Ch 62
Viewers 6k

62 01

အပိုင်း(၆၂)

 

“ဟွန့် ညစ်ပတ်တဲ့ အရာတစ်ခု သပ်သပ်ပဲ။ မိစ္ဆာအသိစိတ်တွေ အပြည့်နဲ့။ တုဖုန်းတောင် မင်းကို မနှိပ်စက်နိုင်ဘူး။ မင်းက ဘယ်လိုတောင် ဒီနေရာကို လာချောင်းရဲတာလဲ”

 

ထိုလူ၏အသံက ကျေးရွာတွင် သည်းထန်နေသော မိုးမုန်တိုင်းထက်ပင် အေးစက် နေသေးသည်။ ထိုထဲတွင် ဝိဉာဉ်ကို ချေမွနိုင်သည့် အလေးချိန်လည်း ပါသည်။

 

ဘန်းကနဲ အသံနှင့်အတူ အနက်ရောင် လူသားပုံသဏ္ဍာန်အရာက မမြင်ရသော အားတစ်ရပ်ကြောင်း မြေပြင်သို့ ပြားကပ်နေအောင် ခပ်ပြင်းပြင်း ဖိကပ်ခံနေရသည်။

 

သူ၏တစ်ကိုယ်လုံးက တဖြည်းဖြည်းချင်း မြေကြီးထဲသို့ ဝင်မတတ် တိုးကပ်သွားသည်။ ထို့နောက် အနက်ရောင် အပျက်အစီး အပိုင်းအစများက စီးကျလာပြီး ရှုပ်ထွေးသည့် အပုံကြီး ဖြစ်သွားသည်။

 

သိပ်မဝေးသော နေရာရှိ တောင်တန်းကြီးကပင် ရုတ်ချည်းလိုလို တိတ်ဆိတ်သွားသည်။ လေတိုးသံများကပင် ပျောက်ကွယ်သွားသည်။

 

အနက်ရောင် လူသားပုံသဏ္ဍာန်အရာက စကားပြောနိုင်လျှင် သူသည် ဒီနေရာကို လာခဲ့မိသည့်အတွက် နောင်တ ရနေလောက်သည်။ သို့သော် သူ့ကို ပို၍စိတ်ရှုပ်ထွေး စေသည်မှာ သူသည် ယခင်က အန္တရာယ်ရှိသည့် စွမ်းအားမျိုးကို သတိမထားမိခဲ့သည်မှာ သေချာသည်။ တောင်ဂူဘုရားကို ဝင်လာခဲ့သော သူများက သိသိသာသာပင် သေမျိုးများ ဖြစ်နေသည်။ သို့သော် မည်သည့်အတွက်ကြောင့် ဒီနေရာသို့ ရောက်လာရုံသာ ရှိသေးသည်။ အန္တရာယ်က ရုတ်တရက် ပေါ်ထွက်လာသည်။ ထို့အပြင် အင်အားက ပြင်းထန် လွန်းသေး၏။ တောင်တန်းတစ်ခုက ဖိချထားသလိုမျိုး သူ့ကို ကြောက်ရွံ့မှုနှင့်အတူ တုန်ယင်နေ စေသည်။ ထို့အပြင် ပြန်လည် ခုခံနိုင်စွမ်းအား မရှိချေ။

 

ဒါပေါ့။ ဒါကဘာလဲဆိုတာကို သူ့မှာ သိဖို့အခွင့်အရေး မရှိဘူး။

 

ထိုလူက အေးစက်စွာ နှာခေါင်း ရှုံ့လိုက်သည်။ လေးလံသော ခြေထောက်ကို သုံးပြီး ညှာတာခြင်း ကင်းမဲ့စွာနှင့် ထိုအရာပေါ် နင်းလိုက်သည်။ ရုတ်တရက် လူသားပုံသဏ္ဍာန်အရာက အနက်ရောင် အပိုင်းအစများအဖြစ် ပြောင်းကာ အက်ကွဲသွားသည်။ ကိုယ်ထည်တစ်ခုလုံးက မြေဆီလွှာအတွင်းသို့ နစ်ဝင်သည်အထိ ဖိချခံလိုက်ရပြီး မြေဆီလွှာများအတွင်း ကွဲကြေမွပြီးမှသာ စူးရှသည့် အော်သံက ထွက်ပေါ် လာသည်။

 

ထို့နောက် ပျောက်ကွယ်သွား၏။

 

