Ch 63
Viewers 6k

63 01

အပိုင်း(၆၃)

 

“မဟုတ်သေးပါဘူး ယန်ကောက အခုလေးတင် ရေသွားချိုးတာလေ။ နောက်ပြီး ယန်ကောက မျက်လုံးတွေ နီရဲတဲ့အထိ traffic အရမ်းလိုချင်တဲ့လူမျိုးမှ မဟုတ်တာ။ တစ်ချို့တွေဆိုရင် ရေချိုးတာကိုတောင် တိုက်ရိုက် ထုတ်လွှင့်တာကို ဖွင့်ထားတာလေ ကျွတ်စ် ကျွတ်စ်။ ဒါက မင်းတို့ပြောတဲ့ သဘောကျစရာ ကောင်းတဲ့လူလား။ ငါက အဓိက စာမျက်နှာ ဖန်သားပြင်ကနေ မြင်လိုက်ပါသေးတယ်။ အဲ့ဒီတစ်ယောက် မျက်နှာကို သစ်တဲ့အချိန်မှာ လောကကြီးတစ်ခုလုံးက ဆီတွေ ပြည့်နှက်သွားသလိုမျိုး ရွံ့စရာတော င်ကောင်းသေးတယ်‌ ဝေါ့]

 

[ရယ်ရလို့ သေတော့မယ်။ အချို့လူတွေက  ရေသွားချိုးတာ တိုက်ရိုက် ထုတ်လွှင့်မှုတွေ ဖွင့်ပြီး ပရိတ်သတ်တွေ ရအောင် ကြိုးစားသေးတယ်လေ။ ငါတို့ယန်ကောကတော့ တအားတော်တာ တော်တော်လေးကို တော်တာလေ။ သူက မလိုချင်ပေမဲ့လည်း ပရိတ်သတ်က ဆယ်သန်းကျော်လောက် ရှိတယ်။ သူက ဆိုရှယ်မီဒီယာ အကောင့်တောင် မဖွင့်ထားသေးဘူး။ နောက်ဆုံး နောက်ဆုံးနေရာကနေ အဖယ် မခံထားရလို့  တအားကို အငြိုးထားနေသေးတာ။ ဟား ဟား ဟား ငါတို့ အုတ်ဂျုံတွေက ဘယ်လို ရတနာမျိုးကို ရထားတာပါလိမ့်မယ်။ ငါတို့ရဲ့ယန်ကောက အမြဲတမ်း မပျော်မရွှင် ဖြစ်နေတာက ငါတို့ရဲ့ပျော်ရွှင်ရာ အရင်းအမြစ်ပဲ]

 

[ဟုတ်တယ် ဟုတ်တယ် ယန်ကောက မပျော်ဘူး ငါကတော့ ပျော်တယ် ဟီး ဟီး ဟီး]

 

[မင်းတို့က တကယ်ပဲ ယန်ကောရဲ့ ပရိတ်သတ်လား။ ဖြောင့်မတ်မှန်ကန်တဲ့ ပိုင်ရှင်က မပျော်မရွှင် ဖြစ်နေတာကိုတောင် မင်းတို့က ဂရုတစိုက်နဲ့ မချော့ကြဘဲနဲ့ ဘာလို့ ဒီလောက်ထိ ပျော်နေကြတာလဲ။ မင်းတို့ရဲ့မိသားစုက ဘယ်လိုလဲ]

 

[အပေါ်က ကျဲကျဲ မထွက်သွားနဲ့ဦး။ ကျေးဇူးပြုပြီး ငါတို့ရဲ့အိုင်ဒေါလ်ယန်ကောကို သိသွားအောင် လုပ်ပါဦး။ ယန်ကောက နောက်ဆုံးနေရာကနေ အဖယ်ခံချင်ပြီး အိမ်ကို ပြန်ချင်နေတာလေ။ အဲဒီ အဖယ်ခံပြီး အိမ်ကိုပြန်ရမှ သူက အတော်ဆုံး ဖြစ်နေမှာ။ သူက တကယ် ထွက်သွားရင် ငါတို့က ယန်ကောကို ဘယ်နေရာမှာ ဘယ်လို တွေ့ရမှာလဲ။ ဒီလိုဆိုရင် ငါတို့က ယန်ကောကို လွမ်းနေရမှာပေါ့။ နောက်ပြီး ယန်ကောက ဒေါသထွက်တဲ့အခါ တအားချောတာလေ]

 

[ယန်ကော ငါတို့က မင်းရဲ့ပရိတ်သတ်‌နော်။ ငါတို့ရဲ့ ပျော်ရွှင်မှုအတွက် မပျော်မရွှင် ဖြစ်ပေးပါ။ အုတ်ဂျုုံတွေက တအားစိတ်ဝင်စားဖို့ ကောင်းတယ် မဟုတ်လား ဟား ဟား ဟား]

