Ch 59
Viewers 6k

59 01

အပိုင်း(၅၉)

 

အန်တိုနီက ထိတ်လန့်သွားသောအခါ သူ၏ခံစားချက်များနှင့် ပြန်ပြောပြသော အကြောင်းအရာများက မသိတော့ချေ။ သို့သော် လူနာတစ်ယောက်က ဆရာဝန်ကို သွားတွေ့သလိုမျိုး မပြင်ဆင်ထားဘဲ ပြောပြမှုက ဆရာဝန်၏ ဖျားနာမှုကို ဆုံးဖြတ်ရာတွင် မှန်ကန်စေနိုင်သည်။

 

ယန်ရှစ်ရွှမ်းကလည်း အန်တိုနီသည် သူ၏လည်ပင်းမှ ပုခုံးသို့ လှမ်းထိပြီး ကျောဘက် သို့မဟုတ် ကျောရိုးဘက်သို့ ထိချသွားသည့် ခံစားမိခဲ့ခြင်း ဖြစ်လိမ့်မည် ခံစားလိုက်ရသည်။

 

အကြောင်းမူကား ပုခုံးနှင့်ထိုကျောရိုးက သွေးကြောများနှင့် တွက်ချက်ရာတွင် ယန်ချီ စီးဆင်းသည့် အရေးပါသော လမ်းကြောင်းများ ဖြစ်နေသောကြောင့် ဖြစ်သည်။

 

ယန်ရှစ်ရွှမ်းသည်လည်း ဧည့်သည်များက ထိုသို့မလုပ်ကြောင်း ကောင်းကောင်း သိသည်။ အန်တိုနီက သူ၏အဖြစ်အပျက်ကို ပြန်ပြောပြသောအခါ ဒါရိုက်တာ၏လက်ထောက်က သူနှင့်အတူ ရှိနေသည်။ တာအိုဘုန်းတော်ကြီးနှင့် ရွာသားနှစ်ယောက်ကလည်း တစ်ဖက်ခြမ်းတွင် ရှိနေသည်။ ထိုသို့ဆိုလျှင် တစ်စုံတစ်ယောက်က အန်တိုနီ၏ ယန်စွမ်းအင်များ ရှိရာနေရာသို့ သွားထိသည်။

 

ဘယ်သူလဲ။

 

တိုက်ရိုက်ထုတ်လွှင့်မှု၏ အ‌ရှေ့တွင် ကြည့်ရှုသူများက စောင့်ကြည့်နေကြပြီး အန်တိုနီနှင့် ယခုတလော နာမည်ကြီးလာသည့် မင်းသမီးက သူတို့ရေချိုးနေချိန် တစ်စုံတစ်ယောက်က လာကြည့်ကြောင်း‌ ပြောသောအခါ အားလုံးက အံ့ဩသွားကြသည်။

 

သို့သော် အန်တိုနီကမူ မျက်လုံးနှင့် နှာခေါင်းများကို အမှန်တကယ် မြင်လိုက်သည်ဟု ဖော်ပြ ကြလာသောအခါ ကြောင်အ သွားကြပြန်သည်။

 

“ဒါက အသေးစိပ်ကျလွန်းတယ်။ အထိအတွေ့နဲ့ အပူချိန်ကိုတောင် ဖော်ပြထားသေးတယ်”

 

ဒါက လိမ်နေသလိုပဲ မဟုတ်လား။ နောက်ပြီး အနုပညာရှင် အများစုကတော့ ဒီလိုအလွယ်တကူ ပေါ်စေလောက်မယ့် အလိမ်အညာကိုတော့ အတင်း မပြောလောက်ပါဘူး။ မည်သိုပင်ဆိုစေ တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိက ဖန်သားပြင်နှင့် အခွဲဖန်သားပြင်တို့ အားလုံးကို ဖွင့်ထားကြလေရာ စစ်ကြည့်လိုက်ရုံနှင့် သိနိုင်ပေမည်။

 

