အခန်း 123 " ဒေါင်းမင်းရွာသို့ နောက်တစ် ခေါက် "
နေ့လယ်နှစ်နာရီလောက်တွင် လျူယောင် ကားမောင်းပြီး ဒေါင်းမင်းရွာကို ပြန်လာခဲ့သည်။
သူရဲ့ဖခင်ကို ဟွာဟိုင်းမြို့ပေါ်မှ ဆေးရုံသို့ ပြောင်းရွှေ့ရန်ဆုံးဖြတ်ပြီးနောက် မိခင်ကို အိမ်သို့ပို့ကာ အဝတ်အစားအချို့ယူ၍ အိမ်ထဲမှ ပစ္စည်းများကို သိမ်းစည်းဖို့ပဲ ဖြစ်သည်။ဒီတစ်ကြိမ်တွင် ဟွာဟိုင်းမြို့တွင် အနည်းဆုံး နှစ်လ သို့မဟုတ် သုံးလောက် နေရနိုင်ပြီး ဒါမှမဟုတ် ယခုနှစ်ကုန် အထိ လျူယောင် နေရနိုင်သည်။
လျူလန်က လျူဟုန်ဖုန်နှင့်အတူ လူနာဆောင်တွင် ကျန်ရစ်ခဲ့သည်။
လျူယောင် မြို့ထဲမှ ကားမောင်းထွက်လာခဲ့ရာ Roll-Royce ကားမှာ လမ်းတစ်လျှောက်တွင် လူအများရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
“မထင်ထားဘူး ငါတို့မြို့ငယ်လေးမှာ Roll-Royce ကို မြင်ရသေးတယ်ဟ”
ထိုမနာလိုတဲ့ အကြည့်များကို ဂရုမစိုက်ဘဲ လျူယောင် ကားမောင်းခြင်းအပေါ်သာ အာရုံစိုခဲ့သည်။ မိနစ် ၂၀ ခန့်အကြာတွင် ရင်းနှီးတဲ့ ဒေါင်းမင်းရွာလေးကို ရောက်လာခဲ့သည်။
နောက်ဆုံးအကြိမ် လာတုန်းက ရွာရဲ့ ဦးမိန်းလမ်းမလမ်းမှာ အနည်းငယ်ပျက်စီးနေပေမဲ့ ယခုတွင် သိသိသာသာ ကွာခြားနေသည်။ ကျယ်ဝန်းတဲ့ ကွန်ကရစ်လမ်းမှာ ရှေ့တွင် ပေါ်လာပြီး ကားနှစ်စီးယှဥ်မောင်းလို့ရသည်။
လျူယောင် ပြန်ရောက်လာခဲ့သည်။
ဒေါင်းမင်းရွာကို ပြန်ရောက်လာခဲ့သည်။
ကားဖြင့် အနည်းငယ် မောင်းလာပြီးနောက် ရွာအဝင်ဝတွင် လူနှစ်ဦး သုံးဦးဖက်ရလောက်တဲ့ ကံ့ကော်ပင်ကြီးအောက်တွင် ရွာသားအချို့ စကားပြောနေကြသည်။
သူတို့လည်း ကားတစ်စီး မောင်းလာတာကို မြင်လိုက်ရသည်။
ရွာသားတစ်ယောက်က
“ဟေး ကြည့်ပါဦး အဲဒါ ဘယ်လိုကားမျိုးလဲ အရမ်းအဆင့်မြင့်ပုံရတယ် ”
“ငါကြည့်လိုက်မယ် Roll-Royce ကားပဲ အနည်းဆုံး ခြောက်သန်း ဒါမှမဟုတ် ခုနစ်သန်းတန်တယ် ”
“ဘုရားရေ ဒီလောက်ဈေးကြီးတဲ့ကားက ငါတို့ ဒေါင်းမင်းရွာကို ဘာလာလုပ်တာလဲ”
ဒီလို ဈေးကြီးတဲ့ ကားမျိူး ဖြစ်ကြောင်းကြားတဲ့အခါ ရွာသားများ ထရပ်ကာ လည်ပင်းများကိုဆန့်၍ ကားထဲတွင် ဘယ်သူပါလာလဲဆိုတာ ကြည့်ချင်နေကြသည်။
ကားလေးက လူတိုင်းရှေ့တွင် ရပ်သွားပြီး ပြတင်းပေါက်မှန်ကိုချလိုက်ပြီး လျူယောင်က ဦးခေါင်းတစ်ဝက်ကို ထုတ်လိုက်ကာ
“စတုတ္ထဦးလေး၊ အန်တီကျန်း၊ အားလုံးရောက်နေကြတာပဲ” ဟု စိတ်အားထက်သန်စွာပြောလိုက်သည်။
“လျူယောင်ပဲ”
“ဒါ လျူယောင်ပဲဟ ”
