54 01
အပိုင်း(၅၄)
နတ်ဘုရားများ၏ ရုပ်ထုနှင့်ယှဉ်သော ဒီအိုဟောင်းနေသော အရာက အမေ့လျော့ခံ ရုပ်ထုတစ်ခုကဲ့သို့ ဖြစ်နေသည်။
အချိန်နှင့် လေပြင်း၊မိုးများက သစ်သားရုပ်ထု၏ လုံးဝန်းသော လက်များကို ပွတ်တိုက်စားသွားပြီး သူတို့၏ချစ်စိတ်ပြင်းပြသော မျက်လုံးများကိုပင် ဖျက်ဆီးသွားသည်။ သို့သော် ကျန်ရစ်နေသေးသည့် ချောမွေ့သည့် အစင်းကြောင်းမှ တဆင့် လွန်ခဲ့သော နှစ်တစ်ရာခန့်က ရုပ်ထုကို သွန်းလုပ်ခဲ့သော သူ၏ နှလုံးသားကို ခံစားမိနိုင်လေသည်။ သူသည် ဂရုတစိုက်ပင် ထွင်းထုခဲ့ပြီး သေချာမွန်းမံပြင်ဆင်ခဲ့သည်။ နောက်ဆုံးမှသာ သူ၏ နှလုံးသားထဲမှ နတ်ဘုရား၏ပုံရိပ်ကို ထွင်းထုနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ ထိုရုပ်ထု၏ခေါင်းက ပျောက်ဆုံးနေသည်။ ကြွက်များက ကိုက်သွားခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ထိုနေရာတွင် ကိုက်ခဲရာများကို မြင်နိုင်၏။ ထိုနေရာတွင် မျက်လုံးတစ်ဝက်ကသာ ကျန်ရစ်သည်။ ရုပ်ထု၏ထိပ်မှ အောက်ပိုင်းအထိ ကွဲအက်ရာကြီးတစ်ကြောင်းကလည်း ဆက်တိုက် ပြန့်နှံ့ သွားသေးသည်။ ရုပ်ထု၏ ပုံစံကို ထိန်းသိမ်းထားနိုင်ရန် အလို့ငှာ ခပ်လျော့လျော့ သစ်သားတုံးကြီးတစ်တုံးကသာ ကျန်နေရစ်နေသလို ဖြစ်နေလေပြီး ကွဲအက်ရာကြောင့် ဖြစ်သည့် အန္တရာယ်ကြောင့် အမည်မသိနိုင်သော တစ်ရက်တွင် အလုံးစုံ ကွဲကြေသွားနိုင်သည်။
ယန်ရှစ်ရွှမ်းက မျက်လွှာ အသာချလိုက်ပြီး ရုပ်ထုကို အချိန်အတန် ကြာအောင် စိုက်ကြည့်နေမိသည်။ ထိုနောက် တစ်ဖန်ပြန်လည် ငုံ့ကိုင်းလိုက်ပြီး လက်ကို ပြန်မြှောက်လျက် ရုပ်ထု၏ပတ်ဝန်းကျင်မှ ပင့်ကူ၏အိမ်များကို ပွတ်သပ် ဖယ်ရှားပေးလိုက်ကာ ရုပ်ထုကို ရှင်းရှင်းလင်းလင်း ဖြစ်သွားစေလောက်သည်။
ထိုအချိန်တွင် ရုပ်ထု၏မျက်လုံးဘေးနားရှိ ကွဲအက်ရာကြားမှ အမှုန်များ ကျလာပြီး ယန်ရှစ်ရွှမ်း၏လက်ဖဝါးပေါ် ထိမှန်လာသည်။
မသိရင် နတ်ဘုရားက ငိုနေသလိုပဲ။
ယန်ရှစ်ရွှမ်းက ကြောင်အ သွားရသည်။
“ရုပ်ထုဟောင်းလား”
ယန်ရှစ်ရွှမ်းက လေသံတိုးတိုးနှင့် အရှေ့မှ ရုပ်ထုကို မေးမြန်းသည်။ သူက အဖြေကို မျှော်လင့်ထားသလို ဖြစ်သည်။
