Ch 55
Viewers 6k

55 01

အပိုင်း(၅၅)

 

သူ၏ဆရာသည် ဟိုင်ရန်ဂူဘုရားကျောင်း၏ တာအိုဆရာသခင်လီ ဖြစ်သည်။ သူသည် ဟိုင်ရန်ဂူဘုရားကျောင်းတွင် အသက်အကြီးဆုံး တာအိုဘုန်းတော်ကြီး ဖြစ်သည်။

 

တာအိုဘုန်းတော်ကြီးများက အသက်အရွယ်အရ အင်အားကို ဆုံးဖြတ်နိုင်ခြင်း မရှိဘဲ တာအိုဘုန်းတော်ကြီးလီက ဒီနှစ်တွင် အသက်မည်မျှဖြစ်ကြောင်း မည်သူကမျှ မသိသည့်အပြင် စုန့်ယီဟာ သူ၏ဆရာဖြစ်သူကို အသက်တစ်ရာကျော်ပြီဖြစ်ကြောင်း ခန့်မှန်းနိုင်လေသည်။

 

တာအိုဆရာသင်လီ၏ ဇရာက တပည့်ပေါင်းများစွာကို လက်ခံခဲ့သည်။ အငယ်ဆုံး လီချမ်းရွန်သည် ဟိုင်ရန်ဂူဘုရားကျောင်း၏ သမိုင်းတွင်ပင် ပါရမီအကြီးဆုံး ဖြစ်သည်။ သူတို့၏ဆရာကလည်း လီချမ်းရွန်ကို တာအိုဂူဘုရားကျောင်းအား လွှဲပေးချင်ခဲ့သည်။ သို့သော် လီချမ်းရွန်၏နာမည်က တာအိုဝါဒီအရ အဓိပ္ပာယ်အပြည့် ရှိနေသောကြောင့်လည်း ဖြစ်သည်။ သူ၏နာမည်အတိုင်း သူသည် နေရာတစ်နေရာတည်းတွင် အချိန်အကြာကြီး မနေနိုင်ချေ။ တိမ်စိုင်လိုမျိုး လေနှင်ရာ လွှင့်နေခဲ့ပြီး ခရီးသွားနေခဲ့သည်။

 

ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဟိုင်ရန်ဂူဘုရားကျောင်းရှိ မည်သည့် တာအိုဘုန်းတော်ကြီးကမှ လီချမ်းရွန်ကို မမြင်ဖူးကြချေ။

 

တာအိုဆရာသခင်လီက သူ၏ အငယ်ဆုံးနှင့် အတော်ဆုံးသော ဂျူနီယာညီငယ်လေးက အသက်ရှင်နေကြောင်းကိုသာ တွက်ချက်နိုင်သည်။ သို့သော် မည်သည့်နေရာတွင် မည်သည့်ကိစ္စများကို တွက်ချက်နိုင်သည်ကို မသိနိုင်ချေ။

 

“ဆရာ”

 

တာအိုသခင်စုန့်က အသက်အရွယ်ကြီးရင့်နေသော တာအိုဆရာသခင်အိုကြီး၏ အခန်းကို တွန်းပို့လိုက်ပြီး အလျင်စလို ပြောသည်။

 

“ဆရာ ဆရာ ဂျူနီယာညီလေးယန်က ဝံပုလွေရိုင်းတောင်ထိပ်ကို သွားတယ်”

 

သူ၏စကား ဆုံးပြီးပြီးချင်း ဓားအိုင်တစ်ခုကို ကောက်ပစ်လိုက်လေသည်။

 

စုန့်ထောင်ချန်းသည်လည်း ကြောင်အသွားလေရာ မရှောင်နိုင်ခဲ့ချေ။ တာအိုဘုန်းတော်အိုကြီး အိပ်မောကျဟန် ဟန်ဆောင်နေရာမှာ သုန်မူန်သော မျက်နှာနှင့် ခုန်ထွက်လာသည်။

 

“ညသန်းခေါင် ရောက်တော့မယ်။ မင်းတို့ မအိပ်သေးဘူးလား။ ဘာလုပ်ချင်တာလဲ။ မြေပြင်မှာ ထိုင်ပြီး အမတဖြစ်ဖို့ ကျင့်ချင်တာလား

 

