Ch 50
Viewers 6k

50 01

အပိုင်း(၅၀)

 

အများအားဖြင့် မြို့တွင်သာ နေဖြစ်သော ဧည့်သည်များအနေဖြင့် ကားပြတင်းပေါက်မှ တဆင့် မြင်နေရသော မြင်ကွင်းတွင် လူသူရှင်းလင်းခြင်း၊ မီးရောင်ရှင်းလင်းခြင်းနှင့် အဆောက်အဦးများ ကင်းမဲ့ပြီး တောကြီးမျက်မည်းဖြစ်နေကြောင်း မြင်သောအခါ အကြောင်းပြချက်မရှိ ဖိအား  များလာကြသည်။

 

ရွှံ့များပေကျံနေသည့်လမ်းကို ကားက ဖြတ်သန်းသွားနေရသည့်အပြင် အဝေးတွင်လည်း တောင်တန်းကြီးနှစ်ခုအကြား နေရောင်သည် ဆက်တိုက်  ဖြတ်တိုက် ဆန့်ထွက်သေးကြောင်းကိုလည်း မြင်ရသေးသည်။ သို့သော် ထိုနေရာကို ဖြတ်သန်းသွားလျှင် ကြောက်မက်ဖွယ်ကောင်းသည့် တံခါးစောင့်နတ်ဘုရားက ရှိနေသလိုမျိုး သူတို့ဟာ အမည်မသိရသည့် လောကအတွင်းသို့ ခေါ်ဆောင်သွားပေးသလို ခံစားလာရသည်။

 

လမ်းပေါ်တွင်ရှိသော ကျောက်စရစ်ခဲများကြောင့် ကားက မကြာခဏဆိုသလို ရမ်းခါနေပြီး အရှေ့ဘက်မှလည်း လေကလည်း တိုက်ခိုက် နေသေးသည်။ ထိုအတွက်ကြောင့် အလွန်အမင်း ရမ်းခါနေလေရာ အချိန်မရွေး လဲကျတော့မလို ခံစားရစေပြန်သည်။

 

ယန်ရှစ်ရွှမ်းက ကားထဲတွင် ထိုင်နေသည့်တိုင်အောင် သူကိုယ်တိုင်ကလည်း ပြတင်းပေါက်အဟကြားမှ တိုးဝင်လာသော လေက မျက်နှာကို ရိုက်ခတ်နေကြောင်း ခံစားမိလေသည်။

 

သူသည် အမှောင်ညအတွင်းတွင် ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်သလို ယန်ရှစ်ရွှမ်းဟာ ခပ်ရေးရေး မြင်နေရသော တောင်တန်းများနှင့် အရှေ့ဘက်မှ တိုက်ခတ် လာသည်ဟု ယူဆရသော လေပြင်းများက တောင်တန်းနှစ်ခုအကြားရှိ ကျဉ်းမြောင်းသော ပါးစပ်အတွင်းမှ မှုတ်ထုတ်လိုက်သည့် လေများသဖွယ် ဖြစ်နေကြောင်း ခံစားလိုက်ရသည်။

 

နောက်ပြီး ဖုန်းရွှေအရ ဒီလိုမြေမျက်နှာသွင်ပြင် အနေအထားမျိုးကို လေထန်တဲ့ လမ်းကျဉ်းလို့ ခေါ်တယ်။ လေက ထန်လေလေ ဖျက်ဆီးမှုက ပြင်းလေလေ အန္တရာယ် ပိုများလေလေ။

 

သာမာန်အသိစိတ်ရှိသော ရှုထောင့်တစ်ခုမှ ကြည့်လိုက်သော် ထိုမျှ ပြင်းထန်သည့်  လေပြင်းက ကြီးမားသော လေတိုက်အားကို ဖြစ်ပေါ်စေနိုင်ပြီး ရှေ့တွင် ရှိနေသော ကျဉ်းမြောင်းသော လမ်းကို ပို၍ကျဉ်းသွားစေနိုင်သည်။ ထိုအခါ ကားတစ်စီး ဖြတ်နိုင်ရုံသာ ကျယ်နိုင်တော့လေသည်။ အမြင်အာရုံက မကောင်းလျှင် သို့မဟုတ် အချိန်မှီ မတုန့်ပြန်နိုင်ခင် တောင်ဘေးပတ်နှင့် ခြစ်မိနိုင်သေးသည်။ မိုးကရွာထားသော တောင်မြေများက လျောကျလာနိုင်သည်။ ထို့ကြောင့် ယာဉ်များက တောင်ပေါ်မှ ကျောက်တုံးများကို အချိန်မှီရှောင်းရှားနိုင်လိမ့်မည် မဟုတ်ချေ။

