Ch 133
Viewers 5k

အခန်း 133  " တစ်ရက် 2800 က မိုးဖွဲမိုးမူန်လေးပဲ"



ဟွာဟိုင်းမြို့မှ နန်ဟိုင်းပြည်နယ်ကို လေယာဉ်ဖြင့်ပျံသန်းရန် တစ်နာရီကျော် အချိန်ယူရသည်။


ပထမတန်းစားအခန်းတွင် ထိုင်နေတဲ့ လျူယောင်ဟာ လေယာဉ်မယ်ရဲ့ ဝန်ဆောင်မှု့မှာ အားတက်သရော ရှိနေကြောင်း တွေ့လိုက်ရသည်။


ပထမတန်းစားခရီးသည်ဖြစ်လို့လားငယ်ရွယ်တာကြောင့်လားဆိုတာတော့ သူ မသိပေ။


"ဆရာ စောင်တစ်ထည် ယူဦးမလား"


မေးမြန်းရန် လာသူက လှပ ငယ်ရွယ်တဲ့ လေယာဉ်မယ်ပင် ဖြစ်သည်။


လေယာဉ်မထွက်ခွာမီ လေယာဉ်မယ်က သုံးကြိမ်တိုင်တိုင် လာရောက်မေးမြန်းခဲ့သည်။ ထိုသို့ အားတက်သရောရှိတဲ့ လေယာဉ်မယ်ကို တွေ့ရတဲ့အခါ လျူယောင် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။


လေယာဉ်မယ်က စောင်တစ်ထည်ယူလာပြီးနောက် ဂရုတစိုက်နှင့်


"ဆရာ ဘာပဲလိုလို ကျွန်မကို ဖုန်းဆက်ပြီး ခေါ်လိုက်လို့ရပါတယ်" ဟု ထပ်မံပြောလိုက်သည်။


သူမရဲ့မျက်နှာပေါ်တွင် ချိုမြိန်တဲ့ အပြုံးတစ်ခုကိုလည်း ဆင်မြန်းထားသည်။



လျူယောင်က သူမကို ဆက်သွယ်ရန်အချက်အလက်များ တောင်းဆိုပါက လုံးဝပြဿနာမရှိနိုင်ဘူးဆိုတဲ့ ခံစားချက်တစ်ခု ရနေသည်။


လှပတဲ့လေယာဉ်မယ်မှာ လျူယောင့်ကို စောင်ပေးပြီးနောက် မလှမ်းမကမ်းတွင် အလုပ်များနေပေမဲ့  တကယ်တမ်းတွင် သူမက အနည်းငယ် အသက်ကြီးတဲ့ လေယာဉ်မယ်တစ်ဦးနှင့် စကားပြောနေခြင်း ဖြစ်သည်။သူမက လေယာဉ်မှူးမလေးပင်။


"ရှောင်ယွမ် အဲဒီ့လူကို သဘောကျနေတာလားနင် ဒီလောက် ဂရုတစိုက်ရှိနေတာ"


"အစ်မဟွမ် ခရီးသည်တွေအပေါ် ၁၂၀ ရာခိုင်နှုန်း အားတက်သရော ရှိရမယ်လို့ အစ်မပဲ ထပ်ခါတလဲလဲ သင်ပေးခဲ့တာ မဟုတ်လား"


"ဒီလိုတော့ မပြောပါနဲ့ ငါတို့မှာ ပထမတန်းစားခရီးသည် ၇ ယောက်ရှိတယ် တခြား ၆ ယောက်ကိုတော့ နင် ဒီလောက် အားတက်သရောရှိတာ ငါ မမြင်ရဘူး"



ရှောင်ယွမ်အမည်ရတဲ့ လေယာဉ်မယ်လေးက ရွှန်းရွှန်းစားစား မျက်နှာပေးနဲ့


"အစ်မဟွမ် အစ်မက အကုန်သိတာပဲ ကျွန်မက သူ့ကို တကယ်ပဲ ကောင်းတယ်လို့ ထင်မိတာနေသာထိုင်သာတည်ငြိမ်ပြီး ချောလည်းချောတယ် ပြီးတော့ ချမ်းသာလည်း ချမ်းသာသေးတယ် သူ့ရဲ့လက်ကောက်ဝတ်မှာ ရှိတဲ့ နာရီကို အစ်မ သတိထားမိလား အကန့်အသတ်ထုတ်လုပ်ထားတာ သန်းနဲ့ချီ တန်ဖိုးရှိတယ်" ဟု ပြောလိုက်သည်။



"နာရီက ဒုတိယပါ သူ့ရဲ့လည်ပင်းပေါ်က ကျောက်စိမ်းပြားကို နင် သတိမထားမိဘူးလား အဲဒါက သန်း ရာနဲ့ချီ တန်ဖိုးရှိမယ်လို့ ငါ ထင်တယ်" ဟု အစ်မဟွမ်ဆိုသူက ရှင်းပြလိုက်သည်။


"ဘာ!"