“တောင်ဘုရားကျောင်း တစ်ခုလုံးကို ပြင်ဆင်ပြီး ရွှေသင်္ကန်းကပ်ထားနိုင်တဲ့ ရုပ်ထုကြီးကို တည်ဆောက်နိုင်လောက်အောင် ပိုက်ဆံရှိနေတယ်ဆိုရင် ဒီလိုရုပ်ထုအဟောင်းကိုတော့ ဘေးနားမှာ ပစ်မထားသင့်ပါဘူး။ မတရားခံရတာပဲ”
သူက ထိုသို့ပြောပြီး ယန်ရှစ်ရွှမ်းက နတ်ဘုရားကို ဆုတောင်းသလို ဟန်အမူအယာ ပြုလိုက်သည်။ သူသည် သူ၏အခြားလက်တစ်ဖက်ဖြင့် ရုပ်ထု၏အောက်ခြေကို ကိုင်ထားပြီး ဖုန်များတက်နေသော ပလ္လင်ထံမှ တဖြည်းဖြည်းချင်း မတင်လိုက်သည်။ သူက ကျဉ်းမြောင်းပြီး ညစ်ပတ်နေသော နေရာကို ကျော်ဖြတ်သွားပြီးနောက် ထိုသေးငယ်သည့် သစ်သားရုပ်ထုလေးကို မြင့်မားသော ရုပ်ထုကြီးရှိရာ ပလ္လင်ပေါ်သို့ တင်ရန် ကြံစည်သည်။
ချက်ချင်းဆိုသလိုပင် သူက မြင့်မားသော ရုပ်ထုကြီးဘက်သို့ တဖန်ပြန်လည်ဝင်ရောက်လာပြီး သူနှင့်အတူပါလာသည့် လက်ကိုင်ပုဝါကို ထုတ်လျက် ကျဉ်းမြောင်းသော နေရာပေါ်တွင်ရှိသော ဖုန်များကို ခပ်မြန်မြန် ရှင်းလင်းလိုက်သည်။
သို့သော် သန့်ရှင်းရန် အာရုံစိုက်နေသော ယန်ရှစ်ရွှမ်းကမူ မမြင်လောက်ချေ။ သူက လှည့်လိုက်သည့် အခိုက်အတန့်တွင် အဓိကခန်းမတစ်ခုလုံးနှင့် နံရံများပေါ်တွင် ရှိသော ရုပ်ထုများအားလုံးက ကြောက်လန့်ဟန် ဖြစ်သွားသည်။ သူတို့အားလုံးက ပန်းချီကားထဲတွင်ပင်နေရင်း ခြေလှမ်းအများကြီး နောက်ဆုတ်သွားကြသည်။ တစ်ချို့သော ကာရိုက်တာများဆိုလျှင် သူတို့၏ ဘေးဘက်တွင်ရှိသော အဆောက်အဦးများအတွင်းသို့ တိုက်ရိုက် ဝင်ရောက်ကာ ပုန်းအောင်းကြပြီး မထွက်လာရဲကြပေ။
ထိုပန်းချီများပေါ်တွင်ရှိသော တိရိစ္ဆာန်များနှင့် မျက်နှာကျက်ပေါ်မှ တိရိစ္ဆာန်ပုံများက ရုတ်တရက် ဒေါသထွက်ဟန်အမူအယာကို ပြကြသည်။ အချို့ကဆိုလျှင် သူတို့၏ ထက်ရှသော လက်သည်းများကို ထုတ်ပြီး ပန်းချီကားထဲမှ ထွက်လျက် သေးငယ်သော နတ်ဘုရားရုပ်ထု အစုတ်အပျက်လေးကို ဖျက်ဆီး လုယူချင်ဟန် ပေါ်နေလေသည်။
“ယန် ရှစ် ရွှမ်း”
ခန်းမ၏ အပြင်ဘက်မှ သံလိုက်လို ဆွဲဆောင်မှုပြင်းထန်သော အမျိုးသားတစ်ယောက်၏ လေသံတိုးတိုးက ရုတ်တရက် ထွက်လာပြီး ယန်ရှစ်ရွှမ်း၏နာမည်ကို ခေါ်သည်။
