Ch 51
Viewers 6k

51 01

အပိုင်း(၅၁)

 

ထို့ကြောင့် ယန်ရှစ်ရွှမ်းက ကျန်းဝူပင်းအား အခြေအနေကို မေးမြန်းပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

 

“ကောင်းပြီလေ။ မင်းကို ဒီည ဒီနားက ရွာမှာပဲ နေခိုင်းလိုက်တော့မယ်”

 

ယန်ရှစ်ရွှမ်းက နောက်ဘက်သို့ လှည့်ကြည့်ပြီး စောင့်ဆိုင်းနေသော ဧည့်သည်များကို ပြောသည်။

 

“ငါတို့က လူတွေအများကြီးပဲ။ ဒီတော့ ညဘက်မှာ ခရီးသွားပြီး အသက်ကို မစတေးနိုင်ဘူး။ မိုးတိတ်တဲ့အထိပဲ စောင့်ကြရအောင်”

 

ထိုအချိန်တွင် ကားထဲရှိလူတိုင်းက တစ်ဖက်ခြမ်းက ဒါရိုက်တာသည် မောင်းနှင်လာခဲ့သည်ဟု ထင်နေခဲ့ကြခြင်း ဖြစ်သည်။ မိုးကို ကျော်ြဖတ် ကြည့်မည်ဆိုလျှင် ရွာနှင့် မြို့များကို ခပ်ရေးရေးသာ မြင်နိုင်လေသည်။

 

ထိုအချိန် ဒါရိုက်တာ၏ကားကလည်း တစ်ဖက်ခြမ်းမှ ပြန်လှည့်လာသလို အထင်မှားလောက်မည့် ကားမီးရောင်ကို မြင်လိုက်ရသည်။ မိုးထဲမှတဆင့် နယ်မြို့များတွင် တွေ့နေကြ မီနီဘန်လေးကို တွေ့လိုက်ရသည်။ ဧည်သည့်ကားက လမ်းဘေးနား ရပ်ထားကြောင်း မြင်သောအခါ ကားက ရပ်သွားသည်။ ထို့နောက် လူနှစ်ယောက်က ထွက်လာပြီး အပြေးရောက်လာသည်။

 

“ဒုန်း ဒုန်း ဒုန်း”

 

သူတို့က ကားတံခါးကို ခေါက်ပြီး လှမ်းအော်သည်။

 

“ကားက ပျက်သွားလို့လား။ အကူအညီလိုလား”

 

ကားထဲမှ မင်းသမီးက ကြောက်ကာအော်ပြီး ကြောက်လန့်တကြား နောက်ဆုတ် သွားသည်။

 

မိုးသည်းနေသော ညတွင် လူစိမ်းတစ်ယောက်က ကားတံခါးကို လာခေါက်သည့်ဖြစ်ရပ်က ပုံမှန် မဟုတ်ချေ။ ထို့အပြင် တစ်ဖက်သူက လူကောင်း၊ လူဆိုးကို မခွဲခြားနိုင်သေးခင် လူအများစုက ထိတ်လန့်ပြီး အနည်းငယ် ကြောက်သွားကြသည်။ ထိုနှစ်ယောက်ကလည်း ကားထဲရှိ လူများက မတုန့်ပြန်ကြောင်း မြင်သောအခါ သူတို့၏ပုံစံက အမှန်တကယ် ကြောက်လန့်ဖွယ် ဖြစ်နေကြောင်း သတိရသွားသဖြင့် ကြောင်တောင်တောင် ပြုံးရင်း ပြောကြသည်။

 

“မစိုးရိမ်ပါနဲ့။ ငါတို့က ဓားပြတွေ မဟုတ်ဘူး။ ငါတို့က ဒီနားက ရွာနားကလေ။ ကြည့် မင်းတို့က လမ်းဘေးမှာ ကားရပ်ထားသော ကားပျက်သွားပြီလို့ ထင်လိုက်တာ။ ဒါကြောင့် အကူအညီ လိုလားဆိုပြီး လာမေးကြည့်တာ။ ဘပဲဖြစ်ဖြစ် ဒီလောက် မိုးသည်းနေတာ။ လမ်းပေါ်မှာ ကားပျက်ပြီး ရပ်ထားတဲ့ ကားတွေကို တွေ့နေကြပဲလေ။ ဒါကြောင့် ငါတို့က တတ်နိုင်ရင် ကူညီပေးတယ်။ ဒါကြောင့် အခြားမလုပ်တတ်ပေမယ့်လည်း တစ်နှစ်ပတ်လုံး ပြင်းပြင်းထန်ထန် ကြိုးစားလာခဲ့တဲ့ ကားပညာအလုပ်တော့ လုပ်တတ်ပါသေးတယ်”

