Ch 52
Viewers 6k

52 01

အပိုင်း(၅၂)

 

“မင်း ရေမချိုးချင်ဘူးလား”

 

ယန်ရှစ်ရွှမ်း၏ အကြည့်က အောက်သို့ ကျသွားပြီး မင်းသမီးလက်ထဲမှ ခရီးဆောင်အိတ်ထဲသို့ ရောက်သည်။ ထိုခရီးဆောင်အိတ်သည် အခြားသော သူများ၏အိတ်နှင့် ယှဉ်သော် အထူးတလည် ရှုပ်ထွေးလွန်းသည်။ ထို့နောက် လှောင်လိုက်၏။

 

“မင်း ရေမချိုးချင်သေးရင်လည်း အခြားသူတွေကို အရင်သွားခိုင်းလိုက်။ ဒီလိုဘုရားကျောင်းမျိုးမှာ ရေချိုးစရာတစ်ခုပဲ ရှိတာ။ ဒီတော့ အချိန်ကျလာတဲ့အခါမှ အခြားသူတွေ ရေသုံးလို့ ကုန်သွားတယ်ဆိုပြီး  အပြစ်လာမတင်နဲ့”

 

ထိုစကားလုံးများက နားထောင်ရဆိုးသော်လည်း ခြေတစ်လှမ်း နောက်ဆုတ်ပေးရုံသာမက စိတ်ကို ဖြေလျော့အောင် လုပ်ပေးနေခြင်း ဖြစ်သည်။

 

မင်းသမီးကမူ ရှင်းပြန်ရန် ခက်ခဲလောက်အောင် စိတ်အေးသွားလေပြီး သူမ၏ ပစ္စည်းများကို သယ်လျက် တောင်ဘုရားကျောင်း၏ အနောက်ဘက် ရေချိုးခန်းထံ ထွက်သွားသည်။

 

သူမက ထွက်သွားပြီးနောက် လူတိုင်းက အခန်းများကို စတင်ကာ ခွဲဝေကြသည်။ ထိုမင်းသမီး၏ လမ်းလျှောက်နူန်းက မြန်ဆန်သောကြောင့် အခြားသောသူများက သူမကို အထင်တသေး ကြည့်ကြကြောင်း မသိကြချေ။ သူတို့အားလုံးသည်လည်း သူမ၏ကျော်ကြားမှုနှင့် လက်ရှိထရက်ဖစ်ကို သူမထင်သလိုမျိုး မနာလို ဖြစ်မနေကြပါချေ။ နာမည်ကျော် အန်းနန်ယွမ်နှင့် ပိုင်ရွှမ်းကဲ့သို့ နာမည်ကျော် အဆိုတော်များကဲ့သို့ ဖန်များဝိုင်းနေပြီး အာရုံစိုက်နေသော လူများကလွဲပြီး ကျန်သော လူများက ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် နှစ်ပေါင်းများစွာ ကြာနေသောသူများ၊ ကျော်ကြားမှုများ အဝင်အထွက်မြန်ဆန်လွန်းမှုကို သိခဲ့ဖူးသော သူများ သို့မဟုတ် စုန့်ချီကဲ့သို့ အင်အားကြီးသော မိသားစုမှလာသော သူများ ဖြစ်နေလေရာ ထိုကိစ္စမျိုး ဖြစ်နေလေရာ ထိုကဲ့သို့ အခြေအနေမျိုးကို ဂရုမစိုက်ပါချေ။ သူတို့၏အမြင်တွင် ထိုမင်းသမီး၏ အပြုအမူက ရုတ်တရက် နာမည်ကြီးသွားပြီးနောက် ယာယီမောက်မာထောင်လွှားမှုသာ ဖြစ်သည်။ သူမက လရောင်ကို ကျော်လွန်ပြီး အမှန်တရား၏ ရက်စက်မှုကို ခံရပြီးနောက်တွင် သိုသိပ်စွာနှင့် နေတတ်သွားပေလိမ့်မည်။

 

