Ch 56
Viewers 7k

56 01

အပိုင်း(၅၆)

 

တာအိုဆရာသခင်မာက ခါးသီးစွာ ပြုံးသည်။

 

“တောင်နတ်ဘုရားရဲ့ ကာကွယ်ပေးမှု မရှိတဲ့အခါ ဘယ်လိုဖြစ်လာနိုင်လဲ ဆိုတာကို ဆရာလည်း သိပါတယ်”

 

တာအိုဆရာသခင်စုန့်က ကောင်းကောင်း နားလည်သည်။

 

“မဟုတ်သေးဘူး။ ရလဒ်ကို လူတိုင်းရဲ့ရှေ့မှာတင် မြင်တွေ့နေရပြီလို့ ပြောသင့်လား”

 

_ _ _

 

ကံကြမ္မာရဲ့ ကလဲ့စားချေမှု၊ ပြန်လည်တိုက်ခိုက်မှု

 

သူတို့ကို ယခင်ဆိုလျှင် တောင်နတ်ဘုရားက  မကောင်းဆိုးဝါးများနှင့် မိစ္ဆာများအားလုံးကို မည်သို့ဖိနှိပ်ထားစေခဲ့ကာမူ ထိုမိစ္ဆာယုံကြည်သက်ဝင်သူများက တောင်နတ်ဘုရား မရှိတော့သည်နှင့် ကြမ်းကြမ်းတမ်းတမ်း ပြန်လည် တိုက်ခိုက် လာပေလိမ့်မည်။

 

တာအိုဘုန်းတော်အိုကြီး၏ မျက်နှာကပင် မကောင်းချေ။

 

တာအိုဆရာသခင်မာက ရုတ်တရက် အော်သည်။

 

“နေဦး မဟုတ်သေးဘူး”

 

တာအိုဆရာသခင်စုန့်၏ ပဟေဠိဖြစ်နေသော အကြည့်အောက်တွင် တာအိုဆရာသခင်မာက သူကြည့်နေသည့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပြနေရာ တက်ပလက်ကို လူတိုင်း၏အရှေ့တွင် ချပေးသည်။ သူ၏မျက်နှာက အလွန်လေးနက်ပြီး ထိတ်လန့်မှုက ပြည့်နှက်နေသည်။

 

တာအိုဆရာသခင်စုန့် “?”

 

“ဘာကိုဆိုလိုတာလဲ”

 

“ပရိုဂရမ်အသင်းက ဧည့်သည်တွေက တောင်ဂူဘုရားကျောင်းထဲကို ဝင်သွားတယ်”

 

ဆရာသခင်မာက လေသံကို တိုးကာပြောသည်။

 

“တောင်နတ်ဘုရားက သေသွားပြီ။ ဒါဆိုရင် ဘုရားကျောင်းက ဘယ်နေရာက ပေါ်လာတာလဲ”

 

“ဒါမှမဟုတ် သူတို့ကိုးကွယ်နေတာ ဘာနတ်ဘုရားလဲလို့ ပြောသင့်တာလား”

 

တာအိုဆရာသခင်စုန့်က ထိုစကားကို ကြားသောအခါ သူ၏မျက်လုံးက တက်ပလက်ပေါ် ရောက်သွားသည်။

 

ကင်မရာထဲရှိ ဧည့်သည်များ၏ အပြုံးက နွေးထွေးသော မီးရောင်အောက်တွင် တောက်ပနေသည်။ ဆရာသခင်စုန့်ကမူ တုန်ယင် သွားရသည်။

 

မြို့အပြင် ညအချိန်ဟာ မီးအလင်းရောင်များ မရှိဘဲ မဲမှောင်နေသည်။ လကိုပင် မဲမှောင်နေသော တိမ်များက ကွယ်နေသောကြောင့် လမ်းပေါ်သို့ မည်သည့်အလင်းမှ မကျနေခဲ့ချေ။

 