 

[အာ တစ်ယောက်ယောက်က အန်တိုနီအကြောင်း ပြောလိုက်သလိုပဲ။ ငါ အခုလေးတင် ကွန့်မန့်တွေကို မြင်လိုက်သေးတယ်။ နောက်ပြီး အချိန်နဲ့အမှီ အမြန်လိုက်နိုင်ဖို့ အသက်ကြီးနေတာ များလေ။ အန်တိုနီလို လူမျိုးတွေက သူ့ရဲ့ရုပ်ကို ပလတ်စတစ်ဆာဂျရီ သွားလုပ်ထားရင်တောင်မှ ချီးကျူးပေးဖို့ လွန်ကဲနေသေးတယ်။ ငါတို့ယန်ကောကတော့ လုံးဝကို ရှားမှရှားတဲ့ အလှတရားမျိုးကို ပိုင်ဆိုင် ထားတယ်လေ။ နောက်ပြီး အန်းနန်ယွမ်ကလည်း တော်တော်လေး ကြည့်ကောင်းတာပါ။ အန်တိုနီထက် အများကြီးသာတယ်]

 

[အန်တိုနီရဲ့ ပရိတ်သတ်တွေက အများကြီး စိတ်ရှုပ်ထွေးဖို့ ကောင်းတာပဲ။ မင်းတို့ ဒီလိုကွန့်မန့်တွေ မန့်ချင်ရင် ကိုယ့်ဖန်သားပြင်အခွဲကို ပြန်နော်။ ငါက ရှိုးကို ကြည့်ဖို့လာတာ။ ဒီလို သက်တံ့ရောင် ချဲ့ကားချီးကျူးလွန်းတဲ့ စကားတွေကို မဖတ်ချင်လို့တောင် မဟုတ်ဘူး ငါတောင်မှ အန်းနန်ယွမ်ရဲ့ ဖန်သားပြင်အခွဲမှာပဲ နေဖို့ မနည်း တွန်းအားပေးနေရတာ။ အဲဒီအစား အန်းနန်ယွမ်ရဲ့ ချောမောတဲ့မျက်နှာလေးကို သွားကြည့်နေသင့်တယ်။ အား ယန်ကော ဘယ်ရောက် သွားတာလဲ။ သူ့ရဲ့ဖန်သားပြင်အခွဲက ဒီအတိုင်း ဖြစ်နေတာ တအားအထီးကျန်တာပဲ]

 

[မင်းတို့ နားမလည်ပါဘူး။ ငါ့အထင် အန်တိုနီက အစစ်အမှန် လောကကို ပြန်ဖို့ ကြိုးစားနေတာ ဖြစ်မယ်။ ငါတို့ကြည့်ဦး ယန်ကော _ _ _ အာ အာ အား တအားချောတာပဲ။ တအား မှင်သက်ဖို့ ကောင်းတယ်။ ဒါက ကောင်းကင်ဘုံ မဟုတ်လား။ ဒီကလေးက တစ်ယောက်တည်း ပစ်ထားခံနေရတယ်။ နောက်ပြီး တောင်ဘုရားက အခုလေးတင် တွေ့ခဲ့တဲ့ animated ပုံကလည်း တအား ကြောက်ဖို့ ကောင်းတာပဲ။ သောက်ကျိုးနည်း အဲဒီမှာ တကယ်သရဲရှိတယ်။ ဒါက မြေအောက်လောကြီးလိုပဲ ယန်ကော ငါ့ကို ကယ်ပါဦး _ _  _ဆိုပြီး ငါက အော်ဟစ်နေတဲ့အချိန်မှာ အန်တိုနီကို ပြန်ထပ်ကြည့်လိုက်တော့ သူ့ရဲ့မျက်နှာက အေးစက်နေတယ်။ အိုး ဒါကမှ တကယ်ကို စပရှယ်အဖက် ထည့်ထားသလိုပဲလေ။ တအားကို စစ်မှန်လွန်းလို့ ငါက ဒီလောကကြီးထဲမှာ အမှန်တကယ် တည်ရှိနေတယ် ဆိုတာကို ခံစားမိသွားတယ်]

 

ရှိုးက အလွန်ကျော်ကြားလွန်းသော်လည်း အန်တိုနီက လူသစ်တစ်ယောက် ဖြစ်သဖြင့် ထင်သလောက် နာမည် မကြီးချေ။ ထို့ကြောင့် traffic အလိုချင်ဆုံးဖြစ်ပြီး အာရုံစိုက်ခံရအောင် ကြိုးစားရင်း ပရိတ်သတ်များ၏ အရေအတွက်က များသထက်များ လာသည်။