 

ကားတံခါးက အနည်းငယ် ပွင့်သွားသည်။ ထိုလူနှစ်ယောက်က မတုန့်ပြန်နိုင်သေးခင် ယန်ရှစ်ရွှမ်း၏ ပိန်ပါးသော ကိုယ်က ကားထဲမှ ခပ်မြန်မြန် ခုန်ထွက်လာ၏။ နောက်ဘက်မှ ကားတံခါးက ချက်ချင်း ပြန်ပိတ်သွားသည်။

 

ယန်ရှစ်ရွှမ်းက လက်ထဲတွင် အနက်ရောင်ထီးကို ဖွင့်လိုက်ပြီး တည်ငြိမ်စွာနှင့် ရှေ့ဘက်မှ လူကို မှေးကျင်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထိုမြင်ကွင်းက အရှေ့မှ လူနှစ်ယောက်၏ ဆံပင်မွှေးများကို ထောင်သွားစေလိုက်သည်။

 

တစ်ခဏခန့် ကြာပြီးနောက် ယဉ်ကျေးသော အပြုံးတုနှင့်အတူ မေးလိုက်၏။

 

“မေးပါရစေ။ ဒီနားမှာ ယာတောအိမ် ဒါမှမဟုတ် BLB လို ဆိုင်တွေများ ရှိသလား။ ဒါမှမဟုတ်ရင်လည်း ရွာထဲမှာ အခန်းပို ရှိလောက်မယ့် တစ်ယောက်ယောက်များ သိလား။ မိုးက ဒီလောက်ရွာနေတာ။ ငါတို့ တစ်ညလောက် တည်းဖို့လိုတယ်”

 

ထိုနှစ်ယောက်က တစ်ယော်ကို တစ်ယောက် ကြည့်လိုက်ပြီး ခေါင်းကိုပုတ်ကာ တစ်ခဏခန့် တွေးတောသည်။ ထို့နောက် ဖြေ၏။

 

“တကယ်တော့ ငါတို့လည်း မိုးကလည်း တအားသည်းနေလို့ အချိန်တိုအတွင်း မရပ်လောက်ဘူးဆိုတာကို သိလို့ ရွာမပြန်တော့ပဲ ဒီနားမှာပဲ နေဖို့ စိတ်ကူးထားကြတာ။ မင်းတို့သာ စိတ်မရှိရင် ငါတို့နဲ့အတူ လိုက်နေပါလား”

 

ထိုထဲမှတစ်ယောက်က ဘေးဘက်သို့ လှည့်ကြည့်သည်။

 

“အဲ့ဒီမှာ တောင်ဘုရားကျောင်း ရှိတယ်လေ။ တာအိုဘုန်းတော်ကြီးတစ်ပါးက အဲ့ဒီမှာ တစ်နှစ်ပတ်လုံး နေနေတာ။ ဒါကြောင့် တအားသန့်ရှင်းတယ်။ ဒီနေရာက ဖြတ်သွားဖြတ်လာတွေ အနားယူဖို့အတွက်လည်း အခန်းပိုတွေ ရှိပါတယ်။ငါတို့လည်း အဲ့ဒီကိုသွားဖို့ စဉ်းစားထားတာ။ တစ်ညတော့ အဲ့ဒီမှာ အိပ်ရမှာပေါ့။ မင်းတို့ အဆင်ပြေမယ်ထင်ရင် ငါတို့နဲ့လိုက်ခဲ့လေ။ ဒါမှမဟုတ်ရင်တော့ အနီးဆုံးရွာရောက်ဖို့ နောက်ထပ်တစ်နာရီလောက် ဆက်ပြီး မောင်းရဦးမှာ။ နောက်ပြီး မိုးသည်းတဲ့ညမှာ မြန်မြန်လည်း မမောင်းနိုင်တော့ ပိုပြီး ကြာလောက်တယ်”

 

သူတို့ ပြောသောနေရာတွင် ဘုန်းတော်ကြီးတစ်ပါး နေထိုင်သော တောင်ဘုရားကျောင်း ရှိနေသည်။ ထို့ကြောင့် တောင်နတ်ဘုရားရှိနိုင်သည်။

 

