Ch 58
Viewers 6k

58 01

အပိုင်း(၅၈)

 

ကြည့်ရှုသူများက တစ်ကိုယ်လုံး ထုံထိုင်းသည်အထိ ကြောက်လန့်ကြောင်း ကွန့်မန့်များပေါ်တွင် ဖော်ပြနေကြပြီးနောက် ဗီဒီယိုပလက်ဖောင်းမှ လူများက ဆိုရှယ် ပလက်ဖောင်းသို့ အပြေးအလွှား သွားကြသည်။ သူတို့သည် သူတို့၏နှလုံးခုန်သံများကို ဖိအုပ်ကိုင်လျက် ဗီဒီယိုပလက်ဖောင်းမှ အစီအစဉ်ကို ပြန်မကြည့်ရဲလောက်အောင် ခြောက်ခြားသွားကြသည်။ ထိုသို့လုပ်နေသည့် အချိန်အတောအတွင်း တုန်ယင်သော လက်ချောင်းများကို သုံးပြီး စာများရိုက်ပြီး ဆိုရှယ်ပလက်ဖောင်းများတွင် ပို့စ်များ တင်ကြသည်။

 

ထိုသို့ဖြင့် “အား အား အား”ဆိုသော အကြောင်းအရာများက ပြည့်နှက်လာလေပြီး ကြောက်လန့်နေသော လူများအားလုံးက ကြောက်လန့်မှုကို ဖောက်ထုတ်ကြသည်။

 

#လှုပ်ခတ်နေသောပုံများ#

 

ဆိုရှယ်ပလက်ဖောင်းတွင် အချိန်နှင့်တပြေးညီ ကျော်ကြားမှုစာရင်းတွင် ထိုခေါင်းစဉ်က လျှင်မြန်စွာ မြင့်တက်လာသည်။  ပို၍များပြားသော ဗီဒီယိုပလက်‌ဖောင်းမှ ကြည့်ရှုသူများကလည်း ဆွေးနွေးမှုအောက်တွင် ဝင်ပါလာကြသည်။

 

ရုတ်တရက် မ‌တော်တဆ ကလစ်ဝင်ကာ နှိပ်မိသော ဖြတ်လျှောက်တစ်ယောက်က သိချင်စိတ် ပြင်းပြစွာနှင့် မေးလာသည်။

 

“ဒါက ပြည်တွင်းက သရဲကားရဲ့ ထွေလာလား။ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ငါတောင်မှ တော်‌တော် အံ့ဩသွားတယ်။ တော်တော်လေးလဲ စိတ်ဝင်စားဖို့ကောင်းတာပဲ။ နာမည်ကဘာလဲ ဝေမျှပါဦး”

 

လူတစ်ယောက်က သူ့ကိုဖြောင်းဖြပေးရန် ကြိုးစားလိုက်သည်။

 

“မကြည့်နဲ့။ အဲ့ဒီလိုမှ မဟုတ်ရင် မျက်လုံးပိတ်ထားရင်တောင်မှ တအား ကြောက်နေရလိမ့်မယ်။ ငါတောင်မှ အခု အဲ့လိုဖြစ်နေပြီ။ ငါ မျက်လုံးကိုပိတ်ပြီး ဘယ်ဘက်ကို လှည့်လိုက်တာနဲ့ ငါ့ရဲ့အခန်းထဲက ပန်းချီကားတွေက လှုပ်နေတယ်လို့ ခံစားနေရတယ်”

 

သို့ရာတွင် သိချင်စိတ်သည် လူသားများ၏ ပြင်းပြသည့် ခံစားချက်တစ်ရပ် ဖြစ်သည်။ ထိုသို့မကြည့်အောင် ဖြောင်းဖြလေလေ ပို၍ကြည့်ချင်လာလေလေ ဖြစ်သည်။

 