 

ထိုအခြေအနေကြောင့်လည်း အသက်အရွယ် ကြီးရင့်နေသောသူ၊ ရင့်ကျက်နေသော သူများက အန်တိုနီကို ရွံရှာကြသည်။ အန်တိုနီ၏ အေဂျင်စီကမူ ဂရုမစိုက်ချေ။

 

နာမည်ကြီးတာ မကောင်းဘူးလား။ နီနီမဲမဲ  ပရိတ်သတ်က ပရိတ်သတ်ပဲ။ နောက်ပြီး ဒီရင့်ကျက်တဲ့ ကြည့်ရှုသူတွေကို ဘယ်သူတွေက လိုအပ်လို့လဲ။ သူတို့က သူတို့ရဲ့အိုင်ဒေါလ်အပေါ် ပိုက်ဆံသုံးမှာ မဟုတ်ဘူး။

 

ထိုကဲ့သို့သော မြင်ကွင်းကို မြင်ပြီးနောက် သူ၏နောက်မှ ကုမ္ပဏီက အလွန်ကျေနပ် သွားသည်။

63 02

“ဒီမျိုးရိုးနာမည် ယန်နဲ့ကောင်က ဘာဖြစ်နေတာလဲ”

 

ပရိုဂရမ်ကို ခွဲခြမ်းစိတ်ဖြာရင်း မှတ်ချက်တင်ရန် တာဝန်ယူထားသော သူက ဆိုရှယ်ပလက်ဖောင်းနှင့် ဗီဒီယိုပလက်ဖောင်းများတွင် ဆွေးနွေးမှု အများဆုံးသောသူက ဘယ်သောအခါမှ မကြားဖူးသော လူတစ်ယောက် ဖြစ်နေကြောင်း မြင်သောအခါ မပျော်မရွှင် ဖြစ်သွားသည်။

 

“သူက ဘယ်အေဂျင်စီကလဲ။ ဘာလို့ ဒီလောက်အထိ နာမည်ကြီးနေတာလဲ။ နောက်ပြီး အန်တိုနီနဲ့ အန်းနန်ယွမ်လို လူကတောင် သူနေရာကို မယှဉ်နိုင်ဘူး။ ဘယ်ကုမ္ပဏီက ဒီလောက်ထိ ထောင်လွှားပြီး traffic ရဖို့ ငါတို့နဲ့ လာပြိုင်နေတာလဲ”

 

လက်အောင်ငယ်သားက ပြောသည်။

 

“ဒီယန်ရှစ်ရွှမ်းက ပွဲဦးတောင် မထွက်ရသေးတဲ့ အပြင်လူသစ်တစ်ယောက်လေ။ နောက်ပြီး သူ့မှာအေဂျင်စီလည်း မရှိသလို သူ့ကို ထရန့်တင်းတွေ ရအောင် ဝယ်ပေးမဲ့ နောက်ခံကုမ္ပဏီလည်း မရှိဘူး။ သူနဲ့ပတ်သက်ပြီး ဆွေးနွေးနေသမျှ trafficတွေအားလုံးက ပရိတ်သတ်တွေက လုပ်တာ”

 

ထိုရသစုံရှိုးက ရုတ်တရက်ကြီး ကျော်ကြားလာပြီးနောက် အနုပညာရှင်များက သဘောတူခြင်း၊ ငြင်းခုန်ခြင်းတို့ဖြင့် ဝင်ရောက်ခွင့် ရနိုင်ခြင်း မရှိတော့ချေ။ အကြောင်းမူကား အနုပညာရှင်ပေါင်းများစွာကသာ သူတို့၏ ကိုယ်ရေး အချက်အလက်များကို ကျန်းဝူပင်းထံ အလိုအလျောက် ပို့ပေးလျက် ရွေးချယ်ခံနေကြပြီ ဖြစ်သည်။ ထို့ကြောင့် စတားတိုင်းရဲ့နောက်ကွယ်တွင်လည်း ကြီးမားသော ကုမ္ပဏီများ၊ အေဂျင်စီများ ရှိနေသည်။

 

ကျန်းဝူပင်း၏ ကိုယ်ပိုင်မိသားစု နောက်ခံဘက်ဂရောင်းက ဖျော်ဖြေရေး လောကအတွင်းမှ ကုမ္ပဏီကြီးများက အလျင်စလို မလှုပ်ရှားမိအောင် တားထားသည့် တိုင်အောင် ကျန်းဝူပင်းကိုယ်တိုင်ကမူ ထိုပရိုဂရမ်ကို ဦးဆောင်ခွင့် ဆုံးရှုံးနိုင်ချေ မြင့်မားသည်အထိ အောင်မြင်နေခြင်း ဖြစ်သည်။