 

ထို့ကြောင့် သူတို့ ရှေ့ဆက်သွားလို့ မရဘူး။

 

ယန်ရှစ်ရွှမ်းက တည်ငြိမ်စွာ ပြောသည်။

 

“ဒါရိုက်ဘာ အရှေ့ကကားနဲ့ နောက်က ကားကို ရပ်ဖို့ပြောလိုက်။ ငါတို့ ဒီညရှေ့ကတောင်ကို ဖြတ်သွားလို့ မရနိုင်ဘူး။ ဒီအနီးအနားမှာ ရွာတွေ ရှိမရှိ စစ်ကြည့်ရမယ်”

 

ထိုစကားကို ကြားသောအခါ တုန်ယင်သော နှလုံးသားနှင့် မောင်းနေရသော ဒါရိုက်ဘာက ကျန်းဝူပင်းကို ခပ်မြန်မြန် ဖုန်းခေါ်လိုက်သည်။ ထို့သို့ဖြင့် အရှေ့မှ ကားကို ရပ်ခိုင်းသည်။ သို့ရာတွင် သူက နောက်ဘက်မှ ကားကို ကြည့်ပြီး ဖုန်းခေါ်သောအခါ ပီ ပီ ပီ အသံကိုသာ ကြားရသည်။

 

လိုင်းမမိတာလား မဟုတ်တာ။ ငါ အခုလေးတင် သူတို့မှီလာအောင် တမင်အရှိန်ကို နှေးလိုက်တာပါ”

 

ဒါရိုက်ဘာက ရုတ်တရက် သူ၏ဖုန်းကို ချလိုက်ပြီး လမ်းဘေးဘက်တွင် ကပ်ရပ်လိုက်သည်။

 

“လိုင်းမမိဘူး ဟုတ်လား”

 

ရှေ့ကားနဲ့နောက်ကားက တစ်ကီလိုမီတာ အကွာအဝေးတောင် မရှိတာကို လိုင်းက မမိဘူးတဲ့လား။

 

နောက်ပြီး ကျန်းဝူပင်းဆီတော့ ဖုန်းခေါ်လို့ရပြီး နောက်ဘက်ကိုတော့ မရဘူးလား။

 

ယန်ရှစ်ရွှမ်းက ကားမရပ်သေးခင် နောက်သို့ လှည့်ပြီး ကြည့်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူတို့၏နှလုံးသားက လေးလံသွားသည်။

 

“နောက်မှာ ဘာကားမှ မရှိဘူး”

 

နောက်ဘက်မှ ကပ်လိုက်လာသင့်သည့် ဝန်ထမ်းများ၏ကားက မည်သည့် အချိန်ကမှန်း မသိ မျက်ခြေပြတ်ပြီး ကျန်ခဲ့ပြီဖြစ်သည်။ ဧည့်သည်ကား၏ အနောက်ဘက်တွင် ရှင်းလင်း‌သော အမှောင်ထုကသာ ကြီးစိုးနေသည်။

 

“ယန်ကော ဘာလို့ ရုတ်တရက် ကားကို ရပ်လိုက်တာ”

 

ကျန်းဝူပင်းက ဒါရိုက်ဘာကို ဖုန်းပြန်ခေါ်သည်။ သို့သော် သူက ယန်ရှစ်ရွှမ်းကိုသာ မေး၏။

50 02

“ငါတို့ ဘိုကင် ယူထားတဲ့ ကြယ်ကောင်းကင် ဖန်သားပြင်ဟော်တည်က တောင်ကို ဖြတ်ပြီးတာနဲ့ ၂နာရီလောက်ပဲ ဆက်မောင်းရတော့မယ်။ ငါတို့သာ ဒီညဒီမှာနေရင် အိပ်စရာနေရာ မရှိဘူးမလား”

 

“ဒီဆင်ခြေလျှောက ကမ်းရိုးတန်းနယ်နိမိတ်ကို ကျော်နေတာ။ မိုးက ရက်ပေါင်းများစွာ ရွာနေခဲ့တာ ထင်တယ်။ ဒါကြောင့် တောင်တန်းတွေက စိုစွတ်နေပြီ”

 

ယန်ရှစ်ရွှမ်းက တည်ငြိမ်သော လေသံနှင့် မေးလိုက်သည်။

 