ထိုလမ်းသည် အဆုံးအစမဲ့သလိုမျိုး ရှည်လျား လွန်းနေသေးပြန်သည်။ ထိုလမ်းပေါ်တွင် မီးအလင်းရောင် ဖွင့်ထားသည့် ကားတစ်စီးတည်းကသာ သွားနေ၏။ ထိုကား၏ မီးအလင်းရောင်ကသာ အမှောင်ထုကို ထိုးဖောက်နေသည်။

 

ညနေပိုင်းမှ ကားကို မတင်ရန် အင်အားအများကြီး စိုက်ထုတ်ခဲ့ပြီးနောက် လက်ထောက်ဒါရိုက်တာက အဆာပြေ တစ်ခုခုစားလိုက်ပြီး ကား၏နောက်ခုံထဲသို့ ဝင်ကာ အိပ်နေခဲ့ခြင်း ဖြစ်သည်။ ကားက ခုန်မှသာ သူနိုးလာခဲ့၏။ သူနိုးလာမှသာ ကြောင်အ သွားရသည်။

 

“အရှေ့က ဧည့်သည်ကားက ဘယ်ရောက်သွားတာလဲ။ ဒါက ဘယ်နေရာလဲ။ ငါတို့တွေ အခုအချိန်ထိ ဝံပုလွေရိုင်းတောင်ကို မရောက်သေးဘူးလား”

 

အရှေ့မှ ဝန်ထမ်းက စကားကို ကြားသောအခါ နောက်သို့ အံ့အားတကြီး လှည့်ကြည့်လိုက်သည်။

 

“လက်ထောက်ဒါရိုက်တာ ဘာတွေပြောနေတာလဲ။ ကားက အရှေ့မှာ မဟုတ်ဘူးလား။ ငါတို့ပဲ ဒီကားနောက်ကို လိုက်နေတာလေ”

 

“မင်း ရူးနေလား”

 

လက်ထောက်ဒါရိုက်တာက ကြောင်အသွားပြီး ကားမီးအလင်းရောင်အောက်တွင် မြင်နေရသည့် ရှေ့လမ်းကို ထိုးပြသည်။

 

“ဘယ်မှာလဲ ကားက ငါ ကြွက်ပဲ မြင်တယ်”

 

ဒါရိုက်ဘာက မျက်လုံးကို ပွင့်ကြည့်ပြီးနောက် စိတ်ရှုပ်ထွေးသွားသည်။

 

ကား၏အရှေ့တွင် ပြေးနေသည်မှာ မြေသားဝါရောင် ခပ်ဝဝ ကြွက်ကြီး ဖြစ်သည်။

 

“သေစမ်း ဘာလို့ ဒီလိုဖြစ်နေတာလဲ။ ငါ အခုလေးတင် ဧည့်သည်ကားကို မြင်လိုက်တာပါ”

 

ဒါရိုက်ဘာက ကြောက်လွန်းသဖြင့် ချွေးစေးများပင် ပြန်လာသည်။ သူက ဘရိတ်ကို ခပ်မြန်မြန်နှိပ်ပြီး ရပ်လိုက်သည်။

 

ကျန်သောဝန်ထမ်းများအားလုံးကလည်း ရုတ်တရက် ဘရိတ်အုပ်လိုက်သောကြောင့် ယမ်းခါသွားကြ၏။ သူတို့က ဝေဝါးနေသော သတိများက ချက်ချင်းပြန်လည် တည်ငြိမ်လာပြီး အသိဝင်သွားကြသည်။ သူတို့က ကားအပြင်ဘက်မှ တောတွင်းကို ကြည့်သည်။

 

ကား၏ပြတင်းပေါက် အပြင်ဘက်ရှိ အရာအားလုံးက မဲမှောင်နေသည်။

 

တောင်တန်းနယ်မြေက ညအချိန်ဖြစ်သောကြောင့် တိတ်ဆိတ်နေလေပြီး သူတို့သည်လည်း တောင်တန်းထဲတွင် ရောက်ရှိနေသည့်တိုင်အောင် ငှက်အော်သံ၊ ပုစဉ်းရင်ကွဲကောင်များ၏ အော်သံကိုပင် မကြားရအောင် တိတ်ဆိတ်လွန်းနေသည်။