 

တခြားစကားဖြင့် ဆိုရသော် ထိုပရိုဂရမ်သည် ငွေကြေး အင်အားကောင်းပြီး နောက်ခံအင်အား ခိုင်မာသည့် မျက်လုံးပေါင်းများစွာ၏ အလဲအလှယ်လုပ်ရာ ကြိုးကိုင်ချယ်လှယ်မှု ခံရန် နေရာတစ်ခု ဖြစ်လာသည်။ capitalကသာ မည်သူနေမည်၊ မည်သူထွက်သွားမည်ဆိုပြီး နောက်ဆုံးပြောရေးဆိုခွင့် ရှိပြီး trafficအများဆုံး ရနိုင်သူကို ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။

 

ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ ပေါ်တွင်ပင် အခြားသော ဧည့်သည်များ၏ tagများက အချိန်နှင့် တပြေးညီ ကျော်ကြားသော စာရင်းတွင် ဆက်တိုက်ဆိုသလို ဖိနှိပ်ခြင်း ခံနေရသည့်အကြောင်းကိုလည်း ကြည့်ရှုသူပေါင်းများစွာက မြင်နိုင်လေသည်။ ထို့နောက် အန်တိုနီနှင့် ရုန်ရုန်ကသာ ထပ်ခါတလဲလဲ ပေါ်လာ၏။ ထို့ကြောင့် capitalအင်အားစုများ၏  ရည်ရွယ်ချက်ကို ခံစားမိနိုင်သည်။ သို့ရာတွင် ထိုကဲ့သို့ capitalအင်အားစုများက ထပ်ခါတလဲလဲ ဖိနှိပ်နေသည့် အခြေအနေမျိုးတွင်ပင် ယန်ရှစ်ရွှမ်းလို လူသစ်တစ်ယောက်က ကျော်ကြားမှု လမ်းကြောင်းတွင် အနှောက်အယှက် တိုင်းကို ထိုးဖောက် ရှေ့ဆုံးသို့ တက်နေသေးသည်။ သူ၏ tagက အချိန်နှင့်တပြေးညီ ရှာဖွေမှုအများဆုံး စာရင်း၏ထိပ်ဆုံးတွင် ခိုင်ခိုင်မာမာ တက်ထိုင်လျက် နေရာယူထားပြီး ဖိနှိပ်၍ပင် မရနိုင်ချေ။

 

ထိုအခြေအနေက အန်တိုနီအတွက် မာ့ကတ်တင်း ဆင်းရန် တာဝန်ယူထားသော သူကို ဒေါသထွက်လာစေသည်။

 

“သူ့မှာ ကုမ္ပဏီ မရှိဘူးဆိုကတည်းက ဘာလို့ သူ့ကို လက်မှတ်ထိုးဖို့ မစဉ်းစားတာလဲ။ အဲ့ဒီလိုဆိုရင် သူ့ကို ငါတို့ ထိန်းချုပ်လို့ ရပြီမဟုတ်လား။ စာချုပ်က ငါတို့ရဲ့လက်ထဲမှာဆိုရင် သူက နာခံသွားမယ် မဟုတ်လား”

 

“ဒီမျိုးရိုးနာမည်နဲ့ လူက အန်တိုနီကို အရမ်းလွှမ်းမိုး နိုင်တယ်။ ဒီအတိုင်း ထပ်ဖြစ်နေရင် နောက်ပိုင်း အကြံက အစီအစဉ်တိုင်း လိုက်လုပ်လို့ ရတော့မှာ မဟုတ်ဘူး။ မင်းအရင်ဆုံး ဒီမျိုးရိုးနာမည်ယန်အမည်နဲ့ လူကို ဆက်သွယ်လိုက်။ သူ့လို အပြင်လူမျိုးက ငါတို့လို လူမျိုးနဲ့ မကိုင်တွယ်နိုင်စရာ အကြောင်းကို မရှိဘူး။ ကုမ္ပဏီကလည်း သဘောတူလိမ့်မယ်”

 

အချိန်အနည်းငယ် တွေးတောကြည့်ပြီးနောက် ထိုလူက ဆက်ပြောသည်။

 

“လိုရမယ်ရ သူက မမြင်ဖူးတာနဲ့ပဲ ငါတို့ကုမ္ပဏီကြီးရဲ့ လက်မှတ်ထိုးတာက ဘယ်လို အခြေအနေမျိုးလဲဆိုတာကို နားမလည်လို့ လက်ခံမှာ မဟုတ်ဘူး။ ဒီအတိုင်း သူသာ သဘောတူမယ်ဆိုရင် နောက်နှစ် တဲလန့်ရှိုးက audition နေရာတစ်ခုကိုသာ ပေးမယ်ပြောလိုက်”