“တောင်နှစ်တောင်ကြားက လမ်းက အရမ်းတော့ မကျယ်လောက်ဘူး။ ဒါပေမယ့် အရမ်းမကျဉ်းမှာ သေချာရဲ့လား။ မြေပြိုထားတာမျိုး အခြားမတော်တဆမှုမျိုး ရှိနိုင်လား။ ဒါက တစ်လမ်းသွားဖြစ်လောက်တယ်။ တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့လျှင် အဲဒီမှာ ကား ပိတ်သွားတဲ့အခါ ရှေ့တိုးလို့လဲ မရ နောက်ဆုတ်လို့လဲမရ ဖြစ်သွားလိမ့်မယ်”

 

ကျန်းဝူပင်းက နှလုံးသား လေးလံသွားသည်။ သူသည် ဆက်လက်ပြီး မဖြေရဲတော့ချေ။ ယန်ရှစ်ရွှမ်းက ထိုကိစ္စအကြောင်းကို ပြောသောအခါ သူသည်လည်း ရုတ်တရက် သူသည် ထိုအခြေအနေကို လစ်လျူရှုမိကြောင်း၊ တစ်လုံးမှ မတွေးမိကြောင်း သိလိုက်သည်။

 

ဒါပေမယ့်_ _ _

 

“ယန်ကော ယန်ကောရဲ့ဖုန်းက စက်ပိတ်နေတာလား”

 

ကျန်းဝူပင်းက စိတ်ရှုပ်ထွေးစွာနှင့်ဖြင့် ယန်ရှစ်ရွှမ်း၏အာရုံကို ပြောင်းအောင် လုပ်သည်။ ထိုသို့ဖြင့် အကြောင်းအရာပြောင်းသည်။

 

“ငါ အခုလေးတင် ခေါ်ကြည့်သေးတယ်။ ဒါပေမယ့် ဘာလို့ ဖုန်းကို စက်ပိတ် ထားတာလဲ။ ဒါကြောင့် ငါ ဒါရိုက်ဘာက တဆင့် ခေါ်ရတာလေ”

 

ယန်ရှစ်ရွှမ်းက ဆူပူမည့် အခြေအနေကို ကြောက်လန့်သဖြင့် ကျန်းဝူပင်းက ဆက်ပြောသည်။

 

“ယန်ကော ပြောတဲ့အတိုင်း လုပ်ရအောင်။ ဒီနေရာမှာ တစ်ညနေပြီး ရွာတစ်ရွာ ရှာကြတာပေါ့။ အဲဒီနောက် မနက်ဖြန်  ထွက်မယ်။ ငါ မှတ်မိတာမှန်မယ်ဆိုရင် အရင်မြေပုံကို ကြည့်တုန်းက ဒီနေရာမှာ ရွာတစ်ရွာ ရှိသလိုပဲ။ ငါ့ရဲ့ကားက ကွေ့ထားပြီးသား။ အခု ငါတို့အဲဒီဘက်ကို လာမယ်။ ယန်ကော ငါတို့တွေ့မယ်”

 

သူက စိတ်ရှုပ်ထွေးစွာနှင့် စကားလုံးအနည်းငယ် ရေရွတ်လိုက်မိသည်။

 

“ထူးဆန်းလိုက်တာ ဒီနေ့ မိုးသည်းမယ်လို့လဲ မကြေငြာထားပါဘူး။ ငါတို့ လမ်းကြောင်း ပြောင်းလိုက်လို့လား။ အဲဒီမှာ မိုးမရွာဘူးလား။ ဒီနေရာမှာပဲ မိုးရွာတာလား”

 

“ဖုန်း ဟုတ်လား”

 

ယန်ရှစ်ရွှမ်း လက်တွင် အမြဲတစေ ဖုန်းကိုင်ထားပြီး တစ်ချိန်လုံး ဖုန်းမရှိပဲ မနေနိုင်သောသူ မဟုတ်ချေ။ ကျန်းဝူပင်းက မေးသောကြောင့်သာ မဟုတ်လျှင် သူက သူ့ဖုန်းကို သူ ပျောက်မှန်း သိလိမ့်မည် မဟုတ်ချေ။ သူက ဖုန်းကို စမ်းကြည့်သော်လည်း ရှင်းလင်း နေသည်။ သို့သော် ယန်ရှစ်ရွှမ်းကမူ ထိုဖုန်းကို အာရုံစိုက် မနေချေ။ သူက ကျန်းဝူပင်းကိုသာ မေးလိုက်သည်။

