အပိုင်း(၆၁)
[ငါ ငယ်ငယ်ကတည်းက ခေါင်းလျှော်တဲ့အခါ မျက်လုံး မမှိတ်ရဲဘူး။ ခေါင်းလျှော်ရည်က မျက်လုံးထဲကို စီးကျပြီး တအားနာလာရင်တောင်မှ မျက်လုံး မမှိတ်ရဲခဲ့ဘူး။ ငါ့အမေကတောင် ငါ့ကို ငကြောက်လို့ ဆူတယ်။ ဒါပေမဲ့ ငါ မျက်လုံး မှိတ်လိုက်တာနဲ့ တစ်ခုခုက ထွက်လာတော့မယ်လို့ ထင်နေတာ။ အဲဒီအရာက ငါ့ရဲ့အနောက်ဘက်မှာ ရပ်ပြီး ငါ့ကို သတ်လိမ့်မယ်။ အခု ကြည့်ပါဦး ငါက ကြောက်တာ မဟုတ်ဘူး။ ဒါက တကယ် ဖြစ်လာတာပဲလေ] [ငါလည်းပဲ ငါ့ရဲ့ကလေးဘဝမှာ အကြောက်ဆုံးအရာက တကယ်ဖြစ်လာပြီ အား။ ငါတော့ တစ်ဘဝလုံး ကုနိုင်တော့မယ် မထင်ဘူး]
[ငါ လွန်ခဲ့တဲ့ တစ်မိနစ်လေးကတင် ဒါက ဇာတ်ညွှန်းရေးထားတာလို့ အခိုင်အမာ ယုံကြည်နေတဲ့ ဖန်တစ်ယောက် ဖြစ်နေတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။ ဒါက ဒီအတိုင်း ထိတ်လန့်သဲဖို အစစ်အမှန် ရသစုံရှိုးတစ်ခုလို့ ထင်နေတာလေ။ ဇာတ်ညွှန်းကိုလည်း ကြိုရေးထားတယ်ပေါ့။ မင်းတို့ အရင်က ပြောနေတဲ့ သရဲတွေ၊ ကြောက်စရာကောင်းတဲ့ သွေးလူသားတွေဆိုတာ အားလုံးက လှလှပပ ဖန်တီးထားတဲ့ စပရှယ်အဖက်တွေလို့ ထင်နေတာ။ နောက်ပြီး ငါကိုယ်တိုင်က ရုပ်ရှင်ထဲမှာ စပရှယ်အဖက်တွေ သုံးပြီး အကူပစ္စည်းတွေ ပြင်ဆင်ပေးတဲ့ ကျွမ်းကျင်ပညာရှင် တစ်ယောက်ဆိုတော့ ဒီလိုအရာမျိုးကို လုပ်ဖို့ လွယ်ကူခဲ့တယ်လို့ ထင်နေတာ။ ဒါပေမဲ့ ငါ့ရဲ့လက်နဲ့ ငါကိုယ်တိုင် စခရင်ရှုကနေ psအဖြစ် ပြောင်းလိုက်ပြီး အရောင်တွေကို ငါကိုယ်တိုင် ချိန်လိုက်ပြီး စပရှယ်အဖက် သုံးထားတာကို သက်သေပြဖို့ ရှာဖွေလိုက်မိတယ်။ ဒါပေမဲ့ အခု လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က ဒီစကားတွေ ပြောတဲ့ ငါ့ကိုယ်ငါ ဖြတ်ရိုက်ချင်သွားပြီ။ ဒါက သောက်ကျိုးနည်း စပရှယ်အဖက်တွေ ထည့်ထားတာမှ မဟုတ်တာ။ ဘယ်လိုပဲ ကြည့်ကြည့် တကယ် ဖြစ်နေတာပဲ။ ငါ အရင်က လုပ်ခဲ့ဖူးတဲ့ မီးလောင်ခံထားရလို့ ဆွေးမြေ့မဲတူးနေတဲ့ အလောင်းဇတ်ရံ ပစ္စည်းလိုပဲ။ မီးကြောင့် ကာဗွန်နိုက်စ် တစ်ခုလိုပဲ မဲတူးနေတာလေ]
[ငါ့ရဲ့အပေါ်က စပရှယ်အဖက် ကျွမ်းကျင်တဲ့ ဆရာသခင်အတွက် ဖယောင်းတိုင် ထွန်းပေးမယ်နော်။ ငါ့ရဲ့မိသားစုက တစ်ယောက်က ဒီအကြောင်းကို သိပြီး ပြင်းပြင်းထန်ထန် တုန်လှုပ်သွားတယ်။ ဘာလို့လဲဆိုသော သူက ဟိုင်ရန်ဂူကျောင်းက အပြင်စည်း တပည့်ဂိုဏ်းသား တစ်ယောက်ဖြစ်နေတာလေ။ ဟိုင်ရန်ဂူကျောင်းဆိုတာ ပင်းဟိုင်မြို့မှာ တော်တော်လေး ကျော်ကြားတဲ့ တာအိုဘုန်းကြီးကျောင်း မဟုတ်လား။ ဒါကြောင့် ငါက သူ အရင်တစ်ခေါက်က သတိပေးထားတဲ့အတိုင်း သူ့ဆီကို စခရင်ရှု ပို့ပြီး မေးကြည့်တော့ ဒါက အမှန်ဖြစ်နေတာလို့ ပြောတယ်။ ဟိုင်ရွန်ဂူဘုရားကျောင်းက အခြားဘုန်းတော်ကြီးတွေတောင် အလန့်တကြား ဖြစ်နေကြတယ်]
