20 01
အပိုင်း (၂၀)
ပြန်လည်မတိုက်ခိုက်နိုင်ခြင်း
လင်ရှုက အိပ်မက်နယ်မြေကနေ ပြန်မထွက်ခင်မှာ ဆရာမုန့်ကို သေချာကြည့်လိုက်သည်။ သူက သူ့ကိုယ်သူ အိပ်မက်ထဲကလူလို့ ရည်ညွှန်းခဲ့တဲ့အပြင် ကျောင်းသားတွေအတွက် စိတ်ပူပေးနေခဲ့သေးသည်။ ရေးဆွဲထားတဲ့ စနစ်တစ်ခုတောင် ဟုတ်ရဲ့လားပဲ။
သူက အပြင်ရောက်တာနဲ့ ဟယ်ရွီကောင်းကင်က အစစ်အမှန်ဆရာသခင် တုရိုကို သွားရှာတော့သည်။ သူမက သူ့ကို အပင်ပြုစုပျိုးထောင်နည်းပါတဲ့ စာအုပ်ကြီးထိုးပေးပြီး သူမရှေ့က အပင်ကို ပြန်အာရုံစိုက်သွားသည်။
ဒီလိုနဲ့ တာဝန်ကို သူ စလုပ်ဖြစ်သည်။ မနက်ဆိုရင် နှစ်နာရီလောက်အချိန်ပေး အပင်တွေပြုစု ညကျရင် အပင်တွေအခြေအနေ တစ်ချက်ပြန်သွားကြည့်ပေါ့။ အဲ့လိုနဲ့ လင်ရှုရဲ့အချိန်တွေက မနက်ထ၊ လေ့ကျင့်၊ ကျင့်ကြံ၊ မနက်စာစား ဟယ်ရွီကောင်းကင်ကိုပြေး ပြီးရင် အတန်းလိုက်တက်၊ ပြီးရင် အပင်တွေ တစ်ခါပြန်သွားကြည့်၊ ညစာစား၊ စာကြည့်တိုက်ကိုပြေး၊ စာအုပ်စီ ကျောက်စိမ်းကောင်းကင်ပြန်၊ အိမ်စာလုပ်၊ တခါထပ်ကျင့်ကြံ၊ ပြီးရင်အိပ် ဆိုတာနဲ့ ပြည့်နေတော့သည်။
အချိန်တွေက တအားပြည့်ကြပ်နေပေမဲ့ စည်းချက်ညီသွားတော့ သူ့အတွက်က ဘာပြီးရင် ဘာလုပ်ဆိုတာနဲ့ ဘဝဟာ တအားလွယ်ကူနေသလိုမျိုး ခံစားလိုက်ရသည်။
အတန်းတွေမစခင် ရက်တွေမှာ လင်ရှုက ကြောက်စရာ အမှန်တရားကြီးတစ်ခုကို ကြုံလိုက်သည်။
သူနဲ့ လင်းဖုန်းရှောင်အခန်းက မျက်နှာချင်းဆိုင်လေ။ အခန်းပြတင်းကနေ ထွက်လာတဲ့ အလင်းကို ပုံမှန်ဆို တွေ့ နေရတာပေါ့။
သူ ညဖက် ဖယောငိးတိုင်မီးမှုတ်ပြီး အိပ်ပြီး ခဏလောက်နေမှ လင်းဖုန်းရှောင်က အိပ်တတ်တယ်။ လင်းဖုန်းရှောင်က ဖယောင်းတိုင်မသုံးဘဲ ညလင်းပုလဲသုံးတော့ သူမ အိပ်တော့မယ်ဆိုရင် ပုလဲကို သေတ္တာတစ်ခုထဲ ထည့်လိုက်သည်။
ဒီညတော့ လင်ရှုက သူမ ဘယ်အချိန်မှအိပ်မလဲလို့ စောင့်ကြည့်ဖိူ့ ဆုံးဖြတ်လိုက်သည်။
အရင်ဆုံး သူထိုင်ပြီး နှစ်နာရီလောက် ကျင့်ကြံလိုက်သည်။ ကြည့်လိုက်တော့ လင်းဖုန်းရှောင်အခန်းက လင်းနေတုန်းပဲ။
ခဏလောက် ထပ်ကျင့်ကြံလိုက်တယ်။ ထပ်ကြည့်တော့ လင်းနေတုန်းပဲ။
ဘယ်လိုလူလဲဟ။ သူမ မပင်ပန်းရင်တောင် လင်ရှုတော့ ပင်ပန်းပြီလေ။ သူက ဖယောင်းတိုင်မှုတ် အဝတ်လဲပြီး အိပ်ယာထဲကို ပစ်လဲချလိုက်တော့သည်။ သူ မျက်လုံး ပိတ်လိုက်တဲ့အချိန် မျက်လုံးက လုံးလုံးပိတ်ကျမသွားခင်လေးတွင် လင်းဖုန်းရှောင်အခန်းက မှောင်သွားတာကို မြင်လိုက်ရသည်။
လင်ရှု “......”