 

ဒီနေရာဟာ လူသူမနေသော အပျက်အစီးကြီးတစ်ခုအလားပင် ထင်ရသည်။ ရွာသားများ၏ သဲလွန်စကိုပင် မကြားရသလို ခွေးဟောင်သံကိုပင် မကြားရချေ။ ဝန်ထမ်းအဖွဲ့ဝင်က အချိန်အတန်ကြာအောင် မှင်သက်နေပြီးနောက်မှ ရုတ်တရက် အသိဝင်လာသလိုမျိုး ကြောက်လန့်သွားသည်။

 

“ငါတို့ ဒီနေရာကို ဘယ်လို ရောက်လာတာလဲ”

56 02

“ငါတို့ အခု ဘယ်နေရာကို ရောက်လာတာလဲ။ နောက်ပြီး ဒါရိုက်တာက ဘယ်မှာလဲ။ နောက်ပြီး လူကြီးမင်းယန်နဲ့ အခြားသူတွေရော”

 

“မလန့်နဲ့ မလန့်နဲ့ အရင်ဆုံး ဒါရိုက်တာကို ဖုန်းခေါ်ရအောင်”

 

သို့ရာတွင် သူတို့က ဖုန်းကို အလျင်အမြန်ထုတ်ပြီး ဒါရိုက်တာနှင့် ယန်ရှစ်ရွှမ်းတို့ကို ဖုန်းခေါ်ကြည့်သောအခါ တစ်ဖက်ထံမှ

 

“လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါသည်”ဆိုသော စကားကိုသာ ကြားရသည်။

 

အစောပိုင်း ကွေ့တောင်မှအခြေအနေကို ကြုံတွေ့ခဲ့ဖူးသော သူများက သတိထား လိုက်ကြသည်။

 

“ငါတို့ အရင်တစ်ခေါက်ကလို ပြန်ဖြစ်ပြန်တာလား”

 

“ဒါဆိုရင် ရုတ်တရက် ကြွက်ကို ကားလို့ ထင်လိုက်တဲ့ အခြေအနေကို ဘယ်လိုရှင်းပြကြမှာလဲ”

 

သူတို့တွင် လူပမာဏက များသည်။ သို့သော်  မျက်လုံးပေါင်းများစွာကသာ အမြင်မှား နေခဲ့ကြခြင်း ဖြစ်သည်။ လက်ထောက်ဒါရိုက်တာကသာ အမြဲတစေ အိပ်နေခဲ့သောကြောင့် ဒီအခြေအနေကို ရှာတွေ့ခဲ့ခြင်း ဖြစ်ပြီး သူတို့ကသာ ဆက်လက်ပြီး အမြင်မှားပြီး ကြွက်နောက်ကိုသာ လိုက်သွားခဲ့မည်ဆိုလျှင် ___

 

လူပေါင်းများစွာက ထိုအခြေအနေကို တွေးမိပြီး တုန်ယင်သွားကြသည်။ ကားက တောထဲတွင် ဒီအတိုင်း ရပ်ထားသောကြောင့် စိမ့်ဝင်လာသော လေများကပင် သူတို့ကို တုန်ယင် သွားစေသည်။

 

လူတိုင်းက အလန့်တကြားဖြစ်ကာ မော့ကြည့်လိုက်ကြသည့် အချိန်တွင် တစ်ယောက်မျက်လုံးမှ ထိတ်လန့်မှုများကို မြင်နိုင်သည်။

 

လက်ထောက်ဒါရိုက်တာက အရင်ဆုံး စိတ်ငြိမ် သွားသည်။ သူက လျှပ်စစ်မီးလုံးကို ထုတ်ပြီး သူတို့၏တည်နေရာကို ကြည့်သည်။ ထိုအခါ သူတို့သည် ဝံပုလွေရိုင်းတောင်နှင့် အလွန်နီးနေကြောင်း သိလိုက်ရသည်။ သို့သော် အရှေ့ရှိလမ်းက မြေပုံတွင် အနီရောင် အမှတ်အသားပြထားပြီး ဖြတ်သွားရန် မဖြစ်နိုင်ကြောင်း၊ ယာယီအားဖြင့် လမ်းပိတ်ထားကြောင်း ဖော်ပြနေလေသည်။

