140 01
အပိုင်း(၁၄၀)
ဧည့်သည်များဟာ တတိယထပ်တွင် နေပြီး ပျော်ပျော်ရွှင်ရွှင် စကားပြောလျက် ခရီးအတူ ထွက်လာသော ကျောင်းသားများနည်းတူ စနောက်နေကြချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်အရှေ့မှ ကြည့်ရှုသူများသည်လည်း ပေါ့ပါးလန်းဆန်းပြီး ပျော်ရွှင်ဖွယ်ကောင်းသော လေထုအခြေအနေကြောင့် သဘောတကျ ဖြစ်နေကြချိန်တွင် ယန်ရှစ်ရွှမ်းကမူ အောက်ထပ်သို့ တစ်ယောက်တည်းဆင်းပြီး ခြံနောက်ဖေးသို့ သွားသည်။
ရွာသူကြီးအိမ်မှ သားတိုင်းသည် ဒီနေ့မြို့သို့ တက်သွားသောကြောင့် မရှိချေ။ လူငယ်များသည်လည်း ပရိုဂရမ်၏ တိုက်ရိုက်ထုတ်လွှင့်မှု ပစ္စည်းအောက်တွင် ဆွဲဆောင်မှု ခံထားရသည်။ ထို့ကြောင့် ယခုလေးတင် စည်ကားနေသည့် ဧည့်ခန်းကမူ တိတ်ဆိတ်သွားပြီ ဖြစ်ပြီး ဖြူစွတ်နေသည့် တိုင်များပေါ်သို့ ရောင်ပြန်ဟပ်နေသည့် မီးတိုင်မှ အေးစက်သည့် အလင်းကသာ သီးသန့်စွာ တည်ရှိသည်။
ထို့ကြောင့် သူသည် ခြံဝန်းထဲရှိ ရေတွင်းကို မြင်လိုက်သည့် အခိုက်အတန့်တွင် တစ်ချက် သွားကြည့်ချင်ခဲ့သည်။ သို့သော် လူငယ်များ၏ တားမြစ်လိုသော တုန့်ပြန်မှုများကြောင့် အလောတကြီး မသွားခဲ့ချေ။
သူဟာ ရေတွင်းနားသို့ ကပ်သွားသောအခါ ရေတွင်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သူ၏ သံသယကို အတည်ပြုလိုက်နိုင်သည်။
ရေတွင်းတွင် ရှစ်ထောင့်ရှိသည်။ ရေတွင်းအဝကို အုပ်ထားရန်အတွက် အသုံးပြုထားသည့် ခပ်ထူထူ ကျောက်တုံးကြီး အပါအဝင် ကိုးထောင့်ရှိနေသောကြောင့် ပြန်လည်ဝင်စားခြင်းကို ကိုယ်စားပြုသည်။
ရေတွင်း၏ အကာပေါ်တွင် ယန်ရှစ်ရွှမ်း မြင်ခဲ့ရသည့် တာအိုအဆောင်သင်္ကေတများကို ရေးဆွဲထားရုံသာ မကသေးလေဘဲ ယန်ရှစ်ရွှမ်း၏ မမြင်ကွယ်ရာဘက်နားသို့ ရောက်နေသည့် ရေတွင်း၏ အခြားတစ်ဖက်ခြမ်းလုံးတွင် ပြန်လည်မွေးဖွားခြင်း ကျိန်စာကို အပြည့်အဝ ရေးသားထားခြင်း ဖြစ်သည်။
“မြင့်မြတ်တဲ့ အရှင်သခင်ရဲ့ အမိန့်တော်က မင်းရဲ့အထီးကျန်ဆန်တဲ့ ဝိဉာဉ်ပေါ်ကို ဆင်းသက်တဲ့အခါ သရဲတစ္ဆေတိုင်း၊ ဝိဉာဉ်တိုင်း ကောင်းချီးပေးခံရဖို့ မျှော်လင့်တယ်။
“ပေါ်တင် သေတယ်၊ လျို့ဝှက်စွာ သေသွားရတယ်၊ မတရား အသတ်ခံရတယ်။ အဲဒီအခါ အကြွေးတင်သွားမယ်၊ ရန်သူတွေ ရှိလာမယ်၊ ကလဲ့စား ပြန်ချေချင်လာမယ်_ _ _”
