Ch 11
Viewers 3k

11 01

အပိုင်း (၁၁)


အင်မော်တယ် တာအို မြင့်မြတ်နယ်မြေ


လီကျီမောက် “ဘယ်လို လုပ်လိုက်တာလဲ”


လီယာမောက်က သူ့မြည်းရဲ့ခေါင်းကို ပုတ်ရင်း “အဲဒီ ကြင်နာတတ်တဲ့ မသေမျိုးက ပြောသွားတယ်လေ။ ငါက သင်လွယ်တတ်လွယ်ပေမဲ့ အခြေခံအားနည်းတယ်တဲ့။ ပြီးတော့ စကားလုံးအများကြီးကို မသိတော့ မျက်နှာပျက်ရနိုင်တယ်တဲ့။ သူက မဟာကောင်းကင် လှည်ပတ်ခြင်းကျမ်းကို အိမ်မှာ ငါ လေ့ကျင့်နေရင်း စာပိုသင်ဖို့ ပြောလိုက်တယ်လေ။ ပြီးရင် နောက်နှစ်ကျ တစ်ခါထပ်ကြိုးစားတဲ့”


မြည်းက သူ ခေါင်းပုတ်တာကို အတော် သဘောကျနေတာမြင်တော့ လီယာမောက်က အပျော်တွေကို သိမ်းထားမနေဘဲ ခေါင်းထပ်ပုတ်ပေးလိုက်သည်။ “တွေ့လား မြည်းတောင် ငါ့ကို ဂုဏ်ပြုပေးနေပြီ”


“ကောင်းလိုက်တာ” လီကျီမောက်က သူ့အတွက် တကယ်ပျော်ရွှင်မိတယ်လေ။ “တစ်နှစ်လောက် ထပ်ကြိုးစားလိုက် နောက်ကျရင် အစ်ကိုအပြင်ရောက်နေတဲ့အချိန် ကျွန်တော် အဖေနဲ့ အမေ့ကိုစောင့်ရှောက်ပေးမယ်”


လီယာမောက်က မျက်လုံးကို ပျောက်လောက်တဲ့အထိကို ပြုံးရယ်နေတော့သည်။ “ငါ တကယ် ကံကောင်းမှုကြီးနဲ့ကြုံတာပဲ သူပြောခဲ့တာ ရှိသေးတယ်”


“ဘာပြောခဲ့တာလဲ”


သူပြောတာ ငါတို့နာမည်တွေက တအားမကောင်းတော့ ပြောင်းသင့်တယ်တဲ့ ငါက ဘယ်လိုပြောင်းရမယ်မသိဘူး ပြောတော့ သူက တချို့ဟာလေးတွေ ရေးပြတယ်။ မင်းအတွက်ပါ ပေးပေးဖို့ပြောတော့ တကယ်သဘောကောင်းပြီး မင်းအတွက် နာ‌မည်ပေးသွားတယ်လေ”


လီကျီမောက်က “ပြကြည့် ဘယ်လိုတဲ့လဲ”


လီယာမောက်က ခေါင်းကုတ်ရင်း “ဒါပေမဲ့ ငါမဖတ်တတ်တော့ ဘာလဲ မသိဘူးကွ။ ရေးပုံရေးနည်းတော့ မှတ်မိတယ်။ အိမ်ပြန်ရောက်မှ ညီအစ်ကိုလင်ကို မေးကြည့်ရအောင်”


သူက လင်ရှုကို လှည့်ကြည့်ပြီး “အဆင်ပြေလား ညီအစ်ကိုလင်”


မူးဝေပြီး အမြင်ဝါးနေပေမဲ့ လင်ရှုက တည်ငြိမ်အောင် ကြိုးစားရင်း ပြန်ဖြေလိုက်သည်။ “ငါ အဆင်ပြေတယ်”


“အောင်သွားပြီမလား” လီယာမောက်က ပျော်နေပြီး “ကျောင်းတော်ကို တစ်နှစ်ကြိုသွားနှင့်ဗျာ။ နောက်နှစ်ကျ ကျုပ်ပါ လိုက်ခဲ့မယ်”


သူတို့ အိမ်ပြန်ရောက်တော့ လီယာမောက်က အဆူခံရပါလေရော။


“ကိစ္စတွေ မစခင် နင်ဘာလုပ်နေတာလဲ” အမေလီက ခါးထောက်ရင်း ပြောလိုက်သည်။ “ရှောင်ရှုကရော ဘယ်လိုဖြစ်လာရတာလဲ


လီယာမောက်က မသက်မသာနဲ့ ခေါင်းကိုကုတ်ပြီး “အမေ့သားက ကျွန်တော်လား သူလား အမေရာ”