[???သောက်ကျိုးနည်း တာအိုဘုန်းတော်ကြီးက ဒီမီးလောင်ထားတဲ့ အလောင်းတွေက တကယ် မှန်နေတာလို့ ပြောတာလား။ ဒါမှမဟုတ် ဘယ်ဟာက မှန်တယ်လို့ ပြောတာလဲ။ အဲ့ဒီဟိုင်ရွန်ဂူဘုရားကျောင်း အဖွဲ့ဝင် မြန်မြန်လေး ပြန်လာပြီး ဖြေပေးပါဦး။ မင်း ရှင်းရှင်းလင်းလင်း မပြောဘဲ ထွက်မသွားနဲ့လေ။ မဟုတ်ရင် ငါ ဒီည မအိပ်နိုင်လောက်တော့ဘူး]
[ခဏလေး ငါ တောင်းပန်ပါတယ်။ ကလေးကို ကယ်တင်ပေးပါ။ အခု ငါ မီးဖွင့်ဖို့အတွက် အိပ်ယာထဲကနေ အပြေးထွက်ပြီး တံခါးသွားပိတ်နေတာ။ ဒါပေမဲ့ အမှောင်ထဲမှာ ငါ့ဆီ ဆန့်တန်းလာတဲ့ လက်မည်းမည်းကြီး ရှိတယ်လို့ ခံစားနေရတယ်။ ငါ ဘာမှမလုပ်နိုင်ဘဲ မျက်လုံးပဲ မှိတ်ထားနေရတယ်]
[ငါလည်း တူတူပဲ။ ဒါပေမဲ့ အဲ့ဒီလို ကြောက်နေမဲ့အစား ယန်ကောရဲ့ စခရင်ရှုကိုပဲ စခရင်ဆေ့ဗာအဖြစ် ထားလိုက်တာ ပိုမကောင်းဘူးလား။ အနည်းဆုံးတော့ မျက်လုံးဖွင့်နိုင်သွားပြီလေ ( ဂုဏ်ယူနေတဲ့ jpg)]
ဆွေးနွေးမှုနယ်မြေမှ အကြောင်းအရာများနှင့် ကွန့်မန့်များက တစ္ဆေသရဲများနှင့် နတ်ဘုရားများထံ ချော်ထွက်သထက် ချော်ထွက်လာသောအခါ ရုတ်တရက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ အိမ်စာမျက်နှာ အပေါ်ဆုံးတွင် သတိပေးစာက ပေါ်လာသည်။
[ကျေးဇူးပြုပြီး တိုက်ရိုက်ထုတ်လွှင့်မှုပါ အကြောင်းအရာများကို အကောင်းမြင်သော ရှုထောင့် ရှိပြီး ဟဲသီးဖြစ်နေအောင် ထိန်းသိမ်းပေးပါ။ အဲ့ဒီလိုမှမဟုတ်ရင် စည်းမျဉ်းတွေအရ ကိုင်တွယ်ရပါလိမ့်မယ်]
တိုးဂိုက်၏ တက်ပလက်ကို ယန်ရှစ်ရွှမ်း၏ လက်ထဲတွင် ကိုင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ပရိုဂရမ်ကလည်း ဗီဒီယိုပလက်ဖောင်း၏ ဘက်စတေ့မှ သတိပေးစာကို လက်ခံရရှိသည်။
[ကျေးဇူးပြုပြီး ကြည့်ရှုသူတွေကို ကောင်းမွန်တဲ့ ဆွေးနွေးမှုအတွင်းကို ပြန်လည်လမ်းကြောင်း ပြောင်းပေးပါ။ ဒီလိုနဲ့ ဆယ်ကျော်သက်တွေအတွက် ထိခိုက်နစ်နာစေမဲ့ သတင်းအချက်အလက်တွေ၊ သဘာဝလွန်တဲ့ ယုံကြည် လက်ခံနိုင်ဖွယ် မရှိတဲ့အကြောင်းအရာတွေကို မယုံကြည့်စေဖို့ အကြောင်းအရာတွေကို ရှောင်ရှားပေးပါ။ အဲ့ဒီလိုမှမဟုတ်ရင် ဒီပရိုဂရမ်၏ တိုက်ရိုက်ထုတ်လွှင့်မှု ပါမစ်က အပိတ်ခံရပါလိမ့်မယ်]
ယန်ရှစ်ရွှမ်း “!”
