Ch 13
Viewers 3k

13 01

အပိုင်း (၁၃)

 

ငါးပူတင်း

 

သူတို့ခြံထဲဝင်ခါနီးမှာ ခပ်ဩဩအသံတစ်ခုက လင်ရှုဆိုတာ မင်းလား မင်းစကားအရဆို ကောင်းကင်က သူ့စည်းမျဉ်းနဲ့သူရှိပြီး လူသားတွေကမချိုးဖောက်နိုင်ဘူးဆို ဒါဆို ငါမေးတာဖြေ ဥတုလေးရာသီရှိတယ် အေးတဲ့အခါ အဝတ်လုံအောင် အဝတ်ပို ထပ်မဝတ်ဘူးလား ပူတဲ့အခါ အဝတ်ထူကို မချွတ်ခွာရဘူးလား ဒါပေမဲ့ အခုလို ပူအိုက်တဲ့ရက်မှာမင်းက ကောက်ညှင်းထုတ်လို လုံခြုံအောင် စည်းထားတယ် မင်းက ဝက်လား

 

လင်ရှုက ရုတ်တရက် အဲ့လူစကား မှန်သားပဲလိူ့ တွေးမိလိုက်တယ်။ သူ ဘာမှမပြောနိုင်ခင်မှာတင် ဘေးကနေ ချောင်းသံထွက်လာပြီး လင်းဖုန်းရှောင်ရဲ့ ဒေါသကြောင့် ဝါးပင်တွေပါ လွှင့်ထွက်ကုန်တော့သည်

 

ပြောရရင် ထိုလူပြောစကားအရ ဘယ်လောက်ပူပူ အဝတ်လုံအောင် ဝတ်တဲ့ လင်းဖုန်းရှောင်က အလိုလိုဝက်ဖြစ်တာပဲလေ။

 

ထိုလူက မကြောက်မလန့် တံခါးဖွင့်ပြီးတောင် ပြောလိုက်သေး။ ဒါဆို မင်းက အကျိုးအကြောင်း ဆီလျော်တာနဲ့ ဆန့်ကျင်ဖက်ပေါ့ လေထဲ အိမ်ဆောက်နေတ....

 

သူ စကား ပြောမပြီးခင်မှာတင် လင်းဖုန်းရှောင်ရဲ့ အစစ်အမှန်ချီတွေက ဝါးရွက်တွေကို ဓားသမျှ ချွန်ထက်စေပြီး သူ့ခေါင်းကို သွားထောက်နေစေသည်

 

မလုပ်ပါနဲ့ မိုးမြေတာအိူနဲ့ပတ်သက်ပြီး ဆွေးနွေးချင်ရုံပါ

 

ထိုအခါမှ လင်းဖုန်းရှောင်က နှာမှုတ်လိုက်တော့ ထိုလူက သူမကိူ တွေ့သွားတော့သည်။ အဲဒီအခါကျမှ သူက အထိတ်တလန့်နဲ့ အ....အစ်မကြီး

 

လင်ရှုက မပူဘူးလား

 

သေချာပေါက်ကို သူမ ပူတာပေါ့။

 

င်နဲ့ ဘာဆိုင်လဲ

 

ထိုလူက ဝါးပင်လို စိမ်းမြနေတဲ့ဝတ်ရုံကို ဝတ်ထားသည်။ လင်းဖုန်းရှောင် အထဲကို ဝင်လိုက်တာနဲ့ သူမက ဝါးအပိုင်းပေါင်းများစွာကို လှုပ်ခါပြီး တွန်းထုတ်လိုက်သည်ထို့နောက် သူမက အဲဒီဝါးအပိုင်းတွေကို ထောင့်မှာပုံလိုက်ပြီး နင်က ယွဲ့ရို့ဟယ်လား

 

သူ ခေါင်းညိတ်လိုက်သည်

 

ဂျူနီယာမောင်လေးယွဲ့ ငါ လုပ်စရာကိစ္စရှိတာမလို့ ဂျူနီယာမောင်လေးလင်ကို နေရာချပေးဖို့ အကူအညီ တောင်းရမှာပဲ

 

ဝါးရွက်တွေက ချီဓားသွားလေးတွေကြောင့် အမှုန့်တောင် မမြင်ရတဲ့အထိ စီနီယာအစ်မကြီးဖြစ်သူ လက်ထဲမှာ ပိုင်းဖြတ်ခံလိုက်ရတာကို ကြည့်ပြီး ယွဲ့ရို့ဟယ် ပြောနိုင်တာကတော့ ဟုတ်ကဲ့

 