ထိုအခါမှသာ တာအိုဘုန်းတော်ကြီးစုန့်ဟာ ချက်ချင်းလိုလို သတိထားမိသွားပြီး အိပ်ချိန်ဟာ အလွန်နောက်ကနေပြီဖြစ်ပြီး အိပ်သင့်နေပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ သူဟာ ယခုလို အခြေအနေမျိုးတွင် ဆရာကို လာရောက်နှောက်ယှက်ခြင်း ဖြစ်သည်။

 

သူသည် မကောင်းသည့်ကိစ္စများ လုပ်ရာတွင် ဆရာက မိသွားသလို ခံစားချက်မျိုးကို ရလိုက်သည်။ သူက အပြစ်မကင်းစိတ်နှင့် ချောင်းအသာ ဟန့်လိုက်ပြီးနောက် အလျင်လိုဟန်နှင့် ပြောလိုက်သည်။

 

“ဒါက ကျွန်တော့ကြောင့် မဟုတ်ပါဘူးဆရာ။ ဂျူနီယာ ညီလေးယန်နဲ့ ပတ်သက်တယ်။ သူက အဲ့ဒီရှိုးနဲ့အတူ ခရီးထွက်သွားပြန်ပြီ။ မဟုတ်ဘူး အခုက မိုးသည်းထန်နေတဲ့ညမှာ ဝံပုလွေရိုင်း တောင်ထိပ်ကို သွားတာ”

 

ထိုစကား ကြားပြီးပြီးချင်း တာအိုဘုန်းတော်အိုကြီးက အသက်ပြင်းပြင်း ရှူသည်။

 

“ဘာလို့ အဲ့ဒီတန်ခွေးရဲ့တပည့်က ဝံပုလွေရိုင်းတောင်ထိပ်ကို သွားတာလဲ။ ရူးနေတာလား”

 

“ဒီကလေးက ကံဆိုးမှုနဲ့တော့ မွေးဖွားလာခဲ့တယ်လို့တော့ မထင်ဘူး။ အရင်တစ်ခေါက်က ကွေ့‌တောင်ကို သွားတယ်။ အခုကျတော့ မိုးသည်းထန်နေတဲ့ညမှာ ဝံပုလွေရိုင်းတောင်ထိပ်ကို သွားတယ် ဟုတ်လား”

 

တာအိုဆရာသခင်အိုကြီးက ဘေးဘက်မှ တာအိုဘုန်းတော်အိုကြီး ဝတ်ရုံကို ခပ်မြန်မြန် ကောက်ဆွဲလိုက်ပြီး ခြုံသည်။ ထို့နောက် ခြေလှမ်းကျဲကြီးများနှင့်‌ လျှောက်ထွက်လာသည်။

 

“သူ ဒီလိုညမှာ ဝံပုလွေရိုင်းတောင်ထိပ်ကို မသွားသင့်ဘူးလို့ မင်းတို့က သတိမပေးဘူးလား။ မင်းက သူ့ရဲ့စီနီယာအစ်ကိုနော်”

 

တာအိုဆရာသခင်မာ _ _ _ ငါလည်း  သတိပေးချင်ပါတယ်။  ဒါပေမယ့် ဂျူနီယာညီလေးက ဖုန်းမကိုင်ဘူးလေ။ ဒီအခွင့််အရေးမှ မပေးတာ။

 

သူတို့က စုစည်းပြီးနောက် ရုတ်တရက် မည်သူကမှ ယန်ရှစ်ရွှမ်း၏ဖုန်းနံပါတ်ကို မသိကြောင်း သိလိုက်ရသည်။ သူတို့သည် သူ၏ပရိုက်ပိတ်အကောင့်ကိုသာ သိသည်။သို့သော် မာတောင်ချန်းပို့ထားသော စာများကလည်း မဖတ်သေးချေ။

 

“တာအိုဘုန်းတော်အိုကြီး အလွန်အမင်း ဖိအားပြင်းထန်သည့် သေလု ခြောက်ခြားဖွယ်ကောင်းသော အကြည့်အောက်တွင် တာအိုဘုန်းတော်ကြီးစုန့်က ရှိုး၏ဒါရိုက်တာ ကျန်းဝူပင်းကို ခေါ်ရန်ကြိုးစားသော်လည်း တစ်ဖက်မှ  ပီ ပီ ပီ အသံကိုသာ ထွက်လာပြီး မည်သူကမှ မကိုင်ချေ။ ယခင်တစ်ခေါက်က ဆက်သွယ်ရမည့် နံပါတ်များကို ပေးထားခဲ့သည့် ဝန်ထမ်းများကိုလည်း ဆက်သွယ်၍ မရချေ။ မည်သူကမှ ပြန်မဖြေကြချေ။

