64 01
အပိုင်း(၆၄)
နှာချေလိုက်သော ယန်ရှစ်ရွှမ်းကို ဧည့်သည်များကလည်း သတိထားမိသွားကြသည်။ ..” !!!”
ယန်ကောက တစ်ယောက်တည်း ရေသွားချိုးတာ မဟုတ်ဘူးလား။ ဘာလို့ လက်ထောက်က လိုက်လာတာလဲ။ နောက်ပြီး သူတို့ရဲ့ စကားပြောခန်းက တစ်ခုခုတော့ မှားနေသလိုပဲ ဘာမှားတာလဲ။
အတွေးအကြံများ အပြည့်နှင့် ဖန်သားပြင်ကိုသာ အာရုံစိုက်ထားသော အန်တိုနီနှင့် ကြောက်လန့် လွန်းသောကြောင့် အသိပြန်မဝင်သေးသော မင်းသမီးက လွဲပြီး အခြားသောသူများက သတိလက်လွတ် အသံကို တိုးလျက် တဖြည်းဖြည်းချင်း ဝင်လာသော လူနှစ်ယောက်ကိုသာ စိုက်ကြည့် နေကြသည်။ ထို့နောက် သူတို့၏ စကားပြောသံကပင် အတင်းအဖျင်း ပြောသလိုမျိုး တိုးသွားကြသည်။
ဒါရိုက်တာ၏ လက်ထောက်က ရေချိုးပြီးကာစ ပုံစံနှင့် မတူညီဘဲ ခြောက်သွေ့ လွန်းနေကြောင်း မြင်သောအခါ ယန်ရှစ်ရွှမ်းက သံသယ အပြည့်နှင့် မေးသည်။
“ခင်ဗျားရဲ့အဝတ်တွေ ရေစိုသွားလို့ ရေသွားချိုးတာ မဟုတ်ဘူးလား ဒီလောက် မြန်တာလား”
သို့သော် ဒါရိုက်တာ၏ လက်ထောက်က ပြန်မဖြေ နိုင်သေးခင် အခြားတစ်ဖက်ခြမ်းမှ မယုံနိုင်စရာ ကောင်းသည့်အသံက ထွက်လာသည်။
“အဝတ်တွေ စိုတယ် ဘာလို့ အဝတ်တွေ စိုတာလဲ”
ယန်ရှစ်ရွှမ်း “.....”
ဒါရိုက်တာ၏လက်ထောက် _ _ _ ကျွတ်စ်
သူတို့နှစ်ယောက်လုံးက သုန်မှုန်သော မျက်နှာများနှင့် မျက်လုံးများနှင့်အတူ အသံလာရာ ဘက်သို့ ကြည့်လိုက်ကြသည်။
အန်းနန်ယွမ်သည် တံခါးကို ကိုင်ရင်း တံခါးဝတွင် ရပ်နေခြင်း ဖြစ်သည်။ သူကမူ သူ၏အသံကို သတိလက်လွတ် မြင့်ကာ ပြောလိုက်မိသည့်အတွက် အံ့ဩသွားပုံ ပေါ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ အရှေ့မှ ကြည့်ရှုသူများ [_ _ _ ??]