[ငါလည်း ငါ့ရဲ့ကောရဲ့ ပရိတ်သတ်တစ်ယောက်ပါ။ ဒါပေမယ့် အန်တိုနီကို အချို့အကြောင်းပြချက်တွေကြောင့် သဘောမကျဘူး။ နောက်ပြီး သူပြောသွားတာက _ _ _တစ်ယောက်ယောက်က တကယ်ပဲ ချောင်းကြည့်နေတာတဲ့လား။ အရသာ ခံနိုင်စွမ်းအား မရှိလိုက်တာ]

 

[ငါလည်း အန်တိုနီရဲ့ ဆိုရှယ်မီဒီယာအကောင့်ကို သွားကြည့်ပြီး ပြန်လာတာ။ အချို့ပရိတ်သတ်တွေက စခရင်ရှုတွေ တင်ထားကြတယ်။ ရေချိုးခန်းထဲမှာ ချိတ်ထားတဲ့ မှန်အကွဲ ရှိတယ်လေ။ အတွင်းဘက်ကနေ ကြည့်ရင်း အန်တိုနီက မျက်လုံးကို မှိတ်ပြီး ခေါင်းလျှော်နေတဲ့အချိန်မှာ ပုံရိပ်ရေးရေး ရှိနေသလိုပဲ။ နောက်ဘက်ကနေ ဆန့်ထွက်လာတဲ့ လက်က တအားမဲနေသလို ဖြစ်မနေဘူးလား။ ငါပဲ မျက်လုံး မှားတာလား။ ဒါမှမဟုတ် ပုံမှာ အလင်းရောင် မလုံလောက်လို့ လား။ ဘာကြောင့်လဲတော့ မသိပေမယ့် အဲ့ဒီလက်က တကယ်မဲနေတာ]

 

[ဒါပေမယ့် လူတိုင်းရဲ့ ဖန်သားပြင်အခွဲကို ဖွင့်ထားတာပဲလေ။ ငါက င့ါရဲ့ကော ဖန်သားပြင်အခွဲမှာ နေနေတယ်ဆိုပေမယ့်လည်း အခြားသူတွေကလည်း ဖန်သားပြင်အနှံ့ လျှောက်သွားပြီး စားစရာတွေကို ဝေမျှစားနေတာပဲ မဟုတ်လား။ တစ်ယောက်ယောက်ကတော့ ပျောက်နေတယ်လို့ မထင်ပါဘူး]

 

[အဲဒီယန်ရှစ်ရွှမ်းက ဒီမှာမရှိဘူးလေ။ ဖြစ်နိုင်တာက ငါ့ရဲ့နီနီလေးကို သူက ချောင်းကြည့် တာလား။ သူ အရင်က ငါ့ရဲ့နီနီကို ချောင်းကြည့်တဲ့ပုံစံကို မှတ်မိပါတယ်။ သူ တစ်ခုခု မှားနေတာ ဖြစ်ယ်]

 

အန်တိုနီ ပရိတ်သတ်များက ကွန့်မန့်တွင် ရူးသွပ်နေကြောင်း မြင်သောအခါ အခြားသော ကြည့်ရှုသူများက ဆွံ့အသွားပြီး အခုလေးတင် ယန်ရှစ်ရွှမ်း၏ ဖန်သားပြင်အခွဲထဲမှ ရိုက်ကူးထားခဲ့သည့် စခရင်ရှုများအား ထိုကွန့်မန့်နေရာသို့ ပြလိုက်သည်။

 

“မင်းတို့ မျက်လုံးမကောင်းရင်လည်း ကိုယ့်မျက်လုံးကို သွားပြီး ဆရာဝန်ပြကြည့်ကြ။ ကန်းနေတိုင်း တခြားသူတွေကို လိုက်လက်ညိုးမထိုးနဲ့။ ယန်ကောက အန်တိုနီကို မုန်းလို့ ကြည့်တာ ဟုတ်ပြီလား”

 

တစ်စုံတစ်ယောက်က ချက်ချင်းလိုလို သဘောတူသည်။

 

