60 01
အပိုင်း(၆၀)
နှိမ့်ချထားသော လျှာထိုးဦးထုပ်၏အောက်တွင် သူ၏အေးစက်ပြီး ခံစားချက်မဲ့သော အကြည့်က သိပ်မဝေးသော နေရာရှိ ပြတင်းပေါက်ကို ဖြတ်သန်းသွားသည်။
သို့ရာတွင် အနက်ရောင်ပုံရိပ်တစ်ခုက ယခုလေးတင် လျှင်မြန်စွာ ဖြတ်ပြေးသွားခြင်း ဖြစ်သည်။ အလွန်မြန်လွန်းသဖြင့် အခြားသောသူများက အာရုံမစိုက်မိကြချေ။ ထွက်ပြေးသွားသောအချိန်တွင် ပြတင်းပေါက်တွင် အရိပ်လေးတစ်ခုသာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
မသိလျှင် ထိုအရိပ်က မိုးသည်းထဲတွင် လှုပ်ခါနေသည့် သစ်ကိုင်းခြောက်များ အရိပ်ကဲ့သို့ ထင်ရသည်။
ဒါရိုက်တာ၏လက်ထောက်က တစ်ချက်လေးသာ ကြည့်လိုက်သည်။ ထို့နောက် သူ၏အကြည့်က ထီမထင်သလို ပြန်ဖြစ်သွားပြီး ယန်ရှစ်ရွှမ်းကိုသာ စိုက်ကြည့်နေသည်။
သိသာစွာပင် သူဟာ စိတ်သဘောထား ဆိုးသော်လည်း ခန္ဓာကိုယ်က ဝိဉာည်ထွက်လုနီးပါး ထိတ်လန့်ခြောက်ခြားနေသော အမျိုးသမီးကို မည်သို့ ဂရုစိုက်ပေးသင့်ကြောင်း သိနေသေးသည်။ သူ၏သုံးသပ်နိုင်စွမ်းအား အံ့အားသင့်စ ရာကောင်းလောက်အောင် စူးရှသည်။ ထို့ကြောင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ချိန်ကတည်းက သံသယဝင်နေခဲ့ရာမှ အမျိုးသမီး စိတ်ရှုပ်ထွေးဖွယ် စကားများမှတဆင့် အရေးကြီးဆုံး သတင်းအချက်အလက်ကို ရလိုက်သည်။
ဒါရိုက်တာလက်ထောက်၏ စူးရှပြီး မဲမှောင်သော မျက်လုံးအတွင်းတွင် အပြုံးတစ်စက ပေါ်ထွက်လာသည်။
သူသည် ရုတ်တရက် လူသားလောက၏ နွေးထွေးမှုကို ရရှိလိုက်သလိုမျိုး ဖြစ်သွားသည်။ နဂိုက အဆင့်အတန်း မြင့်မားလွန်းသော ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ အဆင့်အတန်းမြင့် ရွှံ့စေးရုပ်ထု တစ်ခုလိုမျိုး အဆင့်အတန်းမြင့်ကာ အေးစက်ပြီး ခံစားချက် မဲ့နေခဲ့ရာမှ နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် သေမျိုးဘဝမှ ခံစားချက်များ ပြန်လည် ဝင်ရောက်လာသလို ခံစားချက်မျိုး ဖြစ်သည်။
ရုန်ရုန်၏ ခံစားချက်ကို ကြားလိုက်သည့် အခြားဧည့်သည်များကလည်း သူမ၏ စကားအတွင်းတွင် အမှန်တကယ် ပေါ်ထွက်နေသည့် စစ်မှန်သည့် ခံစားချက်များကြောင့် အံ့အားသင့်သွားကြသည်။
ပိုင်ရွှမ်းက ဘေးဘီကို ထိတ်လန့်စွာ ကြည့်သည်။ အနားတွင် လွှင့်မျောနေသည့် မျက်လုံးများ ရှိနေမည့် အရေးကို ကြောက်လန့်နေသည်။