ပန်းချီကားထဲရှိ အရာအားလုံးက ချက်ချင်းဆိုသလို ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ယန်ရှစ်ရွှမ်းက တစ်ခဏခန့် ရပ်တန့်သွားရင်း ကျွတ်စ်ကနဲ အသံပေးလိုက်သည်။
54 02
အသံနှင့် ပြတ်တောင်းပြတ်တောင်း ထွက်လာသော စကားအရ မည်သူဖြစ်ကြောင်း တန်းသိလိုက်သည်။ ဒါက သူ့ကို သဘောမကျ ဖြစ်စေသော ဒါရိုက်တာ၏လက်ထောက်ဖြစ်သည်။
ထိုလက်ထောက်က သူ၏နာမည်ကို ထုတ်ရွတ်တိုင်းလိုလို သူ၏အသံထွက်နှင့် စကားလုံးများကို ဖြတ်တောက်ဟန်က အခြားသေသာ သူများနှင့် ခြားနားသည်။ သူသည် ယန်၏ နောက်ဆုံးပိုင်းကို အမြဲတစ်စေ ဖိကိုက်ကာ ပြောပြီး တစ်ခဏခန့် ရပ်တန့်ပြီးမှသာ ရှစ် ရွှမ်းကို ဆက်ခေါ်သည်။ ထိုသို့ရပ်တန့်လိုက်သည်မှာ အကြောင်းပြချက် မရှိ ရည်မှန်းချက် ကြီးလွန်းနေသေးပြန်သည်။ ထို့အပြင် အလွန်ရင်းနှီးလွန်းသလို ဖြစ်နေပြန်၏။ ထို့ကြောင့် သူတို့ဟာ အလွန်အမင်း ဆက်ဆံရေး ကောင်းမွန်သလို ထင်ရလေရာ ယန်ရှစ်ရွှမ်းက နာမည်အပြည့်အစုံ မခေါ်ရသည့် တိုင်အောင် သဘောမကျ ဖြစ်ရသည်။
_ _ _
မသိရင် သူ့ကို ရှစ်ရွှမ်းလို့ လာခေါ်နေသလိုပဲ။
ထိုခံစားချက်က ယန်ရှစ်ရွှမ်းကို ကျောစိမ့်တက်သွားစေပြီး ကြက်သီးပင် ထသွားစေသည်။
သူက ဒါရိုက်တာ၏လက်ထောက်ကို တိုက်ရိုက်မတုန့်ပြန်ပဲ တစ်ဖက်သို့ လှည့်လိုက်ပြီး ပျက်စီးနေသော ထိုရုပ်ထုလေးကိုသာ သန့်ရှင်းသော ပလ္လင်လေးပေါ် တင်လိုက်သည်။ သွယ်လျသော လက်ချောင်းများက သူ့အပေါ်မှ ဖုန်များနှင့် ပင့်ကူအိမ်များကို လျင်မြန်စွာ သုတ်ပေးလိုက်ပြီး ထိုရုပ်ထုလေးကို အနည်းငယ်ပို၍ ရှင်းလင်း သွားစေလိုက်သည်။ ထိုသို့ဖြင့် ရုပ်ထု၏ပုံကို ပိုပြီးရှင်းလင်း သွားစေသည်။
သူက ရုပ်ထုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ယန်ရှစ်ရွှမ်းက တစ်ခဏခန့် တောင့်ခဲသွားသည်။ ရုပ်ထုဟာ လုံလောက်အောင် ညင်သာနေလေသည်။
မျက်ခုံးကို ချထားပြီး နူတ်ခမ်းကလည်း ပြုံးထားသေးသည်။ လုံးဝန်းသော ပုခုံးနှင့် ဟန်အမူအယာများက အလုံးအဝိုင်း ပုံစံမျိုးကို ဖော်ပြနေလေရာ ညင်သာပြီး ချစ်တတ်သည့် နတ်ဘုရားမတစ်ပါး၏ ပုံရိပ်ကို ဖော်ပြသနေလေသည်။