လူတိုင်းက အစပိုင်းတွင် အံ့ဩသွားကြပြီးနောက် မနာလိုဖြစ်သွားခဲ့သည်။ သူတို့လည်း ဒီလိုမျိုး ကားကောင်းတစ်စီးကို မောင်းချင်ခဲ့သည်။လျူယောင် ပြီးခဲ့တဲ့တစ်ခေါက်လာတုန်းက တစ်သန်း! နှစ်သန်းတန်ကားဖြစ်ပြီး ကားပြောင်းထားတာ သိပ်မကြာသေးပေ။
“လျူယောင် မင်းတကယ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ”
“ရှောင်းယောင် မင်းအဖေကို ဆေးရုံမှာတွေ့လား ”
လူတိုင်းက စိတ်အားထက်သန်နေကြသဖြင့် လျူယောင် ရိုးရိုးရှင်းရှင်းပင် ကား ပေါ်မှ ဆင်းလိုက်ပြီး ဆေးလိပ်တစ်ထုတ် ထုတ်ကာ “အားလုံး၊ အားလပ်ရင် ကျွန်တော့်အိမ်ကို လာထိုင်လို့ရပါတယ်” ဟု ပြောပြီး ဆေးလိ ပ်များ ဝေပေးပေး လိုက် သည်။
လူတိုင်းကို လက်ပြနှုတ်ဆက်ပြီးနောက် လျူယောင် ကားပေါ် တက်ပြီး သူ့ရဲ့ခြံကို မောင်းလာခဲ့သည်။
ဒီနေရာဟာ လွန်ခဲ့တဲ့နှစ်လ! သုံးလလောက်ကနဲ့ ကွာခြားနေသည်။ ကျယ်ဝန်းတဲ့ ကွန်ကရစ်လမ်းမှာ အိမ်တံခါးဝအထိ ပြုပြင်ထားခြင်းသာမက အိမ်ရှေ့ကိုပါ ညီညာအောင်ပြုလုပ်ထားသဖြင့် ယခင်ကထက် ပိုမိုကျယ်ဝန်းကာ မြေ ကြီးအခင်းမဟုတ်တော့ဘဲ အသစ်စက်စက်ကွန်ကရစ်လမ်း ဖြစ်နေသည်။
လျူယောင် ကားကို ကွန်ကရစ်ခင်းထားတဲ့အလယ်တွင် အလွယ်တကူရပ်လိုက်သည်။ ကားပေါ်မှဆင်းပြီးနောက် ကျေနပ်စွာဖြင့်
“အမေ ဒီကွန်ကရစ်ခင်းထားတာက လှတယ်” ဟုပြောလိုက်သည်။
ကျိုးရှို့ယင်က “ဦးလေးကျန့်ဖိန်က လုပ်ခိုင်းထားတာ.မင်းက ရွာလမ်းဆောက်ဖို့ ပိုက်ဆံအများကြီးပေးခဲ့တာမို့ ငါတို့ရှေ့လမ်းကို အထူးလှလှလေး လုပ်ပေးခဲ့တယ်” ဟုပြန်ပြောလိုက်သည်။
“အင်း” ဟု လျူယောင်က ခေါင်းညိတ်ပြီး အိမ်ဟောင်းကိုကြည့်ကာ
“ကျွန်တော်တို့ အိမ်က နည်းနည်းဟောင်းနေပြီ၊ ဖြိုချပြီး ပြန်ဆောက်သင့်တယ်။ ဗီလာစံနှုန်းနဲ့အညီဆောက်မယ်” ဟုပြောလိုက်သည်။
ကျိုးရှို့ယင်က မကန့်ကွက်ဘဲ “မေမေလည်း ဒါကောင်းတယ်လို့ထင်တယ်။ မင်းအဖေ နေကောင်းလာတဲ့အခါ သူ့ကို ပြောပြလိုက်မယ် " ဟုသဘောတူခဲ့သည်။
လျူယောင်က ချမ်းသာပြီး ပိုက်ဆံအများကြီးရှိတာကို သိတာကြောင့် ကျိုးရိူ့ယင်မှာ ဘဏ္ဍာ ရေးဖိအားအနည်းငယ်မှပင် မရှိတော့ပေ။
"လျူယောင် ပြန်လာပြီတဲ့ "
သတင်းက လေပြင်းတစ်ချက်ဝှေ့လိုက်သလို ဒေါင်းမင်းရွာတစ်လျှောက်လုံး ပျံ့နှံ့သွားသည်။ ရွာလူကြီးလျူကျန့်ဖိန်က သတင်းကောင်းကို လူတိုင်းအားကြေညာပြီးနောက် ရွာမှ လူတိုင်းနီးပါးမှာ သင်္ဘောသားခန့်အပ်မှုနှင့်ပတ်သက်၍ လျူယောင်ထံတွင် မေးချင်ခဲ့ကြသည်။