ထို့ကြောင့် သိချင်စိတ်ပြင်းပြနေသော ဖြတ်လျှောက်ပေါင်းများစွာက ယန်ရှစ်ရွှမ်း ဖန်သားပြင်အခွဲသို့ ဝင်ရောက်လိုက်ကြသည်။ အကြောင်းမူကား ထိုတက်က ရှာဖွေမှု အများဆုံးစာရင်းတွင် ဝင်ရောက်နေခဲ့သောကြောင့် ဗီဒီယိုသို့ ဝင်လိုက်သည်နှင့် တောင်ဘုရားကျောင်း၏ အဓိကခန်းမအတွင်းမှ ထိပ်မှစတင်ပြီး အောက်အထိ ပြည့်နှက်နေသည့် သိပ်သည်းလွန်းသော အကြည့်ပေါင်းများစွာကို ရင်ဆိုင် လိုက်ရသည်။

 

ထိုနံရံဆေးရေးပန်းချီ ပုံရိပ်များက နေရာတိုင်းတွင် ရှိနေသည်။ မျက်နှာကျက် ထိပ်တွင်ပင် ရှိနေ၏။ ကာရိုက်တာများနှင့် တိရိစ္ဆာန်များကို ဆေးခြယ်ထားပုံက အလွန်အသက်ဝင်လွန်းသလို ယန်ရှစ်ရွမ်းအား မဲနက်လွန်းသော မျက်ဝန်းတစ်စုံဖြင့် တောက်ပမှုလည်း ကင်းစင်ကာ အေးစက်မှု၊ ခံစားချက် ကင်းမဲ့မှုအပြည့်နှင့် စိုက်ကြည့်နေကြသေးသည်။

 

ထို့နောက် ထိုမျက်လုံးကြီးများက ကင်မရာထံ ရောက်လာသည်။

 

ထိုအခိုက်အတန့်တွင် ယခုလေးတင် အခွဲဖန်သားပြင်သို့ ရောက်ရှိလာသော ကြည့်ရှုသူများ အားလုံးက ရှောင်ရှား၍ မရနိုင်သော  အကြည့်မျိုးက ဘက်ပေါင်းစုံမှ ကြည့်လာခဲ့သောကြောင့် ဦးခေါင်းများ ထုံထိုင်းသွားကြသည်။

 

ထုံထိုင်မှုက ဦးခေါင်းခွံမှ စတင်ပြီး အောက်ဘက်သို့ စပြန့်လာလေလေ တစ်ကိုယ်လုံး၏ သွေးများကို ခဲသွားစေသည်။ ခြေထောက်များကပင် ထုံထိုင်းသွားလေပြီး ဆန္ဒရှိလျှင်ပင် မလှုပ်နိုင်ကြတော့‌ချေ။

 

လူအများစုကမူ အန္တရာယ်ကို အာရုံခံမိနိုင်သည့် လူသားများ၏ လှုံ့ဆော်မှုက မြင့်တက်လာသလိုမျိုး ထွက်ပြေးချင်စိတ်က မြင့်တက်လာကြာသည်။ သူတို့သည် သူတို့၏ တောင့်ခဲပြီး အေးစက်နေသော လက်ချောင်းများကို ဆန့်ကြည့်လိုက်လေရာ အကြောက်တရားက သူတို့၏သွေးများကိုပင် အစီးရပ်စေမတတ် ဖြစ်သွားစေကြောင်း သိလိုက်ရသည်။ သူတို့ အတတ်နိုင်ဆုံး ကြိုးစားပြီး ခန္ဓာကိုယ်များကို လှုပ်ခတ်လျက် တိုက်ရိုက် ထုတ်လွှင့်မှုအား သွားပိတ်ကြသည်။ သို့သော် ထပ်ခါတလဲလဲ နှိပ်သည့်တိုင်အောင် မလုပ်နိုင်ကြ။ အကြောင်းမူကား လက်ချောင်းများက တုတ်ချောင်းများလို တောင့်တင်းနေလေရာ သစ်သားချောင်းများလိုမျိုး အသုံးမဝင် ဖြစ်သွားလေသည်။

 

ထိုသို့ဖြင့် ထိုမျက်ဝန်းများကိုသာ ကူကယ်ရာမဲ့စွာ စိုက်ကြည့်နေလိုက်ရသည်။ အေးစက်မှုက ခြေထောက်မှ စတင်ကာ မြှောက်တက်လာလေပြီး တစ်ကိုယ်လုံးကို လွှမ်းခြုံလျက် သူတို့အား စိတ်ဓာတ်ကျသွားစေသည်။

 