ရှစ်ထောင့်ရှိသော်လည်း အဓိကဘက်ကမူ တစ်ခြမ်းတည်းသာ ဖြစ်သည်။
အတွင်းရှိပိုင်ရှင်ကို အကျိုးအမြတ် ရှိစေရုံသာ မကသေးလေဘဲ အပြင်ဘက်မှ အထီးကျန်ဝိဉာဉ်ကိုလည်း အကျိုးအမြတ် ရှိစေသည်။
ထိုရေတွင်း၏ အဓိကအပိုင်းက အပြင်ဘက်အခြမ်းဘက် မျက်နှာမူနေလေသည်မှာ တောင်ရှိရာဘက်နှင့် ကွက်တိကျနေသည်။
ပို၍ဆိုးသည်မှာ အရေးကြီးဆုံးအပိုင်းဖြစ်သည့် ပြန်လည်ဝင်စားခြင်း ကိုးထောင့်ဆုံစည်းရာ စွမ်းအင်များက ထိုနေရာတွင် ရေးသားထားသည့် တစ္ဆေကို ထိခိုက်အောင်လုပ်သော ဂါထာတစ်ပုဒ်ကို အသက်သွင်းရန် အသုံးပြုထားသောအခါ သူသည် ပြန်လည်မွေးဖွားခြင်း ဂါထာကို ရွေးချယ်ထားသည်။
ထို့ကြောင့် တစ္ဆေသရဲများကို သတ်ဖြတ်ပြီး ဖိနှိပ်နေခြင်း မဟုတ်လေဘဲ အဝေးသို့ မောင်းထုတ်လျက် သေခိုင်းနေခြင်း ဖြစ်သည်။
ယန်ရှစ်ရွှမ်း ဘေးဘက်သို့ ချထားသော ခြေထောက်က အလိုအလျောက် ကွေးတက်သွားသည်။ ကြည့်ရသည်မှာ ရွာသူကြီးက အမှန်တကယ်ပင် သရဲနှင့် ကြုံဆုံနေရပုံ ပေါ်သည်။ ပို၍ဆိုးသည်မှာ လူငယ်တစ်ယောက်၏ ပြောစကားအရ ယန်ဟန်၏ ပြတင်းပေါက်များသည် တစ်နှစ်ပတ်လုံး ချိတ်ပိတ်ထားသည်ဟု ဆိုသည်။ ယန်ဟန်၏ အခန်းအတွင်းမှ ပရိဘောဂများအရ ထိုတစ္ဆေသည် ယန်ဟန် တစ်ဘဝလုံး သိခဲ့သော တစ်စုံတစ်ယောက် ဖြစ်ကြောင်း သိသာသည်။
ကလန်၏ စနစ်အောက်တွင် မိရိုးဖလာ ယုံကြည်ကိုးကွယ်မှုနှင့် ရိုသေကိုင်းရှိုင်းမှု၊ အာဏာအရိပ်အရာ ကြီးမားမှုများက အလွန်အမင်း ပြင်းထန်လေသည်။ အဖေသည် မိသားစုခေါင်းဆောင် ဖြစ်သည်။
140 02
ရွာသူကြီးက ပွင့်လင်းမြင်သာ သေးသည့်တိုင်အောင် လူငယ်များ၏ သူ့အပေါ် ဆက်ဆံသော အပြုအမူများမှတစ်ဆင့် ရွာသူကြီးသည်လည်း မိသားစုအတွက် အဆုံးအဖြတ်ပေးသောသူ ဖြစ်လောက်သေးသည်။ ရွာသူကြီးက ရေတွင်း တည်ဆောက်ရန် တာဝန်ယူခဲ့သူ ဖြစ်လောက်မည်။
သူသည် ငယ်ရွယ်စဉ်ဘဝကတည်းက လီချန်းရွှန်နှင့်အတူ ခရီးသွားလာခဲ့သည့် ယန်ရှစ်ရွှမ်းအနေဖြင့် လုပ်ဖော်ကိုင်ဖက်ပေါင်းများစွာကို တွေ့ကြုံခဲ့ဖူးသည်။ ထိုလူများ၏ အပြုအမူများကိုလည်း နားလည်နေ၏။ အရှေ့တွင် သရဲများ ရှိနေလျှင် အပေါင်းအဖော်များသည် သရဲများကို အရင်သတ်ပေလိမ့်မည်။ ယခုလို ပြန်လည်မွေးဖွားခြင်း ကျိန်စာကဲ့သို့ ရိုးရှင်းသည့် နည်းလမ်းမျိုးကို ဘယ်သောအခါမှ ရွေးချယ်လိမ့်မည် မဟုတ်ချေ။
