Ch 53
Viewers 6k

53 01

အပိုင်း(၅၃)

 

ရသစုံရှိုးစတားက သူ၏စိတ်ထဲတွင် ခပ်တိုးတိုး ရေရွတ်နေသည်။

 

ထိုလူကမူ ထူးမခြားနားသလို အကြည့်လွှဲသွားရင်း အေးစက်စွာ ပြောသွားသည်။

 

“ငါ့မှာလည်း အိပ်တဲ့အခါ အကျင့်ဆိုးရှိတယ်”

 

“ငါကလည်း အိပ်မက်ထဲမှာ လူသတ်ရတာကို ကြိုက်တယ်”

 

ထိုစကားများထွက်လာပြီးပြီးချင်း လေထု၏အပူအချိန်က ရုတ်တရက် ၂ဒီဂရီခန့် ထိုးကျသွားသည်။ လူတိုင်းက သတိလက်လွတ် တုန်ယင်သွားကြလေသည်။

 

လူတိုင်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော ကြည့်ရှုသူများကပင် လေအေးများ ရှူရှိုက်လိုက်ကြသည်။ ရုတ်တရက် အေးစက်သောလေက ဖန်သားပြင်ထံမှတဆင့် ထိုးထွက်ကာ သူတို့အား ဖြတ်တိုက်သွားသလို သူတို့၏အပေါ်နှင့် အောက်သွားကိုပင် တုန်ယင်သွားစေလေသည်။

 

[ဒီကောင် ဘာဖြစ်နေတာလဲ။ သူ နောက်နေတဲ့ပုံစံနဲ့လည်း မတူပါဘူး။ သူတစ်ကယ်ပြောနေသလိုပဲ]

 

[သောက်ကျိုးနည်း ဒါက ဒါရိုက်တာရဲ့လက်ထောက် မဟုတ်ဘူးလား။ သူရဲ့အရှိန်အဝါက ဘာလို့ ဒီလောက်အထိ ပြင်းထန်လွန်းနေတာလဲ။ ငါများ မှတ်မိတာများ မှားနေတာလား။ ဒါမှမဟုတ် ဒါရိုက်တာရဲ့လက်ထောက် ဖြစ်ဖို့အတွက် ထူးခြားတဲ့သူကို ရွေးချယ်ထားတာ များလား]

 

[ငါကတော့ ပရိုဂရမ်အသင်းက ပိုက်ဆံအများကြီးသုံးပြီး သက်တော်စောင့် ငှားထားတယ်လို့ ထင်တာပဲ။ သူ အခုလက်ဆန့်လိုက်တဲ့အချိန်မှာ ထွက်သွားတဲ့ ကြွက်သားလိုင်းတွေကို မြင်လိုက်လား။ လက်သီးတစ်ချက်တည်းနဲ့ ငါ့ကို သတ်နိုင်တယ်လို့ ထင်တယ်။ သူက ယန်ကောလိုမျိုးပဲ အင်အားပြည့်လိုက်တာ]

 

[ဒီအရှိန်အဝါက ငါတို့ကုမ္ပဏီက ရာထူးအမြင့်ဆုံးလူထက်တောင် ပိုပြီး လွှမ်းမိုးနိုင်စွမ်း ပြင်းထန်နေသေးတယ်။ ဒါကတကယ်ပဲ ဒါရိုက်တာ လက်ထောက်ဟုတ်ရဲ့လား]

 

_ _ _

 

လူတိုင်းက အမျိုးမျိုး တွေးတောရင်း စဉ်းစားကာ အလုပ်ရှုပ်နေကြချိန်တွင် ယန်ရှစ်ရွှမ်းကမူ ပေါ့ပါးသောခြေလှမ်းများနှင့်အတူ ဘုရားကျောင်းရှိရာ နယ်မြေများထံ လျှင်မြန်စွာ သွားရောက်နေပြီဖြစ်သည်။ သူ၏ပိန်ပါးပြီး လျှင်မြန်သော ခန္ဓာကိုယ်က တောင်ဘုရားကျောင်း၏ အဓိကခန်းမအတွင်း ချောမွေ့စွာ ချဉ်းကပ်သွားစေသည်။

 