လျူယောင်ရဲ့အိမ်တွင် တဖြည်းဖြည်း ဆူညံလာခဲ့သည်။
ရွာသားတစ်ယောက်က
“လျူယောင် တကယ်ကို ချမ်းသာလာတာပဲ ဒါက ခြောက်သန်း ခုနစ်သန်းတန်ကားပဲဟ" ဟု အံ့အားသင့်စွာ အော်ပြောလိုက်သည်။
ကားပတ်လည်တွင် လူအတော်များများရှိပြီး လူအားလုံးမှာ စိတ်ဝင်တစားနဲ့ မနာလိုစွာကြည့်နေကြသည်။ အချို့လူများက Roll-Royce အကြောင်းကို ကြားဖူးပေမဲ့ အချို့လူများက မသိကြပေ။
ထိုကားမှာ အနည်းဆုံးခြောက်သန်း သို့မဟုတ် ခုနစ်သန်းတန်ကားဖြစ်ကြောင်း ကြားရတဲ့အခါ ပစ္စည်းအသစ်တစ်ခုကို ကြည့်လိုမျိုး ပတ်ပတ်လည် ကြည့်နေကြသည်။
လျူယောင်က ကျုံးဟွာစီးကရက်တစ်ဘူးယူပြီး လူတိုင်းကိုဝေပေးလိုက်သည်။
လျူယောင်ရဲ့ ပတ်လည်တွင် လူများစွာရှိပြီး သူတို့က သင်္ဘော သားခန့်အပ်မှု့နဲ့ ပတ်သက်ကာ မေးမြန်းနေကြသည်။
“ရှောင်းယောင် မင်းကုမ္ပဏီက တကယ်ပဲ သင်္ဘောသားတွေခန့်အပ်တာလား။ ပုံမှန်ဝန်ထမ်းဖြစ်လာပြီးနောက် တစ်လကို ယွမ် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ လောက်ရတာလား ”
“သူဋေးလျူ ဘယ်တော့ခန့်အပ်မှုပြီးမှာလဲ။ ကျွန်မ လူ က အချိန်မီပြန်လာနိုင်ပါ့မလား မသိဘူး”
“လျူယောင် သင်္ဘောသားဖြစ်ရင် ဘယ် လောက်ကြာကြာ အလုပ်လုပ်ရမှာလဲ အမြဲတမ်းအလုပ်လား ”
လူတိုင်းက လျူယောင်ကို ဝိုင်းရံထားပြီး ဆူညံစွာ မေးနေခဲ့သည်။ဘယ်သူ့ကို အကောင်းဆုံးဖြေရမယ်ဆိုတာကို မသိဘဲ လျူယောင် စိတ် ပျက်စွာပြုံးမိသည်။ စကားပြောနေတဲ့ လျူကျန့်ဖိန်က ဒီအရာကို သတိထားမိသည်။
သူက ရှေ့ကိုထွက်လာပြီး အသံကျယ်ကျယ်ဖြင့်
“အားလုံး၊ အေးဆေးနေကြပါ။ ခင်ဗျားတို့က တစ်ယောက်တစ်ပေါက်ပြောနေရင် လျူယောင် က ဘယ်လိုလုပ် ဖြေနိုင်မှာလဲ ” ဟုအော်လိုက်သည်။
ရွာသူကြီးလျူကျန့်ဖိန်က အတော်လေးဩဇာရှိပုံရသည်။
လူတိုင်း ငြိမ်သက်သွားပြီး သူ့ကိုကြည့်နေကြတာကို တွေ့ရသဖြင့် လျူယောင်က အသံကျယ်ကျယ်နဲ့
“အားလုံးက ကျွန်တော့်ကို မေးချင်တာတွေ ရှိနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ တစ်ယောက်ချင်းစီကို ကျွန်တော်မဖြေနိုင်ပေမယ့် ကျွန်တော်အတိအလင်းပြောနိုင်တာကတော့ ဒီသတင်းက အမှန်ပါပဲ။ ကျွန်တော်တို့ကုမ္ပဏီက ပင်လယ်ရေကြောင်းသင်္ဘောသားအဖွဲ့တစ်ဖွဲ့ကို ခန့်အပ်ဖို့ စီစဉ်ထားပါတယ်။ လစာကလည်း ကြွားလုံးထုတ်တာမဟုတ်ပါဘူး။ ပုံမှန်သင်္ဘောသားဖြစ်လာပြီးနောက် တစ်လကို ယွမ် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ အထိရရှိနိုင်ပါတယ်”