 

“မင်း နောက်က ကားဆီ လမ်းကြောင်းအသစ် ပို့လိုက်ပြီ မဟုတ်လား။ မင်း နောက်ဘက်က ဝန်ထမ်းကားနဲ့ နောက်ဆုံး အဆက်အသွယ် ရတာက ဘယ်အချိန်လောက်ကလဲ”

 

ကျန်းဝူပင်းက စိတ်ရှုပ်ထွေး  သွားသည်။ သို့သော် ယန်ကောက မေးနေသဖြင့် နာခံစွာ ပြန်ဖြေ၏။

 

“ဆက်သွယ်ပါသေးတယ်။ မှောင်ပြီးတဲ့နောက်မှာမှ မဆက်သွယ်ဖြစ်တော့တာ ထင်တယ်။ ဘာဖြစ်လို့လဲ ယန်ကော”

 

“နောက်ဘက်မှာဝန်ထမ်းကားက မလိုက်လာဘူး”

 

“…..”

 

ကျန်းဝူပင်း “???”

 

ကြောက်လန့်တကြား ကျန်းဝူပင်းက ဒါရိုက်တာကားကို ခပ်မြန်မြန် ပြန်လှည့်လာသည်။

 

ကျန်းဝူပင်းကို စောင့်နေရင်း ယန်ရှစ်ရွှမ်းက ဧည့်သည်များအား ကားထဲမှ ထွက်ခွာခွင့် မပြုချေ။ မင်းသမီးကမူ မူလက ကားက ပြည့်ကျပ် လွန်းသဖြင့် သူမက အပြင်သို့ထွ က်ပြီး လေသန့်လေကောင်းများ ရှူချင်သည်ဟု ဆိုသည်။ သို့သော် ယန်ရှစ်ရွှမ်း၏ စူးရှသော‌ အကြည့်အောက်တွင် ကြောက်လန့်သွားပြီး နောက်တွန့်သွားသည်။ ထို့နောက် စကား  ဆက်မပြောတော့ချေ။

 

မိုးစက်များက ကားခေါင်မိုးပေါ်သို့ ထိမှန်လာသည်မှာ ကျောက်တုံးများ ပစ်ချနေရသည်အလား ထင်ရပြီး အသံကျယ်လွန်းသဖြင့် သတ္တုခေါင်မိုးက ပေါက်ထွက်တော့မည်ဟု ခံစားလာရသည်။

 

ကားထဲမှ တောက်ပသော မီးရောင်က မနွေးထွေးတော့ချေ။ ထိုအစား မကောင်းဆိုးဝါးများကို ဆွဲဆောင်ရန် အလင်းရောင်ထုတ်ပေးထားသလို ဖြစ်လာသည်။

 

အဆုံးအစမဲ့‌အောင် မှောင်မဲနေသော တောင်တန်းများ၏ ပစ်မှတ်များ ဖြစ်လာပြီးနောက် မကောင်းဆိုးဝါးများ၏ ဝါးမြိုမှုကို ခံနိုင်ရသလို ခံစားလိုက်ရသည်။

 

ကားထဲမှ ဧည်သည်များ အားလုံးက တိတ်ဆိတ်သွားကြပြီး စိုးရိမ်တကြီး စောင့်ဆိုင်း နေကြသည်။

 

ပြတင်းပေါက်နားတွင် တစ်ချိန်လုံး ထိုင်နေခဲ့သည့် ပိုင်ရွှမ်းက အတွင်းဘက်သို့ တဖြည်းဖြည်း ကြုတ်သွားပြီး ပြတင်းပေါက်အပြင်ဘက်ရှိ အမှောင်ထုနှင့် ဝေးဝေး နေလိုလေသည်။ သူမ၏နှလုံးသား အခုန်နူန်း မြန်ဆန်နေပြီး သူမ၏နှလုံးသားနှင့် လျှာများကလည်း လေးလံ အေးစက် နေသည်။ သူမက ကုဒ်အင်္ကျီကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး ကိုယ့်ကိုယ်ကို လုံခြုံအောင် ကြိုးစားနေရသည်။

 

ထိုသို့ လုပ်လိုက်လျှင် အပြင်ဘက်ရှိ အန္တရာယ်များနှင့် မကောင်းဆိုးဝါးများ သူမထံ မချဉ်းကပ်နိုင်သလို ဖြစ်သည်။

 