အန်တိုနီက ထိုမင်းသမီးနှင့် စကားပြောချင်ခဲ့သည်။ မည်သို့ပင်ဆိုစေ သူ၏အခွဲဖန်သားပြင်၏အရှေ့တွင် သူဟာ မိန်းကလေးများကို လူကြီးလူကောင်းဆန်ဆန် ကူညီကာကွယ်ပေးတတ်ကြောင်း ပြသချင်နေခဲ့၏။ သို့ရာတွင် သူက စတင်ကာ ပြုံးလိုက်သည့်အချိန်တွင် ယန်ရှစ်ရွှမ်းက သူ့ကို ကြည့်လိုက်လေ၏။ သူဟာ နောက်ဆုတ်လိုက်ရလေ၏။

 

ကတောက်ကတ ဖြစ်ရပ်တွေပြီးနောက် လူတိုင်းက အခန်းခွဲဝေလိုက်ကြသည်။ မင်းသမီးကမူ ပိုင်ရွှမ်းနှင့် တစ်ခန်းတည်း မနေလိုပေ။ ပိုင်ရွှမ်းကလည်း သူမနှင့် တစ်ခန်းတည်း မနေလိုပါချေ။ ထို့ကြောင်း မင်းသမီးနှစ်ယောက်က တစ်ခန်းစီ နေကြသည်။ ထိုသို့ဖြင့် ကျန်သော အခန်းများကိုသာ ဆက်ခွဲကြမည် ဖြစ်သည်။

 

အန်တိုနီကမူ အလိုအလျောက် အန်းနန်ယွမ်၏ အနားသို့ ကပ်သွားသည်။ သူသည်လည်း သူနှင့်တစ်ခန်းတည်း အိပ်လိုသည်။ ထို့နောက် သူ၏အခွဲ တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်တွင် သူနှင့် အန်းနန်ယွမ်က ရင်းနှီးစွာနှင့် အတူတကွ အိပ်ကြောင်း ပြသချင်ခဲ့သည်။

 

ငါ မနက်ဖြန်မှာ နောက်ထပ် ထရန့်တင်းဆက်ရှ်တစ်ခုကို ဝယ်လိုက်ပြီး အရင်စီနီယာဟောင်းနဲ့ သူက အရမ်းရင်းနှီးကြောင်း  နာမည်ကြီးအောင် လုပ်ရမယ်။ နောက်ပြီး ပရိုတက်တင်း အကောင့်အချို့လည်း ဝယ်ရမယ်ထင်တယ်။ ဒီလိုနဲ့ အန်းနန်ယွမ်က သူ့ကို သဘောကျကြောင်း၊ သူ့ကို ရသစုံရှိုး လုပ်တဲ့အချိန်မှာတောင် ဂရုစိုက်ပေးကြောင်း နောက်ပြီး တစ်ခန်းတည်းမှာတောင် အိပ်တဲ့အကြောင်းကို နာမည်ပွအောင် လုပ်ရမယ်။

 

သူက အန်းနန်ယွမ်ကို အထင်သေးသော်လည်း အန်းနန်ယွမ်က အသက်ကြီးပြီး ရူးကြောင်ကြောင်နိုင်ကာ ငကြောက်ဖြစ်သည့်အပြင် သရဲများ၊ တစ္ဆေများ၊သရဲများကို ယုံကြည်သည့်အတွက် သဘောမကျသည့်တိုင်အောင် အန်းနန်ယွမ်တွင် ပရိတ်သတ်ပေါင်းများစွာရှိသည်။ ထို့ကြောင့် သူက စောင့်ထိန်းမည်ဖြစ်သည်။ သို့ရာတွင် အန်တိုနီက ခြေလှမ်းအနည်းငယ် မလှမ်းနိုင်သေးခင် အန်းနန်ယွမ်က သူ၏စိတ်ရင်းကို သိလိုက်သည်။ ထို့ကြောင့် အန်းနန်ယွမ်က အရင်ဦးဆောင်ပြီး စုန့်ချီ၏လက်ကို ခပ်မြန်မြန် လှမ်းဆွဲလိုက်သည်။ ထိုသခင်လေးကမူ အနည်းငယ် စိတ်ရှုပ်ထွေးနေသော်လည်း အနားရှိ အနီးဆုံးအခန်းထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ သူက သူ၏တောင်တက်အိတ်ကြီးကို အိပ်ယာပေါ်သို့ ပစ်တင်လိုက်ပြီး အိပ်ယာပေါ်တွင် လှဲသည်။

 

“အား ပင်ပန်းလိုက်တာ။ မစိုးရိမ်ပါနဲ့ သခင်လေး ငါက ကောင်းကောင်းအိပ်တတ်ပါတယ်။ ဘယ်တော့မှ မဟောက်ဘူး”

 

စုန့်ချီ “???”

