12 01
အပိုင်း (၁၂)
အချင်းချင်း စက်ဆုပ်ကြခြင်း။
အရှက်လား။
ဘယ်ရှိပါ့မလဲ။
အဲဒါအပြင် လင်းဖုန်းရှောင်က တကယ်ထူးဆန်းသည်။ သူမက အပူကိူ တအားကြောက်တဲ့ပုံပင်။ သူများတွေ နေရောင်အောက်မှာ လက်ပြတ်လေးတွေ ဝတ်ထားပေမဲ့ သူမက နေမထိအောင် လုံလုံခြုံခြုံဝတ်ပြီး အေးနေအောင် ရေခဲစိမ်စပျစ်သီးတွေတောင် စားနေသေးသည်။
ဒါပေါ့ လင်ရှုက ဘယ်ထုတ်ပြောရဲပါ့မလဲ။ တွေးရုံတွေးမိတာလေ။
လင်းဖုန်းရှောင်က သူ့ကို ကြည့်လာရင်း “မြို့ထဲကအခြေအနေတွေကရော”
“ကောင်းသွားပါပြီ” လင်ရှုက ပြန်ဖြေလိုက်သည်။ ထို့နောက် တစ်လက်စထဲ “ကျေးဇူးပါ အစ်မကြီး”
လင်းဖုန်းရှောင်က ပြန်မဖြေဘဲ ထရပ်လိုက်ပြီး “ငါနဲ့လိုက်ခဲ့”
သူမဘာပြောချင်လဲဆိုတာ လင်ရှု နားမလည်ခင်မှာပဲ သူမက ကျောက်စိမ်းပြားတစ်ခုကို ယူလာပြီး ကျောက်စိမ်းပြားကို ဆွဲထားတဲ့ကြိုးကို လက်ညိုးလက်မ ပူးကိုင်ပြီး သူ့လက်ထဲကို ထည့်ပေးလာသည်။ ဒါမှ သူတိူ့အသားချင်း မထိမှာပေါ့။
“ဒါက ရှန်းလင်းအိပ်မက်နယ်မြေထဲဝင်ခွင့် တံဆိပ်ပဲ” သူမက ဆက်ပြောသည်။ “နင် တစ်ခုခုလိုတာရှိရင် အဲကကနေတစ်ဆင့် ဆရာမုန့်ကို လှမ်းခေါ်လို့ရတယ်။ အသံပို့လွှတ်တဲ့ နေရာသုံးဖို့ အထူးပြင်ဆင်ချက်တွေ ပါတယ်”
သူက လွန်ခဲ့တဲ့သုံးလကမှ သူ့ထက် ခေါင်းတစ်လုံးစာပိုမြင့်တဲ့ ဒီမိန်းကလေးကို တွေ့ဖူးတာပင်။ သူ့ရဲ့နှစ်ရှည်လများ အာဟာရမပြည့်မှုကြောင့် သူ ပိုပုနေတာကို လက်ခံနိုင်ပေသည်။
အခုကတော့ လင်းဖုန်းရှောင်က ရှေ့ကလျောက်ပြီး သူက အနောက်က လိုက်နေရသည်။ သို့ပေမဲ့ အချင်းချင်း စကားတစ်ခွန်းမှ မပြောကြတော့ တောင်တက်လမ်းက ခြေသံကလွဲရင် လုံးဝတိတ်ဆိတ်နေတော့သည်။
တဖြည်းဖြည်းဝေးသွားတဲ့ လင်းဖုန်းရှောင်ကို အမှီလိုက်နိုင်အောင် လင်ရှုက မြန်မြန်လျောက်ရတော့သည်။ တစ်နေရာမှာတော့ သူမကရပ်ပြီး သူ့ကို စောင့်နေသည်။
ထိုနေရာကတော့ တောင်တက်လမ်းအဆုံးနဲ့ မြူကြားက အင်မော်တယ်နန်းတော်ကို တစွန်းတစ်စ မြင်နေရတဲ့နေရာပင်။
လင်းဖုန်းရှောင် သူမရဲ့လက်တွေနဲ့ မြူထုကို တွန်းသလိုလုပ်တဲ့အခါမှာ မြူတွေရှင်းသွားပြီး နေရောင်အောင်မှာ ပြိုးပြိုးပြက်ပြက်လက်နေတဲ့ ခန်းနားတဲ့ နန်းဆောင် အတော်များများကို မြင်လိုက်ရသည်။