အစကတော့ ယန်ကော ပြောတာကို ကြားတဲ့အချိန်မှာ ငါ ဘာမှမတွေးမိသေးဘူး။ ဒါပေမဲ့ ဘာလို့ အန်းနန်ယွမ်က ထုတ်မေးလိုက်တဲ့အခါ ကို့ရိုကားယားနိုင်သလို ဖြစ်သွားရတာလဲ။ မသိရင် ယန်ကောကပဲ အခုလေးတင် မကောင်းတာ တစ်ခုခု လုပ်လာခဲ့လိုလို။
တဖက်ခြမ်းမှ ချောင်းနားထောင်နေသော ရသစုံစတား _ _ _ အန်းကောက ငါ့ထက်တောင်မှ ရသစုံရှိုးတစ်ခုကို ကိုင်တွယ်နိုင်စွမ်းအား ကောင်းနေမယ်လို့ မထင်ထားဘူး။ သူ့ရဲ့အသံက ရသစုံရှိုး effectအပြည့်ပဲ။
ရသစုံရှိုးစတားက အန်းနန်ယွမ်ကို တိတ်တဆိတ် လက်မ ထောင်ပြလိုက်သည်။ _ _ _ တော်တယ်။
ယန်ရှစ်ရွှမ်းနှင့် ဒါရိုက်တာ လက်ထောက်တို့၏ ဖိနှိပ်အား ပြင်းထန်သော အကြည့်များအောက်တွင် အန်းနန်ယွမ်သည်လည်း သူဟာ အလွန်အကြူး အံ့ဩသွားပြီး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဘဲ သတိလက်လွတ် ပြောလိုက်မိကြောင်း သိလိုက်ရသည်။ ယန်ရှစ်ရွှမ်း၏မျက်လုံးထဲမှ အကြည့်က ရိုက်နှက်ချင်သလို ဖြစ်လာသည်။
“အွန်း “
အန်းနန်ယွမ်က ထိတ်လန့်တကြား ဘေးဘီကို ကြည့်သည်။ သူသည် အကြောင်းပြချက် ပေးရန် အလျင်အမြန် ရှာဖွေ၏။
သို့ရာတွင် ပိုင်ရွှမ်း၊ ရသစုံရှိုးစတားနှင့် အခြားသောသူများ၏ လေးစားသော အကြည့်များကိုသာ တွေ့လိုက်ရသည်။
ပိုင်ရွှမ်း “.._ _ _ ကောင်းမွန်သော ခရီးပါ။ ညီအစ်ကို ငါတို့နောက်ဘဝမှာ မိတ်ဆွေတွေ ဖြစ်ဦးမှာပါ”
“မဟုတ်ဘူးနော် ငါ အဲ့ဒီလို ဆိုလိုတာ မဟုတ်ဘူး”
အန်းနန်ယွမ်က လက်ကို အလျင်အမြန် ခါသည်။ သိသာစွာပင် သူသည် ထိပ်တန်းအဆင့် ရုပ်ရည်အမူအယာကို ထိန်းသိမ်းနိုင်သောသူ၊ ခန္ဓာကိုယ်ကို ကောင်းကောင်း စီမံခန့်ခွဲနိုင်သော ထိပ်တန်းအဆင့် အိုင်ဒေါလ်တစ်ယောက် ဖြစ်သည်။ သို့သော် ယန်ရှစ်ရွှမ်းက ထုတ်လွှင့်သော ဖိအားထံအောက်တွင် သနားစရာ ကောင်းသော လူတစ်ယောက်လို အလန့်တကြား ဖြစ်နေသည်။
“ဒီအတိုင်း ဒီအတိုင်း_ _ _ “
သူက ဦးနှောက်ကို အလျှင်အမြန် အလုပ်လုပ်ပြီး အကြောင်းပြချက်ကို ရှာသည်။ နောက်ဆုံးတွင် သူ၏မျက်ဝန်းက တောက်ပသွားသည်။
“ဒီအတိုင်း ယန်ကော အအေး မမိအောင် ကျန်းမာရေးကို ပိုပြီးအာရုံစိုက်စေချင်ရုံပါပဲ”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ အရှေ့မှ ကြည့်ရှုသူများ [ဒီအကြောင်းပြချက် မူကြိုအဆင့် ဖြစ်မနေဘူးလား]
64 02
ယန်ရှစ်ရွှမ်းက အပြုံးတုနှင့် ပြောသည်။