အဓိကထောင့်နားတွင် ရေးထိုးထားသည့် ပြန်လည်မွေးဖွားခြင်း မန်တြွာသည် ပိုင်ရှင်၏ ဆန္ဒကို အခြေခံထားခြင်း ဖြစ်သည်။
ဆိုလိုတာက ရွာသူကြီးရဲ့ဆန္ဒပေါ့။
ယန်ရှစ်ရွှမ်းကမူ ယန်ဟန် သူ့ကို ပြောပြသည့် အတိတ်ပုံပြင်အကြောင်း တွေးမိသွားသည်။ ယန်ဟွား၏ မိသားစုတွင် တစ်စုံတစ်ရာ ဖြစ်ပျက်လာသောအခါ ရွာသူကြီးက ကလန်ထဲတွင် အတိုက်အခံ ပြောပေးခဲ့သေးသည်။ သူဟာ မအောင်မြင်ခဲ့သည့်တိုင်အောင် ဇနီးဖြစ်သူကို ပြန်လည်တွေ့ဆုံချိန်တွင် သက်ပြင်းချပြီး သူ့ကိုယ်သူ အပြစ်တင်ခဲ့၏။ သူသည် ယန်ဟွားအတွက် အလွန်သနားပြီး စိတ်မကောင်းဖြစ်ခဲ့ပုံ ရသည်။
လူငယ်များက ဝန်ထမ်းနှင့် စကားပြောခဲ့ချိန်တွင်လည်း ရွာသူကြီးက ကလန်အဖွဲ့ဝင်များကို အထင်သေးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင်အောင် ကလန်အဖွဲ့ဝင်များက ယန်ဟွားမိသားစုအပေါ် လုပ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး သူက ကျေနပ်သေးပုံ မရပေ။
ထို့အပြင် တစ်ဖက်သူသည် ယန်ဟန်နှင့် သိသည်။ ထို့အပြင် ရွာသူကြီးကလည်း သနားသည်။ နူးညံ့ငြင်သာလွန်းသဖြင့် ဒီအတိုင်း အဆုံးသတ်သွားစေရန်သာ မျှော်လင့်ခဲ့၏။ ဒုက္ခပေးလိုစိတ် မရှိခဲ့ချေ။
ထိုအတွက်ကြောင့် ထိုအတွေ့အကြုံသစ်များ အကြားတွင် ရှင်သန်သူတစ်ယောက်သာ တွေ့မိသည်။ ယန်သောပဲ။
ယန်ရှစ်ရွှမ်း၏ မျက်လုံးက မဲမှောင်သွားသည်။
ယန်ဟန်သည် ယန်သောဟာ အစ်မဖြစ်သူကို ကာကွယ်နေသည်ဟု မြဲမြံစွာ ယုံကြည်ထားသည်။ ယန်ကွမ်းသည်လည်း ယန်သောအတွက် အပြစ်မကင်းစိတ် ရှိနေခဲ့၏။ ယန်သောသည် ယန်ကွမ်းကို အငြိုးထားသည်။ သို့သော် ဆယ်စုနှစ်ခန့် ကြာပြီးနောက် ယန်သောဟာ ရွာမှ မိုင်ထောင်ပေါင်းများစွာ ဝေးသော ပင်းဟိုင်မြို့သို့ လာနိုင်သေးသည်။ ထို့အပြင် အစ်မဖြစ်သူ ယန်ဟွားကိုပင် ဝင်ပူးနိုင်ခဲ့၏။ ယန်ဟွားကို သုံးပြီး သူမ၏ အငြိုးများကို ဖော်ပြသည်။ ယန်ဟွား၏ ဒုက္ခများနေသော ခန္ဓာကိုယ်ကိုပင် လစ်လျူရှုထားသဖြင့် မုန်းတီးမှုများက သိသာသည်။