“ယန်ကောက ပရိတ်သတ် သန်းငါးဆယ်ရှိတဲ့ အိုင်ဒေါလ်တစ်ယောက်ကတောင် အိုင်ဒေါတစ်ယောက်လို သတ်မှတ်ခံထားရတဲ့ သူပဲ။ ယန်ကောမှာသာ ဆိုရှယ်မီဒီယာအကောင့် ရှိရင် သူက ညတွင်းချင်း ပရိတ်သတ် ဆယ်သန်းကျော် ပြောင်းလဲသွားမှာ သေချာတယ်။ ဒီလိုလူမျိုးက ပန်းအိုးအလွတ်ကြီး ဆိုရင်တောင်မှ သူ့ရဲ့မျက်နှာလေးနဲ့ လုပ်စားလို့ ရတယ်။ ဒါပေမယ့် သူက ဖျော်ဖြေရေးလောကကို စိတ်မဝင်စားတာ အသိသာကြီးပဲ။ အဲ့ဒီအစား သူကပဲ လက်သီးတစ်ချက်တည်းနဲ့ပဲ သတ်လို့ရတဲ့ အထိ သူ့ရဲ့လက်သီးက တအားမာတယ်။  စိတ်တော့မရှိပါနဲ့။ ယန်ကောက အန်တိုနီကို ချောင်းဖို့ လိုအပ်တယ်လို့တော့ မမြင်ဘူး။ နောက်ပြီး ယန်ကောက ရေချိုးရင် မှန်တော့ ကြည့်မှာပေါ့။ အဲ့ဒီအခါ သူ့ရုပ်သူ မြင်ရမှာပဲလေ။ သူ့ရဲ့ရုပ်ကို မြင်ပြီးတဲ့နောက်မှာ အခြားသူတွေကို ကြည့်ဖို့ လိုအပ်မယ်လို့ သေးတယ်လို့ ထင်လား]

59 02

[တကယ်ပါ ငါ အစ တိုက်ရိုက်ထုတ်လွှင့်မှုကို စကြည့်တော့ ယန်ကောရဲ့ မျက်နှာကို အရင်မြင်ရတာပဲ။ ငါတော်တော်လေးကို အံ့ဩသွားတာ။ ပထမဦးဆုံးအကြိမ် ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲမှာ ဒီလောက် ကြည့်ကောင်းရှင်းသန့်လွန်းတဲ့သူကို ပထမဦးဆုံးအကြိမ် မြင်ဖူးတာပဲ။ ဟုတ်တယ် ခွဲစိပ်ပြုပြင်ထားတဲ့ အတုအယောင် ပလတ်စတစ်ကြီးတွေကိုတော့ ထည့်မပြောနဲ့ပေါ့။ နောက်ပြီး အန်တိုနီက ရုပ်မဆိုးပေမယ့် ရိုးရိုးသားသား ပြောရရင် ငါတို့ယန်ကောနဲ့ ယှဉ်ရင် အဆင့်အများကြီး နိမ့်နေတယ်။ ယန်ကောက ဒီအကောင့်ကို သွားကြည့်မယ့်အစား ကိုယ့်ကိုယ်ပဲ ကြည့်နေတော့မှာပေါ့။]

 

ပြောဆိုခံလိုက်ရသည့် အန်တိုနီ၏ ပရိတ်သတ်များက ဒေါသတကြီး ဖြစ်သွားပြီး ပြန်လည် ပြောဆိုသည်။ ထို့နောက် တစ်ဖက်က ပရိတ်သတ်များက ပြန်တင်ထားသော animatedပုံများကို ဖွင့်ကြည့်လိုက်သည်။

 

ရလဒ်အနေဖြင့် “ ခရက်ရှ်”

 

_ _ _

 

ဖုန်းက လွှင့်ပစ်ခံလိုက်ရသောအခါ ကွဲအက်သံက ထွက်ပေါ်လာသည်။ ထိုဖုန်းက နံရံကို ရိုက်မိသွားပြီး အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားသည်။

 

ထိုပရိတ်သတ်၏ ဦးခေါင်းခွံက ပုံထဲတွင် မြင်ခဲ့ရသည့် ပန်းချီပုံများ၏ သိပ်သည်းသော မျက်လုံးများကြောင့် ဦးခေါင်း ကြိမ်းမတတ် ကြောက်လန့်သွားသည်။ သူ၏မျက်လုံးက ကြောက်လန့်တကြား ပြူးကျယ် နေသည်။ သူ၏မျက်နှာကလည်း ကြောက်လန့်မှုကြောင့် ဖြူဖျော့ကုန်၏။ သို့ရာတွင် သူက မအော်နိုင်သေးခင် သူ၏အပေါ်နှင့် အောက်သွားများ တဆက်ဆက် ရိုက်နေကာ တဂျွတ်ဂျွတ် အသံများက ထွက်လာလေသည်။

 

.....