ရေချိုးခန်းထဲမှ ယန်ရှစ်ရွှမ်းက တစ်စုံတရာကို သတိထားမိပြီး ပြတင်းပေါက်ဘက်သို့ ပြန်လှည့်ကြည့်သည်။ သူ၏မျက်လုံးက ဘာကိုမှရှင်းရှင်းလင်းလင်း မမြင်နိုင်သေးခင် ခန္ဓာကိုယ်က စတင်ကာ လှုပ်ရှားသည်။

 

သူ၏ပိန်ပါးသော ခြေထောက်မှ ကြွက်သားများက ချက်ချင်းလိုလို တင်းကြပ်သွားသည်။ သူက တစ်ကြိမ်လှမ်းလျှင် ခြေနှစ်လှမ်းစာ အကွာအဝေးမျိုးနှင့် ခြေသုံးလှမ်းသာ လှမ်းလိုက်ပြီး ပြတင်းပေါက်နားသို့ ချက်ချင်းရောက်သွားသည်။ တချိန်တည်းတွင်ပင် တံဘတ်ကို ခပ်မြန်မြန် ကောက်ယူလိုက်ပြီး ခန္ဓာကိုယ်ပေါ် သာမာန်ကာလျှံကာ ကောက်ယူလိုက်သည်။ ထို့နောက် အခြားသောလက်တစ်ဖက်ကို သုံးပြီး ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ကာ ထူးဆန်းသော တစ်စုံတရာကို ခံစားရသည့် ဘက်သို့ ညွှန်လိုက်သည်။

 

 “နိုင်ငံရေးရာ ကိစ္စ ၇ခုနဲ့ ငလျင် ၈မျိုး _ _ _ အဆင့်လွန်စွမ်းအားနဲ့ မိစ္ဆာ _  _  _ “

 

ဂါထာ၏ စကားများက လေထဲသို့ ကျဆင်းပြီးပြီးချင်း မပိတ်ရသေးသော ရေပိုက်ခေါင်းမှ စီးကျလာသော ရေများက ရူပ‌ဗေဒ၏ နိယာမကို မမျှော်လင့်ထားစွာ ဖီဆန်သွားပြီး ဖိတ်စင်လိုက်သည်။ ထိုရေများက မြေပြင်ပေါ်သို့ ကျဆင်းရမည့် အစား မမြင်ရသော အားဖြင့် စုပ်ယူခံရသလိုမျိုး ယန်ရှစ်ရွှမ်းရှိရာဘက်သို့ မျောလွှင့်၍ လာသည်။

 

ထိုသို့ဖြင့် သလင်းကျောက်ရောင် ရေစက်လေးများက ချိန်းကြိုးအသွင် ပြောင်းလဲသွားသည်။ ရေလိုမျိုး နူးညံ့ကာ အားနည်းနေခြင်း မရှိဘဲ အေးစက်သော လက်နက် တစ်လက်အလား ထက်ရှသည့် အရှိန်အဝါမျိုးကို လွှင့်ထုတ်လာရင်း ယန်ရှစ်ရွှမ်း၏ လက်က ညွှန်ထားသော နေရာဘက်သို့ တဖြောင့်တည်း တိုးဝင်သွားသည်။

 

ဟွန့် သူတို့က ဘယ်လောက် ဆိုးယုတ်နေပါစေ။ အရေးမကြီးဘူး။ အနူးညံ့ဆုံး ဒါပေမဲ့ အကြမ်းတမ်းဆုံး ချိန်းကြိုးနဲ့ အချုပ်ခံရလိမ့်မယ်။ ထိုသို့ဖြင့် ယန်ရှစ်ရွှမ်းသည်လည်း ရေချိုးခန်းထဲတွင် သေမျိုး၏ ယန်စွမ်းအင်ကို ထိရန် ကြိုးစားသော ထိုအရာက မည်သည့်အရာ ဖြစ်ကြောင်း မြင်နိုင်ပေလိမ့်မည်။ သို့ရာတွင် အမှောင်ထုထဲတွင် မီးခိုးတစ်ခုတည်းကသာ ထွက်လာသည်။

 

“ယန်ရှစ်ရွှမ်း ဒါက ဘာလဲ”

 