ဘာလား သူ ငါနဲ့ လိုက်ပြိုင်နေတာလား။
နောက်နေ့မနက် လင်ရှုက ဆေးစိုက်ခင်းက ပြန်တော့ ဆေးဖော်စပ်ခြင်းဆိုင်ရာ မိတ်ဆက် အတန်းကိုသွားပြီး ထောင့်ကခုံမှာ ဝင်ထိုင်လို့ သူ့ကျောက်စိမ်းဝိဉာဉ်ပမာဏကို တွက်နေသည်။
လင်ရှုက တစ်ရက်ကို ကျောက်စိမ်း ဝိဉာဉ် ရှစ်ခုရမယ်။ လေဟာပြင်ထိန်းချုပ်ဆေးပင်က တစ်ရာ။ ဒါ့အပြင် သူအတန်းတက်စရာတွေနဲ့ပါပေါင်းတော့ သူ့ပြသနာက နည်းနည်း အဆင့်မြင့်သွားတယ်လေ။ ဓါပေမဲ့ သူဘယ်လိုဖြေရှင်းရမလဲ သေချာသိမနေဘူး။
သူတွေးနေတုန်းမှာ လင်းဖုန်းရှောင်အခန်းထဲ ဝင်လာတာမြင်လိုက်ရတယ်။ လင်းဖုန်းရှောင်လို ဓားသိုင်းကျွမ်းကျင်ပြီး မကောင်းဆိုးဝါးတွေကို လွယ်လွယ် သတ်နိုင်တဲ့အပြင် ချမ်းသာတဲ့ အိမ်တော်သခင်မလေးတဲ့လေ။ သုံးစရာ ကျောက်စိမ်းဝိဉာဉ်တွေ ပေါသောနေမှာပဲ။
ချမ်းသာတဲ့ဇနီးလေးရေ ငါ့ဆီလာပါ။
20 02
ဒါပေါ့ ထိုအတွေးက ချက်ချင်း ပျောက်သွားခဲ့သည်။ ဘာလိူ့ လင်းဖုန်းရှောင်က အခြေခံ ဆေးဖော်အတန်းကိူ ရောက်လာလဲ သူ မသိဘူး။
ဒါပေမဲ့ အခန်းထဲမှာ နေရာများများစားစား မရှိတော့ဘူးလေ။
လင်းဖုန်းရှောင်က သူ့ဘေးက လွတ်နေတဲ့နေရာတွင် ဝင်ထိုင်လိုက်သည်။ သူအခုမှ အင်မော်တယ် တာအိုတပည့်တွေရဲ့လုပ်ပုံကို နားလည်တော့သည်။ ဒီလိုလူနား ဘယ်သူက ကပ်နိုင်မှာလဲ ပေါ့လေနော်။
အခုတော့ သူ့အာရုံမှာ နှစ်ခုပဲရှိသည်။ တစ်ခုက ကျောက်စိမ်းဝိဉာဉ်။
အဲ နောက်တစ်ခုက ချမ်းသာတဲ့ဇနီးလေ။
လင်းဖုန်းရှောင် သူ့အနားမှာ ထိုင်နေပေမဲ့ လင်ရှုကတော့ သူ့ဖတ်စာအုပ်ကိူပဲ ဖတ်နေခဲ့သည်။
အတန်းမစခင် မိနစ်သုံးဆယ်လောက်မှာ အခန်းဝမှာ အနီရောင်ပုံရိပ်တစ်ခုနဲ့ လင်းပေါင်ချန်း ပေါ်လာသည်။ ထိုအခါ လင်းဖုန်းရှောင်က ထထွက်သွားတော့ လင်ရှုလည်း စိတ်သက်သာရာရသလို သက်ပြင်းချပြီး စာဆက်ဖတ်တော့သည်။
အပြင်ဆေးလုံးက ကျွမ်းကျင်တဲ့ဆေးဖော်စပ်သူတွေက ဆေးမီးဖိုတွေနဲ့ ဖော်စပ်တဲ့အရာဖြစ်ပြီး အတွင်းဆေးလုံး ဒါမှမဟုတ် ကိုယ်တွင်းအမြုတေက ကျင့်ကြံသူတွေရဲ့ကိုယ်တွင်းမှာပဲ ခန္ဓာကိုဆေးမီးဖိုအဖြစ် ဝိဉာဉ်ကို ဆေးပစ္စည်းအဖြစ် ကောင်းကင်ကို မီးတောက်အဖြစ် ရည်ညွန်းပြီး ဖွဲ့တည်ရတာမျိုး ဖြစ်သည်။