အဓိကခန်းမကြီး၏ဘေးတွင် အခန်းကျဉ်းကျဉ်းလေး ရှိသည်။ သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးက ရွာသားနှစ်ယောက်နှင့်အတူ ဝိုင်းဖွဲ့ကာ ထိုင်နေကြသည်။ ထိုရွာသားနှစ်ယောက်က သူတို့၏ အခန်းအား ဧည့်သည်များကို ပေးထားကာစ ဖြစ်သည်။ ထို့ကြောင့် သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီး၏ အခန်းထံပြေးပြီး တစ်ညတည်းရန် ဆုံးဖြတ်ထားရလေသည်။

 

သူတို့သုံးယောက်က ရယ်မောကာ တစ်စုံတစ်ရာအကြောင်း ပျော်ပျော်ရွှင်ရွှင် ပြောနေကြသည်။ သူတို့သည် ဆက်ဆံရေး ကောင်းမွန်ကြပုံရသည်။ ထိုရွာသားနှစ်ယောက်က ဝိုင်ကိုလည်း ထုတ်ပြီး ပျင်းရိသော ညကို အရက်နှင့် အဖော်ပြုနေလေသည်။

 

ထိုအဆောင်ထဲရှိ အလင်းရောင်က မိုးလိုက်ကာကို ကျော်ပြီး ခြံဝန်းထဲသို့ ဝင်ရောက်လာကာ ပိုပြီး ဝေဝါးလာစေသည်။ အလင်းကြောင့် ဖြစ်ပေါ်လာသော သူတို့၏အရိပ်ကပင် သူတို့၏လူသားပုံသဏ္ဍာန်ကို ပျောက်စေသည်။

 

 ယန်ရှစ်ရွှမ်း၏ နံရံကို စောင့်ကြည့်လေ့လာနေသော မျက်ဝန်းက သူတို့ကို ကျော်ဖြတ်သွားသည်။

 

သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးက ရုတ်တရက် ပြေးလာခြင်းမရှိကြောင်း သိမှသာ ခန်းမအတွင်းသို့ ဝင်ရောက်ကာ လုံခြုံစွာနှင့် ပျောက်ကွယ်သွားလေသည်။

 

အဓိခန်းမအတွင်းတွင် နေရာတိုင်းတွင် ရောင်စုံအရောင်များဖြင့်သာ အလှဆင်ထားပြီး အလွန်အမင်း စည်ကားသလို ထင်ရသည်။ ထိုဂူဘုရားကျောင်းက ဘုရားကျောင်းပွဲတော် ကျင်းပခြင်း သို့မဟုတ် တောင်ဂူဘုရားကျောင်း၏ ဆုတောင်းဝတ်ပြုမှုက အဆုံးသတ်သွားသလို ထင်ရသည်။

 

သို့ရာတွင် မှေးမိန်ပြီး ဖျော့တော့သော‌ အလင်းရောင်အောက်တွင် ထိုအနီရောင်များက ထူးဆန်းနေပြန်သည်။

 

နံရံအနှံ့ ပြည့်နှက်နေသော ဆေးရေးပန်းချီများနှင့် ပုံရိပ်များက ခန်းမထဲမှ တစ်ဦးတည်းသော သက်ရှိလူသားကို အဖက်ဖက်မှ ဝိုင်းကာ အာရုံစိုက်‌နေကြသလို ဖြစ်နေသည်။

 

သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီး၏ ပြောစကားက မှန်လောက်သည်။ တောင်ဘုရားကျောင်းက အမွှေးနံ့သာတိုင်များ၊ ကိုးကွယ်ပူဆာမှုများ အပြည့်ဖြစ်သည်။ ယန်ရှစ်ရွှမ်း ရောက်ခဲ့ဖူးသော တောင်ဂူဘုရားကျောင်းများထက် ကျယ်နေသေးပြီး ရန်ပုံငွေကောင်းပုံရသည်။

 

ယန်ရှစ်ရွှမ်းက အဓိကခန်းမထဲသို့ ဝင်လိုက်သောအခါ ပြင်းထန်သည့် အမွှေးနံ့သာတိုင်၏ ရနံ့ကို ရရှိသည်။ အရှေ့ဘက်ရှိ ရုပ်ထုတွင်  အမွှေးနံ့သာ ထွန်းညှိရာတိုင်အတွင်း ပြာများက ပြည့်နှက်နေသည်မှာ တစ်နေ့တာအတွင်း စည်ကားမှုကို ဖော်ပြထားသလို ဖြစ်နေသည်။

 

ဘုရားကျောင်း တောက်ပသော ရောင်စုံပိုးသား ဖဲပြားများက မပျောက်ကွယ်သေးပဲ သိပ်မကြာခင်က ဘုရားပွဲကျင်းပပုံအား ပြသနေလေသည်။