ရင်းနှီးကျွမ်းဝင်သော အသံက ယန်ရှစ်ရွှမ်း၏ ထက်ရှသော အရှိန်အဝါကို ရပ်တန့်သွားစေသည်။ သို့သော် သူက ဒါဟာ အယောင်ဆောင် ထားသော သရဲဖြစ်မည့်အရေးကို စိုးရိမ်မိသွားသည်။ သူ၏ လက်ထဲမှ ဂါထာကို ခပ်ကြမ်းကြမ်း လွှင့်ရမည့်အစား  ပြတင်းပေါက်ဘောင်ကိုသာ လက်မောင်းနှစ်ဖက်လုံးဖြင့်  ကိုင်ပြီး ပြတင်းပေါက် ဘောင်ဘက်မှ ခုန်ထွက်လိုက်သည်။ ထို့နောက် ချိန်းကြိုးဖြင့် ချုပ်နှောင် ခံထားရသော  သူကို ကြည့်ရှုရန် ကြံစည်သည်။

62 02

ထို့နောက် ယန်ရှစ်ရွှမ်းဟာ ပထမဦးဆုံးအကြိမ် စတွေ့ခဲ့ချိန်က သူ့ကို အလွန်အမင်း မခံမရပ်နိုင်အောင် လှုံ့ဆော်ပေးနိုင်သည့် မျက်နှာကြီးကို မြင်လိုက်ရသည်။

 

ထိုအချိန်တွင် ဒါရိုက်တာ လက်ထောက်ကို ချိန်းကြိုးက ချုပ်နှောင်ထားသည်။  သူ၏ဦးထုပ်ကလည်း ယခုအဖြစ်အပျက်ကြောင့် လွှတ်ထွက်သွားခဲ့ပုံ ရသည်။ ထိုအတွက်ကြောင့် သူ၏ လူသား၏ ကန့်သတ်ချက်ကိုပင် ကျော်လွန် နေလောက်အောင် ထက်ရှပြီး ချောမောသည့် မျက်နှာက ယန်ရှစ်ရွှမ်း၏ အရှေ့တွင် ပေါ်ထွက်နေသည်။

 

သို့သော် သူဟာ အမည်မသိရသည့် အရာများကို ကြုံတွေ့ခဲ့ရသည့် သာမာန်လူများနည်းတူ ထိတ်လန့်သွားခြင်း မရှိချေ။ ထိုအစား ယန်ရှစ်ရွှမ်း လုပ်သည့်ကိစ္စကို သိနေပြီး ယန်ရှစ်ရွှမ်းက ရေချိုးခန်းထဲမှ ခုန်ထွက် လာခဲ့ပြီးသည့်တိုင်အောင် ယန်ရှစ်ရွှမ်းကို အပြုံးနှင့် မေးမြန်းရင်း တည်တည်ငြိမ်ငြိမ် ရပ်ရင်း မေးနေသည်။

 

“မင်းက ရေတောင်မသုတ်ဘဲ ထွက်လာတာပဲ”

 

ယခုဖြစ်သွားခဲ့သည့် ကိစ္စက ရုတ်တရက် ဆန်လွန်းသောကြောင့် ယန်ရှစ်ရွှမ်းဟာ ပုံမှန် မဟုတ်သည့် အရာတစ်ခုခုကို ချော်မထွက်သွားစေချင်ပေ။ ထို့ကြောင့် သူသည် ခန္ဓာကိုယ်ကို တံဘက်တစ်ခုဖြင့် ဖြစ်သလိုသာ ပတ်ပြီး ရေချိုးခန်းထဲမှ ချက်ချင်း ခုန်ထွက်လာခဲ့ခြင်း ဖြစ်လေရာ ကိုယ်မှရေများကိုပင် မသုတ်ရသေးပေ။

 

ထိုအချိန်တွင် ယန်ရှစ်ရွှမ်း၏ဆံပင်များက မစို‌မခြောက် အနေအထားမျိုးနှင့် ဖြစ်သည်။ ဆံပင်များအားလုံးကိုလည်း ခေါင်းနောက်ဘက်သို့ သိမ်းထား၏။ နဖူးပေါ် ကျဆင်းနေသော ဆံပင်များ၏ အနှောက်အယှက် မရှိတော့သောအခါ သူ၏တောက်ပပြီး စူးရှသော အကြည့်က ဒါရိုက်တာ လက်ထောက်၏အရှေ့တွင် သိသိသာသာ ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။

 

ရေစက်များက သူ၏အသားအရည်အပေါ် မြွေတစ်ကောင်လို ခိုးကြောင်ခိုးဝှက် ဆင်းချသွားပြီး တံဘက်အတွင်းသို့ ဝင်ရောက်သွားသည်။

 

