အခန်း 124 " ရွာတွင် ဗီလာဆောက်ခြင်း "
ထိုလူငယ်လေး ကားပေါ်မှဆင်းလာပြီးနောက် အနည်းငယ်လန့်သွားသည်။
“လူတွေအများကြီးပဲ အရမ်းပျော်စရာကောင်းတာပဲ လျူယောင် အိမ်ပြန်လာတော့ ရွာသားတွေက အတော်လေးဆူညံနေကြတာပဲ”
Roll-Royce ကားကိုမြင်တဲ့အခါ လူငယ်လေးစိတ်ထဲတွင်
“သေချာပါတယ် ကောလာဟလတွေက အမှန်ပဲ လျူယောင်တကယ်ကို ချမ်းသာလာတာပဲ” ဟုတွေးလိုက်သည်။
လူငယ်လေးက ပျော်ရွှင်စရာကောင်းတဲ့မြင်ကွင်းကို ကြည့်လိုက်ပြီးနောက် Roll-Royce ကားကိုကြည့်လိုက်ကာ ဆူညံနေတဲ့လူအုပ်ထဲမှ လျူယောင်ရဲ့အိမ်ထဲ သွားရန်ပြင်လိုက်သည်။
အိမ်တံခါးပွင့်နေတာကို မြင်သောကြောင့် လျူယောင် အိမ်ထဲတွင်ရှိနေမယ်လို့ သူ ထင်မိသည်။
တစ်စုံတစ်ယောက်က လူငယ်လေးကို စိတ်အားထက်သန်စွာနှုတ်ဆက်လိုက်သည်။
“ရှောင်းကျိုး လျူယောင်ကို လာရှာတာလား ”
“ဟုတ်ကဲ့ ကျွန်တော့်ရဲ့သူငယ်ချင်းဟောင်းပြန်လာပြီဆိုလို့ လာကြည့်တာပါ ” ဟုကျိုးကျင်းခန်း ပြန်ဖြေလိုက်သည်။
သူနှင့် လျူယောင်က အလယ်တန်းကျောင်းမှ သူငယ်ချင်းများဖြစ်ကြပြီး အလွန်ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ကြသည်။ သို့သော် လွန်ခဲ့သည့်နှစ်များအတွင်း တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်မရှိကြပေ။ အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတော့ပေ။
လျူယောင်က အိမ်ထဲတွင် သူ့ရဲ့ပစ္စည်းများကို စုစည်းနေသည်။ တစ်တစ်ယောက်ယောက် ဝင်လာတာကိုမြင်တဲ့အခါ အနည်းငယ်အံ့ဩသွားသည်။ ထိုလူက သူ့ရဲ့အလယ်တန်းတုန်းက သူငယ်ချင်းဟောင်းကျိုးကျင်းခန်းဖြစ်တာကို သိပြီးနောက် ချက်ချင်းပင် စိတ်အားတက်ကြွလာခဲ့သည်။
“သူငယ်ချင်း နှစ်နှစ်လောက်ကြာပြီ မတွေ့တာ မင်းအချိန်ရလို့ လာတာလား ”
“မင်းပြန်လာပြီလို့ကြားလို့ မင်းရွာထိပ်ကနေ ဖြတ်သွားတာနဲ့ လာကြည့်တာ” ဟုကျိုးကျင်းခန်း ပြန်ဖြေလိုက်သည်။
နှစ်ဦးစလုံး တွေ့ဆုံရတဲ့အခါ အလွန်ပျော်ရွှင်နေခဲ့သည်။
လျူယောင်က ကျုံးဟွာစီးကရက်တစ်ဘူးကိုထုတ်ပြီး ပစ်ပေးလိုက်ပြီး “ငါ့စီးကရက်ကို သောက်လိုက်” ဟု ပြောလိုက်သည်။