 

ဧည့်သည်များကမူ တိုက်ရိုက်ထုတ်လွှင့်အောက် ကွန့်မန့်ကဏ္ဍတွင် သွေးမိုး ရွာသွန်းနေကြောင်းကို မသိချေ။ သူတို့၏အာရုံက ရေချိုးနေတုန်း ချောင်းကြည့်ခံရပါသည်ဟု ပြောလာသည့် နှစ်ယောက်ထံတွင်သာ ဖြစ်သည်။

 

အန်တိုနီကို ရင်ဆိုင်ရသောအခါ အန်းနန်ယွမ်က ယန်ရှစ်ရွှမ်း၏အ‌ရှေ့တွင်လောက် ကောင်းမွန်စွာ နေထိုင်ပြသမည် မဟုတ်ပေ။ ထို့အစား သူက ဘာစကားမှပြောမနေပဲ အခွဲဖန်သားပြင်ကိုသာ ပြလိုက်သည်။

 

“ငါ့ရဲ့ဖန်သားပြင်မှာ စခရင်ရှင်းလုပ်ထားတဲ့ ပရိတ်သတ်ဆယ်သန်းကျော် ရှိတယ်။ နောက်ပြီး အချိန်နဲ့ တပြေးညီကြည့်နေတဲ့ ပရိတ်သတ်က တစ်သန်းကျော် ရှိနေသေးတယ်။ သူတို့အားလုံးက ငါ့ရဲ့သက်သေတွေပဲ”

 

အန်းနန်ယွမ်က တစ်ချက်လှောင်လိုက်ပြီး အန်တိုနီကို ပြောသည်။

 

“ငါ့မှာ သက်သေ သန်းကျော်ရှိတယ်။ မင်းမှာ ဘာရှိလဲ”

 

“ဖူ”

 

ဘေးဘက်မှစုန့်ချီက ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။

 

ထိုအခိုက်အတန့်တွင် အခြားသော မကျေမနပ် ဖြစ်နေသော ဧည့်သည်များကလည်း ရယ်ကြသည်။

 

အန်တိုနီကမူ အန်းနန်ယွမ်၏ အကြည့်ကြောင့် ရှက်သွားသည်။ ခပ်တိုးတိုး ရယ်သံက သူ့အား ပို၍ပင် အရှက်ရစေ၏။ သူ၏အမူအယာက တောင့်တင်းသွားပြီး ပြဿနာ မပြုနိုင်ရန် ကြိုးစားသော်လည်း ပို၍ပင် အကြည့်ရ ဆိုးသွားသည်။

 

အန်းနန်ယွမ်က ဦးဆောင် လိုက်သောအခါ အခြားသောဧည့်သည်များက သူတို့၏ ဖန်သားပြင်အခွဲများကို ချက်ချင်းလိုလို ပြကြသည်။ သို့သော် ဧည့်သည်များက ထိုသို့လုပ်သောအခါ ယန်ရှစ်ရွှမ်းက ဝင်မပါချေ။ ထို့အစား သူက အသုံး မဝင်နေသော အရာကို လုပ်နေသမျှ ထိုင်ကြည့်‌ပေးနေရပြီး အချိန်ဖြုန်း ခံနေရသော မျက်နှာထားနှင့်သာ ဖြစ်လေသည်။

59 03

ထို့အစား သူက ဘေးဘက်တွင် ကုလားထိုင်ပေါ်တွင် ကြုတ်ကြုတ်လေး ထိုင်နေသည့် ရုန်ရုန်၏ အနားသို့ သွားလိုက်သည်။

 