 

ဧည်သည့်များက ခြံဝန်းအတွင်းရှိ အခန်းများတွင် အသီးသီးနေထိုင်နေကြပြီဖြစ်သည်။

 

သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးနှင့် ရွာသားနှစ်ယောက်ကလည်း သူတို့၏ တဲအိမ်တွင် စိတ်အားထက်သန်စွာ စကား ပြောနေကြ၏။ မိုးလိုက်ကာက အပြင်ဘက်မှ အသံတိုင်းကို ပိတ်ဆို့ထားလေပြီး အလင်းရောင်ကိုပင် ဝေဝါးသွားစေသည်။

53 02

အဓိကခန်းမထဲတွင် ယန်ရှစ်ရွှမ်း၏ ပေါ့ပါးသော အသက်ရှူသံကသာ လေထုအနှံ့ ပြန့်ကျဲနေလေသည်။

 

အပြင်ဘက်မှ ဝင်ရောက်လာသည့် ဖျော့တော့သော အလင်းရောင်အောက်တွင် သူက ခေါင်းကိုမော့ပြီး အဓိကခန်းမကို ဂရုတစိုက် လေ့လာစေသည်။ သူ၏ခြေလှမ်းများက ပေါ့ပါးနေလေရာ တိုင်းတာ၍ မရလေအောင် ဖြစ်စေသည်။

 

ရုတ်တရက် လေးလံလွန်းသော မိုးက ပရိုဂရမ်အသင်းက၏  အချိန်ဇယားကို တားဆီးလိုက်ပြီး  သူတို့သည့် ယခုလိုမျိုး မရင်းနှီးသော တစ်နေရာတွင် ညအိပ်နေရရန် ဖြစ်လာသည်။ ယန်ရှစ်ရွှမ်းသည် ယခင်ထက်ပို၍ပင် သတိကပ်မိသေးသည်။ သူသည် ရွာသားများနှင့် တွေ့ဆုံကတည်းက ထိုလူများကို အမြဲတစေ စောင့်ကြည့်နေခြင်းဖြစ်သည်။

 

ပို၍ဆိုးသည်မှာ မည်သူကမှ သတိမထားမိခင် ယန်ရှစ်ရွှမ်းက တောင်နတ်ဘုရားများအား သာမာန်လူများ ထူးဆန်းသော နေရာသို့ လာရောက်သည့် အချိန်တွင် မြင့်မြတ်သူများထံမှ ကာကွယ်စောက်ရှောက်မှုကို အကူအညီ တောင်းခံသလိုမျိုး တောင်းဆိုထားသေးသည်။

 

သူသည်လည်း သည်းထန်စွာ ရွာသွန်းနေသော မိုးကို ရပ်တန့်ပေးအောင် တောင်နတ်ဘုရားကို တောင်းဆိုချင်သည်။

 

ကျန်းဝူပင်းက သူ၏အရှေ့တွင် မရှိနေသော အချက်က သူ့အား တစ်စုံတစ်ရာဟာ မူမမှန်ကြောင်း ခံစားမိစေသည်။ သူသည်လည်း မိုးရပ်သည်အထိ စောင့်ပြီး ကားနှစ်စီးကိုချက်ချင်း ပြန်ပူးပေါင်းစေလိုသည်။

 

သို့ရာတွင် တောင်နတ်ဘုရားက ယန်ရှစ်ရွှမ်းကို တုန့်ပြန်မှု မပေးလာချေ။

 

တောင်နဲ့ မြစ်ပြင်တွေကို ကြည့်ရုံနဲ့တင် တောင်နတ်ဘုရားတွေက နေရာတိုင်းမှာ ရှိတယ်လို့ ထင်ရစေတယ်။

 

အမျိုးမျိုးသော နေရာများတွင် တောင်နတ်ဘုရားသည်  နယ်မြေခံနတ်ဘုရားများထက်ပင် ထိုနယ်မြေခံများအတွက်  အလွန်အရေးပါလေသည်။ လက်လှမ်းမမှီနိုင်သော နတ်ဘုံမျိုးနှင့် မိသားစုများနှင့် ယှဉ်သော တောင်နတ်ဘုရားက တောင်တန်း၊ တောအုပ်၊ မြစ်ပြင်၊ နွံအိုင်များတွင် မွေးဖွားလာခဲ့ပြီး ထိုနေရာများကို ကာကွယ်ပေးလျက် ထိုနယ်မြေများကို မြေဩဇာကောင်းမွန်အောင်၊ ရာသီဥတုကောင်းအောင်၊ မိစ္ဆာနတ်ဆိုးများ မကျူးကျော်နိုင်အောင် ကာကွယ်ပေးခြင်း ဖြစ်သည်။