ထိုအရာသာ မကသေးချေ။ ယန်ဟန်နှင့် မိသားစုက ထိုသတင်းအား ယန်ကွမ်းထံသို့ ပြောခဲ့သဖြင့် ယန်သော၏ မုန်းတီးမှုကို ခံရခဲ့ခြင်း ဖြစ်လောက်မည်။ ထိုအတွက်ကြောင့် ယန်ဟန်၏ ဂျူနီယာများသည်လည်း စိတ်ပြောင်းလဲသွားခဲ့သလို ရွာသူကြီးကိုယ်တိုင်ကပင် ရွေးချယ်စရာ မရှိလေဘဲ ယခုလို ဝိဉာဉ်ဖိနှိပ်သည့် ရေတွင်းကို ဖန်တီးတည်ဆောက်ခဲ့ရခြင်း ဖြစ်လေသည်။ တနည်းအားဖြင့် လာရောက်မည့် ယန်သောကို မောင်းနှင်ရန် ဖြစ်လောက်မည်။
လူတိုင်း၏ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက သေဆုံးသွားခဲ့သော ယန်သောအပေါ် တုန့်ပြန်မှုများဟာ_ _ _
ယန်ရှစ်ရွှမ်းက ခြံဝန်းအနောက်ဘက်မှတဆင့် အေးစိမ့်နေသော ညအမှောင်ထုကို ကျော်ဖြတ်ရင်း အိပ်ခန်းထဲသို့ ပြန်သွားသည်။ ထို့နောက် ဒုတိယထပ်သို့ တန်းသွားသည်။
ရွာသူကြီးသည် ဒုတိယထပ်ရှိ သေးငယ်သော လေသာဆောင်လေးတွင် တစ်ယောက်တည်း ဆေးလိပ်သောက်နေသည်။ သူက အလန့်တကြားဖြင့် တစ်ဖက်သို့ လှည့်လိုက်သောအခါ ပထမထပ်လှေကားမှ တက်လာသည့် ယန်ရှစ်ရွှမ်းကို မြင်လိုက်သည်။ တစ်ဖက်သူသည် သူ၏အနားသို့ တိုးကပ်လာသည်။
140 03
“ညီငယ်လေးက အောက်ဆင်းပြီး ရေချိုးတာ မဟုတ်လား”
ရွာသူကြီးက အနည်းငယ် အံ့ဩသွားပြီးနောက် တစ်ယောက်တည်း ရှိနေချိန်တွင် မျက်နှာပေါ်တွင် ပေါ်နေသည့် အထီးကျန်ဆန်မှု ၊ဝမ်းနည်းမှုများက ပျောက်ကွယ်သွားသည်။
“ငါ အခု ထမင်းစားတုန်းက ညီငယ်လေးကို မတွေ့မိဘူး။ မင်း ဗိုက်ဆာနေပြီလား။ အောက်ထပ်ကို ဆင်းပြီး စားစရာတစ်ခုခုကို ရှာတာလား”
“မင်း ဒီမှာထိုင်စောင့်နေလေ။ ငါ့ဇနီးက အောက်ထပ်မီးဖိုခန်းထဲမှာ အိုးတွေ ဆေးနေလောက်တယ်။ ဧည့်ခန့်ထဲက ဗီရိုထဲမှာ အရင်တစ်ခေါက်က သားကြီးဝယ်လာခဲ့တဲ့ ပဲကိတ်တွေ ရှိတာကို မသိလောက်ဘူး။ ငါ မင်းအတွက် အရသာရှိတဲ့ စားစရာနည်းနည်း သွားခိုးပေးမယ်”
ရွာသူကြီးကမူ ထိုသို့ပြောရင်း မတ်တပ်ထရပ်ရန် ပြင်ဆင်နေပြီဖြစ်သည်။ သူ၏လေသံကလည်း မြေးအဖိုးနှစ်ယောက် စကားပြောသလို အကွာအဝေးပင် ခြားထားခြင်း မရှိပေ။
“အလုပ်ရှုပ်စရာမလိုပါဘူး။ ကျေးဇူးပြုပြီး ထိုင်ပါ”
ယန်ရှစ်ရွှမ်းက လက်ကို အသာချလိုက်ပြီး ရွာသူကြီး၏ ပုခုံးကို ဖိလိုက်ရင်း သူထိုင်နေသည့် ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ခိုင်းသည်။ ထို့နောက် သူသည်မျက်နှာချင်းဆိုင်တွင် ထိုင်သည်။