“ယန် ရှစ် ရွှမ်း”

 

ရုတ်တရက် ဖန်သားပြင်ထဲမှ တိုးလျပြီး သံလိုက်ဓာတ်လို ဆွဲဆောင်မှုပြင်းထန်သည့် အသံတစ်သံက ထွက်ပေါ်လာသည်။

 

ထိုအခိုက်အတန့်တွင် အေးစက်လွန်းသော ခံစားချက်များ အားလုံးက ပျောက်ကွယ်သွားသည်။

 

သွေးများက ပြန်စီးသွားသည်။ နှာခေါင်းကလည်း ပြန်အလုပ်လုပ်၏။ အဆုတ်ထဲတွင် ပြတ်လပ်နေသော အောက်စီဂျင်ကိုလည်း ပြန်လည်ရှုရှိုက်နိုင်သွားသည်။ ယခုလေးတင် လည်ပင်းကို လာညစ်ထားသလို ခံစားချက်ကလည်း ပျောက်သွားသည်။

 

လူတိုင်းကို အခွင့်အရေးအကို အရယူပြီး ဖန်သားပြင်ကို နှိပ်လျက် ထိုအခွဲဖန်သားပြင်ထဲမှ ထွက်လာခဲ့လိုက်ကြသည်။

 

ထိုအချိန်အထိ လူအများ၏ နှလုံးသားက ခပ်ကြမ်းကြမ်း လှုပ်ခတ်နေသည်မှာ သူတို့၏ နှလုံးသားက ရင်ဘတ်ထဲမှ ထွက်လုနီးပါး ဖြစ်နေသေးသည်။

58 02

ကြောက်လန့်စိတ် ပြည့်နှက်သွားသော ထိုကြည့်ရှုသူများက ကြောက်လန့်ပြီး မောပန်း နွမ်းနယ်လွန်းသော ခန္ဓာကိုယ်ကို သယ်လျက် ဆိုရှယ်မီဒီယာ ပလက်ဖောင်းသို့ ပြန်သွားသည်။ သူသည် ကြောက်လန့်လွန်းသဖြင့် ငိုချင်နေလေပြီ။ ထို့နောက် ယခုလေးတင် သူ့ကို ဖြောင်းဖြခဲ့သည့်သူများကို ပြန်ဖြေသည်။

 

“ကျေးဇူးအများကြီးတင်ပါတယ်။ မင်းပြောတာမှန်တယ် ငါ မကြည့်ခဲ့သင့်ဘူး။ ဒါပေမယ့် ကြည့်လိုက်မိတယ်”

 

“ငါ ကြောက်လို့ သေတော့မယ်”

 

ယခုလေးတင် ဖန်သားပြင်အခွဲမှ ထွက်ပြေးလာခဲ့သော ကြည့်ရှုသူအဟောင်းများက “.....”

 

လူကြီးတွေ စကားကို နားမထောင်ဘူးဆိုတော့ အကျိုးဆက်ကို ခံရမှာပေါ့ ကျွတ်စ်

 

သို့သော် ကြည့်ရှုသူများပြားသော ကြည့်ရှုသူပေါင်းများစွာက ရသစုံရှိုးကောကော၏ အကောင့်ထံ သွားပြီး မေးကြသည်။

 

“ဘဲငန်းကော ရှိုးကို ကြည့်နေလား။ မင်း အုတ်ဂျုံ မဟုတ်ဘူးလား။ ယန်ကောရဲ့ အခွဲဖန်သားပြင်ကို ကြည့်သေးလား”

 

ထိုအချိန်တွင် ဘဲငန်းကောက တုန်ယင်စွာနှင့် ပြန်ဖြေသည်။

 

“ဝူး ဝူး ဝူး “

 

......