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှေ့တွင် စောင့်ဆိုင်းနေသော ကြည့်ရှုသူများကလည်း ဧည့်သည်များ၏ စိတ်ဓာတ်ကျဖွယ် အခြေအနေကို ခံစားမိပြီး စိတ်မရှည် ဖြစ်လာကြသည်။

50 03

[မိုးက တအားရွာနေတာပဲ။ အစက‌တော့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက ပစ္စည်းတွေရဲ့စက်က ဆူညံနေတာကြောင့်လို့ ထင်နေခဲ့တာလေ။ ဒါကြောင့် ယန်ရှစ်ရွှမ်းကိုတောင်မှ ဆုံးဖြတ်ချက်ချတာ မြန်လွန်းတယ်။ အခြားသူတွေရဲ့ လုံခြုံရေးကို ဂရုမစိုက်ပဲ ကားကို ရပ်လိုက်တယ်လို့တောင် ပြောချင်နေခဲ့တာ။ အခုက ကားက ရပ်လိုက်ပြီး ဘယ်သူမှ စကားမပြောပဲ ရှိနေတော့မှ မိုးသံက တအား  ပြင်းလွန်းလို့ ကားတောင်မှ တောင်ပေါ်မတက်နိုင်တော့ဘူးလို့ သိလိုက်ရတယ်။ ယန်ရှစ်ရွှမ်းရဲ့ ဆုံးဖြတ်ချက်က တကယ်မှန်တယ်]

 

[အခုတလော နွေရာသီမှာ မိုးက ဒီလောက်သည်းသည်းထန်ထန် ရွာတတ်လို့လား။ ယန်ကောပြောတာ မှန်တယ်။ တောင်ပေါ်က မြေဆီလွှာတွေက မိုးကြောင့် စိုရွှဲနေမှာ။ နောက်ပြီး မြေပြိုကျတာတွေ၊ ကျောက်သား ပြိုကျတာတွေ ဖြစ်နိုင်တယ်။ ဒါက ဟာသမဟုတ်ဘူးနော်။ နောက်ပြီး အဲဒီမှာ လမ်းမီးတွေ မရှိတာတွေကို ကြည့်ပါဦး။ ဒါရိုက်ဘာရဲ့အမြင်ကလည်း ထင်သလောက် မကောင်းနိုင်ဘူး။ ဒီတော့ မတော်တဆ ဖြစ်နိုင်ဖို့ လွယ်တယ်]

 

 [ငါ ပျောက်သွားတဲ့ကားကို နည်းနည်း စိုးရိမ်နေမိတယ်။ လမ်းမှားသွားတာလား။ ဒါမှမဟုတ် တစ်ခုခု ဖြစ်သွားတာလား]

 

[ငါ့မှာ အမှောင်ကြောက်တဲ့ စိတ်ရှိတယ်။ အခုလို ဟင်းလင်းပြင်နေရာမျိုးမှာ ဒီမြင်ကွင်းက ငါ့ကို အော်ငိုမတတ်ပဲ။ ဒီလောက် မိုးတွေရွာနေတာ။ ညနက်ထဲမှာ တသီးတသန့် တည်ရှိနေတာက တကယ်တော့ ဒီလောက်မလုံခြုံဘူး။ အထူးသဖြင့် အခုက ဝံပုလွေရိုင်းတောင်ကို သွားနေကြတာ မဟုတ်ဘူးလား။ ဝံပုလွေရိုင်းတောင်က တကယ်ပဲ ဝံပုလွေရိုင်းလိုပဲ။ အရင်ခေတ်က နာမည်တွေကို သူတို့ရဲ့ ဝိသေသလက္ခဏာတွေ အရ ပေးကြတာလေ။ ဝံပုလွေရိုင်းတောင်လို့ ခေါ်တာက ဝံပုလွေရိုင်းတွေ ရှိနေတာကြောင့် ဖြစ်လောက်တယ်]

 

[ငါ့အဖွားမိသားစုက ရဲ့လန်တောင်ထိပ်မှာ‌ နေတာလေ။ ငါ ငယ်ငယ်တုန်းက ရဲ့လန်တောင်ကို သွားပြီး ခဏခဏ ကစားတတ်တယ်။ ငါ အရင်က ပြောတာ အမှန်ပဲ။ အရင်က ရဲ့လန်တောင်ထိပ်လို့ နာမည်ပေးခဲ့တယ် ဆိုပေမယ့်လည်း ငါအဖွားက ရဲ့လန်တောင်ထိပ်ကနေ ပြောင်းရွှေ့လာခဲ့ပြီး အခုနောက်ပိုင်း ငါတို့ မြို့လယ်မှာပဲ နေကြတာ။ အဲဒီလို မနေခင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ဖြစ်လိမ့်မယ်။ ဒါပေမယ့် အဲဒီအချိန်ကစပြီး ဝံပုလွေတွေအကြောင်းကို မကြားရတော့ဘူး]