 

အလားတူပင် နယ်မြေခံများက တောင်နတ်ဘုရားကို ယုံကြည်ကြပြီး ကိုးကွယ်ပူဇော်လျက် တောင်နတ်ဘုရား၏ မွေးဖွဦးမှုကို အောင်ပွဲခံ ဂုဏ်ပြုပေးကြသည်။ တောင်တန်းထဲတွင် တောင်ဂူဘုရားကျောင်းများကို တည်ဆောက်ခြင်း၊ သို့မဟုတ် ရွာထဲရှိ ကြီးမားသော သစ်ပင်ကြီးကို တောင်နတ်ဘုရားအပိုင်အဖြစ် သတ်မှတ်ပူဇော်ပေးခြင်းတို့ ပြုလုပ်ပေးပြီး အနီရောင်ဆေးများ ခြယ်ခြင်း၊ အနီရောင်ဖဲကြိုးများဖြင့် ဆုတောင်းမှု ပြုကြလေသည်။ ဒီနည်းအားဖြင့် တောင်နတ်ဘုရားအား ကျေးဇူးတင်စိတ်ကို ဖော်ပြကြလေ့ရှိသည်။

 

နေရာပေါင်းများစွာတွင် အလားတူလုပ်ကြသည်။ ယခုအချိန်အထိလည်း လုပ်ကြ၏။

 

နေရာအများစုတွင်မူ တိုးတက်ပြောင်းလဲမှုများကြောင့် သို့မဟုတ် ယုံကြည်မှုသက်ဝင်သူများ ရှိနေသော်လည်း တောင်ဘုရား‌များက ပျောက်ကွယ်သွားခဲ့ကြသည်။

 

သို့သော် သူက ဒီနေရာသို့ ခြေချလိုက်ကတည်းက ယန်ရှစ်ရွှမ်းသည် ဒီနေရာရှိ တောင်နတ်ဘုရား၏ ပြင်းထန်လွန်းသော အခြေအနေကို ရှင်းရှင်းလင်း ခံစားမိခဲ့သည်။ ဒီနေရာတွင် တောင်နတ်ဘုရားကို ကိုးကွယ်ဆည်းကပ်ပူဇော်သောလူများ ပြည့်နက်နေသလိုမျိုး တောင်နတ်ဘုရားက နတ်စွမ်းအား အထွတ်အထိပ်တွင် ရောက်ရှိနေခဲ့ပြီး ကောင်းကင်နှင့် မြေပြင်မှ နတ်ဘုရားများကို မှီခိုကာ နေထိုင်နေသလိုဖြစ်နေသည်။

 

သို့သော် ထိုကဲ့သို့ တောင်နတ်ဘုရားက ယန်ရှစ်ရွှမ်း လာရောက်လည်ပတ်ပြီး တောင်းဆိုမှု လုပ်သောအခါ မတုန့်ပြန်ပဲ မနေသင့်ပေ။

 

မသိရင် သူမရှိသလိုပဲ။

 

ထိုအနှစ်ချုပ်က ယန်ရှစ်ရွှမ်း၏ ယခင်သံသယကို ပို၍ စတင်စေခဲ့သည်။ သူက ဒီနေရာရှိ တောင်နတ်ဘုရားဟာ ထွက်သွားခဲ့ပြီး ကျန်းရှန်းပုံသဏ္ဍာန်ကိုသာ ချန်ထားရစ်ခဲ့သောကြောင့် ဒီနေရာကို တောင်နတ်ဘုရားရှိနေသည်ဟု သူ့ကိုထင်ယောင်ထင်မှား ဖြစ်စွာ ခံစားမိစေသည်လောဟု တွေးမိသွားစေသည်။

 

သို့သော် တောင်ဂူဘုရား၏ တည်ရှိမှုက ယန်ရှစ်ရွှမ်း၏ သံသယကို ဖျက်ဆီးပစ်ခဲ့သည်။

 