 

တောင်မှအခြေအနေက ကောင်းမွန်သည်။ သို့သော် ရွာအိမ်များ ဖြစ်သောကြောင့် လူတိုင်း၏ထင်မြင်ချက်ကို အများကြီးမေ့ထားပေးရန် လိုအပ်လေသည်။ မြို့မှအိမ်များနှင့် နိူင်းယှဉ်၍ မရချေ။

 

အခန်းတွင် မည်သည့်အပြင်အဆင်မှ မရှိချေ။ နှစ်မီတာခန့်ကျယ်သော အိပ်ယာသာ ရှိသည်။ ထိုအိပ်ယာက လူနှစ်ယောက်၊သုံးယောက်ခန့် အိပ်နိုင်သည်။ ထို့အပြင် ပုံမှန်အားဖြင့် ဖြတ်သွားဖြတ်လာ ရွာသားများနှင့်  တစ်ညတာ တည်းခိုသောသူများက အသုံးပြုသွားခြင်း ဖြစ်သောကြောင့် ထင်သလောက် သန့်ပြန့်နေခြင်း မရှိပါချေ။

 

ထို့အချိန်တွင် စုန့်ချီက အိပ်ယာကြီးကို ကြည့်သည်။ သူ၏ကလေးဆန်သော မျက်နှာက နီရဲသွားပြီး ထိုနီရဲမှုက ရွံ့ရှာမှုကြောင့်လား၊ ရှက်ရွံ့မှုကြောင့်လား မသိနိုင်ချေ။

52 02

သိုသော် သူသည်လည်း ဒါဟာ ရသစုံရှိုးတစ်ခု ဖြစ်နေကြောင်း၊ သူသည် တောင်းဆိုမှု ပြင်းထန်၍ မရကြောင်း သိလိုက်သည်။ သူသည် ထိုအတွက်ကြောင့် ငြင်းဆန်မနေတော့ပဲ အန်းနန်ယွမ်နှင့် တစ်ခန်းတည်းသုံးရန် ဆုံးဖြတ်လိုက်သည်။

 

အန်တိုနီ၏မျက်နှာကမူ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပျက်ယွင်းနေသည်။ သို့သော် သူဟာ ကင်မရာ၏အရှေ့တွင် မူရင်းအကြံအစည်ကို ထုတ်ဖော်၍ မရချေ။ ထို့ကြောင့် ရွေးချယ်စရာ မရှိလေပဲ နောက်ထပ် တတိယအဆင့် အမျိုးသား သရုပ်ဆောင်တစ်ယောက်နှင့် အခန်းမျှသုံးလိုက်ရသည်။

 

သူသည် မြေမျက်နှာသွင်ပြင်အလိုက် နေထိုင်တတ်သော သူမျိုးဖြစ်သည်။  ထို့ကြောင့် မားကတ်တင်းလုပ်ရန်အတွက် မသင့်တော်သော၊ ခေတ်နောက်ကျနေသော လူများထက်မူ တစ်ဖက်သူက ပိုကောင်းပေလိမ့်မည်။

 

 အန်းနန်ယွမ်က လမ်းအပြင်ဘက်မှ အန်တိုနီကို သူ၏ အခွဲဖန်သားပြင်မှ လှမ်းကြည့်ရင်း လှောင်နေသည်။

 

ဖျော်ဖြေရေးလောကထဲမှာ နေထိုင်တဲ့သူတွေအားလုံးက မြေခွေးတွေကြီးပဲ။

 

ဒီလိုနေရာမှာ သူက ဘယ်လိုသတင်းမျိုးကို ဖွချင်တာလဲ။

 

သူ့ရဲ့အတွေးကို တခြားသူတွေက မသိဘူးလို့ ထင်နေတာလား။

 