 

ယန်ရှစ်ရွှမ်းတွင် အခွဲဖန်သားပြင် တိုက်ရိုက်ထုတ်လွှင့်မှု ၁၁ခုသာလျှင် ရှိလေရာ ကွန့်မန့် ပြန်ဖြေရန်အတွက် တက်ပလက်ကို ယူမလာခဲ့မိချေ။ ထို့ကြောင့် သူက ကြည့်ရှုသူများ၏ ကွန့်မန့်ကို မမြင်ပါချေ။

 

ယန်ရှစ်ရွှမ်းက မည်သည့်နည်းနှင့်မှ သက်ရောက်မခံရလေပဲ မိုးလိုက်ကာအတွင်း လျှောက်ရင်း လက်‌ထောက်ဒါရိုက်တာနှင့်အတူ ဧည့်သည်များ နေထိုင်ရာဘက်သို့ ပြန်သွားလိုက်သည်။

 

လူနှစ်ယောက်က တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြောင်း မြင်သောအခါ အဓိက ခန်းမဘေးရှိ တဲအိမ်ထဲတွင် စောင့်ဆိုင်းနေသော ဧည့်သည်နှစ်ယောက်က ခေါင်းကို ခါပြီး စားပွဲမှထလျက် ပြတင်းပေါက်အနားသို့ လျှောက်သွားလိုက်သည်။

 

“အဲ့ဒီယန်နာမည်ပါတဲ့လူက အခုလေးတင် ဘုရားကျောင်းထဲ ဝင်သွားခဲ့တာ ထင်တယ်”

 

“ဘုရားကျောင်း ဟုတ်လို့လား။ ဒီစတေးခံတွေနဲ့ ပတ်သက်ပြီး နတ်ဘုရားက ကြင်နာလားဆိုတာကို ပြသတာပေါ့”

 

ရွာသားက ခပ်ဖြည်းဖြည်းချင်း ပြုံးသည်။

 

“နတ်ဘုရားက ငါတို့ကို ဒီလိုကြွယ်ဝတဲ့ဘဝကို ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နတ်ဘုရားက ငါတို့အပေါ် တကယ်ကောင်းတယ်။ ငါတို့ကလည်း နတ်ဘုရားအပေါ် ပြန်လည်ပြီး ပေးဆပ်ရမယ်။ ဒါကြောင့် နောက်နှစ်ဝင်ငွေက ဒီနှစ်ထက် ပိုကောင်းမှာပေါ့”

 

“ဟုတ်တယ်”

 

ပထမပြောသော ရွာသားက ရယ်ပြီး သဘောတူသည်။

 

သူတို့နှစ်ယောက်၏အသံက အိမ်၏အရံအတားကြောင့်ဖြစ်စေ၊ မိုးလိုက်ကာကြောင့်ဖြစ်စေ တားဆီး ခံလိုက်ရလေသည်။ ထိုသို့ဖြင့် ကျန်နေရစ်သော ခပ်တိုးတိုးအသံများကသာ ထွက်လာသည်။

 

သို့သော် ယန်ရှစ်ရွှမ်း၏ဘေးဘက်မှ လူကမူ ခေါင်းကို အသာစောင်းလိုက်သည်။ သူ၏ ရှည်လျားသော ဆံပင်အောက်တွင် ရှိနေသော နားရွက်ကမူ ထိုစကားတိုင်းကို နားထောင်ခဲ့ပုံပေါ် နေလေသည်။

 

ချက်ချင်းဆိုသလိုပင် ဆူညံနေခဲ့သော မိုးသည်းအကြားတွင် ထိုလူက မကြားနိုင်လွန်းအောင် တိုးလျလွန်းသော အသံဖြင့် နှာတစ်ချက် မှုတ်လိုက်သည်။

 

မူလကမူ ဒါရိုက်တာ၏လက်ထောက်က ယန်ရှစ်ရွှမ်းကို သွားရှာသောအခါ ဧည့်သည်များအား ယန်ရှစ်ရွှမ်း ပြန်လာပြီး စောင့်ဆိုင်းရန်အတွက် စားစရာများအား ပြင်ဆင်ခိုင်းထားသည်။

 

သို့ရာတွင် ယန်ရှစ်ရွှမ်းက အိမ်အပြင်ဘက်မှ ဝင်လာပြီး ဧည့်သည်များ ရှိရာဘက်သို့ လျှောက်သွားကြချိန်တွင် ဧည့်သည်များက စိုးရိမ်ပူပန်နေပုံ ဖြစ်နေကြပြီး အန်တိုနီနှင့် မင်းသမီးကမူ ဘေးဘက်တွင် ရပ်လျက်ရှိနေကြောင်း တွေ့လိုက်ရသည်။ မင်းသမီး၏ ပုံစံကလည်း ရေချိုးခန်းထဲမှ ထွက်လာသလို ပုံစံမျိုးနှင့် ကို့ရိုကားယား နိုင်နေလေသည်။