ထိုအခါမှသာ ပရိုဂရမ်၏ တိုက်ရိုက်ထုတ်လွှင့်မှု ကွန်တန့်မှုတွင် ကန့်သတ်ချက် ရှိကြောင်း သတိရသွားသည်။ ထိုသို့ဖြင့် သဘာဝလွန်သည့် ကိစ္စများကို ပရိုမုဒ်လုပ်ခြင်းအား ခွင့်ပြုထားခြင်း မရှိပေ။ ထိုအရူးလေးက သူကသာ တစ်ညလုံး ကောင်းကောင်း မစောင့်ကြပ်ထားဘဲ မနက်ဖြန် အဘန်းခံရကြောင်း တွေ့ရှိသွားပြီး အထွန့်တက်လာရင်….
“ကျွတ်စ်”
61 02
သို့သော် ကျန်းဝူပင်း၏ ပရိုဂရမ်ကို ကယ်တင်ရန်အလို့ငှာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှေ့မှ ဧည့်သည်များအား မှင်သေသေနှင့် ပြောလိုက်ရသည်။
“မင်းတို့ ဘာတွေပြော နေကြတာလဲ။ မင်းတို့ ဘယ်ခေတ်မှာ နေနေတာလဲ။ မင်းတို့ ဒါတွေကို ပြောနေကြတုန်းလား။ လွန်ခဲ့တဲ့ နှစ်ရာကျော်က အချိန် ကူးပြောင်းလာခဲ့တာလား။ မင်းတို့က ဒီခေတ်က လူတွေ ဒီတော့ သိပ္ပံပညာကို ယုံကြည်ရမယ်”
သူက မပျော်မရွှ င်ဖြစ်နေသောအခါ သူ၏ထက်ရှသော မျက်ခုံးက ပို၍ပင် ကြုတ်သွားပြီး နှာခေါင်းထောင့်စွန်းက ပို၍ပင် ကော့ကျလေရာ ပို၍ပင် ထေ့ငေါ့လှောင်ပြောင် ပြောသလို ဖြစ်သွားစေသည်။
“မင်းတိုက တအား စိတ်ကူးယဉ်ကြတာပဲ။ မင်းတို့က ဇာတ်ရံပစ္စည်းတွေကို ကိုင်တွယ် ပြင်ဆင်ပေးရတဲ့ မဖြစ်သင့်ပဲ ဇာတ်ညွှန်းရေးတဲ့သူတွေ ဖြစ်သင့်တာ မဟုတ်လား။ မီးလောင် ပြာချခံထားရတဲ့ အလောင်းတွေ ဟုတ်လား။ ရှင်းရှင်းလင်းလင်း ကြည့်စမ်းပါ။ ဒါက ဒီအတိုင်းမဲတာ”
“နယ်မြို့တွေမှာ တိရိစ္ဆာန်ငယ်လေးတွေက အိမ်ထဲကိုဝင်တာ ပုံမှန်ပဲ မဟုတ်လား။ နောက်ပြီး ဒီရေချိုးခန်းရဲ့ နောက်မှာတောင် ရှိသေးတယ်။ ဒီတော့ ရှဉ့်ပေါက်လေးတွေ ဒါမှမဟုတ် အလားတူတဲ့ သတ္တဝါလေးတွေက ခိုးကြောင်ခိုးဝှက် ဝင်လာတာ ပုံမှန်ပဲ မဟုတ်ဘူးလား။ ဘာတွေ ဝရုန်းသုန်းကား လုပ်နေကြတာလဲ။ ဝေဝါးနေတဲ့အလင်းက လုံလောက်အောင် မတောက်ပဘူး။ ဒီတော့ မင်းတို့က အမှောင်ထုကိုပဲ မြင်နိုင်တာ။ ဒါပေမယ့် ဒီလိုအမှောင်ထုကိုပဲ မြင်ရတာကို မီးလောင်ထားတဲ့ အလောင်းဆိုပြီး ထင်ယောင်ထင်မှား အထင်မှတ်မှားသွားတယ်။ ဒီလို အထင်မှားလိုက်တာ ရှဉ့်ပေါက်လေးတွေကို မယဉ်ကျေးရာ မရောက်ဘူးလား”
ယန်ရှစ်ရွှမ်းကလည်း သူ၏ကိုယ်ပိုင်စိတ်ဖြင့် အနှစ်ချုပ်ထားသည့်အပြင် ထိုမီးလောင်ထားသော အလောင်းက အစစ်အမှန် ဖြစ်ကြောင်း ကိုယ်တိုင် နားလည်နေပြီးသည့်တိုင်အောင် တိုက်ရိုက်ထုတ်လွှင့်မှု၏ အရှေ့တွင် ယုံကြည်မှုအပြည့် အပြစ်မကင်းစိတ် တစ်ခုမရှိသော ပုံစံမျိုးနှင့် ခပ်အေးအေး ပြောနေခဲ့သည်မှာ သူ ပြောသောစကားက မှန်ကန်သည်ဟုပင် ထိုလူတိုင်းကို ယုံကြည် သွားနိုင်သေးသည်။