“ငါ အစက ခင်ဗျားကို ကိစ္စတစ်ခုကို မေးချင်နေတာ။ ဒါပေမဲ့ ခင်ဗျားက ပထမထပ်မှာ မရှိတော့ တက်လာခဲ့ရုံပဲ”
ယန်ရှစ်ရွှမ်းက သူသည် ခြံနောက်ဘက်သို့ သွားပြီး ရေတွင်းကို ကြည့်ခဲ့သည့် အကြောင်းအရာအား မည်သူ့ကိုမှ ပြောလိမ့်မည် မဟုတ်ချေ။
ထို့အပြင် သူသည် ရွာ၏အခြေအနေကို အပြည့်အဝ မသိသေးခင် ရည်ရွယ်ချက်ကိုလည်း ဖော်ထုတ်ပြသလိမ့်မည် မဟုတ်ချေ။
ယန်ရှစ်ရွှမ်းက စိတ်လွှင့်ခြင်း ဟန်ဆောင်ပြီးနောက် ရွာသူကြီးကို မေးလိုက်သည်။
“ခင်ဗျားလည်း ငါတို့ဦးတည်တဲ့ရွာက အနောက်ဘက်က ကျားကျစ်ဖန်းရွာဆိုတာကို သိနေတာပဲ။ နောက်ပြီး ငါတို့က အဲ့ဒီက ယာတောအိမ်ကို သွားပြီး ပျော်ပျော်ပါးပါး နေချင်တာ။ ဒါပေမဲ့ လမ်းပိတ်ကျောက်တုံးတွေကြောင့် သွားလို့မရဘဲ ဖြစ်သွားတယ်။ ဒါကြောင့် ဒီနေရာမှာ တစ်ညအိပ်ဖို့ ဖြစ်လာတာပဲ”
“ဒါပေမဲ့ လမ်းပိတ်တုံးက အဲ့ဒီမှာ နေပြီး မနက်ဖြန်မှာဆိုရင်လည်း သူ့ဘာသာသူ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ဒီတော့ ငါတို့ဖြတ်သွားနိုင်မှာ မဟုတ်ဘူး။ ဒီအတွက်ကြောင့် ရွာသူကြီးကို မေးချင်တာပါ။ လမ်းပိတ်ကျော်ကတုံးက ဘာဖြစ်တာလဲ။ ဘယ်သူက ထားထားတာ။ ငါတို့ ဒါတွေက ရွှေ့ပေးနိုင်တဲ့သူနဲ့ ဆက်သွယ်လို့ ရမလား”
လမ်းပိတ်ကျောက်တုံးအကြောင်း ပြောသောအခါ ရွာသူကြီး၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ ရင်းနှီးကျွမ်းဝင်ရာမှ ရွံရှာသလို ဖြစ်သွား၏။ ထို့နောက် ဆေးလိပ်သောက်နေပြီး တစ်ခဏခန့် ရပ်တန့်သွားသည်။ သူ၏ပါးစပ်နားမှာ ကြွက်သားများကပင် လှုပ်ခတ်သွားသည်မှာ ပြောလိုသည့် တစ်စုံတစ်ရာကို ချုပ်ထိန်းနေပုံရသည်။
အချိန်အတန်ကြာပြီးမှသာ ရွာသူကြီးဟာ ယန်ရှစ်ရွှမ်း၏ ရိုးသားစွာ အချက်အလက် တောင်းခံသော ပုံစံကို သတိထားမိလိုက်သည်။ထို့နောက် လက်ကို အသာမြှောက်ပြီး ဆေးလိပ်ပြာများကို ခါချလျက် သက်ပြင်းချသည်။
“ငါတို့ ပိတ်ထားတာ”
ဟုတ်နေတာပဲ။
ယန်ရှစ်ရွှမ်း သူ၏ယခင်ခန့်မှန်းချက်ကို အတည်ပြုလိုက်နိုင်သည်။ သို့သော် မျက်နှာတွင်မူ မဖော်ပြချေ။ ထို့အစား အံ့အားချင်ဟန်ဆောင်ပြီး ပြောလိုက်၏။
140 04