စုန့်ချီနှင့် အန်တိုနီနှင့် အခြားသောသူများက ဒီရှိုးတွင် ပထမဦးဆုံးအကြိမ် ပါဝင်သောသူများနှင့် မတူသည်မှာ ပိုင်ရွှမ်းသည် တစ္ဆေတောင်စံအိမ်၏ အတွေ့အကြုံကို ရခဲ့ဖူးသလို သရဲကပင် ဝင်ပူးခဲ့သေးသည်။ ထို့ကြောင့် မြင်ရကြားရကို ယုံကြည်နေပြီ ဖြစ်သည်။ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့သည့် ပိုင်ရွှမ်းသည် တစ္ဆေသရဲများနှင့် နတ်ဘုရားများ၏ တည်ရှိမှုကို ယုံကြည်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် ရသစုံရှိုးစတား၏ အမူအယာက အံ့အားသင့်မှုတစ်ဝက်၊ အထင်သေးမှုတစ်ဝက် ဖြစ်နေသည်။ ထို့နောက် မင်းသမီးကပင် လုပ်ကြံပြောနေသည်ဟုပင် ထင်လိုက်သည်။
သို့သော် ပိုင်ရွှမ်းအတွက် ရုန်ရုန်က ပါးစပ်ဖွင့်လိုက်ရုံနှင့် သူမ၏ ခန္ဓာကိုယ် ဝန်းကျင်တွင် လေအေးများက ဖြတ်တိုက်လာသလို ထင်နေသည်။
မဟုတ်သေးပါဘူး။
သူမ၏နှလုံသားက ဝရုန်းသုန်းကား ဖြစ်နေသည်။
ငါ ဒီတစ်ခေါက်တော့ ကံမဆိုးလောက်ပါဘူးနော်။ ငါ ကွေ့တောင်မှာလည်း သရဲ မြင်ခဲ့ရတယ်။ ဒီတောထဲမှာလည်း သရဲထပ်တွေ့ရမှာလား။
ပိုင်ရွှမ်းက တုန်ယင်သွားသည်။ ထို့နောက် ယန်ရှစ်ရွှမ်းကို အလွန်အမင်း စူးရှသော မျက်လုံးမျိုးဖြင့် ကြည့်သည်။
“ယန် ယန်ကော ငါ ဒီည ယန်ကောနဲ့အတူ နေလို့ရမလား”
“…..”
ထိုစကား ထွက်လာပြီးပြီးချင်း လူတိုင်းက တိတ်ဆိတ် သွားသည်။
တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်မှ ကွန့်မန့်များကပင် စက္ကန့်အနည်းငယ်ခန့် ရပ်သွားသည်။
[ပိုင်ရွှမ်း ပိုင်ရွှမ်း နိုးထစမ်း ယန်ကောက တအားချောပေမယ့်လည်း ရှိုးရဲ့အရှေ့မှာတော့ သူ့အတွက် ပေါ်တင်ကြီး ဖွင့်ပြောလို့ မရဘူးလေ။ အား ဖီးမေးလ်စတားဆိုတဲ့ မျက်နှာက ဘယ်မှာလဲ]
[တိုက်ရိုက် ကျလိုက်ချည်လား။ မနက်ဖြန်တော့ hot search ဝင်တော့မယ်ထင်တယ်]
ယန်ရှစ်ရွှမ်းက ခံစားချက်မဲ့စွာနှင့် ခေါင်းလှည့်ပြီး ပိုင်ရွှမ်းကို လှည့်ကြည့်လိုက်သည်။
“ငါ ငြင်းတယ်”
လက်ထောက်ဒါရိုက်တာက တောက်လျောက် နောက်ခံ ဘက်ဂရောင်းတစ်ခုလိုမျိုး တိတ်ဆိတ်နေခဲ့ရာမှ ယန်ရှစ်ရွှမ်း၏ အနောက်ဘက် သိပ်မဝေးသော နေရာရှိ ပိုင်ရွှမ်းကို လှည့်ကြည့်ပြီး သူ၏တိုးကာ အေးစက်သော လေသံနှင့် လှမ်းပြောသည်။
“သူက အိပ်မက်ထဲမှာ လူသတ်တတ်တယ်”
60 02
ပိုင်ရွှမ်း “…..”