 

တောင်ပေါ်ကို  တက်ဖို့က ဒီလမ်းတစ်ခုပဲရှိတာ။ လမ်းကို ပိတ်ထားတယ် ဆိုတော့ သူ့ရဲ့အပေါင်းအဖော်တွေနဲ့လည်း အဆက်အသွယ် ပြတ်သွားပြီ။ နောက်ပြီး ညအချိန်လည်း ဖြစ်နေသေးတယ်။

 

ဝန်ထမ်းတစ်ယောက်က ငိုသံနှင့်မေးသည်။

 

“ဝံပုလွေရိုင်းတောင် အဲ့ဒီမှာ ဝံပုလွေတွေ ရှိတာလား”

 

ထိုစကား ထွက်လာပြီးပြီးချင်း တည်ငြိမ်နေသော လက်ထောက်ဒါရိုက်တာကပင် စိတ်မရှည်နိုင်တော့ချေ။

 

စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့် ဖြစ်လောက်သည်။ သူတို့အားလုံးက အပြင်ဘက်သို့ ကြည့်လိုက်သောအခါ တောင်တန်းနှင့် တောအုပ်ထဲတွင် အစိမ်းရောင်တောက်ပနေသည့် မျက်ဝန်းတစ်စုံက သူတို့ထံ ချဉ်းကပ်လာနေသော ဝံပုလွေများအလား ခံစားလိုက်ရသည်။

 

“ကောင်းပြီ။ ကောင်းပြီ။ စိတ်ငြိမ်ငြိမ်ထား မထိတ်လန့်နဲ့”

 

လက်ထောက်ဒါရိုက်တာက သူ၏နှလုံးသားက ခပ်ကြမ်းကြမ်း ခုန်လှုပ်သည်အထိ ကြောက်လန့် နေသေးသော်လည်း အတတ်နိုင်ဆုံး ကြိုးစားကာ ထိန်းချုပ်လိုက်ပြီး တုန်ယင်သော လေသံနှင့် အော်လိုက်သည်။

 

“အရင်ဆုံး ဒီလမ်းနားမှာ ယာခင်းနယ်မြေတွေ  ရှိနေတာပဲ။ အဲ့ဒီတော့ အနီးအနားမှာ နေထိုင်တဲ့ ရွာတော့ ရှိမှာပါ။ ဟုတ်တယ် ငါတို့ ရွာတွေရဲ့ အိမ်တွေရှိတဲ့ဘက်ကို ဦးတည်သွားပြီး လမ်းကို‌ မေးလို့ရတာပဲ။ ဝံပုလွေရိုင်းတောင်ကို သွားတဲ့ အခြားလမ်းတစ်ခုခုကိုတော့ သိမှာပါ”

 

“ငါတို့ဝံပုလွေရိုင်းတောင်ကို ရောက်သွားတဲ့အခါ ဒါရိုက်တာနဲ့ လူကြီးမင်းယန်တို့ကို တွေ့မှာပဲလေ။ လူကြီးမင်းယန် ရှိနေတာနဲ့ အရင်တစ်ခေါက်ကွေ့တောင်မှာ ငါတို့ကို ကယ်နိုင်ခဲ့သလိုမျိုး ငါတို့ကို ဒီတစ်ကြိမ်မှာလည်း ကယ်နိုင်လိမ့်မယ်။ မကြောက်ကြနဲ့ အားလုံးပဲ။ ကောင်းကိုမောင်း မကြောက်နဲ့”

 

မည်သူမှ မရှိသော အမှောင်ထုက လူအများအား ဒီနေရာမှ ထွက်ပြေးချင်စိတ် ပေါ်ပေါက်လာစေသည်။

 