“ဒီမှာ အားလုံးကို ကျွန်တော်သတိပေးချင်တာကတော့ ဝင်ငွေမြင့်မားတာကိုပဲ မကြည့်ပါနဲ့။ တကယ်တော့ သင်္ဘောသားဖြစ်ရတာက အရမ်းပင်ပန်းပြီး ပျင်းဖို့ကောင်းပါတယ်။ တစ်ခါတလေ ပင်လယ်ပြင်မှာ ရက် ၂၀ ဒါမှမဟုတ် ၃၀ လောက် လွင့်မျောနေရတာမို့ အရမ်းပျင်းစရာကောင်းပါတယ်။ ဒါ့အပြင် အလုပ်စလုပ်ပြီးတာနဲ့ ခွင့်ရက်မရှိဘဲ နှစ်လ သုံးလအထိ ကြာနိုင်ပါတယ်” ဟုရှည်လျားစွာ ပြောလိုက်သည်။
“မကြောက်ပါဘူး.ကျွန်တော်တို့ ဒါတွေကို မကြောက်ပါဘူး.ပိုက်ဆံရရင် ကျေနပ်ပါပြီ”
“ဟုတ်တယ်၊ ကျွန်တော်တို့လည်း စက်ရုံမှာ နေ့ရောညပါ လုပ်ရတာပဲ နားရဖို့ဆိုတာ ရှားပြီး လစာကလည်း မများဘူး ”
လျူယောင်က သင်္ဘောသားတစ် ဦးဖြစ်ခြင်း ရဲ့ပင်ပန်းမှုနှင့် ပျင်းရိဖွယ်ရာများကို အလေး ပေးပြောလိုက်ပေမဲ့ လူတိုင်းက စိတ်အားထက်သန်နေကြဆဲဖြစ်ပြီး အထူးသဖြင့် လူငယ်များမှာ ကြိုးစားလိုစိတ်ပြင်းပြနေကြသည်။
စောင့်ကြည့်နေပြီး သတိထားနေတဲ့ လူအနည်းငယ်လည်းရှိသည်။ လျူယောင်ရဲ့စကားကိုကြားပြီးနောက် သူတို့ဟာ နည်းနည်းလေးမှမစိုးရိမ်တော့ဘဲ ချက်ချင်းဖုန်းဆက်ပြီး အပြင်မှာအလုပ်လုပ်နေတဲ့ သားသမီးများ၊ ခင်ပွန်းများ၊ ညီအစ်ကိုများကို ပြန်လာရန်ခေါ်လိုက်ကြသည်။
လျူယောင်ရဲ့အိမ်ရှေ့က ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် လူအများအပြားရှိနေသည်။
“မေးစရာရှိရင် ရွာလူကြီးက မင်းတို့အတွက် ဖြေပေးလိမ့်မယ် ”ဟု ပြောပြီးနောက် လျူယောင်က ကျိုးရှို့ယင်နဲ့အတူ အိမ်ထဲဝင်လာပြီး ပစ္စည်းများကို သိမ်းစည်းတော့သည်။
အနည်းဆုံး နှစ်လ! သုံးလလောက် ဟွာဟိုင်းမြို့တွင် နေထိုင်ရမှာကြောင့် ပစ္စည်းအချို့ကို သိမ်းစည်းရန်လိုအပ်သည်။
ကျိုးရှို့ယင်က အဝတ်အချို့ကို ခရီးဆောင်အိတ်ထဲ ထည့်လိုက်ပြီး နွေရာသီ၊ ဆောင်းဦးရာသီနဲ့ ဆောင်းတွင်းဝတ်ချည်ထည်အင်္ကျီများကိုပါ ထုပ်ပိုးလိုက်သည်။
လျူယောင်က “မေမေ၊ အဝတ်အနည်းငယ်ပဲထုပ်ပါ။ ဟွာဟိုင်းမြို့ နေရာတိုင်းမှာ စူပါမားကတ်ကြီးတွေရှိပါတယ် အဲ့မှာ အဝတ်အနည်းငယ်ဝယ်ဖို့ဆိုတာ အရမ်းအဆင်ပြေတယ်” ဟုပြောလိုက်သည်။
လျူယောင်ရဲ့တိုက်တွန်းမှုကြောင့် အချို့အဝတ်များကို ကျိုးရိူ့ယင် ဗီရိုထဲ ပြန်ထည့်လိုက်သည်။
အိမ်အပြင်ဘက်တွင်တော့ တစ်ဝက်တစ်ပျ က်ဟောင်းနွမ်းနေတဲ့ ဗင်ကားတစ်စီး ရပ်လိုက်ကာ လျူယောင်နဲ့ အရွယ်တူတဲ့ လူငယ်တစ်ဦး ကားပေါ်မှဆင်းလာခဲ့သည်။