Ch 57
Viewers 6k

57 01

အပိုင်း(၅၇)

 

ထိုအဖွားအိုကြီးကလည်း အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သဖြင့် မပျော်မရွှင်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

 

“နင်က ရုပ်ရည်ကို ကြည့်ပြီး အကဲဖြတ်တဲ့ ကောင်စုတ်လေးပဲ ဟမ်။ နင့်ကို ကယ်ခဲ့တဲ့ နတ်ဘုရားကို ဒီလိုပဲ ဆက်ဆံလိုက်တာလား။ ဒီနေ့ခေတ်လူတွေက အရင်မျိုးဆက်တွေထက်တောင် ဆိုးသထက် ဆိုးလာတာပဲ”

 

ဝန်ထမ်း၏ လွန်ကဲလွန်းသော အပြုအမူကြောင့် အဖွားအိုကြီးက မကျေမနပ် ဖြစ်သွားသည်။ သူမက လက်ကိုပြန်ခါလိုက်ပြီး ခေါင်းကိုလည်း အသာခါလျက် ရွက်ဖျင်တဲထံသို့ ပြန်လည်လျှောက်သွားလိုက်ပြီး ခပ်တိုးတိုးနှင့် ရေရွတ်နေသည်။

 

“ငါက နတ်ဘုရားကို ပူဇော်ပသပွဲတွေ လုပ်နေကြ။ အဆင်းရဲဆုံး မိသားစုတောင် ထမင်းပန်းကန်လုံးတော့ ပြင်ဆင်ပေးသေးတယ်။ ဒါပေမယ့် အခုဘယ်မှာလဲ ဟင်း ဟင်း နင်တို့က သွေးတွေ သောက်ကြတယ်၊ အရိုးတွေ ကွဲကြေကြတယ်။ ဒါတောင်မှ နတ်ဘုရားက ပျောက်ကွယ် သွားတယ်ဆိုပြီး အပြစ်တင်နေကြသေးတယ်။ သူတို့ကြောင့်သာ မဟုတ်ရင် သူတို့ကြောင့်သာ မဟုတ်ရင် နတ်ဘုရားက ဘယ်လိုဖြစ်ပြီး_ _ _”

 

အဖွားအို၏ ခန္ဓာကိုယ်က ရွက်ဖျင်တဲ အပြင်ဘက်တွင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားသောအခါ လူတိုင်းက ထူးဆန်းသောအသံများ မရှိတော့သည့် တံခါးကိုသာ ကြောင်အစွာ ကြည့်နေကြသည်။ ထို့နောက် အိပ်မက်မှ နိုးလာသလို အသိဝင်လာကြသည်။

 

“ငါတို့ ငါတို့ တကယ်ပဲ အိပ်မက်က လွတ်သွားပြီလား”

 

“အဲ့တာက အခုထွက်သွားပြီလား။ တံခါးမှာ ကုပ်ခြစ်သံ ကြားသေးလား”

 

“ဒီအဖွားကြီးက ခြောက်လွတ်လိုက်တာ မဟုတ်ဘူးလား”

 

“အဖွားကြီးကို ကြည့်ဦး။ သူမက ဒီနေရာမှာနေတာ တော်တော်ကြာပြီ ထင်တယ်။ ဒါကြောင့် ဒီကြွက်တွေကို ဖြေရှင်းနိုင်တဲ့နည်းလမ်းတော့ သိမှာပဲ”

 

“သူမက ဒီနားက ရွာသူလား။ ဒါဆိုရင် ဝံပုလွေရိုင်း တောင်ထိပ်ကို ဘယ်လို သွားရမလဲဆိုတာကို မေးလို့ရတာပဲ။ သူမတော့ သိမှာပါ”

 

လူတိုင်းက သတိအပြည့်နှင့် တံခါးနားသို့ ကပ်သွားသည်။ အချိန်အတန်ကြာအောင် မည်သည့်အသံမှ မကြားရတော့သောအခါမှသာ တံခါးကို ဖွင့်ကာ ကြည့်ကြသည်။

 

ခပ်ကျယ်ကျယ် ဖွင့်လိုက်ပြီးနောက် မြေသားဝါရောင် ကြွက်ကို မတွေ့တော့မှသာ အားလုံးက စိတ်အေးသွားသလို သက်ပြင်းချကြပြီး ကားတံခါးကို တဖြည်းဖြည်းချင်း ဖွင့်ကြသည်။