ဒါရိုက်ဘာကလည်း ချက်ချင်းလိုလို ကားကို ထပ်ပြန်နိုးပြီး လယ်ကွင်းဘက်ရှိရာသို့ ကွေ့လိုက်သည်။

 

သို့ရာတွင် တစ်ခဏခန့်မောင်းပြီးနောက် ဒါရိုက်ဘာက တုန်ယင်စွာ အော်သည်။

 

“လက်ထောက်ဒါရိုက်တာ လက်ထောက်ဒါရိုက်တာ အခုလေးတင် ဧည့်သည်ကားလို့ အထင်မှားခဲ့တဲ့ ကြွက်က နောက်က လိုက်လာသလိုပဲ”

 

လက်ထောက်ဒါရိုက်တာက ကားပြတင်းပေါက်နားသို့ အပြေးအလွှားကပ်ပြီး မှန်မှတဆင့် လှမ်းကြည့်သည်။

 

သေချာပေါက်ပင် တောက်ပနေသော မီးအလင်းရောင်အောက်တွင် ခပ်ဝဝကြွက်ကြီးက သူ၏‌ခြေလက်လေးဘက်ကို သုံးလျက် ကားဘေးမှ ကပ်လိုက်လာကြောင်းကို မြင်လိုက်ရသည်။

 

အလင်းက ကြွက်၏မျက်လုံးပေါ်သို့ ကျသွားသောအခါ ပဲစေ့အရွယ်အစားသာ ရှိသည့် ထိုအနက်ရောင် မျက်စိသေးသေးလေးများက ဖျော့တော့သော ရက်စက်သည့်အလင်းမျိုးကို လွှတ်ထုတ်ပေးလေသည်။

 

လက်ထောက်ဒါရိုက်တာက ကြောက်လန့်လွန်းသဖြင့် အားဟုပင် အော်လိုက်သည်။ ထိုအခါ သူ၏ဘေးခုံကို ပုတ်လိုက်ပြီး ဒါရိုက်ဘာကို အလျင်စလို လှမ်းခေါ်သည်။

 

“အရှိန်မြင့်။ အရှိန်မြင့်။ အရှိန်မြင့်စမ်း ငါတို့ကို မမှီလာစေနဲ့”

 

ထိုအရာဟာ ဘာမှန်းမသိသော်လည်း သူ၏မသိစိတ်အရ ထိုအကောင်ကသာ သူတို့ကို မှီသွားခဲ့လျှင် ကောင်းမွန်သော ကိစ္စ ဖြစ်မလာနိုင်ကြောင်း သတိပေးလေသည်။

 

ဒါရိုက်ဘာကလည်း အရှိန်မြင့်လိုက်သည်။

 

“မဟုတ်ဘူး မဟုတ်ဘူး လက်ထောက်ဒါရိုက်တာ”

 

ဒါရိုက်ဘာက အလျင်စလို အော်ပြန်သည်။

 

“ငါ သူ့ကိုထားခဲ့လို့ မရဘူး။ ငါ မိုင်ကုန်မောင်းနေတာ။ ဒါတောင်မှ အဲ့ဒီကောင်က ရှိနေတုန်းပဲ”

 

“ကွေ့လိုက် ကွေ့လိုက်”

 

“လမ်းကြောင်း ပြောင်းလိုက်”

56 03

မီနီဘက်စ်လေးက ရွာ၏ညစ်ပတ်နေသော လမ်းပေါ်တွင် ခပ်ကြမ်းကြမ်း ပြေးလွှားနေသည်။ အမြင့်ဆုံးနူန်းဖြင့် မောင်းနှင်နေသော ထိုကား၏ ကိုယ်ထည်ကြီးကပင် ဘယ်ညာယမ်းခါနေပြီး ကျောက်စရစ်ခဲများကပင် လွှင့်ထွက်ကုန်သည်။ ထိုသို့ဖြင့် အရေးပေါ် အခြေအနေအရ အသက်ဘေးမှ လွတ်မြောက်အောင် ထွက်ပြေးနေသလိုမျိုး နောက်ဘက်တွင် ဖုန်လုံးများက ကျန်ရစ်ခဲ့လေသည်။