 

“နောက်ထပ် နေရာကိုသာ လိုချင်ရင်တော့ မဖြစ်နိုင်တော့ဘူး။ ဟွန့် အန်တိုနီအတွက် အနင်းခံကျောက်တုံးပဲ လုပ်စမ်းပါ”

 

သူကမူ ဖျော်ဖြေရေးအသိုင်းအဝိုင်းအတွင်း နစ်မြှပ်နေခဲ့သည်မှာ အချိန်ကြာပြီဖြစ်ပြီး artistပေါင်းများစွာကို ပွဲဦးထွက်အောင် လုပ်ပေးနိုင်သည့် တဲလန့်ရှိုးပေါင်း များစွာကို ကိုယ်တိုင်ကိုယ်ကျ ထိန်းချုပ်ခဲ့သူ ဖြစ်သည်။ သူသည် ယခုလို ခရီးသွားရသစုံရှိုးကို အမှန်တကယ် မကြည့်သလို သူ နားမလည်နိုင်သည့် ထိုနယ်မြေများကိုလည်း အထင်သေးသည်။ ထို့အပြင် ထိုနယ်မြေတွင် အလုပ်လုပ်ရန်လည်း မပြင်ဆင်ထားချေ။ လူသစ်တစ်ယောက်ကို အရန်ဇာတ်ကောင်အဖြစ် နာမည်ပေးခြင်းကပင် အချိန်ဖြုန်းရာ ရောက်နေသည်။

 

သို့ရာတွင် ရှိုးကို စောင့်ကြည့်ခဲ့ပြီး ပရိုဂရမ်အကြောင်း ခွဲခြမ်းစိတ်ဖြာကာ ရီပို့တင်ဖူးသော လက်အောက်ငယ်သားကမူ ထိုပရိုဂရမ်၏ အမာခံပရိတ်သတ် ဖြစ်သည်။ ထိုခေါင်းဆောင်၏ စကားကို ကြားသောအခါ သူက မျက်လုံး လှန်လိုက်သည်။

63 03

ခေါင်းဆောင်ကတော့ သိမှာမဟုတ်ဘူး။ သူတော့ သိတယ်။

 

ယန်ရှစ်ရွှမ်းသည် လူသစ်တစ်ယောက်သာ ဖြစ်သော်လည်း သူသည် ဖျော်ဖြေရေး အသိုင်းအဝိုင်းကို အလုံးစုံ စိတ်ဝင်စားခြင်း မရှိချေ။ ဖျော်ဖြေရေးအသိုင်းအဝိုင်းမှ ကုမ္ပဏီမှ အားတစ်ပေါင်းများစွာက လိုချင်သည့် ထိုကျော်ကြားမှုနှင့် trafficကမူ ယန်ရှစ်ရွှမ်းအတွက် အိမ်ပြန်ပြီး အိပ်ရမည့် အခွင့်အရေးထပ် အရေးကြီးလိမ့်မည် မဟုတ်ချေ။ သူက ဒီရှိုးတွင် ဆက်နေရသည့်တိုင်အောင် ဒါဟာ ပရိတ်သတ်များ၏ ရူးသွပ်စွာ မဲပေးမှုကြောင့် ဖြစ်နေသေးသည်။

 

ထို့ကြောင့် များပြားလှသော ကြည့်ရှုသူများ၏ ရွေးချယ်မှုကို capitalဖြင့် နှိမ်နှင်း၍ မရချေ။ ထိုအတွက်ကြောင့် ထိုသူ၏ပုဂ္ဂိုလ်ရေးရာဆိုင်ရာ ဆွဲ‌ဆောင်မှု ရုပ်ရည်သွင်ပြင်က ပို၍ သိသာ ထင်ရှားလာစေသည်။

 

လက်အောက်ငယ်သားကမူ လျို့ဝှက်စွာ တွေးနေသည်။

 

ဟွန့် ခင်ဗျားက တဲလန့်ရှိုးက နေရာတစ်ခု ပေးမယ်ဆိုတာနဲ့ပဲ ယန်ကောက လက်မှတ် ထိုးပေးရမယ်တဲ့လား။

 

ခင်ဗျားက ဘာတွေတွေးနေတာလဲ။ ခင်ဗျားသာ ယန်ကောကို အန်တိုနီအတွက်သာ ကြေငြာပေးမယ်ဆို သူ့ကို အိမ်ပြန်ခွင့်ပေးမယ်လို့ ပြောလိုက်ကြည့် ဒါက ဖြစ်နိုင်ချေ ရှိဦးမယ်။

 