 

[ငါလည်း ကြယ်စင်တွေကို ဓာတ်ပုံရိုက်ချင်လို့ ဝံပုလွေရိုင်းတောင်ထိပ်ကို သွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီက အရာအားလုံးက ရှင်းလင်းပြီး ခြောက်ကပ်နေတာပဲ။ ငါတို့ရဲ့ ဓာတ်ပုံရိုက်ကူးရေး အဖွဲ့တစ်ခုလုံး အဲဒီမှာ ရက်အများကြီး နေခဲ့တာ။ ဒါပေမယ့် လူတစ်ယောက်တောင်မှ မတွေ့ခဲ့ရဘူး။ အဲဒီက တောင်ဘုရားကျောင်း ဆိုရင်လည်း ခြောက်ကပ် ရှင်းလင်းနေတာပဲ။ ပြိုတော င်ပြိုကျနေပြီ။ နောက်ပြီး အမွှေးနံ့သာတိုင် ရောင်းတဲ့သူတွေ မရှိတာကြာပေါ့။ ပင့်ကူအိမ်တွေကလည်း ပြည့်နှက်နေတာပဲ။ တောင်နတ်ဘုရားရဲ့ ရုပ်ထုခေါင်းပိုင်းကြီးတောင် ပျောက်နေတာ။ အဲဒီအစား ရုပ်ထုထဲမှာ တိရိစ္ဆာန်ငယ်လေးတွေက အသိုက်ဖွဲ့ပြီး ဝင်နေကြတာလေ။ ဘယ်သူကမှ ဂရုမစိုက်ကြတော့ဘူး]

 

[ဟုတ်လား လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က ငါလည်း ငါ့ရဲ့မိသားစုနဲ့အတူ အဲဒီကို ထွက်သွားခဲ့သေးတယ်။ အဲဒီမှာ နေထိုင်တဲ့ရွာတွေ အများကြီးပါ]

 

[ဒါဆိုရင် လွန်ခဲ့တဲ့ ၁၀နှစ်ကျော်မှာ ဝံပုလွေတောင်ရိုင်းမှာ တစ်စုံတစ်ရာ ဖြစ်သွားခဲ့တာပေါ့။ အဲဒီနောက်___”

 

မိုးက သည်းသထက်  သည်းလာသည်။ ကားထဲမှ ဧည် သည်များက စိတ်မငြိမ်နိုင်ကြချေ။ ပြဿနာအရှာဆုံး မင်းသမီးကပင် ပါးစပ်ကို တင်းတင်းပိတ်ထားသည်။ ဇီဝဗေဒဆိုင်ရာ ရှင်သန်လွတ်မြောက်ခြင်း မသိစိတ်အရ တိတ်တိတ်ဆိတ်ဆိတ် နေပြီး မကောင်းသော အရာများကို မဆွဲဆောင်ရန် သူမအား သတိပေးနေရုံသာ မကသေးလေပဲ တံခါးဝတွင် ရပ်ပြီး တစ်စုံတစ်ရာကို တိတ်တဆိတ် စောင့်ဆိုင်းနေသည့် ယန်ရှစ်ရွှမ်း၏ မျက်နှာက တင်းမာလွန်းကာ အေးစက် လွန်းနေသောကြောင့် ဖြစ်နိုင်သည်။ သူထံမှ တိတ်ဆိတ်မှုက ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့သွားလေပြီး အန္တရာယ်များပြီး ကြောက်မက်ဖွယ် ကောင်းသည့် အရှိန်အဝါက စိမ့်ဝင်သွားသည်။ ထိုသို့ဖြင့် တစ်ကားလုံး၏ လေထုအခြေအနေကို တိတ်ဆိတ် သွားစေသည်။

 

ရုတ်တရက် မိုးလိုက်ကာအတွင်းမှ ဝေဝါးသည့် အလင်းရောင်က တစ်ချက် ပေါ်လာသည်။ ထို့နောက် ရှေ့ဘက်မှ ဧည့်သည်ကားထံ လာသည်။ ပုံပန်းသွင်ပြင်အရ ရှေ့ဘက်မှ လမ်းကြောင်းရှင်းရန်သွားသည့် ဒါရိုက်တာကား ဖြစ်နိုင်သည်။