"အား!"


လူငယ်လေယာဉ်မယ်လေးအံ့ဩတုန်လှုပ်သွားပြီး


"အစ်မဟွမ် အဲဒီ့ကျောက်စိမ်းပြားက တကယ် သန်းရာနဲ့ချီတဲ့ တန်ဖိုးရှိတာလား အဲ့ဒါဆို ကျွန်မ ကြောက်လို့ သေတော့မယ်" ဟု မယုံနိုင်စရာ လေသံဖြင့် ပြောလိုက်သည်။


အစ်မဟွမ်က


"သန်းရာဂဏန်းဆိုတာ အနီးစပ်ဆုံး ခန့်မှန်းချက်ပဲ နင့်ရဲ့ယောက်ဖက ရတနာလုပ်ငန်းကို လုပ်တာ သူက ကျောက်စိမ်းတွေအကြောင်းကို အများကြီး သုတေသနလုပ်ဖူးတယ် " ငါလည်း အဲဒါတွေအကြောင်းကို နည်းနည်းသိတယ် အဲဒီ့ကျောက်စိမ်းပြားက ဧကရာဇ်စိမ်းလို့ခေါ်တဲ့ ဖန်သားအမျိုးအစားပဲ အဲ့လို အပြည့်အစုံရှိတဲ့ စိမ်းလဲ့လဲ့ကျောက်စိမ်းပြားက အရမ်းရှားပါးတယ်။ သန်း ရာနဲ့ချီ တန်ဖိုးရှိတာတော့ သေချာတယ်" ဟု ရှင်ပြလိုက်သည်။


လေယာဉ်မယ်လေးမှာ တော်တော်လေးကို ကြောက်လန့်သွားပြီး သတိပြန်ဝင်လာတဲ့အခါ သူမစိတ်ထဲတွင် အတွေးများစွာ ပေါ်လာခဲ့သည်။



လေယာဉ်ထွက်ခွာပြီးနောက်။


လျူယောင်က အဖျော်ယမကာ အနည်းငယ်သောက်ပြီး မိုဘိုင်းဖုန်းကို ခဏကြည့်ကာမျက်လုံးစည်းကို စည်းပြီး ခုံပေါ် မှီ၍ အိပ်ပျော်သွားခဲ့သည်။ လေယာဉ်မယ်ရဲ့ နှိုးဆော်သံကိုကြားမှ အိပ်ရာက နိုးလာခဲ့သည်။


နှိုးဆော်သူကတော့ ငယ်ရွယ်ပြီး လှပတဲ့ လေယာဉ်မယ်ပင် ဖြစ်သည်။ လေယာဉ်ခရီးစဉ်တစ်လျှောက်လုံးတွင် သူမက လျူယောင်နဲ့ စကားစမြည်ပြောဆိုရန် အကြိမ်များစွာ ကြိုးစားချင်ပေမဲ့ လျူယောင်မှာ အမြဲတမ်း အိပ်နေခဲ့သည်။


"ဆရာ ဆယ်မိနစ်အတွင်း ကျွန်မတို့ ခရီးဆုံးကို ရောက်ပါတော့မယ်"


လျူယောင်က မျက်လုံးစည်းကို ဖြုတ်လိုက်ပြီး အချိန်ကို ကြည့်ကာ


"ဪ  အချိန်တွေ မြန်လိုက်တာ ရောက်တော့မှာပဲ ကျေးဇူးတင်ပါတယ်" ဟု ပြန်ဖြေလိုက်သည်။


လေယာဉ်မယ်လေးက အရင်ကလိုပဲ အားတက်သရောရှိနေသည်။


"သောက်စရာတစ်ခုခု သောက်ချင်ပါသလား" ဟု မေးလိုက်သည်။


လျူယောင် ရေငတ်နေသလို ခံစားရတာကြောင့်


"အင်း ရေတစ်ခွက်ပေးပါ" တောင်းဆိုလိုက်သည်။


လေယာဉ်မယ်လေးက လျူယောင့်ရဲ့လက်ထဲကို ရေတစ်ခွက် လောင်းထည့်ပေးလိုက်သည်။


ရေခွက်ကို ယူပြီးနောက် လျူယောင် ခဏ အံ့ဩသွားသည်။ စာရွက်လေးတစ်ရွက် ပါလာတာကို သူ မမျှော်လင့်ထားခဲ့ပေ။