 

ထိုအခြေအနေကို မြင်ရသော တာအိုဘုန်းတော်ကြီးစုန့်က သူ၏အင်္ကျီလက်များကို ချက်ချင်း လိပ်တင်လိုက်ပြီး တွက်ချက်မှုကို ပြုသည်။ သူက နံပါတ်များကို တစ်ခုပြီးတစ်ခု တွက်ချက်ပြီးနောက် နောက်ဆုံး ယန်ရှစ်ရွှမ်း၏ နံပါတ်ကို ဆုံးဖြတ်ချက်ချသည်။ သို့ရာတွင် တာအိုဘုန်းတော်ကြီးစုန့်က ဆက်ကြည့်သောအခါ_ _ _

55 02

“ခေါ်ဆိုနေသော ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါတယ်”

 

ထိုအခိုက်အတန့်တွင် အခန်းထဲရှိ လေထုက အလွန်လေးလံသွားသည်။

 

တာအိုဘုန်းတော်အိုကြီးပေါင်း များစွာကလည်း သူသည် ပရိုဂရမ်အသင်းနှင့်အတူ တစ်စုံတစ်ရာကို ကြုံတွေ့နေလောက်ကြောင်း သိလိုက်သည်။

 

တာအိုဘုန်းတော်မာက ခေါင်းကိုသာ ယမ်းသည်။

 

“ဝံပုလွေရိုင်းတောင်ထိပ် တိုက်တိုက်ဆိုင်ဆိုင် မိုးက ရွာတဲ့ရက် ဖြစ်နေတယ်”

 

သာမာန်လူများထက် ရဲ့လန့်တောင်ထိပ်က ယခုရက်များအတွက် သူ၏ရှင်းလင်းပြတ်သားပြီး လှပလွန်းသော ညကောင်းကင်ကြောင့် နာမည်ကြီးလာခဲ့သည့် အင်တာနက် ဆယ်လယ်ဗရီတီပေါင်းများစွာ check in ဝင်ရာနေရာ ဖြစ်သည်။ ထိုသို့ဖြင့် စခန်းချသူပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သလို ဓာတ်ပုံရိုက်သူပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ လူများက သဘာဝအလှကို ရှုစားနိုင်လေသည်။

 

သို့သော် ရှိုးပွဲမှ လူများအတွက်ကမူ ဝံပုလွေရိုင်းတောင်ထိပ်မှ လေးလံသော ပုံပြင်တစ်ပုဒ်နှင့် သက်ဆိုင်နေလောက်သည်။ မိုးသည်းသော ညတွင် ဝံပုလွေရိုင်းတောင်ထိပ်သည် နာမည်ကြီးများပင် မသွားသော နေရာဖြစ်သည်။

 

တာအိုဘုန်းတော်ကြီးများက တော်သည့် နတ်ဘုရာများကို အကူအညီတောင်းခံခြင်းနှင့် အခြားသော ဂါထာမန်းမှုတ်မှုများ အားလုံးက ထိုနေရာကို သက်ရောက်မှု မရှိချေ။ မြှောင်ကျန်းနတ်ဘုရားမနှင့် အခြားသော နတ်ဘုရားများကိုပင် အကူအညီ တောင်းခံ၍ မရသော နေရာဖြစ်သည်။ ထိုနေရာသည် နတ်ဘုရား သေဆုံးပြီး ပျောက်ကွယ် သွားသော နေရာ ဖြစ်နေသည်။ သေမျိုးများကလည်း ဝင်ရောက် မနှောက်ယှက်နိုင်ချေ။

 

ရဲ့လန်တောင်ထိပ်သည် အစပိုင်းတွင် အမည်မသိရသော တောင်ကုန်းလေးသာ ဖြစ်သည်။

 

ထိုနေရာတွင် ဝံပုလွေရိုင်းများက မကြာခဏဆိုသလို ကျက်စားတတ်ပြီး ကောက်ပဲသီးနှံများ ဖျက်ဆီးလျက် အိမ်တွင်မွေးထားသော ကြက်များ၊ ဘဲများကို ခိုးယူသော်လည်း မည်သည့် လူသားများကိုမှ ဒုက္ခမပေးဖူးချေ။

 