 

လက်ထောက်ဒါရိုက်တာ မီးပိတ်သွားပြီဖြစ်သည့် သေးငယ်သည့် ရွက်ဖျင်တဲလေးနားကို ပြန်သွားလိုက်ကာ ကျိုးနေသော သစ်သားတံခါးကို ခေါက်သည်။

 

“ဟယ်လို အဖွား အခု အခုကိစ္စအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ရဲ့မိတ်ဆွေက ကြွက်ကြောင့် အရမ်းကြောက်နေပြီး မတုန့်ပြန်နိုင်ပဲ အပြစ်ပြုမိသလို ဖြစ်သွားပါတယ်။ သူ့ကိုယ်စား တောင်းပန်ပါတယ်”

 

“ကျွန်တော်တို့က ဒီနေရာကို ဖြတ်သွားတာပါ။ ဒါပေမယ့် တအားလည်း မှောင်နေပြီ။ ရှင်းရှင်းလင်းလင်း မမြင်ရတော့ လမ်းပျောက်သွားလို့ပါ။ ကျွန်တော်တို့ကို လမ်းများ ညွှန်ပေးနိုင်မလား”

 

လက်ထောက်ဒါရိုက်တာ၏ ယဉ်ကျေးစွာ တောင်းပန်သံကို ကြားသောအခါ တံခါးက ပြန်ပွင့်လာသည်။

 

ကျွီ ကျွီ ကျွီ

 

အိုဟောင်းနေသော တံခါးကြီးက ပွတ်တိုက်သံကို ကျယ်လောင်စွာ ထုတ်ဖော်သည်။

 

ပျက်စီးနေသော တံခါးက ပွင့်လာသောအခါ အခန်းအတွင်းမှ ဖယောင်းတိုင် မီးလေးက ပြန်လင်းလာသည်။

 

ထိုအဖွားအိုကြီးက ကုန်းကုန်း ကုန်းကုန်းနှင့် လျှောက်လာပြီး လက်ထောက်ဒါရိုက်တာကို လှမ်းကြည့်ကာ မျက်နှာသေနှင့် ဆိုးရွားသောအသံကို သုံးကာ ပြောသည်။

 

“ငါ့ကို မေးလေ”

 

လက်ထောက်ဒါရိုက်တာကမူ ဘာကိုမှ သံသယမဝင်ပဲ ချက်ချင်းလိုလို ပြောသည်။

 

“ကျွန်တော်တို့က ဝံပုလွေရိုင်းတောင်ထိပ်ကို သွားချင်တာပါ။ ဒါပေမယ့် အဓိကလမ်းက ပိတ်ထားတယ် ထင်တယ်။ ဒါကြောင့် သွားလို့မရဘူး။ ဝံပုလွေရိုင်းတောင်ထိပ်ကို သွားတဲ့ အခြားလမ်းများ ရှိလား”

 

မမျှော်လင့်ထားစွာပင် ထိုအဖွားအိုကြီး၏ မျက်နှာက ပြင်းထန်စွာ ပြောင်းလဲသွားသည်။ နဂိုက ညင်သာပြီး ထင်သလောက် ကြောက်စရာမကောင်းသော မျက်နှာက ပို၍သုန်မှုန်လာသည်။

 

သူမက မျက်ခုံးကိုပင့်ပြီး ဒေါသထွက်သွားပုံပေါ်သည်။

57 02

“ဝံပုလွေရိုင်းတောင်ထိပ် ဟုတ်လား”

 

“ဒီမှာ ဘာဝံပုလွေရိုင်းတောင်ထိပ်မှ မရှိဘူး”

 

အဖွားအိုကြီးက ဒေါသတကြီး ကျိန်ဆဲသည်။

 

“သေပြီ သေသွားပြီ။ သူတို့က နတ်ဘုရားကို သတ်လိုက်ပြီး သူတို့က ကံကြမ္မာရဲ ဒဏ်ခတ်ခံရလို့ သေသွားကြပြီ”

 

ဒေါသထွက်နေသော သူမ၏အကြည့်က နတ်လက်နက်များလို ကြောက်စရာ ကောင်းလွန်းနေသည်။

 