ကျိုးကျင်းခန်းက စီးကရက်ဘူးကိုယူပြီးနောက် ယဉ်ကျေးမှု့ မရှိသလိုမလုပ်ဘဲ တစ်လိပ်ထုတ်ကာ လျူယောင်ကို အရင်ပေးရန် ပြင်ဆင်လိုက်သည်။ဒါပေမဲ့ လျူယောင်က လက်ကိုဝှေ့ယမ်းလိုက်ပြီး
“ငါဆေးလိပ်သိပ်မသောက်ဘူး၊ ငါ့ကိုမပေးပါနဲ့” ဟု ငြင်းလိုက်သည်။
ကျိုးကျင်းခန့်က စီးကရက်ကို ပါးစပ်ထဲထည့်လိုက်ပြီး မီးခြစ်ကိုထုတ်၍ မီးညှိလိုက်ကာ တစ်ဖွာရှိုက်လိုက်ပြီး
“လျူယောင် အိမ်အပြင်ဘက်က Roll-Royce က မင်းရဲ့ကားလား” ဟုမေးလိုက်သည်။
လျူယောင် ရိုးသားစွာဖြင့် “ဟုတ်တယ် မင်းရော ဒီနှစ်တွေအတွင်း ဘာတွေလုပ်နေလဲ ” ဟုပြန်မေးလိုက်သည်။
ကျိုးကျင်းခန့်က ကောလိပ်သို့မတက်ခဲ့ဘဲ အသက်မွေးဝမ်းကျောင်းဆိုင်ရာအထက်တန်းကျောင်းမှ ဘွဲ့ရပြီးနောက် လူ့အဖွဲ့အစည်းသို့ ဝင်ရောက်ခဲ့ကြောင်းကို သူကြားသိရသည်။
“ငါ လား ငါက ခဏတာ ပရောဂျက်တွေမှာအလုပ်လုပ်ခဲ့ပြီး ဒီနှစ်တွေအတွင်း ပရောဂျက်တွေပဲ လုပ်နေခဲ့တယ်။ တကယ်တော့ ကျေးလက်က လူတွေအတွက် အိမ်ဆောက်ပေးနေတာပါ” ဟုပြန်ဖြေလိုက်သည်။
“ဪ၊ အိမ်ဆောက်တာပေါ့။” လျူယောင်စိတ်ထဲ အနည်းငယ်လှုပ်ရှားသွားပြီး အိမ်ဟောင်းကို ဖြိုချကာ ထိုနေရာတွင် ဗီလာတစ်လုံးဆောက်ရန် စဉ်းစားနေခဲ့သည်။
ကျိုးကျင်းခန်းမှာ အချိန်မှီရောက် လာခဲ့ သည်။
ထိုကိစ္စကို သူ့အားယုံကြည် စိတ်ချစွာ အပ်နှံနိုင်သည်။ကျိုးကျင်းခန်းရဲ့ စရိုက်ကို လျူယောင် ယုံကြည်စိတ်ချသည်။သူက အလွန်ဖြောင့်မတ်ပြီး စည်းကမ်းရှိ သူတစ်ဦ းလည်း ဖြစ်သည်။
“ကျိုး မင်းက အင်ဂျင်နီယာလုပ်နေတာကို တကယ်အံ့ဩမိတယ်။ ငါက ဒီအိမ်ကို ဖြိုချပြီး ဗီလာတစ်လုံးဆောက်ဖို့ စီစဉ်ထားတယ်”
ကျိုးကျင်းခန့်က “ရပါတယ်ကွာ ငါ့ကို ယုံ ကြည် စိတ်ချစွာအပ်နှံနိုင်ပါတယ် ငါ ဆောက်ပေးမယ့် ဗီလာက မင်းကို သေချာပေါက်ကျေနပ်စေရမယ်” ဟု ပြောလိုက်သည်။
နှစ်ဦးစလုံးသည် စကားပြောဆိုခဲ့ကြသည်။
လျူယောင်က သူ့ရဲ့လိုအပ်ချက်အချို့ကို ပြောပြပြီး ကျိုးကျင်းခန့်က တစ်ခုပြီးတစ်ခု ချရေးနေသည်။
ခဏတာစကားပြောဆိုပြီးနောက် ကျိုးကျင်းခန့်က “လာ၊ ဗီလာကို ဘယ်လိုဆောက်ရမလဲဆိုတာ ပိုမိုလွယ်ကူအောင် အရွယ်အစားနဲ့ ဧရိယာကို တိုင်းတာကြရအောင်” ဟု အကြံပေးလိုက်သည်။
