Ch 21
Viewers 3k

21 01

အပိုင်း (၂၁)

စူစမ်းလေ့လာခြင်း

 

လင်ရှုကို လည်ပင်း ညစ်ထားတဲ့လက်က ပိုတင်းကြပ်လာတဲ့အချိန်မှာပဲ အဝင်ဝကနေ အသံထွက်ပေါ်လာသည်

 

သူ့ကို လွှတ်လိုက်

 

လင်းဖုန်းရှောင်ရဲ့အသံပင်။ လည်ပင်းညစ်ထားတဲ့ လက်က တစ်ချက် တောင့်တင်းသွားပေမဲ့ လွှတ်တာတော့ မလွှတ်သေးဘူး။

 

လင်းဖုန်းရှောင်က အနားရောက်လာပြီး အေးစက်စက်နဲ့ နားမပါဘူးလား

 

ထိုအခါကျမှပင် လွတ်သွားတော့။ သတိလစ်မတတ် လင်ရှုကို လင်းဖုန်းရှောင်က ထိန်းထားပြီး ကျောကိုလက်နဲ့ပုတ်လို့ ချီတွေကို ပြန်ချိန်ညှိပေးလိုက်သည်

 

အန္တရာယ် မရှိတော့တာသိမှ လင်းဖုန်းရှောင်က လွှတ်ပြီ ခုနကလူကို ကြည့်လိုက်သည်

 

ရှောင်လင်းယန် ကြီးလာပြီပေါ့

 

ရှောင်လင်းယန်ရဲ့မျက်နှာက နှစ်ခေါက်လောက် တွန့်သွားပြီး ဒီမှာရှိနေမယ် မထင်ထားဘူး

 

အင်း ငါ ဒီမှာမရှိတဲ့အချိန် လူတွေကို အနာတရဖြစ်အောင် လိုက်လုပ်နေတယ်မလား

 

ရှောင်လင်းယန်ရဲ့မျက်နှာက ဖြူလာပြီး ထိုင်စရာနေရာတွေ မရှိတော့ ကျွန်တော်....

 

လင်းဖုန်းရှောင်က ဘာမှမပြောဘဲ စိုက်ကြည့်နေတော့ ရှောင်လင်းယန်က ပြောလက်စစကားကို ရပ်ပြီး အတော်လေးကြာတော့မှ စကားတချို့ကို ညစ်ထုတ်လိုက်သည်

 

ကျွန်တော် မှားသွားပါတယ်

 

ဘာမှားတာလဲ

 

လူတွေကို အနာတရဖြစ်အောင် စိတ်ထင်သလို ပြုမူမိတာပါ

 

*ဖြန်း*

 

ရိုက်လိုက်တဲ့အသံနဲ့အတူ ရှောင်လင်းယန်မျက်နှာမှာ လက်ဝါးရာက ပေါ်ထွက်လာသည်

 

သူ့မျက်လုံးတွေက မှုန်မှိုင်းနေပြီး သူ အဆူခံ အရိုက်ခံရတာကို မယုံကြည်နိုင်နေဘူးလေ။

 

အခုဘာအတန်းလဲ လင်းဖုန်းရှောင်က မေးလိုက်သည်

 

အပြင်ဆေးလုံးဖော်စပ်ခြင်း မိတ်ဆက်ပါ

 

ရှောင်လင်းယန် ပြန်ဖြေတော့ လင်းဖုန်းရှောင်က မြေမျက်နှာသွင်ပြင်တွက်ချက်နညိးတွေ တိုင်းပြည်အုပ်ချုပ်နည်းတွေ နိုင်ငံရေးတွေသင်ပေးဖို့ ဆရာတွေရှိနေတာတောင်မှ အပြင်ဆေးလုံးဖော်စပ်ခြင်း အတန်းဆီ ပြေးလာတယ်ပေါ့လေ

 

ရှောင်လင်းယန်က ခင်ဗျားလည်း တက်ဖို့ လုပ်နေတာပဲကို

 

လင်းဖုန်းရှောင်က ရှောင်လင်းယန်အင်္ကျီစကို ဆွဲပြီး သူမအသံကိုနှိမ့်လို့ လင်ရှုတောင် ခပ်ဝါးဝါးပဲကြားရတဲ့အထိ ပြောလိုက်သည်။

 

ငါ့မျိုးရိုးကဘာလဲ မင်းမျိုးရိုးက ဘာလဲ အရှင့်သား ကိုယ့်ဘာသာ ပြန်တွေးသင့်တယ်နော်

 

လင်းဖုန်းရှောင် လွန်မလာနဲ့

 

မလွန်စေချင်ရင် ဘာလုပ်ပေးရမှာလဲ ငါ့သင်ခန်းစာတွေအကုန် မင်းနဲ့ညှိ့ပြီး စာမလုပ်လုပ်အောင် ဘေးကနေ တွန်းရမလား

 

ရှောင်လင်းယန်က ဒေါသတကြီးနဲ့ ထွက်သွားတော့သည်

 