“ငါ ယုံမယ်လို့ မင်းထင်နေလား”
အန်းနန်ယွမ် “ယုံတာ ကောင်းတာပဲ”
ယန်ရှစ်ရွှမ်းက နှာခေါင်းတစ်ချက်သာ ရှုံ့လိုက်သည်။ သူသည် ဒါရိုက်တာ၏ လက်ထောက်နှင့် အန်းနန်ယွမ်တို့ကို အာရုံစိုက်ရန် ပျင်းရိ လွန်းနေ၏။
ဒီနေရာမှာ စည်စည်ကားကား ဖြစ်နေသော အသံများက သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီး၏ အခန်းသို့ သွားပြီး စကားပြောသော ရွာသားနှစ်ယောက်ကို အလန့်တကြား ဖြစ်သွားစေပုံ ပေါ်သည်။
“မင်းတို့တွေ ဒီလောက်နောက်ကျတဲ့အထိ မအိပ်သေးဘူးလား။ မြို့ကအိပ်ချိန်က ငါတို့နဲ့ ကွာခြားတယ် ထင်ပါတယ်”
ရွာသားတစ်ယောက်က အနည်းငယ် မူးနေပုံရပြီး မျက်နှာက အနည်းငယ် နီရဲနေသည်။ သို့သော် သူ၏အပြုအမူ၊ လေသံများကမူ နွေးထွေးမှု စဉ်းစားဆင်ခြင်မှု အပြည့်နှင့် ဖြစ်သည်။
“မင်းတို့ဆီက ဆူညံသံတွေ ကြားလို့ တစ်ခုခု ဖြစ်နေပြီထင်တာ။ ဒါကြောင့် အကူအညီ ပေးလို့ရအောင် လာကြည့်လိုက်ရတာပဲ”
ထိုရွာသား၏မျက်နှာက စက္ကူတစ်ခုလိုမျိုး ဖြူဖျော့ နေသည်။
“ဘာပဲဖြစ်ဖြစ် ဒီနေရာက တောတောင်နယ်မြေ ထဲမှာလေ။ မင်းတို့ရဲ့နောက်မှာက တောင်ကြီး ရှိနေတယ်။ ဒါကြောင့် တိရိစ္ဆာန်တွေ တော်တော်များတယ်။ မင်းတို့ တောင်ဘုရားကျောင်းထဲမှာ ကြွက်တွေ ပြေးတာကိုတောင် မြင်လိမ့်မယ်။ ဒါကြောင့် မင်းတို့ တစ်ခုခု ဖြစ်နေပြီလို့တောင် ငါတို့က ထင်နေတာ”
“တစ်ခုခု မဟုတ်ဘူးဆိုရင်လည်း ပြန်သွားပြီး အိပ်ရအောင်။ ငါတို့ မနက်ဖြန်စောစော ရွာကိုပြန်ပြီး သဘက်ခါမှာ ကျင်းပမဲ့ တောင်နတ်ဘုရားနဲ့ မွေးနေ့ပွဲအတွက် ပြင်ရဦးမယ်”
ရသစုံရှိုးစတားက ပြုံးပြီး နူတ်ဆက်သည်။
“ဘာမှမဖြစ်ပါဘူး။ အားလုံးက အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ်”
ရသစုံရှိုးစတားက ရွာသားများနှင့် စကားကောင်းကောင်း ပြောနေချိန်တွင် ယန်ရှစ်ရွှမ်းကမူ ရွာသားနှစ်ယောက်၏ မျက်နှာကို ကြည့်ရင်း သူ၏အမူအယာက တောင့်ခဲသွားသည်။
မူလကမူ သူဟာ အသံကြားသောကြောင့်သာ သတိလက်လွတ် ကြည့်လိုက်မိခြင်း ဖြစ်သည်။ ထိုသို့ဖြင် သူ၏အကြည့်က စကားပြောနေသော ရွာသားနှစ်ယောက်ထံ ရောက်သွားသည်။ သို့ရာတွင် တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏နှလုံးသားအတွင်း အချက်ပေးခေါင်းလောင်းသံများက မြည်လာသည်။ သို့ရာတွင် သူဟာ သေချာအနီးကပ် ကြည့်လိုက်သောအခါ တောင်ဘုရားကျောင်း၏ အဓိကခန်းမအတွင်း သူ အကြမ်းဖျင်းတစ်ချက် ကြည့်ခဲ့ချိန်က မြင်ခဲ့ရသည့် အရာမျိုးနှင့် တူနေခဲ့သည်။