“ကောင်းပြီ အပြင်ထွက်ကြရအောင်” ဟု လျူယောင် သဘောတူလိုက်သည်။
နှစ်ဦးစလုံး အိမ်အပြင်ဘက်ကို အတူတူ ထွက်လာခဲ့သည်။ ကျိုးကျင်းခန့်က ဗင်ကားထဲမှ မီတာ ၅၀ ရှည်တဲ့ တိုင်းတာသည့်တိပ်ကို ထုတ်ယူပြီး နှစ်ယောက်သား သက်ဆိုင်ရာအတိုင်းအတာများကို စတင်တိုင်းလိုက်ကြသည်။
ချက်ချင်းပဲ ရွာသားတစ်ယောက်က တိပ်ကို ကိုင်ရန် ရောက်လာခဲ့ပြီး “သူဋေးလျူ၊ ဘာလုပ်တော့မလို့လဲ” ဟုမေးလိုက်သည်။
လျူယောင်က ဘာကိုမှဖုံးကွယ်မထားဘဲ “ကျွန်တော် အိမ်ဟောင်းကို ဖြိုချပြီး ဗီလာတစ်လုံးဆောက်တော့မလို့ပါ ဒါမှ ကျွန်တော့်မိဘတွေ ဒီမှာနေရတာ ပိုအဆင်ပြေလိမ့်မယ်” ဟု ရိုးသားစွာ ဖြေလိုက်သည်။
“ဟုတ်တယ် ဗီလာတစ်လုံးဆောက်လို့ရတယ်” ပတ်ဝန်းကျင်မှလူများက သဘောတူကြသည်။
ခဏအကြာတွင် အတိုင်းအတာများကို တိုင်းတာပြီးနောက် လျူယောင်နဲ့ ကျိုးကျင်းခန့်တို့ဟာ ဗီလာကို ဘယ်လိုပုံစံ ဆောက်ရမလဲ ဆိုတာကို ဆွေးနွေးခဲ့ကြသည်။
လျူယောင်ပြောပုံမှာ အတော်လေးရှင်းသည်။ တရုတ်ဗိသုကာပုံစံအရ ရှေ့နှင့်နောက်တွင် ခြံဝင်းများရှိရမည်။ ခြံဝင်းအတွင်း၌ ကျောက်ဆောင်တောင်ငယ်များ၊ တန်ဆောင်းများ၊ ရေကန်များနှင့် ပန်းခြံများ ရှိရမည်။
ဗီလာက သုံးထပ်ဖြစ်ပြီး အထပ်တိုင်းရဲ့ဧရိယာမှာ စတုရန်းမီတာ ၂၀၀ ထက်ပိုရမည်။ အိပ်ခန်း ဧည့်ခန်းနဲ့ မီးဖိုချောင်အပါအဝင် တတ်နိုင်သမျှကြီးရမည်။
ကျိုးကျင်းခန့်က လျူယောင်ရဲ့တောင်းဆိုချက်များကို ဂရုတစိုက်နားထောင်ပြီး ခဏ စဉ်းစားလိုက်ကာ “ကိုယောင်" ဗီလာရဲ့အဓိကအစိတ်အပိုင်းက အထပ်တိုင်းမှာ စတုရန်းမီတာ ၂၀၀ ကျော်တာ ပြဿနာမရှိပါဘူး ဒါပေမဲ့ ရှေ့နဲ့နောက်ခြံဝင်းတွေမှာတော့ ပြဿနာရှိနိုင်တယ် ဧရိယာမလုံလောက်ဘူး” ဟု သတိပေးလိုက်သည်။
" ဒီလိုလား "
လျူယောင် အနည်းငယ်စိတ်ပျက်သွားသည်။
"ဧရိယာက မလုံလောက်ဘူးလား "
သူ့ရဲ့အိမ်ဟောင်းကိုကြည့်လိုက်တဲ့အခါ ဘယ်ဘက်နဲ့ညာဘက်တွင် နေရာလုံလောက်စွာရှိသည်။ အိမ် အနောက်ဘက်တွင် ဟင်းသီးဟင်းရွက်စိုက်ခင်းတစ်ခုရှိတာကြောင့် ဧရိယာက လုံလောက်သည်။ သို့သော် အိမ်ရဲ့ရှေ့ဘက်တွင်တော့ မလုံလောက်ပေ။