ရွာသားများကလည်း နယ်မြေက မြေဩဇာကောင်းပြီး ရာသီဥတုကလည်း ကောင်းမွန်ကာ နှစ်တိုင်းလိုလို အထွက်တိုးသည့်အတွက် ထိုတောင်ထိပ်မှ ပြောင်းရွှေ့လိုစိတ် မရှိကြချေ။ အနှစ်ချုပ်ဆိုရသော် အဝေးရှိရွာများမှ လူများကပင် ဒီနေရာရှိ အထွက်နူန်းက ကောင်းမွန်ကြောင်း ကြားပပြီး ထိုရွာတွင် နေထိုင်လိုစိတ်  ရှိကြသည်။ ထိုရွာတွင် ပြောင်းရွှေ့ နေထိုင်ကြလေသည်။ ထိုသို့ဖြင့် ပို၍များပြားသော လူများက ထိုရွာတွင် ပြည့်နှက်လာလေပြီး အနီးအနားရှိ ရွာသားများအားလုံးက အချင်းချင်း ပူးပေါင်းလျက် စည်းစည်းကားကား နေကြသည်။ တောင်ထဲတွင် နေထိုင်သော တိရိစ္ဆာန်များကလည်း အတူတကွ နေထိုင်ကြသည်။

 

လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်အချိန်မှသာ ရဲ့လန်တောင်ထိပ်က ပထမဦးဆုံး သစ်ပင်ကို ခုတ်ဖြတ်ပြီး ပထမဦးဆုံး မြေဆီလွှာကို တူးထုတ်ခဲ့ခြင်းဖြင့် အရာအားလုံးက ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

 

အေးချမ်းနေခဲ့သော ရဲ့လန်တောင်ထိပ်က ပြိုပျက်သွားသည်။

 

ရွာထဲရှိ လူငယ်များက အရှုံးနှင့် ရင်ဆိုင်နေရသော ဘဝကို မကျေနပ်နိုင်တော့ပဲ တစ်နှစ်ပတ်လုံး လယ်စိုက်ပြီး ခက်ခက်ခဲခဲ ရရှိလာသော မိသားစုက ရှာဖွေလာသော ပိုက်ဆံကိုလည်း အထင်သေး လာခဲ့ကြသည်။ ထိုသို့ဖြင့် မိသားစုအကြီးအကဲများ၏ ဖြောင်းဖျမှုကို လစ်လျူရှုပြီး အပြင်ဘက်မှ သူဌေးကြီးများ၊ ကုမ္ပဏီကြီးများနှင့် စာချုပ် ချုပ်ဆိုလိုက်သည်။ ထိုသို့ဖြင့် ရဲ့လန်တောင်ထပ်၏ မြေဩဇာကောင်းသော မြေဆီလွှာများကို တူးထုတ်သွားခွင့် ပြုသလို သစ်ပင်များကိုလည်း ခုတ်ခွင့် ပြုခဲ့သည်။

 

မြေဆီလွှာများ၊ သစ်ပင်များနှင့် လဲလှယ်ခဲ့သော ထိုပိုက်ဆံများက ပထမလူအနည်းစု၏ လက်ထဲအတွင်းမူ စီးဆင်းသွားခဲ့သည်။ အနီးအနားရှိ ရွာမှလူများကမူ ဒီအခြေအနေကို မနာလိုလျက် လိုက်ပါ လုပ်ဆောင်ကြသည်။ သူတို့က မြို့များသို့ သူဌေးများနှင့် ဆက်သွယ်ပြောဆိုလျက် သူတို့၏ အိမ်အနောက်ဘက်မှ တောင်များထံသို့ ပြောင်းရွှေ့ပြီး ကျန်သော နယ်မြေများကို ရောင်းချလိုက်ကြသည်။

 

သစ်ပင်အိုကြီးများကို တစ်ပင်ပြီးတစ်ပင် ခုတ်သည်။ ထိုသစ်ပင်အိုကြီးများက ကလစ်ဆိုသော အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသည်။ နဂိုက တောင်နတ်ဘုရားပွဲတော်ကြောင့် သစ်ပင်များတွင် ချီထားသော အနီရောင်နှင့် ရောင်စုံဖဲကြိုးများကလည်း မြေပြင်တွင် တစ်စီပြန့်ကျဲကုန်ပြီး အလုပ်သမားက ဂရုစိုက်ခြင်း မရှိဘဲ နင်းခြေကာ မြေဆီလွှာအတွင်းသို့ ဝင်ရောက်သွားစေခဲ့သည်။