သို့ရာတွင်  ယန်ရှစ်ရွှမ်းကမူ capitalများ၏ ကုမ္ပဏီများ၏ အခြေအဆမဆနေကို သတိထားမိခြင်း မမရှိချေ။ မည်သို့ပင်ဆိုစေ ကြည့်ရှုသူပေါင်းများစွာနှင့် ပရိတ်သတ်များကသာ ပျော်ရွှင်နေကြသည်။

 

“ဒီပရိုဂရမ်က ဝံပုလွေရိုင်းတောင်ထိပ်ကို သွားနေကတည်းက အန်တိုနီရဲ့ tagတွေက များသထက် များလာတာကို သတိထားမိကြလား။ နောက်ပြီး သူရဲ့ ဆိုရှယ်မီဒီယာအကောင့်က ဖော်လိုဝါတွေကလည်း တက်တာ မြန်လာတယ်”

 

ပရိုဂရမ်အသင်း၏ အော်ဖစ်ရှယ်အကောက်အောက်တွင် ကြည့်ရှုသူအချို့က သံသယကို ထုတ်မေးကြသည်။

 

“ငါပဲ ထင်ယောင်ထင်မှား ဖြစ်နေတာလား။ ငါ အရင်က တဲလန့်ရှိုးကို ကြည့်နေရသလို ခံစားချက်မျိုး ရလာတယ်။ ငါက ငါကြိုက်တာကို ရွေးတာ မဟုတ်ဘဲနဲ့ အမျိုးမျိုးသော အေဂျင်စီတွေက ကစားပြနေသလိုလေ”

 

“မင်းထင်တာ မဟုတ်ဘူး။ အတွင်းသတင်းအရ ငါ မင်းကို ပြောပြမယ်။ ယန်ရှစ်ရွှမ်းက ဒီလောက် မြန်မြန် ကျော်ကြားလာပြီး နောက်ခံလည်း မရှိတော့ ကုမ္ပဏီကြီးတွေက မျက်လုံးအလှဆင် ပစ္စည်းအဖြစ် သူ့ကို သတ်မှတ် သဘောထား နေတာလေ။ အနုပညာရှင် အများစုဆိုရင် သူ့ရဲ့ trafficနဲ့ ကျော်ကြားမှုကို ယူချင်နေကြတာ။ ဒါပေမဲ့ သူ့ကို ကောင်းကောင်း မဆက်ဆံ ချင်ကြဘူး”

 

ယခုလေးတင် တာဝန်ခံကြောင့် ဒေါသ ထွက်သွားသော လက်အောက်ငယ်သားက ခံစားချက်အပြည့်နှင့် စာရိုက်ရင်း ပို့သည်။

 

“ယန်ကောမှာ ငါတို့ပဲ ရှိတာ။ ယန်ကောကသာ ဒီcapitalတွေကို ကျော်ဖြတ်ပြီး ပွဲဦးထွက်ချင်ရင် ငါတို့က ပိုပြီး ကြိုးစားပေးဖို့ လိုတယ်။ ငါတို့ အများပြည်သူရဲ့ ရွေးချယ်မှုကို ဒီcapital ပိုင်ရှင်တွေက လွှမ်းမိုးတာမျိုးကို ခွင့်ပြုလို့ မရဘူး”

 

နဂိုက အစီအစဉ်တကျ မရှိသေးသောကြောင့် စိတ်ရှုပ်ထွေး နေသေးသည့် အုတ်ဂျုံများကမူ အိပ်ချင်စိတ်ကို မခံစားရတော့ချေ။

 

“ဘယ် capitalက ရွေးတာလဲ။ အန်တိုနီ အဲဒီဆီရွှဲနေတဲ့ အကောင်လား။ ဘုရားရေ အုတ်ဂျုံတွေ သွားရအောင်။ ငါတို့တွေ ယန်ကောကို ဒီလိုကောင်မျိုးဆီမှာ ရှုံးစေလို့ မရဘူး”

 

“ဟွန့် ငါတော့ ရူးချင်သွားပြီ။ ငါက တိုက်တိုက်ဆိုင်ဆိုင် ခရီးသွား ရသစုံရှိုးလေး ကြည့်နေတာပါ။ ဘာလို့ ဒီအေဂျင်စီတွေက ပါလာတာလဲ။ တဲလန့်ရှိုးတွေမှာတင် သူတို့ ကလန်ဖန် ထိုးတာ လုံလောက်ပြီ မဟုတ်ဘူးလား ဟွန့် ငါ တကယ်ကို ပုန်ကန်ချင်လာပြီ။ ဒီအေဂျင်စီတွေကို နိုင်ခွင့် မပေးနိုင်ဘူး”

 