ကျေးဇူးတင်ပါတယ်။ အကြောင်းပြချက် ရသွားပြီထင်တယ်။
“ရပါတယ် ယန်ကော ငါ မကြောက်ပါဘူး”
ပိုင်ရွှမ်းက ဘာမှမပြောသေးခင် အန်းနန်ယွမ်က ယန်ရှစ်ရွှမ်းအား စိတ်အား ထက်သန်စွာ လက်ယမ်းပြသည်။
“ဒီတော့ ဒီည ငါ ယန်ကောရဲ့အခန်းထဲမှာ အိပ်လို့ရတယ် မဟုတ်လား။ ကြမ်းပြင်မှာ အိပ်ရလည်း အဆင်ပြေပါတယ်။ ယန်ကော မစိုးရိမ်ပါနဲ့။ ငါ ယန်ကော အနားယူတာကို မထိခိုက်စေရဘူး”
အန္တရာယ်ကို ရင်ဆိုင်ရသောအခါ ကွေ့တောင်က မတော်တဆမှုကို အတွေ့အကြုံရှိခဲ့သော ထိုလူနှစ်ယောက်ဟာ ကြမ်းတမ်းစွာ တုန့်ပြန်ကြသည်။ သူတို့အားလုံးက ရုန်ရုန်၏ စကားကြောင့် အမျိုးမျိုးသော ခံစားချက်များကို ရလိုက်ကြခြင်း ဖြစ်သည်။
ယန်ရှစ်ရွှမ်း “ထွက်သွား”
အန်းနန်ယွမ် “ဝူး”
ယခုလေးတင် အန်းနန်ယွမ်က အခန်းဖော်အဖြစ် အတင်းခေါ်ယူခံခဲ့ရသည့် စုန့်ချီက သူ၏ခေါင်းကို တိတ်တဆိတ်လှည့်ပြီး အန်းနန်ယွမ်ကို မျက်လုံးဖြင့် သတိပေးသည်။
___
မင်း အခုလေးတင် ငါနဲ့ပတ်သက်ပြီး စိတ်အား ထက်သန် နေတာလေ။ ဘယ်လိုကြောင့် အခန်းပြောင်းချင်နေတာလဲ။ ဖျော်ဖြေရေး အသိုင်းအဝိုင်းက လူတွေက ကြောက်စရာ ကောင်းလိုက်တာ။
အန်းနန်ယွမ်က သိုးပြုံး ပြုံးသည်။
…
အသက်ကယ်ဖို့က အရေးကြီးဆုံးပဲ။
သို့သော် သနားစရာအကောင်းဆုံး အချက်ကမူ ကြောက်စရာ ကောင်းနေခြင်း ဖြစ်သည်။ အကြောင်းမူကား အန်းနန်ယွမ်က အခန်းဖော် ရှိသေးသည်။ ပိုင်ရွှမ်းတွင်မူ ___
“ငါ တစ်ယောက်တည်း မနေရဲဘူး”
ပိုင်ရွှမ်းက ဆုံးဖြတ်ချက် ပြတ်သားစွာနှင့် ခရီးဆောင်အိတ်ကို ဆွဲပြီး ရုန်ရုန်၏ အခန်းထဲသို့ သွားသည်။
“ငါ ငါ ဒီနေ့ ငါ့ရဲ့ညီအစ်မကောင်း ရုန်ရုန်ကို တွေ့လိုက်တော့ ငါ တအား ကြောက်ခဲ့မိသေးတယ်။ ငါ့ရဲ့ညီအစ်မကောင်း ရုန်ရုန်ကျဲက ဒီလောက်ကြောက်နေတာကို တွေ့တော့ ငါ့က ဘယ်လိုကြောင့်များ တစ်ကိုယ်ကောင်း ဆန်ပြီး တစ်ယောက်တည်း နေရမှာလဲ။ ငါက ရုန်ရုန်ကို ဂရုစိုက်ပေးမယ်နော်။ ငါ ဒီနေ့ရုန်ရုန်နဲ့ တစ်ခန်းတည်း အတူတူနေလိုက်မယ်”
သူမက အလုံခြုံဆုံးဖြစ်သည့် ယန်ကော၏အနားတွင် မနေနိုင်လျှင်လည်း အခန်းဖော် တစ်ယောက်တော့ ရရပေမည်။
အနည်းဆုံး ပို၍သတ္တိရှိစေနိုင်သည်။
ယန်ရှစ်ရွှမ်း “…..”