တောင်ဘုရား‌ကျောင်း၏ ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားမှုတွင် ဖြစ်စေ၊ ခန်းမ၏ ပြင်ဆင်ထားမှုပင်ဖြစ်စေ သက်လတ်ပိုင်းအရွယ် ဘုန်းတော်ကြီးကဘုရားကျောင်းကို စီမံခန့်ခွဲနေခြင်းဖြစ်စေ၊ ရွာများက တောင်များကို အလေးထားမှုပင် ဖြစ်စေ၊ ရွာသားများ ပြောသလိုမျိုး စည်းကားသော ဘုရားပွဲများပင် ဖြစ်စေ အရာအားလုံးက ဒီဘုရားကျောင်းက စည်ကားသော နယ်မြေဖြစ်ကြောင်း ဖော်ပြနေသေးသည်။

 

ဒါကြောင့် နတ်ဘုရားက ဒီမှာနေနေသေးတယ်ဆိုတဲ့ သက်သေရှိနေသေးသလိုပဲ။

 

ဒါဆိုရင်ဘာကြောင့် သူ့ကို ပြန်မဖြေတာလဲ။ ဒါက သူ့ရဲ့ကာရိုက်တာနဲ့ သက်ဆိုင်မလား။

53 03

ဒါမှမဟုတ် ဒီနေရာမှာရှိတဲ့ တောင်နတ်ဘုရားက တော်တော်လေးကို ခံစားချက် ပြင်းထန်တဲ့ ကာရိုက်တာမျိုးမို့ အပြင်လူတွေကို စိတ်အားထက်သန်မှုအပြည့်နဲ့ မကြိုဆိုတတ်တာလား။

 

ယန်ရှစ်ရွှမ်းက မျက်မှောင်ကြုတ်လိုက်သည်။ သူ၏အတွေးထဲရှိ ပက်ဇယ်တွင် လိုအပ်နေသော အပိုင်းအစပေါင်းများစွာ ရှိနေကြောင်း သိလိုက်သည်။ ထို့ကြောင့် သူအနေဖြင့် အရာအားလုံးကို ပုံပေါ်အောင် မဖြည့်နိုင်ပဲ ဖြစ်နေသည်။

 

တောင်ဂူဘုရားကျောင်းများသည် ရွာများက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ရွာများကပင် ကောင်းကောင်း ထိန်းသိမ်းစောက်ရှောက်ထားတတ်သည်။ ထို့အပြင် သူတို့၏ ဂုဏ်သတင်းကလည်း မိုင်အနည်းငယ်အတွင်း အကန့်အသတ်ရှိလေသည်။ ထို့ကြောင့် တာအိုဘုရားကျောင်းများနှင့်ယှဉ်သော တောင်ဘုရားကျောင်းများ၏ အထင်ကရ ပြရုပ်နှင့်  အထင်ကရ ပြန်လည် မွမ်းမံပြင်ဆင်မှုများအားလုံးကို စီမံခန့်ခွဲမှုက ထင်သလောက် မကောင်းချေ။ ထို့အပြင် မွန်းမံပြင်ဆင်မှုများကလည်း အဆင့်အတန်း မြင့်မားခြင်း မရှိချေ။ သို့သော် ဒီနေရာမှ လေထုအခြေအနေကမူ ဒီနေရာရှိ နယ်မြေခံများ ဓလေ့ထုံးထမ်း ယူဆမှုများနှင့် ရွာသားများ၏ နွေးထွေးသော အနုပညာလုပ်ရန် ခံစားချက်များကို နားလည်စေသည်။

 

ယန်ရှစ်ရွှမ်း ယခုမြင်ရသည်မှာ လှလှပပ ပြင်ဆင်ထားသည့် ခန်းမကြီးဖြစ်သည်။ နံရံမျက်နှာကျက်များကလည်း အမျိုးမျိုးသော ရွာသားများ၏ နေ့စဉ်ဘဝပုံစံတွင် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း တည်ရှိနေကြသည့် ပုံရိပ်များဖြစ်သည်။  လူတိုင်းက အမျိုးမျိုးသော ပုံသဏ္ဍာန် တည်ရှိနေကြသည့်တိုင်အောင် သူတို့တွင် ခြားနားသော မျက်နှာ၊ ခြားနားသော အဝတ်အစားများ ရှိနေကြပြီး တစ်ယောက်ချင်းစီတိုင်းတွင် ကိုယ်ပိုင်ကာရိုက်တာ ရှိနေကြသလိုမျိုး ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့သည် မတူညီသော လူများဖြစ်ကြောင်း သိနိုင်မည်ဖြစ်သည်။ သူတို့သည် နောက်စက္ကန့်တွင် နံရံပေါ်မှ ခုန်ဆင်းလာတော့မည်ဟု ထင်ရလောက်အောင် အသက်ဝင်လွန်းလှပြန်သည်။