ယခုလေးတင် ခံစားချက်အပြည့်နှင့် မေးခွန်းမေးနေချိန်တွင် ရုန်ရုန်ဟာ အလွန်အမင်း ကြောက်လန့်နေပြီး ထိတ်လန့်ဖွယ် ဖြစ်နေသည်။ သူမက ဟောင်းနွမ်းနေသော သစ်သားကုလားထိုင်ပေါ်တွင် ကြုတ်ကာနေနေ၏။ သူမ၏ ရေချိုးတံဘက်အောက်မှ  ပိန်ပါးသော ခန္ဓာကိုယ်ကလည်း တုန်ယင်နေသေးသည်။

 

သူမက ရေချိုးချိန်အတွင်း ချောင်းကြည့်ခံလိုက်ရသောကြောင့် သူမ၏ ပုံမှန်လုပ်နေကြ ခန္ဓာကိုယ် ဂရုစိုက်သည့် ကိစ္စကိုလည်း အပြီးတိုင် မလုပ်ခဲ့ရချေ။ ဆံပင်များက တစ်ဝက်ခန့်အထိ စိုနေသေးပြီး သူမက အေးနေသလိုမျိုး မျက်နှာကလည်း ဖြူဖျော့နေသေးပြီး နူတ်ခမ်းကလည်း မဲပြာလာ၏။ သူမက အစပိုင်းတွင် အလွန်မောက်မာသူ ဖြစ်ပြီး ယခုမူ ပုံစံမတူသော အခြေအနေ ဖြစ်နေသည်။

 

ယန်ရှစ်ရွှမ်းက ရုန်ရုန်၏အနားသို့ လျှောက်သွားပြီး သူမ၏ ပိန်ပါးသော ခန္ဓာကိုယ်ကို ဖိနှိပ်သလို ခံစားချက်မျိုး မခံစားစေရန် အလို့ငှာ သူ၏အရှိန်အဝါကို အတတ်နိုင်ဆုံး လျော့လျက် ဘေးဘက်ခြမ်းရှိ ကုလားထိုင်ပေါ် ထိုင်ချလိုက်သည်။ ထိုသို့ဖြင့် သူဟာ ပြောရဆိုရ လွယ်သူအဖြစ် ထင်မြင်သွားအောင် အတတ်နိုင်ဆုံး နူးညံ့စွာ မေးလိုက်သည်။

 

“မင်း ရေချိုးနေတဲ့အချိန်မှာ တစ်ယောက်ယောက်က ကြည့်နေတယ်လို့ မင်းပြောသွားတယ်။ အဲ့တာကို မင်း အသေးစိပ် ပြန်ပြောပြနိုင်မလား။ မင်းကို ကြည့်တဲ့သူက ဘာနဲ့တူလဲ”

 

ယန်ရှစ်ရွှမ်း၏ အရှိန်အဝါက နူးညံ့သွားသည့်အခါ အလွန်အမင်း မှင်သက်ဖွယ် ကောင်းလောက်အောင် သက်ရောက်မှုရှိသောကြောင့်လား မသိချေ။ ယခုလေးတင်‌ ကြောက်လန့်နေခဲ့သည့် ရုန်ရုန်က ဘေးဘက်တွင် ထိုင်လာသော ယန်ရှစ်ရွှမ်းကို မြင်ပြီးပြီးချင်း နောက်ဘက်သို့ပင် ကြုတ်သွားသည်။

 

ယန်ရှစ်ရွှမ်းက စိတ်ရှည်စွာ စောင့်ပေးသည်။ တစ်ခဏခန့် ကြာပြီးနောက် ရုန်ရုန်က တုန့်ဆိုင်းစွာ ပြောသည်။

 

“ငါ အဲ့ဒီလူရဲ့မျက်နှာကိုတော့ မမြင်လိုက်ဘူး။ ဒါပေမယ့် မဟုတ်ဘူး ငါ_ _ _”

 

“သူမှာ မျက်နှာ မရှိဘူးလို့ ပြောရမလား”

 

ဒီအတိုင်း မျက်လုံးတစ်စုံပဲ။

 

ယန်ရှစ်ရွှမ်း၏ မေးခွန်းကြောင့် ရုန်ရုန်ဟာ ရေချိုးခန်းထဲမှ အဖြစ်အပျက်ကို ပြန်တွေးမိသွားပြီး ပို၍ပင် ကြောက်လန့်လာပုံ‌ ပေါ်လေသည်။

 