တောင်နတ်ဘုရားသည် ဖြောင့်မတ်မှန်ကန်သော နတ်ဘုရားဖြစ်သည်။ သူသည် တောင်တန်းများနှင့် မြေများ၊ နွံအိုင်များကို စီမံခန့်ခွဲသည်။ လူများ၊ တိရိစ္ဆာန်များ၊ စိုက်ခင်းများ၊ မြေဩဇာကောင်းသော နယ်မြေများနှင့် တောအုပ်များ အားလုံးကိုပင် တောင်နတ်ဘုရားက ကာကွယ်ပေးလေသည်။ သူသည် ကျန်းမာရေးကောင်းစေရန် ၊ဝိဉာဉ်များကို ကာကွယ်ရန် အလို့ငှာ မကောင်းဆိုးဝါးများနှင့် သရဲများကိုလည်း မောင်းထုတ်ပေးတတ်သည်။

51 02

တောင်ဘုရားကျောင်း ရှိနေကတည်းက ပြဿနာမရှိနိုင်ချေ။

 

ယန်ရှစ်ရွှမ်း၏ အတွေးက ခပ်မြန်မြန် ပြောင်းလဲသွားပြီး ခေါင်းညိတ်လိုက်သည်။ သူက အနည်းငယ် နူးညံ့ညင်သာသော လေသံဖြင့် ပြောလိုက်၏။

 

“ဒါဆိုလည်း အဲ့ဒီကို ဦးဆောင်ခေါ်သွားပေဖို့ တောင်းဆိုရတော့မယ်”

 

ထိုနှစ်ယောက်က သဘောတကျ ပြန်ဖြေကြသည်။ ထို့နောက် ဧည်သည်ကားက သူတို့၏ မီနီဘန်လေးနောက်မှ လိုက်သွား၏။ ဆယ်မိနစ်ပင် မကြာသေးခင် သူတို့က သူတို့ပြောသော တောင်ဘုရားကျောင်း၏ အရှေ့သို့ ရောက်သွားသည်။

 

အဝေးရှိ တောင်ဘုရားကျောင်းမှလာသော နွေးထွေးသည့် အဝါရောင်အလင်းရောင်က ထိတ်လန့်နေသာ ဧည့်သည်များအားလုံးကို စိတ်အေးသွားစေသည်။ ကားက မရပ်သေးခင် အချိန်အကြာကြီးတောင့်တင်းနေခဲ့သော သွေးကြောများက ပြောလျော့သွားသောကြောင့် ခြေလက်များအားလုံးက နွမ်းနယ်သွားကြသည်။ ထိုအခါ ခြေထောက်နှင့်လက်များက အားနည်းလွန်းနေသလိုမျိုး နာကျင်မှုက ပျံ့နှံ့လာသည်။

 

သူတို့သည် မာရသွန် ပြေးထားရသလို ခံစားလိုက်ကြရသည်။

 

ယခုအခါ သူတို့သည် ခြေလက်ဆေးပြီး သန့်ရှင်းသော အဝတ်များကို ခပ်မြန်မြန်လဲလျက် အိပ်ယာထဲသို့ ဝင်ကာ ကောင်းကောင်း အိပ်စက်ချင်နေပြီ ဖြစ်သည်။ ရလဒ်အနေဖြင့် ဧည်သည်များက တောင်ဘုရားကျောင်းအား ပို၍စူးရှသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။

 

သူတို့သည် ကားပေါ်မှ ဆင်းချင်နေကြသည်။

 

ဂိတ်ဝတွင် ကားရပ်သံက ဘုရားကျောင်းထဲမှ လူများကို အလန့်တကြား ဖြစ်သွားစေပုံ ရသည်။

 

မီးများအတန်းလိုက် ပွင့်သွားပြီး နဂိုက နွေးထွေးစွာ လင်းထိန်ပေးနေသော တောင်ဘုရားကျောင်းက ပို၍ပင် တောက်ပသွားလေရာ မိုးသည်းသောညတွင်ပင် ငြိမ်းချမ်းသော စိတ်အခြေအနေကို ပေးစွမ်းနေလေသည်။

 

အနည်းငယ်နွမ်းပါးသည့် ဝတ်ရုံကို ခြုံထားသည့် ခါးကုန်းကုန်းနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က တံခါးကို လာဖွင့်သည်။

 “ဆရာသခင်ထောင် မိုးက တအားရွာနေတာ။ ငါတို့ တစ်ညတော့ ဒီမှာနေပါရစေ”

 