လက်ထောက်ဒါရိုက်တာက အင်အား အပြည့်ပါ‌သောအသံက တုန်ယင်သွားပြီး ကြက်သီးများ ထသွားသည်။ သူ၏ဦးခေါင်းခွံက ထုံထိုင်းသွားသည်။ သူက သတိလက်လွတ် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သို့သော် လမ်းပေါ်မှ‌ ကျောက်တုံးတစ်တုံးကို ခလုတ်တိုက်ပြီး အရှက်ရဖွယ်ပုံစံမျိုးနှင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

 

သူက တံခါးဝတွင် ရပ်နေသော အဖွားအိုကြီးကို ပြန်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက် ထိုခါးကုန်းကုန်းနှင့် အဖွားအိုကြီးက တောင်တန်းတမျှ မြင့်မားလွန်းကြောင်း တွေ့လိုက်သည်။

 

.....

 

ယန်ရှစ်ရွှမ်းက တောင်ဘုရားကျောင်း၏ အဓိကခန်းမထဲသို့ ဝင်သွားချိန်ကတည်းက ဖန်သားပြင်အခွဲရှေ့တွင် ရှိနေသာ ကြည့်ရှုသူများက အလွန်အမင်း စိတ်ဝင်စားစွာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

 

ထိုကြည့်ရှုသူများသည် မြို့များတွင် နေထိုင်ကြသည်။ ဘုရားပွဲများအကြောင်း ကြားဖူးသော်လည်း ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးကြလေရာ ယခုလို တောင်ဘုရားကျောင်းဆိုလျှင် ပို၍ပင် မရောက်ဖူးကြချေ။ ယခုလိုမျိုး ယန်ရှစ်ရွှမ်းက တောင်ဘုရားကျောင်း၏ အဓိကခန်းမထဲကို ဝင်ရောက်သွားကြောင်း မြင်သောအခါ အနည်းငယ် စိတ်လှုပ်ရှားပြီး မျှော်လင့်ချက် ကြီးမားလာကြသည်။

 

အချို့သော ကြည့်ရှုသူများက ကျေးရွာများ၏ ကောလဟာလများမှ တဆင့် တောင်နတ်ဘုရားများ၏ တည်ရှိမှုကို သိကြသော်လည်း မယုံကြည်ချေ။ သို့ရာတွင် ယခုလိုမျိုး ကျေးရွာများ၏ ပြင်းထန်လွန်းသော ဓလေ့ထုံးတမ်းများနှင့် ပတ်သက်သည့် လေထုအခြေအနေကလည်း ပြင်းထန်လွန်းနေလေရာ သူတို့က သိချင်စိတ် ရှိကြလေသည်။

 

[ငါ့ရဲ့ကောလိပ်က အတန်းဖော်ဆီက ကြားထားတဲ့အတိုင်းဆိုရင် သူတို့တွေက ဒီလိုနယ်မြေတွေက နတ်ဘုရားတွေကို ကိုးကွယ်ကြတယ်တဲ့။ ငါက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်တယ်။ နောက်ဆုံးမှပဲ မြင်ရတော့တယ်]

 

[ဒါပေမယ့် အလင်းကတော့ တော်တော်မှောင်တယ်နော်။ ယန်ကော မီးဖွင့်ဖို့ စိတ်ကူးမရှိဘူးလား]

 

[ဒါမှမဟုတ် အက်ဒမင်က ရှာတွေ့သွားမှာကို ကြောက်နေလို့လား။ ယန်ကောက အက်ဒမင် ဘာလုပ်နေလဲဆိုတာကို အာရုံစိုက်လောက်ပါတယ်]

 

[ငါ အရှေ့ကနေ အာရုံစိုက်ကြည့်နေလို့ သတိတော့ မထားမိဘူး။ ဒါပေမယ့် မီးမဖွင့်လဲ ကိစ္စတော့ မရှိဘူး မဟုတ်လား။ ဒါက ဓာတ်မီးတွေကို အရူးလိုမျိုး ဟိုထိုးဒီထိုး လုပ်နေတဲ့ အတုအယောင် တစ္ဆေခြောက်တဲ့ အိမ်ထဲကို ဝင်‌ရောက်ပြီး စွန့်စားသွားလာပြတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှ မဟုတ်တာ။ ဘယ်လိုမီးကို ဖွင့်ရမှာလဲ]

