသောက်ကြတာပေါ့” ဟုပြောလိုက်သည်။


လျူယောင် ပျော်ရွှင်စွာပြုံးပြလိုက်ပြီး 

“ဟုတ်ကဲ့၊ ရပါတယ်” ဟု ဖြေလိုက်သည်။


လီကျန့်ခိုင်က “ညီလေး မင်းတို့လည်း နေခဲ့ပြီး အတူတူညစာစားကြတာပေါ့။ မင်းတို့နဲ့ အတူတူထိုင်ပြီး မစားရတာ ကြာလှပြီ” ဟု ထပ်မံပြောလိုက်သည်။


ဒုတိယဦးလေးက အလျင်အမြန်သဘောတူလိုက်သည်။



မုန်ချွင်းလီ ဈေးဝယ်ထွက်ရန်အပြင်ဘက် ထွက်သွားတဲ့အခါ ဒုတိယဦးလေးနဲ့ဒုတိယအဒေါ်တို့က လီကျန့်ခိုင်နဲ့ စကားပြောနေခဲ့ကြသည်။ လျူယောင်နဲ့ လီချန်လဲ့တို့မှာ လူငယ်များဖြစ်တာကြောင့် သူတို့နဲ့ ခဏတာစကားပြောပြီးနောက် အနည်းငယ် သတိထားနေကြရသည်။


ထို့ကြောင့် နှစ်ယောက်သား လီချန်လဲ့ရဲ့ အိပ်ခန်းထဲ ဝင်လာခဲ့သည်။


ဝင်ပြီးနောက် လျူယောင် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။


လီချန်လဲ့က အနည်းငယ်ရှက်ရွံ့သွားပြီး


“ဒီမှာမနေတာကြာပြီဆိုတော့ နည်းနည်းရှုပ်ပွနေတယ်  စိတ်ထဲမထားပါနဲ့နော်” ဟုပြောလိုက်သည်။


လျူယောင်က “ရှုပ်ပွတာမဟုတ်ဘူး သပ်သပ်ရပ်ရပ်ရှိတာပါ။ ပစ္စည်းတော်တော်များများက ပန်းရောင်ဖြစ်ပြီး မိန်းကလေးအိပ်ခန်းရဲ့အငွေ့အသက်တွေအပြည့်ပဲ” ဟု ပြုံးပြီး ပြန်ဖြေလိုက်သည်။


အိပ်ခန်းအတွင်းရှိ အခြေအနေကို လျူယောင်ကြည့်ပြီးနောက် သူ့ရဲ့ရည်းစားကို ပိုမိုနီးကပ်စွာသိလာခဲ့သည်။ လီချန်လဲ့က သူမရဲ့ကောလိပ်နဲ့ အထက်တန်းကျောင်းမှ စိတ်ဝင်စားစရာအချို့ကို လျူယောင်အား ညင်သာစွာ ပြောပြခဲ့သည်။


ညဘက်တွင်။


မုန်ချွင်းလီက ညစာစားပွဲကြီးတစ်ခုကို စီစဉ်ခဲ့ပြီး လူတိုင်း အတူတကွထိုင်ခဲ့ကြသည်။ လီကျန့်ခိုင်က အရက်တစ်ပုလင်းဖွင့်ပြီး လျူယောင်!ဒုတိယဦးလေးတို့နဲ့အတူ အရက်တစ်ပုလင်းကုန်အောင် သောက်ခဲ့ကြသည်။


လီကျန့်ခိုင်က သောက်ရတာကိုကြိုက်ပေမဲ့ အရက်သောက်နိုင်စွမ်းမှာ မကောင်းပေ။ အရက်နှစ်ခွက်သောက်ပြီးနောက် အနည်းငယ်မူးလာတယ်လို့ ခံစားလာရသည်။ လီချန်လဲ့က သူ့မအဖေကိုဆက်မသောက်ရန် အလျင်အမြန်တားလိုက်သည်။