ဒါရိုက်တာ လက်ထောက်ကမူ ယန်ရှစ်ရွှမ်းက  သံကြိုးနှင့် ချုပ်နှောင်ထားသည့်အတွက် ဒေါသထွက်သည်ဟု မခံစားရချေ။ ထို့အစား ယန်ရှစ်ရွှမ်း၏ ပုံပန်းသွင်ပြင်ကို မြင်လိုက်ပြီးနောက် သူ၏မျက်လုံးက အံ့အားသင့်မှုနှင့်အတူ အနည်းငယ် လှုပ်ခတ်သွားသည်။ ထို့နောက် သူ၏ထက်ရှသော မျက်ခုံးအကြားတွင် ဆန်းကြယ်သော အပြုံးမျိုးက ပေါ်ထွက်လာသည်။

 

ဝရုန်းသုန်းကား ဖြစ်သွားတဲ့ စိတ်ခံစားချက် အပြောင်းအလဲမျိုးကို အတွေ့အကြုံရတာက ရှားပါးတာပဲ။ နွေရာသီည၏ မိုးနှင့်ရောနေသော အေးစက်သော လေက တိုက်ခိုက် လာပြီးပြီးချင်း ယန်ရှစ်ရွှမ်းက ဒါရိုက်တာလက်ထောက်၏ မေးခွန်းကို မတုန့်ပြန်နိုင်သေးခင် ခန္ဓာကိုယ်က အငွေ့ပျံသွားသော ရေများနှင့် အပူကို သယ်ဆောင်ထားသော ဓာတ်အခြေအနေကြောင့် ချမ်းစိမ့်ကာ တုန်ယင်သွားလေသည်။

 

ထို့နောက် သူက နှာချေသည်။

 

ယန်ရှစ်ရွှမ်း “…..”

 

သေစမ်း နည်းနည် အေးလာတယ်။ သို့သော် ယန်ရှစ်ရွှမ်းကို ပိုပြီး စိတ်မသက်မသာ  ဖြစ်စေသည်မှာ ထိုအအေးက ပုံမှန် မဟုတ်သလို ဖြစ်နေသေးသော်လည်း သူစောင့်နေသည့် အရာက ပေါ်မလာခြင်း ဖြစ်သည်။

 

ရေချိုးခန်း အပြင်ဘက်တွင် ရှိနေသောသူက ဒါရိုက်တာလက်ထောက် တစ်ယောက် ဖြစ်ပြီး သေမျိုးတစ်ယောက် ဖြစ်ကြောင်း မြင်သောအခါ သူက လက်ထဲမှ ဂါထာကို မဲမှောင်နေသော မျက်နှာနှင့် အတူ ဖယ်ရှား လိုက်ရသည်။

 

ယန်ရှစ်ရွှမ်းက ချက်ချင်းဆိုသလိုပင် ဒါရိုက်တာ လက်ထောက်ကို ချုပ်နှောင်ထားသော ချိန်းကြိုက ရေများအဖြစ် ပြောင်းလဲပြီး စီးကျလာကာ အဝတ်များကို စိုစွတ်သွားစေသည်။

 

ထိုသို့ဖြင့် ဒါဟာ ယန်ရှစ်ရွှမ်း၏ အနည်းငယ် ဆိုးယုတ်သော စိတ်ဖြင့် ကလဲ့စားချေခြင်း ဖြစ်သည်။

 

“ခင်ဗျားက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ”

 

ယန်ရှစ်ရွှမ်းက မဲမှောင်သော မျက်နှာဖြင့် မေးသည်။

 

“အမှောင်ထဲမှာ စကားတစ်ခွန်း မဆိုဘဲ ရပ်နေတယ်။ ခင်ဗျားက သူခိုးလား”

 

ဒါရိုက်တာလက်ထောက်က သူ၏ဂျာကင်ကို အပေါ်မှစပြီး တဖြည်းဖြည်းချင်း ကြယ်သီး ချွတ်သည်။ ထို့နောက် စိုသွားသော ဂျာကင်ကို ချွတ်လိုက်ပြီး လက်မောင်းပေါ် တင်ထားသည်။ သူ့တွင် ကြောက်လန့်သွားသည့် လက္ခဏာကိုလည်း မမြင်ပါချေ။

 

“မင်း ရေလာမချိုးခင်က မင်း ရေချိုးနေတဲ့ချိန် စောင့်ကြည့်တဲ့သူ မရှိအောင် သေချာစေရမယ်လို့ မပြောခဲ့ဖူးလား”