 

ထိုကာရိုက်တာများအပြင် ထိုနံရံဆေးရေးပန်းချီများ အတွင်းတွင်လည်း အိမ်များ၊ ကြက်များ၊ ခွေးများ၊ အခြားသက်ရှိများ ပါဝင်နေသေးသည်။ ထို့အပြင် ခေါင်မိုးထဲမှ ထွက်နေသော မီးခိုးများ ထို့အပြင် အနောက်ဘက်မှ တောင်တန်းနှင့် တောအုပ်များကိုပင် အသေးစိပ်ကျကျ ရေးဆွဲထားသေးသည်။

 

 

 

အသေးစိပ်ကျပြီး တူညီမှုက ဒီနေရာမှရှိသော ရွာ၏စည်ပင်ဝပြောမှုနှင့် တောင်နတ်ဘုရား၏ကောင်းမွန်စွာ စောက်ရှောက်ကာကွယ်မှုကို စောက်ရှောက်ကာကွယ်ရာ ရောက်နေသည်။  သူ၏ထူးချွန်သော မြင်နိုင်စွမ်းအားကြောင့် ယန်ရှစ်ရွှမ်းသည် မျက်နှာကျက်ပေါ်တွင် ရေးခြယ်ထားသော တိရိစ္ဆာန်များ၏ပုံကို မြင်လိုက်သည်။ ထိုတိရိစ္ဆာန်များက မြက်များ၊ သစ်ပင်များအကြားတွင် လျင်မြန်စွာ ပြေးလွှားနေပြီး အခြားသောသူများကမူ နတ်ဘုရားကို ပူဇော်ကန်တော့နေကြသည်။

 

တောင်ဘုရားကျောင်း၏ ယခုလို ပန်းချီရေးဆွဲခြင်းက ရှားပါးသော်လည်း ယန်ရှစ်ရွှမ်းကမူ ဒီနေရာတွင် ရွာသားများသာ နေထိုင်ရုံသာ မကသေးလေပဲ တိရိစ္ဆာန်များကိုပင် တောင်နတ်ဘုရားများက ကာကွယ်ပေးသောကြောင့် တောင်နတ်ဘုရားကျောင်းကို ကျေးဇူးတင်ကြောင်း ဖော်ပြသည်ဟု ယူဆလေသည်။

 

သို့သော် ဘေးဘက်သို့ ရွေ့လိုက်ချိန်တွင် ရုတ်တရက် သူ၏မျက်လုံးက တောင့်ခဲသွားသည်။ သူသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

 

ရုပ်ထု၏ခေါင်းအထက် အလယ်တည့်တည့်တွင် ပန်းချီကားကြီးတစ်ခုရှိနေသည်။ တောင်၏ထိပ် ကျောက်တုံးပေါ်တွင် တိရိစ္ဆာန်က ထိုင်ပြီး အခြားသော တိရိစ္ဆာန်များက ဂါဝရပြုနေသော ပန်းချီဖြစ်သည်။ ခန်းမတစ်ခုလုံးကိုသာ ကြည့်မည်ဆိုလျှင် ရွာသားနှင့် တိရိစ္ဆာန်များအားလုံးက ထိုပန်းချီကားကို ဂါဝရပြုပြီး စောင့်ကြပ်ကာကွယ်သလို ဖြစ်နေသည်။

 

တောင်ဘုရားကျောင်းကို ဆောက်လုပ်ခဲ့တဲ့သူက ပန်းချီလက်ရာတော့ သေသပ်ကောင်းမွန်ပေမယ့် ဓလေ့ထုံးထမ်းတွေကို နားမလည်တာများလား။

 

ယန်ရှစ်ရွှမ်းက မနေနိုင်ပဲ စိတ်ရှုပ်ထွေးသွားရသည်။ သို့သော် သူက ခန်းမအနှံ့ ပတ်လျှောက်လိုက်သည့်တိုင်အောင် မှားယွင်းမှုကို ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် ယာယီအားဖြင့် သူ၏သံသယများကို စိတ်ထဲသို့ပြန်ထည့်ထားပြီး ထွက်ခွာရန် ကြံစည်လိုက်သည်။