သူသည် တောင်ဘုရားကျောင်း၏ အဓိကခန်းမအတွင်းရှိ နံရံများတွင် ရှိသော နံရံဆေးရေး ပန်းချီများတွင် ထိုရွာသားနှစ်ယောက်၏ မျက်နှာကို တွေ့ခဲ့ရသည်။
နောက်ပြီး ဘယ်လို ဖြစ်လို့ ရွာသားတွေက နံရံဆေးရေး ပန်းချီထဲကို ရောက်နေတာလဲ။ နောက်ပြီး ဒါက တောင်နတ်ဘုရားရဲ့ ဘုရားကျောင်း ဖြစ်နေသေးတယ်။
ယန်ရှစ်ရွှမ်းကမူ အချို့သော တောင်ဘုရားကျောင်းများတွင် အစစ်အမှန်လူများကို နံရံဆေးရေးပန်းချီထဲ ထည့်ဆွဲ ကြည့်သည်။ သို့သော် ဒါဟာ ဘုရားကျောင်းကို လှူဒါန်းခဲ့သော သူများနှင့် နာမည်ကျော် ပုဂ္ဂိုလ်များကိုသာ ထည့်သွင်းရေးဆွဲခဲ့ခြင်း ဖြစ်ပြီး ကျော်ကြားမှုရရှိရန်၊ အောင်မြင်တိုးတက်စေရန် အလို့ငှာ ဖြစ်သည်။ ဒါကလည်း အလားတူ အပြန်အလှန် အကျိုးသက်ရောက်မှု ရှိသည်။
သို့သော်လည်း ဒီတစ်ကြိမ်ကမူ ယန်ရှစ်ရွှမ်းအနေဖြင့် သာမာန်ရွာသားများကို နံရံဆေးရေးပန်းချီထဲသို့ ထည့်ဆွဲသည့် အခြေအနေအား ပထမဦးဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
သူသည်လည်း စူးစမ်းသော ပုံစံမျိုးဖြင့် ဘေးဘက်တွင် ရပ်နေသော ရွာသားများ၏ စကားခန်းကို စောင့်ကြည့်နေလိုက်သည်။
ထိုရွာသားနှစ်၏ ပုံပန်းသွင်ပြင်က ကောင်းသည်ဟု ပြော၍မရ။ အနှစ်ချုပ်ဆိုရသော အနီးကပ် ကြည့်လိုက်မည်ဆိုပါက သူတို့၏ ရုပ်ရှည်သွင်ပြင်က အလွန်ဆုတ်ယုတ် နေသည်။ သူတို့၏ လျော့တွဲကျနေသော တြိဂံပုံစံမျက်လုံးများက လောဘကြီးသော ဗီလိန်များနှင့် တူသည်။
သူတို့က ရသစုံရှိုးစတားနှင့် စကားပြောနေသောအခါ သူတို့၏ ခန္ဓာကိုယ်က အနည်းငယ် ကုန်းနေသည်။ နီရဲသော မျက်နှာနှင့် ရွာသားကဆိုလျှင် မကြာခဏဆိုသလို သူ၏မျက်နှာနှင့် လည်ပင်းကို ကုပ်ကုပ်နေသေးသည်။ ထိုအပြုအမူက ကြွက်များ၊ ကတိုးကောင်များနှင့် အလားတူ မြေထဲတွင်နေသော တွင်းအောင်းသတ္တဝါများ၏ ပုံစံမျိုး ဖြစ်သည်။
ယန်ရှစ်ရွှမ်း၏ဆရာက ခရီးသွားလာပြီး အမျိုးမျိုးသော နေရာများမှ ဂန္တဝင်များအား လေ့လာရခြင်းအား သဘောကျသလို ယန်ရှစ်ရွှမ်းကိုယ်တိုင်လည်း သူ့ထံမှတဆင့် ထိုအကြောင်းအရာများကို သင်ယူခဲ့ဖူးသည်။ ထိုထဲတွင် ရုပ်လက္ခဏာပညာရပ်လည်း ပါဝင်သည်။
64 03