 

ဒါရိုက်တာ လက်ထောက်က ပြောသည်။

 

“ယန်ရှစ်ရွှမ်း မင်းအထင် ငါက စကားကို ဖြစ်သလို ပြောတဲ့သူလား။ ပြောတဲ့အတိုင်း လိုက်မလုပ်တဲ့ သူလို့ ထင်နေတာလား”

 

ယန်ရှစ်ရွှမ်းက အေးစက်စွာ နှာခေါင်းရှုံ့သည်။

62 03

“ခင်ဗျားက ဒီလို ကတိမျိုးကို မဖြည့်ပေးလဲ ကိစ္စမရှိဘူး။ ဒီနေရာမှာ ရပ်နေတဲ့အချိန်မှာ လူ မှားခံရမှာကို မကြောက်ဘူးလား။ အန်တိုနီနဲ့ အခြားသူတွေကို ချောင်းကြည့် ခဲ့တာက ခင်ဗျား ဖြစ်နေလို့လား”

 

သူက ထိုမေးခွန်းကို မေးလိုက်သော် ယန်ရှစ်ရွှမ်းကမူ သေချာပေါက် ထိုလူ မဟုတ်ကြောင်း သိနေပြီးသား ဖြစ်သည်။ သို့သော် တစ်ချိန်တည်းတွင်ပင် ထိုလူကို သံသယ ဝင်သွားမိပြန်သည်။

 

သူ ထိုလူကို စတွေ့ခဲ့ချိန်က မခံမရပ်နိုင်အောင် ခံစားခဲ့ရသော ခံစားချက်ကို ထည့်မပြောရင်လျှင်ပင် သူ၏အလိုအလျောက် တုန့်ပြန်မှုအရ သရဲ နှင်ချင်စိတ်က လစ်လျူရှုရန် ခက်ခဲသည်။ ယခုလေးတင် ဒါရိုက်တာလက်ထောက်ထံမှ အသက်ရှူသံကိုသာ သတိမထားမိလျှင် ရေချိုးခန်းအပြင်ဘက်တွင် သေမျိုးတစ်ယောက် ရပ်နေကြောင်း သိရန် ခက်ခဲသည်။

 

ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

 

ယန်ရှစ်ရွှမ်းက အထူးတလည် လေ့ကျင်မှု ခံယူခဲ့သော ပရော်ဖက်ရှင်နယ် ပညာရှင်များကို မမြင်ဖူးခဲ့သည်လည်း မဟုတ်ချေ။ သူ၏ ဆရာ ဟိုင်ရန်ဂူကျောင်းမှ နေရာအနှံ့ လှည့်လည် ကူညီပေးခဲ့သော သူဆိုလျှင်ပင် အသက်ရှူ ထုတ်လိုက်ပြီးနောက် ကောင်းကင်နှင့် မြေကြီးက တသားတည်း ပေါင်းစပ်လုနီးပါး ဖြစ်နေလေသည်။ သို့သော် သူ ယခင်က ကြုံခဲ့ဖူးသော မည်သူများထဲမှ တစ်ယောက်ကမှ ထိုအမျိုးသားလောက် တည်ကြည် မနေခဲ့ပေ။

 

သူဟာ အစကတည်းက ဒီသေမျိုးလောကနှင့် မသက်ဆိုင်နေသလိုမျိုး ဖြစ်နေသည်။

 

ယန်ရှစ်ရွှမ်းကလည်း ဒါရိုက်တာလက်ထောက်ကို စူးစမ်းစစ်ဆေးသည့် အကြည့်မျိုးနှင့် ကြည့်နေခဲ့ချိန် ဒါရိုက်တာလက်ထောက်က ယန်ရှစ်ရွှမ်း၏ ပြောစကားကြောင့် ရွံ့ရှာသွားသလိုမျိုး မျက်မှောင်အသာ ကြုတ်သည်။

 

“ငါက အခြားသူတွေ ရေချိုးကြတဲ့ချိန်မှာ စောင့်ကြည့်တဲ့ ဝါသနာ မရှိဘူး”

 

ဒါရိုက်တာလက်ထောက်က အေးစက်စွာ နှာခေါင်း ရှုံ့သည်။ သူက အန်တိုနီနှင့် အခြားသောသူများ ရေချိုးနေချိန် ခိုးကြည့်ခံရသည့် အကြောင်းကို ပြောသောအခါ သူ၏အသုံးက သိသိသာသာပင် အထင်သေး ရွံရှာဟန် ဖြစ်သွားသည်။ ထိုလူများ၏နာမည်ကို ပါးစပ်မှ ထုတ်ပြောရသည်ကိုပင် စိတ်မဝင်စးသလို ဖြစ်နေသည်။