“နောက်ပြီး ငါတို့က အလေးအနက်ထားပြီး ကြိုးစား လုပ်ဆောင်နေကြတဲ့ ခရီးသွားပရိုဂရမ် တစ်ခုပဲ။ ဒီလိုသဘာဝလွန်ပြီး အများကို ယုံကြည်မှုလွဲမှားစေတဲ့ အကြောင်းအရာမျိုးတွေကို ထည့်လာပြီး မပြသကြပါနဲ့။ မင်းတို့ ဟဲသီးဖြစ်တဲ့လေထု အခြေအနေကို မထိန်းထားပေးနိုင်ဘူးလား”
သူ၏ယုံကြည်မှုရှိပြီး တည်ငြိမ်မှုများက လွန်ကဲလွန်းသောကြောင့် ဖြစ်လောက်သည်။ ထို့ကြောင့် ယခုလေးတင် ကြောက်လန့်ပြီး ထိတ်လန့်တကြား ဖြစ်သွားသော ကြည့်ရှုသူများအားလုံးက ယန်ရှစ်ရွှမ်း၏အသံကြောင့် စိတ်ငြိမ် သွားကြသည်။ သူတို့၏ မျက်လုံးထောင့်တွင် မျက်ရည်များ ရှိနေသေးသည့်အပြင် သူတို့၏ ခန္ဓာကိုယ်က တုန်ယင် နေသေး၏။ လူတစ်ယောက်က စာရိုက်ရင်း ကွန့်မန့်တစ်ခု၌ မေးလိုက်သည်။
[ယန်ကောက အမှန်တွေ ပြောနေတာလား]
[ပြောရမယ်ဆိုရင် ယန်ကောပြောတာလည်း မှန်တာပဲ။ အဲ့ဒီလိုမှမဟုတ်ရင် ဒီကလေးက အခုရက်တွေ မအိပ်နိုင်တော့မှာ မဟုတ်ဘူး]
[တကယ်ပဲ တိရိစ္ဆာန်တွေရဲ့လက်သည်းလား]
ယုံကြည်ရန် တုန့်ဆိုင်းနေသေးသော လူပေါင်းများစွာ ရှိနေသည့်တိုင်အောင် ကွန့်မန့်၏ လားရာနှင့် အခြေအနေက နောက်ဆုံးတွင် ဦးတည်ရာဘက် ပြောင်းသွားမည် ဖြစ်သည်။ သူတို့သည် သရဲများနှင့် မီးလောင်ထားသော အလောင်းများအကြောင်း မပြောကြတော့ပါချေ။
ပရိုဂရမ်ခရူး ဘက်စတေ့မှ သတိပေးချက်ကလည်း နောက်ဆုံးတွင် ပျောက်ကွယ် သွားသည်။
ယန်ရှစ်ရွှမ်းက သက်ပြင်းချသည်။
ကျန်းဝူပင်း၏ ပရိုဂရမ်ကို ကယ်တင် ပြီးလေပြီ။
သူဟာ ပင်ပန်းသွားသလို၊ ပျင်းရိသွားသလိုပင် ခံစားလိုက်ရသည်။ ထို့ကြောင့် ဒီရှိုးတွင် ဆက်နေချင်စိတ်ပင် မရှိချေ။
ဘာလို့ သူ့ကို အောင်အောင်မြင်မြင်နဲ့ မဖယ်ထုတ်ကြတာလဲ။
ထားလိုက်ပါတော့ ဒီတစ်ကြိမ် ပြင်းပြင်းထန်ထန် ကြိုးစားရင် သေချာပေါက် ထွက်နိုင်မှာပါ။
ယန်ရှစ်ရွှမ်းက သူ၏လက်ထဲမှ တက်ပလက်ကို အန်းနန်ယွမ်ထံ ပစ်ပေးလိုက်သည်။ အန်းနန်ယွမ်ကြောင့် နောက်ဆုံးနေရာမှ ဖယ်ထုတ်ခံရခြင်း မရှိကြောင်း တွေးမိသောအခါ ပို၍ပင် မပျော်မရွှင် ဖြစ်သွားပြီး အန်းနန်ယွမ်၏ မျက်နှာကိုပင် မကြည့်ချင်တော့ပေ။
