Ch 19
Viewers 3k

19 01

အပိုင်း (၁၉)

 

ကျောက်စိမ်းဝိဉာဉ်အပေါ် ထင်မြင်ချက်

 

တစ်သောင်းဆိုရင် သူတစ်နှစ်ကို သုံးထောင်လောက် ရှာနိုင်မှာဆိုတော့ လွယ်လွယ်ရမယ်လို့ ထင်ရပေမဲ့ သူ့‌ခန္ဓာကိုယ်အတွက် ဆေးတွေဝယ်ရဦးမှာကို သတိရတော့ သက်ပြင်းချမိတော့သည်

 

လူတွေက မွဲရင်လည်း ကမ်းကုန်အောင် မွဲတတ်တာပါကလားလေနော်။

 

သူ လုပ်နိုင်တာက ရတနာခန်းမ ပထမထပ်ကို အာရူံစိုက်ပြီး တာဝန်အသစ်တွေ တင်လာရင် ပြေးလုပ်ဖို့ပင်

 

နောက်တစ်ခုကတော့ အတန်းထဲမှာ ထိပ်ဆုံးစာရင်းဝင်ဖို့ပေါ့။ အခုတော့ သူက ဆရာမုန့်ဆီမှာ ဘာသာရပ် ရွေးဖိူ့ သွားရမည်

 

တပည့်တွေက သူတို့သင်လိုရာ ဘာသာရပ်ကို ရွေးချယ်ခွင့်ရကြသည်။ ဒါပေမဲ့ နှစ်တိုင်းရဲ့ ဇွန်လမှာ ဆရာမုန့်က စာမေးပွဲစစ်တ်ပြီး အရည်အချင်း မပြည့်မှီဘူးလို့ သတ်မှတ်ခံရတာနဲ့ အကယ်ဒမီကနေ ထုတ်ပယ်ခံရမှာပဲ ဖြစ်သည်

 

ရှန်းလင်းစမ်းသပ်မှုမှာ သူက ဓားသုံးပြခဲ့ပြီး အခုက တစ်နှစ်နီးပါးကြာပြီဆိုတော့ သူ့ဓားပညာက တိုးတက်လာသင့်တယ်မလား။ ဘယ်လို လေ့ကျင့်ရမလဲပဲ။

 

သူ တွေးနေချိန်မရဘဲ ဆရာမုန့်ရဲ့ အိပ်မက်နယ်မြေထဲ ရောက်သွားတော့သည်။

 

ဘာသာရပ် ရွေးတော့မလား

 

ဟုတ်ကဲ့

 

ဆရာမုန့်နဲ့ လင်ရှုကထိုင်လိုက်ပြီး ဆရာမုန့်ရ သူ့ကို ဝိဉာဉ်ဆရာသခင်တွေနဲ့ အင်မော်တယ်ဆရာသခင်တွေရဲ့ အတန်းတွေပြလာသည်

 

သိုင်းပညာတွေက ခန္ဓာကိုယ်အားအင် သုံးရလွန်းလိူ့ ပယ်တယ်။ ရက်တစ်ရာ အခြေခံတည်ဆောက်ခြင်းနဲ့ အဂ္ဂရပ်ပညာနည်းလမ်းတစ်ထောင်က သူ အနားမကပ်နိုင်တာတွေပဲ။

 

ဓားပညာက သူ အကုန်နီးပါးသိပေမဲ့ သူ့လက်ရှိခန္ဓာကိုယ်အခြေအနေနဲ့ဆို ဘာမှမဖြစ်လာနိုင်ဘူး။ သူက တာအိုဝါဒအခြေခံများတို့ ဆရာရှုကျောက်ရဲ့ နန်ရှားသမိုင်းတို့ ပြီးတော့ တုရို့ကျန်းရန်ရဲ့ ဆေးပစ္စည်းခွဲခြားခြင်း နဲ့ ဆေးပညာမိတ်ဆက် ဒါ့အပြင် ပိလင်ရဲ့ ဝိဉာဉ်သားရဲ အမျိုးအစားများနဲ့ ဝိဉာဉ်သားရဲ့ထိန်းကြောင်းခြင်းတွေ ယူလိုက်သည်။ ခဏတွေးပြီး ဆန်းကျယ်ကျောက်တုံးလေ့လာခြင်းကိုပါ ထည့်လိုက်သည်

 

သူ ပထမတန်းဝင်အောင် အတန်းနှစ်ဆယ်လောက်တက် အကုန်လုံးကို အလွှတ်ရအောင် မှတ်ရမည်

 

ဆရာမုန့်က ကြည့်ပြီး ရယ်ရင်း သူငယ်ချင်းလေး ဘာလို့ ဆရာခွင်းရှန်းနဲ့ ဆရာဖုန်းလင်းရဲ့အတန်းတွေ မရွေးတာလဲ