 

သို့သော် ချက်ချင်းဆိုသလိုပင် သူ၏အမူအယာက ပြန်လည် ပြေလျော့သွားပြန်သည်။ သူ၏ ရေစိုနေသော အဝတ်များကို လက်နှင့်မြောက်ပြရင်း ယန်ရှစ်ရွှမ်းကို မေးသည်။

 

“လေတိုက်ထဲမှာ နေတာကြာပြီ။ မင်း ရေပူနဲ့ချိုး ထားတာ အလဟဿ ဖြစ်သွားပြီပေါ့။ မဝင်တော့ဘူး”

 

ယန်ရှစ်ရွှမ်းက နောက်လှည့်ကာ ထွက်သွားသည်။

 

“အခု ဝင်တော့မှာ ခင်ဗျားက သွားလို့ရပြီ”

 

သူက ရေချိုးခန်းထဲသို့ ထပ်ဝင်သွားပြီး တံခါးကို ဖြောင်းကနဲ ပိတ်မည့်အချိန်တွင် မမျှော်လင့် ထားစွာပင် ရှင်းလင်းကြည်လင်သော အရိုးဆစ်များနှင့် ဖျော့တော့သည့် လက်တစ်ဖက်က တံခါးဘောင်ကို ကိုင်ထားသည်။

 

ဒါရိုက်တာလက်ထောက်က တံခါးကို မှီနေသေးသည်။

 

“ငါ့ရဲ့အဝတ်တွေ အားလုံးက စိုသွားပြီးဆိုတော့  ငါသာ ရေပူနဲ့မချိုးရင် ဖျားမှာပေါ့”

 

ယန်ရှစ်ရွှမ်းက သူ၏အဝတ်များ ပစ်ချထားသော နေရာသို့ သွားရင်း  နောက်လှည့် မကြည့်ဘဲ ပြောလိုက်သည်။

 

“ဒါဆိုလည်း ခင်ဗျား ဆက်သုံးလိုက်တော့။ ငါကတော့ သွားတော့မယ်”

 

ဒါရိုက်တာလက်ထောက်က “ ယန်ရှစ်ရွှမ်း အရမ်းကြီး ချုပ်ထိန်းမထားပါနဲ့။ ငါက ဘေးနားမှာ စောင့်နေနိုင်ပါတယ်”

 

ခင်ဗျားကသာ ချုပ်ထိန်း လွန်းနေတာ။

 

ယန်ရှစ်ရွှမ်းက ဘေးဘက်တွင် ချိတ်ထားသော ကုပ်ကို ထိုလူထံ ပစ်ပေါက်လိုက်သည်။ သူက မျက်နှာကို တမင်မဲ့ပြီး နှာခေါင်းရှုံ့လိုက်ပြန်၏။

 

“ငါက အခြားသူတွေရှေ့မှာ ရေချိုးပြတာကို မကြိုက်ဘူး။ ဒီရေချိုးခန်း ခင်ဗျားကို ပေးလိုက်မယ် မှတ်ထား ဟုတ်ပြီလား။ ကောင်းကောင်း ချိုးတော့”

 

ဒါရိုက်တာလက်ထောက်က မျက်နှာကို အုပ်သွားသည့် ကုပ်ကို ချွတ်လိုက်ချိန်တွင် ယန်ရှစ်ရွှမ်းက လျင်မြန်စွာနှင့် အဝတ်အစား လဲပြီးသွားကာ ဒါရိုက်တာလက်ထောက်နှင့် ရင်းနှီးလွန်းသော ပုံပန်းသွင်ပြင် အဖြစ် ပြန်ပြောင်း သွားပြီးလေပြီ။

 

ယန်ရှစ်ရွှမ်းကမူ  ဒီခရီးတွင် မည်သည့် အရာမှ ရှာမတွေ့ခဲ့သည့်အတွက် အနည်းငယ် မပျော်မရွှင် ဖြစ်နေသည်။ ဒါရိုက်တာလက်ထောက်က ခေါင်းကောင်းပုံ မရသောကြောင့် သူသည် တစ်ဖက်သူကို ရေချိုးခန်းကိုသာ ပေးထားပြီး ဒေါသတကြီးနှင့် ထွက်သွားလိုက်ရသည်။