 

[အခုလေးတင် ကားကို လမ်းပေါ်မှာ ရပ်လိုက်တော့ ငါ နည်းနည်း စိုးရိမ်ပြီး ကြောက်နေသေးတယ်။ ဒါပေမယ့် ငါ့ရဲ့ကောကို ဒီလိုလူသူရှင်းလင်းတဲ့ နေရာမျိုးမှာ နေရာတစ်ခုရှာပြီးတော့ မအိပ်စေချင်လို့လေ။ ငါ ငယ်ငယ်တုန်းက ရွာမှာ နှစ်တွေအကြာကြီး နေခဲ့တာပါ။ ညဘက် တောင်တန်းတွေမှာ ဝံပုလွေလို သတ္တဝါမျိုးတွေ ရှိတတ်တယ်။ ဒီတော့ အပြင်ဘက်မှာ ကားမောင်းတာကလည်း မလုံခြုံဘူး]

 

[အဓိကကတော့ အအေးကြောင့်ပဲ။ ကားကို မိုးထဲမှာ ရပ်ထားတယ်။ ညလယ်ခေါင်ဆို အပူချိန်က တော်တော်လေး နိမ့်နေလောက်ပြီ။ နွေရာသီဆိုရင်တောင်မှ အဆင်မပြေလောက်ဘူး။ အအေးမိလွယ်တယ်။ နောက်ပြီး ကင်မရာထဲမှာ ရွာနေတဲ့မိုးက တော်တော်လေး ပြင်းထန်လောက်တယ်။ မမျှော်လင့်ထားဘဲ ဒီနေရာမှာတော့ မိုးရွာနေသလို ရဲ့လန်တောင်ထပ်မှာလည်း မိုးရွာနေတာပဲ]

 

[မိုး ဟုတ်လား။ နေပါဦး ငါ ရုတ်တရက် သတိရသွားပြီ။ ဒါက ရှန်းစီရင်စုက ရဲ့လန်တောင်ထိပ် မဟုတ်လား။ ရှန်းစီရင်စုမှာ မိုးသည်းသည်းထန်ထန် ရွာနေတာလား။ ငါ အခုလေးတင် ကင်မရာကနေတဆင့် မြေပြင်ကို မိုးစက်ကျသံတွေကို ကြားလိုက်ပါတယ်။ ငါ မေ့တော့မလို့။ ငါက ရှန်းစီရင်စုမှာ နေတာလေ။ ငါ့ရဲ့မွေးရပ်မြေပေါ့။ ဒါပေမယ့် ငါ့ရဲ့မှတ်ဉာဏ်ထဲမှာ ဒီလောက်အထိ သည်းသည်းသန်သန် ရွာတဲ့မိုး ကို မမှတ်မိသလိုပဲ]

 

[ငါတော့ မသိဘူး။ ဒါပေမယ့် ကံကောင်းတာက အချိန်မှီနေဖို့ နေရာရှာတွေ့သွားတာပဲ။ ကောင်းလိုက်တာ။ အန်တိုနီလို့ ခေါ်တဲ့ ညီငယ်လေးကလည်း တော်တော်လေး ကြည့်ကောင်းတယ်နော်။ သူက အခုလေးတင် ရေသွားချိုးပြီး တိုက်ရိုက် ထုတ်လွှင့်နေတာလေ။ သူ့ရဲ့ခန္ဓာကိုယ်အပေါ်ကိုတောင် ဒီအတိုင်း ပြထားသေးတယ်။(မျက်နှာကို အုပ်ထားတယ်။ သူက သူ့ကိုယ်သူ တိုက်ရိုက်ထုတ်လွှင့်နေမှန်း သိပေမယ့်လည်းပေါ့) မျက်နှာကို အုပ်ထားပြီး ခဏတော့ အကြည့်လွှဲလိုက်ပေမယ့် ငါ ကြည့်ချင်နေတုန်းပဲ]

57 03

[ဝူး ဟူး ဟူး]

 