 

နံရံဆေးရေးပန်းချီများ အားလုံးက မှေးမှိန်သည့် ဝန်းကျင်ထဲတွင် မြှပ်ကွယ်နေသလို ဖြစ်နေပြီး ပန်းချီထဲတွင်ရှိသော ကာရိုက်တာတိုင်းက စုတ်တံဖြင့် ရေးဆွဲထားသည့် သူတို့၏ မျက်လုံးများကို ရွှေ့လျက် လည်တိုင်များကို တွန့်လိမ်ရင်း ယန်ရှစ်ရွှမ်းကို ကြည့်ကြသည်။ ယန်ရှစ်ရွှမ်းက ခြေလှမ်းတစ်လှမ်းချင်းစီလှမ်းတိုင်း လည်လိမ်ကာ အနီးကပ်လိုက်ပါ ကြည့်ရှုနေကြ၏။

 

သူတို့၏ ကလေးကို ဈေးသို့ခေါ်သွားသော ရွာသူများ၊ တံခါးနောက်ဘက်တွင် ပုန်းအောင်းနေသော ကလေးများ၊ လယ်ခင်းထဲတွင် ယာလုပ်နေသော ရွာသားများ၊ ကြက်များ၊ ဘဲများ၊ ဆိတ်များ၊ ခွေးများ၊ ကျွဲများ၊ သိုးများ_ _ _  အဓိကခန်းမ၏ နံရံဆေးရေးပန်ချီးထဲရှိ ထိုသတ္တဝါလေးများ၏ ပုံရိပ်တိုင်းက ယန်ရှစ်ရွှမ်းကို ကြည့်နေကြသည်။ သူတို့၏ပုံရိပ်က တောက်ပသည်။ သူတို့၏မျက်နှာ၏ တစ်ဖက်တစ်ချက်စီတွင် တောက်ပသော အနီရောင်ကို လိမ်းခြယ်ထားသေးသည်။  မှေးမိန်ပြီး ဝေဝါးနေသော အလင်းရောင်အောက်တွင် ကျောခြမ်းဖွယ်ကြောက်စရာကောင်းပြီး အရာအားလုံးကို ထိုးဖောက် မြင်နိုင်သလို ဖြစ်နေသည်။

53 04

မိုးမုန်တိုင်း၏ တိတ်ဆိတ်မှုက ခန်းမအတွင်းသို့ ဝင်ရောက်လေပြီး အနီရောင်နှင့်အနက်ရောင် ကြမ်းခင်းတိုင်များအနှံ့ ပျံ့နှံ့နေလေသည်။

 

အူး ဟူး ဟူး

 

ယန်ရှစ်ရွှမ်းက သူ၏ရှည်လျားသော ခြေတံများကို သုံးပြီး ခန်းမ၏ တံစက်မြိတ်အောက်မှ ထွက်တော့မည့် အချိန်တွင် ရုတ်တရက် ဖျော့တော့သော အသံကို ကြားလိုက်ရသည်။ တိတ်ဆိတ်သော ခန်းမအတွင်းတွင် ထိုအသံဟာ အလွန်အမင်းကျယ်သည်။

 

ယန်ရှစ်ရွှမ်းက နောက်ဘက်သို့ ချက်ချင်းလှည့်လိုက်သောအခါ သူ၏စူးရှသောအကြည့်က အသံ အရင်းအမြစ်ထံ ရောက်သွားသည်။

 

ခန်းမထဲရှိ အရာအားလုံးက တိတ်ဆိတ်နေသည်။ နံရံပေါ်ရှိ နံရံဆေးရေးပန်းချီများက ယန်ရှစ်ရွှမ်း အခုလေးတင် ကြည့်ထားခဲ့သည့်အတိုင်း ဖြစ်သည်။ သူက အသံလာသော ရုပ်ထုဘက်သို့ ကြည့်လိုက်ပြီးနောက် သူ၏ထက်ရှသော မျက်ခုံးက ကြုတ်လိုက်မိသွားသည်။

 

ကြွက်တွေက လုပ်တာလား။

 

ယန်ရှစ်ရွှမ်းက သူ၏သံသယကို ခန့်မှန်းချက်ကြောင့်နှင့် လက်လျော့လိမ့်မည် မဟုတ်ချေ။ သို့သော် ရုပ်ထုဘက်သို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွားလိုက်သည်။

 