လေယာဉ်မယ်လေးက ချိုမြိန်စွာ ပြုံးပြပြီး ဖုန်းခေါ်ဆိုဖို့ လက်ဟန်ခြေဟန် ပြသနေသည်။


"ငါ ဒီဖုန်းကို ခေါ်သင့်သလား မခေါ်သင့်ဘူးလား ရိုးရိုးသားသားပြောရရင် ဒီလေယာဉ်မယ်လေးက အရမ်းလှတယ် ခန္ဓာကိုယ်လည်း ကောင်းတယ်၊ ရုပ်ရည်လည်း ရှိတယ် "



ခဏတာ ပြုံးပြီးနောက် လျူယောင် အလေးအနက် မထားခဲ့ပေ။တကယ်လို့ ချစ်သူမရှိရင် ဒီဖုန်းနံပါတ်ကို ခေါ်ဖို့က ကိစ္စမရှိ ပျော်စရာတစ်ခုအဖြစ် သဘောထားလို့ရသည်။


"ချစ်သူရှိနေပြီဆိုရင်တော့ မတူတော့ဘူး။ ငါ ကအဲလောက် အဆင့်နိမ့်တဲ့သူမျိုး မဖြစ်သင့်ဘူးမလား "ဟု လျူယောင် စိတ်ထဲကနေ တွေးမိလိုက်သည်ေ။


လျူယောင် ရေခွက်ထဲကနေ ရေအနည်းငယ် သောက်ပြီး ခဏအကြာတွင် လေယာဉ်မှာ မြေပြင်ပေါ်သို့ ဆင်းသက်နေသည်။


လျူယောင် ခရီးဆောင်အိတ်နှင့်အတူ လေယာဉ်ပေါ်ကဆင်းလာတဲ့အခါ လေယဥ်မယ်လေးက မျက်လုံးကို မှိတ်ပြလိုက်သည်။ အဓိပ္ပာယ်က ရှင်းနေကာ လျူယောင့်ကို ဖုန်းခေါ်ဖို့ သတိပေးနေခြင်းပဲ ဖြစ်သည်။


လျူယောင် လေဆိပ်ကနေ ထွက်လာပြီးနောက် တက္ကစီတစ်စီးကို ချက်ချင်းစီးလိုက်သည်။


လေဆိပ်အပြင်ဘက်မှာ တက္ကစီတွေ တန်းစီနေတာမို့ အဆင်ပြေခဲ့သည်။


"ညီလေး ဘယ်ကိုသွားချင်လဲ"


"အကောင်းဆုံး ပင်လယ်ကမ်းခြေ ဟိုတယ်ကို သွားမယ် ပင်လယ်ကမ်းခြေနဲ့ နီးရမယ် ဟိုတယ်က ကောင်းရမယ် နေရတာ သက်တောင့်သက်သာရှိရမယ်" ဟု လျူယောင် ပြောလိုက်သည်။



ယာဉ်မောင်းက "မင်း အားလပ်ရက်ခရီးလာတာလား ပြဿနာမရှိပါဘူး  ဒီလိုဟိုတယ်မျိုးတွေ ဒီမှာ အများကြီးရှိတယ် ကျွန်တော် ရိုင်ဒါအပန်းဖြေဟိုတယ်ကို လိုက်ပို့ပေးမယ်။ အဲဒါက နာမည်ကြီး ကြယ်ငါးပွင့်ဟိုတယ်ပဲပင် လယ်ကမ်းခြေနဲ့လည်း နီးတယ် သိပ်မဝေးဘူး" ဟု ရှင်းပြခဲ့သည်။


လျူယောင်က "ကောင်းပြီလေ ဒါဆို ရိုင်ဒါအပန်းဖြေဟိုတယ်ကို သွားကြစို့"


ကားထဲမှာ ထိုင်နေရင်း လျူယောင်က ဒီဟိုတယ်ကို အနည်းငယ် ရင်းနှီးနေသလို တစ်နေရာရာမှာ ကြားဖူးသလို ခံစားရသည်။