သူက ဒီလိုမတွေးရင်တောင်မှ တူညီတဲ့ဖြစ်ရပ်ကို လုပ်ဆောင်ခဲ့ဖူးတဲ့ လူတွေကို တွေ့ခဲ့ပြီးသား အဲ့ဒီလူတွေ အဆုံးသတ်ကလည်း မကောင်းဘူး။

 

ကျန်သောသူများက အနှောက်အယှက်မရှိဘဲ အေးအေးဆေးဆေး အခန်းခွဲလိုက်ကြသည်။သို့သော် ယန်ရှစ်ရွှမ်း၏နေရာ ရောက်လာသော် ___

 

လူတိုင်းကမူ အန်းနန်ယွမ်နှင့်အတူ နေရခြင်းက ပြဿနာမရှိနိုင်ဟု ထင်သဖြင့် အန်းနန်ယွမ်၏နေရာသို့ ပြုံတိုးချင်နေကြသည်။

 

သူသည် အေးစက်သောမျက်နှာနှင့် ခန်းမထဲတွင် ရပ်နေသည့် ဒါရိုက်တာ၏ လက်ထောက်ကို ကြည့်လိုက်ပြီး လူတိုင်းက လက်လျော့လိုက်ကြရသည်။

 

ဒါရိုက်တာ၏ လက်ထောက်ကမူ လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်သာ ဆောင်းထားသည်။ လူတိုင်းက ပျောက်ကွယ်သွားပြီမှသာ ခေါင်းကိုမော့ပြီး ယန်ရှစ်ရွှမ်းကို ကြည့်လိုက်သည်။ ယန်ရှစ်ရွှမ်းသည် အလွန်အမင်းစိတ်ဝင်စားစရာကောင်းသည်ဟု ထင်ပြီး ခပ်တိုးတိုးရယ်သည်။

 

ထိုရယ်သံက ယန်ရှစ်ရွှမ်း၏မျက်လုံးကို စူးရှသွားစေခဲ့သည်။သူက တစ်ဖက်သူ၏ မှင်သေသေ အပြုအမူကြောင့် မကျေမနပ် ဖြစ်နေသလိုမျိုး ပို၍ပင် ဆုံးဖြတ်ချက်ပြတ်သားသလိုမျိုး မြင်ရသည်။

 

တစိမ်းတစ်ယောက်နှင့် အိပ်ယာတစ်ခုတည်း မျှသုံးရမယ်။

 

ငယ်ရွယ်ချိန်က မိဘများက ဈေးထဲတွင် စွန့်ပစ်မသွားခင်ကပင် သူသည် မိဘများနှင့် အတူမအိပ်ဖူးခဲ့ချေ။ ဆရာဖြစ်သူက ကောက်ယူခေါ်ဆောင်သွားပြီးနောက်တွင် သူက ပို၍ပင် လွတ်လွတ်လပ်လပ် ရှိလာသည်။သူသည် မွေးဖွားပြီးချိန်ကတည်းက မည်သူနှင့်မှ အတူမအိပ်ခဲ့ချေ။

 

ထိုအကြောင်းကို တွေးကြည့်ရုံနှင့် ယန်ရှစ်ရွှမ်းသည် ကြက်သီးများထလာပြီး ဖျားချင်သလိုလို ဖြစ်လာသည်။

 

အထူးသဖြင့် သူနှင့်အတူ အိပ်ယာတစ်ခုတည်းတွင် အိပ်မည့်သူက သူအား အလွန်ထူးဆန်းပြီး သတိအပိုဆောင်းစေသော လူတစ်ယောက်ဖြစ်သည်။

 

“မင်း မင်းရဲ့အခန်းကို သွားပြီး အိပ်။ ငါ အခြားတစ်နေရာသွားရှာပြီး အိပ်လိုက်မယ်”

 

အခြားသောသူများကမူ သူတို့၏အတွေးများကို ဖုံးကွယ်ထားသလို ယန်ရှစ်ရွှမ်းကမူ ယခုလို ရွတ်ဆိုတွင် အခြားသော နေရာတစ်ခုကို သွားရှာရန် အဆင်ပြေကြောင်း နားလည်သည်။ ထို့ကြောင့် ဘုရားကျောင်းထဲတွင်သာ သွားအိပ်ရန် ဆုံးဖြတ်လိုက်၏။