 

ထိုသို့ဖြင့် သစ်ပင်အိုကြီးက ငိုကြွေးပြီး သေဆုံးခြင်း မတိုင်ခင်အထိ ယူကြုံးမရ ဖြစ်သွားခဲ့ပုံ ပေါ်သည်။

 

သို့သော် ပိုက်ဆံနှင့်ဆိုလျှင် လူငယ်များက အိမ်ကြီးများကို တည်ဆောက်နိုင်သည်။ လူကြီးများကလည်း ပြင်းပြင်းထန်ထန် အလုပ်မလုပ်ရတော့ချေ။ ထို့ကြောင့် လူငယ်များက အိုးအိမ်သစ်များ ရလိုက်သည်။ ထို့ကြောင့် ကျေနပ်နေပုံ ပေါ်သည်။

 

သို့သော် မည်သူကမှ ဝံပုလွေရိုင်းတောင်ထိပ်က ပြောင်းလဲသွားမည့် အခြေအနေကို ဂရုမစိုက်ကြချေ။

55 03

အတိတ်က ဝံပုလွေရိုင်းတောင်ထိပ်၏ စိမ်းလန်းပြီး သာယာဝပြောသော တောင်တန်းအနေအထားက လွှင်ထီးခေါင်ဖြစ်လာကာ အသက်မဲ့ပြီး ခြောက်ခြားဖွယ် တိတ်ဆိတ် လာကြောင်း သတိမထားမိချေ။

 

ရွာထဲမှ အကြီးအကဲများက သတိပေးကြသည်။

 

“တောင်နတ်ဘုရား ဒေါသ ထွက်လိမ့်မယ်။ မင်းတို့ နင်းနေတဲ့ အဲ့ဒီမြေဩဇာနယ်မြေ၊ ငါတို့ ကောင်းကောင်း ရိတ်သိမ်းနေနိုင်တဲ့ စားစရာတွေ၊ အရင်က ငြိမ်းချမ်းမှုတွေ အားလုံးကို မုန်တိုင်းတွေက ဖျက်ဆီးတယ်။ မိုးသက်လေပြင်းတွေ ကျရောက်လာတယ် ဆိုတာက မင်းတို့ရဲ့ ယုံကြည်သက်ဝင်မှုနဲ့ လေးစားမှု ပျက်ယွင်းသွားတာကြောင့် တောင်နတ်ဘုရားက ဒေါသ ထွက်သွားလိုပဲ။ မင်းတို့က အပင်တစ်ပင်ကို ခုတ်တဲ့အချိန်တိုင်း တောင်နတ်ဘုရားက သွေးစိမ်းရှင်ရှင် ထွက်နေလိမ့်မယ်”

 

သို့ရာတွင် အဝတ်ကောင်းများ ဝတ်ဆင်နိုင်သည့်၊ ကားကောင်းများ စီးနိုင်သည့် လူငယ်များကမူ ပြန်လည်ပြီး အော်သည်။

 

“ခင်ဗျား အဖိုးကြီး တစ်ခြားလူ ပိုက်ဆံရနေတာကို မပိတ်ချင်စမ်းပါနဲ့။ တစ်ဘဝလုံး ဒီလောက် ကျဉ်းမြောင်းတဲ့ နေရာလေးမှာပဲ နေနေတာ။ ခင်ဗျားက ဘာသိမှာလဲ။ ဒါက ဘယ်ခေတ်မလို့လဲ။ တောင်နတ်ဘုရား ဟုတ်လား ဟား ဟား။ တောင်နတ်ဘုရားသာ တကယ်ရှိရင် သူ့ကို ကိုယ်တိုင်လာခိုင်းပြီး ငါ့ကို ရိုက်ခိုင်းလိုက်စမ်းပါ” 

 

လူအိုကြီးကမူ ဒေါသတကြီး ခေါင်းကိုသာ ခါနေသည်။ သို့သော် ဆက်မတားနိုင်ချေ။

 