 

အဲ့အတန်းတွေက ဓားပညာအတန်းတွေ လင်ရှုက သူ့ခန္ဓာကိုယ်ခြေအနေကို ပြောရင် အထုတ်ခံရမှာကြောက်တော့ လီဆယ်ပြီးပဲ ပြောနိုငိတယ်လေ။

 

ကျွန်တော့်ဆရာက တားမြစ်ထားလို့ပါဗျာ

 

ဆရာမုန့်က ခေါင်းညိတ်ပြီး သူငယ်ချင်းလေးရဲ့ဆရာက တင်းကြပ်တဲ့ဆရာမျိုးပေါ့ ဒီလို ဆရာ့စကားနားထောင်ပြီး စည်းကမ်းလိုက်နာတဲ့တပည့်မျိုးရထားတာ သူ့အတွက် ကောင်းတာပဲ

 

တကယ်တော့ လင်ရှုဆရာက မော်ဒန်ခေတ်မှာတောင် သူ့ကို အတော်လေး တင်းကြပ်ပြီး တော်တော်မဟုတ်တဲ့ စည်းကမ်းတွေ ချမှတ်ခဲ့တာဆိုတော့ သူကလည်း ဆရာမုန့်ကို လိမ်ရာမကျဘူးပေါ့လေ။

 

သူက ဆရာမုန့် ကျွန်တော်အပြင်မှာ လေ့ကျင့်လို့မလွယ်လိူ့ အိပ်မက်နယ်မြေထဲမှာ ဓားပညာ လေ့ကျင့်လို့ရမလား

 

ရတာပေါ့ ရှန်းလင်းရဲ့တည်ထောင်သူက ရိုးရာကိုမြတ်နိုးပြီး တောင်တွေဝါးတောတွေ လုပ်ခဲ့တာ မင်းသာ ဒီထဲလေ့ကျင့်ရင် ဓားချီတွေက ဝါးတောကို ဖျက်ဆီးတော့မှာမဟုတ်ဘူး မင်းက ဟိုမုန်းစရာ ဖီးနစ်မလေးထက်စာရင် တွေးပေးတတ်တာပဲ

 

လင်ရှုက ဘာပြောရမှန်းမသိတော့ ဆရာမုန့်ပြောသမျှ မှန်တယ်ဆိုတဲ့ပုံပဲ လုပ်ပြလိုက်တော့တယ်။

 

ဒါပေမဲ့ ဘာသာရပ်တွေကို ဒီလိုယူရင် မင်းပိုကြိုးစားရလိမ့်မယ်

 

ဆရာမုန့်က ကျောက်တုံးပေါ်ထိုင်နေရာကနေ စင်မြင့်ပေါ် တက်သွားသည်။ စင်မြင့်က တောင်ထိပ်မှာ ဆောက်ထားပြီး တိမ်ပင်လယ်ကဝန်းရံလို့ နေရောင်ခြည်တွေက ဖြာကျနေသည်။ သူက သက်ပြင်းချပြီး

19 02

ဒီအကယ်ဒမီက ကျောင်းသားတွေ ဘယ်နှနှစ်တက်ရမယ်လို့ မသတ်မှတ်ထားဘူး တစ်နှစ်ဆိုတဲ့ ရက်ပေါင်း သုံးရာခြောက်ဆယ့်ငါးရက်အတွင်းမှာ တပည့်တွေက ဓားသိုင်းကစားရင်း ကဗျာရွတ်လို့ရသလို ဝိုင်သောက်ရင်း ဆွေးနွေး ငြင်းခုန်လို့ရတယ်

 

ဒါပေမဲ့ ကမ္ဘာပေါ်မှာ အမြဲတမ်း ကဗျာရွတ်လိုက် ဝိုင်သောက်လိုက်လုပ်နေလို့ မဖြစ်နိုင်ဘူးလေ

 

မင်းက ရှန်းလင်းအိပ်မက်နယ်မြေကို လာတယ် ငါကလည်း အိပ်မက်ထဲက လူပဲလေ ရှန်းလင်းအကယ်ဒမီက မင်းတို့ရဲ့ ဘာမှရမသွားတဲ့ အိပ်မက်ကြီးဖြစ်မဲ့အစား တစ်ယောက်ချင်းစီက တကယ်ကြိုးစားကြပြီး တစ်ချိန်မှာ ကမ္ဘာကို ကိုင်လှုပ်တာမဟုတ်ရင် ကိုယ့်ကံကြမ္မာကို ကိုယ်ပုံဖော်နိုင်ကြတာမျိုးဖြစ်ရင်ကို ငါကျေနပ်ပါပြီ

 

******