 

အိပ်ယာက နှစ်မီတာကျယ်ပြီး တစ်ဖက်တစ်ချက်စီမှာ အိပ်လိုက်မယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် မထိနိုင်ဘူး။ သို့ရာတွင် ယန်ရှစ်ရွှမ်းကမူ မသက်မသာ ခံစားနေရသေးသည်။

 

ယန်ရှစ်ရွှမ်းက ဒါရိုက်တာ၏လက်ထောက်ကို ကျော်ဖြတ်သွားသောအခါ ထိုလူက ရုတ်တရက် သူ၏အရပ်ရှည်လျားသောကြောင့် ရှည်လျားသည့် လက်မောင်းကို အခွင့်ကောင်းယူလိုက်ပြီး လက်ကိုမြှောက်လျက် ယန်ရှစ်ရွှမ်း၏ လက်ကို လျင်မြန်စွာနှင့် လှမ်းဆွဲလိုက်သည်။

 

ထိုလူ၏ သွယ်လျသော လက်ဖဝါးက အလွန်ပြင်းထန်သည့်အားကို သယ်ဆောင်ထားပုံရသည်။ အံ့အားသင့်သွားသော ယန်ရှစ်ရွှမ်းက ရုတ်တရက် ပြင်ပြင်းထန်ထန် ရုန်းကန်သည်။ သို့သော်  တစ်ဖက်သူ၏လက်ဖဝါးထဲမှ မလွတ်မြောက်နိုင်ချေ။

 

တစ်ဖက်သူ၏လက်ချောင်းများက နေမထိသည်မှာ နှစ်ပေါင်းများစွဦ ကြာနေလွန်းသလိုမျိုး ဖြူဆွတ်လွန်းနေသည်။ ထိုဖျော့တော့သော အသားအရေအောက်တွင် ရှိနေသည့် အပြာ၊ အနီသွေးကြောများကိုပင် မြင်နေရသေး၏။ မေးခွန်းထုတ်ရန် မလိုလောက်အောင် အင်အားတစ်ရပ်ကိုလည်း သယ်ဆောင်ထားသေးသည့်အပြင် ရေခဲခန်းထဲက ထွက်လာသလိုမျိုး အေးစက်လွန်းနေသည်။

52 03

အေးလွန်းသဖြင့် ယန်ရှစ်ရွှမ်း၏ ကိုယ်ကပင် တုန်ယင်သွားသည်။

 

“မင်းက ဘယ်နေရာမှာ သွားအိပ်မှာလဲ”

 

ထိုလူ၏ သံလိုက်လို ဆွဲဆောင်မှုရှိသော အသံထဲတွင် အပြုံးအသံက ပါသည်။ သူက မေးလိုက်၏။

 

“ဒီလောက်မိုးသည်းနေတာ။ မင်းက အခန်းထဲမှာ မနေရင် လေတိုက်လို့ အအေးမိမှာ မကြောက်ဘူးလား။ သေမျိုးတွေရဲ့ ခန္ဓာကိုယ်တွေက ဖျော့တော့အားနည်းလွန်းတယ်။ မင်းသာ  ဂရုမစိုက်ရင် မြေအောက်ကို သွားရလိမ့်မယ်”

 

ဘာလို့ အချို့တွေက သေမျိုး သေမျိုးလို့ ပြောနေတာလဲ။ သူတို့ရဲ့ နောက်ခံကို အတည်ပြုချင်လို့လား။ ဒါမှမဟုတ် သတိလက်လွတ် သူ့ကိုယ်သူ သေမျိုးမဟုတ်ဘူးလို့ ထင်နေတာလား။

 

ယန်ရှစ်ရွှမ်းတွင် သံသယတစ်ခုက ဝင်ရောက်လာသည်။

 

သို့သော် သူက ယခုလိုအခြေအနေမျိုးတွင် ကိစ္စအများကြီးကို အာရုံစိုက်မနေနိုင်ချေ။ ထို့အစား တစ်ဖက်သူ