[ငါ အစက ကောအန်းနန်ယွမ်ကိုပဲ ကြိုက်တာလေ။ ဒါပေမယ့် သူက ထိန်းသိမ်းလွန်းတယ်။ ကောအန်တိုနီ ပြောတဲ့အတိုင်းဆိုရင် ဒါက ဘာမှမဟုတ်ဘူးတဲ့။ ငါတို့အတွက် လက်ဆောင်ပေးတယ်လို့ပဲ သဘောထားတယ်]

 

[အန်တိုနီက ချောတယ်လို့ မင်းတို့ဘာလို့ ထင်နေလဲတော့ မသိဘူး။ ဒီအတိုင်း သူက အရမ်းကို ရွံစရာကောင်းတယ်လို့ ထင်တယ်။ သူက သူညီမထက် ပိုပြီးအသက်ကြီးတယ်လေ။ ဒါပေမယ့် မိန်းကလေးတွေကို ပိုပြီးဂရုစိုက်ရမယ့်အကြောင်းတွေကို ပြောနေသေးတယ်။ သူ့ရဲ့ အမူအယာတွေက အရမ်းကို အတုအယောင် ဆန်လွန်းတယ်]

 

[ဘာလို့ ငါတို့ကော အန်တိုနီအကြောင်း လာပြောနေတာလဲ။ မင်းမှာ စွမ်းရည်ရှိရင် မင်းရဲ့ပုံကို လူတိုင်းမြင်ရအောင် တင်လိုက်လေ။ ဒါပေမယ့် အန်တိုနီကောလို အမျိုးသမီးတွေကို ချစ်တတ်တဲ့ ချောမောပြီး ထူးချွန်တဲ့လူကို ရှာတွေ့နိုင်မှာ မဟုတ်ဘူးမလား။ ငါ့ရဲ့ကော အန်တိုနီက နောက်နှစ်မှာ ပွဲဦးထွက်မှာ။ ငါက သူ့ပွဲဦးထွက်နိုင်အောင် မဲတွေများကြီးပေးရမယ်]

 

[ပြဿနာ မရှာကြနဲ့ ပြဿနာ မရှာကြနဲ့။ ဒါက ယန်ကောရဲ့ဖန်သားပြင်အခွဲနော်။ ပြဿနာ ရှာချင်ရင် အန်တိုနီဘက်ကိုသွား]

 

[ဟုတ်တယ် ဟုတ်တယ် ကြည့်လိုက်ဦး။ ယန်ကောရဲ့ကင်မရာက နံရံဆေးရေးပန်းချီတွေကို ပြနေတာ။ တော်တော်လေး လှတာပဲ။ နေပါဦး ဒါက foltယဉ်ကျေးမှု မဟုတ်လား။ ငါ ရုတ်တရက် တော်တော်လေးကို စိတ်ဝင်စားသွားတယ်။ ဒီနံရံဆေးရေးပန်းချီတွေက တော်တော်လေးကို လှလှပပ ဆေးခြယ်ထားတာပဲ။ မသိရင် အသက်ဝင်နေသလို ]

 

[အမ် နေပါဦး ဘာလို့ ဒီပန်းချီတွေးက လှုပ်နေတယ်လို့ ခံစားသွားရတာလဲ။ အခုလေးတင် နံရံပေါ်က ကလေးက ငါ့ကို မျက်စိ မှိတ်ပြလိုက်သလိုပဲ]

 

[ထင်ယောင်ထင်မှား ဖြစ်တာမဟုတ်လား]

 

သူတို့က ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ပြောနေသော်လည်း ပို၍များပြားသော ကြည့်ရှုသူများက ကွန့်မန့်မန့်လာပြီး နံရံ‌ဆေး‌ရေးပန်းချီများက အမှန်တကယ် လှုပ်နေကြောင်း တွေ့ရသည်ဟု ဆိုကြသည်။ တစ်စုံတစ်ယောက်ဆိုလျှင် စက္ကန့်အနည်းငယ်စာ စခရင်ရှု ရိုက်ယူခဲ့ပြီး ပြန်ကြည့်သောအခါ ရှင်းလင်းစွာပင် ကင်မရာတွင် ရိုက်ကူးထားသည့် နံရံဆေး‌ရေးပန်းချီပေါ်မှ မိသားစုဝင် အချို့က မျက်တောင်တစ်ခတ်အချိန်အတွင်း ဘက်ပြောင်းသွားကြောင်း တွေ့လိုက်ရသည်။

 