 

ကြွက်ကလည်း ကားဘေးတွင် ကပ်ရပ်လိုက်ပြီး လျင်မြန်စွာ ပြေးလွှားနေပြီး အမြဲတစေ အရှိန်ကို ထိန်းနိုင်နေခဲ့သည်။ ထိုသို့ဖြင့် အခွင့်အရေးကို အရယူပြီး တံခါးကို ဖောက်လျက် အတွင်းသို့ ဝင်ရောက်ချင်ပုံပေါ်သည်။

 

အနက်ရောင်ပဲစေ့ မျက်ဝန်းတစ်စုံက လောဘကြီးပြီး ရက်စက်‌သော အကြည့်မျိုးဖြင့်သာ လှည့်ကြည့်လေသည်။

 

ခရက်ရှ်

 

ထက်ရှသောလက်သည်းက တံခါးကို ချိတ်တက်လိုက်သည့်အသံက ဟိန်းထွက်လာသည်။ ဝန်ထမ်းများ အားလုံးက မျက်လုံးများ ကျဉ်းမြောင်းသွားပြီး တုန်ယင်စွာနှင့် ကားတံခါးရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။

 

ထို့နောက်

 

ခရက်ရှ်

 

နှလုံးသားကိုပင် ကုပ်ခြစ်နေသလို အသံမျိုးက ရှင်းလင်းစွာ ပြန်ထွက်လာပြန်သည်။ ထို့နောက် အလွန်ထက်ရှသော လက်သည်းရာ အမှတ်ကြီးက ပြန်ပေါ်လာသည်။

 

ထိုအရာက အပြင်ဘက်မှ ကားတံခါးကို လှမ်းခြစ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အားက ပြင်းထန်လွန်းသဖြင့် သတ္တုသားကိုပင် ပြဲထွက်အောင် လုပ်နိုင်သည်။

 

နောက်ပြီး ဒါက အရမ်းထူတဲ့ သတ္တုပြားနော်။

 

ထိုအခြေအနေနှင့်တင် မပြီးဆုံးချေ။ တံခါးကို ခြစ်သောအသံက တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်ပေါ်လာပြီး တံခါးတွင် ကုပ်ခြစ်ရာများက များသထက်များလာသည်မှာ အချိန်မရွေး ကျိုးပြတ်သွားနိုင်ပုံ ပေါ်နေလေသည်။

 

ကြက်ခြေခတ်ဖြစ်နေ‌သော ထိုလက်သည်းရာများက လူတိုင်း၏နှလုံးသားကို ကုပ်ခြစ်နေသလိုမျိုး ကားထဲမှ လေထုဖိအားကို ပို၍ နိမ့်သထက် နိမ့်လာစေသည်။

 

နောက်ဆုံးတွင် တံခါးနားတွင် ထိုင်နေသော ဝန်ထမ်းအဖွဲ့ဝင်က စိတ်ပိုင်းဆိုင်ရာ လွှတ်ထွက်သွားပြီး အော်ငိုသည်။

 

“ဒါရိုက်ဘာ ဒါရိုက်ဘာ ကျေးဇူးပြုပြီး မြန်မြန်မောင်းပါ ငါ မသေချင်သေးဘူး”

 

ထိုအသံက ယခုလေးတင် ဖြစ်သွားသော ကားထဲမှ ကြောက်မက်ဖွယ် ကောင်းသော အခြေအ‌နေ၏ ခလုတ်ကို ဖွင့်လိုက်သလိုမျိုး လူတိုင်းက အလွန်ကြောက်လန့်သွားပြီး အသားကုန် ထအော်ကြသည်။

 

“ဒါရိုက်ဘာ ဒါရိုက်ဘာ”

 

“မြန်မြန် အရှိန်ကို မြှင့် အရှိန်ကိုမြှင့် ဒီကြွက်ကို မျက်ခြေဖြတ်ပြီး ထားခဲ့ရအောင်”

 

“အမေရေ  ဝူး ငါ အိမ်ပြန်ချင်သေးတယ် အမေရေ”