အန်းနန်ယွမ်က တက်ပလက်ကို မြဲမြဲ မကိုင်နိုင်ခင် မနည်း အမှီဖမ်းလိုက်ရသည်။ ထို့နောက် မော့ကြည့်လိုက်သောအခါ ယန်ရှစ်ရွှမ်း၏ ရေချိုးခန်းဘက်ကိုသွားသည့် ကျောပြင်ကိုသာ မြင်လိုက်ရ၏။ သူကပင် အံ့ဩသွားသည်။
“ယန်ကော ဘယ်သွားမလိုလဲ”
“ရေချိုးမလို့”
ယန်ရှစ်ရွှမ်းက တစ်ချက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ သူသည် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာကို တစ်ချက်ကြည့်ကာ ပြောသည်။
61 03
“မင်းတို့ ရေရဲ့ဟီတာက မင်းတို့ရဲ့အချိန်တိုင်း ပူနွေးနေအောင် ထားပေမယ်လို့များ ထင်နေတာလား။ တာအိုဘုန်းတော်ကြီးကလည်း ပြောသွားပြီးသား။ ရေကို လတ်လတ်ဆတ်ဆတ် ကျိုသွားပေးတာတဲ့။ မင်းတို့ကောင်တွေ ဒီလိုမျိုး ဆက်နေမယ်ဆိုရင် ရေက သိပ်မကြာခင် အေးသွားမှာပေါ့”
ယခင်က ရေချိုးခန်းသို့ ဝင်ထားသော လူနှစ်ယောက်လုံးက ချောင်းမြောင်းခြင်း ခံရသည့်ဟု ပြောသောကြောင့် ဧည့်သည်များက ရေချိုးရမည့် အခြေအနေကို ကြောက်နေကြခြင်း ဖြစ်သည်။
“ထားလိုက်ပါတော့ တစ်ရက်လောက် ရေမချိုးဘဲ သည်းခံလိုက်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ကြောင်တောင်တောင် အရာကို တွေ့မှာထက်စာရင် ကောင်းပါသေးတယ်”
သရဲကြည့်ရန်လာသော သခင်လေးစုန့်ချီကမူ ထိုကိစ္စကို အလွန်စိတ်ဝင်စားနေသည်။ သူက လက်ကိုမြှောက်ပြီး ယန်ရှစ်ရွှမ်းနှင့်အတူ ရေချိုးချင်သည်ဟု ပြောလိုသည်။ မည်သို့ပင်ဆိုစေ သူသည်လည်း သရဲမြင်လိုသည်။
သို့ရာတွင် ထိုစကား ထွက်ပြီးပြီချင်း အန်းနန်ယွမ်၊ ပိုင်ရွှမ်းတို့က သူ့အား မျက်နှာသေ မျက်လုံးများဖြင့် ကြည့်ရုံသာ မကသေးလေပဲ တစ်ဖက်မှ ဒါရိုက်တာ၏လက်ထောက်ကပင် သူ့အား သုန်မှုန်ပြီး အေးစက်သော မျက်လုံးဖြင့် ကြည့်လာလေသည်။
“ယန် ရှစ် ရွှမ်း မင်းက တစိမ်းတွေနဲ့ တစ်ခန်းထဲမှာ အိပ်ရတာ သဘောမကျပေမဲ့ တစိမ်းတွေကို ခေါ်ပြီး ရေချိုးချင်စိတ် ရှိမယ်လို့ မထင်ထားဘူး”
လက်ထောက်ဒါရိုက်တာ၏ ထေ့ငေါ့သံက ယန်ရှစ်ရွှမ်းထံ တိုက်ရိုက် ရောက်သော်လည်း စုန့်ချီကမူ ထိုမျက်လုံးက သူ့ကိုသာ စိုက်ကြည့် နေကြောင်း ခံစားလိုက်ရသည်။ ထို့အပြင် အဆိပ်ပြင်းသော မြွေတစ်ကောင်က ကြည့်နေသလိုမျိုး အလွန်အမင်း ကြောက်မက်ဖွယ်ရာ ဖြစ်သည်။