 

“မင်းက ဒီမှာ ဘာရပ် လုပ်နေတာလဲ။ မိုးမိထားတာလား

 ယန်ရှစ်ရွှမ်းက  အေးစက်စွာ မေးသည်။

 

“မင်း ရေချိုးလို့ ပြီးသွားပြီလား။ ဒါဆိုလည်း အိပ်ယာမြန်မြန် ဝင်တော့လေ။ ငါတို့ မနက်ဖြန် မိုးတိတ်တာနဲ့ ချက်ချင်းထွက်မှာ။ မနက်အစောပိုင်း ထွက်ဖြစ်လောက်တယ်”

58 03

ယန်ရှစ်ရွှမ်း ရောက်လာကြောင်း မြင်သောအခါ ထိတ်လန့်နေသော ဧည့်သည်များ အားလုံး၏ နှလုံးသားက နူးညံ့သွားသည်။ အန်တိုနီကပင် ခိုင်လုံသည့် အကြောင်းအရာကို ရှာတွေ့လိုက်သလိုမျိုး ရုတ်တရက် သူ၏ယူကြုံးမရ ဖြစ်နေသော ခံစားချက်များကို ထုတ်ပြချင်လာသည်။

 

ယန်ရှစ်ရွှမ်း “?”

 

အန်တိုနီ၏ အမူအယာကြီးက ပြင်းထန်လွန်းသဖြင့် ယန်ရှစ်ရွှမ်းကို ကျောစိမ့် တက်သွားစေကာ အန်ချင်လာစေသည်။

 

“မင်းကိုယ်မင်း အသက်မပြည့်သေးတဲ့ ကလေးများ ထင်နေတာလား ။ ဒါမှမဟုတ် အိမ်သာထဲမှာ လက်ချင်းကိုင်ထားပြီး အရွယ်အစား တိုင်းချင်တဲ့ ကျောင်းသား တစ်ယောက်လိုများ ထင်နေလား”

 

ဘယ်လိုကြောင့်  အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်က ဒီလိုအမူအယာမျိုးကို လုပ်နေတာလဲ။

 

သို့ရာတွင် ယန်ရှစ်ရွှမ်းက ထိုအမူအယာကို လက်သင့်မခံနိုင်ပဲ အန်တိုနီ၏ ခေါင်းပေါ်သို့ အဝတ်ကြီးကို ပစ်အုပ်ချင်နေသော်လည်း အန်တိုနီ၏ အခွဲဖန်သားပြင်မှ ပရိတ်သတ်များကမူ စိတ်ဓာတ်ကျသွားကြသည်။

 

[ငါ့ရဲ့ကောက တအားချောပြီး ချစ်ဖို့ကောင်းတာပဲ။ သူက ဘယ်တော့မှ မလိမ်ဘူး။ အနှစ်ချုပ်ပြောရရင် င့ါကောရဲ့အလှတရားကို နားမလည်ကြတဲ့ ဒီလူတွေက တအားဆိုးတာပဲ]

 

[ဝူး ဝူး ကြိုင် ကြိုင် မငိုနဲ့နော်။ မားက ဖက်ပေးမယ်။ ကလေးရဲ့အမူအယာကို ကြည့်ပါဦး။ ငါ့ရဲ့နှလုံးသားတွေ ကွဲတော့မယ်။ ဒီရှိုးက ဘာဖြစ်တာလဲ။ ဘာလို့ မားမားရဲ့ ကြိုင်ကြိုင်လေးကို မတရားခံရအောင် လုပ်တာလဲ။ မားမားရဲ့ ကြိုင်ကြိုင်လေးက ပိုပြီးအင်အားကြီးလာတဲ့အခါ ဒီမားက ပိုပြီးရင်ကွဲရမယ် ထင်တယ်]

 