 

ဒါရိုက်တာလက်ထောက်က ရေချိုးခန်း၏ အိုဟောင်းနေသော တံခါးကို မှီလျက် ရှိနေသည်။ အလင်းရောင်ကောင်းကောင်း မပေးနိုင်သော မီးလုံးမှ အလင်းရောင်က သူ၏မျက်နှာအား အမှောင်ထဲသို့ ကျနေစေသည်။ ထို့ကြောင့် သူဟာ ပိုပြီးအန္တရာယ်များပြီး ထက်ရှသော ပုံစံမျိုးဖြစ်သည်။ သူက ယန်ရှစ်ရွှမ်း၏နောက်ကျောကို အချိန်အတန်ကြာ စိုက်ကြည့်ပြီး တစ်ဖက်သူက ထောင့်တစ်နေရာ ရောက်ရှိပြီး ပျောက်ကွယ်သွားပြီးမှသာ  တဖြည်းဖြည်းချင်း ခပ်တိုးတိုး ရယ်ပြီး လေသံကို တိုးကာ ပြောသည်။

 

“လောက က အပနှင်သူတွေ _ _ _လောက က အပနှင်သူတွေ အားလုံးက ဒီလိုလူမျိုးဆိုရင် ဖုန်းတုက ဘယ်လိုနည်းနဲ့မဆို တည်ရှိရှိ မရှိရှိ အရေးမကြီးတော့ဘူး”

 

သည်းထန်သော မိုး၏ပြင်းအားက မလျော့သွား‌ချေ။ မိုး၏ ကွဲအက်သလို အသံများက ထိုလူ၏ အသံတိုးတိုး ရေရွတ်သံကို လွှမ်းခြုံသွားသည်။

62 04

သို့သော် သူက ရေမချိုးပါ‌ချေ။ ဒီအတိုင်း အချိန်အတန်ကြာအောင် ရပ်နေပြီးနောက် ပြန်မတ်လိုက်ကာ ဧည့်သည်များ အနားယူသော နေရာသို့ သွားရန် ကြံစည်လိုက်သည်။

 

တောင်ဘုရားကျောင်း၏ အနောက်ဘက် သစ်ပင်များ ရှင်းလင်းနေသော တောင်ကုန်းပေါ်တွင် ရုတ်တရက် မိုးကို အကာအကွယ်ယူပြီး တွားသွားသောအသံက ထွက်လာသည်။ ထိုအမျိုးသားက ခေါင်းကို အသာစောင်းလိုက်သည်။ သူ၏အကြည့်က အေးစက်သွားပြီး တောင်နောက်ဘက်ခြမ်းသို့ တိုက်ရိုက် ရောက်ရှိသွားကာ ရွံ့ရှာသော ပုံစံမျိုးဖြင့် ပြောသည်။

 

ထို့နောက် သူက ပထမခြေလှမ်းကို လှမ်းလိုက်သည်။ ထိုအခါ ယခုလေးတင် မှင်သက်ဖွယ် ကောင်းသော ခမ်းနားမှုက ချက်ချင်းလိုလို ပျောက်ကွယ်သွားပြီး သဲလွန်စပင် မရှိဘဲ ထွက်ခွာသွားသည်။

 

ကြည့်ရတာ ထိုနေရာတွင် အမြဲတစေ ရှိနေခဲ့သောသူက သာမာန်လက်ထောက် တစ်ယောက်အလား ဖြစ်သည်။

 

…..

 

ယန်ရှစ်ရွှမ်းက အေးစက်သော မျက်နှာနှင့် သူ၏အခန်းထဲသို့ ပြန်သွားသည်။ ဧည့်သည်များက ထမင်းစားပြီးကာစ ဖြစ်သည်။ ချောင်းကြည့်ခံရသော ကိစ္စကြောင့် အားလုံးက အခြေအနေ ဆိုးနေပုံ ရသည်။

 

အန်းနန်ယွမ်နှင့် ပိုင်ရွှမ်းတို့ကဲ့သို့ ကွေ့တောင်အပိုင်းတွင် ပါဝင်ခဲ့သောသူများက တစ်စုံတရာဟာ ပုံမှန်မဟုတ်‌ကြောင်း ခံစားမိပြီ ဖြစ်သည်။ ယန်ရှစ်ရွှမ်းက ထွက်သွားပြီးနောက် သူတို့က အခန်းထဲသို့ ပြန်ဆုတ်ခွာ သွားပြီး သူတို့၏ အခွဲဖန်သားပြင်ကိုသာ တိတ်တဆိတ် ကြည့်နေလိုက်ကြကာ အခြားသော ဧည့်သည်များ၏ ဆွေးနွေးမှုများအတွင်းသို့ ဝင်ပါခဲ့ခြင်း မရှိခဲ့ချေ။