သူက အများကြီး မလေ့လာဖြစ်ခဲ့သော်လည်း မူးရစ်သွားပြီးနောက် ခုခံစွမ်းအား ကင်းမဲ့သွားသည့် ရွာသားတစ်ယောက်ကို ကောင်းကောင်း အကဲဖြတ်ပေးနိုင်သည်။
ယန်ရှစ်ရွှမ်းသည် ရွာသားများ၏ မျက်နှာကို ဂရုတစိုက် ကြည့်နေသောအခါ သူ၏မျက်မှောင်က ကျုံ့သထက် ကျုံ့လာမိသည်။ ထိုနှစ်ယောက်၏ မျက်ခုံးကြားတွင် အနက်ရောင် စွမ်းအင်များက တိမ်စိုင်လို စုစည်းနေသည်။ သူတို့၏ နားထင်များကလည်း အလွန်ပင် ချိုင့်ဝင် နေသည်။ ထို့အပြင် သူတို့၏ အသက်စွမ်းအားများနှင့် သဘာဝ အလျောက် ပြနေသည့် တိရိစ္ဆာန်များလို ခံစားချက်များက ရုပ်ရည်သွင်ပြင် သီးသန့်ဖတ်ရှုနေရုံနှင့်တင် ပေါ်ထွက်လာစေရာ ယန်ရှစ်ရွှမ်း၏ ထင်မြင်ချက်အရ _ _ _
သူတို့က သေလွန်ပြီး သူတွေ ဖြစ်လိမ့်မယ်။
သို့သော် သေလွန်ပြီး သူများက မည်သည့် အတွက်ကြောင့် သေမျိုးနှင့် မခြားသော ပုံစံမျိုးနှင့် လူတိုင်း၏ အရှေ့တွင် ပေါ်ထွက်လာနိုင်ကြောင်း မစဉ်းစားနိုင်သေးချေ။ ထိုအချက်အပြင် ဒါဟာ ဖြောင့်မတ် မှန်ကန်လွန်းသော တောင်နတ်ဘုရားရှိရာ တောင်ဘုရားကျောင်း ဖြစ်သည်။ ထို့ကြောင့် ဒီနေရာကို တောင်နတ်ဘုရားက ကာကွယ် ပေးထားသည်။
ဒါကို ဘယ်လိုကြောင့်များ သရဲတွေ၊ တစ္ဆေတွေ၊ မကောင်းဆိုးဝါးတွေက ဝင်နိုင်ရမှာလဲ။
လူရေခြုံပြီး သာမာန်လူ ဟန်ဆောင်ထားတဲ့ ဒီရွာသားနှစ်ယောက်က တောင်နတ်ဘုရားထက် အင်အား ကြီးနေလို့လား။
မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။
အခြားသော နတ်ဘုရားများနှင့် မတူသည်မှာ တောင်နတ်ဘုရားသည် နယ်မြေပိုင်လူများ၏ သက်ဝင်ယုံကြည်မှုကို ခံထားရသူ ဖြစ်သည်။ ထို့ကြောင့် စိုက်ခင်းများ၊ အပင်များ၊ သက်ရှိသတ္တဝါများ၏ ရွေးချယ်ခံနတ်ဘုရားဟု ဆိုရပေမည်။
တောင်နတ်ဘုရား၏ ကိုယ်ပိုင်ပိုင်နက်နယ်မြေအတွင်းတွင် တောင်နတ်ဘုရားထက် မည်သူကမှ အင်အားမကြီး ရချေ။ အင်အားကြီး၍လည်း မဖြစ်နိုင်ချေ။ ထို့အပြင် တောင်နတ်ဘုရားကိုပင် အနိုင် မပိုင်းနိုင်သင့်ချေ။
သို့ရာတွင် ယခုနေရာက တောင်နတ်ဘုရား၏ မျက်စိအောက် ဖြစ်သလို တောင်ဘုရားကျောင်းလိုမျိုး သူ၏ ပလ္လင်ဆက်ခံရာနေရာ စွမ်းအားအကြီးဆုံးသော နေရာတစ်ခု ဖြစ်သည့်တိုင်အောင် တစ္ဆေသရဲ၊ မကောင်းဆိုးဝါးများက ဖြတ်လျှောက် သွားနေခဲ့သည်။
ယန်ရှစ်ရွှမ်းက ဖြစ်နိုင်ချေ တစ်ခုကိုသာ တွေးမိသည်။