အပြင်ဘက်ခြမ်းတွင် မျက်နှာမူထားသော အရပ်မြင့်မြင့်နှင့် ရွှေသင်္ကန်းကပ်ထားသော ရုပ်ထုကြီးကမူ မျက်မှောင်ကြုတ်ပြီး ခက်ထန်သော မျက်နှာထားမျိုး ဖြစ်နေလေရာ ဒီရုပ်ထု၏ပုံစံနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။
ကြည့်ရတာ ရုပ်ထုရဲ့အဟောင်းနေရာကို အသစ်ထားထားတာ မဟုတ်ဘူးပဲ။ အဲ့ဒီအစား နတ်ဘုရားအသစ်ရောက်လာလို့ အဟောင်းက စွန့်ပစ်ခံလိုက်ရသလိုပဲ။
“ယန်ရှစ်ရွှမ်း အထဲမှာ မဟုတ်ဘူးလား”
ခန်းမ၏အပြင်ဘက်မှ ဒါရိုက်တာ၏လက်ထောက်က ယန်ရှစ်ရွှမ်းက သူ့ကို ပြန်မဖြေကြောင်း ကြားသောအခါ တစ်ဖန်ပြန်လည် ဆက်ခေါ်လိုက်သည်။
“ရှိတယ်”
ယန်ရှစ်ရွှမ်းက မျက်မှောင်ကြုတ်လိုက်ပြီး ရုပ်ထု၏အနောက်ဘက်မှ မျက်မှောင်ကြုတ်ထွက်လာလိုက်သည်။ သူက မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် ခန်းမ၏အပြင်ဘက်တွင် ရှိနေသော အရပ်မြင့်မြင့်နှင့် ပုံရိပ်ကို မြင်လိုက်သည်။ တစ်ဖက်သူသည် ခန်းမထဲသို့ ခြေတစ်လှမ်းပင် မချလာချေ။
ယန်ရှစ်ရွှမ်း၏ပုံရိပ်ကို မြင်မှသာ ထိုလူက မော့ထားသော ခေါင်းကြောင့် မြှောက်တက်သွားသော လျှာထိုးဦးထုပ်မှတဆင့် သူ့အား ကြည့်လာသည်။
ဘေးဘက်ရှိ လူများနေထိုင်ရာ အခန်းထဲမှ ဖျော့တော့သည့် ရယ်သံများက ခန်းမအပြင်ဘက်သို့ပင် ရောက်ရှိလာသည်။ သို့သော် ခန်းမကြီး၏အပြင်ဘက်တွင် ကြီးကြီးမားမား ရှိနေသည့် လေထုအတွင်းတွင်မူ မည်သည့်လေကမှ မတိုက်ခတ်ပဲ ငြိမ်သက်နေသည်။ အရာအားလုံးက တိတ်ဆိတ်နေ၏။ လေတိုက်ခတ်ခွင့်ပင် မရှိဘဲ တားမြစ်ထားသလိုမျိုးပင် ထင်ရသည်။
မသိလျှင် ဒီနေရာတွင် သဘာဝအရံအတား တစ်ခုပင် ရှိနေပြီး အမှောင်ညအတွင်း တိတ်တဆိတ်စွာ တည်ရှိနေသလိုမျိုး ဖြစ်သည်။ ဖျော့တော့သော အလင်းက သူ၏မျက်နှာကို ဝေဝါးနေစေသည်။ ရှင်းလင်းသော မျက်နှာအပြင်ဘက် သွင်ပြင်များက အလင်းရောင်အောက်တွင် ရှင်းလင်းသော မျက်နှာသွင်ပြင်များကို ခပ်ရေးရေးသာ မြင်နိုင်သည်။
“မင်းက ငါနဲ့ ပတ်သက်ပြီး ပြဿနာ ရှိနေလား”
သူက စကား မပြောကြောင်း မြင်သောအခါ ယန်ရှစ်ရွှမ်းက မကျေနပ်စွာ လှမ်းမေးလိုက်သည်။