သို့သော် သူ ဂရုမစိုက်တော့ပေ။



ရိုင်ဒါအပန်းဖြေဟိုတယ်မှာ လေဆိပ်နှင့် သိပ်မဝေးတာကြောင့်  ဟိုတယ်ရဲ့ဂိတ်ပေါက်ကို ရောက်ဖို့ မိနစ် ၃၀ ခန့်ကြာခဲ့သည်။ ကားပေါ်ကဆင်းပြီးနောက် လျူယောင် စိတ်ကျေနပ်သွားသည်။


ဟိုတယ်က အလွန်ခမ်းနားပြီး အလွန်ထူးခြားတဲ့ ဒီဇိုင်းနဲ့ဆောက်ထားသည်။ အနည်းဆုံး အထပ် ၃၀ မှ ၄၀ အထိ မြင့်ပြီး မှန်အပြင်နံရံမှာလည်း ခေတ်မီပြီး လှပပေသည်။


လျူယောင် ခရီးဆောင်အိတ်နှင့်အတူ ဟိုတယ်ထဲ လျှောက်ဝင်လာခဲ့သည်။


"ဆရာ ကျွန်မ ဘာကူညီပေးရမလဲ" ဟု ဧည့်ကြိုကမေးလိုက်သည်။


လျူယောင်က "ဒီမှာ အကောင်းဆုံးအခန်းက ဘာလဲ"


ဧည့်ကြိုကောင်တာမှ အမျိုးသမီးက "ဒီမှာ အကောင်းဆုံးကတော့ သမ္မတခန်းပါ" ဟု ပြန်ဖြေလိုက်သည်။


လျူယောင်က မှတ်ပုံတင်ကဒ်ပြားကို ထုတ်ပြီး


"ဒါဆို ကျွန်တော့်ကို သမ္မတခန်း ဖွင့်ပေးပါ" ဟု ပြောလိုက်သည်။


အမျိုးသမီးမှာ အနည်းငယ် အံ့ဩသွားပြီး

"ဆရာ သမ္မတခန်းက တစ်ရက်ကို ယွမ် ၂၈,၀၀၀ ပါ ဆရာ တကယ်ပဲ သမ္မတခန်းကို ဖွင့်ချင်တာ သေချာလား" ဟု သတိပေးလိုက်သည်။


လျူယောင် သူ့ရဲ့မှတ်ပုံတင်ကတ်ပြားနှင့် ဘဏ်ကတ်ကို ပေးလိုက်ပြီး


"ဟုတ်ပါတယ် ကျွန်တော့်ကို သုံးရက်စာ အရင်ဖွင့်ပေးပါ" ဟု အတည်ပြု ပြောလိုက်သည်။



အမျိုးသမီးဝန်ထမ်းက အားတက်သရောဖြစ်သွားပြီး ခဏအကြာတွင် သမ္မတခန်းကို ဖွင့်ပေးကာ "ဆရာ ကျွန်မ လိုက်ပို့ပေးပါ့မယ်" ဟု စိတ်အားထက်သန်စွာ ပြောလိုက်သည်။


လျူယောင် ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြလိုက်သည်။ သူ အပြင်ထွက်လာပြီဆိုရင် သူ့ကိုယ်သူ ပိုကောင်းအောင်ထားပြီး ခံစားသင့်တာတွေကို ခံစားသင့်သည်။


" တစ်ရက် 2800 က မိုးဖွဲမိုးမူန်လေးပဲ" ဖြစ်သည်။


မျှော်လင့်ထားတဲ့အတိုင်းပင် သမ္မတခန်းက အဆင့်အတန်းမြင့်သည်။ လျူယောင် ပတ်ပတ် လည်ကို မကြည့်ဘဲနဲ့ပင် ဘာ့ကြောင့် ဒီလောက်စျေးကြီးရတယ်ဆိုတာကို သိလိုက်ရသည်။



လျူယောင်ကို လိုက်ပို့ပေးတဲ့ ဧည့်ကြိုကောင်တာမှ အမျိုးသမီးဟာ တံခါးကို ဖွင့်ပြီးနောက် အထဲကို မဝင်ခဲ့ပေ။ သူမက တံခါးဝတွင် ရပ်လျက် အခန်းကဒ်ကို လျူယောင်လက်ထဲပေးပြီး


"ဆရာ ဒါက ဆရာ့ရဲ့ သမ္မတအခန်းပါ ဘာများ ကူညီပေးရဦးမလဲ" ဟု မေးလိုက်သည်။


အခန်းကဒ်ကို ရပြီးနောက်  ဟိုတယ်ကို လုပ်ခိုင်းဖို့ လိုအပ်တဲ့ကိစ္စအချို့ ရှိနေ တာကို လျူယောင် သတိရသွားသည်။