သူသည် ဒီရှိုးမှပင် ထွက်ပြီး အိမ်ပြန်ချင်နေပြီ ဖြစ်သည်။
သူ တကယ်ပင် ဒီရှိုးတွင် နောက်တစ်ရက်ပင် မနေချင်တော့ပေ။
“ဘာလို့ သူတို့ရဲ့နာမည်တွေကို ပိုင်ယို့ပင်း ဒါမှမဟုတ် အန်းယို့ပင်းဆိုပြီး မပြောင်းလိုက်တာလဲ။ ဒါက ပိုပြီးတော့ သင့်တော်ဦးမယ်”
ယန်ရှစ်ရွှမ်းက နောက်သို့လှည့်ပြီး ခံစားချက်မဲ့စွာနှင့် ပြန်လျှောက်သွားသည်။ သူသည် ပိုင်ရွှမ်းနှင့် အန်းနန်ယွမ်တို့၏ မျက်နှာပေါ်ရှိ အလွန်အမင်း စူးရှသည့် အကြည့်မျိုးကို ရင်မဆိုင်ချင်တော့ချေ။
“ဘယ်နေရာကို သွားမလို့လဲ”
နောက်ဘက်မှ ခပ်တိုးတိုး မေးသံက ထွက်လာသည်။
“ဒါရိုက်တာ၏လက်ထောက်က ယန်ရှစ်ရွှမ်း၏ လှုပ်ရှားမှုကို မြင်သည်နှင့် ချက်ချင်းလိုလို ခြေနှစ်လှမ်းခန့် တိုးပြီး လိုက်လာသည်။ ထို့နောက် တစ်စုံတစ်ရာကို မှတ်မိလာပြီး ရပ်သွားသည်။
ယန်ရှစ်ရွှမ်း၏ အသံက ချောမွေ့သည်။
“ရေသွားချိုးမလို့”
အန်းနန်ယွမ်က ကြောင်သွားသည်။
60 03
“အခုလေးတင် သူတို့ ရေချိုးတော့ ချောင်းကြည့်ခံလိုက်ရတာ မဟုတ်ဘူးလား။ ယန်ကောက သွားမလို့လား”
သူက ထိုသို့ပြောလိုက်ပြီးနောက် အန်းနန်ယွမ်က တိုးဂိုက်၏ တက်ပလက်ကို လှမ်းယူရင်း ပြောသည်။
“ရုန်ရုန်လောင်ရှစ်က အဲ့ဒီလူရဲ့မျက်နှာကို မမြင်လိုက်ရပေမယ့်လည်း အန်တိုနီ ပြောတဲ့အတိုင်းဆိုရင် သူက ရေချိုးတဲ့ အချိန်မှာ တိုက်ရိုက် ထုတ်လွှင့်နေခဲ့တယ် မဟုတ်လား။ ဒါကြောင့် ဖန်သားပြင်အခွဲ ကင်မရာက ရီကော့လုပ်ထားမှာပဲ_ _ _”
ရုတ်တရက် သူ၏အသံက တိတ်သွားပြီး မျက်နှာက ဖြူဖျော့သွားသည်။
“ယန်ကော ယန်ကော ကြည့်ပါဦး”
ယန်ရှစ်ရွှမ်းက ထိုတိုးဂိုက်၏ တက်ပလက်ကို လှမ်းယူလိုက်သောအခါ ပရိုဂရမ်ဂရု၏ ဘက်စတေ့မှတဆင့် ယခုလေးတင် အန်တိုနီ ပြောခဲ့သော အကြောင်းအရာများနှင့် ပတ်သက်သည့် ကိစ္စများကို ထိုအခွဲဖန်သားပြင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းနှင့်ပတ်သက်နှင့် ဆွေးနွေးမှုများ တက်နေကြောင်း တွေ့လိုက်ရသည်။
အန်းနန်ယွမ်၏ အော်ရဂျင်နယ် ရှုထောင့်မှတဆင့် ရိုက်ကူးထားမှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေခြင်း ဖြစ်သည်။ ထိုပုံထဲတွင် ရုတ်တရက် ကွဲနေသော မှန်အတွင်းတွင် ရောင်ပြန်ဟပ်သလို ပေါ်ထွက်လာသည့် ပိန်ကပ်နေသည့် မဲတူးနေသာ လက်ဝါးတစ်ဖက်ကို မြင်လိုက်ရခြင်း ဖြစ်သည်။ ထိုလက်က အန်တိုနီ၏ ကျောဘက်မှထွက်လာပြီး ဘာကိုမှ သတိမထားမိသော အန်တိုနီ၏ကျောကို လှမ်းပုတ်ခြင်း ဖြစ်သည်။