လူနှစ်ယောက်က ကားကို  အရင်ရပ်လိုက်ပြီး ဘုရားကျောင်း ဂိတ်ဝရှိအမိုးအောက်သို့ အလျင်အမြန် ပြေးသွားသည်။

 

သူတို့က ကားထဲမှ ဆင်းရန်စိုက်ကြည့်နေကြသော ဧည့်သည်များဘက်သို့ လှည့်ကြည့်လိုက်ရင်း သက်လတ်ပိုင်းလူကို ပြောလိုက်သည်။

 

“ဒါက ငါတို့လမ်းမှာ တွေ့လာတဲ့ ဧည့်သည်တွေလေ။ သူတို့က ဒီမှာ တစ်ညလောက် နေချင်နေတာ။ ဆရာသခင်ထောင် အခန်းတွေ လုံလောက်ရဲ့လား”

 

ယန်ရှစ်ရွှမ်းက ကားပေါ်မှ အရင်ဆုံး ဆင်းခြင်းဖြစ်သည်။ သူကလည်း သက်လတ်ပိုင်းလူကို ကြည့်သည်။ သူက သက်လတ်ပိုင်းလူကို တည်ငြိမ်စွာ လေ့လာကြည့်သည်။ သူ၏မျက်လုံးက ခေါင်းအစခြေအဆုံး ခံစားချက်မဲ့စွာနှင့် အကဲဖြတ်လေသည်။

 

ပုံမှန်အားဖြင့် တာအိုပညာကို ကျင့်ကြံသောသူများက တာအို၏ သဘောသဘာဝကြောင့် ရှိရင်းစွဲအသက်ထက် သို့မဟုတ် သက်တူရွယ်တူများထက် ပိုငယ်ပြီး ပို၍ပင် တက်ကြွနေသင့်သည်။

 

သို့ရာတွင် ထိုသက်လတ်ပိုင်းလူကမူ ဆန့်ကျင်ဘက် ဖြစ်သည်။ သူ၏ခန္ဓာကိုယ်က သစ်ပင်အိုကြီးလို ဖြစ်နေရုံသာ မကသေးလေပဲ မျက်နှာတွင် အရေးကြောင်းများ ပြည့်နှက်နေသည်မှာ ညိုးနွမ်းနေသော သစ်ပင်အခေါက်များအလား ထင်ရသည်။

 

ဆံပင်ကိုလည်း အခြားသော ယန်ရှစ်ရွှမ်း တွေ့ဖူးသည့် တာအိုဘုန်းတော်ကြီးကဲ့သို့ သပ်သပ်ရပ်ရပ် မဖြီးသင်ထားချေ။ ယခုလို ဆံပင်ပုံစံက ထိုက်ချီ၏ ဘေးဆံထုံး ဟွန်ရွှန်၏ ဘေးဆံထုံးကဲ့သို့ မဟုတ်လေပဲ ယန်ရှစ်ရွှမ်း မြင်ဖူးသော ရှုပ်ထွေးသည့် ဆံပင်ပုံစံဖြစ်နေသည်။

 

အနှစ်ချုပ်ဆိုရသော ပုံပန်းသွင်ပြင်က မကောင်းချေ။ သက်လတ်ပိုင်းလူကမူ တက်ကြွစွာ ဖြေသည်။

 

“မစိုးရိမ်ပါနဲ့ နေဖို့ လုံလောက်တယ်။ အားလုံး ဝင်လာခဲ့ကြ။ ငါ အခုလေးတင် ရေနွေးတစ်အိုး ကျိုထားတာ။ အအေးဓာတ်ပြေအောင် နွေးနွေးထွေးထွေးလေး ရေချိုးလိုက်ကြ”

 

လူနှစ်ယောက်ကလည်း ပြုံးပြီး အရင်ဝင်သွားကြသည်။ မင်းသမီးနှင့် အခြားသော ဧည့်သည်များက အများကြီး မတွေးကြပဲ ထီးများကိုင်လျက် အလျင်စလို ပြေးလာခဲ့ကြသည်။ မိုးစိုပြီး မိတ်ကပ်ဖျက်ချင်သည့် အမျိုးသမီးဧည့်သည်က သက်လတ်ပိုင်းလူကို ကြည့်ပင်မကြည့်ချေ။ သူမက အခန်းနေရာကိုသာ မေးပြီး အလျင်စလို ဝင်သွားသည်။

 

အန်းနန်ယွမ်၊ ပိုင်ရွှမ်းနှင့် အခြားသောသူများကသာ ယန်ရှစ်ရွှမ်းကိုကြည့်ပြီး သူ၏လှုပ်ရှားမှုကို စောင့်သည်။