“ဒါက လေဟာပြင်စုဝေးရင်ပြင် သင်ခန်းစာတွေကို ဒီမှာပို့ချလေ့ရှိတယ်” သူမက သူ့ကို လုံးဝအေးစက်ပြီး တာဝန်တစ်ခု လုပ်နေရတဲ့လေသံမျိုးနဲ့ ရှင်းပြလာသည်။ အင်မော်တယ်တာအိုရဲ့ ဂျူနီယာမောင်လေးက အရှေ့က နဂါးသွဲ့ကျောက်ကောင်းကင်မှာ နေရမယ်။ အဲ့မှာ ကျောင်းတော်သားတွေပါရှိပြီး အနုပညာတာအိုကတော့ ဖန်သားကောင်းကင်မှာ လိုက်ခဲ့”
သူတို့က အရှေ့ကို မိုင်အများကြီး လျောက်ခဲ့ပေမဲ့ လင်ရှုက လုံးဝမမောဘူး။
နဂါးသွဲ့ကျောက်ကောင်းကင်က ဝါးတောလေးရှိတဲ့ တောင်ထိပ်တစ်ခုဖြစ်ပြီး အထဲမှာ အိမ်လေးအိမ်ကို ခြံတစ်ဝန်းထဲစုထားတဲ့ ခြံဝန်းလေးတွေ ရှိနေသည်။
“လူတိုင်းက အဆောင်တစ်ခုစီနဲ့ အဆောင်လေးခုပါတဲ့ ခြံဝန်းတစ်ခုရကြတယ်။ ဆရာမုန့်ကို မင်းနေရာကို မေးလိုက်ဦးမယ်”
ထိုအချိန်မှာ သူ့ကျောက်စိမ်းအဆောင်ပြားက လင်းလာတော့ သူမက “ဆရာမုန့် မင်းကို ခေါ်နေတယ် သွားတော့”
လင်ရှုဘာလုပ်ရမှန်းမသိခင် အဆောင်ကနေ အလင်းတစ်ခု ထွက်လာပြီး သူ့ကို ရစ်ပတ်သွားတော့သည်။ သူမျက်လုံးပြန်ဖွင့်တော့ အရင်ကတွေ့ဖူးတဲ့လူက သူ့ရှေ့မှာ ပေါ်လာသည်။ “ဆရာမုန့်လား”
ထိုလူက “ဟုတ်တယ် ရှန်းလင်းအိပ်မက်ရှည်မှာ ငါက အိပ်မက်ထဲကလူပဲ စိတ်မရှိရင် ဆရာမုန့်လို့ ခေါ်နိုင်တယ်”
“သူငယ်ချင်းလေး ဟိုကိစ္စကို မှတ်မိတယ်မလား။ စာမေးပွဲ ဒုတိယအဆင့်မှာ မင်းကို ဆွေးနွေးတာကနေ ခွင့်ပေးခဲ့တာကိုလေ”
“မှတ်မိပါတယ်”
12 02
“အကယ်ဒမီရဲ့ အကြီးပိုင်းတွေက မင်းတိူ့နှစ်ယောက်ကို ငါ ခွင့်ပေးခဲ့တာက စည်းမျဉ်းနဲ့ဆန့်ကျင်နေတယ်လို့ ပြောတယ်။ ဘယ်လိုနည်းနဲ့မှ ခွင့်မပေးသင့်ဘူးလို့ ထင်တယ်ပေါ့လေ”
“ဒါမျိုးလည်း ကောင်းပါတယ်” လင်ရှုက သူဘာမှမလုပ်ဘဲ အောင်လာသလိုခံစားရလို့ စိတ်ထဲ ဟာနေတာလေ။
“စကားမဆုံးသေးဘူး” သူက ဆက်ပြောသည်။ “ငါရော မင်းတိူ့နှစ်ယောက်ရော အပြစ်ပေးခံရမယ်။ ငါ့အပြစ်က ခံယူပြီးပေမဲ့ မင်းတို့နှစ်ယောက်ရဲ့အပြစ်က ဆွေးနွေးပွဲမှာ မပါခဲ့တဲ့အတွက် နှစ်ယောက်အတူနေပြီး နေ့နေ့ညည ဆွေးနွေးစေချင်ကြတယ်။ တာအိုနှလုံးသား မခိုင်မာမချင်းပေါ့”
လင်ရှုက သူ့နေထိုင်ရေးအတွက် ပူလာတော့သည်။