အိုဟောင်းပြီး ကွဲနေသော ထိုမှန်ကို ရေငွေ့များက ရိုက်နေသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရနိုင်သော်လည်း ယန်ရှစ်ရွှမ်းကမူ ထိုပုံတွင် ပေါ်နေသော လက်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာဟာ မှားယွင်းနေကြောင်း မြင်နိုင်လေသည်။
သာမာန်လူရဲ့ လက်နဲ့မှ မတူတာ။
ဒီလက်က တအားပိန်ကပ်ပြီး ရှည်လွန်းနေတယ်။ ပိန်နေတဲ့ လူတစ်ယောက်မှာ ရှိတဲ့ အရေခွံပါတဲ့လက်နဲ့မတူပဲ အသွေးအသားတွေ မရှိတဲ့ ပုံစံမျိုးပဲ။
လူ့အရေခွံက ပျောက်ဆုံးနေသောကြောင့် အဆစ်တိုင်းကို ရှင်းရှင်းလင်းလင်း မြင်ရနိုင်လေသည်။
ပို၍ဆိုးသည်မှာ သာမာန်လူများ အသားမည်းသည်နှင့် မတူသည်မှာ ထိုလက်၏မဲနက်မှုက သာမာန်လူများ မဲနိုင်သည့် အတိုင်းအတာမျိုးတွင် မဟုတ်တော့ချေ။
ဒီအတိုင်း မီးလောင်ထားတဲ့ ကာဗွန်တုံးလိုပဲ။
ယန်ရှစ်ရွှမ်းက ထိုစရင်ရှုကို မြင်လိုက်ပြီး တစ်ခဏခန့် ဆွံ့အသွားကာ သူ၏နှလုံးသားကလည်း လေးလံသွားသည်။
ထိုလက်ပိုင်ရှင်သာဆိုလျှင် အမှောင်နှင့် ပေါင်းစပ်နေ၍ ရသည်။ မည်သူကမှ သတိထားမိလိမ့်မည် မဟုတ်ချေ။ စခရင်ရှု၏ အစွန်းနားတွင်လည်း အမှောင်ထုက ပျံ့နှံ့ ကြီးစိုးနေ၏။ ကြည့်ရှုသူက စခရင်ရှုကို တင်သောအခါ တောက်ပမှုကို အမြင့်ဆုံး မြှင့်ထားခဲ့သောကြောင့်သာ မဟုတ်လျှင် အခြားသောသူများက မြင်ရန်ပင် ခက်ခဲသေးတယ်။
ဒါဆိုရင် ရုန်ရုန်ပြောတဲ့ မျက်လုံးတစ်စုံပဲ ရှိတယ်ဆိုတာက ဒီလူရဲ့ခန္ဓာကိုယ် တစ်ခုလုံးက မီးလောင်ထားသလို မဲတူးနေလို့ အမှောင်ထုနဲ့ ပေါင်းစပ်နေတာကြောင့် မမဲတဲ့ မျက်လုံးကိုပဲ မြင်လိုက်ရတာ မဟုတ်လား။
ယန်ရှစ်ရွှမ်းသည် သူ သရဲကူဖမ်းပေးခဲ့ချိန်က ဝံပုလွေရိုင်းတောင်နားတွင် နေခဲ့ဖူးသော ဧည့်သည့်ထံမှ တဆင့် ကြားခဲ့ရသည့် သတင်းများကို သတိရသွားသည်။
“ဆရာသခင်ယန် အဲ့ဒီသရဲတွေက ဘယ်လောက် ကြောက်စရာ ကောင်းလဲ ဆရာသခင်ယန် မသိဘူးနော်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကဆိုရင် ညဘက်ရောက်တိုင်း ငါ မီးတွေမှိတ်ပြီး မအိပ်ရဲဘူး။ အိမ်တိုင်းမှာ မီးတွေလင်းနေမှ ဖြစ်တာ”