ကွန်ကရစ်အခင်းရှိနေပေမဲ့ ဧရိယာက နည်းနည်းသေးနေသည်။
လျူယောင်ရဲ့ဆိုလိုရင်းမှာ ရှေ့ခြံဝင်းမှာ ပန်းခြံပုံစံဖြစ်ပြီး တန်ဆောင်းများနှင့်ပြခန်းများသာမက ကားရပ်နားဖို့နေရာလည်း ရှိရမှာပဲဖြစ်သည်။ ခြံဝင်းတံခါးကို တတ်နိုင်သမျှ အကျယ်ထားမှာကြောင့် ဧရိယာအနည်းငယ် လိုအပ်သည်။
လျူယောင့်အိမ်ရှေ့တွင် မိသားစုတစ်စုနေပြီး အိမ်ထောင်ဦးစီးက အသက်လေးဆယ်ကျော်ရှိတဲ့ လျူဝေ ဖြစ်သည်။ သူ့မှာ သားနှစ်ယောက်ရှိပြီး သားအကြီးက မြို့နယ်မှာ အထက်တန်းကျောင်းတက်နေကာ သားအငယ်ကလည်း မြို့နယ်မှာ အလယ်တန်းကျောင်းတက်နေခဲ့သည်။
သားအကြီးကို အထက်တန်းကျောင်းတက်ဖို့ အဖော်ပြုရန်အတွက် လျူဝေနဲ့သူ့ရဲ့ဇနီးတို့က မြို့နယ်တွင် စီးပွားရေးလုပ်ငန်းငယ်လေးတစ်ခုလုပ်ကိုင်ပြီး ယာယီနေထိုင်ရန်အတွက် အိမ်တစ်လုံးငှားရမ်းထားသည်။
ထိုနေရာက အလွန်ကျဉ်းလှသည်။ဒီနေ့က စနေနေ့ဖြစ်တာကြောင့် လျူဝေတို့ ဇနီးမောင်နှံက ပြန်ရောက်လာကြသည်။
လျူဝေရဲ့အကြီးမားဆုံးအိပ်မက်မှာ မြို့နယ်တွင် အိမ်တစ်လုံးဝယ်ရန်ဖြစ်ပြီး အိပ်ခန်းနှစ်ခန်းပါတဲ့အိမ်ဖြစ်ရင်တောင် သူကျေနပ်သည်။
လျူယောင် က ဗီလာတစ်လုံးဆောက်ချင်ပေမဲ့ အိမ်ရဲ့ဧရိယာက မလုံလောက်ပေ။ လျူကျန့်ဖိန်က ချက်ချင်း သဘောပေါက်သွားပြီး
“လျူဝေ ဒီကိုလာပါဦး” ဟု လှမ်းခေါ်လိုက်သည်။
လျူဝေက မလှမ်းမကမ်းတွင် စီးကရက်သောက်နေပြီး လူတိုင်းနဲ့ ပျော်ရွှင်စွာစကားပြောနေခဲ့သည်။ လျူကျန့်ဖိန်ရဲ့အော်ခေါ်သံကိုကြားတဲ့ အခါ ချက်ချင်း ရောက်လာသည်။
လျူကျန့်ဖိန်က
“မောင်ရင်လျူ မင်းဗီလာဆောက်ဖို့ ဧရိယာမလုံလောက်ဘူး။ ငါ့ မှာ အကြံကောင်းတစ်ခုရှိတယ် မင်းက လျူဝေရဲ့အိမ် သူ့ခြံမြေအပါအဝင် အားလုံးကိုဝယ်လို့ရတယ်။ အခု ဇနီးမောင်နှံက မြို့မှာပဲ အခြေခံအားဖြင့် နေနေကြတာပဲ” ဟု အကြံ ပေးလိုက်သည်။
ထိုစကားကိုကြားတဲ့အခါ လျူယောင်ရဲ့မျက်လုံးများ တောက်ပလာခဲ့သည်။ ဒီနည်းလမ်းက ကောင်းမွန်လှသည်။