“ဒါပေမဲ့လည်းကွာ အခုနေရမဲ့ အငြင်းသန်ကောင်စုတ်လေးက ယွဲ့ရို့ဟယ်တဲ့။ သူ့မှာ ယွဲ့ရို့ယွင်ဆိုတဲ့ညီမလေးရှိတယ်။ အဲ့ကောင်မလေးက ငယ်လွန်းတော့ သူ့အစ်ကို လက်လွှတ်မရသေးဘူး ဆိုတော့ကာ မင်းက သူတို့နဲ့ နေရလိမ့်မယ်။ သူ့အစ်ကို လွှမ်းမိုးမှု နည်းနည်းရှိလို့ သူလေးလည်း အငြင်းသန်တယ်နော်”
ဆရာမုန့်က ဆက်တယ်။ “ဒါပေမဲ့လည်း ဒီမှာနေရမဲ့လူတွေကို အရင်ကနေသွားတဲ့ စီနီယာတွေက ကြည့်ရှုစောင့်ရှောက်ပေးရမယ်ဆိုတဲ့ တာဝန်ရှိတော့ သူတို့ကို ထိန်းနိုင်တဲ့လူလည်း ရှိတယ်လေ။ မင်း တစ်ချိန်လုံး ငြင်းခုံနေရမှာတော့ မဟုတ်ပါဘူး”
ဆရာမုန့်က တခြားအကြောင်းအရာကို ပြောင်းသွားတော့သည်။ “မင်းရွေးတဲ့ ဓားပညာလမ်းစဉ်က ဒီအကယ်ဒမီမှာ တအားမထူးခြားပေမဲ့ ငါကတော့ တစ်ခုခု ဆန်းတယ်မြင်တာပဲ။ မင်းစီနီယာအစ်မကလည်း ဓားသုံးတာပဲ။ သူ့နဲ့ဆွေးနွေးသင့်တယ်။ အဲပြီးတော့ ခြံဝန်းထဲကလူတွေနဲ့ ဆွေးနွေးတာက ကျင့်ကြံရေးမှာ အကျိုးပြုလိမ့်မယ်”
လင်ရှုက တွန့်သွားသည်။
နေစမ်းပါဦး။
ရာစုနှစ်ပါရမီရှင် ဓားအသုံးပြုသူ။
အရင်နှစ်က စီနီယာအစ်မ။
အငြင်းသန်တဲ့နှစ်ယောက်ကို ကိုင်တွယ်နိုင်တဲ့လူ။
နေ နေပါဦး။
တော်တော်ကြီး ရင်းနှီးနေတယ်နော် ဒါကြီးက။
သူက မျှော်လင့်တကြီးနဲ့ အထင်မှားပါစေဆုတောင်းရင်း “ဆရာမုန့် သူက ဘယ်သူများလဲ”
“ဟားဟား မင်းကြားဖူးမှာပါ။ လင်းမိသားစုရဲ့ ဖီးနစ်မလေးကို”
ယုံပင်းစတုတ္ထနှစ် ရှန်းလင်းတောင်ထိပ် ရှန်းလင်းအိပ်မက်နယ်မြေရဲ့ နဂါးသွဲ့ကျောက်ကောင်းကင်မှာ ငါ လင်ရှု သေဆုံးခဲ့ပြီပဲ။
သူ့ခမျာ မနည်း ဖြစ်ညစ်ပြီး ကျေးဇူးတင်လိုက်ရသည်။ “ကျေး ကျေးဇူးပါ ဆရာမုန့်”
ဆရာမုန့်ရယ်နေပေမဲ့ လင်ရှုကတော့ တကယ်ကို အခြေအနေ မကောင်းတာပါ။ အဲဒီစိတ်မရှည်ရင် ဘယ်သူ့မဆို တောက်တောက်ထစဉ်းမဲ့ စီနီယာအစ်မမျိုးကို သူ အဝေးကနေပဲ လေးစားချင်တာပါနော်။
သူ့ခမျာ ညတိုင်း ငြင်းခုံရမဲ့အပြင် လင်းဖုန်းရှောင်အောက်မှာ မနေရရေးအတွက် မဟာယာနအဆင့်ကို အမြန်တက်ဖို့ ကြိူးစားရဦးမယ်။
ဆရာမုန့်က သူ့ကို ဘာကိုမှပြောခွင့်မပေးဘဲ ပြန်ပို့လိုက်တော့သည်။
သူက သူ့အရှေ့က လင်းဖုန်းရှောင်ရဲ့အမူအရာက ပုံမှန်ဟုတ်မနေဘူးလေ။ သေချာပေါက် သူမသိသွားပြီး သူ့လိုပဲ အမိုးတစ်ခုအောက်မှာ မနေချင်တာပေါ့။
သူတို့က အချင်းချင်း စက်ဆုပ်နေကြတာပဲလေ။
လင်းဖုန်းရှောင်က “မိုးသက်လေပြင်း” လို့ထွင်းထားတဲ့တံခါးကိုပြပြီး “ဒီမှာပဲ”
******