သူ၏ မိသားစုမှ အကြီးအကဲများကလည်း မြင့်မားသော ရာထူးကို ပိုင်ဆိုင် ထားကြသူများ ဖြစ်သည့်အတွက် စု့န်ချီဟာ အလွန်အဆင့်မြင့်သော ရာထူးတွင် ရှိနေသော သူများနှင့် အဆက်အဆံရှိပြီး အတွေ့အကြုံ ရှိခဲ့သော်လည်း ထိုအခိုက်အတန့်တွင် ထိုလူ၏အကြည့်ကို ခံရသောအခါ ထိုလူ၏ကိုယ်ပေါ်သို့ လေးလံလွန်းသော ဖိအားကြီးက ဖိမိလာသလို ခံစားလိုက်ရပြီး သတိလက်လွတ် ရှင်သန်လိုစိတ်အပြည့်နှင့် ရုန်းကန် ချင်မိသွားသည်။ သူဟာ ခြေတစ်လှမ်းခန့် နောက်ဆုတ်ပြီးနောက် မူလက ပြောသည့်စကားများ အားလုံးကို ပြန်လည် မြိုချလိုက်ကာ ဆက်ပြီး မပြောတော့ချေ။
“ဘာတွေ တွေးနေတာလဲ”
ယန်ရှစ်ရွှမ်းက စုန့်ချီ၏ အမူအယာကို ခံစားမိသည်။ ထို့အပြင် တတိယမျိုးဆက် လူချမ်းသာ ကလေးပေါက်ကို ဂရုစိုက်နေသေးသည့် ဒါရိုက်တာ၏ လက်ထောက်ကိုလည်း နားလည်သေးသည်။
သူက သူနှင့် မရင်းနှီးသောသူများပေါ် အလွန်အမင်း စိတ်အားထက်သန်ခြင်း မရှိသော်လည်း ထိုသခင်လေးကို ဖားယားလိုစိတ် မရှိသည့်တိုင်အောင် ထိုသခင်လေးက အမှားမလုပ်ထားကတည်းက ခြောက်လန့်ရန် အကြောင်းမရှိပါချေ။
ထိုအခိုက်အတန့်တွင် ဒါရိုက်တာ၏ လက်ထောက်ကိုသာ သဘောမကျသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဒါရိုက်တာ၏လက်ထောက်၏ သူ၏မျက်ဝန်းမှတဆင့် စုန့်ချီကို ကြည့်သည်။ ထို့နောက် ယန်ရှစ်ရွှမ်းကိုသာ အပြုံးနှင့်အတူ ပြန်လည်အာရုံစိုက်လိုက်ပြီး ပြောသည်။
“ဒါဆိုရင်လည်း သွားပါ။ မင်း ရေချိုးနေတဲ့အချိန် တစ်ယောက်တည်းရှိတာ သေချာအောင် ငါ သေချာပေါက် ကူညီပေးမယ်”
ယန်ရှစ်ရွှမ်း _ _ _
ငါက ဒီလူရဲ့ဦးနှောက်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေမှာကို စိုးရိမ်ရတယ်။
ဘယ်လိုကြောင့် အရွယ်ရောက်ပြီးသား လူတစ်ယောက်က ရေချိုးရမှာကို ကြောက်ရမှာလဲ။
ယန်ရှစ်ရွှမ်းက ရေသွားချိုးမည်ဟု ပြောသော်လည်း အန်းနန်ယွမ်နှင့် ပိုင်ရွှမ်းအပါအဝင် ဒါရိုက်တာ လက်ထောက်တို့ အားလုံးကလည်း သူဟာ ရေချိုးခန်းထဲသို့ သွားပြီး အခြေအနေကို စစ်ကြည့်လိုခြင်း ဖြစ်ကြောင်း ကောင်းကောင်းနားလည်နေကြသည်။
ယန်ရှစ်ရွှမ်းကလည်း သူသည် သက်ရှိတစ်ယောက်၏ ကိုယ်အောက်ထဲမှ ယန်ချီကို လာရောက် ထိတွေ့သောသူက အမှန်တကယ်ပင် မီးလောင်ထားသော အလောင်း ဟုတ်မဟုတ် ကိုယ်တိုင် ကြည့်ချင်လိုသည်။ ထိုသို့သာဆိုလျှင် ထိုအလောင်းကြီးက မည်သည့်အတွက်ကြောင့် လှုပ်ရှား နိုင်နေသေးကြောင်း၊ မည်သည့် အတွက်ကြောင့် လမ်းလျှောက်ရန် တွန်းအားပေးရန် သိချင်မိသည်။