တကယ်လို့ အိမ်ရှေ့တွင်ရှိတဲ့ လျူဝေရဲ့မိသားစုခြံမြေကို ဝယ်လိုက်ရင် ဧရိယာလုံလောက်ရုံသာမက ဗီလာကို လမ်းမကြီးအထိဆောက်နိုင်မှာပဲ ဖြစ်သည်။ အကြောင်းမှာ လမ်းမကြီးမှာ လျူဝေရဲ့အိမ်ရှေ့တွင် တည်ရှိတာကြောင့်ဖြစ်သည်။
လျူယောင်က “ဦးလေးကျန့်ဖိန်၊ ဦးလေးရဲ့အကြံပြုချက်က ကောင်းပါတယ်” ဟု ပြန်ဖြေလိုက်သည်။
လျူကျန့်ဖိန်က အရာအားလုံးကိုစီစဉ်ခဲ့ပြီး “ဒါဆိုရင် ငါ က ကြားခံဖြစ်ပေးမယ်။ လျူဝေ၊ မင်းရဲ့အိမ်ကို လျူယောင့်ဆီ ဘယ်လောက်နဲ့ရောင်းချင်လဲ ”ဟု မေးလိုက်သည်။
လျူဝေက အိမ်ကိုရောင်းချချင်တာကို အကြိမ်များစွာ ထုတ်ဖော်ခဲ့သည်။ အဓိကအားဖြင့် မြို့နယ်တွင် အိမ်တစ်လုံးဝယ်ဖို့အတွက် ငွေအချို့စုဆောင်းချင်တာကြောင့်ဖြစ်သည်။ ကျေးလက်တွင်နေထိုင်သူများအတွက် မြို့နယ်တွင် အိမ်တစ်လုံးဝယ်နိုင်သူတဲ့ အလွန်ဂုဏ်ယူစရာကောင်းတဲ့ အရာတစ်ခုဖြစ်သည်။
သို့သော် လျူဝေမှာ ဝယ်သူနဲ့ဘယ်တော့မှ မတွေ့ဖူးပေ။ ကျေးလက်ရှိအိမ်ဟောင်းကို မည်သည့်ဈေးနှင့်မျှ ရောင်း၍မရဘဲ ယေဘုယျအားဖြင့် မည်သူမျှလည်း မလိုချင်ခဲ့ပေ။
"အခုတော့ ကောင်းပြီ "လျူယောင် က သူ့ရဲ့အိမ်ဟောင်းကို ဝယ်ချင်နေသည်။
လျူဝေ စိတ်လှုပ်ရှားစွာဖြင့် လက်များကိုပွတ်လိုက်ပြီး ရဲရင့်စွာဖြင့် “သူဋေးလျူ ကျွန်တော့်အိမ်ကို ဝယ်ချင်ရင် အနည်းဆုံး ၅၀၀,၀၀၀ ပေးရမယ်” ဟု ဈေးနှုန်းမြင့်မြင့်တောင်းလိုက်သည်။
"ဘာ၊ ငါးသိန်းလား "
လျူကျန့်ဖိန် သူ့အားဆူပူကြိမ်းမောင်းချင်ခဲ့သည်။ ဒီလို အိမ်ဟောင်းဆို ယွမ် ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ သာ ပိုမိုသင့်လျော်တယ်ဟု သူယူဆခဲ့သည်။ အဓိကအားဖြင့် ခြံမြေက ပိုတန်ဖိုးရှိတာကြောင့်ဖြစ်သည်။
သူပြောရန်အချိန်မရမီ လျူယောင်က ချက်ချင်း သဘောတူလိုက်သည်။
“ကောင်းပြီလေ ငါးသိန်းပေးမယ်”
လျူယောင့်ရဲ့အမြင်တွင် ဒါက ဂေါ်ဖီထုပ်ဈေးနှုန်းသာဖြစ်ပြီး တကယ့်ကိုငါးသိန်းသာကျသင့်သည်။
လျူဝေရဲ့မိသားစုအိမ်မှာ တကယ်တော့ အတော်လေးဟောင်းပြီး ရိုးရှင်းလှသည်။ဒါပေမဲ့ လျူယောင်က သူ့ရဲ့အိမ်ဟောင်းကိုစိတ်ဝင်စားတာမဟုတ်ဘဲ မိသားစုခြံမြေကိုသာ စိတ်ဝင်စားသည်။
လျူယောင့် အတွက် ငါးသိန်းဆိုတာ အလွန်နည်းပါးတဲ့ ပမာဏသာဖြစ်သည်။