“အကန်ခံချင်တာလား”


လင်ရှုက ဝါးကုလားထိုင်ပေါ် မှီရင်း လီယာမောက် သေလမ်းရှာပြီး သူ့အမေ ဆော်တာခံနေရတာကို ကြည့်နေသည်။


ပြောရရင် သူက အမေလီခေါ်တဲ့နောက် လိုက်လာပြီး ထမင်းသုံးနှပ်လုံး အမေလီလက်ရာကိုစားရုံမက ဂရုစိုက်ပြုစုပေးတာ ခံခဲ့ရတာပင်။


လီယာမောက်ကို ဆော်ပြီးတဲ့နောက် သူမက လင်ရှုဘေးနားလာပြီး ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။ လင်ရှုက ခွက်ကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး တစ်ငုံချင်း သောက်နေတော့ အမေလီက ရယ်ပြီး “ကြောင်ပေါက်စလေးလို လုပ်မနေနဲ့။ များများသောက်”


ဘယ်လိုပဲဂရုစိုက်ပါစေ လင်ရှုက ဖျားနာလွယ်နေတုန်းပင်။ လဝက်လောက် ကြာပြီးနောက် ရှန်းလင်းစာမေးပွဲ အောင်စာရင်း ထွက်လာသည်။ လီယာမောက်က သွားကြည့်ပြီး လင်ရှုက နာမည်စာရင်းမှာပါတာကို ပြန်လာပြောတော့ တစ်မိသားစုလုံး ပျော်ကြသည်။


လင်ရှုကတော့ အပူရှပ်လိုက် ပြန်သက်သာလိုက် အအေးပတ်လိုက်နဲ့ သံသရာ လည်နေသည်။ အမေလီက နွေခေါင်ခေါင် အအေးပတ်လို့ဆိုပြီးတောင် ပြောနေသေးသည်။


လင်ရှုက သူ့အသက်ပါ ပါတော့မလောက် ချောင်းဆိုးပြီး အမေလီကို ကိုယ်ခံအားနည်းတယ် ဆိုတဲ့စကားလုံးကို ဘယ်လိုရှင်းပြရမလဲ တွေးနေသည်။

11 02

သို့ပေမဲ့ သူ့အရင်ဘဝက အသက်ခြောက်နှစ်လောက်ကစပြီး အခြေခံတည်ဆောက်ခဲ့သောကြောင့် ဖျားကို မဖျားဖူးဘူးလေ။ လဝက်လောက် ဖျားပြီးတဲ့နောက် စီချွမ်းစီရင်စုက ရှန်းလင်းအကယ်ဒမီကို သွားသင့်ပြီဖြစ်သည်။


အမေလီက တစ်ယောက်ထဲလွှတ်ဖို့ စိတ်မချတော့ လီယာမောက်နဲ့အတူ လှည်းတစ်စီးငှားပြီး နဉ်အန်းခရိုင်ကိုသွား၊  အဲဒီကနေမှ ကျန်းခေါကနေ တုန်တင်းကို လှေစီးပြီး အနောက်ဖက်က စီချွမ်းကို ကုန်းလမ်းကနေ သွားကြစေသည်။ သူတို့ နဉ်အန်းကခွာစမှာပဲ မိုးခပ်ဖွဲဖွဲက ရွာချလာတော့သည်။


လီယာမောက်က မိုးကို လက်နဲ့ခံလိုက်ပြီး “မိုးကနည်းလိုက်တာ စပါးခင်းတွေက ခြောက်တောင်နေပြီ ဘာမှလုပ်မရတော့ဘူး”


လင်ရှုက လှည်းရဲ့လိုက်ကာစကိုမပြီး လမ်းတဖက်မှာကနေ ဆီစိမ်ထီးကို ဆောင်းထားတဲ့ အမေလီကို ကြည့်လိုက်သည်။ သူမက “လမ်းမှာဂရုစိုက်နော်”


လင်ရှုက နွေးထွေးမှုကိုခံစားရတာမလို့ ခေါင်းအသာညိတ်ပြလိုက်သည်။


လီယာမောက်က မြင်းကို နှင်တံနဲ့ရိုက်ပြီး “ဟိုက်ရား....”