51 03

နောက်ဆုံးကားထဲမှ ဆင်းလာသောတစ်ယောက်က  ဒါရိုက်တာ၏လက်ထောက် ဖြစ်သည်။

 

အရပ်ရှည်ရှည်နှင့် ထိုလူက ကားနားတွင်ရပ်ပြီး ကား၏အရိပ်အောက်တွင် ရှိနေသည်။ မဲမှောင်နေသော ညတွင်ပင် သူ၏အောက်သို့ငိုက်ဆောင်းထားသည့် လျှာထိုးဦးထုပ်က အလွန်နိမ့်နေသေးရာ သူသည် သဲလွန်စဖြင့် မချန်ထားရစ်ပဲ ယန်ရှစ်ရွှမ်းကိုသာ ကြည့်နေသည်။

 

“ဘာဖြစ်လို့လဲ”

 

သက်လတ်ပိုင်းလူကြီးက ထိုလူများက အချိန်အတန်ကြာ တိတ်ဆိတ်နေကြကြောင်း မြင်သောအခါ ပြုံးလိုက်ရင်း ပြောသည်။

 

“မစိုးရိမ်ပါနဲ့ ငါတို့တောင်ဘုရားကျောင်းရဲ့ အခြေအနေက မဆိုးပါဘူး။ မင်းတို့တွေက မြို့ကထင်တယ်။ ဟုတ်တယ်မလား။ ငါတို့က တစ်နှစ်ပတ်လုံး တောင်ဘုရားပွဲတွေကြောင့် ဒီနေရာမှာ လူတွေလာနေနေကြလေ။ ကိုးကွယ်ပူဇော်သူတွေကလည်း အများကြီးပဲ။ ဒါကြောင့် အခန်းတွေက ကောင်းမွန်တဲ့ အခြေအနေတွေမှာ ရှိတယ်။ လူတိုင်း တစ်ညတည်းဖို့အတွက် ကောင်းကောင်းလေး လုံလောက်ပါတယ်”

 

“အဲ့ဒီလိုမှ မဟုတ်ရင် ဒီနားမှာ ရွာတွေလည်း မရှိဘူး။ ဟော်တယ်တွေလည်း ရှိတာမဟုတ်ဘူး။ ဒီတော့ မင်းတို့ကောင်းကောင်းနေဖို့ နေစရာ ရှာရခက်လိမ့်မယ်”

 

သက်လတ်ပိုင်းအရွယ်လူက ထိုသို့ သဘောတကျ ပြောသည်။ မည်သည့်ပုံစံကမှ သာမာန်နှင့် ကွဲထွက်မနေပါချေ။

 

မိုးက ပို၍သည်းလာသည်။ မိုးထဲတွင် ပြင်းထန်သည့် အရှိန်အဟုန်ကပင် ပါလာ၏။ လူတိုင်းကိုင်ထားသော ထီးများက အသုံးမဝင်တော့ချေ။ မိုးက သူတို့၏ ပုခုံးကို စိုစွတ်လာစေသည်။

 

မိုးလိုက်ကာက အပြင်လောကနှင့် အဆက်အသွယ်ကို ဖြတ်သွားလေရာ လမ်းကိုပင် ဝေးဝါးသွားစေသည်။ တောင်နှင့် ဂူဘုရားကျောင်းက သီးသန့်စွာ တည်ရှိနေသည့် လောကတစ်ခုလိုမျိုး ထိုနေရာတွင် သူတို့က မထွက်သွားနိုင်သလိုမျိုး ဖြစ်လာသည်။

 

ယန်ရှစ်ရွှမ်းက အချိန်အတန်ကြာ စိုက်ကြည့်နေပြီး တောင်ဘုရားကျောင်းထံမှ အကြည့်လွှဲလိုက်ကာ သက်လတ်ပိုင်းအရွယ်လူကို ခေါင်းညိတ်ပြလိုက်သည်။

 

“အနှောက်အယှက်ပေးရတဲ့အတွက် စိတ်မကောင်းပါဘူး”

 

ယန်ရှစ်ရွှမ်းက ရှေ့သို့ အရင်လှမ်းသည်။ အန်းနန်ယွမ်နှင့် ဧည့်သည်များကမူ နောက်က လိုက်ချင်သည်။

 