တောင်ဘုရားကျောင်း၏ ရေချိုးခန်က မြို့ရှိအများသုံး ရေချိုးခန်းများနှင့်ပင် ခြားနားသည်။ ဘုရား‌ကျောင်း၏ အနောက်ဘက် ကျဉ်းမြောင်းသော အခန်းလေးထဲတွင် ရေချိုးခန်းဝင် ပစ္စည်းများကို ထည့်သွင်းထားခြင်း ဖြစ်ပြီး ရေချိုးခန်းဟု ခေါ်ရုံမျှသာ ခေါ်နိုင်လောက်အောင် ရိုးရှင်းသည်။

 

ရုန်ရုန်က မူလကမူ ထိုကဲ့သို့ နေရာမျိုးကို အထင်သေးလေသည်။ သို့သော် အခြေအနေ အများကြီး၏ ကန့်သတ်ချက်တောင် မရှိဘဲ နှာခေါင်းကို ပိတ်ပြီး ဝင်သွားလိုက်ရသည်။

 

သူမက ဖန်သားပြင်အခွဲကို ပိတ်ပြီး ရေချိုးသောအခါ သီချင်းကိုပင် ငြီးနေသေးသည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်အနှံ့ ဆပ်ပြာများကို တိုက်နေသည့် အခိုက်အတန့်တွင် ဘုန်းကနဲ အသံက ထွက်ပေါ်လာကြောင်း ကြောင်းလိုက်ရသည်။ ထိုအသံက ရေကာလိုက်ကာ အပြင်ဘက်မှ ထွက်လာခဲ့ခြင်း ဖြစ်သည်။

 

တစ်စုံတစ်ရာက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသောအသံလိုမျိုး ဖြစ်သည်။

 

ထို့နောက် တစ်စုံတစ်ယောက်က  တံခါးကို ဘန်းကနဲ ထုလိုက်သော အသံမျိုးလည်း ဖြစ်နေပြန်သည်။

 

ရုန်ရုန်က ထိုအသံကြောင့် ကြောက်လန့်သွားပြီး တုန်ယင်သွားသည်။ သူမ၏နှလုံးသားကို တည်ငြိမ်သွားအောင် အချိန်ယူပြီးမှသာ သတ္တိကို စုလျက် လိုက်ကာကို ဖွင့်ကာကြည့်လိုက်သည်။

 

“ဟယ်လို တစ်ယောက်ယောက်များ ရှိတာလား”

 

သို့သော် ရေချိုးခန်းတစ်ခုလုံးက တိတ်ဆိတ်လွန်းနေသည်။ သူမက ယာယီအားဖြင့် ရေပန်းကိုပင် ပိတ်လိုက်သောအခါ အပြင်ဘက်မှ မိုးအသံကို ကြားရတာ တိတ်ဆိတ် လွန်းနေကြောင်း မြင်လိုက်ရ၏။ အလင်းနှင့်မှုန်နေသော မီးသီးကလည်း မျက်နှာကျက်တွင် ချိတ်ဆွဲကျလျက် ရှိနေသေးပြီး ကျဉ်းမြောင်းသောအခန်းကို လင်းရုံလောက်သာ ထောက်ပံ့ပေးနိုင်သည်။ တံခါးအစွန်းနား ပြတင်းပေါက်နားမှ စတင်ပြီး အရာအားလုံးက မဲမှောင်နေလေသည်။

 

ရုန်ရုန်က ပြတင်းပေါက်အပြင်ဘက်သို့ သံသယအပြည့်နှင့် စိုက်ကြည့်လိုက်သည်။ သို့သော် မည်သည့်အရာကိုမှ မမြင်ရချေ။ အရာအားလုံးဟာ ပုံမှန်သာ ဖြစ်ပြီး အရာအားလုံးက ငြိမ်းချမ်းနေပုံပေါ်သည်။

 

နားကြားမှားတာလား။

 

ရုန်ရုန်က လိုက်ကာကို ပြန်ဆွဲချလိုက်သည်။ သူမက စိတ်မအေးနိုင်သေးသော်လည်း  ဆပ်ပြာတိုက်ပြီးနောက် ချက်ချင်း ရေမဆေးကြသောကြောင့် ဖြစ်လောက်သည်။ အငွေ့ပျံလာသော ထိုရေများ သူမခန္ဓာကိုယ်မှ အပူချိန်များကို စုပ်ယူသွားပြီး အအေးကြောင့် တုန်ယင်သွားသည်။ ထိုသို့ဖြင့် ရေပန်းကို ခပ်မြန်မြန် ဖွင့်လိုက်သည်။