သူ၏ ပလ္လင်ဆက်ခံရာ နေရာ စွမ်းအားအကြီးဆုံးသော နေရာတစ်ခု ဖြစ်သည့်တိုင်အောင် တစ္ဆေ၊သရဲ၊မကောင်းဆိုးဝါးများက ဖြတ်လျှောက် သွားနေခဲ့သည်။
ယန်ရှစ်ရွှမ်းက ဖြစ်နိုင်ချေ တစ်ခုကိုသာ တွေးမိသည်။
တောင်နတ်ဘုရားက တစ်ခုခု ဖြစ်သွားလို့ နယ်မြေကို ထိန်းချုပ်မှု လွတ်ကင်း သွားတာလား။
ယန်ရှစ်ရွှမ်း၏ နှလုံးသားက ဝရုန်းသုန်းကား ဖြစ်သွားသည်။ သို့သော် အပေါ်ယံတွင်မူ သူဟာ ထုတ်ပြခြင်း မရှိချေ။ သူ၏အမူအယာက အေးစက်နေသေးပြီး ရွာသားများကိုသာ ဒီအတိုင်း ကြည့်နေလိုက်သည်။
သို့သော် သူက သတိကို လျို့ဝှက်စွာဖြင့် မြင့်မြင့် တင်ထားလိုက်ပြီး စိတ်ထဲတွင် ထူးဆန်းသော အကြောင်းအရာများကို ဆက်တိုက် တွေးတောနေသည်။ ထို့နောက် ထိုရွာသားများ အိပ်မောကျသွားပြီး သူက စောင့်ကြည့် မနေသောအခါမှသာ အဓိက ခန်းမသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။
တောင်နတ်ဘုရားနှင့် ပတ်သက်ပြီးတစ်စုံတရာ လွဲမှားနိုင်ကြောင်း သတိထားမိရုံနှင့် ယန်ရှစ်ရွှမ်းသည် အဓိကခန်းမကို သွားကြည့်ခဲ့ချိန်က ဝင်ခဲ့သည့် သံသယတိုင်းကို ပြန်လည် အာရုံစိုက်လိုက်သည်။ ထို့အပြင် ဒီနေရာသို့ လာခဲ့ချိန် လမ်းတောက်လျောက်တွင် သူ၏စိတ်ထဲတွင် ပုံမှန်မဟုတ်သည့် ခံစားချက်များကလည်း မြှင့်တက်လာသည်။ သို့သော် ရုတ်တရက် ထိုအခြေအနေများ အားလုံးကို အတွဲလိုက် ဆက်စပ် နိုင်သွားသည်။
ကြည့်ရတာက တွေးတောဖို့လိုအပ်တဲ့ နောက်ဆုံး အပိုင်းအစတစ်ခု ပြန်ရသွားလို့ စဉ်းစား တွေးတောပုံတွေ အားလုံးက ယုတ္တိဆန်လာသလိုပဲ။
ယန်ရှစ်ရွှမ်း၏နှလုံးသားက လေးလံသွားသည်။
တောင်နတ်ဘုရားက တစ်စုံတရာ ဖြစ်သွားလျှင်_ _ _ ဒီနေရာမှာ တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။
သူက အဓိကခန်းမသို့ ထပ်သွားကြည့်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ သူသည် ထိုရွာသား နှစ်ယောက်က မည်သူဖြစ်ကြောင်းနှင့် ဒီနေရာတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို ထိုနံရံဆေးရေးပန်းချီမှ တဆင့် ရှာနိုင်လောက်သည်။
ထိုသို့သာဆိုလျှင် တောင်ဂူဘုရားကျောင်းသို့ ခေါ်လာသော ရွာသားနှစ်ယောက်က သံသယဝင်ဖွယ်ရာ ဖြစ်သည်။ ယန်ရှစ်ရွှမ်းသည် သံသယအပြည့်နှင့် သတိအပြည့် ကပ်နေသော်လည်း ရွာသားများအရှေ့တွင်မူ အမူအယာ မပျက်ယွင်းပါချေ။
64 04