ဒါရိုက်ဘာကမူ ကားထဲတွင် အိပ်ချင်သည်။ သူက ကားကို စောင့်ကြည့်ရမည်။ သို့သော် သက်လတ်ပိုင်းအရွယ် လူကြီးက ပြုံးပြီး အထဲသို့ ဝင်ခိုင်းသည်။ မိုးရွာသောနေ့တွင် ရေအေးအေးဆေးဆေးချိုးပြီး စောင်အောက်တွင် နေခြင်းက ပိုကောင်းသည်ဟု ဆိုသည်။ မဟုတ်လျှင် လမ်းတွင် အေးနေပေလိမ့်မည်။

 

မူလကမူ ငြင်းဆန်ချင်သော ဒါရိုက်ဘာကမူ ရုတ်တရက် သက်လတ်ပိုင်းလူက ပြောသော စကားကို ကြားပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းမှ ပျင်းရိမှုကို တောင့်မခံနိုင်တော့ချေ။ သူက ပြုံးပြီး သဘောတူလိုက်သည်။ ထိုသို့ဖြင့် ကားထဲသို့ ပြန်မဝင်ခင် ရေပူချိုးရန် ဆုံးဖြတ်လိုက်လေသည်။

 

ဒါရိုက်တာ၏လက်ထောက်၏ ခြေတံရှည်များက တောင်ဘုရားကျောင်းသို့ ဖြတ်ဝင်ခါနီးအချိန်တွင်  တစ်ခဏခန့် ရပ်တန့်သွားသည်။ သူက ခေါင်းကို အသာစောင်းပြီး တံခါးအပြင်ဘက်တွင် ကပ်ထားသည့် ရုပ်ထုလေးကို ကြည့်လိုက်သည်။ သူ၏အေးစက်ပြီး ခံစားချက်မဲ့သည့် မျက်လုံးက အေးခဲသွားသည်။

 

ထိုအနီရောင် စက္ကူရုပ်ထုလေးက အရောင်လျော့ပါးပြီး ပျက်စီးနေပြီ ဖြစ်သည်။ သို့သော် အတွင်းတွင် ရေးသားထားသည့် စကားလုံးကို ခပ်ရေးရေးသာ မြင်နိုင်သည်။

 

သရဲတစ်ကောင်မှ မရှိစေရ။ ဒါဟာ သာမာန်ရုပ်ထုသာ ဖြစ်သည်။ ထို့နောက်ပိုင်း စကားအပြည့်အစုံကမူ ကပ်ဘေးကို ဖယ်ရှားနိုင်ခြင်း စသည်ဖြင့် အကြောင်းအရာများကို ဖြစ်သင့်သည်။ သို့သော် ယခုစာကြောင်းတွင် စကားလုံးပေါင်းများစွာ ပျောက်ဆုံးနေသည်။ ထို့ကြောင့် ပြောင်းလဲသွားသော အဓိပ္ပာယ်ကမူ တစ်မျိုးဖြစ်သွားသည်။

 

နတ်ဘုရားက ပျောက်နေတယ်။

 

ကပ်ဘေးကို မဖယ်ရှားနိုင်တော့ဘူး။

 

အပြင်ဘက်တွင် မိုးက ပြင်းထန်စွာ ရွာသွန်းနေသောကြောင့် အေးစက်ပြီး ရှင်းလင်းသော နေရာအခြေအနေမျိုးနှင့် နိူင်းယှဉ်သော် တောင်ဘုရားကျောင်း၏ အတွင်းပိုင်းက နွေးထွေးပြီး ကြိုဆိုခံနေရသလို ဖြစ်နေသည်။ တောက်ပသည့် မီးအလင်းရောင်များက လူတိုင်း၏ စိုးရိမ်စိတ်များကို ဖယ်ရှားပစ်လိုက်ပြီး အားလုံးကို စိတ်အေးသွားစေသည်။

 

သို့ရာတွင် တောင်ဘုရားကျောင်းက နေရာအကျယ်ကြီးကို ယူထားသော်လည်း အခန်းများ၏ အရေအတွက်က အကန့်အသတ်ရှိလေရာ တစ်ယောက်တစ်ခန်း မရနိုင်ချေ။

 

သတ်လတ်ပိုင်းအရွယ် လူအိုကြီးက နောက်ပြန်လှည့်ပြီး အချိန်အတန်ကြာ သန့်ရှင်းပေးပြီးသည့်တိုင်အောင် အိပ်ယာခင်းများက ၆ခန်းသာ ရနိုင်သည်။