“အလျင်လိုတာ တစ်ခုခုရှိရင် အဓိကခန်းမထဲကို တိုက်ရိုက် ဝင်လာသင့်တယ်။ အဲဒီအစား သရဲလိုမျိုး ငါ့ရဲ့နာမည်ကို လှမ်းခေါ်မနေသင့်ဘူး”
“မြို့ပြင် ယခုလို ညအမှောင်မှာ နာမည်တပ်ပြီး တစ်ယောက်ယောက်ကို လှမ်းခေါ်လိုက်တာမျိုးဆိုရင် အဲဒီလူက တုန့်ပြန်မယ်လို့ ထင်လား”
အဲ့ဒီလူက အနည်းငယ် ထူးဆန်းသွားပုံရသည်။
“ဘာလို့ မတုန့်ပြန်တာလဲ”
54 03
ယန်ရှစ်ရွှမ်းက ညစ်ပတ်သွားသော လက်ကိုင်ပုဝါကို ဘောလုံးလေးလို လုံးထွေးလိုက်ပြီး လက်ထဲတွင် ကိုင်ထားသည်။ ထို့နောက် ထိုလူရှိရာ ခန်းမဘက်သို့ လျှောက်လာသည်။
“ခင်ဗျားငယ်ငယ်က ခင်ဗျားရဲ့လူကြီးတွေက ပုံပြင်တွေကို မပြောပြဘူးလား။ ဒါမှမဟုတ် ခင်ဗျားက ကိုးနှစ်တာ ပညာရေးကို မသင်ကြားခဲ့ရတာလား။ ဒါကြောင့် ဝံပုလွေတွေက နာမည်ခေါ် အယောင်ဆောင်ပြီး အခွင့်အရေး အရယူလိုပြီး လက်သည်းတွေကို ထုတ်ပြီး ကိုက်စား တတ်တာကို နားမလည်ဘူးပေါ့”
“နောက်ပြီး ခင်ဗျားက ဘယ်သူဆိုတာကို မပြောပဲနဲ့ ငါ့ရဲ့နာမည်ကိုပဲ ခေါ်တယ်။ ငါ့ရဲ့နာမည်ရဲ့နောက်မှ ရပ်နေတဲ့သူက လူလား သရဲလားဆိုတာကို ငါက ဘယ်လိုသိမှာလဲ”
ယန်ရှစ်ရွှမ်းက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ခန်းမထဲမှ ထွက်လာသည်။ ချက်ချင်းဆိုသလိုပင် မိုးရွာသွန်းပြီးနောက် တိုက်ခတ်လာပြီး အေးမြသော လေက မျက်နှာကို ဖြတ်တိုက်လာသည်။ ယန်ရှစ်ရွှမ်းသည် ရုတ်တရက် သူသည် အသက်ရှူရ အများကြီး ကောင်းသွားကြောင်း သိလိုက်သည်။ သူ့၏နားထဲတွင်လည်း ဧည့်သည်များ၏အသံများကို ပြန်ကြားလာရသလို အပူဒဏ်၏ခံစားချက်ကိုလည်း ရလာသည်။
အပြင်ဘက်တွင် မိုးက ပြင်းပြင်းထန်ထန် ရွာသွန်းနေသည်။ သို့သော် ခန်းမအတွင်းကမူ အလွန်အေးစိမ့် လွန်းနေသည်။
ယန်ရှစ်ရွှမ်းက နောက်သို့ တစ်ခဏခန့်လှည့်ပြီး အဓိကခန်းမကို စိတ်ရှုပ်ထွေးစွာနှင့် ပြန်ကြည့်လိုက်သည်။ သူသည် တစ်ဖန်ထပ်ဝင်ပြီး ခြားနားမှုကို ခံစားချင်နေသေးသည်။
“ကိုးရက်တာ ပညာသင်ကြားရေး ဟုတ်လား”
အမျိုးသား၏ အသံထဲတွင် ရှားရှားပါးပါး သံသယက ပေါ်ထွက်လာသည်။
“အဲ့တာက ဘာလဲ။ နောက်ပြီး မင်းပြောတဲ့ အဲ့ဒီဝံပုလွေ အယောင်ဆောင်တာတွေကို ငါ ဘာလို့ မသိတာလဲ”
ယန်ရှစ်ရွှမ်း “…..”