အဲဒီရွှေဆေးလုံး ဝါ ရွှေအမြုတေကို ကျင့်ကြံပြီးတဲ့လူက ရွှေအမြုတေအဆင့်ရောက်ပြီလို့ ခေါ်လို့ရတာပေါ့။
ဒါပေါ့ အခုသင်ယူဖို့လုပ်နေတဲ့ သင်ခန်းစာက အပြင်ဆေးလုံးဖော်စပ်နည်းလေ။
သူ ဖတ်နေတုန်းမှာ ခြေသံတစ်ခုက ဘေးနားက ဆေးမီးဖိုဆီကို ရောက်လာသည်။ ခြေသံကပိုပြင်းပြီး လင်းဖုန်းရှောင်ခြေသံ ဟုတ်မနေခဲ့ဘူး။
သူက လွှတ်နေတဲ့တစ်ခုတည်းသော ဆေးမီးဖိုဖြစ်တဲ့ လင်ရှုဘေးကနေရာကို ရောက်လာသည်။ လင်ရှုက
“အဲ့မှာ ထိုင်နေတဲ့လူရှိတယ်”
ထိုလူက ဘာကိုမှ ဂရုမစိုက်သလိုမျိုး ထိုနေရာနားက စာအုပ်တွေကို ကန်ထုတ်လိုက်ပြီး ထိုင်ဖို့ ပြင်လိုက်သည်။
လင်ရှု တစ်ခုခုပြောခါနီးမှာ သူ့အရှေ့ကလူက ချောင်းထဆိုးလာသည်။ လုပ်ချောင်းကြီး။
လင်ရှု “.....”
တကယ့်လူပဲ အချိန်အခါအလိုက် ချောင်းဆိုးတတ်သား။ ထိုလူက ချောင်းထပ်ဆိုး ပြလာသည်။ အခုဝင်လာတဲ့လူနဲ့ သွားမရှုပ်ဖို့ သတိပေးသလိူမျိုးပဲ။
ဒါပေမဲ့ လင်းဖုန်းရှောင်သာ ပြန်ရောက်လာလို့ သူမခုံနေရာက ယူသွားတဲ့လူရှိနေမှန်းသိရင် အဲ့ လင်းငါးပူတင်းရှောင်က ထိုင်နေတဲ့လူတင်မကပဲ ဘေးမှာထိုင်တဲ့သူ့ကိုပါ ပြသနာရှာမှာ သေချာသလောက်ပဲ။
တကယ်ဆို သူက နှစ်ဆယ့်တစ်ရာစုရဲ့ ဓားအင်မော်တယ်ဖြစ်လာရမှာ။ ဘာလို့များ ထိုင်ခုံ လာလုနေရပါလိမ့်နော်။
လင်ရှုက အခုဝင်လာတဲ့ ဘယ်သူမှန်းမသိတဲ့ မစော်ကားသင့်တဲ့လူနဲ့ လင်းဖုန်းရှောင် ဘယ်သူ့ကို စော်ကားရမလဲဆို အခုလူကိုပဲ စော်ကားမယ်လို့ ဆုံးဖြတ်လိုက်သည်။
“အဲမှာ ထိုင်တဲ့လူရှိတယ်”
ထိုလူက လင်ရှုကို အေးစက်စက်လှည့်ကြည့်ပြီး ချက်ချင်း အနားရောက်လာလို့ လည်ပင်းကို ညစ်လိူက်သည်။
လင်ရှုက အသက်ရှုရခက်နေတဲ့ အထဲမှာမှ တွေးမိတာက ဒီသောက်ဒုတိယမျိုးဆက်တွေ စိတ်ရှည်သည်းခံမှုဆိုတာ မရှိဘူးလားကွာ။
သို့ပေမဲ့ အကြည့်အရဆို ဒီလူရဲ့မျက်လုံးက မှုန်မှိုင်းပြီး မာနတရားနဲ့ ရွံရှာမှုတွေ ပြည့်နေပေမဲ့ လင်းဖုန်းရှောင်ကတော့ ဒီတိုင်း “ငါမကျေနပ်ဘူး” ဆိုတာ သက်သက်ပဲ။
******