51 04

လူ၏ အိုမင်းကြီးသော ခန္ဓာကိုယ်ကြီးက ကုန်းနေလျက်သား ဖြစ်နေသည်။ သူဟာ ရှက်ရွံ့မှုကို ဖော်ပြ၏။

 

“မိုးရာသီဆိုတော့ စောင်တွေနဲ့ အိပ်ယာခင်းတွေက စိုထိုင်းထိုင်း ဖြစ်နေတယ်။ ဒီ‌တော့ အိပ်စက်ဖို့ မသင့်တော်တော့ဘူး။ သိပ်မကြာခင်ကတင် နေထွက်လာတုန်းလေး ငါ ဒီစောင်၊ အိပ်ယာခင်းတွေကို လှမ်းခဲ့တာ။ ဒါကြောင့် အိပ်ယာကြီးခြောက်ခုပဲ လုံလောက်လိမ့်မယ်။ နောက်ပြီး အခန်းတွေတော့ ရှိနေသေးပေမယ့် ဒီအခန်းတွေက အရင်က အစာသိုလှောင်ဖူးသော တောင်ထဲက အခြားသတ္တဝါသေးသေးလေးတွေက အသိုက်ဖွဲ့ပြီး နေနေတာလေ။ ဒီလောက်နောက်ကျမှတော့ သူတို့ကို မောင်းထုတ်လို့ကလည်း မကောင်းဘူး။ တောင်နတ်ဘုရားသိရင် စိတ်ဆိုးသွားလိမ့်မယ်။ ဒါကြောင့် ငါ မလုပ်ရဲပါဘူး”

 

“ကြည့်ဦး အားလုံးပဲ ဝင်တိုးပြီး အိပ်နိုင်ကြတယ် မဟုတ်လား”

 

ထိုစကား ထွက်လာပြီးပြီးချင်း ခရီးဆောင်အိတ်ကို သယ်လာပြီး သူမနေရန် အကောင်းဆုံးအခန်းကို လိုချင်သည့် မင်းသမီးက မပျော်မရွှင် ဖြစ်သွားသည်။

 

“ငါ ဘယ်သူလဲ နင်သိလား။ နင် ငါ့ကို မသိဘူးဟုတ်လား။ ငါက ဘယ်လိုကြောင့် အခြားသူတွေနဲ့ တိုးပြီးအိပ်ရမှာလဲ”

 

အားလုံးက အခန်းခြောက်ခန်း ရှိသည်။ ဧည့်သည်က ရှစ်ယောက်ရှိပြီး တိုးဂိုက်တစ်ယောက်နှင့် ဒါရိုက်တာ၏ လက်ထောက်ပေါင်းလိုက်သော် ဆယ်ယောက်ဖြစ်သည်။ ထို့အပြင် ဘေးဘက်တွင် ညီအစ်ကိုနှစ်ယောက်က ရှိနေသေးသည်။ ထိုသို့ဆိုလျှင် လူနှစ်ယောက်က တစ်ခန်းတည်း ဝင်တိုးရပေလိမ့်မည်။

 

သို့သော် ပိုင်ရွှမ်းနှင့် မင်းသမီးတို့ နှစ်ယောက်လုံးက မင်းသမီးများ ဖြစ်နေသောကြောင့် သူတို့ကသာ အတူအိပ်ရလျှင် ထိုနှစ်ယောက်သာ ဖြစ်သည်။

 

သို့သော် မင်းသမီး၏စကားကို ကြားပြီးနောက် လက်ရှိအခြေအနေအား သူမအခွဲဖန်သားပြင်ကို ရှင်းပြနေသည့် ပိုင်ရွှမ်း၏ ချိုမြန်သော အပြုံးက ပျောက်သွားသည်။

 

“မင်း ဘာကိုဆိုလိုတာလဲ”

 

ယခုတလောမှ နာမည်ကြီးလာသော ထိုမင်းသမီးနှင့် မတူသည်မှာ ပိုင်ရွှမ်းသည် နာမည်ကြီးနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူမက ပုံမှန်အားဖြင့် စတားတစ်ယောက်လိုမျိုး မောက်မာထောင်လွှားခြင်း မရှိသော်လည်း စတားအရသာဆိုသော စိတ်က သူမ၏အရိုးထဲ စွဲနေခဲ့ပြီးသား ဖြစ်၏။ ယခုလိုမျိုး သူမက မျက်နှာကို အနည်းငယ် နှိမ့်ပြီး အသံကိုတိုးကာ ပြောလိုက်သည့်တိုင်အောင် သူမ၏လေသံက မမြင့်နေသည့်တိုင်အောင် သူမတွင်လည်း အရှိန်အဝါရှိသည်။