 

“ယန်ကော ယန်ကော”

 

ကျန်းဝူပင်းက အပေါ်ပိုင်းတစ်ပိုင်းသာ လုံသည် မိုးကာလေးကို ဝတ်ထားသည်။ လေက တိုက်ခိုက် နေသောကြောင့် မိုးကာတစ်ခုလုံးက မိုလီပိုလီကဲ့သို့ ဖြစ်နေသည်။ အားနည်းသော အလင်းရောင်အော်တွင် ထူးဆန်းသော အရိပ်လိုမျိုး မြေပြင်ပေါ်တွင် ကျနေသည်မှာ လူသားပုံသဏ္ဍာန်ပင် မပေါ်သည့်အရာမျိုး ဖြစ်နေလေရာ ကြောက်စရာ ကောင်းနေလေသည်။ မျက်စိလျင်လျှင် ကျန်းဝူပင်း၏ ပုံစံက ခွေးအတစ်ကောင်ကဲ့သို့ ဖြစ်သည်။

 

လေးလံပြင်းပြသော မိုးက မြေပြင်ကို ရိုက်ခတ်သောအခါ ဆူညံသံပေါင်းများစွာ ထွက်လေရာ စကားပြောသောအသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်ရန် ခက်ခဲသည်။

 

ထို့အပြင် ရှင်းရှင်းလင်းလင်း မြင်နိုင်ရန်လည်း ခက်ခဲနေလေသေးသည်။

50 04

ကျန်းဝူပင်းက မျက်နှာမှ မိုးများကို သာမာန်ကာလျှံကာလို သုတ်လိုက်ပြီး နောက်ဘက်မှ ကား၏ အခြေအနေကို စစ်ဆေးကြည့်ရန် လျှောက်သွားလိုက်သည်။ မမျှော်လင့်ထားသည့်အတိုင်း နောက်ဘက်တွင် မည်သည့် မီးအလင်းမှ မရှိပါချေ။ သူက မျက်လုံးကို တစ်ချက်ဝှေ့ပြီး မော့ကြည့်သည့် တိုင်အောင် ဘာကိုမှမမြင်နိုင်ချေ။ ဘာကိုမှ အမှန်တကယ် မမြင်နိုင်ပါချေ။

 

မိုးသည်းထန်သော ညတွင် တောထဲတွင် ကားမောင်းနေသည့်အခါ အလင်းရောင် ရရန်အတွက် ကားမီးကိုသာ ဖွင့်ထားရသည်။ သို့သော် အနောက်တွင် အမှောင်ထုကသာ ကျန်ရစ်ခဲ့ပြီဖြစ်သည်။

 

နောက်ဘက်မှ ကားက အမှန်တကယ် မလိုက်လာခဲ့ပေ။

 

ကျန်းဝူပင်းက အမှန်တကယ် ကြောက်လွန်းသဖြင့် ငိုချင်လုနီးပါး ဖြစ်သည်။ မိုးရေစက်များက သူ၏လည်တိုင်ကို ကျဆင်းလာပြီး သူဟာ အအေးကြောင့် တုန်ယင် သွားစေသည်။ သူက ကားအနောက်ဘက်မှ နေရာကို ဓာတ်မီးဖြင့် ဟိုထိုးဒီထိုးကာ လျှောက်ကြည့်ပြီးနောက် အလန့်တကြား ပြေးလာသည်မှာ သူဟာ အပြေးနှေးသွားလျှင် နောက်က မကောင်းဆိုးဝါးက ဝါးမြိုသွားမည့် အခြေအနေကို ကြောက်လန့်သည်အလား ထင်ရသည်။

 

“ယန်ကော ယန်ကော တံခါးဖွင့်ပါဦး။ ငါ ကားထဲကို ဝင်ဦးမယ်။ အပြင်ဘက်က မိုးက တအား သည်းနေတာ”

 

ကျန်းဝူပင်းက ဧည့်သည်ကား၏တံခါးကို ခေါက်သည်။ သို့သော် အချို့သော အကြောင်းပြချက် များကြောင့် ကျန်းဝူပင်းက ခေါင်းမော့ပြီး ကားပြတင်းပေါက် ဘက်သို့ လှမ်းကြည့် လိုက်သောအခါ ကားပြတင်းပေါ်တွင် ပေါ်နေသော ယန်ရှစ်ရွှမ်း၏မျက်နှာက တောင့်တင်းပြီး ဖြူဖျော့နေသည်။ နူတ်ခမ်းက အလွန်အမင်း ရဲနေသည်။