 

လက်ထဲမှ လွတ်အောင် ရုန်းလိုက်သည်။

 

ယန်ရှစ်ရွှမ်း၏ အကြည့်က အေးစက်သည်။

 

“ငါက တစိမ်းတွေနဲ့ မအိပ်တတ်ဘူး”

 

“ဘာလို့လဲ”

 

ထိုလူကမူ အဖြေကို ကျေနပ်ပုံမရချေ။ ထို့ကြောင့် အနားသို့ ငုံံ့ကိုင်းမေးလိုက်သည်။

 

“ငါက ကောင်းကောင်းအိပ်တတ်ပါတယ်။ ဟောက်လည်း မဟောက်တတ်ဘူး”

 

ယခုလေးတင် အန်းနန်ယွမ်အမည်ရသော သေမျိုးတစ်ယောက်က ဘေးဘက်မှ လူတစ်ယောက်ကို ထိုသို့ပြောကြောင်း မြင်လိုက်ရပြီးသား ဖြစ်သည်။ ထိုလူကလည်း အန်းနန်ယွမ်နှင့် တစ်ခန်းတည်း အိပ်လေ၏။

 

ယန်ရှစ်ရွှမ်း “…..”

 

ဟောက်တာ မဟောက်တာ ငါနဲ့ဘာဆိုင်လဲ။

 

ဒီအတိုင်း မင်းကို မုန်းတယ် ဟုတ်ပြီလား။

 

ဟောက်ဟောက် မဟောက်ဟောက် အရေးမကြီးဘူး။

 

“ဒါဆိုရင်လည်း ငါ အခြားသူတွေနဲ့ မအိပ်ဘူး”

 

မျက်လုံးဖွင့်ထားသော ထိုလူ၏ သံသယဝင်မှုကို ရင်ဆိုင်နေရသော ယန်ရှစ်ရွှမ်းက စူးရှပြီး အေးစက်သည့် သရဲတစ်ကောင်လို အရှိန်အဝါနှင့် ချောမောသော လူကို ကြည့်လိုက်ကာ အပြုံးတုနဲ့ ပြောလိုက်သည်။

 

“ငါ့မှာ အကျင့်ဆိုးရှိတယ်။ ငါက အိပ်မက်ထဲမှာ လူသတ်တတ်တယ်”

 

ထိုလူ “…..”

 

ချောင်းနားထောင်နေသော အခြားသူများ  “…..”

 

တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာအရှေ့တွင် အဖြေရရန် စောင့်ဆိုင်းနေသော ကြည့်ရှုသူများ အားလုံး တုန်ယင်သွားကြသည်။

 

[ယန်ကောဆိုတဲ့အတိုင်းပဲ သူ့ရဲ့အကျင့်က  တခြားသူတွေနဲ့ ခြားနားတယ်နော်။ ယန်‌ကော အဟွတ်]

 

ထိုလူက ဩရှစွာ ရယ်သည်။ မသိလိုက် မသိဘာသာပင် သွေးကြောများက ပြေလျော့သွားသလိုမျိုး သတိအမြဲတမ်းကပ်နေသည့် ယန်ရှစ်ရွှမ်းက အခြေအနေကို အခွင့်အကောင်းယူပြီး လက်ကောက်ဝတ်ကို လက်ပြန်နှင့် ပိတ်ရိုက်လိုက်မိသည်။

 

ပြင်းထန်သည့် အားအောက်တွင် သူဟာ ထိုလူ၏ လက်ကောက်ဝတ်အား ဆုပ်ကိုင်ထားမှုမှ ဖယ်ခွာလိုက်နိုင်သည်။ ထိုသို့ဖြင့် သူဟာ လွတ်ထွက်သွားသည်။

 

ထိုလူ၏အံ့အားသင့်နေသော အကြည့်ကမူ ယန်ရှစ်ရွှမ်းက ထိုလူ၏လက်ကောက်ဝတ်ကို ပြန်ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ပိုပြင်းသည့်အားကို သုံးပြီး သူ၏ရိုက်ချက်ကြောင့် ဂျွတ်ကနဲ့ အသံထွက်သွားသော ထိုလက်ကို ပြန်တည့်မတ်ပေးလိုက်သည်။