ပိုက်ဆံကြောင့် ရူးသွပ်သွားသော ရွာသားများက ဝံပုလွေရိုင်းတောင်တွင် ဝံပုလွေရိုင်းများ မပေါ်လာသည်မှာ အချိန်အတန်ကြာပြီ ဖြစ်ကြောင်း သတိ မထားမိကြချေ။ ညအချိန် ရောက်လာသောအခါ တောင်၏ တောင်တန်းနှင့် တောအုပ်များက တိတ်ဆိတ် သွားသည်။ တိရိစ္ဆာန်များအားလုံးက အတိတ်က အခြေအနေမျိုးက ပျောက်ကွယ်သွားကြောင်း သတိထားမိသဖြင့် လူသားများနှင့် အဆက်အဆံ မလုပ်တော့လိုသလိုမျိုး ဖြစ်သည်။ ထိုတောင်တန်းများတွင် နေထိုင်သော တိရိစ္ဆာန်လေးများက အသိစိတ် ရှိကြသည်။ ထို့ကြောင့် အတိတ်က ငြိမ်းချမ်းစွာ နေထိုင်ခဲ့ချိန်က ရွာသားများ သူတို့၏ မိတ်ဆွေများ မဟုတ်တော့ကြောင်း သိကြသည်။

 

လက်ရှိရွာသားများ၏ မျက်လုံးထဲတွင် သူတို့၏အမွှေးနှင့် အသားများက ပိုက်ဆံနှင့် လဲလှယ်နိုင်သည့် အရာများ ဖြစ်သွားသည်။

 

ထို့နောက် နောက်ဆုံးတစ်ရက်တွင် လူသားများက ရုတ်တရက် သူတို့၏ခြံထဲရှိ ကြက်များ၊ ဘဲများ အားလုံးက တွေ့လိုက်သည်။

 

အာရုံပင် မတက်သေးချေ။ တစ်အိမ်ပြီးတစ်အိမ်မှ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ရွာထဲရှိ ကြက်များ၊ ဘဲများအားလုံးက အလွန်ဆိုးရွားပြီး ကြောက်မက်ဖွယ် ကောင်းသော သေဆုံးခြင်း တရားနှင့် တွေ့ဆုံခဲ့သလိုမျိုး ဖြစ်သည်။ အကြောင်းမူကား သူတို့၏ သွေးများအားလုံး ခြောက်ကပ်ပြီး သေဆုံးနေခြင်း ဖြစ်သည်။ သူတို့၏ ပုရွတ်ဆိတ်လို အနက်ရောင်မျက်လုံးလေးများက အိမ်ထဲတွင် လှုပ်ရှား သွားလာနေသော ရွာသားများကို လိုက်ကြည့်နေသလိုမျိုး ဖြစ်နေသည်။

 

မူလကမူ ဒီအတိုင်း မကောင်းမှုသာ လုပ်ချင်သည့် မိသားစုအချို့မှ သူခိုးတစ်ယောက်က လာခိုးသွားသည်ဟုသာ ထင်ပြီး တွေးတောထားကြသော လူများက ဒီမြင်ကွင်းကြောင့် အလွန်ထိတ်လန့် သွားကြသည်။ အချို့အချို့သော လူများကဆိုလျှင် ကြောက်လန့်ပြီး နေရာတွင်ပင် ဒူးထောက်ကာ ဝံပုလွေတောင်ထိပ်ထံ အော်ဟစ်လျက်‌ တောင်းပန် ကြသည်။ တောင်နတ်ဘုရားကို အော်ဟစ်လျက် တောင်းပန်ကြ၏။ သူတို့က သစ်ပင်များကို ပြန်လည်စိုက်ပျိုး ပါမည်ဖြစ်ကြောင်း တောင်နတ်ဘုရားကို ဒေါသထွက်ခြင်း မပြုပါရန် တောင်းပန်ကြသည်။

 

အချို့သော သူများကမူ ဂရုမစိုက်ဘဲ ထိုကြက်သေ၊ ဘဲသေများကို ချက်စား လိုက်ကြသည်။ ဘေးရွာမှလူများက သူတို့၏ ကြွယ်ဝမှုကို မနာလိုဖြစ်သောကြောင့်သာ လုပ်သွားကြသည်ဟုသာ ထင်နေကြသည်။ သူတို့က အိမ်မှ မိသားစုဝင်များကိုပင် ဖိတ်ပြီး ဘေးဘက်ရွာသို့ သွားလျက် ကလဲ့စားချေရန် ဆုံးဖြတ်ထားကြသည်။

 

သို့ရာတွင် ထိုလူများအားလုံးက ထိုသို့ မလုပ်နိုင်ခဲ့ချေ။ အကြောင်းမူကား ထိုရွာသားများ အားလုံးက ထိုင်းမှိုင်းနေသော မျက်ဝန်းနှင့် ရွာအနှံ့လျှောက်သွားပြီး ပေါက်ကရများ လျှောက်ပြော နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျန်သောရွာသားများအားလုံးက ပေါက်ကရ လျှောက်ပြောနေသော ရွာသားများကို နတ်ဆရာမထံ ပို့လိုက်သည်။