ဘီးတွေက စရွေ့တော့ လှည်းနဲ့အတူ အမေလီက လမ်းလျောက်လိုက်လာပြီး “နောက်နှစ်လာမှ သားကြိုက်တဲ့ ဟင်းတွေ ချက်ကျွေးမယ်နောိ”


လင်ရှုက “ဟုတ်ကဲ့”


လှည်းက ထွက်လာတာနဲ့အမျှ အမေလီရဲ့ပုံရိပ်က မြူကြားထဲမှာ ပျောက်ကွယ်သွားတော့သည်။ လီယာမောက်ရ “ညီအစ်ကိုလင် လမ်းကကြမ်းတယ် အဆင်ပြေပါ့မလား”


“ငါအဆင်ပြေပါတယ် ယာမောက်”


ပြောရရင် စနစ်က လီယာမောက်ကို နာမည် ပြောင်းပေးသွားပေမဲ့ အသံထွက်ကတော့ အတူတူပဲလေ။ ရေးပုံနဲ့ အဓိပ္ပါယ်ပဲ ကွာသွားတာဆိုတော့ သူက အခုအထိ လီယာမောက် ဖြစ်နေတုန်းပဲလေ။


တစ်လမ်းလုံး လူရှင်းနေပေမဲ့ သူတို့မြို့ထဲဝင်တာနဲ့ လူအုပ်ကြီးနဲ့ တိုးတော့သည်။ လီယာမောက်က လှည်းကို လမ်းမအတိုင်း မောင်းသွားပြီး လီယာမောက်က “ညီအစ်ကိုလင် ကြည့်လိုက်”


မြူထုကြားထဲက မြို့တံတိုင်းနဲ့မျှော်စင် ပေါ်ထွက်လာတာက တကယ်ခန်းနားတယ်လေ။ လင်ရှုက အပြင်ဘက်ကမ္ဘာအကြောင်း ဘာမှမသိ လီယာမောက်က မြို့ကနေ မခွာဖူးဆိုတော့ သူတို့အံ့ဩတာ မထူးဆနိးဘူးပေါ့။


အနားက ဖြတ်သွားတဲ့လူတွေ ပြောနေတဲ့စကားကြောင့် နန်ရှားရဲ့မြို့တော်ကို ရောက်နေမှန်း သိလိုက်ကြရသည်။ လီယာမောက်က “အချိန်သာရရင် ငါ အေးအေးဆေးဆေး လည်မှာကွာ”


အချိန်က စက်တင်ဘာလကုန်ပိုင်းဖြစ်၍ အကယ်ဒမီကြီး မဖွင့်ခင် ကျောင်းမအပ်နိုင်လျှင် အထုတ်ခံရနိုင်သည်မို့ သူတို့ အမြန်သွားရသည်။


သူတို့ လမ်းခရီးဘေးက ရှုခင်းတွေကို ကြည့်ရှုနေကြရင်း စင်မြင့်လေးနဲ့ ဘေးမှာ သရဖူနီကြိုးကြာနားနေသည့် တကယ်စာရင်းသွင်းရမည့်နေရာရောက်တော့ အဲထဲကလူက “စာရင်း လာသွင်းတာလား”


လီယာမောက် “ဟုတ်ပါတယ်”


လင်ရှုက ဆင်းလာတော့ မေးလိုက်သည့်လူက “တစ်ယောက်လား၊ နှစ်ယောက်လား”


“တစ်ယောက်ပါပဲ”


လင်ရှု ဘာမှမလုပ်နိုင်ခင်မှာတင် လီယာမောက်က စာရင်းသွင်းရမဲ့နေရာမှာ သူတိူ့ခရိုင်နဲ့ စီရင်စုကိုရှာပြီး လင်ရှုနာမည်ကို‌ ရေးလိုက်သည်။ စာရင်းစာရွက်ကို ပြန်ယူပြီးတော့ ထိုလူက “ရှန်းလင်းအကယ်ဒမီကနေ ကြိုဆိုပါတယ် တာအိုဆရာလင် ဒီဖက်ကြွပါ”


လင်ရှုက လီယာမောက်ကို ကြည့်ပြီး “ ငါသွားပြီ”


လီယာမောက်က “ဂရုစိုက်နေနော်။ နောက်နှစ်ကျ ကျုပ်လာတော့မှာ”


လင်ရှုက ရယ်ပြီး “ကောင်းပြီ”


လင်ရှုတို့က သရဖူနီကြိုးကြာပေါ်တက်ပြီး ကြိုးကြာပျံတာနဲ့ လိုက်သွားတော့သည်။ သူက လီမိသားစု သူ့ကို လုပ်ပေးခဲ့တာတွေကို ဘယ်လိုများ ပြန်ပေးဆပ်ရပါတော့မလဲလေနော်။