သူသည်ပင် နောက်ပြန်လှည့်ပြီး ခန်းမအတွင်းသို့ ဝင်မည့်ကိစ္စကို မေ့သွားလောက်အောင် အရှေ့မှ လူကို ဆွံ့အစွာ ကြည့်လိုက်သည်။ ကြည့်ရသည်မှာ ထိုအမျိုးသားက ရည်ရွယ်ချက်ရှိရှိပင် စနှောက်နေခြင်း မဟုတ်ပဲ သူ၏အဖြေကို အမှန်တကယ် စောင့်နေပုံပေါ်သည်။
သို့သော်_ _ _ ဒါပေမယ့် ကိုးနှစ်တာ ပညာသင်ကြားရေးကိုတောင် မသိဘူးလား။
“ခင်ဗျား ကျောင်းမသွားဖူးဘူးလား။ ပညာမတတ်ဘူးလား။ ခင်ဗျားကြည့်ရတာ စာမဖတ်နိုင်တဲ့ပုံစံလည်း မပေါ်ပါဘူး။ မူလတန်းကျောင်းတောင် မသွားဖူးဘူးလား။ ဒါမှမဟုတ် တောင်တန်းနယ်မြေမှာပဲ ဆက်တိုက်နေနေခဲ့လို့လား”
ယန်ရှစ်ရွှမ်းက ထိုလူကို အပေါ်အောက် သေချာစွာ ကြည့်ပြီး အကြမ်းဖျင်း ခန့်မှန်းကြည့်သည်။ သူ၏မျက်နှာအမူအယာက ပို၍ပင် စိတ်ရှုပ်ထွေးလာပုံ ရသည်။
သူ့ရဲ့ကြွက်သားတွေအရ မစားမသောက်ထားတဲ့ ပုံစံလဲ မဟုတ်ပါဘူး။ ဘယ်လိုကြောင့်များ ကျောင်းမသွားဖူးတာလဲ။
ယန်ရှစ်ရွှမ်းက ရုတ်တရက် သူ၏ငယ်ဘဝကို သတိရသွားသည်။
ဆရာဖြစ်သူက ခေါ်ယူမွေးစားပြီးနောက် ဆရာသည် သူ့အား လောကအနှံ့ လှည်လည်သွားလာစေခဲ့သည်။ သို့သော် သူနှင့်တွေ့သော အရာရှိများက ကလေးက ငယ်နေသေးသောကြောင့် ကျောင်းတက်ပြီး ကိုးနှစ်တာ ပညာသင်ကြားရေးကို လက်ခံသင့်ကြောင်းကို ခဏခဏ ဖြောင်းဖြမှုကို ခံရသည်။ နောင်တရပြီး ကျောင်းပို့ခဲ့ခြင်း ဖြစ်သည်။
သူက ကျောင်းတွင်ရှိနေခဲ့သည့်တိုင်အောင် ဆရာဟာ မကြာခဏ ခွင့်ယူခိုင်းရင်း ကျောင်းမှ ခေါ်ထုတ်လျက် တစ္ဆေသရဲများကို အတူဖမ်းပြီး အတူအပနှင်ကြသည်။
ထိုကဲ့သို ငယ်စဉ်ကတည်းက အိမ်ခြေယာမဲ့ဖြစ်သောသူကပင် ကျောင်းသွားရသေးလျှင်
ဒါရိုက်တာရဲ့လက်ထောက်က ဘယ်လိုလဲ။ မူလကျောင်းဟုတ်လား။ ထိုရွှယ်နဲ့ တူတာမျိုးလား။
ထိုလူက စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်ပြီး နောက်ဆုံးတွင် နားလည်သွားပုံ ပေါ်သည်။
“ငါ စာရေးတတ်တယ်။ စာဖတ်တတ်ပါတယ်။ ဒါပေမယ့် ငါက အစောပိုင်းနှစ်တွေမှာ ကျောင်းသွား ခဲ့တာဆိုတော့ အခုကာလနဲ့ ခြားနားသွားပြီ”
ယန်ရှစ်ရွှမ်း “ကိစ္စမရှိဘူး။ ခင်ဗျား ကျောင်းမသွားရရင်လဲ ငါ ဘာမှ မဖြစ်ဘူး။ ဒီအတိုင်း ပုန်းပြီးလှမ်းမခေါ်ဖို့ပဲ လိုတာ”
ဒီလိုရုပ်ရည်နဲ့လူက အသက်နှစ်ဆယ်ကျော် အစောပိုင်းလို့ပဲ ထင်ရတာပါ။
ကျောင်းကို စောသွားတယ် ဟုတ်လား။ ဘယ်လောက် စောနိုင်မှာ မို့လို့လဲ။
ပေါ်လစီတွေက တူတူပဲလေ။
54 04