 

ဖြစ်စဉ်တစ်ခုလုံးက ငါးစက္ကန့်မကြာချေ။ တံခါးနောက်တွင် ပုန်းအောင်းနေသော လူများက သူတို့၏ချောင်းကြည့်နေသော ရှုထောင့်မှတဆင့် အရာအားလုံးကို မြင်လိုက်ကြရသည်။ သို့သော် ပုံရိပ်ယောင်များကို မြင်လိုက်ရသလို အရာအားလုံးဟာ မြန်ဆန်လွန်းနေသည်ဟုသာ ခံစားလိုက်ရသည်။ သူတို့က အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးခင် ယန်ရှစ်ရွှမ်းက ထွက်သွားပြီ ဖြစ်သည်။

 

ဒါရိုက်တာ၏လက်ထောက်က ခြေလှမ်းအနည်းငယ် အကွာတွင် ဖြစ်၏။

 

ချောင်းကြည့်နေသောလူတိုင်း “???”

 ဘာဖြစ်တာလဲ။ ငါ ကန်းနေတာလား။

 

ထိူလူက သွယ်လျသောလက်ကို အသာဖြန့်ပြီး လက်ကောက်ဝတ်ကို စစ်ကြည့်သည်။ သူ၏မျက်နှာတွင် ဒေါသကို မမြင်ရချေ။ ထို့အစား ဖျော့တော့သည့်အပြုံးဖြင့် ကြည့်နေ၏။ သူက အလွန်စိတ်ဝင်စားသည့် အကြောင်းအရာကို တွေ့လိုက်ရသလိုမျိုး ဖြစ်နေသည်။

 

ယန်ရှစ်ရွှမ်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ထိုလူကို တိုက်ရိုက်ကျော်ဖြတ်လျက် တောင်ဘုရားကျောင်းအတွင်းတွင် ရုပ်ပွားတော်များ ရှိရာနေရာဖြစ်သည့် အဓိကခန်းမထဲသို့သွားသည်။

 

ဒီဂူဘုရားကျောင်းက သူ့အား အလွန်ထူးဆန်းသော ခံစားချက်ကို ပေးနေသည်ဟု အမြဲတစေ ခံစားနေရသည်။ လမ်းတောက်လျောက်တွင် မြင်ရသည့် ဗိသုကာ လက်ရာများ၏ အနုစိပ်ကျသော ပုံစံများနှင့် သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးက ကောင်းမွန်နေသေးသော်လည်း သူက ဒီနေရာတွင် နတ်ဘုရားရှိနေနိုင်သည်ဟု ခံစားနိုင်လေသည်။ သို့သော် ရှင်းပြရန်ခက်ခဲသည်မှာ သူ၏နှလုံးသားထဲမှ နားမလည်နိုင်သည့် လှုပ်ခတ်မှုကို လစ်လျူရှု၍ မရနိုင်ချေ။ ထို့ကြောင့် တစ်စုံတစ်ရာဟာ မူမမှန်ဟု ခံစားနေရသည်။ သို့သော် ထိုလူက သူ၏သွယ်လျသော လက်ချောင်းကို ပြန်မြှောက်ပြီး  ယန်ရှစ်ရွှမ်း၏လမ်းကြောင်းကို ပိတ်ပြန်သည်။

 

“အိပ်ယာက မင်းအပိုင်ပဲ။ အခန်းကလည်း မင်းအပိုင်။ ငါ အခြားနေရာ ရှာလိုက်မယ်”

 

အသံက တိုးသည်။ သို့သော် နွေးထွေးမှု ကင်းမဲ့ပြီး အေးစက်နေခြင်း မရှိတော့ချေ။ ထို့အစား ယန်ရှစ်ရွှမ်းကို အပြုံးနှင့်အတူ စနှောက်သေး၏။

 

“မင်း မနက်ဖြန်မနက် အိပ်ယာထမှ မင်းက ထောင့်တစ်နေရာနားမှာ ခွေပြီး တောင့်ခဲနေတာမျိုးတော့ မမြင်ချင်ဘူး”

52 04

ထိုသို့ပြောပြီးနောက် ယန်ရှစ်ရွှမ်း၏ ငြင်းဆန်လိုချင်စိတ်ကိုပင် မစောင့်ပဲ လက်ကို ပြန်ရုတ်လျက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။

 

ယန်ရှစ်ရွှမ်း “…..”