သရဖူနီကြိုးကြာက မြူတွေကိုဖြတ်ပြီး တောင်ထိပ်နဲ့ နီးလာတာနဲ့အမျှ သူ့စိတ်အစဉ်က လှုပ်ရှားလာသည်။ သူက မဟာယာနအဆင့်အထိ ကျင့်ကြံဖူးပေမဲ့ သူ့ဆရာကလွဲလို့ အင်မော်တယ်မတွေ့ဖူးတဲ့သူက ဒီအကယ်ဒမီမှာ ဘယိလောက် တွေ့ရမလဲလို့ တွေးနေမိသည်။

11 03

တောင်ထိပ်ပေါ်ကို သရဖူနီကြိုးကြာ ဖြတ်ပျံလိုက်တာနဲ့ ဆယ်မိုင်စာပတ်ဝန်းကျင်ရဲ့ ခန်းနားလှတဲ့အချင်းအရာက သူ့ကို အံ့ဩစေသည်။


အဝင်ဝကို ကြိုးကြာက ဆင်းလိုက်တော့ စာလုံးကြီးတွေနဲ့ မုခ်ဝမှာရေးထားတဲ့ “ရှန်းလင်း၌ ယစ်မှုးခြင်း” ဆိုတာကို မြင်လိုက်ရသည်။


ထိုအရာကို ဖျက်နေသည်က အနားက ဆိုင်းဘုတ်ကိုင်ထားတဲ့လူစုစု စုစုပင်။ တချို့က “XX ရှေ့ဖြစ်ဟောသည်” တို့ မီးခိုးရောငိဝတ်ပြီး တည်တည်ငြိမ်ငြိမ် စာတွေ ကဗျာတွေ ရွတ်ဖတ်နေပေမဲ့ အနောက်ကဆိုင်းဘုတ်က ကျောင်းတော်သား မြင့်မြတ်တာအိုနယ်မြေဆိုတာမျိုးကလည်း ရှိသေးသည်။


ထိုအနောက်မှာမှ လူ၆ယောက် ၇ယောက်လောက်နဲ့ အင်မော်တယ်တာအို မြင့်မြတ်နယ်မြေ ဆိုင်းဘုတ်ကို တွေ့လိုက်ရသည်။


လင်ရှု “.........”


သူသိတဲ့လူ ပါနေတာပဲ။ ဇာမဏီစံအိမ်က မိန်းကလေတွေ အလယ်မှာ ထိုင်နေတာက သူတို့အစ်မကြီး လင်းဖုန်းရှောင်။


သူ မှတ်မိသလောက်ဆို အဲဒီမိန်းကလေးတွေက ဆောင်းတွင်းမှာတောင် ချည်ပါးဝတ်စုံလေးတွေနဲ့လေ။ အဲဒီမှာ တစ်ကိုယ်လုံးလုံအောင် ဝတ်တတ်တာဆိုလို့ လင်းဖုန်းရှောင်ပဲ။ ‌လင်းပေါင်ချန်းဘေးနားက လင်းဖုန်းရှောင်ပဲလေ။


ကြိုးကြာဆင်းလာသည်နှင့်လူအုပ်ကြီးက အော်လိုက်သည်။ “ဘယ်နယ်မြေလဲ ညီအစ်ကို”


လင်ရှုကိူ ခေါ်လာသည့်လူက ပြန်ပြောသည်။ “အင်မော်တယ်တာအို မြင့်မြတ်နယ်မြေက ဂျူနီယာညီလေး”


ကျောင်းတော်သားနဲ့ အနုပညာနယိမြေသမားတွေက သူတို့လူ မဟုတ်လို့ သက်ပြင်းချနေတဲ့အချိန် အင်မော်တယ်တာအိုကငနဲတွေကလည်း သက်ပြင်း ချလိုက်ကြသည်။


“ဂျူနီယာညီမလေးလည်း မဟုတ်ဘူး”


ဆင်းလာတဲ့လူကိုတွေ့တော့ လင်းပေါင်ချန်းက ရယ်ပြီး လင်းဖုန်းရှောင်ကို “အစ်မကြီး ဘယ်သူလဲ ကြည့်ပါဦး”


လင်းဖုန်းရှောင်က လင်ရှုကိုကြည့်ပြီး “ဘယ်လိုတိုက်ဆိုင်တာလဲ”


ခုနက ပွစိပွစိလုပ်နေတဲ့လူတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး


“စီနီယာအစ်မလင်းနဲ့ သိတာလား”


“ခုနက အစ်ကိုတို့ မှားသွားတယ်ကွာ ညီလေးရာ”


“တကယ် စိတ်မရှိပါနဲ့”


လင်ရှု ခေါင်းကိုက်သွားတော့သည်။ မင်းတိူ့ အင်မော်တယ်တာအိုကကောင်တွေ အရှက်တရားလေးဘာလေး မရှိကြဘူးလားကွ။

******