နောက်ပြီး ဘာလို့ တောင်နတ်ဘုရားက ကူညီပေးပြီး ကာကွယ် စောင့်ရှောက်ထားတဲ့ နေရာမျိုးမှာ ပေါ်လာသလဲ ဆိုတာကိုလည်း သိချင်တယ်။
သံသယအပြည့်နှင့် ယန်ရှစ်ရွှမ်းက ကျောပိုးအိတ်ထဲမှ သဘက်တစ်ထည်ကို ကောက်ထုတ်လိုက်ပြီး လျှောက်သွားသည်။
ရေချိုးအိမ်ကဲ့သို့ အဆောင်ငယ်လေးကို တောင်ဘုရားကျောင်း၏ နောက်ဆုံးအခန်းထဲတွင် လုပ်ထားခြင်း ဖြစ်ပြီး ဧည့်သည်များ နေထိုင်ရာနေရာနှင့် အဓိကခန်းမနှင့် အလွန်ဝေးကွာလေသည်။ ထို့ကြောင့် တောင်ဘုရားကျောင်း တစ်ခုလုံးတွင်မှ ဂျောင်အကျဆုံးနေရာဟု ဆိုနိုင်သည်။ အနောက်ဘက် မီတာအနည်းငယ်ခန့် ဝေးကွာသော နေရာတွင်မူ လွှင်ထီးခေါင်တောင်တန်းကြီး ရှိနေမည် ဖြစ်သည်။
61 04
ယန်ရှစ်ရွှမ်းက ရေချိုးခန်းနားတွင် ပတ်ပတ်လည် လျှောက်ကြည့်သေးသည်။ သူ၏အရှေ့မှ အရာအားလုံးကို တည်ငြိမ်အောင် ထိန်းပြီး မျက်လုံးကို အချိန်အတန်ကြာအောင် မှိတ်ထားသည်။ သို့သော် ပုံမှန်မဟုတ်သည့် အရာများကို မြင်ရသည်။
အဲ့ဒီအရာက ရေချိုးမှ ထွက်လာတာ များလား။
အလင်းကြောင့်လား အသံကြောင့်လား။
ယန်ရှစ်ရွှမ်းက ရေချိုးခန်းထဲ စိတ်ရှုပ်ထွေးစွာ ဝင်သွားသည်။ သူသည် ဖြစ်စဉ်တစ်ခုလုံးအတွက် ကြိုတင် ပြင်ဆင်ထားသည့် တိုင်အောင် ပုံမှန်မဟုတ်သည့် အရာမျိုးကို မတွေ့ရသေးပေ။ သို့မဟုတ်လျှင် သူ၏သွယ်လျသော လက်ချောင်းများ အနက်ရောင်ရှပ်ကို ကြယ်သီးများ ဖြုတ်လိုက်ပြီး သန်မာသော ရင်ဘတ်ကို လေအေးကဲ့သို ဖော်ထုတ်လိုက်သည်။ ထိုအခိုက် အပြင်ဘက်မှ သူထံ ကျရောက်လာသော အကြည့်ကိုလည်း အကင်းပါးစွာ ခံစားလိုက်ရလေသည်။
သူက ချက်ချင်းဆိုသလိုပင် လက်ထဲမှ ရှပ်ကို လွှတ်ပစ်လိုက်ပြီး တံခါးကို ခပ်မြန်မြန် ကျော်ဖြတ်လျက် ရုတ်တရက် ဖွင့်လိုက်ပြီး စူးရှသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော် ထိုနေရာတွင် မည်သည့်အရာမှ ရှိမနေချေ။
ယန်ရှစ်ရွှမ်းက နှစ်ကြိမ်ခန့် ဆက်တိုက် ကြည့်သည်။ သို့သော် ဒါဟာ ထင်ယောင်ထင်မှား မဟုတ်ကြောင်း သေချာနေသည်။
စိတ်မရှည် လွန်းတာလား။
မြန်မြန် ခြောက်ပြီး မြန်မြန် ထွက်ပြေးသွားတယ်ပေါ့။
အတွေးနှင့်အတူ သူက တံခါးကို ပြန်ပိတ်ပြီး အခန်းထဲသို့ ပြန်ဝင်သည်။
အနက်ရောင်ရှပ်ကမူ ဘေးဘက်သို့ ပစ်ချခံလိုက်ရပြီး သူ၏ဘောင်းဘီကလည်း ညနေက ကားပေါ်မှဆင်းပြီး ကားကို ကူမ ပေးခဲ့သောကြောင့် ရွံ့များ၊ ရေများ စိုနေပြီးသား ဖြစ်သည်။