 

မင်း ဒီလိုပြောတာ ငါက မသိရင် အခြားသူတွေနဲ့ အတူမနေချင်တဲ့ မင်းသမီးလိုမျိုး ကပ်စေးနှဲသလို ဖြစ်နေပြီ။ သူ စိတ်ရှုပ်ထွေးလွန်းလို့ လူတွေကိုတောင် လက်သီးနဲ့ ထိုးချင်လာပြီ။

 

သူက ထိုလူကို အချိန်အတန်ကြာအောင် စိုက်ကြည့်လိုက်သည်။ တစ်ကြိမ်ပြီးတစ်ကြိမ် သည်းခံသည်။ ထို့နောက် ထိုလူကို ဘာစကားမှမပြောတော့ရန် ဆုံးဖြတ်လိုက်သည်။ ထို့အစား နောက်ပြန်လှည့်ပြီး တောင်ဘုရားကျောင်း၏ အဓိကခန်းမထဲသို့ ဝင်သွားလိုက်သည်။

 

ယခုလေးတင် တင်းကြပ်နေသော လေထုက ချက်ချင်းလိုလို ပြေလျော့သွားသည်။

 

ချောင်းကြည့်နေသော ဧည့်သည်များက စိတ်အေးသွားသလို သက်ပြင်းချသည်။

 

“အား လက်ထောက်အစ်ကို”

 

ရသစုံရှိုးစတားက ပြုံးပြီး တံခါးကို တွန်းဖွင့်လျက် လူကောင်းတစ်ယောက်လို မတ်တပ်ရပ်နေသေးသော အရပ်ရှည်ရှည်နှင့်လူကို လှမ်းပြောသည်။

 

“ငါ့ အခန်းထဲမှာ လာဝင်အိပ်ရင် ဘယ်လိုလဲ။ နှစ်မီတာကျယ်တဲ့ အခန်းထဲမှာ ယောက်ျားသုံးယောက် ပြုံတိုးပြီး အိပ်တာတော့ ဘာမှမဖြစ်ပါဘူး။ တော်တော်လေး ကျယ်ပါတယ်”

 

ထိုလူက စကားသံကို ကြားသည့်တိုင်အောင် သူ၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည့် ယန်ရှစ်ရွှမ်းကိုသာ ကြည့်နေသည်။ ထို့နောက် ခေါင်းကိုအသာစောင်းပြီး ရသစုံရှိုးစတားအား မဲမှောင်နေသော မျက်လုံးနှင့် မျက်တောင်ပင် မခတ်ပဲကြည့်လိုက်သည်။

 

မြင့်မားလွန်းသော တစ်နေရာတွင် အချိန်အတန်ကြာအောင် နေထိုင်ခဲ့ဖူးသော သူ၏ခမ်းနားထည်ဝါမှုနှင့် ဘာကိုမှ ဂရုမစိုက်သော အကြည့်မျိုးက ထင်ဟပ်လာသည်။

 

ပြင်းထန်သောအကြည့်က ရသစုံရှိုးစတား၏ ခါးကိုပင် ရုတ်တရက် ကွေးသွားစေသည်။ သူကသာ လက်တစ်ဖက်ဖြင့် တံခါးဘောင်ကို ကိုင်ထားသောကြောင့်သာ မဟုတ်လျှင် သူ၏ဒူးများက ပျော့ခွေကျပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျ သွားလောက်လေပြီးလေပြီ။

 

ဒါက လက်ထောက်လား။

 

ဘာလို့ ရုတ်တရက်ကြီး ဖျော်ဖြေရေးကုမ္ပဏီက သူဌေးနဲ့ တီဗွီဌာနက အမြင့်ဆုံးအဆင့်ရှိတဲ့ ဝန်ထမ်းတွေကို တွေ့ရတာထက်တောင် ကြောက်ဖို့ ကောင်းနေတာလဲ။



******