 

 “ဒီမှာ ငါတို့နှစ်ယောက်ပဲ မိန်းကလေးတွေ ရှိတာ နင်က ဘယ်သူ့ကို ပြောတာလဲ”

 

ပိုင်ရွှမ်းက  လှောင်သည်။

 

“သေချာကြည့်စမ်းပါ။ ငါတို့က အခု ဟော်တည်ကို ရောက်နေတာလည်း မဟုတ်ဘူး။ နင် လိုချင်တာကို ဖြည့်ဆည်းပေးမယ့် စားပွဲထိုးတွေလည်း ရှိတာမဟုတ်ဘူး။ ဒီလောက်ကြီးတဲ့ ဘုရားကျောင်းကတောင် နင့်အတွက် အဆင်မပြေရင် နင်သွားလိုက်လေ။ ယန်ကော ပြောတာ မှန်တယ်။ ငါတို့က ဒီလောက်ကြီးတဲ့ ဗုဒ္ဓကို ဒီနေရာမှာ နေရာထိုင်ခင်း မပေးနိုင်ပါဘူး”

 

မင်းသမီးကလည်း အမြဲတစေ သူမကို လစ်လျူရှုထားသော ပိုင်ရွှမ်းက သူမကို ရုတ်တရက်ကြီး  ဒေါသထွက်သွားလိမ့်မည်ဟု မထင်ထားမိချေ။

 

ထို့အပြင် ဒါဟာ ကင်မရာ၏အရှေ့တွင် ဖြစ်သည်။ သူမက နှစ်စက္ကန့်ခန့် တုန့်ဆိုင်းသွားပြီးနောက် စတင်ကာ တုန့်ပြန်သည်။ ထို့နောက် သူမ၏ လက်သည်းရှည်များနှင့် လက်ကို  ပိုင်ရွှမ်းထံ ဆန့်ထုတ်လိုက်သည်။

 

“နင်___”

 

“အာ ဟေ့ ဟေ့ ရန်မဖြစ်ကြနဲ့ ရန်မဖြစ်ကြနဲ့ ငါတို့ အမျိုးကောင်းသားနှစ်ယောက်က တိုးဝှေ့အိပ်လို့ရပါတယ်။ မင်းတို့တွေက ငါတို့အခန်းမှာ အိပ်လိုက်”

 

သက်လတ်ပိုင်းလူနှင့် ရင်းနှီးပြီးသား လူကြီးနှစ်ယောက်က ဒီနေရာက ဝရုန်းသုန်းကား အခြေအနေကို မြင်သောအခါ အပြေးအလွှား လာကြသည်။ သူတို့က တိုက်ပွဲကို ဖြေရှင်းရင်း နဂိုက သူတို့အိပ်မည့်အခန်းကိုလည်း လက်လျော့ပေးသွားသည်။

 

မင်းသမီးကမူ တစ်စုံတစ်ရာ ပြောလိုသေးသည်။ သို့သော် ယန်ရှစ်ရွှမ်းကမူ အေးစက်သော မျက်လုံးဖြင့် တစ်ချက်ကြည့်လိုက်သည့် အခိုက်အတန့်တွင် သူမက တုန်ယင်သွားရသည်။

 

ဘာကြောင့်လဲမသိ။ သူမ၏ကျော်ကြားမှုသည် ထရန့်ဖြစ်နေတာကြောင့် လူတိုင်းကို အထင်တသေး ကြည့်နိုင်သော သူမက ယန်ရှစ်ရွှမ်းကို ဝေဖန်ရချိန်တွင် အနည်းငယ် ကြောက်နေသည်။ သူမ ပိုင်ဆိုင်ထားပြီး ဂုဏ်ယူရသော အရာအားလုံးက ယန်ရှစ်ရွှမ်း၏အရှေ့တွင် ဘာမှမဟုတ်သလိုမျိုး ဖြစ်နေ၏။ သူ့တွင်လည်း သူ၏ကိုယ်ပိုင်လောက ရှိပြီး ကျယ်ပြောသော လောကကြီး ဖြစ်နေသေးပြန်သည်။ သူ၏မျက်လုံးကို သူမဟာ သေးငယ်လွန်းသဖြင့် ဟင်းရွက်၊ ကန်စွန်းရွက်နှင့်ပင် နိူင်းမယှဉ်နိုင်ဟု ခံစားရစေသည်။

 

******