 

သို့သော် _ _ _

 

“တောင်နတ်ဘုရားက နင်တို့ကို သူ့ရဲ့ခန္ဓာကိုယ်နဲ့ ပျိုးထောင်ပြီး နှစ်ရာကျော် လုံခြုံအောင်၊ ရိတ်သိမ်းမှုကောင်းမွန်အောင် ကာကွယ် ပေးလာခဲ့တာ။ ဘယ်တော့မှ ကိုယ်ကျိုးငဲ့ခဲ့တာ မဟုတ်ဘူး။ နင်တို့က တောင်နတ်ဘုရားကို ပူဇော်ပသတဲ့အချိန်မှာ တောင်နတ်ဘုရားက နင်တို့ကို ဆန်မြေအဖြစ်‌ ပြောင်းပြီး ပြန်ပေးနေတာ”

 

နတ်ဆရာမ၏ အမူအယာက အလွန်တင်းမာ နေသည်။

 

“ဒါပေမယ့် နင်တို့က တောင်နတ်ဘုရားကို မလေးစားကြဘူး။ ဒီတော့ တောင်နတ်ဘုရားကလည်း သူ့ကိုယ်သူတောင် ကာကွယ်ပေးဖို့ အင်အား မရှိတော့ဘူး။ နဂိုက စည်ပင်ဝပြောနေတဲ့ စက်ကွင်းကို နင်တို့ ကိုယ်တိုင် ဖြတ်တောက် လိုက်ကြတာပဲ။ အခု နင်တို့ကို ကာကွယ်ပေးမယ့် တောင်နတ်ဘုရားဆိုတာ မရှိတော့ဘူး။ ကြက်တွေ၊ ဘဲတွေ သေသွားတာကတင် အနေအထားကို ကောင်းကောင်း သက်သေ ပြနေတာပဲ”

 

ရွာသားများက ကြောက်လန့်မှုနှင့်အတူ တုန်ယင်သွားကြပြီး နတ်ဆရာမအား မိစ္ဆာဝင်ပူးခံထားရသလို ဖြစ်နေသည့် လူအချို့ကို အပနှင်ခိုင်းလေသည်။

55 04

သို့ရာတွင် နတ်ဆရာမက မီးပုံဖိုပြီး မိစ္ဆာဝိဉာဉ်များကို မောင်းထုတ်သည့် နည်းလမ်းမျိုးကို အသုံးပြုမည့်အချိန်တွင် စိတ်ရှုပ်ထွေးပြီး အသိစိတ် လွတ်သလို လူငယ်များက ရုတ်တရက် ရူးသွပ်စွာ ထရယ်ကြလျက် သူ၏အင်အားအကုန်သုံးကာ မီးပုံထဲသို့ ခုန်ချကြသည်။ အခြားသော ရွာသားများက အံ့အားသင့်သွားကြသည်။ သို့သော် ထိုလူငယ်များကမူ အင်အား ကြီးမားလွန်းလေရာ မည်သူကမှ မတားနိုင်ကြချေ။

 

ရေကပင် ဖြစ်စေ၊ နတ်ဆရာမ၏ နည်းလမ်း အမျိုးမျိုးကပင် ဖြစ်စေ ထိုမီးတောက်ကို မငြိမ်းနိုင်ချေ။

 

ထိုလူငယ်များ၏ ရယ်သံများက တဖြည်းဖြည်းချင်း တိုးသထက် တိုးသွားသည်။

 

နောက်ဆုံးတွင် မီးက တဖြည်းဖြည်းချင်း ငြိမ်းသွားပြီးနောက် မြေပြင်တွင် မဲတူးနေသော ပြာများကသာ ကျန်ရစ်သည်။ ထိုနေရာတွင် အရှင်လတ်လတ် ကိုယ်တိုင် ခုန်ချကာ မီးရှို့ခံခဲ့သည့် မီးသွေးတုံးလို မဲတူးနေသော အလောင်းများကလည်း ရှိသည်။ သူတို့၏မျက်နှာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။

 