ပို၍ဆိုးသည်မှာ ကင်မရာကို အာရုံခံမိသလိုမျိုး ကလေးတစ်ယောက်ဆိုလျှင် အခွဲဖန်သားပြင်ထံ သူ၏နီရဲရဲပါးစပ်ကြီးကို ဟပြီး ရယ်ပြလေသည်။

 

ဘာကိုမှ ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ထိုanimatedပုံကို ကလစ်နှိပ်ကာ ကြည့်လိုက်သော ဘဲငန်းကောဆိုလျှင် ကြောက်လွန်းသဖြင့် ဖုန်းကို လွှင့်ပစ်မိသွားသည်။

 

ဘဲငန်းကောက သူ၏အခုန်နူန်းမြန်ဆန်နေသည့် ရင်ဘတ်ကို အုပ်လိုက်သည်။ သူသည် အချိန်အတန်ကြာသည်အထိ အသိပြန်မဝင်ခဲ့ချေ။

 

သူသည် မူလကမူ သူ့ကိုယ်သူ စိတ်ဖြေရန် အာရုံပြောင်းနိုင်ရန် တစ်စုံတစ်ရာကို ရှာဖွေထားသည်။ သို့သော် မမျှော်လင့်ထားစွာပင်  နောက်ကိုလှည့်လိုက်သောအခါ သူ၏နံရံဘေးဘက်တွင်ရှိသော ပိုစတာကို တွေ့လိုက်သည်။

 

မှင်သက်သွားသောသူက ပိုစတာထဲမှလူက သူ့ကို ရယ်ပြနေသလိုမျိုး ခံစားလိုက်ရသည်။

 

ဘဲငန်းကောက အိပ်ယာပေါ်မှ ထခုန်ပြီး နံရံပေါ်မှ ပိုစတာကို ဆွဲဖြဲကာ လုံးထွေးလိုက်သည်။ ထို့နောက် ပိုစတာပေါ်မှ ပုံများကို မမြင်ရတော့သည်။ ထို့နောက် ပိုစတာပေါ်မှ ပုံများကို မမြင်ရသည်အထိ အသက်ကို ပြင်းပြင်းထန်ထန် ရှူလေသည်။

 

ဘုန်း ဘုန်း ဘုန်း

 

သူတစ်ယောက်တည်းရှိနေသော အခန်းက တိတ်ဆိတ်လွန်းသဖြင့် နှလုံးခုန်သံကိုပင် ကြားနေရသည်။

 

ဘဲငန်းကောက အချိန်အတန်ကြာအောင် ခန္ဓာကိုယ်တစ်ခုလုံးက မောပန်းလျက် စိတ်ငြိမ်သည်အထိ စောင့်သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ပျော့ခွေသွားပြီး တွန့်ဆုတ်စွာနှင့် ဖုန်းကို ဆွဲသည်။ အချိန်တိုအတွင်းတွင် ကြည့်ရှုသူပေါင်းများစွာက အမျိုးမျိုးသော animationများကို မြင်ပြီး ရှိုးပွဲ၏နေရာတွင် လာရောက် ဆွေးနွေးကြသည်။ သူတို့သည်လည်း တောင်ဘုရားကျောင်းမှ နံရံဆေးရေးပန်းချီများအကြောင်း ပြောဆိုနေကြလေသည်။

 

လူအများစုကမူ မယုံချေ။ နောက်ပြောင်ကြသေးလေသည်။

 

“စပရှယ်အဖက်ကတော့ တအားကောင်းတယ်”

 

“ပရိုဂရမ်အသင်းရဲ့ မာ့ကတ်တင်းက တကယ်တော်တာပဲ။ ဒါပေမယ့် ဒါက အနိမ့်စားအဆင့်ပဲ မဟုတ်ဘူးလား။ မင်းတို့ ဒီလောက်လေးကိုတောင် သဘောကျနေရင် ပရိုဂရမ်ရဲ့ ကွန့်တန့်အရည်အသွေးကို မြှင့်ဖို့လိုအပ်နေတယ်”

 