လင်ရှုက ရှောင်လင်းယန်လို ဘဝင်မြင့်မြင့်ကောင်တောင် လင်းဖုန်းရှောင်နဲ့ယှဉ်ရင် မာန်ချရတာကို သိလိုက်ရသည်

21 02

လင်းဖုန်းရှောင် တကယ့်ကို ထိပ်ဆုံးမှာ ရပ်တည်နေတဲ့လူပဲ။ သူဆိုတဲ့လင်ရှုကတော့ အောက်ဆုံးက ပေါက်စလေးပေါ့လေ။

 

လင်းဖုန်းရှောင်က သူ့ဖက် လှည့်ပြီး

 

မလှုပ်နဲ့

 

လင်းဖုန်းရှောင်က ကျောက်စိမ်းပုလင်းတစ်ခုထဲက လိမ်းဆေးကို ထုတ်ယူလာပြီး ချီနည်းနည်း ထည့်သွင်းလိုက်သည်။ ခပ်မွေးမွေးအနံ့နဲ့ ပုံစံကိုကြည့်ရသလောက်ဆို ဝိဉာဉ်ဆေးပဲနေမှာ။

 

လင်းဖုန်းရှောင်က လင်ရှုနားကိူ ကပ်လာတော့ သူမက သူ့ကို ဆေးကိုယ်တိုင် လိမ်းပေးဖို့လုပ်နေတယ်ဆိုတာ သိလိူက်ပြီး အလန့်တကြား အနောက်ဆုတ်လိုက်သည်

 

သူ့ပခုံးက ဆုပ်ကိုင်ခံလိုက်ရပြီး ရပ်သွားတဲ့အချိန် ဖြစ်လာတဲ့ မျက်နှာကိုကြည့်ပြီး လင်းဖုန်းရှောင် ရယ်မိလိုက်သည်ဘာဖြစ်တာလဲ ငါ ကိုက်မစားပါဘူး

 

သူမက ပြောရင်းမှ သူ့လည်ပင်းက အရာကို ဆေးလိမ်းပေးလာသည်။ သူမလက်က သူ့လည်ပင်းပေါ် ပွတ်သပ်နေသမျှ လင်ရှုက သူသေတော့မယ်လို့ပါ ခံစားလာရသည်

 

သူမက ဆေးလိမ်းနေရင်း ဆက်ပြောလာခဲ့သည်

 

ရှောင်လင်းယန်က ငါ့မောင်လေး ပြောစကား သိပ်နားမထောင်လို့ ငါရိုက်ပစ်လိုက်တာ ပေါင်ချင်းနဲ့ နင့်ဆီ ငါ တစ်ခုခု ပေးလိုက်မယ် သူ့ကို စိတ်ထဲ မထားပါနဲ့

 

ကြည့်ရတာ ဒီဒဏ်ရာကိုအကြောင်းပြပြီး သူ့မောင်ကို ဗျင်းတော့မယ်ထင်တယ်။

 

တကယ်က ရှောင်လင်းယန်အတွက် လင်းဖုန်းရှောင်က ပြန်ပေးတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သိပ်အရေးမပါဘူးလေ။ တကယ်တန်း ရှောင်လင်းယန်ရဲ့ အမှားက အတန်း အရွေးမှားတာပဲ လင်ရှုကတော့ မြေစာပင်လေးပေါ့လေ။

 

နောက်ဆုံးမှာတော့ ဆေးလိမ်းတာ ပြီးသွားပြီး လင်းဖုန်းရှောင် သူ့ကို ထိနေတာလည်း ရပ်သွားသည်

 

ထို့နောက် လင်းဖုန်းရှောင်က လင်ရှု ဝတ်ရုံကနေ ကျလာတဲ့ ကျောက်စိမ်းဆွဲပြားကို စိတ်ဝင်စားသွားသည်

 

လင်ရှုက ခဏလောက် ဘုရားတမိပြီး ကြည့်လိုက်တော့ လင်းဖုန်းရှောင်က သူ့ကျောက်စိမ်းကို ကြည့်နေတာ မြင်လိုက်ရသည်

 

လင်ဖုန်းရှောင် လက်လွှတ်လိုက်တော့ ကျောက်စိမ်းက လင်ရှုရင်ဘတ်ပေါ် ပြန်ကျသွားသည်

 

ဒီလိုနေရာမှာဆို ဖြစ်နိုင်တာက နင့်လည်ပင်းကရပြီ ကျောက်စိမ်းငါ့ကို ခဏပြဆိုတာမျိုးလေ။

 

လင်းဖုန်းရှောင်က တုန့်ဆိုင်းနေပြီး နင် ဒီကျောက်စိမ်းကို ဘယ်ကရတာလဲ

 

လင်ရှုက သူ့ဆရာ ပေးထားတဲ့ကျောက်စိမ်းက လင်းဖုန်းရှောင်အာရုံကိူ ဆွဲဆောင်နိုင်မယ်လို့ မထင်ခဲ့ဘူးလေ။

 

အမွေရတာပါ

 

အမွေ ဘယ်ကတည်းကလဲ

 

မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းတာပါ တန်ဖိုးရှိတယ်ဆိူတာလောက်ပဲ သိပါတယ်

 

******