ကြောက်လန့်သော ရွာသားများက အချိန်အတန်ကြာသည်အထိ အသိ ပြန်မဝင်ကြချေ။ သို့ရာတွင် အန်ချင်စိတ်ကို ထိန်းပြီး ထိုအလောင်းများကို ကိုင်တွယ်မည့်အချိန်တွင် ရုတ်တရက် ထိုအလောင်းများက ထခုန်လာသည်။

 

သူတို့က မီးတောက်အကြွင်းအကျန်အတွင်းမှ တဖြည်းဖြည်းချင်း ကုန်းထလာသည်။ သူတို့၏ကိုယ်ပေါ်မှ မီးသွေးမှုန့်များလို မဲတူးနေသည့်အရာများက လှုပ်ခတ် လိုက်ချိန်တိုင်း ပြုတ်ကျလာလေ့ရှိသည်။ သူတို၏ ခန္ဓာကိုယ်တစ်ခုလုံးက ညှော်နံ့များ ထွက်နေသည်။ ထို့နောက် သူတို့၏ အလုံးစုံ လှောင်ကျွမ်းခံလိုက်ရသည့် မဲတူးနေသော ပါးစပ်ကြီးများကို ဟလျက် ဖျော့တော့သော သွားများကို ဖြဲရင်း ရွာသားများကို ရယ်ပြကြသည်။

 

ကြည့်ရှုသူများကမူ မရယ်ပြနိုင်ဘဲ ထွက်ပြေးကြသည်။

 

သို့သော် သူတို့က ပြန်လာပြီး စစ်ကြည့်သောအခါ ထိုအလောင်းများ ပျောက်နေကြကြောင်း တွေ့လိုက်ကြရသည်။ နတ်ဆရာမက မြေပြင်ပေါ်သို့ လဲကျသွားပြီး မြေပြင်ပေါ်သို့ ကျသွားပြီး သတိလွတ်သွားသည်။

 

ထိုအချိန်က ဟိုင်ရန်ဂူဘုရားကျောင်းကိုလည်း ရွာသားများက ဖိတ်ခေါ်ခဲ့ကြသည်။

 

တာအိုဘုန်းတော်ကြီးများကမူ ထိုအချိန်က ငယ်သေးသည်။ သူက ရွာထဲသို့ ဝင်ပြီးပြီးချင်း ရွံရှာလွန်းသဖြင့် အန်ပင်အန်မိသေးသည်။

 

“တာအိုဆရာသခင်စုန့် မင်း အဲဒီကိုသွားပြီး ကိုယ်တိုင် မမြင်ခဲ့ရလို့ သိမှာမဟုတ်ဘူး”

 

အခန်းထဲတွင် တာအိုဆရာသခင်မာက မျက်မြင်တွေ့ကြုံခဲ့သည့်သူ ဖြစ်သည့်အလျောက် ခါးသည်းစွာ ပြောပြသည်။

 

“အဲဒီအချိန်က တစ်ရွာလုံး အလောင်း မီးရှို့ခံရတဲ့အနံ့တွေ ပြည့်နေတာ။ နောက်ပြီး နေရာတိုင်းမှာလည်း မီးလောင်ခံထားရတဲ့ အလောင်းတွေ အများကြီးပဲ။ ရွာထဲမှာ ဆန်စားတဲ့ ပိုးကောင်တွေတောင် ပြည့်နှက်နေတာ။ ဒါပေမယ့် အခြားရွာသားတွေကတော့ ထင်သလို မခံစားရတဲ့ပုံပဲ။ သူတို့က ဒီအတိုင်း ပုံမှန်လို ရှင်သန် နေထိုင်ကြသေးတာ။ ဒါက လူသားလောကတောင် မဟုတ်တော့ဘူး။ တောင်နတ်ဘုရားကလည်း သေသွားပြီ”

 

တာအိုသခင်မာက လေသံတိုးကာ ပြောသည်။

 

တာအိုဆရာသခင်စုန့်ကမူ ဝံပုလွေရိုင်းတောင် လက်ရှိအခြေအနေကို  သိနေသည်မှာ ကြာပြီဖြစ်သော်လည်း လွန်ခဲ့သော ဆယ်နှစ်ခန့်က ကိုယ်တိုင်ကိုယ်ကျ မသွားရခဲ့ချေ။ ထို့ကြောင့် တာအိုဆရာသခင်မာ၏ ဖော်ပြချက်ကို ကြားပြီးနောက် သူ၏မျက်နှာအမူအယာက ပြောင်းလဲသွားလေသည်။

 

******