[အခုလေးတင် ငါ့ရဲ့ကော ရေချိုးနေတာကို တစ်ယောက်ယောက်က ချောင်းကြည့် သွားတယ်လေ။ ဘာပဲဖြစ်ဖြစ် ငါတို့ကောတင် မဟုတ်ဘူး ရုန်ရုန် အမည်ရတဲ့ မင်းသမီးကလည်း တစ်ယောက်ယောက်က သူမကို ကြည့်နေသလို ခံစားရစေတယ်လို့ ပြောတယ်။ တကယ်ပဲ ဒီရှိုးမှာ နှာဘူး ရှိနေတာလား]

 

နှစ်ယောက်ကြားမှာ မတရားခံရသည့် အမူအယာမျိုးကို ခံစားမိလိုက်သည့် ယန်ရှစ်ရွှမ်းက မေးလိုက်သည်။

 

“ငါမရှိတဲ့အချိန် ဘာတွေဖြစ်သွားတာလဲ”

 

မည်သူကမှ မပြောကြချေ။ ပုံမှန်ဆိုလျှင် ကိစ္စကို ပြေရာပြေကြောင်း ပြောပေးတတ်သည့် ရသစုံရှိုးစတားကပင် ထွက်လာမည့် အခြေအနေကို မဖြေရှင်းပေ။ သို့သော် သူက လှောင်ချင်သလို ရယ်လိုက်ပြီး မျက်လုံးလှန်လိုက်သည်။

 

“ဘာဖြစ်တာလဲ”

 

ထိုမေးခွန်းက တိုသော်လည်း ရသစုံရှိုးစတားကမူ ယန်ရှစ်ရွှမ်း၏ အတွေးအတိုင်းလိုက်တွေးမိပြီး နာနာခံခံ ဖြစ်ပေးသည်။

 

“ရုန်ရုန်နဲ့ အန်တိုနီက သူတို့ရေချိုးနေတုန်း တစ်ယောက်ယောက်က လာ‌ချောင်း ကြည့်နေတယ်လို့ ပြောနေတာ”

 

ယန်ရှစ်ရွှမ်းကမူ သူယခုလေးတင် မြင်ခဲ့သည့် ရေချိုးအိမ်၏နံရံကို တွေးလိုက်မိသည်။  သို့သော် အာရုံမစိုက်မိပေ။

 

“ရေချိုးအိမ်က ဘုရားကျောင်းနောက်မှာ မဟုတ်ဘူးလေ။ နောက်ဘက်က တောင်ကို မျက်နှာမူထားတာ။ ဒီတော့ တောရိုင်းတိရိစ္ဆာန်ကောင်လေးက အလင်းရောင်ကြောင့် လာကြည့်တာ ပုံမှန်ပါပဲ”

 

“မဟုတ်ဘူး”

 

မင်းသမီးရုန်ရုန်က ခံစားချက်အပြည့်နှင့် အော်သည်။

 

“တစ်ယောက်ယောက် ငါ့ကို စိုက်ကြည့်နေတာ ငါ တကယ်ကို ခံစားလိုက်ရတာ။ နောက်ပြီး အဲဒီအကြည့်က _ _ _ တအားရွံဖို့ကောင်းတယ်”

 

ရသစုံရှိုးစတားက ချက်ချင်း ပြန်ပြောသည်။

 

“ဒါဆိုလည်း ငါတို့က ကြည့်တယ်ဆိုပြီးတော့ မစွပ်စွဲသင့်ဘူးလေ။ ဒီနေရာကလူတွေအားလုံးက ဖန်သားပြင်အခွဲတွေကို ဖွင့်ထားကြတာ။ ငါတို့လုပ်ခဲ့ရင် သူတို့မြင်ရမှာပေါ့”

 

အန်တိုနီက လက်ခံလောက်သေးချေ။

 