တောင်ဘုရားကျောင်း အဓိကခန်းမအတွင်းရှိ တောင်နတ်ဘုရား၏ ရုပ်ထုက အလွန်အမင်း ခမ်းနားသည်။ အနီရောင်ဝတ်စုံ ဝတ်ထားပြီး ရွှေများ ကပ်ထားသည်။ ထို့ကြောင့် သာမာန်ရွာများ၏ ရုပ်ထုပေါ် ထားသည့်ပေါ်ပေါက်မှုနှင့် ခြားနားမှု မရှိပါချေ။

 

မြင့်မားသော ရုပ်ထုကြီး၏ ခက်ထန်ကြမ်းတမ်းမှုနှင့် ဒေါသတကြီး ဖြစ်နေသော မျက်နှာမျိုးက ပေါ်နေသည်။ စိတ်သဘောထား သိမ်မွေ့ညင်သာသော တောင်နတ်ဘုရားနှင့် မတူလေပဲ အင်အားတိုင်းကို သုံးပြီး ရွာသားများကို ကာကွယ်မည့် တောင်နတ်ဘုရားနှင့် တူနေသည်။

 

သူက ခန်းမထဲသို့ ဝင်လိုက်သည့်အခန့်အတန့်တွင် ယန်ရှစ်ရွှမ်းဟာ တောင်နတ်ဘုရားကို အနီးကပ် ကြည့်ထားပြီးသား ဖြစ်သည်။ တောင်နတ်ဘုရား၏ မျက်နှာနှင့် ရုပ်ထုက ရှားပါးသော်လည်း မကြားဖူးသည်လည်း မဟုတ်ချေ။ မည်သို့ပင်ဆိုစေ ဝံပုလွေရိုင်းတောင်ထိပ် အနီးအနားတွင် ဝံပုလွေရိုင်းများက မကြာခဏ အသိုက်လာဖွဲ့လေ့ရှိသည်။ ထို့ကြောင့် ရွာသားများက တောင်နတ်ဘုရားအား သူတို့ကို ကာကွယ်ပေးနိုင်သည့် အင်အားကြီးမားသော တောင်နတ်ဘုရား ဖြစ်လိုသည်။

 

ယန်ရှစ်ရွှမ်းကလည်း ထိုသို့တွေးလိုက်မိသည်။ ထို့ကြောင့် ရုပ်ထုနှင့် ပတ်သက်ပြီး မှားယွင်းမှုရှိသည်ဟု မထင်လိုက်ပေ။

 

သို့သော် ယခုမှသာ သူက ရုပ်ထုနားသို့ အနီးကပ်သွားသော် ရုတ်တရက် သတိထားလိုက်မိသည်။

 

ရွှေသင်္ကန်းကပ်ထားသော ထိုရုပ်ထုကြီး၏အနောက်ဘက်တွင် အကွယ်နေရာလေးတစ်ခု ရှိနေသေးပြီး ရုပ်ထုအနောက်ဘက်မှ မျက်နှာကျက်အထိ ကျယ်ပြောလေသည်။

 

ယန်ရှစ်ရွှမ်းက ရုပ်ထုကို ကွေ့ပတ်ပြီး အနောက်ဘက်သို့ ခပ်မြန်မြန် သွားလိုက်သည်။ သူ၏ခြေလှမ်းများက အသာရပ်တန့်သွားသည်။ သူ၏ကျဉ်းမြောင်းပြီး စူးရှသော မျက်လုံးကလည်း အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။

 

ရွှေသားအပြည့် သွန်းလုပ်ထားသော ခမ်းနားထည်ဝါကာ လှပသော ရုပ်ထုကြီး၏အနောက်ဘက်တွင် နတ်ဘုရား၏‌ သေးငယ်သော ရုပ်ထုလေး ရှိနေသည်။

 

အဓိကခန်းမကြီးကို မျက်နှာမူထားသည့် ရွှေသင်္ကန်းကပ်ထားသော ကြီးမားသော ရုပ်ထုကြီး၊ အကိုးကွယ်ခံပြီး အမွှေးနံ့သာတိုင်များကို လက်ခံရရှိသော ရုပ်ထုကြီးနှင့် မတူသည်မှာ ကျောဘက်မှ ထိုသစ်သားရုပ်ထုလေးသည် အိုဟောင်းပျက်စီးနေလေပြီး ဖုန်များ လွှမ်းခြုံလျက် ပင့်ကူအိမ်များကပင် ပြည့်နှက်နေသေးလေသည်။

 

******