သို့ရာတွင် ထိုအမျိုးသားအားဖြင့် စိတ်ပိုင်းဆိုင်ရာအားဖြင့် ခံစားသွားနိုင့်သည့် ခံစားချက်ကို ဂရုစိုက်ခြင်းအားဖြင့် ယန်ရှစ်ရွှမ်းက ထိုအကြောင်းအရာများကို ဆက်မပြောတော့ချေ။ ထို့အစား အကြောင်းအရာများကို ပြောင်းလိုက်သည်။
“ခင်ဗျား ဘာလို့ ငါ့ဆီလာတာလဲ”
အမျိုးသား ...ငါ အမြဲတမ်း နားလည်မှု လွဲနေသလိုပဲ။ ဒါပေမယ့် ဒီမေးခွန်းက ဖြေဖို့မလွယ်ဘူး။ သူကသာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်လောက်က စာဖတ်ခဲ့တာဆိုရင် ဒီသရဲနှင်တဲ့သူလေးကို ကြောက်သွားမိစေမယ်ထင်တယ်။
“သူတို့က အဲ့ဒီမှာ စားစရာတွေ ပြင်ဆင်ထားပြီး ညစာလုပ်ဖို့ ပြင်ဆင်နေကြတယ်။ မင်းက အဲ့ဒီမှာ မရှိတော့ ငါက ထွက်လာပြီးရှာတာလေ”
ထိုလူက နားလည်မှုအပြည့်နှင့် ယခင်အကြောင်းအရာကို ရှောင်ရှားပေးသည်။
“မင်းလည်း တစ်ညလုံး ဘာမှမစားရသေးဘူးဆိုတော့ စားစရာလိုတယ်”
ယန်ရှစ်ရွှမ်းက ထိုလူကို ဘေးတစ်စောင်း လှည့်ကြည့်သည်။
“ငါ ခင်ဗျားကို အရင်ကတည်းက မေးချင်နေခဲ့တာ။ ဘာလို့ သက်ရှိလူသား သက်ရှိလူသားဆိုပြီး ခေါ်ခေါ်နေတာလဲ။ ခင်ဗျားက သေပြီးနေလို့လား”
ထိုလူက တစ်ခဏခန့် ရပ်တန့်သွားပြီးနောက် တည်ငြိမ်စွာ ဖြေသည်။
“ငါ နေထိုင်တဲ့နေရာက အသုံးအနူန်းက အဲ့ဒီအတိုင်းပဲ။
မင်း ကျင့်သား မရဘူးဆိုလည်း ငါ မင်းတို့ အသုံးအနူန်းအတိုင်း ပြန်ပြောင်းခေါ်လို့ရတယ်”
“ငါက စီရင်စုတွေ အများကြီးကို ကျော်ဖြတ် သွားခဲ့ဖူးတယ်။ ဒါပေမယ့် ပထမဦးဆုံးအကြိမ်အဖြစ် ရှန်းရန်လို့ခေါ်တဲ့ ပြည်တယ်ဘာသာစကားမျိုးကို ကြားဖူးတာပဲ။ ခင်ဗျားရဲ့မွေးရပ်မြေက ဘယ်မှာလဲ”
ဘယ်စီရင်စုက ကိုးနှစ်တာ ပညာသင်ကြားရေး မရှိတာလဲ။
“ငါ့ရဲ့ မွေးရပ်မြေက တအားကို သေးငယ်တဲ့ နေရာလေးတစ်ခုပေါ့။ မင်း မသိလောက်ဘူး”
.....
ယန်ရှစ်ရွှမ်း မည်သို့ မေးနေစေကာမူ ထိုလူက အမြဲတစေ တည်ငြိမ်စွာ ရှာနေတတ်သည်။
ယန်ရှစ်ရွမ်းသည်လည်း ထိုလူဟာ တစ်ခုခုကို ဖုံးကွယ်ထားကြောင်း သိနေသည့်တိုင်အောင် သက်သေမပြနိုင်လေရာ သတိအပြည့်နှင့်သာ စောင့်ကြည့်နေရပေမည်။
ဒီနည်းအားဖြင့် သူ၏ မျက်နှာအမူအရာ မှတဆင့် သဲလွန်စကို ရှာရန် ကြိုးစားမိသည်။
သူတို့နှစ်ယောက်က အလွန်ဝေးကွာသည့် နေရာအထိ လျှောက်သွားပြီးနောက် ခန်းမအတွင်းရှိ တောင့်ခဲလုနီးပါး ဖြစ်နေသော လေထုအခြေအနေက ပြန်လည် စီးဆင်းသွားသည်။