ဒါရိုက်တာ၏လက်ထောက်ကမူ အနောက်ဘက်တွင် ယန်ရှစ်ရွှမ်းကိုသာ တောက်လျောက် စိုက်ကြည့်နေခဲ့သည်။ သူ့ကို တိတ်တဆိတ်သာ ကြည့်နေခဲ့သည်။ ထို့ကြောင့် ရသစုံရှိုးစတားက ရွာသားနှစ်ယောက်ကို အပြုံးနှင့်အတူ လိုက်ပါ ပို့ဆောင်ပြီးနောက် ယန်ရှစ်ရွှမ်းက နောက်သို့လှည့်ပြီး အခန်းထဲသို့ဝင်ရင်း ပြောသွားလိုက်သည်။
“မင်းတို့တွေ အိပ်ယာ စောစောဝင်ပြီး မနက်စောစော ထကြ”
ရသစုံရှိုးစတားက စိတ်ရှုပ်ထွေးသွားကြသည်။
“ဟင် ငါတို့ ကစားစရာပွဲတောင် မပြီးသေးဘူး”
အချိန်ဇယားက နှောက်ယှက် ခံလိုက်ရသော်လည်း ဧည့်သည်များကမူ ဒါရိုက်တာ၏ သတင်းကို မရသည့်တိုင်အောင် ရသစုံရှိုး ပရိတ်သတ်များက တည်ရှိနေသေးသည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်းကဲ့သို့ တိုးဂိုက်တစ်ယောက်က ဧည့်သည်များကို ဧည့်ခံပြီး စီမံခန့်ခွဲလိုစိတ် မရှိသောအခါ သူက အလိုအလျောက်ပင် လေထု အခြေအနေကို ကာကွယ်ပေးမည့် တာဝန်ကို လွှဲယူခဲ့လေသည်။
သူတို့က စီစဉ်ထားသလိုမျိုး ညရှုခင်းကြည့်ရန်၊ ဝံပုလွေရိုင်းတောင်ထိပ်သို့ သွားရန် မဖြစ်နိုင်ကတည်းက ရသစုံရှိုးစတားကလည်း ကင်မရာ၏အရှေ့တွင် ပရိတ်သတ်များ မပျင်းရိရလေအောင် ဧည့်သည်များနှင့် အဆက်အသွယ် လုပ်ပေးနိုင်မည့် အသေးစားဂိမ်းပေါင်းများစွာကို စဉ်းစားထားပြီးသား ဖြစ်သည်။
သို့ရာတွင် အရာအားလုံးကို ယန်ရှစ်ရွှမ်းက ပယ်ချသည်။ ထိုအခြေအနေက ရသစုံရှိးစတားကို အနည်းငယ် အံ့ဩသွားစေသည်။
“ဒါပေမဲ့ ဒါက အိပ်ယာဝင်ဖို့ တအား စောနေသေးတယ်။ အခုအဆုံးသတ် လိုက်မယ်ဆိုရင် ဒီနေ့အတွက် ဘာမှရမှာ မဟုတ်ဘူး။ ပျင်းစရာ မကောင်းဘူးလား”
အခြားသော ဧည့်သည်သစ်များကလည်း အလားတူ တွေးကြသည်။
ဘာလို့ အိပ်မှာလဲ။
ရသစုံရှိုးမှာ ဝင်ပါတာ ယန်ရှစ်ရွှမ်းက အပန်းဖြေဖို့ဆိုတာထက် အလုပ်လုပ်ဖို့လေ။
ကင်မရာရှေ့မှာ မပေါ်ဘဲနဲ့ ပရိတ်သတ်တွေက ဘယ်လိုအာရုံစိုက်မှာလဲ။ သူတို့က trafficလိုချင်တာလေ။
“ဂိမ်းကစားမယ် ဟုတ်လား”
ယန်ရှစ်ရွှမ်းက အဓိပ္ပာယ်အပြည့်နှင့် ပြောသည်။
“ဂိမ်းက မင်းကို ကစားမှာလား။ မင်းက ဂိမ်းကို ကစားမှာလား။ မင်း အိပ်ယာသွားဝင်တဲ့အခါ ဂိမ်းက ကစားတာ မခံရအောင် သတိထားဦး”
ရသစုံရှိုးစတားက နားမလည်ချေ။ သို့သော် သူ၏ဖျော်ဖြေရေး အသိုင်းအဝိုင်းအတွင်းမှ အတွေ့အကြုံအရ သူသည် ယန်ရှစ်ရွှမ်း၏ linelight အာရုံစိုက်မှုကို ခိုးယူနေခဲ့သောကြောင့် တစ်ဖက်သူက မပျော်မရွှင် ဖြစ်သွားသည်ဟုသာ ထင်လိုက်သည်။