“မင်းတို့ ဘယ်လိုလှုပ်ရှားရမယ် ဆိုတာကို မသိဘူးလား။ ဘာလို့ ဒီနံရံဆေးရေးပန်းချီတွေက လှုပ်နေတာလဲ ဟား ဟား ငါရဲ့အခန်းထဲမှာဆို ပိုစတာတွေအပြည့်ပဲ။ ကာရိုက်တာပန်းချီတွေရော၊ animeပန်းချီတွေရော အစုံပဲ။ တကယ်လို့ အဲ့ဒီပုံတွေကသာ လှုပ်နိုင်ရန် င့ါရဲ့ပိုစတာတွေကလည်း လှုပ်ရမှာပေါ့”

57 04

သို့သော် ယခင်ကွေ့တောင်မှ အခြေအနေကို တွေ့ကြုံခဲ့ဖူးသော ကြည့်ရှုသူများက ထိုသို့မတွေးကြချေ။

 

သူတို့သည် လေးလံပြီး စိုးရိမ်စိတ်များနေသာ နှလုံးသားများနှင့် ယန်ရှစ်ရွှမ်း၏ အခွဲဖန်သားပြင်ရှိရာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ လှည့်ဝင်ကြပြီး အခြေအနေအားလုံးကို ကိုယ်ပိုင်မျက်လုံးဖြင့် ကြည့်ကြသည်။

 

ထို့နောက် သူတို့ရှာတွေ့လိုက်ရသောအရာကြောင့် ကြောင်အ သွားကြသည်။

 

...

 

ပန်းချီထဲမှလူများက မလှုပ်နိုင်ချေ။ သို့သော် ရေးဆွဲထားခြင်း ခံရသည့် ရွာသားများကသာ ပြေးလွှားခုန်ပေါက်နေခဲ့ခြင်း ဖြစ်သည်။ သူတို့သည် အခွဲဖန်သားပြင်ကို ကြည့်ရင်း ကလေးများကဲ့သို့ အမျိုးမျိုးသော မျက်နှာများလုပ်ကာ ပြောင်ပျော်နေကြသည်။ ရေးဆွဲထားသော သူများထဲမှ အချို့ဆိုလျှင် ကင်မရာကို တည့်တည့် လှည့်ကြည့်ကာ လှောင်ပြောင်ကြလေသည်။ လူတစ်ယောက်ဆိုလျှင် သူ၏ခေါင်းကိုပင် ကိုယ်မှ ချွတ်ပြပြီး ခါပြ၏။ ထို့နောက် ပြန်တပ်ပြသည်။

 

ပို၍ဆိုးသည်မှာ ယန်ရှစ်ရွှမ်းက ခန်းမထဲတွင် လျှောက်သွားနေသည့်နေရာတွင် ပန်းချီများကလည်း သူရှိရာဘက်သို့ လှည့်ကြည့်ကြသည်။ မျက်လုံးတိုင်းက ယန်ရှစ်ရွှမ်းထံ ရောက်နေပြီး သူ၏လှုပ်ရှားမှုတိုင်းကို ကြည့်နေသည်။

 

မင်စက်များလိုမျိုး ရေးဆွဲထားသည့် ထိုမျက်လုံးများက အနက်ရောင်များသာ ပြည့်နှက်နေသလိုမျိုး ဖြစ်နေသည်။

 

ထိုလူများက သူတို့၏နီနီရဲရဲ ပါးစပ်ကြီးများကို ဖြဲပြီး ကြည့်ရှုသူများအား အသက်မဲ့စွာ ပြုံးပြနေကြသည်။

 

အဓိကခန်းမထဲတွင် ချိတ်ဆွဲထားသော ရောင်စုံဖဲကြိုးများ၊ အနီရောင်ဖဲကြိုးများ၊ အစိမ်းရောင်ဖဲကြိုးများက မဲမှောင်ပြီး ထူးဆန်းသော ဝန်းကျင်အခြေအနေကြောင့် ပွဲတော်တစ်ခုနှင့် မတူနေတော့ပဲ တစ္ဆေများရှိရာ မြေအောက်လောကကဲ့သို့ ဖြစ်လာသည်။

 

မျက်လုံးရာပေါင်းများစွာက ယန်ရှစ်ရွှမ်းကို မျက်တောင်မခတ်ပဲ ကြည့်နေသော်လည်း သူကမူ ဘာကိုမှ ခံစားမိပုံမရပဲ သူ့ကိစ္စသူ လုပ်နေသည်။

 