“အာ ဘာလို့လဲ။ ငါက ဒီအတိုင်း ပိုက်ဆံလိုချင်လို့ လမ်းပိတ်ထားတယ် ထင်နေတာ”
ရွာသူကြီးကမူ ထိုအကြောင်းအရာကို ပြောရန် အလွန်တွန့်ဆုတ်နေပုံရသည်။ သို့သော် ယန်ရှစ်ရွှမ်း၏ ယခင်နောက်ဆုံးမေးခွန်းကြောင့် မတတ်နိုင်ဘဲ သူ၏အပြစ်ကင်းစိတ်ကို ဖော်ပြရာ ရောက်သည်။
“ပိုက်ဆံကြောင့် မဟုတ်ပါဘူး။ ငါတို့က ပိုက်ဆံမရှိရင်တောင် လမ်းတော့ မပိတ်ပါဘူး။ ငါတို့ရဲ့ ကျားရွာက ဒီလမ်းကြောင့် အခြားရွာတွေထက် ပိုပြီး ကောင်းမွန်တဲ့ ဘဝကို ရနေတာလေ။ အခြားနည်းလမ်းသာ မရှိရင် ဘယ်သူက ဒီလိုလုပ်ရပ်မျိုးကို လုပ်မှာလဲ။ ဒီလမ်းကို ပိတ်လိုက်တာက ငွေကြေးအရ ဆုံးရှုံးမှုကို အများကြီး ဖြစ်စေသေးလို့ ငါ့ရဲ့မိသားစုက သားသုံးယောက်တောင် အဝေးကိုသွားပြီး အလုပ်လုပ်နေရတာ။ အိမ်တောင် ပြန်မလာနိုင်ဘူး”
ရွာသူကြီးက သက်ပြင်းချရင်း ပြောသည်။
“လမ်းက လွန်ခဲ့တဲ့ နှစ်ဝက်ကျော်လောက်အောင် ပိတ်ထားတာ။ ငါတို့တွေ ဖြတ်သွားဖြတ်လာတွေကို အခုလို နေရာထိုင် ချခင်းပေးထားတယ်ဆိုတာကလည်း ဒီလမ်းကို ပိတ်ထားမိတဲ့အတွက်ကြောင့်ပဲ။ ဘာပဲဖြစ်ဖြစ် ငါတို့က လုပ်ခဲ့မိတဲ့သူတွေကို။ ဒီတော့ တာဝန် ယူပေးရမှာပေါ့”
“ငါတို့က ပိတ်ချင်လို့ မဟုတ်ပါဘူး။ ဒီအတိုင်း _ _ _”
ရွာသူကြီးက ရုတ်တရက် တုန့်ဆိုင်းသွားပြန်သည်။ အချိန်အတန်ကြာပြီးမှ သူ၏စီးကရက်တစ်ခုလုံးက ပြာကျသွားပြီးနောက်မှ ပြောရန် ခက်ခဲလွန်းသည့် အကြောင်းပြချက်ကို ထုတ်ပြောလာသည်။
“အစကတော့ မိသားစုက ကောလဟာလတွေကို အပြင်ကို ထုတ်မပြောသင့်ဘူး။ ကလန်ထဲက ကိစ္စတွေကို ရွာအပြင်ကလူတွေကို မပြောသင့်ပါဘူး။ မင်းလည်း ငါ အဖိုးကြီးကို စိတ်ရှည်မှာ မဟုတ်ဘူး။ မင်းသိတဲ့အတိုင်း လူအိုကြီးတွေက အသက်တိုတယ်လေ”
ရွာသူကြီးက ခေါင်းကိုအသာခါပြီး သက်ပြင်းချပြန်သည်။
“ဒါပေမဲ့ ငါတို့လုပ်လိုက်တဲ့ ကိစ္စက မင်းတို့ရဲ့ ခရီးအပေါ် သက်ရောက်သွားတယ်ဆိုတော့ ရှင်းပြချက်တော့ ပေးရမှာပေါ့”
“တကယ်တော့ အနောက်ဘက်က ကျားကျစ်ဖန်းရွာကြောင့်ပါ”
ရွာသူကြီးက ထိုရွာအကြောင်း ပြောချိန်တွင် မျက်လုံးထဲမှ ရွံ့ရှာမှုကို မဖုံးကွယ်နိုင်ချေ။