သို့ရာတွင် ယန်ရှစ်ရွှမ်းက ရှာဝါခေါင်းကို ဖွင့်လိုက်သောအခါ ပူနွေးသော ရေများက သူ၏အရေပြားပေါ် ကျဆင်းလာပြီး သန်မာပြီး ချောမောနေသော ကြွက်သားလိုင်းတောက်လျောက် ဆင်းသက်သွားသည်။ ထိုသို့ဖြင့် တိုက်ခတ်လာသော လေကြောင့် အေးစိမ့်နေသော အသားအရည်ကို ပန်းရောင် ပြန်ပြောင်းသွားစေသည်။ ဆံပင်ထိပ်မှာ ကျလာသော ရေများက ညှက်ရိုးထံ ရောက်သည်။ ထိုနေရာတွင် ချိုင့်ခွက်လေး တစ်ခုလိုမျိုး အိုင်သွားသေးသည်။
သူ ယခုလေးတင် ခံစားလိုက်ရသည့် အကြည့်က ပြန်ရောက်မလာတော့ချေ။
ရေချိုးအိမ် အပြင်ဘက် အမှောင်အတွင်း ထောင့်တစ်နေရာနားမှ အရပ်ရှည်ရှည်နှင့် ပုံရိပ်တစ်ခုက ထွက်လာသည်။
“မင်းရဲ့အာရုံခံနိုင်စွမ်းအားက တကယ်စူးရှတာပဲ ယန် ရှစ် ရွှမ်း”
ထိုလူက ရယ်သည်။
ဖျော့တော့သည့် အလင်းက ရေချိုးခန်း ပြတင်းပေါက်ကို ကျော်ဖြတ်လျက် ထိုသူ၏မျက်နှာကို မြင်ရရုံလေး ပီသလာစေသည်။ ဒါဟာ ဒါရိုက်တာ၏လက်ထောက် ဖြစ်သည်။
ထိုအချိန်တွင် လျှာထိုးဦးထုပ်၏ အကာမရှိသဖြင့် အနက်ရောင်ဆံပင်များက အောက်သို့ စင်းကျနေပြီး ပုခုံးပေါ်သို့ သဘာဝကျကျ ကွေးကောက်လျက် စင်းကျသွားသည်။ အနက်ရောင် မျက်ဝန်းများထဲမှ အပြုံးနှင့် စူးရှသော အရှိန်အဝါများက လူသားလောကနှင့် သက်ဆိုင်ခြင်း မရှိချေ။ ထို့အပြင် သူ၏ချောမောသော မျက်နှာဟာ ကျွမ်းကျင်လွန်းသော လက်မှု ပညာရှင်တစ်ယောက်က အသေးစိပ်ကျကျ ဂရုတစိုက် ထွင်းထုထားသည့် ရုပ်ထုတစ်ခုက အသက်ဝင် လာသလိုမျိုး ဖြစ်သည်။
သူ၏ခန္ဓာကိုယ် အချိုးအစားကလည်း ညထဲတွင် ပျော်ဝင် ပျောက်ကွယ်နေသလိုမျိုး သူ၏ အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်က တိုင်းတာရန် ခက်ခဲလွန်းသည့် ဆွဲဆောင်မှုမျိုး ရှိနေသည်။
ထိုအမျိုးသားက သူ၏ အရှိန်အဝါကို အသေးငယ်ဆုံး အရှိန်အထိ ကျုံ့အောင် ချုံ့ထားပြီး အပြုံးတစ်ခုနှင့်အတူ ရေချိုးခန်းထဲမှ ယန်ရှစ်ရွှမ်းကို ကြည့်နေသည်။ တစ်ခဏခန့် ကြာပြီးနောက် သူက မျက်လွှာကို ချလိုက်သည်။ သူ၏အေးစက်သော အကြည့်က ခြေထောက်နားတွင် ဖြတ်ပြေးသွားသည့် အမှောင်ထုနားဆီ ရောက်သွားသည်။
ထိုနေရာတွင် သူ၏ ခြေထောက်အောက် နားတွင် ဆောင့်နင်း ခံထားရပြီး တုန်ယင်နေသည့် အနက်ရောင်လူ သားပုံသဏ္ဍာန် တစ်စုံတရာ ရှိနေသည်။ ထိုအရာက ကြောက်လွန်းသဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေသည်။ သို့သော် မရုန်းရဲပေ။
******