ညစာစားပြီးနောက် လျူယောင် ထိုင်နေရင်း အချိန်ကြည့်လိုက်ရာ  ည ရှစ်နာရီ  ကျော်နေတာကို တွေ့လိုက်ရသည်။ သူငှားထားတဲ့ ယဥ်မောင်း လည်းရောက်နေပြီး အောက်ထပ်တွင် စောင့်နေခဲ့သည်။ လျူယောင် ထရပ်ကာ နှုတ်ဆက်လိုက်သည်။


လီချန်လဲ့က လျူယောင်ကို အောက်ထပ်ကို လိုက်ပို့ချင်ခဲ့ပေမဲ့ လီကျန့်ခိုင်နှင့် ဒုတိယဦးလေးတို့ကလည်း   လိုက်ပို့ရန် အတူတူ အောက်ထပ်သို့  ဆင်းလာကြသည်။အဲ့ဒါက လျူယောင်ကို အလွန်ဂုဏ်ယူပြီး ပျော်ရွှင်စေခဲ့သည်။


"ကျွန်တော့်ရဲ့ အနာဂတ်ယောက္ခမတွေက ကျွန်တော့်အပေါ် အထင်အမြင်ကောင်းတွေရှိနေပုံရတယ်" ဟု စိတ်ထဲကနေ ပျော်ရွှင်စွာ  ရေရွတ်လိုက်မိသည်။


လျူယောင်  Roll- Royce ကားနားလျှောက်သွားပြီး ကားတံခါးကိုဖွင့်ကာ ကားပေါ်တက်ရန်ပြင်လိုက်သည်။သူ ကားပေါ်မတက်မီ လက်ပြလိုက်ပြီး


“ဦးလေး၊ အန်တီ ပြန်လိုက်ပါဦးမယ် ” ဟုနူတ်ဆက်လိုက်သည်။


လီချန်လဲ့က “အ ကိုယောင် ဟိုတယ်ရောက်ရင် ကျွန်မဆီကို ဖုန်းဆက်အုံးနော်” ဟု မှာလိုက်သည်။


လျူယောင် ခေါင်းညိတ်ပြပြီး ရှေ့ခန်းတွင် ဝင်ထိုင်လိုက်သည်။


ကားအငှားမောင်းသူက အနည်းငယ်ရှုပ်ထွေးနေသည်။ သူ  ဒီနေ့ မောင်းရမဲ့ကားက Roll-Royce ဖြစ်လိမ့်မယ်လို့  မမျှော်လင့်ခဲ့ပေ။


“အိူး ဘုရားရေ ဒီလိုကောင်းတဲ့ကားက ငါတို့မြို့နယ်ငယ်လေးမှာ ပေါ်လာတာလား” ယဥ်မောင်းမှာ ပြန်သတိရရန် အချိန်အတော်ကြာယူခဲ့ပြီးမှ ကားပေါ်တက်ကာ မောင်းမဲ့သူနေရာတွင် ထိုင်လိုက်သည်။


ဒုတိယဦးလေးနဲ့ ဒုတိယအဒေါ်တို့လည်း အလွန်အံ့ဩတုန်လှုပ်မှု့ထဲ  ထပ်မံကျရောက်သွားခဲ့သည်။


သူတို့နှစ်ဦးစလုံးမှာ ဒီကားက ဘာကားအမျိုးအစားလဲ ဆိုတာ သိတာကြောင့်  စိတ်ထဲကနေ တစ်ချိန်တည်း  တွေးလိုက်ကြသည်။



“အကြီးဆုံးမိသားစုက ခုအချိန်ကတည်းက လုံးဝပြောင်းလဲသွားပြီ လီလဲ့က မလိမ်ဘူးပဲ သူမရဲ့ရည်းစားက တကယ့်ကို ဘီလျံနာ တစ်ယောက်ပဲဟ”