“ရှိုးကို အခုလေးတင် ဝင်လာတဲ့အုတ်ဂျုံတွေက စိတ်ရှုပ် နေလောက်တယ်။ မင်းတို့တွေ ဒီအတိုင်း ယန်ကောကိုသာ မဲပေးလိုက်ကြ။ သူကတော့ ရှိုးမှာ မနေချင်ဘူး။ ဒါ မကောင်းဘူးလေ”

 

“ဘာဖြစ်တာလဲ။ ယန်ကော ထွက်သွားရင် ဟွန့် ငါတို့က ဘယ်ကို သွားကြည့်ရမှာလဲ။ သူသာ ပွဲဦးထုတ်နိုင်ခဲ့ရင်တော့ အခြေအနေက ခြားနားသွားပြီလေ။  သူ့ကို တစ်ချိန်လုံး မြင်နိုင်တော့မှာလေ”

 

“capitalတွေက ရွေးချယ်မှုတွေကို မှားယွင်းအောင် လုပ်နေမှာပဲ။ ငါ အစက ယန်ကောကို လေးစားတယ်။ သူက ကွေ့တောင်မှာ အန္တရာယ်များတဲ့ အချိန်မှာ လူတိုင်းကို ကယ်နိုင်ခဲ့တာ တအားကို အင်အား ကြီးမားတဲ့သူပဲ။ ဒါပေမဲ့ ယန်ကောရဲ့ ဖျော်ဖြေ နိုင်စွမ်းရည်ကြောင့် သူ့ရဲ့ပရိတ်သတ် ဖြစ်လာတာမှ မဟုတ်တာ။ သူက ပွဲဦးထွက်ဖို့ဆိုတာကိုလည်း အယူသီးစိတ် မရှိဘူး။ ဒါပေမဲ့ အခုတော့ ခြားနားသွားပြီ။ ငါတို့ အလျင်လိုတယ်။ ယန်ကော သေချာပေါက် ပွဲဦးထွက်နိုင်ရမယ်”

 

“အလျင်လိုတယ်”

63 04

အဓိက ပိုင်ရှင်က ဆိုရှယ်မီဒီယာအကောင့်ပင် မရှိသည့်အပြင် အေဂျင်စီပင် ဖြစ်စေ၊ ကုမ္ပဏီပင် မရှိလေရာ အုတ်ဂျုံများက အထောက်အပံ့အဖွဲ့ကိုသာ အသီးအသီး ဖွဲ့ထားလိုက်ရသည်။ ထို့အပြင် အသီးသီး စီမံခန့်ခွဲမှုကလည်း မလေးနက်ချေ။ သူတို့က ဒီအတိုင်း ယန်ကောကို ထိန်းသိမ်းပြီး အခြားသော အုတ်ဂျုံများအား အထောက်အပံ့အဖွဲ့၏ ဆိုရှယ်မီဒီယာအကောင့်တွင်သာ စကားပြောရန် ဖိတ်ခေါ် လိုက်သည်။

 

သို့သော် ယခုမူ ခြားနားသွားပြီ ဖြစ်သည်။

 

ပြည်ပ ရန်သူက တိုက်ခိုက်လာသောအခါ အုတ်ဂျုံများ အားလုံးက အလျင်လိုမှုကို ခံစားကြလိုက်ရသည်။ နဂိုက ပြေလျော့နေ‌သော စီမံခန့်ခွဲမှုကြီး တစ်ခုလုံးက တစ်သားတည်း ပေါင်းစည်းသွားလေပြီး အပြင်လောကကို ရင်ဆိုင်ရန် ဖြစ်လာသည်။

 

မူလကမူ သူတို့သည် ဒီအတိုင်း ယန်ရှစ်ရွှမ်းကိုသာ ကြည့်ခွင့်ရလျှင် လုံလောက်ပြီဟု ထင်ခဲ့သည်။ ဒီအတိုင်း အေးအေးဆေးဆေး နေတတ်သော ထိုဘုန်းကြီးတစ်ပါးလို စိတ်ဓာတ်ပိုင်း ဆိုင်ရာက သူတို့အား စနှောက်ချင်စိတ် ဖြစ်စေသည်။ ယန်ရှစ်ရွှမ်းကို နေ့တိုင်းလိုလို မြင်နေရရုံနှင့်တင် ကျေနပ်နေသော သူများက အန်တိုနီနှင့် သူ၏ အေးဂျင်စီကြောင့် လှုံ့ဆော်ခံလိုက်ရသည်။ ဒီနေ့ကစပြီး ငါက ယန်ကောရဲ့ အသက် မွေးကြောင်းလုပ်ငန်းက ပရိတ်သတ်တစ်ယောက်ပဲ။ သူ လူတွေ ဘယ်လောက် ဖမ်းနိုင်သလဲဆိုတာကို မူတည်နေတာ မဟုတ်ဘဲနဲ့ ဖျော်ဖြေရေး အသိုင်းအဝိုင်းအတွင်းက ကယ်ရီယာ ပရိတ်သတ်လို့ ဆိုချင်တာ။ ငါတို့ယန်ကောက သေချာပေါက် ပွဲဦးထွက်ရမှာ။ အရင်ဆုံး နာမည်ကြီး ရမယ်။