ရုတ်တရက် သူဟာ ယန်ရှစ်ရွှမ်းကို မကောင်းသော အကြည့်မျိုးနှင့် ကြည့်လိုက်သည်။
“ဒီနေရာမှာ ဒါရိုက်တာ မရှိပေမဲ့လည်း ငါက ငါ့အလုပ် ကောင်းကောင်းလု ပ်နေပြီး ဒီရှိုးကို ထောက်ပံ့ပေးနေတာပဲ။ ယန်ကောက ရှိုးကို တစ်ယောက်တည်း ကိုင်တွယ်ချင်တယ်ဆိုရင်လည်း ငါ့မှာ ငြင်းစရာ မရှိပါဘူး။ ဒီအတိုင်း မနက်ဖြန် ဒါရိုက်တာနဲ့ တွေ့တော့မှသာ ပရိုဂရမ်က သက်ရောက်မှု မရှိဘူးဆိုပြီး ဒါရိုက်တာ ပြောတာ မခံရစေနဲ့”
ယန်ရှစ်ရွှမ်းက အိပ်ကပ်ထဲ လက်တစ်ဖက် ထည့်ထားသည်။ ထို့နောက် အခန်းထဲသို့ ဝင်သွားရင်း ပြောလိုက်သည်။
“ဒါဆိုရင် ငါ အခြားစကားနဲ့ ပြန်ပြောင်း ပြောရမလား။ တောင်ထဲမှာနေတဲ့ တိရိစ္ဆာန်တွေက အာရုံစိုက်မှု အားကောင်းတယ်ဆိုတာကို သိကြလား။ အလင်းနဲ့ အပူဓာတ်ရှိလေ၊ လူတွေရှိရင် သူတို့က အဲ့ဒီနေရာမှာ ရှိတယ်။ တောင်တွေပေါ်မှာ နေတဲ့ တိရိစ္ဆာန်တွေက ညအချိန် တောင်အောက်ကို ဆင်းပြီး စားစရာမရှာမှာ သေချာလား။ နောက်ပြီး မင်းတို့ ဒီနေရာကို လာတော့ အနီးအနားမှာ တောင်ဘုရားကျောင်းတွေ့လို့ ရွေးချယ်စရာ မရှိဘဲ အကူအညီ လာတောင်းကြတာလေ။ တကယ်လို့ တောင်ဘုရားကျောင်းမှာလည်း နဂိုနေပြီးသား တိရိစ္ဆာန်တွေက ထွက်လာတဲ့အခါ ဘယ်လိုလုပ်ကြမလဲ”
“ငါ့ရဲ့တိုးဂိုက်အပေါ် နားလည် သဘောပေါက်ထားမှုအရ သိရှိထားတဲ့ ဗဟုသုတက ဂိမ်းကစားတာ မဟုတ်ဘဲ မင်းတို့ကို အသက်ရှင်အောင် ဘယ်လိုထားရမလဲ ဆိုတာပဲ”
ယန်ရှစ်ရွှမ်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူသည် နွေးထွေးမှုကင်းမဲ့စွာ ပြုံးလိုက်၏။
“ကျန်းဝူပင်း၏ ပရိုဂရမ်က ဆက်သွားနိုင်သမျှ ဘယ်သူမှ မသေစေရပါဘူး။ တစ်ယောက်ယောက်က တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်တန့်ဖို့ ကြိုးစားတာဆိုရင်တော့ ဒါက ငါနဲ့ မသက်ဆိုင်တော့ဘူး”
ယန်ရှစ်ရွှမ်းက မျက်လုံးကို တစ်ချက်ဝင့်လိုက်လျက် သူ၏လှပသော်လည်း စူးရှသည့် မျက်လုံးနှင့် ရသစုံရှိုးစတားကို ကြည့်သည်။ ရသစုံရှိုးစတားက သူဟာ အလေးအနက် ပြောနေကြောင်း ထင်ထင်ရှားရှား မြင်သွားသည်။
ရသစုံရှိုးစတားက ပြောနေသော အဓိပ္ပာယ်မဲ့ပြီး အရေးမကြီးသော အကြောင်းပြချက်များထက် သူ၏ မျက်နှာပေါ်တွင် ဖော်ပြထားသော ခံစားချက်တိုင်းက မနှစ်မြို့မှုသာ ဖြစ်သည်။
******