“ငါတို့က ကလန်တူပေမဲ့ ငါတို့ကျားချွမ်ရွာက တောင်ခြားနေလို့ အခြားတစ်ဖက်ခြမ်းက ရွာတွေနဲ့ အနည်းငယ် ကွာဝေးသလို ဖြစ်နေတယ်။ တကယ့် တကယ်တမ်းဆိုရင် ငါတို့ရွာကသာ နံပါတ်တစ်ရွာပဲ။ ကလန်ထဲက မျက်နှာသာ အပေးမခံရဆုံး၊ အချစ်မခံရဆုံး ကလေးတွေက တောင်တန်းထဲက ထွက်ပြီး ရှင်သန်ဖို့ နည်းလမ်းတစ်ခုရှာလို့ အိမ်ဆောက်ချင်ခဲ့ကြတယ်။ အဲဒီလိုနဲ့ ဒီလိုအပြင်ဘက်မှာ စုစည်းလာခဲ့ကြတာပေါ့”
“ဒါပေမဲ့ နောက်ဘက်က ကျားကျစ်ဖန်းရွာကတော့ ကွာခြားတယ်။ အဲ့ဒီကလန်မှာ ဘိုးဘေးခန်းမလေးက ရှိနေတုန်းပဲ။ နောက်ဆုံးခေါင်းဆောင်က ကျားကျစ်ဖန်းရွာမှာ နေတယ်။ ဒီတော့ သူတို့က ကလန်ရဲ့ တန်ဖိုးထားတာကို ခံရတယ်။ ဒါပေမဲ့ အဲဒီအတွက်ကြောင့်ပဲ သူရဲ့အပြုအမူက အရမ်းကို တူညီဆဲဖြစ်နေပြီး နှစ်ပေါင်းများစွာ ကြာသွားတဲ့အထိ မပြောင်းလဲသွားခဲ့ဘူး။
ရွာသူကြီးက အထင်တသေး နှာခေါင်းရှုံ့သည်။
“သူတို့ လုပ်ခဲ့တဲ့အရာက အသိစိတ်လွတ်နေတဲ့ ကိစ္စမျိုးပဲ။ အသိစိတ်ရှိတဲ့ ဘယ်သူမဆို သူတို့လို လုပ်မှာ မဟုတ်ဘူး”
“ငါတို့အစကတော့ သူတို့ကို ဖြောင်းဖျချင်ခဲ့တယ်။ ဒါပေမဲ့ သူတို့က နားမထောင်ဘူးလေ။ ပိုပြီး လွန်သထက်လည်း လွန်လာသေးတယ်”
140 05
ရွာသူကြီးကမူ သူတို့၏ နူတ်ခမ်းများကို လှုပ်ရှားရင်း သက်ပြင်းချလိုက်သည်။ အရေးအကြောင်းများ ပြည့်နေသည့် သူ၏ မျက်နှာက စိတ်ဓာတ်ကျနေသော ခံစားချက်ကြောင့် ပို၍အိုစာလာပုံ ပေါက်နေသေးလေသည်။
“သူတို့က ရူးနေတာ။ ဒီအတွက်ကြောင့် ငါတို့က လမ်းကို ပိတ်လိုက်ပြီး သူတိုနဲ့ အဆက်အသွယ် မလုပ်တော့တာပဲ”
“ညီငယ်လေး မင်း _ _ _”
ရွာသူကြီးက ယန်ရှစ်ရွှမ်းကို လျို့ဝှက်စွာ ကြည့်လိုက်ပြီး စကားပြောရန် တုန့်ဆိုင်းသွားပြန်သည်။ ထို့နောက် နောက်ဆုံးတွင် ပြောလာသည်။
“မင်းတို့ သွားချင်လည်း သွားပါ။ ဘာပဲဖြစ်ဖြစ် မင်းတို့အားလုံးက အပြင်လူတွေပဲ။ မင်း သူတို့ကို ပိုက်ဆံရှာခိုင်းလို့ ရပါသေးတယ်။ သူတို့ ဘာမှတော့ မလုပ်လောက်ပါဘူး”
“လမ်းမပိတ်ခင်ကတည်းက ငါတို့တွေ တောင်တန်းတွေကို မဖြတ်သန်းတာ ကြာခဲ့ပြီ”
ရွာသူကြီးက သူ၏ဆေးလိပ်ကိုင်ထားသည် လက်ဖြင့် သေးငယ်သော အဆောက်အဦး အနောက်ဘက်ရှိ ဝေးကွာသော တောင်တန်းများကို လက်ညိုးညွှန်ပြရင်း ပြောသည်။