 

“ဘာလို့ ဒီကြွက်က ဒီလောက်အထိ ဒေါသထွက်နေတာလဲ။ ဒါက ကြွက်ရော ဟုတ်ရဲ့လား”

 

“ဒါရိုက်ဘာ မရပ်နဲ့နော်။ မြန်မြန်လေးမောင်း... မြန်မြန်လေးမောင်း။ ငါတို့အားလုံး သေလိမ့်မယ်”

 

ထိုသို့ဖြင့် အော်သံများက ဝရုန်းသုန်းကား ထွက်ပေါ်လာသည်။ လက်ထောက်ဒါရိုက်တာ ကလည်း ကြောက်လွန်းသဖြင့် သေလုနီးပါး ဖြစ်နေသည်။ သူက ယခုလို ဝရုန်းသုန်းကား အခြေအနေမျိုးကို ထိန်းချင်လျှင်ပင် မထိန်းနိုင်တော့ချေ။ အကြောင်းမူကား သူကိုယ်တိုင်ကပင် ကြောက်နေသောကြောင့် ဖြစ်သည်။

 

အအော်ခံနေရသော ဒါရိုက်ဘာကိုယ်တိုင်ကလည်း ထိတ်လန့် ခြောက်ခြားလွန်းသဖြင့် ရူးသွပ်မတတ် ချွေးပျံနေသည်။ သူက ရေထဲမှ ခုန်တက်လာသလိုမျိုုး တစ်ကိုယ်လုံးက စိုရွှဲနေ၏။ ထိုကြောင့် စီယာတိုင်ကိုပင် တင်းတင်းကြပ်ကြပ် မကိုင်နိုင်တော့လုနီးပါး ဖြစ်နေသည်။ မည်သို့ပင်ဆိုစေ ချွေးများနှင့် လက်ချောနေလေသည်။ ကားက ချော်သွားသောအခါ အချိန်အတန်ကြာ စွန့်ပစ်ထားပုံရသော ဘေးဘက်ရှိ စိုက်ခင်းနယ်မြေထဲသို့ ထိုးကျသွားသည်။ ထိုသိုဖြင့် ထိုယာခင်းမြေ၏ အစွန်းနားမှ အိုဟောင်းနေသော အုတ်အိမ်လေးရှိရာဘက်သို့ ခေါင်းထိုးစိုက်သွားသည်။

 

လူတိုင်းက ကြောက်လန့်တကြား အော်ကြသည်။

 

“အား”

 

“ရပ်ရပ်ရပ်”

 

ဒါရိုက်ဘာ၏ မျက်လုံးက ပြူးကျယ်သွားပြီး ထိုအိမ်ကို မတိုက်မိအောင် ဦးတည်ရာကို ခပ်မြန်မြန်ပြောင်းလိုက်သည်။ ထို့နောက် လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်တွင် သူ၏စိတ်က ဗလာဖြစ်သွားသည်။ သူ၏ခြေလက်များကလည်း ခြောက်ခြားဖွယ်ကောင်းလောက်အောင် တောင့်တင်းသွားသည်။ သူသည် ဘာကိုမှ မလုပ်နိုင်တော့သဖြင့် ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။ ထိုသို့ဖြင့် ကားက _ _ _

 

ကျွီ ကျွီ ကျွီ

56 04

မည်သူမှ နေထိုင်သည်ဟု မထင်ရသော အိုဟောင်းနေသော အိမ်ကြီးက ရုတ်တရက် မီးလင်းလာသည်။

 

ထိုတဲအိမ်လေးတွင် တံခါးကို ကိုင်ထားသည့် ခါးကုန်းကုန်းနှင့် အဖွားကြီးတစ်ယောက်က ထွက်လာသည်။ တစ်ချိန်တည်းတွင်ပင် တစ်ယောက်ယောက်ကို တိုက်တော့မည်ဟု ထင်လိုက်သည့် မျက်လုံးကို မှိတ်ထားသော ဒါရိုက်တာက ရုတ်တရက် ညင်သာသိမ်မွေ့သော လက်တစ်စုံက ကားကို အသာပင့်မလိုက်ပြီး အနောက်သို့ ပြန်ဆုတ်ပေးလိုက်သလို ခံစားလိုက်ရသည်။