59 04

ထိုသို့ဖြင့် ရေကျသံက ပြန်ပေါ်လာပြန်သည်။

 

သို့ရာတွင် ရေကျသံအောက်တွင်ပင် အမှောင်ထုအတွင်းတွင် ပွတ်တိုက်သံလိုမျိုး ကလစ် ကလစ်ဆိုသည့် အသံကို ကြားရသည်။ ထိုအသံက တဖြည်းဖြည်းချင်း ရေလိုက်ကာ ပိတ်ထားသည့် ရေအရင်းအမြစ်နှင့် အလင်းနားသို့ ချဉ်းကပ်လာသည်။

 

သို့သော် မူလက ပျော်ရွှင်နေသော ရုန်ရုန်က အန္တရာယ်ကို အာရုံခံမိသည့် တိရိစ္ဆာန်တစ်ကောင်လိုမျိုး ခံစားလိုက်ရသည်။ သူမသည်လည်း တစ်စုံတစ်ယောက်ဟာ စောင့်ကြည့် နေသည်ဆိုသည့် ခံစားချက်ရေးရေးကို ရလိုက်သည်။

 

ထို့နောက် သူမက နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သောအခါ _ _ _

 

“တကယ် တကယ် နင် ငါ့ကို ယုံရမယ်”

 

ရုန်ရုန်က ယန်ရှစ်ရွှမ်း၏လက်ကို ထိတ်လန့်တကြား လှမ်းကိုင်သည်။ သူမက မျက်လုံးကို ပြူးလျက် အော်ဟစ်ကာ ပြောသည်။

 

“အဲ့ဒီလူ အဲ့ဒီလူမှာ တကယ် မျက်လုံးပဲရှိတာ”

 

ဘေးဘက်ခြမ်းမှ ဧည့်သည်များက ရုန်ရုန်၏ လုပ်ကြံအော်သံကြောင့် ကြောက်လန့်သွားကြပြီး စကားပြော ရပ်တန့်ကာ လှည့်ကြည့်လိုက်ကြသည်။

 

“ငါ လှည့်ကြည့်လိုက်တဲ့ အချိန်မှာလေ အမှောင်ထဲမှာ မျက်လုံးနှစ်လုံးတည်းက လွှင့်နေတာ။ အခြားဘာမှ မရှိဘူး။ သူက ငါ့ကိုတောင် ပြုံးပြနေသေးတယ်။ ငါ ခံစားလို့ ရတယ်”

 

ရုန်ရုန်က ကြောက်လန့်လွန်းသဖြင့် ငိုလုနီးပါး ဖြစ်သည်။

 

“အစကတုန်းက ဒီအတိုင်း တစ်ယောက်ယောက်က သူ့ရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်စေလို့ ခေါင်းကို အနက်ရောင်အိတ်ကြီး စွပ်ထားတာလို့ ထင်ခဲ့တာလေ။ ဒါပေမယ့် အခုမှ ငါ မှတ်မိတယ်။ အဲ့တာက အိတ်ဆိုရင် ရောင်ပြန်ဟပ်ရဦးမှာ။ ဒါပေမယ့် သူမှာ မရှိဘူး။ ဒီအတိုင်း မျက်လုံးကပဲ မျောလွှင့်နေတာ”

 

စကားပြောဖော် တစ်စုံတစ်ယောက် ရသွားသောအခါ ရုန်ရုန်ဟာ ကျောရိုးတစ်ခုကို ရှာတွေ့သွားသလိုမျိုး ယခုလေးတင် ဖြစ်ခဲ့သော ခံစားချက်များ အားလုံးက ပေါက်ထွက်လာသည်။

 