မနက်ဖြန် နေအလင်းရောင် ထွက်တဲ့အထိစောင့်ပြီး တောင်တန်းတွေဆီကို သွားပေါ့။ ငါ မင်းတို့ကို အဲ့ဒီကို လိုက်ပို့ဖို့ ယန်ထူကို ထည့်ပေးလိုက်မယ်။ သူက ငယ်ငယ်ကတည်းက ရွာနှစ်ရွာအကြား ပြေးလွှားဆော့ကစားနေကြဆိုတော့ လမ်းကျွမ်းတယ်”
ရွာသူကြီးထံမှတဆင့် သူလိုချင်သော အဖြေကို ရပြီးနောက်တွင် ယန်ရှစ်ရွှမ်းက ကျေးဇူးတင်စကား ပြောလိုက်လေပြီး နောက်သို့လှည့်ထွက်ကာ အပေါ်ထပ်သို့ တက်သည်။
သူက လှေကားမှ ကွေ့လိုက်ပြီးနောက်တွင် သူ ထွက်သွားပြီးနောက် သုန်မှုန်သွားပြန်သည့် ရွာသူကြီး၏မျက်နှာကို လှမ်းမြင်လိုက်သည်။ တစ်ဖက်သူသည် တစ်စုံတစ်ရာကို စိုးရိမ်နေသလိုမျိုး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်သည်။
ယန်ရှစ်ရွှမ်းက တစ်ဖက်သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။ သို့သော် ရှင်းလင်းသော ရွာလမ်းမမှလွဲပြီး မည်သည့်အရာကိုမှ မမြင်ရချေ။
ရွာသူကြီးက တစ်ခုခုကို စောင့်နေတာလား။
ယန်ရှစ်ရွှမ်းသည်လည်း သံသယရှိနေသည်။ သို့သော် အပေါ်ထပ်သို့သာ ခပ်မြန်မြန် တက်သွားလိုက်သည်။
.....
အပေါ်သို့ စောစောတက်ပြီး ရှင်းလင်းသော ရေချိုးခန်းအတွင်း ရေအရင်ချိုးနေသည့် ပိုင်ရွှမ်းကမူ ရေပန်းကို ဖွင့်လိုက်သောအခါ ထွက်လာသော ရေပူများကြောင့် နွေးထွေးသလို ခံစားလိုက်ရသည်။ သူမသည် မောပန်းနွမ်းနယ်မှုများ ပြေပျောက်သွားသလို ခံစားလိုက်ရပြီး သက်တောင့်သက်သာ ရှိသွားသည်။
ရွာတွင် နေရာနှင့်ပတ်သက်ပြီး စိုးရိမ်စရာ မရှိသောကြောင့် ရွာသူကြီး၏ သေးငယ်သော အိမ်လေးဟာ လယ်မြေကြီးကို သိမ်းယူထားသည်။ ထို့ကြောင့် ရေချိုးခန်းကပင် တစ်ခန်းလုံး အပြည့်ဖြစ်လေရာ နှင်းငွေ့ရိုက်သလို အရောင်မှိန်သည့် ဖန်သားဖြင့်ပင် ကာခြားထားလေသည်။ ထို့အပြင် အပြင်ဘက်တွင် လက်ဆေးကန်နှင့် အိမ်သာကပင် သီးသန့်ရှိလေရာ အလွန်ကျယ်ပြောသော ရေချိုးခန်းကြီး ဖြစ်လေသည်။
မည်သည့်အပြင်အဆင်မှ မထည့်ထားသောကြောင့် ဟင်းလင်းပြင်ကဲ့သို့ ဖြစ်နေသေးသည်။ ပိုင်ရွှမ်း၏ သီချင်းဆိုသံက ရေကျသံနှင့်အတူ အခန်းထဲတွင် ဟိန်းထွက်နေသည်။
ရေက ပူလွန်းသည့်အပြင် အပူချိန်ကို ကောင်းကောင်း မထိန်းညှိထားသောကြောင့် ပိုင်ရွှမ်းသည် ဘေးဘက်မှ ပြတင်းပေါက်ကို အနည်းငယ်ဖွင့်လျက် လေအချို့ကို ဝင်လာစေလိုက်သည်။
******