 

ထိုသိုဖြင့် ကားက အမြင့်ဆုံးအရှိန်နူန်းဖြင့် ထိန်းချုပ်မှု လွတ်ကင်းသွားပြီး မောင်းဝင်လာသော်လည်း အိုးဟောင်းနေသော အိမ်၏အရှေ့တည့်တည့်တွင် ရပ်သွားလေသည်။

 

အလွန်ပိန်ပါးပြီး ပါးရေများ တွန့်နေသည့် အဖွားအိုကြီးတစ်ယောက်က အိမ်ထဲမှ ထွက်လာသူ ဖြစ်သည်။ သူမက အလွန်အိုမင်းနေပြီဖြစ်ပြီး အရောင် ဖျော့တော့လွန်းသော ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ သူမ၏ မျက်နှာတွင် အရေးကြောင်းများက ပြည့်နှက် နေသည်။ သို့သော် ညကောင်းကင်မှ ကြယ်စင်ထက်ပင် တောက်ပသည့် မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားလေသည်။

 

သူမက ကားဘေးဘက်ရှိ အမှောင်ထုကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး အော်လိုက်သည်။

 

“ထွက်သွားစမ်း”

 

ထိုအသံက အမှောင်ထုအတွင်းမှ လက်သည်း ကုပ်ခြစ်သံများကို ဆက်တိုက် ထွက်ပေါ်လာစေသည်။ ထို့နောက် တိုက်ခိုက်ရန် ပြင်ဆင်နေသော ကြွက်သွား ဖြဲထားသည့် ကြွက်တစ်ကောင်ကို တွေ့လိုက်ရလေသည်။

 

သူသည် အလွန်အမင်း စိုးရိမ်တကြီး တုန့်ဆိုင်းသွားလေသည်။

 

နောက်ဆုံးတွင် အစိမ်ရောင်မျက်ဝန်း လင်းလက်နေသော ထိုမျက်ဝန်းတစ်စုံက အဖွားအိုကြီးကို ခက်ထန်စွာ ကြည့်ပြီး နောက်လှည့်ကာပြေးသွားသည်။

 

မြေပြင်ကို ကုပ်ခြစ်နေသည့် လက်သည်းသံကြီးက ရုပ်တရက် ပျောက်သွားသည်။ တဲအိမ်၏ အရှေ့က ပြန်လည်တိတ်ဆိတ်သွားလေသည်။

 

ထိအဖွားအိုကြီးက ကိုင်ထားသည့် တံခါးဘောင်ကို လွှတ်ပေးလိုက်ပြီး သူမ၏ ပိန်ပါးသော ကိုယ်ကို ကားရှိရာနားသို့ တုန်ယင်စွာ တရွတ်တိုက် ဆွဲခေါ်သွားသည်။ ထို့နောက် တံခါးကို ခေါက်သည်။

 

“နင်တို့က ဘာစောင့်နေတာလဲ။ မျက်လုံးကိုဖွင့် ဘာမှ မရှိတော့ဘူး”

 

လူတစ်ယောက်၏အသံကို ကြားသောအခါ ယခုလေးတင် ကြောက်လန့်နေပြီး မျက်လုံးမှိတ်ထားကြတသော လူများက မျက်လုံးကို ဖွင့်လိုက်ကြသည်။

 

ထို့နောက် ကားတံခါးနားတွင် ထိုင်နေသော ဝန်ထမ်းအဖွဲ့ဝင်က ရုတ်တရက် တံခါးအပြင်ဘက်မှ အဖွားကြီး၏ မျက်နှာကိုမြင်လိုက်ပြီး ထအော်သည်။ သူက ကြောက်လန့်တကြား ဖြစ်သွားပြီး ကားနောက်ဘက်သို့ ခုန်ဝင်ကာ တိုးဝင် သွားလေသည်။

 

******