ထိုအချိန်က စဉ်းစားဆင်ခြင်မှု အပြည့်ရှိသော သက်လတ်ပိုင်းအရွယ် ဧည့်သည်က ယန်ရှစ်ရွှမ်း ကို ခါးသီးစွာ ပြုံးရင် ဝင်ပြောသည်။
“အခြားသူတွေကို ပြောပြတော့ သူတို့က ငါ ပုံပြင်တွေကို လျှောက်ထွင်တယ်လို့ ထင်ကြတာ။ ဒါပေမယ့် ဆရာသခင်ယန်သာဆိုရင် ဒါက မှန်တယ်ဆိုတာကို သိလိမ့်မယ်လို့ ယုံကြည်တယ်”
“ငါ ငယ်ငယ်ကပေါ့ ညဘက်ရွာထဲမှာ မီးလောင်ထားသလို မဲတူးနေတဲ့ အလောင်းတွေကို တစ်ကြိမ် မြင်ခဲ့ဖူးတယ်။ သူတို့က ငါ့ရဲ့ကလေးဘဝက ကစားဖော်တွေ ဖြစ်ခဲ့တာလေ။ ဒါပေမယ့် မတော်တဆမှု တစ်ခုအောက်မှာ မီးလောင်နေတဲ့ အလောင်းတွေ ဖြစ်သွားရတယ်။ ဒါပေမယ့် သူတို့က မသေသွားဘူး။ အဲ့ဒီအစား ညဘက်တိုင်းလိုလို ပေါ်လာကြပြီး တိတ်တဆိတ် ရပ်နေကြတယ်။ ရွာသားတွေရဲ့ တံခါးတွေရှေ့မှာ ရပ်ပြီး တစ်ယောက်ယောက်က အိမ်သာသွားတာ ဒါမှမဟုတ် လယ်ကွင်းထဲသွားတာအထိ စောင့်ပြီးမှ အမိဖမ်းဖို့ ကြိုးစားချင်ကြတာလေ။ နောက်ပြီး တစ်စုံတစ်ယောက်က ယာခင်းထဲမှာ အလုပ်လုပ်ဖို့ ထွက်လာတဲ့ အချိန်ကျရင်လည်း ဆွဲခေါ်သွားသေးတယ်။
60 04
“ငါ အစကတော့ သရဲတွေ နတ်ဘုရားတွေကို မယုံပါဘူး။ ငါ ရွာမှာ ကိုးကွယ်တဲ့ တောင်နတ်ဘုရား ရှိပေမယ့်လည်း ဒီအတိုင်း ရှေးရိုးထုံးတမ်း အစဉ်အလာအတိုင်းပဲ ကိုးကွယ်ပူဇော်ခဲ့တာ။ ဒါပေမယ့် တစ်ရက် ငါ အိပ်မပျော်လို့ အိမ်သာသွားချင်တဲ့ အချိန်မှာ ခြံဝင်းထဲကို ထွက်လိုက်ရုံပဲ ရှိသေးတယ်။ ငါ့ရဲ့ပုခုံးပေါ် လက်အေးအေးတစ်ဖက် ကျရောက်လာတာကို ခံစားလိုက်ရတယ်။ အေးလွန်းလွန်းလို့ လဲကျသွားမတတ်ပဲ။ ငါက နောက်လှည့်ကြည့်လိုက်တဲ့အခါ ဘာမှမရှိဘူး။ ဒါပေမယ့် ငါ လက်ဆန့်ထုတ်ပြီး ကိုင်ကြည့်တဲ့အချိန်မှာတော့ ခပ်မာမာ တစ်စုံတစ်ရာကို ကိုင်မိတယ်။ ငါ အဲ့ဒီအထိအတွေ့ကို ဘယ်တော့မှ မမေ့နိုင်လောက်ဘူး။ ဒါက မီးလောင်ထားတဲ့ ကာဗွန်နိုက်စ် သစ်သားတုံးကြီးလိုမျိုး အရမ်းကို ကြမ်းတမ်းပြီး ရှတတတောင် ဖြစ်နေသေးတယ်။ နောက်ပြီး ကာဗွန်ပြာတွေလည်း ရှိတယ်။ အဲ့ဒီနောက် မတော်တဆမှုဖြစ်တဲ့နေရာမှာ မီးလောင်နေတဲ့ အလောင်းတွေကို တွေ့လိုက်ရတာပဲ။ ပုံစံက တထေရာတည်းပဲ။ ငါ ငါ ဝန်မခံချင်ပေမယ့်လည်း တော်တော်လေးကို တူတယ်”