ထို့နောက် သူမက ပျောက်ကွယ်သွားတော့သည်။ လင်ရှုက သူ့အခန်းနေရာကို မေးမလို့ ကြံနေတုန်းမှာ ယွဲ့ရို့ဟယ်က ထပ်ပြောလာပြန်သည်ညီအစ်ကိုလင် ခုကဟာ ဆက်ပြောရအောင် ကောင်းကင်မှာ သူ့စည်းမျဉ်းနဲ့သူရှိတာ ဟုတ်တယ်မလား”

 

မှန်တယ်

 

ဒါဆို ညီအစ်ကိုလင်ရဲ့ အမြင်အရ လေထဲက ခန်းမနဲ့ဆိုတာမျိုးက တည်ရှိတယ်ပေါ့

 

ဒါပေါ့

 

ကျုပ်ရဲ့ မထိုက်တန်တဲ့အမြင်အရ

 

မှန်သားပဲ

 

ယွဲ့ရို့ဟယ် : ဘာလား

 

လင်ရှုက အေးအေးဆေးဆေးနဲ့ ညီအစ်ကိုယွဲ့ ကျုပ် ဘယ်မှာနေရမလဲ။

 

ဒီစကား အကြားမှာတော့ ခုလေးတင်က လင်း‌ဖုန်းရှောင် ခြိမ်းခြောက်တာ ခံထားရတဲ့သူက ငြင်းခုံဆွေးနွေးခြင်းကနေ ဘာပျော်စရာမှ မရနိုင်တော့မှာကို သိလိုက်ရသည်

 

ငါက အရှေ့မှာ ငါ့ညီမကအနောက် ဇာမဏီစံအိမ်က ဂျူနီယာညီမက တောင်မှာပျိုနီပန်းစိုက်သွားတော့ မင်းက မြောက်မှာ နေလို့ရမယ်

 

ပြီးတော့ ဒီတာအိုဝတ်စုံက အကယ်ဒမီက ပေးတာ ဒါပေမဲ့ ဂိုဏ်းတစ်ခုခုထဲ ဝင်ထားရင်တော့ အဲ့ဂိုဏ်းဝတ်စုံ ဝတ်လို့ရပါတယ် သူက မနေနိုင်ဘဲ ထပ်ဖြည့်ပြောပြန်သည်ငါ့အနေနဲ့ဆို ဒါကိူ သဘောမကျဘူး ဘာလိူ့လဲဆ်ု ပထမအချက်က စိတ်ဝမ်းကွဲစေလိမ့်မယ် ဒုတိယက အရောင်စူံနေတာက အမြင်မတင့်တယ်ဘူး တတိယက....

 

သူက ခြောက်မျိုးလောက် ဆက်တိုက်ပြောတော့ လင်ရှုက အလောတကြီးနဲ့ ခင်ဗျား မှန်တယ်

 

သူ့ရဲ့မှန်တယ်တစ်လုံးနဲ့ ယွဲ့ရို့ဟယ်က အသိစိတ် ပြန်ဝင်သွားပြီး ကျုပ်တိူ့က အိမ်စာလူပ်ရမယ် ကျင့်ကြံပြီး လေ့ကျင့်ရမယ် အတန်းတက်ရမယ် စားဖိုဆောင်နဲ့ စာကြည့်တိုက်က ဟေဇီကောင်းကင်မှာ ဘယ်လိုသွားရမလဲတော့ ငါလည်း မသိသေးဘူး ဆရာမုန့်ကို မေးရမယ်

13 02

သူက အစ်မကြီးကတော့ သူက လူတွေနဲ့ ဆက်ဆံရတာ မကြိုက်တဲ့အထဲ ဒီရက်ပိုင်း လူအများကြီးတွေ့ရတော့ သူမကျေနပ်ဘူးလေ လွှတ်ပေးလိုက်ပါ

 

လင်ရှုက ခေါင်းညိတ်ပြလိုက်သည်

 

ပြောရရင်သူလည်း လင်းဖုန်းရှောင် စိတ်ရှည်နေတာ မတွေ့ဖူးဘူး။

 

သူမခင်ပွန်းလောင်း သေလို့ မကျေနပ်ရတာ။

 

သူမ စိတ်ရှည်မှုကုန်လို့ မကျေနပ်ရတာ။

 

လူအများကြီးတွေ့ရလို့ မကျေနပ်ရတာ။

 

တစ်ယောက်ယောက်က သူမနဲ့ငြင်းခုံဖို့ကြိုးစားလို့ မကျေနပ်ရတာ။

 

ပြောရရင် သူမက ထိရင်ဖောင်းလာတဲ့ ငါးပူတင်းလိုပဲ။

 

******