နံရံဆေးရေးပန်းချီများတွင် ရာပေါင်းများစွာသော မျက်လုံးများစွာက ထွက်သွားသော ယန်ရှစ်ရွှမ်း၏ပုံရိပ်ကို တိတ်တဆိတ် ကြည့်နေကြသည်။
_ _ _
“မင်းမှာ ယန်ရှစ်ရွှမ်းရဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ရှိလား”
ဟိုင်ရန်ဂူဘုရားကျောင်းမှ ဘုန်းတော်ကြီးမာက တာအိုဘုန်းတော်ကြီးစုန့်နှင့် အခြားသော သူများထံ လာရောက် လည်ပတ်ခြင်းကိုပင် ဂရုမစိုက်နိုင်ချေ။ သူက တခါးခေါက်ပြီး အတင်းဝင်သွားလိုက်သည်။ သူက တာအိုဘုန်းတော်ကြီးစုန့်၏ ဝတ်ရုံကို အတင်းဆွဲကာ မေးမြန်းလိုက်၏။
“မင်း ကွေ့တောင်ကို သွားတဲ့အချိန်က ယန်ရှစ်ရွှမ်းက ကွေ့တောင်ကို သွားဖို့အတွက် အချက်အလက်တွေ မပေးထားဘူးလား။ ဆိုရှယ်မီဒီယာ အကောင့်ပဲ ဖြစ်ဖြစ်၊ ပါဆင်နယ် အကောင့်ပဲ ဖြစ်ဖြစ်၊ ဖုန်းနံပါတ်ပဲ ဖြစ်ဖြစ် ဘာမဆို အဆင်ပြေတယ်”
တာအိုဘုန်းတော်ကြီး စုန့်ယိက သူ၏အပေါင်းအဖော်ဟာ စိတ်မရှည် ဖြစ်လွန်းနေကြောင်း မြင်သောအခါ မမြင်နိုင်ဘဲ ပဟေဠိဖြစ်လွန်းနေသည်။
“မင်း ဘာလို့ ဂျူနီယာညီလေးယန်ကို ရှာနေတာလဲ။ သူက တစ်ခု ရိုက်ကူးနေတာလေ။ မင်း တစ်ခုခု လုပ်ချင်တယ်ဆိုရင်လည်း သူ ရိုက်ကူပြီးတော့မှ ရှာပေါ့။ ဘာလို့ အလျင်လိုနေတာလဲ”
ထိုပြန်ပြောစကားကို ကြားသောအခါ တာအိုဘုန်းတော်ကြီးမာက နှာခေါင်းရှုံ့ရင် မေးသည်။
“အဲ့ဒီကံဆိုးလွန်းတဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ပရိုဂရမ်က ဘယ်သွားပြန်လဲဆိုတာကို သိလား”
54 05
“?”
“ဝံပုလွေရိုင်းတောင်လေ”
တာအိုဘုန်းတော်ကြီးမာက တည်ငြိမ်စွာ ထပ်ဖြည့်ပြောသည်။
“ဒီညဝံပုလွေရိုင်းတောင်နားမှာ မိုးစရွာနေပြီ။ အခြားစကားနဲ့ ပြောရရင် သူတို့က မိုးသည်းထန်နေတဲ့ညမှာ ဝံပုလွေရိုင်းတောင်ထိပ်ကို သွားကြတာပဲ”
တာအိုဘုန်းတော်ကြီးစုန့် “!!!”
ဒီတစ်ကြိမ်တွင် တာအိုဘုန်းတော်ကြီးစုန့်၏ မသက်မသာ ဖြစ်ရမည့် အလှည့်ဖြစ်သည်။
သူက ကုလားထိုင်မှ ချက်ချင်းလိုလို ခုန်ထလိုက်ပြီး ဧည့်သည်များ၏အရှေ့တွင် တည်ငြိမ်နက်နဲစွာနှင့် နေနေခဲ့သည့် တာအိုဘုန်းတော်ကြီး၏ ပုံရိပ်ကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ်အောင် ဖျက်ဆီးလိုက်သည်။ ထို့နောက် သူက ဘာကိုမှ ဂရုမစိုက်နိုင်တော့ပဲ အပြေးအလွှားပြေးလျက် ဆရာဖြစ်သူ၏ အခန်းထဲသို့ အပြေးသွားသည်။
ဧည့်သည်များ “…?”
အခြားသောသူများကမူ ယန်ရှစ်ရွှမ်း၏နောက်ခံကို မသိသော်လည်း တာအိုဘုန်းတော်ကြီးစုန့်ကမူ သိလေသည်။
******