 

“ကျွီ ကျွီ ကျွီ”

 

တံခါးက ပွင့်သည်။ ကားထဲမှ ကျန်းဝူပင်းထံ ဖြတ်တိုက်လာသော လေအေးက မိုးရေများ စိုရွှဲနေသော သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပို၍တုန်ယင်သွားစေသည်။

 

“တက်လာခဲ့”

 

အပေါ်က လူက ပြုံးနေသည်။ သို့သော် အပြုံးဟာ တောင့်တင်းပြီး ကြောင်တောင်တောင် ဖြစ်နေသည်။

 

ကားထဲမှ ဧည်သည်များကလည်း အလားတူ တောင့်တင်းနေကြပြီး ထိုင်ခုံနေရာတွင် စက္ကူရုပ်များ ထားထားသလို တောင့်တောင့်ကြီး ထိုင်နေကြသည်။

 

အသံကို ကြားသောအခါ သူတို့အားလုံးက ခေါင်းကို လှည့်ပြီး ကြည့်သည်။ သူတို့၏ မဲမှောင်နေသော မျက်လုံးများက ဖန်ဂေါ်လီလုံးများအလား ကျန်းဝူပင်းကိုသာ စိုက်ကြည့်နေကြသည်။

 

လူတိုင်း၏ ပါးစပ်က နီရဲ နေသည်။ အပြုံးကလည်း စက္ကူများ အပေါက် ဖောက်ထားသလိုမျိုး အတတ်နိုင်ဆုံး အပြုံးနှင့် တူအောင် ကြိုးစားထားရပုံပေါ်သည်။

 

ကျန်းဝူပင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

 

ကားထဲက အဲကွန်းက တအားမြင့်နေတာ မဟုတ်လား။

 

___

 

ဒါရိုက်ဘာ၏ ဖုန်းက မြည်လာသည်။

 

“ယန်ကော”

 

“ယန်___ကော”

 

မိုးက ပြင်းလွန်းသောကြောင့် ဖြစ်သည်။ လိုင်းကပင် မကောင်းချေ။ ကျန်းဝူပင်း၏ ဖုန်းတစ်ဖက်ခြမ်းမှ လာသော အသံက တစ်စုံတစ်ရာ လစ်ဟာသလို ပြတ်တောင်းပြတ်တောင်း ဖြစ်နေပြီး နှာမှုတ်သံလို တစီစီအသံလည်း ပါသေးသည်။

 

“ငါ နောက်ဘက်က ကားနဲ့ အဆက်အသွယ်ရပြီ။ သူတို့က လိုင်းမကောင်းတာကြောင့် ဒီအတိုင်း လမ်းမှားသွားကြတာ။ လမ်းရဲ့ အခြေအနေကလည်း အခြေအနေ မကောင်းဘူးလေ။ သူတို့က ရောက်တဲ့နေရာမှာပဲ စောင့်ပြီး မနက်ဖြန်မှပဲ ငါတို့နဲ့ လာပေါင်းလိမ့်မယ်။ ဒီည မိုးတအားသည်းနေတာ။ လမ်းကလည်း ကျဉ်းတယ်။ ဒီတော့ မကောင်းဘူး။ ငါတို့သာ နောက်ပြန်လှည့်ပြီး အနီးအနားက ရွာမှာပဲ နေရမယ်ထင်တယ်။ ငါတို့ မနက်ဖြန်မှပဲ ပြန်တွေ့တာပေါ့”

 

ယန်ရှစ်ရွှမ်းကလည်း ကျန်းဝူပင်းသည် ကြောက်တတ်သည့် တိုင်အောင် ဒီခရီး၏လုံခြုံရေဂကို အထူးတလည် အာရုံစိုက်ကြောင်း နားလည်လေသည်။ မိုးသည်းသော ညတွင် ကားမောင်းသည့်အခါ ပြဿနာနှင့် အန္တရာယ်ကို သိထားပြီးနောက် ကျန်းဝူပင်းဟာ မိုးတိတ်သည့် အချိန်အထိ ဒီအနီးအနားက ရွာတစ်ရွာတွင်သာ နေပြီး ထွက်ခွာရန် ဆုံးဖြတ်လိုက်ပုံပေါ်သည်။

 

******