“ငါ့ကို လှမ်းကိုင်တဲ့အရာက ငါ့ကို ဆွဲခေါ်သွားဖို့ ကြိုးစားတာ။ ဒါကြောင့် ငါက ငါ့ရဲ့ သေသွားတဲ့ ကလေးဘဝက သူငယ်ချင်းတွေကို အော်ခေါ်လိုက်တယ်။ ဒီနည်းအားဖြင့် ငါတို့ရဲ့ငယ်ဘဝက ရင်းနှီးမှုကို စဉ်းစား ဆင်ခြင်ပေးပြီး လွှတ်ပေးဖို့ပေါ့။ ဒါပေမယ့် ငါ စိတ်ဓာတ်ကျလုနီးပါး အချိန်မှာပဲ ငါ့ရဲအိမ်အနောက်ဘက် တောင်တန်းဆီကနေ တော်တော်လေးကို မွှေးပျံ့တဲ့ ရနံ့က တိုက်ခတ်လာတဲ့လေနဲ့အတူ ရောက်လာတယ်။ အဲဒီအရာကြောင့် ရပ်တန့်သွားပြီး သူ့ရဲ့ပါးစပ်ကြီးကို ဟပြီး စကားတွေကိုပြောတယ်။ ဒါပေမယ့် အဲ့ဒီအသံက ငါ ငယ်ငယ်က ကစားခဲ့တဲ့ ကစားဖော်ရဲ့အသံ ဖြစ်နေတယ်”
“သူက ငါ့ကို ပြောတယ်။ သူ နောင်တရတယ်။ သူ အမှားလုပ်ခဲ့မိတယ်တဲ့။ ဒါပေမယ့် သူ့မှာ ပြန်လမ်း မရှိတော့ဘူး။ သူက ငါ့ကို ပြောတယ်။ မြန်မြန် ထွက်သွားတဲ့။ ဒီရွာကနေ ချက်ချင်းပြောင်းသွား။ ဘယ်တော့မှ ပြန်မလာခဲ့နဲ့လို့ ပြောတယ်။ နောက်ပြီး သူက ငိုတယ်။ သူ သစ်ပင်ကို မခုတ်ခဲ့သင့်ဘူးတဲ့”
သက်လတ်ပိုင်းအရွယ် ဧည့်သည်က လေးလံသော အသံနှင့် ဘေးဘက်ရောကို ပုတ်ရင်း ယန်ရှစ်ရွှမ်းကို ပြန်ပြောသည်။
“ဒါကြောင့် ငါလည်း ရွာကနေ ထွက်ပြေးပြီး အလုပ်လာလုပ်တာပေါ့။ အခု ငါ့မှာ ပိုက်ဆံရှိပြီ။ ငါ အပင်တွေ စစိုက်နေပြီ။ ဒီလို စိုက်နေတဲ့အချိန် ငါ အမြဲတမ်း တွေးမိတယ်။ ငါ့ရဲ့ဘဝကို ကယ်တင်ခဲ့တဲ့ အဲ့ဒီအလင်းရောင်က ဘယ်နေရာကနေ လာတာလဲ။ အချိန်က ညလယ်ခေါင်ကြီးနော်။ ပိုဆိုးတာက ငါ့ရဲ့ငယ်ဘဝက မိတ်ဆွေက အဲ့ဒီလေတိုက်လာတဲ့အချိန်မှာ နာကျင်သွားသလို ဖြစ်သွားခဲ့သေးတာ။ ငါသာ သစ်ပင်များများ ပိုစိုက်မယ်ဆိုရင်တော့ သူ စိတ်အေး နိုင်လောက်မှာပေါ့”
ထိုအချိန်က ယန်ရှစ်ရွှမ်းက ထိုစကားကို ကြားခဲ့သောအခါ မမှားယွင်းကြောင်း နားလည်လိုက်သည်။ သို့သော် ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေ လောကတွင် သရဲထောင်ပေါင်းများစွာ၊ နတ်ဘုရား ထောင်ပေါင်းများစွာ ရှိသည်။ အားလုံးတွင် ကိုယ်ပိုင်အကျိုးအပြစ်နှင့် သက်ရောက်မှုများ ရှိနေသည်။
သူက ထိုဧည့်သည်၏ ငယ်ဘဝက ကစားဖော် မိတ်ဆွေကို သနားပြီး ဂရုစိုက် ပေးလိုက်လျှင် အသက်ရှင်လျက် လောင်ကျွမ်းခံခဲ့ရပြီး မဲတူးနေသည့် ထိုအလောင်းက သူ့အား အမှားတစ်ခုခုကို လုပ်ခဲ့မိပြီး ဆိုးရွားသော အကျိုးဆက်လည်း ခံနေရခြင်းလည်း ဖြစ်နိုင်လေရာ သူ့အတွက်ပင် မကောင်းသည့် သက်ရောက်မှု ရှိလာနိုင်သည်။