 

ထိုအချိန်တွင် အန်တိုနီနှင့်‌ အေဂျင်စီကမူ သူတို့၏ မားကတ်တင်း ဆင်းသော နည်းလမ်းများကြောင့် သိပ္ပံနည်းမကျသော ရသစုံရှိုးအပေါ် သက်ရောက်မှုက ပြောင်းလဲသွားကြောင်း သိလိမ့်မည် မဟုတ်ချေ။ ထိုအခြေအနေက ပရိတ်သတ်ပေါင်း များစွာကို ဒေါသ ထွက်သွားစေခဲ့သည်။ သူတို့၏ ပုန်ကန်တတ်သော နှလုံးသားက နဂိုအသက်အရွယ် ဗုဒ္ဓအုတ်ဂျုံများလို နှလုံးသားကို သူတော်စင်ဆန်ဆန် တိုက်ခိုက်လိုသည့် စစ်သည်တော် နှလုံးသားအဖြစ် ပြောင်းလဲသွားစေခဲ့သည်။ ထိုသို့ဖြင့် ထိုcapitalများ၏ ရွေးချယ်မှုကို နောင်တ ရစေအောင် လုပ်ရပေမည်။

 

ထိုသို့ဖြင့် မြောက်မြား လှစွာသော ပရိတ်သတ်များနှင့် ကြည့်ရှုသူ ပေါင်းများစွာက ယန်ရှစ်ရွှမ်း၏ ပရိသတ်အဖြစ် ပြောင်းလဲလိုက်ရုံသာ မကသေးလေဘဲ နဂိုအုတ်ဂျုံများကလည်း အလွန်စည်းလုံးပြီး အတွင်းပိုင်းက ခိုင်မာသွားသည်။ ထိုသို့ဖြင့် အမျိုးမျိုးသော ဗျူဟာများကို ဆွေးနွေးနေကြပြီ ဖြစ်သည်။

 

အစစ်အမှန်ပိုင်ရှင် အတွက်ကမူ _ _ _

 

သူက ဖုန်း ပျောက်သွားသောကြောင့် ယန်ရှစ်ရွှမ်းသည် ဆိုရှယ်မီဒီယာအကောင့်ပင် မရှိလေရာ ကွန့်မန့်များအကြောင်းကို သိပင်မသိပါချေ။ သူက သူတို့ကို နေရာ ချခင်းပေးထားသော နေရာ၏ လျှောက်လမ်းထဲသို့ ဝင်ရောက်လာရုံသာ ရှိသေးသည်။ ရုတ်တရက် နှာချေလိုက်သည်။

 

“ဖျားနေတာလား”

 

သိပ်မဝေးသော နေရာမှ အမျိုးသား၏အသံက ထွက်လာသည်။

 

“လူသားတွေရဲ့ ခန္ဓာကိုယ်က အရမ်းကို အားနည်းလွန်းတယ်။ လေတိုက်တာနဲ့ အအေးမိချင်တယ်။ မင်း ဖျားနေတာ ဖြစ်မယ်။ မင်းရဲ့ကိုယ်ပေါ်က ရေတွေက ခြောက်သေးတာ မဟုတ်ဘူးဆိုတော့ တကယ်ကို _  _ _”

 

ယန်ရှစ်ရွှမ်းကမူ ဒါရိုက်တာ၏လက်ထောက်က ထိုမျှမြန်မြန်မှီလာမည်ဟု မထင်ထားမိချေ။ သူက မျက်လုံးသာ လှန်ုလိုက်သည်။

 

“ခင်ဗျား နောက်တစ်ကြိမ် ဒီလိုပြောတဲ့အခါ အခြေအနေနဲ့ အကျိုးအပြစ်ကို သေချာကြည့်။ ခင်ဗျားသာ ပြတင်းပေါက်အပြင်ဘက်မှာ အသံမပေးဘဲ အချိန်အကြာကြီး ရပ်နေတာကြောင့်သာ မဟုတ်ရင် ငါက ကောင်းကောင်းမွန်မွန် ရေချိုးဖြစ်ဦးမှာပဲ။ အခုလိုမျိုး တစ်ဝက်တစ်ပျက် အနေအထားမျိုးနဲ့ ထွက်လာဖြစ်မှာမှ မဟုတ်တာ”

 

******