“တစ်ယောက်ယောက်ကတော့ သေချာပေါင် ချောင်းကြည့်တာပဲ။ ငါ ခံစားမိတယ်။ တစ်‌ယောက်ကဆိုရင် ငါ ရေချိုးနေချိန် ပုခုံးကို လာပုတ်သေးတယ်။ ဒါပေမယ့် မျက်လုံးကိုလည်း မှိတ်ထားပြီး ခေါင်းကိုလည်း လျှော်နေသေးတော့ ဘယ်သူလဲဆိုတာကို မတွေ့လိုက်ရဘူး။ ငါ ခေါင်း‌ပြန်လှည့်လိုက်တဲ့အချိန်မှာ အဲ့ဒီလူက ထွက်ပြေးသွားတယ်။ ငါလည်း ရေချိုးတဲ့အချိန်မှာ တိုက်ရိုက်ထုတ်လွှင့်ထားတာပဲ။ ပရိတ်သတ်တွေ အများကြီးလည်း မြင်လိုက်တယ်။ ငါ လိမ်တာ မဟုတ်ဘူး။ ရုန်ရုန်ကျဲ ပြောတာကလည်း မှန်လောက်တယ်။ နောက်ပြီး တောင်ဘုရားကျောင်းမှ ငါတို့တွေပဲ ရှိတာလေ။ မင်းတို့တွေမှ မဟုတ်ရင် ဘယ်သူတွေ ဖြစ်ရမှာလဲ။ သရဲလား”

58 04

ရသစုံရှိးစတားက တစ်စုံတစ်ရာ ပြောလိုသော်လည်း အန်းနန်ယွမ်က သူ့ကို ထိန်းလိုက်သည်။

 

ရသစုံရှိုးစတားက စိတ်ရှုပ်ထွေးစွာနှင့် လှမ်းကြည့်ပြီး မျက်လုံးဖြင့် လှမ်းမေးသည်။

 

“မင်းက ငါတို့နဲ့ တစ်ဖွဲ့တည်းလား။ ဘယ်လိုကြောင့် အချင်းချင်း ကူညီရမှာလေ”

 

သို့သော် အန်းနန်ယွမ်က ခေါင်းကိုသာ အသာခါပြပြီး ယန်ရှစ်ရွှမ်းကိုသာ ကြည့်လိုက်ကြောင်း မြင်ရသည်။ ထိုသို့ဖြင့် မမျှော်လင့်ထားစွာပင် ယန်ရှစ်ရွှမ်းက ဗဟိုလူလိုမျိုး သူ၏ဆုံးဖြတ်ချက်ကိုသာ အားလုံးက စောင့်ဆိုင်းကြရမည် ဖြစ်သည်။

 

လူတိုင်းက ပြောဆိုနေကြချိန်တွင် မင်းသမီးက ကြောက်လန့်လွန်းသဖြင့် သူမ၏ တံဘက်ဖြင့် ခန္ဓာကိုယ်ကို တင်းတင်းပတ်ထားသည်။ ဒီနည်းအားဖြင့် သူမကိုသူမ လုံခြုံမှုပေးနိုင်ရန် မျှော်လင့်နေလေ၏။ သူမ၏ မသက်မသာဖြစ်မှု၊ ကြောက်လန့်မှုကို ဖော်ပြနေပုံအပြင် ခန္ဓာကိုယ်ကလည်း တုန်ယင်နေသေးသည်။

 

ယန်ရှစ်ရွှမ်းက စက္ကန့်အနည်းငယ် စိုက်ကြည့်နေပြီးနောက် သူမ၏ခန္ဓာကိုယ် ဘာသာစကားနှင့် မျက်နှာအမူအယာများက ဟန်ဆောင်ထားခြင်းမဟုတ်ကြောင်း သိလိုက်သည်။ ရုတ်တရက် သူ ဂရုမစိုက်ခဲ့သည့် ခံစားချက်များအားလုံးက ပြန်ဝင်လာသည်။

 

“ဘာဖြစ်တာလဲ ငါ့ကို အေးဆေးပြော”

 

သူ၏အမူအယာက လေးနက်သွားသည်။ သူသည် ထိုမတော်တဆမှု အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ဟု တွေးပြီး အန်တိုနီနှင့် မင်းသမီးတို့က ရန်လိုခြင်း မဟုတ်ကြောင်း အမှန်တကယ် လက်ခံသွားသည်။ အခြားသော ဧည့်သည်များက ရုတ်တရက် ကြောင်အ သွားကြသည်။ သခင်လေးစုန့်ချီဆိုလျှင် ယန်ရှစ်ရွှမ်းကို အံ့အား သင့်သွားသော မျက်လုံးမျိုးဖြင့် ကြည့်သည်။

 