သူသည် အခြားသောသူများနှင့် ကံခြင်း မယှက်နွယ်လိုပေ။ ထို့အပြင် အခြားသော သူများ၏ ကံကြမ္မာစက်ကွင်းကိုပင် ဝင်ရောက် မစွက်ဖက်လိုပေ။ သို့သော် ယခုမူ မင်းသမီးရုန်ရုန်၏ ဇာတ်ကြောင်းပြန်ပြောပြမှုနှင့် အန်းနန်ယွမ်၏ အခွဲဖန်သားပြင်တွင် ပေါ်နေသော စခရင်ရှုများက ယန်ရှစ်ရွှမ်းအား သာမာန်လူနှင့်မတူသော ထိုလက်ဖဝါးကို တွေးမိသွားစေသည်။ ရုတ်တရက် သူယခင်က ကြားဖူးသည့် ပုံပြင်ကို သတိရသွားခဲ့ခြင်း ဖြစ်သည်။
60 05
ပို၍ဆိုးသည်မှာ ဒီနေရာသည် ဝံပုလွေရိုင်းတောင်နှင့် နီးသည်။ ထိုဧည့်သည်၏ မွေးရပ်မြေမြို့နှင့် မျက်နှာချင်းဆိုင် တည့်တည့်ဖြစ်သည်။
ယန်ရှစ်ရွှမ်းက မျက်လွှာအသာချလိုက်ပြီး တက်ပလက်ထဲမှ စခရင်ရှုကို ချဲ့ကြည့်သည်။
ဒီလက်က မီးလောင်ထားတဲ့ လက်လိုပဲ။ နောက်ပြီး တကယ်လိုသာ အဲဒီမဲတူးသွားတဲ့အထိ မီးရှို့ခံလိုက်ရတဲ့ အလောင်းတွေသာ ဆိုရင်_ _ _
ဒါပေမယ့် ဒါက တောင်ဘုရားကျောင်းလေ။ တောင်တန်းနဲ့ မြစ်ပြင်တွေကို စောက်ရှောက်နေတဲ အဖြောင့်မတ် အမှန်ကန်ဆုံး နတ်ဘုရားရဲ့အင်အားတွေ စုစည်းနေတဲ့ နေရာ”
“ဒါပေါ့ ဒီလိုမျိုး မိစ္ဆာဝိဉာဉ်တွေက ရှိနိုင်လို့လား”
ထိုဆန့်ကျင်ဘက် အခြေအနေက ယန်ရှစ်ရွှမ်းအား မျက်မှောင် ကြုတ်မိစေသည်။ သူ၏အတွေးများက ယာယီအားဖြင့် ပိတ်သွားသလို ခံစားလိုက်ရသည်။
ရှိုး၏ ကွန့်မန့်ကဏ္ဍတွင် ဖြစ်စေ၊ ယန်ရှစ်ရွှမ်း၏ အခွဲဖန်သားပြင်မှ ကွန့်မန့်တွင်ပင် ဖြစ်စေ မင်းသမီးရုန်ရုန်၏ စကားနှင့် အန်တိုနီ၏ စခရင်ရှုများကြောင့် အားလုံးက တိတ်ဆိတ် သွားကြသည်။
ကြည့်ရှုသူဟောင်းပေါင်းများစွာက တစ်စုံတစ်ရာကို ခပ်ရေးရေး ခံစားမိလိုက်သည်။ သူတို့က ပင့်သက်ရှိုက်ရင်း အမျိုးမျိုးသော စိတ်ကူးယဉ်မှုများကြောင့် ပို၍ပင် ကြောက်လန့်သွားကြကာ ကွန့်မန့်များက ပလူပျံလာပြန်သည်။
[သောက်ကျိုးနည်း အိမ်မှာ မီးပျက်နေလို့ ဖယောင်းတိုင်လေးကို ထွန်းထားရတာလေ။ ဘာလို့ ဒါကို လာပြရတာလဲ။ ငါ အပြင်တောင် မသွားရဲတော့ဘူး။ ငါ ဖယောင်းတိုင်လေး ကိုင်ပြီး ဖုန်းကိုပဲ တုန်ယင်စွာ ကြည့်နေရတာ။ အမှောင်ထဲမှာလည်း တစ်စုံတစ်ရာက ပုန်းနေတယ်လို့ ခံစားနေရတယ်]
[ကယ်ကြပါ ကယ်ကြပါ ကယ်ကြပါ။ ဒီလောက်ညနက်နေမှ ငါ့ကို စခရင်ရှုတွေ လာပြတာလား။ ငါ သေတော့မယ် ထင်တယ်]
******