 

ကြည့်ရှုသူများပင် ထိုလူနှစ်ယောက်၏ တုန့်ပြန်မှုကြောင့် အံ့ဩနေကြသော်လည်း ပရိတ်သတ်များကမူ သူတို့အနှစ်သက်ဆုံး အိုင်ဒေါလ်များက ဖန်သားပြင်တစ်ခုလုံးကို အပိုင်ရထားသည့်အတွက် ပျော်ရွှင်သွားကြသည်။

 

အန်တိုနီကမူ ရုန်ရုန်နှင့် ထိုင်ပြီး မကြာခဏဆိုသလို သူမကို ငြင်သာစွာ စကားပြောနေရင်း နှစ်သိမ့်ပေးနေသည် အတတ်နိုင်ဆုံး သူဟာ မည်မျှ ဂျန်းဒမန်းဆန်ကြောင်း ဖော်ပြပြီး ကင်မရာရှေ့မှာ မိန်ကလေးများကို ဂရုစိုက် ပြလေသည်။

 

အခြားသော ဧည့်သည်များက ထိုအခြေအနေကို မြင်သောအခါ အထင်တသေး နှာခေါင်းရှုံ့ကြသည်။ ထို တရားဝင်ပင် ပွဲဦးမထွက်ရသေးသည့် လူငယ်၏ အပြုအမူကို ရှုံ့ချနေကြသည်။

 

သို့သော် ထိုလှည့်ကွက်ကို ချစ်ကျွမ်း ဝင်သွားကြသော ကြည့်ရှုသူပေါင်းများစွာလည်း ရှိနေသေးသည်။

 

အန်တိုနီကို ရစ်မူးသွားပြီး ဆိုရှယ်မီဒီယာအကောင့်များကိုပင် ဖော်လိုလျက် အခွဲဖန်သားပြင်ကိုပင် စခရက် လုပ်ကြသေးသည်။

 

[ကောက တအား ယဉ်ကျေးတာပဲ။ သူက ရုန်ရုန်ကို ရေဘူး အဖုံးဖွင့်ပြီးတော့တောင် ပေးသေးတယ်။ သူက တော်တော်လေးလဲ တက်ကြွတယ်။ အာ ဒီအဒေါ်ကြီးက တော်တော်လေးကို ခံစားသွားရပါပြီ။ ဒီအ‌ဒေါ်ကြီးက အန်းနန်ယွမ်ဆီက လွတ်မြောက်ခဲ့ပေမဲ့ အန်တိုနီဆီမှာ ကျရှုံးသွားပြီ။ သူတို့ရဲ့ ကုမ္ပဏီက တော်တော်လေး အင်အားကြီးတာပဲ။ ဒီလောက်ထူးချွန်တဲ့ အားတစ်တွေကို မွေးထုတ်ပေးနိုင်တယ်]

 

[ဝိုး  ငါ့ရဲ့နီနီကလေး တအားကို လိမ္မာနာခံတာပဲ။ တော်တော်လေး ကြောက်နေပေမဲ့လည်း ဘေးနားက အမျိုးသမီးကို ဂရုစိုက်ပေးနေတုန်းပဲ တော်လိုက်တာ]

 

[ငါ့ရဲ့ကောက တအားချောတယ်။ ငါ နောက်နှစ် ကောပွဲဦးထွက်ရင် သူ့ကို မဲပေးရမယ်]

 

[တစ်ယောက်ယောက်ကများ ယန်ရှစ်ရွှမ်းအကြောင်း မပြောကြဘူးလား။ ယန်ရှစ်ရွှမ်းက ငါ့ရဲ့နီနီလေးလောက်တောင်  မတော်ဘူး။ နီနီဆိုရင် တစ်ဖွဲ့တည်းမှာ ရှိတဲ့ အမျိုးသမီးဧည့်သည်ကို ဘယ်လိုချော့မြူရမလဲ ဆိုတာကို သိတယ်။ ကြည့်စမ်းပါဦး သူက ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်သလဲ]

 

******