ကြည့်ရှုသူများ

 

“အား”

 

“ပန်းချီတွေ ပန်းချီတွေ လှုပ်နေတယ် ဘုရားရေ ဘုရားရေ”

 

“ဝူး ဝူး ငါ့ရဲ့နံရံပေါ်မှာ ပန်းချီတွေ အများကြီးပဲ။ ငါတအားကြောက်တာပဲ။ ငါ ဘာလုပ်ရမလဲ။ ငါ ငါ ငါ ဒါဆက်မကြည့်ချင်တော့ဘူး။ ငါ့ကို လွှတ်ပေးပါ”

 

“သောက်ကျိုးနည်း ဘယ်က စပရှယ်အဖက်လဲ။  တရုတ်နိုင်ငံမှာသာ ဒီလိုစပရှယ်အဖက် ရှိနေရင် ငါတို့သရဲကားတွေ မပေါက်မှာတောင် မစိုးရိမ်ရတော့ဘူး”

 

“ငါက သရဲကားတွေကြည့်ရင်တောင် မကြောက်တတ်တဲ့ သူမျိုးပါ။ ဘာလို့လဲဆိုတော့ အားလုံးက အတုတွေ သရုပ်ဆောင်တွေက ဟန်ဆောင်ထားတာတွေ ဆိုတာကို သိနေလို့လေ။ ဒါပေမယ့် ငါ ဒါကိုကြည့်တော့ ငါ ငိုလုနီးပါးပဲ။ ဘုရားရေ ဒါက အစစ်အမှန်တွေ”

 

“သောက်ကျိုးနည်း... သောက်ကျိုးနည်း... သောက်ကျိုးနည်း။ ငါ ကြောက်လွန်းလို့ စိတ်လွတ်တော့မယ်။ ငါ အမြဲတမ်း အဲဒီလို စတေကာပန်းချီတွေကို ကြောက်နေကြ။ လူတွေက အဲ့လိုအရာမျိုးတွေကို ဘာလို့ အိပ်ခန်းတွေထဲမှာ မျက်နှာချင်းဆိုင်တွေမှာ၊ မျက်နှာကျက်တွေမှာ ချိတ်ဆွဲထားတယ်၊ ကပ်ထားကြတယ်ဆိုတာကို နားမလည်ဘူး။ ငါ အမြဲတမ်း ဒါတွေက အသက်ဝင် လာနိုင်တယ်။ နောက်ပြီး ငါ့ကို အိပ်နေတဲ့ အချိန်မှာလည်း ရယ်ပြီး ကြည့်နေမယ်လို့ ခံစားနေရတာ။ ငါ ဒီလောက် ကြောက်တတ်လွန်းလို့ ငါ့ရဲ့သူငယ်ချင်းကတောင် လှောင်ရယ်ခဲ့ဖူးတယ်။ ငါ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ရီကော့လုပ်ပြီး သူ့ကိုပြဦးမယ်။ ငါ တကယ် အကြောက်ဆုံးအရာက သောက်ကျိုးနည်း အမှန်တကယ် ဖြစ်လာတာဟ”

 

“ငါ ငိုနေပြီ။ ငါက စောင်အောက်မှ ပုန်းနေလို့ လွတ်တယ်လို့ တွေးနေမိပေမယ့်လည်း မိုးသည်းထဲမှာ ကားရပ်သွားနိုင်ခဲ့တာ ကံကောင်းခဲ့တာလို့ ထင်နေခဲ့တယ်။ ဒါပေမယ့် ရုတ်တရက်ကြီး ဒီလို ဒီလို လှုပ်နေတဲ့ ပန်းချီတွေကို တွေ့ရမယ်လို့ မထင်ထားဘူး။ ဟူး ဟူး ။ ငါ့ရဲ့နံရံမှာ အန်းနန်ယွမ်နဲ့ သူ့တို့ရဲ့အဖွဲ့ ပိုစတာရှိနေသေးတယ်။ ငါ ဘာလုပ်ရမလဲ။ သူတို့က အခုချောတယ်လို့ မထင်တော့ဘူး။ အမြဲတမ်းငါ့ကို စိုက်ကြည့်နေတယ်လို့ ခံစားနေရပြီ။ တအားကို ကြောက်စရာကောင်းတာပဲ”

 

******