အန်တိုနီက အသက်ပြင်းပြင်း ရှူသည်။ သူက သူ့ကို ထောက်ခံပေးသည့် လူတစ်ယောက်ကို ရှာတွေ့လိုက်သလိုမျိုး ယန်ရှစ်ရွှမ်းကို သူ၏အတွေ့အကြုံကို ပြန်ပြောပြသည်။

 

ထို့အပြင် သူက ဇာတ်ကြောင်း ပြန်ပြောပြနေချိန်တွင် သူ၏အပိုခံစားချက်များကိုပင် ထည့်ပြောနေသည်။ သူက ထိတ်လန့်သွားသောအခါ သူ၏ကံဆိုးမှုအား ဖန်သားပြင်အခွဲထံသို့ ပြရင်း ဧည့်သည်များ၏ နှလုံးသားကို အရယူရန် မမေ့ချေ။

 

“ခေါင်းလျှော်နေတဲ့အချိန်မှာ ငါ မျက်လုံးကို မှိတ်လိုက်တယ်။ အဲ့ဒီနောက် အမြှပ်တွေကို ပွတ်နေလိုက်တယ်။ ရုတ်တရက် ပုခုံးကို လက်အေးအေးကြီး တစ်ဖက်က လာထိလာသလို ခံစားလိုက်ရတာပဲ။ ငါ ထင်ယောင်ထင်မှား ဖြစ်တယ်လို့ ထင်နေတာ။ ဒါပေမယ့် မျက်လုံးကို ဖွင့်ပြီး ဘေးဘီကို လှည့်ကြည့်လိုက်သေးတယ်။ ငါ ရေချိုးနေတဲ့အချိန်မှာ အခန်းထဲမှာ ဘယ်သူကမှ မရှိဘူး။ ဒါပေမယ့် မျက်လုံးကို မှိတ်လိုက်တဲ့အချိန်မှာ ပုခုံးကို လာပြန်ထိပြန်ရော။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ကျောကုန်းကိုပါ တိုက်ရိုက်လာထိတာ။ နောက်ပြီး ဒါ ထင်ယောင်ထင်မှား မဟုတ်ဘူးလို့ ခံစားမိလောက်အောင် သိသာထင်ရှားလွန်းတယ်”

 

အန်တိုနီက ဆက်ပြောသည်။

 

“နောက်ပြီး ငါ ရေချိုးနေတဲ့ အချိန် နောက်မှာ တစ်ယောက်ယောက် ရပ်ကြည့်နေသေးတယ်”

 

ရသစုံရှိုးစတားကမူ သူ၏လူကောင်းဆိုသော အကျင့်စရိုက်ကိုပင် ဂရုမစိုက်နိုင်တော့ပဲ လှောင်ပြောလိုက်သည်။

 

“မင်းက ရေချိုးနေတဲ့အချိန်မှာတောင် တိုက်ရိုက် ထုတ်လွှင့်နေသေးတယ်။ ဒါကို မသင့်တော်တဲ့ရှိုးလို့ ထင်နေတာလား။ မင်းရဲ့ရည်ရွယ်ချက်က ဘာဆိုတာကို တခြားသူတွေက မသိဘူးလို့ ထင်နေလား”

 

အန်တိုနီက ပြန်ငြင်းသည်။

 

“ဒါဆိုရင် သူများရေချိုးနေတဲ့အချိန်မှာ လာပြီးမတိုက်ခိုက်နဲ့လေ”

 

ရသစုံရှိုးစတားက ဒေါသထွက်သွားသည်။

 

“ငါကလည်း အခွဲဖန်သားပြင်ကို ကြည့်နေပြီးသား။ အဲ့ဒီမှာ ဘာမှမရှိဘူး”

 

ထိုသို့ဖြင့် အခြေအနေက ဝရုန်းသုန်းကား ဖြစ်လာသည်။

 

ပုခုံး_ _ _

 

ယန်ရှစ်ရွှမ်းက အန်တိုနီပြောသည့် သူ၏ပုခုံးကို နောက်မှ နှစ်ကြိမ် လာထိသည်ဆိုသော စကားကို ကြားသောအခါ သူ၏အမူအယာက အနည်းငယ် ပြောင်းလဲသွားလေသည်။

 

******