ယန်ရှစ်ရွှမ်းသည် လူများကို နှစ်သိမ့်ပေးရာတွင် မတော်ချေ။ ထို့အပြင် ထိုသို့ နှစ်သိမ့်ပေးရန်အတွက်လည်း အချိန်ဖြုန်းနေလိမ့်မည် မဟုတ်ချေ။ ထိုအတွက်ကြောင့် သူနှင့် လူထုအကြားမှ အလွန်နီးကပ်သော အခြေအနေကို အခွင့်ကောင်းယူပြီး စိတ်ငြိမ်စေသော မန်ထွာကို တိတ်တဆိတ် ရွတ်လျက် နှစ်ကိုယ်သာ ကြားရသောအသံမျိုးဖြင့် ခပ်မြန်မြန် အဆုံးသတ်လိုက်သည်။ အခုလေးတင် ခံစားချက်များကို ထိန်းချုပ်မှု လွတ်ကင်းနေခဲ့သည့် ရုန်ရုန်က အလွန်အမင်း ကြောက်လန့်နေခဲ့ရာမှ ခပ်မြန်မြန် တည်ငြိမ်သွားပြီး အိပ်ချင်လာသည်။ သူမက ယန်ရှစ်ရွှမ်း၏လက်မောင်းကို လွှတ်လိုက်ပြီး ထိုင်ခုံနောက်ဘက်သို့ ပြန်လှဲချလိုက်သည်။

 

တိုက်ရိုက်ဆန်ပြီး ဖြစ်သလို နိုင်တယ်ဆိုပေမယ့် သက်ရောက်မှု ရှိတယ်။

 

ယန်ရှစ်ရွှမ်းက သူ၏လက်မောင်းကို ခံစားချက်မဲ့စွာနှင့် ပြန်ယူလိုက်သည်။ ထိုအခါ ရုန်ရုန်က ပြင်းထန်သော ခံစားချက်များက သူ၏လက်မောင်းပေါ် လက်ရာ ပေါင်းများစွာကိုပင် ချန်ထားရစ်ခဲ့ကြောင်း နားလည်လိုက်သည်။

 

တအား သန်မာနေတာပဲ။

 

ယန်ရှစ်ရွှမ်းက မျက်လုံးကို ဖွင့်လိုက်ပြီး ငိုက်မျဉ်းနေသော ရုန်ရုန်ကို သံသယအပြည့်နှင့် ကြည့်သည်။ သူ၏သံသယများက နီးကပ်လာသည်။

 

သူသည် အဓိကခန်းမသို့သွားပြီး စုံစမ်းနေသောအခါက သူ၏ခန္ဓာကိုယ်တွင် အကာအကွယ်ဂါထာကို ရွတ်ပြီး စည်းချသွားခဲ့သည်။ ယခုအခါ ပြန်လာကာစ ဖြစ်လေရာ ဂါထာက မပျယ်သေးချေ။ လူအများသည် ခံစားချက် ပြင်းထန်လွန်းသောအခါ သန်မာလာလေ့ရှိသော်လည်း ပိန်ပါးသော ထိုမင်းသမီးက ကိုယ့်လက်ကိုပင် မမြှောက်နိုင်ဟု ထင်ရလောက်‌အောင် အားနည်းလွန်းသော ပုံစံအနေအထားမျိုးက ဂါထာ၏ ခုခံမှုကိုပင် ဖျက်ပြီး သူ၏လက်မောင်းတွင် လက်ရာ ကျန်သွားနိုင်အောင် လုပ်နိုင်သည်။

 

ယန်ရှစ်ရွှမ်း၏ စိတ်က ရုန်ရုန်ပြောသော မျက်လုံးနှစ်လုံးတည်းသာ ရှိသောအချက်ပေါ်တွင် ပျောက်သွားသည်။ ထို့နောက် သူက တစ်ခဏခန့် အတွေး နက်သွားသည်။

 

အစပိုင်းတွင် ဒါရိုက်တာ၏လက်ထောက်က ဘေးဘက်တွင် တိတ်တဆိတ် ရပ်နေခဲ့ပြီး သူ၏တည်ရှိမှုကို အတတ်နိုင်ဆုံး နည်းပါးအောင် လုပ်ထားသည်။ ထိုသို့ဖြင့် အခြားသောသူများက သူ့ကိုပင် မေ့လျော့နေကြပြီ ဖြစ်သည်။ 

 

******